အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၉၅ လူတိုင်းသည် အတွင်းစိတ်ညာဉ်ထဲ၌ ဘုရားကို ဖက်တွယ်ထားကြ၏ကျူး

၁ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို နှစ်အတော်များများ ဆက်တိုက် ခံခဲ့ရပြီးဖြစ်၍ ဝိညာဉ်ရေးအကြောင်းအရာများအပေါ် အသိအမြင် ပျောက်ဆုံးခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ ဤအကြောင်းရင်းကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ဝါကျတစ်ကြောင်းသည်ပင် လူတို့အတွက် မျက်စိစားပွဲထိုင်စရာတစ်ခုကဲ့သို့ ဖြစ်သည်။ ဝိညာဉ်တော်နှင့် ဝိညာဉ်များအကြားရှိ အကွာအဝေးကြောင့် ဘုရားသခင်ကို ယုံကြည်သောသူအားလုံးသည် သူ့ကို တမ်းတစိတ်ရှိပြီး ၎င်းတို့အားလုံးသည် သာ၍နီးလိုကြပြီး ၎င်းတို့၏စိတ်နှလုံးများကို သွန်းလောင်းလိုကြသော်လည်း ၎င်းတို့သည် သူနှင့် ထိတွေ့ရန် မဝံ့မရဲ ဖြစ်ကြပြီး အံ့သြလျက်သာ နေကြသည်။ ဤသည်မှာ ဝိညာဉ်တော်၏ ဆွဲဆောင်မှုတန်ခိုး ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ရန် ဘုရားတစ်ဆူ ဖြစ်ပြီး သူ့အထဲ၌ ၎င်းတို့ ချစ်ရန်အတွက် မရေမတွက်နိုင်သော အစိတ်အပိုင်းများ ရှိသောကြောင့် လူအပေါင်းတို့သည် သူ့ကို ချစ်ပြီး စိတ်ချယုံကြည်စွာဖြင့် အတွင်းရေးများပြောပြလိုခြင်းဖြစ်သည်။ အမှန်အားဖြင့် အယောက်တိုင်း၌ ဘုရားသခင်ကို ချစ်သောစိတ်နှလုံး ရှိသည်၊ စာတန်၏ နှောင့်ယှက်ခြင်းကြောင့်သာ ထုံထိုင်းသော၊ နုံသော၊ သနားစရာကောင်းသောလူတို့မှာ ဘုရားသခင်ကို မသိနိုင်ကြခြင်းဖြစ်သည်။

၂ ဤအကြောင်းကြောင့် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ စစ်မှန်သောခံစားချက်များကို ဘုရားသခင်က ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်းဖြစ်သည်၊ “လူသားသည် သူ၏အတွင်းအကျဆုံး နှလုံးသားနေရာများထဲတွင် ငါ့အား ဘယ်သောအခါကမျှ စက်ဆုပ်ခြင်း မရှိခဲ့ဘဲ သူ့ဝိညာဉ်၏ နက်ရှိုင်းရာအရပ်များထဲတွင် သူသည် ငါ့အား ဖက်တွယ်ထားသည်။ … ငါ၏လက်တွေ့သဘောသည် လူသားကို ကြောင်အမ်းအမ်းနှင့် ကြက်သေသေစေကာ ဦးနှောက်ခြောက်စေသော်လည်း သူသည် ယင်းအရာအားလုံးကို လက်သင့်ခံရန် ဆန္ဒရှိနေသည်။” ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများ၏ စိတ်နှလုံးများ၏ နက်ရှိုင်းသောနေရာမှ အခြေအနေမှန် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ သိသောအခါ ၎င်းတို့၌ သူ့အပေါ် သဘာဝအလျောက် မတူညီသော သဘောထားတစ်ခု ရှိလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဝိညာဉ်၏ အခန်းကဏ္ဍကြောင့် ၎င်းတို့၏စိတ်နှလုံးအတွင်းမှ ချီးမွမ်းစကားများကို မြွက်ဆိုနိုင်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူအပေါင်း၏ ဝိညာဉ်အတွင်း နက်ရှိုင်းသောနေရာ၌ ရှိသော်လည်း စာတန်၏ ဖျက်ဆီးခြင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို စာတန်နှင့် ဇဝေဇဝါဖြစ်ခဲ့ကြသည်။ ယနေ့ ဘုရားသခင်သည် ဤရှုထောင့်မှပင် အမှုပြုပြီး ဤအရာသည် အစမှအဆုံး ဝိညာဉ်လောက တိုက်ပွဲ၏ အာရုံစိုက်ရာ ဖြစ်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၅” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို နာခံလော့၊ သို့ပြုလျှင် စုံလင်စေခြင်းလမ်းကြောင်းပေါ်သို့ သင်ရောက်လိမ့်မည်ကျူး

နောက်တစ်ခုသို့:ဘုရား၏ရယူခြင်းကို ခံရရန် အမှောင်လွှမ်းမိုးမှုကို ဖယ်ရှားလော့ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ