အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၈၇၅ ဘုရားကို အမျက်ထွက်စေသော အကြောင်းရင်းများကျူး

လူသားမျိုးနွယ်တစ်ခုသည် လွန်လွန်ကျူးကျူး ဖောက်ပြန်ပျက်စီးလာခဲ့သည်။ ဘုရားသခင်က မည်သူဆိုခြင်း သို့မဟုတ် သူတို့ ဘယ်နေရာမှလာသည်ဆိုခြင်းကို မသိကြပေ။ သင်က ဘုရားသခင်အကြောင်းကို ပြောလျှင် ဤလူတို့က တိုက်ခိုက်ကြမည်၊ အသရေဖျက်ကြမည်၊ ဘုရားကို စော်ကားပြောဆိုကြပါလိမ့်မည်။ ဘုရားသခင်၏ အစေခံများလာရောက်ပြီး ဘုရားသခင်၏ သတိပေးချက်ကို ဖြန့်သည့်အခါမှာပင် ဖောက်ပြန်ပျက်စီးသည့် ဤလူတို့သည် နောင်တရသည့် လက္ခဏာများကို မပြရုံတင်မကဘဲ သူတို့၏ ဆိုးယုတ်သည့် အပြုအမူများကို မစွန့်လွှတ်ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဘုရားသခင်၏ အစေခံတို့ကို အရှက်အကြောက်မရှိ အန္တရာယ်ပြုခဲ့ကြသည်။ သူတို့ထုတ်ဖော် ဖွင့်ပြသည့်အရာများသည် ဘုရားသခင်အပေါ် အလွန်အကျူးရန်လိုခြင်းနှင့် ပတ်သက်သည့် သူတို့၏ သဘောသဘာဝနှင့် အနှစ်သာရများပင်ဖြစ်သည်။

ဖောက်ပြန်ပျက်စီးသည့် ဤလူတို့၏ ဘုရားသခင်အပေါ် ဆန့်ကျင်မှုသည် သူတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖွင့်ပြခြင်းထက် ပိုကြောင်းတွေ့ရသည်၊ သမ္မာတရားကို နားလည်မှု မရှိခြင်းမှလာသည့် အသရေဖျက်မှု သို့မဟုတ် လှောင်ပြောင်မှုဖြစ်ရပ်တစ်ခုထက် ပိုသကဲ့သို့ပင်ဖြစ်သည်။ မိုက်မဲခြင်း သို့မဟုတ် ပညာမဲ့ခြင်းတို့က သူတို့၏ ဆိုးယုတ်သည့် အပြုအမူကို ဖြစ်စေခြင်းမဟုတ်ပေ။ ဤလူများသည် လှည့်စားခံထားရခြင်းကြောင့် မဟုတ်ပေ။ အလိုက်မှားခြင်းကြောင့်လည်း သေချာပေါက် မဟုတ်ပေ။ သူတို့၏အပြုအမူသည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရှက်မရှိ မကြောက်မရွံ့ မုန်းတီးမှု၊ ဆန့်ကျင်မှုနှင့် ဆူပူသောင်းကျန်းမှုအဆင့်ကို ရောက်နေပါပြီ။ သံသယဖြစ်နေစရာမလိုပေ။ ဤကဲ့သို့ လူသားအပြုအမူမျိုးက ဘုရားသခင်ကို ဒေါသထွက်စေမှာအမှန်ပင်ဖြစ်သည်။ ထို့နောက် ထိပါးခြင်း မပြုရမည့် စိတ်သဘောထားဖြစ်သည့် သူ၏စိတ်သဘောကို ဒေါသထွက်စေမည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကို ဖွင့်ချပြီး တိုက်ရိုက် ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အမှန်တကယ် ဖွင့်ပြခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:လူသားမျိုးနွယ်အပေါင်း၏ ဖြစ်တည်ခြင်းမှာ ဘုရားသခင်အပေါ်၌ အခြေပြုထား၏

နောက်တစ်ခုသို့:မည်သူ့လူ၊ မည်သူ့အရာကမျှ ဘုရား၏အာဏာနှင့် တန်ခိုးကို မကျော်လွန်နိုင်ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ