အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၅။ အသင်းတော်များသည် ဘာသာတရားများအဖြစ် ပြောင်းလဲသွားရသည်မှာ အဘယ်ကြောင့်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်အလုပ်၏ အဆင့်အသီးသီး၌လည်း လူသားနှင့် လိုက်လျောညီထွေသော သတ်မှတ်ချက်များရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသူများအားလုံး၌ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိမနေသူများ၌မူ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့်လုပ်ဆောင်မှုမျှမရှိပေ၊ ထိုသူတို့သည် စာတန်၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိနေသူများက ဘုရားသခင်၏ အလုပ်သစ်ကို လက်ခံသူများဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သစ်တွင် ပူးပေါင်းဆောင်ရွက်သူများဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိနေသူများက ပူးပေါင်းဆောင်ရွက်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ၊ ယခုအချိန်တွင် ဘုရားသခင်အလိုရှိသည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။...အလုပ်သစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့က သူတို့အပေါ် သက်ရောက်မှု မရှိပေ။ ထိုသူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ နေသည်၊ မိမိတို့၏ စိတ်အတွင်း၌နေပြီး၊ သူတို့လုပ်သမျှသည် သူတို့ကိုယ်ပိုင် ဦးနှောက်များနှင့် ခွဲခြမ်းစိတ်ဖြာ သုတေသနပြုပြီး ထွက်လာသည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်သစ်၏ သတ်မှတ်ချက်များပင် မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသူများ၌ ဘုရားသခင်၏ မျက်မှောက်တော် ကင်းမဲ့သည့်အပြင် သူတို့၌ ဘုရားသခင်၏ ကောင်းချီးများနှင့် ကာကွယ်ခြင်းတို့ လုံးဝမရှိပေ။ သူတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ယခင်က သတ်မှတ်ချက်များကို ထိန်းသိမ်းထားသည်။ ယင်းတို့သည် အယူဝါဒဖြစ်ပြီး၊ သမ္မာတရားမဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းတို့သည် ထိုသူတို့ကို အတူတကွ စုစည်းစေသည့် တစ်ခုတည်းသောအရာက ဘာသာတရားဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ထိုသူတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင် အလုပ်၏ အပြုခံအရာများ မဟုတ်ကြပါ။ ထိုသူတို့အားလုံးကြားမှ စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် မခေါ်ဆိုနိုင်ပါ။ ယင်းသည် ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်မရှိ၊ သူတို့လုပ်ဆောင်သည့်အရာက ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံ ပေါ်နေသည်၊ သူတို့အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာရေးနှင့် ပြည့်နှက်သည့်ပုံ ပေါ်နေသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် ဉာဏ်ဖွင့်ပေးခြင်းကို ရရှိစိမ့်သောငှာ သင့်လျော်ရန် မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် အမှုကိုပင် မပိုင်ဆိုင်ကြပေ။ ထိုလူအားလုံးတို့သည် အသက်မရှိသည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ လက်ရှိအလိုတော်တို့ကို သိရန်မဆိုထားနှင့် လူသား၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုကို သိနားလည်ခြင်းမရှိ၊ လူသား၏ မကောင်းမှုပြုခြင်းကို သိနားလည်ခြင်းမရှိ။ သူတို့အားလုံးသည် ပညာမဲ့သော၊ အသုံးမကျသောလူများ ဖြစ်ကြသည်၊ သူတို့သည် ယုံကြည်သူများဟုပင် ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများပင် ဖြစ်တော့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

အကယ်၍ လူတို့သည် သမ္မာတရားကို ၎င်းတို့၏ယုံကြည်ခြင်း၌ လိုက်နာစောင့်ထိန်းရန် တရားသေလက်ခံထားသော ဝါဒအဖြစ် သဘောထားပါက ၎င်းတို့သည် ဘာသာရေးဟိတ်ဟန်ထဲသို့ ရောက်ရှိသွားတတ်လေ့ရှိသလော။ ဤကဲ့သို့ ဘာသာရေးဟိတ်ဟန်ကို လိုက်နာစောင့်ထိန်းခြင်းနှင့် ခရစ်ယာန်ဘာသာ၏ ယုံကြည်ခြင်းအကြား ကွာခြားမှုမှာ အဘယ်နည်း။ သွန်သင်ချက်အဟောင်များနှင့် အသစ်များအကြားတွင် ကွာခြားချက်များ ရှိနိုင်သည်၊ ထို့အပြင် ပြောခဲ့သောအရာသည် ပိုမိုနက်နဲ၍ ပိုမိုတိုးတက်နိုင်သည်၊ သို့သော်လည်း အကယ်၍ သွန်သင်ချက်များမှာ အယူအဆပုံစံမျိုးထက် မပိုဘဲ ၎င်းတို့သည် ဟိတ်ဟန်ပုံစံတစ်ခု၊ လူတို့အတွက် သြဝါဒပုံစံတစ်ခု ဖြစ်လာခဲ့သော်၊ ထိုနည်းတူ ၎င်းတို့သည်လည်း ယင်းထံမှ သမ္မာတရားကို ရနိုင်မည် သို့မဟုတ် သမ္မာတရား၏စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပါက၊ ၎င်းတို့၏ယုံကြည်ခြင်းမှာ ခရစ်ယာန်ဘာသာကဲ့သို့ပင် ဖြစ်သည်မဟုတ်လော။ အနှစ်သာရအားဖြင့် ဤသည်မှာ ခရစ်ယာန်ဘာသာ မဟုတ်သလော။ ထိုသို့ဆိုသော် သင်တို့၏အပြုအမူနှင့် သင်တို့၏တာဝန်ထမ်းဆောင်မှုတွင် မည်သည့်အရာများ၌ ခရစ်ယာန်ဘာသာမှ ယုံကြည်သူများနှင့် တူညီစွာ ကိုင်စွဲထားသနည်း၊ သို့မဟုတ် အမြင်ချင်း ဆင်တူသနည်း။ အပေါ်ယံအပြုအမူကောင်းကို လိုက်စားပြီး၊ ဝိညာဉ်ရေးရာ ပုံပန်းကို အသုံးပြုပြီး သင်တို့အတွက် အယောင်ဆောင်ခြင်းတစ်ခု ဖန်တီးရန် အစွမ်းကုန် လုပ်ဆောင်ခြင်း၊ ဝိညာဉ်ရေးရာ လူတစ်ဦးအဖြစ် အယောင်ဆောင်ခြင်း၊ သင် ပြောသောအရာ၊ လုပ်သောအရာနှင့် ထုတ်ဖော်သောအရာတွင် ဝိညာဉ်ရေးရာ ပုံပန်းကို ပေးခြင်း၊ လူတို့၏အယူအဆများနှင့် စိတ်ကူးများထဲတွင် ချီးမွမ်းရန်ထိုက်တန်သည်ဟု ယူဆသော အရာအနည်းငယ်ကို လုပ်ဆောင်ခြင်း၊ ဤအရာအားလုံးမှာ မှားယွင်းသော ယုံကြည်သက်ဝင်မှုနောက် လိုက်စားခြင်းဖြစ်ပြီး၊ ၎င်းမှာ သူတော်ကောင်းယောင်ဆောင်ခြင်း ဖြစ်၏။ သင်သည် မြင့်သောအရပ်တွင် ရပ်ကာ နှုတ်ကပတ်တော်များနှင့် အယူအဆတို့ကို ဟောပြော၍၊ လူတို့အား ကောင်းသောအကျင့်များကို ကျင့်ကြရန်၊ ကောင်းသောလူများ ဖြစ်ကြရန်နှင့် သမ္မာတရားကို လေ့လာလိုက်စားမှုအပေါ် အာရုံစိုက်ကြရန် ပြောသော်လည်း သင်ကိုယ်တိုင်၏အပြုအမူနှင့် တာဝန်ထမ်းဆောင်မှုတွင် သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေခဲ့ခြင်းမပြု၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခဲ့ခြင်းမရှိ၊ သမ္မာတရားထဲ၌ မည်သည့်အရာကို ပြောထားကြောင်း၊ ဘုရားသခင်၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သူသည် လူသားကို မည်သည့်စံနှုန်းများ သတ်မှတ်ထားကြောင်း မည်သည့်အခါမျှ သင် နားလည်ခဲ့ခြင်းမရှိပေ၊ သင်သည် ဤအရာတစ်စုံတစ်ခုကို မည်သည့်အခါမျှ အလေးအနက် သဘောထားခဲ့ခြင်းမရှိပေ။ ပြဿနာအချို့ကို သင် ကြုံတွေ့သောအခါ၊ သင်သည် သင်၏အလိုအတိုင်း လုံးလုံးလျားလျား လုပ်ဆောင်ပြီး ဘုရားသခင်ကို ဘေးချိတ်ထား၏။ ဤပြင်ပလုပ်ဆောင်ချက်များနှင့် အတွင်းပိုင်းအခြေအနေများသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်းလော။ အကယ်၍ လူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏လိုက်စားမှုအကြား ဆက်နွှယ်မှု မရှိပါက ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပါစေ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်လိမ့်မည်။ ထိုသို့ဆိုသော် ယင်းကဲ့သို့ လူများသည် မည်သည့်လမ်းကြောင်းမျိုးကို လျှောက်သနည်း။ ၎င်းတို့ကိုယ်ကို မည်သည့်အရာများဖြင့် တပ်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် ၎င်းတို့ကိုယ်ကို လက်နက်တပ်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤလုပ်ရပ်အားလုံးမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်၊ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။ အဆုံးတွင် ယင်းကဲ့သို့ လူတစ်စုသည် အသင်းတော်အတွင်း ဘုရားသခင်ကို အစေခံသည်ဟု ယူဆရပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြသောသူများကဲ့သို့ပင် အဆုံးသတ်မည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ယေဟောဝါကို ယုံကြည်သောသူများကို ဘုရားသခင် မည်သည့်အမည် ပေးသနည်း။ ယုဒဘာသာ။ ၎င်းတို့သည် ဘာသာရေးအဖွဲ့တစ်ဖွဲ့ကဲ့သို့ ဖြစ်လာကြသည်။ ထို့အပြင် ဘုရားသခင်သည် ယေရှုကို ယုံကြည်သောသူများကို မည်ကဲ့သို့ သတ်မှတ်သနည်း။ ၎င်းတို့သည် ခရစ်ယာန်ဘာသာ ဘာသာရေးအဖွဲ့၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ခြင်းခံရသည် မဟုတ်လော။ ဘုရားသခင်၏အမြင်တွင် ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာသည် ဘာသာရေးအဖွဲ့များ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို အဘယ်ကြောင့် ထိုကဲ့သို့ သတ်မှတ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ခြင်းကို ခံရသော ဤဘာသာရေးအဖွဲ့များ၏ အသင်းဝင်များ ဖြစ်သောသူ အားလုံးအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော၊ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏လမ်းကို လိုက်နာသောသူ တစ်စုံတစ်ဦးရှိသလော။ (မရှိပါ။) ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်နောက် အမည်ခံ လိုက်သောသူအပေါင်းသည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် သူ လက်ခံသောသူများ ဖြစ်နိုင်မည်လော။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိနိုင်ကြသလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ပြစ်မှတ်များ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ယခု သင်တို့သည် နောက်ဆုံးသောကာလ၏ ဘုရားသခင်၏အမှုကို လက်ခံခဲ့ပြီးသော်လည်း၊ သင်တို့ကို ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့ဟု မြင်သောအဖွဲ့သို့ ဆိုက်ရောက်သော နေ့ရက်တစ်ရက် ရောက်လာမည်လော။ ၎င်းမှာ စိတ်ကူး၍မရနိုင် ပုံရ၏။ အကယ်၍ သင်သည် ဘုရားသခင်၏အမြင်တွင် ဘာသာရေးအဖွဲ့အစ်ဖွဲ့၏ အစိတ်အပိုင်း ဖြစ်လာပါက၊ သင်သည် သူ၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်မဟုတ်ဘဲ သင်သည် ဘုရားသခင်၏အိမ်တော်သား မဟုတ်ဟု ဆိုလို၏။ ထို့ကြောင့် အကျဉ်းချုပ်ကြည့်ပါ- စစ်မှန်သောဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သည်ဟု ယူဆသော ဤသူများသည် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ ဤလူများသည် ဘုရားသခင်ကို စွန့်ပစ်ကြပြီး၊ ကိုယ်တော့်လမ်းကို လိုက်ခြင်း သို့မဟုတ် ကိုယ်တော့်ကို ကိုးကွယ်ခြင်း မရှိပါဘဲနှင့်၊ ယုံကြည်ခြင်းအလံကို လှုပ်ယမ်းသောလမ်းကြောင်းကို လျှောက်ကြသည်ဟု ဆိုနိုင်သလော။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလမ်းကြောင်း၌ လျှောက်ကြသော်လည်း စာတန်ကို ကိုးကွယ်နေကြ၏၊ ၎င်းတို့၏ကိုယ်ပိုင် စီမံခန့်ခွဲမှုကို လုပ်ဆောင်နေပြီး၊ ၎င်းတို့၏ကိုယ်ပိုင် နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးပမ်းနေကြသည်၊ ဤသည်မှာ ၎င်း၏အနှစ်သာရလော။ ဤကဲ့သို့သော် လူများသည် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့်ထိန်းချုပ်ခြင်းကို ခံကြရ၏။ အမည်ခံအနေဖြင့် ၎င်းတို့သည် လူပုဂ္ဂိုလ်တစ်ဦးနောက်သို့ လိုက်ကောင်းလိုက်ကြသည်၊ သို့သော်လည်း အနှစ်သာရအားဖြင့် ၎င်းတို့တို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်နိုင်မည်လော။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။...အကယ်၍ လူတို့သည် ဘုရားသခင်၏ လမ်းနောက်သို့ လိုက်နိုင်စွမ်း မရှိသည့်အပြင် ကယ်တင်ခြင်းလမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏နောက်ဆုံးရလဒ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ ဆက်၍လိုက်နေပြီး အဆုံး၌ သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ဤလူများသည် စာစောင်များနှင့် သြဝါဒ အကြောင်းများကို များစွာပြောနိုင်ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတစ်ခုအဖြစ်၊ လူတစ်စုအဖြစ်သာနှင့် စာတန်အတွက် ယာယီနေထိုင်ရန်နေရာတစ်ခုကဲ့သို့ ဘုရားသခင် သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

“ဘုရားသခင်နောက်လိုက်ခြင်း”ကို ကျွန်ုပ်တို့ ဆွေးနွေးကြသောအခါ ကျွန်ုပ်တို့ မည်သည့်အရာကို ဆိုလိုကြပါသနည်း။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းအား ကျွန်ုပ်တို့ ဆိုလိုပါသည်။ သမ္မာတရားကို သင် မလက်ခံလျှင်၊ ဘုရားသခင်၏ အမှုတော်ကို သင် မတွေ့ကြုံလျှင် သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မတွေ့ကြုံခြင်းဖြစ်ပြီး ယင်းမှာ ဘုရားသခင်နောက်ကို သင်မလိုက်လျှောက်ဟု ဆိုလိုသည်။ ဘုရားသခင်နောက်ကို မလိုက်လျှောက်ဘဲ ဘုရားသခင်ကို ယုံကြည်သောသူတို့ကို ကျွန်ုပ်တို့ မည်သို့ ခေါ်ကြသနည်း။ ၎င်းတို့ကို ဘာသာရေး ယုံကြည်သူများဟု ကျွန်ုပ်တို့ ခေါ်ကြသည်။ ဤသည်မှာ ဘာသာရေးလောကအတွင်း ဘုရားသခင်ကို ယုံကြည်ကြသူများ၏ ယုံကြည်ခြင်းမျိုး မဟုတ်ပါလော။ ၎င်းတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ယုံကြည်ကြသည်၊ သို့သော် ဘုရားသခင်နောက်ကို မလိုက်လျှောက်ကြသလို ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံကြပါ၊ ၎င်းတို့၏ သမ္မာကျမ်းစာကိုသာ ၎င်းတို့ ဆုပ်ကိုင်ထားကြသည်၊ ၎င်းတို့၏ ကျမ်းစာဟု ခေါ်ဆိုသောအရာကို ၎င်းတို့ ဆုပ်ကိုင်၍သာ နေကြသည်။ နေ့တိုင်း၊ ကျမ်းတစ်ပိုဒ်ကို ဖတ်ပြီး ဘာသာရေးပုံစံဖြင့် ဆုတောင်းကြပြီး ဤသည်မှာ ယင်း၏ အဆုံးသတ်ဖြစ်သည်။ ထိုအရာသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝ၊ ၎င်းတို့၏ အသက်ရှင်ပုံနည်းလမ်းတို့နှင့် ဘာမျှပတ်သက်မှုမရှိပါ။ ၎င်းတို့ လုပ်သင့်လုပ်ထိုက်သည့် ဘယ်အရာကိုမဆို ၎င်းတို့ လုပ်ကြသည်။ ဤသည်မှာ ဘာသာရေးယုံကြည်မှုဟု သိထားကြသောအရာဖြစ်သည်။ ဘုရားသခင်၏ အသစ်သောအမှုတော်ကို ၎င်းတို့ လက်မခံကြသလို ဘုရားသခင်၏ အမှုတော်ကိုလည်း မတွေ့ကြုံကြပါ။ ထို့ကြောင့်၊ ၎င်းတို့၏ ယုံကြည်မှုမှာ ၎င်းတို့၏ စိတ်ဝိညာဉ်၏ လစ်ဟာမှုကို ဖြည့်ဆည်းရန်၊ ဆင်းရဲဒုက္ခခံစားရသော ၎င်းတို့၏ စိတ်နှလုံးများကို ကျေနပ်စေရန်နှင့် အချို့သော ပံ့ပိုးမှုမျိုးကို ရှာဖွေရန်သာ ရှိလေသည်။ ဤယုံကြည်ချက်မျိုးရှိသော လူတို့သည် ဘုရားသခင်အဖို့ ပြောင်မြောက်ပြီး ကောင်းမွန်သည့် သက်သေခံခြင်းကို ပြုနိုင်ကြလိမ့်မည်လော။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးတော်ခံခြင်း၊ အဖိုးအခပေးခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် အသက်အပေါ် အာရုံမစိုက်ကြသောကြောင့် သေချာပေါက် သက်သေခံနိုင်ကြလိမ့်မည် မဟုတ်ပါ။ ဤအရာကြောင့်၊ ၎င်းတို့ သက်သေမခံကြချေ။ ထို့ကြောင့်၊ ၎င်းတို့ ညှင်းပန်းနှိပ်စက်ခံရသည့်အခါတိုင်း၊ ခိုင်မာစွာ ရပ်တည်နိုင်သူ အနည်းငယ်သာ ၎င်းတို့ကြားတွင် ရှိလေသည်။ ၎င်းတို့ အသက်များ ကြိုးတန်းပေါ် ရှိချိန်တွင် ဘုရားသခင်ကို ၎င်းတို့အားလုံး သစ္စာဖောက်ကြသည်။ ဤအရာကို သင်တို့အချို့က ငြင်းဆိုကောင်း ငြင်းဆိုနိုင်ပြီး၊ “ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့တွင် သက်သေခံများ များစွာရှိခဲ့ကြသည် မဟုတ်လော” ဟုဆိုလိမ့်မည် ယင်းမှာ မမှားပါ။ ထိုသက်သေခံများ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ရှိကြသည်၊ ၎င်းတို့သည် ထိုခေတ်များတွင် ဘုရားသခင်၏ နောက်လိုက်များဖြစ်ကြသည်။ ၎င်းတို့၏ ယုံကြည်မှုမှာ ဘာသာရေး ယုံကြည်မှု မဟုတ်ခဲ့ပါ။ ပညတ်တော်ခေတ်တွင် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရသူများသည် ပညတ်တော်ခေတ်တွင် ဘုရားသခင်နောက်ကို လိုက်ခဲ့ကြသူများဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရသူများသည် ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်နောက်ကို လိုက်ခဲ့ကြသူများဖြစ်သည်။ နိုင်ငံတော်ခေတ်တွင်၊ နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံကြသူ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နောက်လိုက်များ ဖြစ်ကြသည်။ သို့သော်၊ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ အမှုတော်ကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေစဉ်တွင်၊ ကျေးဇူးတော်ခေတ်ထဲတွင် ရှိနေဆဲ ယုံကြည်သူများနှင့် ပညတ်တော်ခေတ်ထဲ၌ ရှိကြသူများသည် နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို လက်မခံကြချေ သို့မဟုတ် နောက်ဆုံးသောကာလ၏ ခရစ်တော်နောက်ကို မလိုက်ကြချေ၊ ထို့ကြောင့် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းမှာ ဘာသာရေးယုံကြည်ခြင်းအဖြစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁၁) တွင်ပါဝင်သော “သမ္မာတရားကို လိုက်စားခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုအကြောင်း ထပ်မံဆွေးနွေးချက်” မှ

ပထမဦးစွာ၊ ဘာသာရေးအသိုင်းအဝိုင်းများ ဖွဲ့စည်းဖြစ်ပေါ်လာပုံနှင့် အသင်းတော်နှင့် ဘာသာတရားကြားက ခြားနားမှုတို့ကို ကျွန်ုပ်တို့ နားလည်ထားရမည်။ ဤကိစ္စရပ်များကို ရှင်းလင်းရန် အလွန်လိုအပ်သည်။ ဘုရားသခင့်အမှုတော်၏ အဆင့်တိုင်းတွင် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဘုရားသခင်ထူထောင်ပြီး ခန့်အပ်ထားသည့် သူများအားဖြင့် ဦးဆောင်လမ်းပြပြီး ထိန်းကျောင်းခံခဲ့ရသည်ကို သမ္မာကျမ်းထဲတွင် တွေ့နိုင်သည်။ ဥပမာအားဖြင့်၊ ပညတ်တော်ခေတ်တွင်၊ ဘုရားသခင်သည် ဣသရေလလူတို့ကို ဦးဆောင်ရန် မောရှေကို တိုက်ရိုက်အသုံးပြုခဲ့ပြီး ယဇ်ပရောဟိတ်စနစ်ကို မောရှေအား စီမံစေခဲ့သည်။ မောရှေ၏ အလုပ် ပြီးစီးပြီးနောက်တွင်၊ ဣသရေလလူတို့ကို ဦးဆောင်ရန် ဘုရားသခင် တိုက်ရိုက်ခန့်အပ်သောလူ ကမ္ဘာပေါ်တွင် နောက်ထပ်မရှိတော့ပါ။ ယဇ်ပရောဟိတ်များသည် လူတို့အားဖြင့် စတင် ရွေးချယ်ခြင်း ခံခဲ့ကြရသည်။ ဤသည်မှာ ဂျူးဘာသာရေး အသိုင်းအဝိုင်း ဖန်တီးခြင်း နောက်ခံအကြောင်းအရာ ဖြစ်လေသည်။ ထိုအချိန်ကတည်းက ဂျူးဘာသာထဲမှ ယဇ်ပရောဟိတ်စနစ်သည် ဘာသာရေးအသိုင်းအဝိုင်းများမှ ရွေးချယ်မှုများအားဖြင့် ဖြစ်ပေါ်ခဲ့ပေသည်။ များစွာမကြာခဏ၊ မှားယွင်းသော ယဇ်ပရောဟိတ်များ အရွေးချယ်ခံခဲ့ရသောကြောင့် ဘာသာရေးအသိုင်းအဝိုင်းများသည် တဖြည်းဖြည်း ပျက်စီးလာခဲ့လေသည်။ ကျေးဇူးတော်ခေတ်အတွင်းတွင်၊ လူ့ဇာတိခံ သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုသောချိန်တွင်၊ ဘာသာရေး အသိုင်းအဝိုင်းများသည် ခရစ်တော်ကို ဆန့်ကျင်ပြီး ရှုတ်ချကာ ဘုရားသခင်၏ ရန်သူများ ဖြစ်လာခဲ့ကြသည့် အဆင့်ထိ ကျဆင်းခဲ့ပြီဖြစ်သည်။ ဤသည်မှာ ထိုအချိန်က လူတိုင်း မျက်မြင်ကြုံခဲ့ကြသော အချက်တစ်ချက်ဖြစ်သည်။ သခင်ယေရှုသည် သူ၏ ရွေးနှုတ်ခြင်းအမှုတော်ကို ပြုဖို့ ကမ္ဘာမြေသို့ ကြွလာခဲ့ချိန်တွင် တပည်တော် ဆယ့်နှစ်ပါးကို သူ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့၏။ ထိုအချိန်မှ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း စတင် အလုပ်လုပ်ခဲ့ပြီး သခင်ယေရှု၏ တပည့်တော်များနှင့်အတူ ရှိခဲ့ပေသည်။ ဤအချိန်တွင်၊ သခင်ယေရှု၏ အမှုတော်ကို လက်ခံသော လူတို့ စုဝေးခြင်းကို အသင်းတော်ဟု ခေါ်ခဲ့ကြပြီး ၎င်းတို့သည် ဘုရားသခင် ခန့်အပ်ထားသော လူတို့အားဖြင့်၊ တနည်းအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသုံးပြုခြင်းခံရသော လူတို့အားဖြင့် လုံးဝ ထိန်းကျောင်းခံခဲ့ကြရသည်။ ဤအချိန်တွင်၊ စစ်မှန်သော အသင်းတော် ဖန်တီးခြင်းခံခဲ့ရပြီး ဤသည်မှာ အသင်းတော်၏ အရင်းအမြစ်ဖြစ်ပေသည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ကာ ကောင်းကင်သို့ တက်ကြွသွားပြီးနောက် အနှစ် ၃၀ တစ်လျှောက်တွင် တပည့်တော် ဆယ့်နှစ်ပါးထဲမှ အများစုသည် ယုံကြည့်ခြင်းအတွက် အသက်သေဆုံးခဲ့ကြပြီး ကမ္ဘာပေါ်ရှိ အသင်းတော်မှာ သခင်ယေရှု၏ တိုက်ရိုက် ခန့်အပ်ထားသော တပည့်တော်များအားဖြင့် ထိန်းကျောင်းခြင်း မခံခဲ့ရတော့ပေ။ ထို့ကြောင့် အမျိုးမျိုးသော ဘာသာရေး အဖွဲ့များ ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်အတွင်း ဘာသာရေး အသိုင်းအဝိုင်းများ ဖန်တီးဖြစ်ပေါ်ခြင်းအတွက် နောက်ခံအကြောင်းအရာ ဖြစ်သည်။ ယင်းနောက်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သမ္မာကျမ်းစာအကြောင်း ၎င်းတို့ ပြောဆိုနိုင်သရွေ့၊ အသင်းတော်ကို ၎င်းတို့ စီမံနိုင်ခဲ့ကြသည်။ ၎င်းတို့ ဆုကျေးဇူး ရှိကြသရွေ့၊ ၎င်းတို့နှင့်အတူ သဘောတူပြီး ၎င်းတို့နောက်သို့ လိုက်ကြလိမ်မည့်ဖြစ်သည်။ အဘယ်သူမျှ ၎င်းတို့ကို ကန့်သတ်ချုပ်ခြယ်ခြင်းမရှိပဲ ၎င်းတို့နှစ်သက်သည်အတိုင်း ၎င်းတို့ အလုပ်လုပ်ပြီး တရားဟောနိုင်ကြသည်။ ထို့ကြောင့် အမျိုးမျိုးသော ဂိုဏ်းဂဏများ စတင် ပေါ်ပေါက်လာခဲ့သည်။ အသင်းတော်မှာ မည်သည့်အရာဖြစ်ပြီး ဘာသာတရားဆိုသည်မှာ မည်သည့်အရာနည်း။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခြင်း မခံရသော လူတို့အားဖြင့် ဦးဆောင်ပြီး ထိန်းကျောင်းခံရသောသူများသည် ဘာသာတရားဖြစ်ကြပြီး သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသော လူတို့အားဖြင့် ဦးဆောင်ပြီး ထိန်းကျောင်းခံရသော အဖွဲ့များကို အသင်းတော်များဖြစ်သည်ဟု ကျွန်ုပ်တို့ ဆိုနိုင်သည်။ ဤသည်မှာ အရှင်းဆုံးနှင့် အမှန်ကန်ဆုံး ခွဲခြားခြင်းဖြစ်သည်။ စစ်မှန်သော အသင်းတော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိကြသည်။ ဘာသာတရားထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အလွန်ထွက်ပေါ်ခဲလှပြီး ထွက်ပေါ်ခဲ့လျှင်ပင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လိုက်လျှောက်ကြသော လူအနည်းငယ်ထဲတွင်သာ ဖြစ်သည်။ ဤသည်မှာ အသင်းတော်နှင့် ဘာသာတရားကြား ကွာခြားချက် ဖြစ်သည်။ အသင်းတော်များအတွက်၊ သိုးထိန်းများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်လုပ်ပြီး အသုံးပြုခြင်း ခံရသည်၊ မခံရသည်မှာ အလွန်အရေးပါလှပေသည်။ အကယ်၍ သိုးထိန်းသည် သမ္မာတရားကို လိုက်လျှောက်ပြီး မှန်သောလမ်းကြောင်းကို လျှောက်လှမ်းသော လူတစ်ဦးဖြစ်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိပေသည်။ အကယ်၍ သိုးထိန်းသည် သမ္မာတရားကို မလိုက်လျှောက်ပဲ ဖာရိရှဲတို့၏ လမ်းကြောင်းပေါ် လျှောက်လှမ်းသောသူ တစ်စုံတစ်ဦးဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိပါ။ လူတို့သည် စစ်မှန်သော သိုးထိန်း နှင့် မှားယွင်းသော သိုးထိန်းတို့အကြား ခွဲခြားနိုင်သရွေ့၊ စစ်မှန်သော အသင်းတော်ကို ၎င်းတို့ ရှာတွေ့နိုင်ပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:ဘာသာရေး အခမ်းအနားတွင် ပါဝင်ခြင်းမှာ အဘယ်နည်း။

နောက်တစ်ခုသို့:အန္တိခရစ်တစ်ဦးဆိုသည်မှာ အဘယ်နည်း။ အန္တိခရစ်တစ်ဦးကို မည်သို့ သိမြင်နိုင်သနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ