အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

“သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက်” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းလေးပိုဒ်မှ လက်ရွေးစင်တစ်ခု

၁။ လူများအနေဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုမှုသည် ယုံကြည်မှု ဆိုင်ရာ (ကမ္ဘာပေါ်က အများဆုံး ကိုးကွယ်ကြသည် ဘာသာကြီး သုံးရပ်အနက် တစ်ခုဖြစ်သည့် ခရစ်ယာန်ဘာသာ ဆိုင်ရာ) အစဉ်အလာနည်းလမ်း ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာသွားပါပြီ၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် သခင်ကို မယုံကြည်မှုဖြစ်သည်၊ သမ္မာကျမ်းစာကို စွန့်ပယ်မှုသည် အများနှင့်ကွဲလွဲဆန့်ကျင်ခြင်းနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ပြီး လူများ အခြားစာအုပ်များကို ဖတ်ရှုကြလျှင်ပင်၊ ယင်းစာအုပ်များ၏ အခြေခံအုတ်မြစ်မှာ သမ္မာ ကျမ်းစာအား ရှင်းလင်းဖေါ်ပြမှု ဖြစ်ရပါမည်။ ထိုအချက်ကို ထပ်ပြီးရှင်းပြ ရလျှင်၊ သင်က သခင်ကို ယုံကြည်ပါသည်ဟု ဆိုလျှင်၊ သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုရမည်၊ သင်သည် သမ္မာကျမ်းစာကို စားသုံး ရမည် ဖြစ်ပြီး သင်သည် သမ္မာကျမ်းစာ မဟုတ်လျှင် သမ္မာကျမ်းစာနှင့် မပတ်သက်သည့် မည်သည့် စာအုပ်ကိုမျှ သင် မကိုးကွယ်အပ်ပါ။ သင်က ထိုသို့ ပြုလုပ်သည်ဆိုလျှင်၊ ဘုရားသခင်အား သစ္စာဖောက်မှု ဖြစ်ပါသည်။ သမ္မာကျမ်းစာ ရှိလာခဲ့သည့် ခေတ်ကာလမှ အစပြုလျက်၊ လူများ၏ သခင်အား ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့ပါသည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းပါမည်။ သူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး သူတို့သည် သခင်ထံ ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာထံ ပြန်လာ ခဲ့ကြပြီဟု ပြောမည်ဆိုလျှင် ပိုကောင်းပါလိမ့်မည်။ ထိုကဲ့သို့သော နည်းဖြင့်၊ လူများ သည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ၎င်းကို ဆုံးရှုံး သွားလျှင် မိမိတို့၏ အသက်ကို ဆုံးရှုံးရမှုပင် ဖြစ်သည်ဟု ယူဆလျက် ကိုးကွယ်ကြပါသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု ခံယူထားကြပြီး၊ ၎င်းသည် ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု ယူဆသူများပင် ရှိကြပါသေးသည်။ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြသည့် တိုင်အောင်၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြပါသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာကို လက်လွတ်လိုက်ကြမည် သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းများနှင့်၊ နှုတ်ကပတ်များကို မေ့သွားကြပြီ ဆိုလျှင်မူ၊ သူတို့သည် သူတို့၏ အသက်များကို ဆုံးရှုံး လိုက်ရသည်နှင့် တူပါလိမ့်မည်။ သို့ဖြစ်၍၊ လူများက သခင်ကို ယုံကြည် လာသည်နှင့် သမ္မာကျမ်းစာကို စတင်ဖတ်ကြားရင်း၊ သမ္မာကျမ်းစာကို အာဂုံဆောင်ရင်းဖြင့် သမ္မာကျမ်းစာကို ပိုမိုအာဂုံဆောင်လာနိုင်ကြ သည်နှင့်အမျှ၊ သူတို့သည် သခင်ကို မြတ်နိုးကြကြောင်းနှင့် ဧရာမ ယုံကြည်သူများ ဖြစ်ကြကြောင်း ပို၍ပို၍ သက်သေထူပြ နိုင်ကြပါမည်။ သမ္မာကျမ်းစာကို ဖတ်ကြားလျက် အခြားသူတို့အား သမ္မာကျမ်းစာကို ပြောပြ ပေးနိုင်သူတို့သည် သူကောင်း ညီအစ်ကို မောင်နှမများဖြစ်သည်။ လက်ရှိ နှစ်များအတွင်းမှာ၊ လူများ၏ သခင်အား ယုံကြည်မှုနှင့် သစ္စာရှိမှုကို သမ္မာကျမ်းစာအား သူတို့၏ သိရှိ နားလည်မှု အတိုင်းအတာဖြင့် အကဲဖြတ်လာခဲ့ကြပါသည်။ လူအများအပြားတို့က သူတို့ မည်သည့်အတွက်ကြောင့် ဘုရားသခင်အား ယုံကြည်ရမည်ကို လည်းကောင်း၊ ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်ကို လည်းကောင်း၊ မသိရှိကြဘဲ သမ္မာကျမ်းစာ၏ ရေးသားချက်များကို အဓိပ္ပါယ် ဖွင့်ပေးနိုင်မည့် သဲလွန်စများကို မရမက ရှာကြံနေသည်မှ လွဲပြီး မည်သို့မှမလုပ်ကြပါ။ လူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းညွှန်ချက်ကို မည်သည့်အခါကမှ မလိုက်နာခဲ့ကြဘဲ၊ ထိုကာလ တစ်လျှောက်လုံးမှာ သူတို့ လုပ်ဆောင်ခဲ့ကြသည်က သမ္မာကျမ်းစာကို အရူးအမူး လေ့လာစူးစမ်းမှုမှလွဲပြီး မည်သို့မှ မရှိခဲ့ပါ၊ ထို့အပြင်၊ မည်သူမှာမှ သမ္မာကျမ်းစာ ပြင်ပတွင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက် အသစ်ကို မည်သည့်အခါကမှ ရှာမတွေ့ခဲ့ပါ၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ခြင်း မလုပ်ခဲ့သလို၊ မည်သူမှ သမ္မာကျမ်းစာကို စွန့်ပစ်ရဲခြင်းလည်း မရှိခဲ့ကြပါ။ လူများသည် ထိုနှစ်များအတွင်းမှာ သမ္မာကျမ်းစာကို လေ့လာခဲ့ကြပါသည်၊ သူတို့သည် ရှင်းလင်းချက် အမျိုးမျိုးကို တင်ပြခဲ့ကြလျက် များစွာ ကြိုးစားအားထုတ်ခဲ့ကြပြီး သမ္မာကျမ်းစာဆိုင်ရာ ယူဆချက် အမျိုးမျိုးကို တင်ပြရင်း မဆုံးနိုင်အောင် ငြင်းခုံနေကြ၍၊ ယနေ့တွင် ဖွဲ့စည်း ထူထောင်ထားကြသည့် ဘာသာရေး ဂိုဏ်းပေါင်း နှစ်ထောင်ကျော် ရှိနေကြပါပြီ။ သူတို့အားလုံးသည် သမ္မာကျမ်းစာထဲတွင် အထူးရှင်းလင်းချက်အချို့ကို သို့မဟုတ် နက်နဲသိမ်မွေ့သည့် လျှို့ဝှက်ချက်များကို ရှာကြံလိုကြပြီး ၎င်းကို စူးစမ်းလေ့လာလိုကြပါသည်၊ ယေဟောဝါ၏ ဣသရေလ နိုင်ငံထဲက လုပ်ဆောင်ချက်၏ နောက်ခံထဲတွင် သို့မဟုတ် ယုဒနယ်ထဲက ယေရှု၏ လုပ်ဆောင်ချက်၏ နောက်ခံထဲတွင် ၎င်းကို သို့မဟုတ် မည်သူမှာမှ မသိရသေးသည့် ထူးဆန်းသည့် အချက်များကို သူတို့ ရှာဖွေနေကြပါသည်။ သမ္မာကျမ်းစာအား လူများ ချဉ်းကပ်ကြပုံမှာ စွဲလမ်းမှု နှင့် ယုံကြည်မှု ပုံစံတစ်မျိုး ဖြစ်ပြီး၊ သမ္မာကျမ်းစာအတွင်းရှိ အကြောင်းအရာများ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်လာလျှင် မည်သူမှာမှ ရှင်းလင်း ပြည့်စုံစွာ သိမရနိုင်ပါ။ ထို့ကြောင့်၊ သမ္မာကျမ်းစာနှင့် ပတ်သက်လာလျှင် ယနေ့ လူများသည် ဖေါ်ပြမရနိုင်အောင်ကိုပင် အံ့ဖွယ်ထူးဆန်းချက်များကို စောင့်မျှော်နေကြသည့်အပြင်၊ သူတို့သည် ထိုအံ့ဖွယ်များကို စွဲလမ်းနေကြပြီး ယုံကြည်နေကြပါသည်။ ယနေ့တွင်၊ လူတိုင်းက နောက်ဆုံးသော ကာလဆိုင်ရာ အမှု၏ ပရောဖက်ပြုချက်များကို သမ္မာကျမ်းစာထဲမှာ ရှာတွေ့လိုနေကြပြီး၊ ဘုရားသခင်သည် နောက်ဆုံးသောကာလမှာ မည်သည့်အမှုကို လုပ်ဆောင်သည်၊ ထို့အပြင် နောက်ဆုံးသော ကာလဆိုင်ရာ နိမိတ်လက္ခဏာများက မည်သို့ရှိကြသနည်း ဆိုသည်ကို စူးစမ်းလိုကြသည်။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာကို သူတို့၏ ကိုးကွယ်မှုသည် သာ၍ပင် ထက်သန်လာနေပြီး နောက်ဆုံးသောကာလသို့ သာ၍နီးကပ်လာလေလေ သူတို့သည် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များကို၊ အထူးသဖြင့် နောက်ဆုံးသောကာလနှင့် ပတ်သက်သည်များကို သာ၍လက်ခံယုံကြည်လာလေလေဖြစ်သည်။ သမ္မာကျမ်းစာကို ထိုကဲ့သို့ မျက်ကန်းယုံကြည်မှုဖြင့်၊ သမ္မာကျမ်းစာကို ထိုသို့ စိတ်ချခြင်းဖြင့်၊ သူတို့သည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို မရှာကြံလိုတော့ပါ။ လူများ၏ အယူအဆများထဲတွင်၊ သမ္မာကျမ်းစာကသာလျှင် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ယူဆောင်ပေးနိုင်သည်ဟု သူတို့ ယုံကြည်နေကြသည်၊ ဘုရားသခင်၏ ခြေရာများကို သမ္မာကျမ်းစာထဲတွင်သာ သူတို့ တွေ့ရှိနိုင်သည်၊ ဘုရားသခင် လုပ်ဆောင်ချက်၏ နက်နဲရာများကို သမ္မာကျမ်းစာထဲတွင်သာ ဝှက်ထားသည်၊ မည်သည့်အခြားစာအုပ် သို့မဟုတ် လူများမဟုတ်ဘဲ၊ သမ္မာကျမ်းစာကသာလျှင် ဘုရားသခင်နှင့်ဆိုင်သည့် အရာတိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ချက် အလုံးစုံကို ရှင်းလင်းထောက်ပြ ပေးနိုင်သည်၊ သမ္မာကျမ်းစာသည် ကောင်းကင်ဘုံ လုပ်ဆောင်ချက်ကို ကမ္ဘာကြီးထံ ယူဆောင်ပေးနိုင်ကြောင်းနှင့် သမ္မာကျမ်းစာသည် ခေတ်များကို စတင်နိုင်သကဲ့သို့ အဆုံးသတ်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ယင်းကဲ့သို့သော ခံယူချက်များရှိနေ၍၊ လူများသည် သန့်ရှင်းသော ဝိညာဥ်တော်၏ လုပ်ဆောင်ချက်ကို ရှာကြံလိုစိတ် မရှိကြတော့ပါ။ ထို့ကြောင့်၊ အတိတ်ကာလများတုန်းက သမ္မာကျမ်းစာက လူများကို မည်မျှပင် ကူညီပေးခဲ့ပါစေ၊ ၎င်းသည် ဘုရားသခင်၏ နောက်ဆုံးသော အမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာသည်။ သမ္မာကျမ်းစာသာ မရှိခဲ့လျှင်၊ လူများသည် ဘုရားသခင်၏ ခြေရာများကို အခြားတစ်နေရာမှာ ရှာကြံနေခဲ့ကြမည် ဖြစ်သော်လည်း ယနေ့တွင် ဘုရားသခင်၏ ခြေရာများ သမ္မာကျမ်းစာထဲတွင် ရှိနေကြသည့်အပြင်၊ ဘုရားသခင်၏ နောက်ဆုံးသော အမှုကို ဆက်ပြီး လုပ်ကိုင်ရေးသည် နှစ်ဆနှစ်ပြန် ခဲယဉ်းလာလျက် လေထန်ရေဆန် ရုန်းကန်ရမှုပင်ဖြစ်တော့သည်။ ထိုသို့ဖြစ်လာရသည်မှာ၊ သမ္မာကျမ်းစာထဲက နာမည်ကြီးအခန်းများနှင့် မိန့်ကြားချက်များကြောင့် ဖြစ်သလို၊ သမ္မာကျမ်းစာထဲက အမျိုးမျိုးသော ပရောဖက်ပြုချက်များကြောင့်လည်း ဖြစ်သည်။ သမ္မာကျမ်းစာသည် လူများ၏ အသိစိတ်ထဲမှာ ဆင်းတုတစ်ခုလို ဖြစ်လာပြီး ၎င်းသည် သူတို့၏ စိတ်အာရုံထဲက ပဟေဠိတစ်ခု ဖြစ်လာ၍၊ ဘုရားသခင်သည် သမ္မာကျမ်းစာ မပါဝင်ဘဲနှင့် လုပ်ဆောင်နိုင်သည်ကို နားလည်နိုင်စွမ်း မရှိကြတော့ပါ၊ လူတို့သည် ဘုရားသခင်ကို သမ္မာကျမ်းစာ၏ အပြင်တစ်နေရာတွင် ရှာတွေ့နိုင်ခြင်းကို နားလည်နိုင်စွမ်း မရှိကြသည့်အပြင် နောက်ဆုံးသော လုပ်ဆောင်ချက် အတွင်းမှာ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် နောက်အသစ် တစ်ခုခုကို စတင်နိုင်ခြင်းကိုမူ ပို၍ကို မယုံကြည်နိုင်ကြပါ။ လူတို့သည် ထိုသို့ မစဉ်းစားရဲကြပါ။ သူတို့သည် ၎င်းကို မယုံနိုင်ကြသလို၊ ၎င်းကို စိတ်ကူးကြည့်၍ပင် မရနိုင်ကြပါ။ ဘုရားသခင် ၏ အမှုသစ်ကို လူများအနေနှင့် လက်ခံရေးတွင် သမ္မာကျမ်းစာသည် ဧရာမအဟန့်အတား ဖြစ်လာကာ ဘုရားသခင်၏ ယင်းအမှုသစ် တိုးချဲ့ရေးအတွက် အခက်အခဲ ဖြစ်လာပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၂။ ကျေးဇူးတော်ခေတ်မတိုင်မီတွင်၊ လူများသည် သမ္မာကျမ်းစာကို ဖတ်ခဲ့ကြသော်လည်း၊ ထိုစဉ်တုန်းက ဓမ္မဟောင်းကျမ်းသာ ရှိခဲ့ပြီး ဓမ္မသစ်ကျမ်းဟူ၍ မရှိခဲ့ပါ။ ဓမ္မဟောင်း ကျမ်းစာ ရှိလာကတည်းက လူများသည် သန့်ရှင်းသော ကျမ်းပိုဒ်များကို စပြီး ဖတ်ကြားလာခဲ့ကြပါသည်။ ယေဟောဝါထံမှ လမ်းညွှန်မှုများ ပြီးဆုံးသွားသည် နောက်မှာ မောရှေသည် ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာ ကျမ်းနှင့် တရားဟောရာကျမ်းများကို ရေးသားခဲ့ပါသည်။ သူသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ပြန်ပြောင်း သတိရလျက် ရေးခဲ့ခြင်း ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် သမိုင်းစာအုပ်တစ်အုပ်ပါ။ ၎င်းထဲမှာ ပရောဖက်များ၏ အနာဂတ်ဆိုင်ရာ ဟောကြားချက်တချို့ ပါဝင်ခဲ့သည်မှာ မှန်သော်လည်း ဤဟောကြားချက်များသည် သမိုင်းနှင့် လားလားမျှ မသက်ဆိုင်ပါ။ သမ္မာကျမ်းစာထဲမှာ ကဏ္ဍ အမျိုးမျိုးပါဝင်ပါသည်—၎င်းထဲတွင် ပရောဖက်ပြုချက်များ သို့မဟုတ် ယေဟောဝါ၏ အမှုများ သို့မဟုတ် ရှင်ပေါလု၏ သ၀ဏ်လွှာများသာ ပါခဲ့သည် မဟုတ်ပါ။ သမ္မာကျမ်းစာထဲမှာပါသည့် ကဏ္ဍများ ဘယ်နှစ်ခု ဖြစ်ခဲ့ကြောင်း သင်တို့ သိရှိကြရပါမည်၊ ဓမ္မဟောင်းကျမ်းထဲမှာ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း စသဖြင့် ပါဝင်ပြီး အနာဂတ္တိကျမ်းများကိုလည်း ပရောဖက်များက ရေးပေးထားပါသေးသည်။ နိဂုံးပိုင်းမှာ၊ ဓမ္မဟောင်းကျမ်း ကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားပါသည်။ ၎င်းသည် ယေဟောဝါမှ ရှေ့ဆောင် လုပ်ခဲ့ခြင်း ဖြစ်သည့် ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ပေးထားပါသည်၊ ကမ္ဘာဦးကျမ်းမှအစ မာလခိ ကျမ်းအထိ ၎င်းသည် ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်များ အားလုံးကို ပြည့်စုံစွာ မှတ်တမ်းတင်ပေး ထားပါသည်။ သို့ဖြစ်၍၊ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ် ကာလတုန်းက ယေဟောဝါ၏ လမ်းညွှန်မှု ကို ခံယူခဲ့ကြသည့် လူများ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည့် အရာများအားလုံးကို မှတ်တမ်း တင်ထားသည်ဟု ဆိုနိုင်ပါသည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြပါသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအတွက် လမ်းညွှန် ချက်များကို ပေးခဲ့ကြပြီး၊ ယေဟောဝါမှ လုပ်ဆောင်ပေးရန် ရှိနေသည်များကို ကြိုပြီး ဟောကြားခဲ့ကြ ပါသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံကို မြင်နိုင်စွမ်း၊ ဘုရားသခင်၏ အသံကို ကြားနိုင်စွမ်းကို ရရှိခဲ့ကြပြီး ဘုရားသခင်၏ ကောင်းချီး မင်္ဂလာပေးမှုဖြင့် အနာဂတ္တိကျမ်းများကို ရေးခဲ့ကြပါသည်။ သူတို့၏ လုပ်ဆောင်ချက်များသည် ယေဟောဝါ၏ အသံကို ထုတ်ဖေါ်ပြသမှု ဖြစ်ခဲ့ပြီး၊ သူတို့သည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်လျက် ထိုစဉ်တုန်းက ယေဟောဝါ၏ အလုပ်က ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်းပေးရုံမျှ ဖြစ်ခဲ့ပါသည်၊ ဘုရားသခင်သည် လူပကတိ ဖြစ်မလာခဲ့ဘဲ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပါ။ ယင်းကဲ့သို့သောနည်းဖြင့်၊ ဘုရားသခင်သည် ၎င်း၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက် များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် မျိုးရိုးစုတိုင်း ထံကို သွားရန် တာဝန်ပေးခဲ့ပါသည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်များကို ဟောကြားပေးရန် ဖြစ်ခဲ့ပြီး သူတို့ထဲက တစ်ချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ ပရောဖက်ပြုချက်များကို ဟောကြားရန်၊ အနာဂတ်တွင် လုပ်ဆောင်ပေးမည်ကို သို့မဟုတ် ထိုကာလအတွင်းမှာ လုပ်ဆောင်ပေးဖို့ ရှိနေသေးသည်ကို ကြိုပြီး ဟောကြားရန် ယေဟောဝါသည် ထိုသူများကို လေ့ကျင့်ပေးခဲ့ခြင်းဖြင့် လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် အမြော်အမြင် ကြီးမားမှုကို မြင်တွေ့စေလိုခဲ့ပါသည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများ နှင့် အများများ မတူကြပါ၊ ပရောဖက်ဝိညာဉ်ကို ရရှိခဲ့ကြသူများ—ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်ခဲ့ကြပါသည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ လုပ်ဆောင်စရာကို လုပ်ပြီးသွားသော နောက်မှာ လူများက ရေးမှတ်ခဲ့ကြသည့် မှတ်တမ်းများပါ။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက် တို့၏ ပရောဖက်ပြုချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပါ။ ပရောဖက်ပြုချက်များကို အမှုကို မလုပ် ဆောင်မီ ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊ ကျန်သည့် ကျမ်းများကိုမူ လုပ်ဆောင်စရာ ပြုလုပ်ပြီးသွားသည့်နောက်မှာ၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို မှတ်တမ်း တင်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ထိုကာလတုန်းက ပရောဖက်များကို ယေဟောဝါမှ ကောင်းချီးမင်္ဂလာ ပေးမူခဲ့ပြီး သူတို့သည် အချို့သော ပရောဖက်ပြုချက်များကို ပြော ကြားခဲ့ပြီး အများအပြားပင် ပြောကြားခဲ့ကြသည်။ ကျေးဇူးတော်ခေတ်ဆိုင်ရာ အရာများကို လည်းကောင်း၊ နောက်ဆုံးသောကာလ၌ ကမ္ဘာကြီးအား ချေမှုန်းပစ်ရေး အကြောင်းအရာများကိုလည်းကောင်း—ယေဟောဝါ မှ စီမံထားသည့် လုပ်ဆောင်စရာများအား ကြိုတင်ဟောကြားခဲ့ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ ကျန်သည့် ကျမ်းများအားလုံးမှာ ယေဟောဝါက ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည်ကို ရေးမှတ်ပေးထားကြပါ သည်။ သို့ဖြစ်၍၊ သင်တို့က သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါမှာ၊ သင်တို့သည် အဓိကအားဖြင့် ယေဟောဝါက ဣသရေလနိုင်ငံထဲတွင် လုပ်ဆောင်ခဲ့သည်များကို ဖတ်နေရခြင်း ဖြစ်ပြီး၊ သမ္မာကျမ်းစာထဲက ဓမ္မဟောင်းကျမ်းမှာ အဓိကအားဖြင့် ဣသရေလနိုင်ငံအား လမ်းညွှန်ပေးရန် ယေဟောဝါ၏ လုပ်ဆောင်ချက်၊ ဣသရေလ လူတို့ကို ဖါရောဘုရင်၏ သံခြေကျင်းများဘေးမှ ကယ်တင်လျက် တောထဲသို့ ခေါ်ဆောင်သွားရန် မောရှေကို ယေဟောဝါမှ အသုံးပြုခဲ့ခြင်းနှင့် နောက်ပိုင်း ခါနာန်နိုင်ငံအတွင်း သူတို့၏ ဘ၀အကြောင်းကို မှတ်တမ်းတင်ပေးခဲ့ပါသည်။ ထိုမှအပ အားလုံးသည် ဣသရေလနိုင်ငံထဲက ယေဟောဝါ လုပ်ဆောင်ခဲ့သည် များ၏ မှတ်တမ်းများ ဖြစ်ကြပါသည်။ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာတိုင်းသည် ဣသရေလနိုင်ငံထဲက ယေဟောဝါ၏ လုပ်ဆောင်ချက်၊ ယေဟောဝါက အာဒံနှင့် ဧဝကို ဖန်ဆင်းပေး ခဲ့သည့် ဒေသထဲက ထာ၀ရဘုရား၏ လုပ်ဆောင်ချက်များပါ။ ဘုရားသခင်က နောဧ၏ နောက်မှ ကမ္ဘာပေါ်ရှိ လူများကို တရားဝင် ဦးဆောင်လာခဲ့သည့် အချိန်မှစပြီး၊ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသမျှ အရာတိုင်းမှာ ဣသရေလ နိုင်ငံထဲက လုပ်ဆောင်ချက်ပါ။ ဣသရေလပြင်ပက အလုပ်တစ်ခုကိုမျှ မှတ်တမ်း မတင်ခဲ့ခြင်း၏ အကြောင်းရင်းက မည်သည်နည်း။ အကြောင်းမှာ ဣသရေလနိုင်ငံသည် လူသားတို့၏ ပေါက်ဖွားရာ ဇာတိနိုင်ငံ ဖြစ်၍ ဖြစ်ပါသည်။ အစပိုင်းတွင်၊ ဣသရေလမှအပ အခြားနိုင်ငံများ မရှိခဲ့ကြပါ၊ သို့ဖြစ်၍ ယေဟောဝါသည် အခြားနေရာများတွင် မလုပ်ဆောင်ခဲ့ပါ။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာထဲ မှတ်တမ်း တင်ထားသည်များမှာ ထိုစဉ်တုန်းက ဣသရေလ နိုင်ငံထဲမှာသာ လုပ်ဆောင်ခဲ့သည် အရာများပါ။ ပရောဖက် များ၊ ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့၏ မိန့်ကြားချက်များ … သူတို့၏ စကားလုံးများ သည်ဖြင့် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ကြိုတင်ဟောကြားခဲ့ပြီး၊ သူတို့သည် ယေဟောဝါ ဘုရားသခင် ကိုယ်တိုင်၏ လုပ်ဆောင်ချက်ကို ကြိုတင်ဟောကြား ပေးခဲ့ကြပါသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှလာခဲ့ပြီး၊ ပရောဖက်များ၏ ကျမ်းစာအုပ်များမှ အပ၊ ပါရှိသမျှသည် ထိုစဉ်တုန်းက ယေဟောဝါ လုပ်ဆောင်ချက်ဆိုင်ရာ လူများ၏ ဘဝအတွေ့အကြုံများကို မှတ်တမ်းတင် ထားခြင်း ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၃။ သမ္မာကျမ်းစာဆိုသည်မှာ မည်ကဲ့သို့သော စာအုပ်မျိုးများနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော် ခေတ်အတွင်းက ဘုရားသခင်၏ လုပ်ဆောင်ချက်များပါ။ သမ္မာကျမ်းစာထဲက ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ လုပ်ဆောင်ချက်အားလုံးနှင့် ၎င်း၏ ဖန်ဆင်းခြင်းအလုပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါမှ လုပ်ဆောင်ခဲ့သည်များကို မှတ်တမ်းတင်ပေးထားရာ၊ မာလခိကျမ်းထဲတွင် ယေဟောဝါ၏ အလုပ်များဖြင့် နောက်ဆုံးတွင် အဆုံးသတ် ထားပါသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်မှ လုပ်ဆောင်ပေးခဲ့သည့် လုပ်ရပ်နှစ်ရပ်ကို မှတ်တမ်းတင် ထားပါသည်- တစ်ခုက ဖန်ဆင်းခြင်းအလုပ်၊ နောက်တစ်ခုက ပညတ်ကို ပြဋ္ဌာန်းပေးသည့် အလုပ်ပါ။ ထိုအလုပ်နှစ်ခုစလုံးကို ယေဟောဝါက လုပ်ဆောင်ခဲ့ပါသည်။ ပညတ်တော်ခေတ်သည် ယေဟောဝါဘုရားဆိုသည့် နာမဖြင့် လုပ်ဆောင်ခဲ့သည့် အလုပ်ကို ဖေါ်ပြထားခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် ယေဟောဝါ ၏ နာမဖြင့် လုပ်ကိုင်ပေးခဲ့သည် လုပ်ဆောင်ချက် တစ်ရပ်လုံး ဖြစ်ပါသည်။ ထိုနည်းဖြင့်၊ ဓမ္မဟောင်းကျမ်း သည် ယေဟောဝါ၏ လုပ်ဆောင်ချက်ကို မှတ်တမ်းတင်ပေးပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏ နာမဖြင့် လုပ်ဆောင်ခဲ့သည် အလုပ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ယေရှု၏ နာမများ၏ အရေးအပါမှုနှင့် ဘုရားသခင်၏ အလုပ်ကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင်ပေးထားပါသည်။ ဓမ္မဟောင်းပညတ်တော်ခေတ်တုန်းက၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ပေးခဲ့ပြီး၊ ၎င်းက ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလလူမျိုးများ၏ ဘဝကို လမ်းညွှန်ပေးခဲ့ခြင်းဖြင့်၊ သူတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံ လူအုပ်စု ဖြစ်လာကြပါသည်၊ ဘုရားသခင်ကနေပြီး ကမ္ဘာကြီးပေါ်မှာ ပထမဦးဆုံး ရွေးလိုက်သည့် လူများခဲ့ကြပြီး၊ သူတို့သည် ဘုရားသခင်၏ နှလုံးသားထဲမှာ ရှိနေကြကာ ၎င်းကိုယ်တိုင် ဦးဆောင်ပေးခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေထူပြခဲ့ပါသည်၊ တစ်နည်းအားဖြင့် ဣသရေလ နိုင်ငံတွင်းက လူမျိုးနွယ်စု ဆယ့်နှစ်ခုတို့သည် ယေဟောဝါ၏ လက်ဦး အရွေးခံများ ဖြစ်ခဲ့ကြပြီး၊ သူသည် သူတို့အထဲတွင် အမြဲလုပ်ဆောင်လုပ်ကိုင်လာခဲ့ရာ၊ ပညတ်တော်ခေတ်ထဲက ယေဟောဝါ၏ အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်ခဲ့ပါသည်။ အမှု၏ ဒုတိယ အဆင့်တွင်မူ ဓမ္မသစ်ကျမ်းထဲက ကျေးဇူးတော် ခေတ်၏ လုပ်ဆောင်ချက် ဖြစ်ခဲ့ပြီး၊ ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စု ဆယ့်နှစ်ခု အနက် တစ်ခုဖြစ်သည့် ယုဒခေါ် လူမျိုးနွယ်စု အကြားမှာ ဖြစ်ခဲ့ပါသည်။ လုပ်ဆောင်ချက် ပမာဏ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိအဖြစ်ကို ခံယူခဲ့သည့် ဘုရားသခင် ဖြစ်ခဲ့၍ပါ။ ယေရှုသည် ယုဒနယ်မြေ တစ်၀န်းမှာသာ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ခဲ့ပြီး သုံးနှစ်ခွဲမျှသာ လုပ်ဆောင်ခဲ့သည့်အတွက်၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်း တင်ထားသည်များမှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အလုပ်ပမာဏနှင့် စာလျှင် မည်သို့မှ နှိုင်းယှဉ် မရစကောင်း ပါ။ ကျေးဇူးတော်ခေတ်ထဲက ယေရှု၏ လုပ်ဆောင်ချက်ကို အဓိကအားဖြင့် ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားပါသည်။ ကျေးဇူးတော်ခေတ်ထဲတွင် လူများ လျှောက်လှမ်းခဲ့ကြရသည့် လမ်းခရီးက သူတို့၏ ဘဝအနေအထားကို အပေါ်ယံတွင် အများဆုံး ပြောင်းလဲပစ်ခဲ့ရာ၊ ၎င်းတို့ထဲက အများစုကို မှာစာများထဲတွင် ရေးမှတ်ပေးထားပါသည်။ ထိုခေတ် ကာလတုန်းက သန့်ရှင်းသောဝိညာဥ်တော် လုပ်ကိုင်ခဲ့ပုံကို သြဝါဒစာများထဲ၌ မှတ်တမ်းတင်ထားပါသည်။ (မှန်ပါသည်၊ ပေါလုသည် ပြစ်တင်ဆုံးမ ခံခဲ့ရသည်ဖြစ်စေ၊ ကံအကြောင်းမလှစွာ ရိုက်ပုတ်ခံခဲ့ရသည်ဖြစ်စေ သူလုပ်ဆောင်ခဲ့သည့် အလုပ်ကို သန့်ရှင်းသော ဝိညာဉ်တော် မှ သူ့ကို ညွှန်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်၊ သူသည် တစ်ချိန်တုန်းက သန့်ရှင်းသော ဝိညာဥ်တော်မှ အသုံးပြုခံခဲ့ရသူ ဖြစ်သည်မှာ အမှန်ပါပဲ၊ ပေတရုကိုလည်း သန့်ရှင်းသော ဝိညာဥ်တော်က အသုံးပြုခဲ့သည်မှာ မှန်သော်လည်း၊ သူသည် ပေါလုကဲ့သို့ အလုပ်များများကို မလုပ်ကိုင်ခဲ့ပါ။ ပေါလုရေးခဲ့သည့် သြဝါဒစာများမှ ပေါလု၏စာတွင် လူသား၏ မစင်ကြယ်ခြင်းများ ပါဝင်ခဲ့သော်လည်း ထိုစဉ်တုန်းက သန့်ရှင်းသောဝိညာဥ်တော် လုပ်ဆောင်ခဲ့ပုံကို မြင်တွေ့နိုင်ပါသည်၊ ပေါလု၏ လမ်းကြောင်းသည် ဖြောင့်မတ်ခဲ့သည်၊ မှန်ကန်ခဲ့သည်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းကြောင်းပင် ဖြစ်ခဲ့ပါသည်။)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၄။ သင်တို့က ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်ကို ကြည့်လိုသည်၊ ဣသရေလလူမျိုးများ ယေဟောဝါ၏ လမ်းစဉ်ကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုသည်ဆိုလျှင် သင်တို့သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုကြရန်လိုမည်၊ အကယ်၍များ သင်တို့က ကျေးဇူးတော်ခေတ်၏ လုပ်ဆောင်ချက်ကို သိနားလည်ချင်လျှင်မူ သင်တို့သည် ဓမ္မသစ်ကျမ်းကို ဖတ်ရှုကြရန် လိုမည်။ သို့သော်လည်း နောက်ဆုံးသော ကာလ၏ အလုပ်ကို သင်တို့ မည်သို့များ မြင်ကြသနည်း။ သင်တို့သည် ယနေ့ ဘုရားသခင်၏ ရှေ့ဆောင်မှုကို လက်ခံလျက် ယနေ့၏ အမှုထဲကို ဝင်ရောက်ကြရန် လိုအပ်သည်။ ၎င်းမှာ အလုပ်သစ် ဖြစ်သောကြောင့် တစ်ခုကိုမှ သမ္မာကျမ်းစာထဲတွင် ယခင်တုန်းက မှတ်တမ်းမတင်ထားခဲ့ပါ။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကိုခံယူပြီး တရုတ်နိုင်ငံထဲက အခြားရွေးကောက်ခံသူများကို ရွေးထားပြီ။ ဘုရားသခင်သည် ထိုလူများထဲတွင် လုပ်ကိုင်နေသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုကို ဆက်လက် ဆောင်ရွက်နေသည်။ ကျေးဇူးတော်ခေတ်မှ အမှုကို ဆက်ပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယနေ့၏ အမှုသည် လူသားတို့ မည်သည့်အခါကမှ မလျှောက်ရသေးသည့် လမ်းခရီးဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ထိုအရာသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုဖြစ်သည်၊ ထိုအရာသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုပင် ဖြစ်သည်။ ထို့အပြင် ယခင် မည်သည့်အခါမှ မလုပ်ခဲ့သည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုပါသေးသည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ပရောဖက်ပြုချက်များမှာ မပါ၀င်သည့် အသစ်ဖြစ်သော အံ့သြဖွယ်အလုပ်၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အလုပ်၊ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သော အမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများသည် မည်သို့များ ပါဝင်နိုင်ခဲ့သနည်း။ မည်သူတို့ကများ ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် စာအုပ်ထဲမှာ ယခုလို ပိုမို ကြီးမြတ်ပြီး အမြော်အမြင်ကြီးမားသည့် အစဉ်အလာကို မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ ယနေ့အလုပ်သည် သမိုင်းမဟုတ်သေးပါ၊ သို့ဖြစ်၍ သင်က ယနေ့ ခရီးလမ်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ရန် လိုပါမည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းများကို ကျော်လွန်ပြီး သွားရန် လိုအပ်ပါမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို စနစ်တကျ လျှောက်နိုင်ပါမည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် အရှိတရားအသစ်နှင့် အလုပ်သစ်ထဲကို ခြေချဝင်နိုင်မှာ ဖြစ်ပါသည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာအား မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအလုပ်များ ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲမှာ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လုပ်ကိုင်နည်းများကို ရှာကြည့် မနေသည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပမှာ ပိုကြီးမြတ်သည့် အလုပ် ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သိနားလည်ရန် လိုပါသည်။ သင်တို့အားလုံး ၎င်းကို နားလည်သင့်ပါသည်။ သင်သည် အလုပ်အဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရန် လိုပါသည်၊ သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို ပိုင်းခြားနိုင်စွမ်း ရှိရပါမည်၊ ထိုသို့သာ မဟုတ်လျှင်၊ သင်သည် သမ္မာကျမ်းစာကို ရှိခိုးမြဲရှိခိုးနေမည် ဖြစ်၍၊ သင်သည် အလုပ်သစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ဖြတ်ကျော်ရန် ခဲယဉ်းပါလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေလျှင်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးဖြင့် အဘယ့်ကြောင့် ဆက်သွားနေဦးမည်နည်း။ ပိုသစ်သည့် မိန့်ကြားချက်များ၊ ပိုသစ်သည့် အလုပ်များ ရှိနေလျှင်၊ သမိုင်းထဲမှ မှတ်တမ်းအဟောင်းများ အကြားတွင် အဘယ့်ကြောင့် နေထိုင်နေဦးမည်နည်း။ မိန့်ကြားချက် အသစ်များက သင့်ကို စောင့်ရှောက်ပေးနိုင်သည် ဆိုပါက အလုပ်သစ် ဖြစ်ကြောင်းကို သက်သေထူပြနေသည်၊ မှတ်တမ်းအဟောင်းများက သင်၏ လက်ရှိ လိုအပ်ချက်များကို ကျေနပ်အောင် မလုပ်နိုင်ကြသောကြောင့် ၎င်းတို့သည် သမိုင်းဖြစ်သွားလျက် ယနေ့ ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေထူပြနေကြပါသည်။ အမြင့်ဆုံးလမ်းက အသစ်ဆုံးအလုပ်ပါ။ အလုပ်သစ်နှင့်ဆိုလျှင် အတိတ်တုန်းက လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူသား ပုံရိပ်များ၏ သမိုင်းဖြစ်နေတုန်းပါ၊ အခြေအနေအရ ၎င်း၏တန်ဖိုးမှာ မည်သို့ပဲရှိပါစေ လမ်းခရီးဟောင်း ဖြစ်နေတုန်းပါ။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်”ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းကြောင်းဟောင်းသည် သမိုင်းပါ၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်”ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေပါပြီ။ ၎င်းသည် သန့်ရှင်းသော ဝိညာဥ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ ထိုလမ်းခရီးသည် သင့်ကို ကယ်တင်ပေးနိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲပစ်ပါမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၅။ သမ္မာကျမ်းစာသည် သမိုင်းဝင် စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်းခေတ်တုန်းက သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့မည်ဆိုလျှင်၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏ အမှုထဲ ကျင့်သုံးခဲ့မည်ဆိုလျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်ပင်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန် ပေါင်းစည်းကာ လက်တွေ့ကျင့်သုံးမည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချပါလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်နောက်၌ ကျန်ရစ်ခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်နေသည် ဆိုလျှင် သင်သည် သန့်ရှင်းသော ဝိညာဥ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူပင်။ ယေရှု၏ လက်ထက်မှာ၊ ယေရှုသည် ထိုစဉ်တုန်းက သန့်ရှင်းသော ဝိညာဥ်တော်က သူ့ထဲတွင် လုပ်ဆောင်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်လိုက်များ အားလုံးကို ရှေ့ဆောင် ခေါ်သွားခဲ့ပါသည်။ ယေရှုသည် မိမိလုပ်ကိုင်ခဲ့သည်များအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မယူခဲ့ဘဲ မိမိ၏ အလုပ်နှင့်အညီ မိန့်ကြားခဲ့သည်၊ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းခရီးကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပါ။ သူသည် အလုပ်ကို စတင်လုပ်ကိုင်တော့သည်နှင့်၊ နောင်တရရေး လမ်းခရီးဆိုသည်ကို သူဖြန့်ကြက်ခဲ့သည်၊ ဓမ္မဟောင်းကျမ်းထဲက ပရောဖက်စကားများထဲတွင် တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားသည့် စကားလုံးများပါ။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မလုပ်ဆောင်ခဲ့သည့်အပြင်၊ သူသည် လမ်းခရီးအသစ်ဖြင့် ရှေ့ဆောင်ခေါ်သွားလျက် အလုပ်သစ်ကို လုပ်ဆောင်ခဲ့ပါသည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပါ။ ပညတ်တော်ခေတ်အတွင်းမှာ၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်ကဲ့သို့သော အံ့ဖွယ်အရာများကို မည်သူမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပါ။ ယေရှု၏ လုပ်ဆောင်ချက်၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့်လူသားကိုမဆို ကျော်လွန်သည့် သူ့နုတ်ကပတ်တော်၏ အခွင့်အာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အလုပ်ကို လုပ်ခဲ့သည်၊ လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို အပြစ်တင်ခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်ရန် ဓမ္မဟောင်းကျမ်းကို အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ လုပ်ဆောင်ချက်သည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့ပါသည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်ကို တင်ခဲ့ကြသည်မှာ အဘယ်ကြောင့်များနည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ နာမကျန်းသော သူများကို ကုသပေးနိုင်ခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်ခြင်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့်များလော။ ယေရှု၏ အလုပ်သည် လမ်းခရီး အသစ်ဖြင့် ခေါ်ဆောင်ရန်၊ သမ္မာကျမ်းစာကို ဆန့်ကျင်လျက် တိုက်ပွဲကို တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်း ကျမ်းကို မသုံးဘဲ ရှောင်ရှားရန် မဟုတ်ခဲ့ပါ။ ယေရှုသည် မိမိ၏ တာဝန်ကို ထမ်းဆောင်ဖို့သက်သက် လာခဲ့ပြီး၊ ၎င်းကို မျှော်မှန်း ရှာကြံနေခဲ့ကြသူတို့ထံသို့ အလုပ်သစ်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ၎င်းထဲက အလုပ်ကို ပြသပေးရန် လာခဲ့ခြင်း မဟုတ်ခဲ့ပါ။ ယေရှု၏ အလုပ်မှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ခဲ့ပါ၊ ၎င်း၏ အလုပ်ကို ကြည့်လျှင် သမ္မာကျမ်းစာကို အခြေခံထားပါသည်ဟု ပြောမရနိုင်ပါ၊ ယေရှုသည် ၎င်းအနေနှင့် လုပ်အပ်သည့် အလုပ်ကို လုပ်ဆောင်ဖို့ သက်သက် လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက် ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်နှင့် အညီလည်း မလုပ်ဆောင်ခဲ့ပါ။ ၎င်းသည် ဓမ္မဟောင်းကျမ်းထဲ ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ သူလုပ်ကိုင်ခဲ့သည်မှာ ထိုကျမ်းနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ယေရှုသည် ဂရုမစိုက်ခဲ့ဘဲ၊ အခြားသူများက ၎င်း၏ အလုပ်အကြောင်း ဘာများ သိရှိကြသနည်း၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြကြောင်းကိုလည်း ဂရုမစိုက်ခဲ့ပါ။ လူအများ အပြားတို့က ဓမ္မဟောင်းကျမ်းထဲက ဟောကြားချက်များကို အသုံးပြုပြီး ယေရှုကို ရှုတ်ချရန် ကြိုးစား ခဲ့ကြသည့် တိုင်အောင် ၎င်းသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီး လုပ်ဆောင်ခဲ့ပါသည်။ လူများအနေနှင့်၊ ယေရှု၏ အလုပ်မှာ အခြေခံအုတ်မြစ် မရှိသလို ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် ဆက်စပ်မရသည့် အချက်များ အများအပြား ရှိခဲ့ပါသည်။ ထိုအချက်မှာ မမိုက်မဲပေဘူးလော။ ဘုရားသခင်၏ အလုပ်တွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ၎င်းသည် ပရောဖက်များ၏ ဟောကြားချက်များနှင့် ကိုက်ညီရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်၏ အလုပ်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့် ကိုက်ညီရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိနိုင်ဘူးဆိုခြင်းကြောင့် ဖြစ်နိုင်ပါသလော။ ဘုရားသခင်သည် သမ္မာကျမ်းစာကို စွန့်ပစ်လျက် အခြားအလုပ်ကို မလုပ်ဆောင်နိုင်ဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ခဲ့ကြသည်မှာ အဘယ့်ကြောင့်များနည်း။ ယေရှုသည် ဥပုသ်ကို စောင့်လျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လုပ်ဆောင်ရမည်ဟု ဆိုပါက၊ သူသည် ပေါ်လာလာချင်း ဥပုသ်ကို မစောင့်ခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံး ခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ထိုအချက်များ အားလုံသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များမှ ကင်းကွာ မနေကြဘူးလော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ဖီဆန်ခဲ့သည်မှာ အဘယ်ကြောင့်များနည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင်သည် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်သူသည် သမ္မာကျမ်းစာ၏ သခင်ရော မဖြစ်နိုင်ဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

၆။ သမ္မာကျမ်းစာကို ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းလို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီကျမ်းလို့ ဆိုတဲ့ဟာက ဘာကိုရည်ညွှန်းမှန်း သင်တို့သိကြလား။ ဓမ္မဟောင်းကျမ်းထဲက “ကျမ်း” ဆိုတာဟာ ယေဟောဝါဘုရားက အဲဂုတ္တု ပြည်သူတွေကိုသတ်ပစ်ခဲ့ပြီး ဣသရေလပြည်သူတွေကိုဖာရိုဘုရင်ထံမှကယ်တင်ခဲ့စဉ်တုန်းက ဣသရေလလူတွေ အတွက်ချမှတ်ပေးခဲ့တဲ့ပဋိညာဉ်ထဲမှ ပေါ်ထွက်လာခဲ့တာပါ။ ဘုရားသခင်က လူသားအတွက် ချမှတ်ပေးခဲ့တဲ့ အဲဒီပဋိညာဉ်ရဲ့ အထောက်အထားမှာ တံခါးထုပ်များအပေါ်တွင် ပေကျံနေခဲ့တဲ့ သိုးငယ်ကလေးရဲ့ သွေးပါပဲ၊ ပဋိညာဉ်တစ်ခုထဲမှာ မိမိတို့ရဲ့ တံခါးဘောင်ရဲ့ အထက်နဲ့ဘေးတွင် သိုးငယ်ကလေးရဲ့ သွေးရှိနေသူတို့ဟာ ဣသရေလ လူတွေ ဖြစ်ကြပြီး၊ သူတို့ဟာ ဘုရားသခင်၏ရွေးချယ်ခံလူမျိုးများဖြစ်ကာ သူတို့ကို ယေဟောဝါဘုရားက လွတ်မြောက်စေမယ်လို့ ဆိုထားခဲ့ပါတယ် (ယေဟောဝါဘုရားဟာ အဲဒီတုန်းက အဲဂုတ္တုပြည်သူတွေရဲ့ သားဦးများနဲ့ ပထမဦးဆုံးမွေးတဲ့ သိုးနွားတွေကိုသတ်ပစ်ရန်ရှိနေခဲ့လို့ပါ)။ အဲဒီပဋိညာဉ်ထဲမှာ အဓိပ္ပါယ် နှစ်မျိုးနှစ်ဆင့်ရှိခဲ့ပါတယ်။ အဲဂုတ္တု နိုင်ငံထဲတွင် လူ ဒါမှမဟုတ် တိရိစ္ဆာန်ကို ယေဟောဝါဘုရားက မွေးခွင့်မပြုဘဲ၊ သားဦး နဲ့ ပထမဆုံးမွေးတဲ့ သိုးနဲ့တိရိစ္ဆာန်တွေကို သတ်ပစ်ဖို့ ရှိနေခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အနာဂတ္တိကျမ်း အများအပြားတို့ထဲတွင် ယေဟောဝါဘုရားရဲ့ အဲဒီပဋိညာဉ်ကြောင့် အဲဂုတ္တု ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိမ့်မယ်လို့ ရေးသားခဲ့ကြတယ်။ ပဋိညာဥ်ပထမအဆင့်ရဲ့ အဓိပ္ပါယ်က အဲဒီလို ဖြစ်ပါတယ်။ ယေဟောဝါဘုရားဟာ အဲဂုတ္တု နိုင်ငံထဲက သားဦးတွေ အားလုံး နဲ့ ပထမဦးဆုံး မွေးခဲ့ကြတဲ့ တိရိစ္ဆာန်တွေ အားလုံးကို သတ်ပစ်ခဲ့ပြီး၊ ဣသရေလ လူတွေ အားလုံးကို ကယ်တင်ခဲ့တယ် ဆိုတော့၊ ဣသရေလ နိုင်ငံထဲက လူတွေ အားလုံးတို့ကို ယေဟောဝါဘုရားက ကောင်းကြီး မင်္ဂလာပေးခဲ့ပြီး ကယ်တင်တော်မူမယ်၊ ၎င်းဟာ သူတို့ထဲတွင် ရေရှည် အမှုတော်ထမ်းရန် ဆန္ဒရှိလျက် သိုးငယ်လေးရဲ့ သွေးကို အသုံးပြုပြီး သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တဲ့ သဘောပါပဲ။ အဲဒီအချိန်မှစပြီး၊ ယေဟောဝါဘုရားဟာ ဣသရေလ ပြည်သူတွေကို သတ်ပစ်မှာ မဟုတ်တော့ဘဲ၊ ၎င်းတို့ဟာ ဘုရားသခင်ရဲ့ အရွေးတော်ခံများအဖြစ် ထာဝစဉ် တည်ရှိနေကြမယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဣသရေလအမျိုး ဆယ့်နှစ်မျိုးထဲတွင်၊ ဘုရားသခင်ဟာ မိမိရဲ့ အမှုတော်ကို ပညတ်ခေတ် တလျှောက်လုံးမှာ ထမ်းဆောင်သွားလျက်၊ ကိုယ်တော်ရဲ့ ပညတ်ချက်တွေ အားလုံးကို ဣသရေလ ပြည်သူများအား ချပြရင်း၊ သူတို့အထဲကနေပြီး ပရောဖက်များ နဲ့ တရားသူကြီးများကို ရွေးသွားမှာ ဖြစ်ပါတယ်၊ သူတို့ဟာ ဘုရားသခင် အမှုတော်ရဲ့ ဗဟိုချက် ဖြစ်ကြပါမယ်။ ယေဟောဝါဟာ သူတို့အတွက် ပဋိညာဉ်ကို ချမှတ်ပေးခဲ့တယ်- အဲဒီခေတ် မကုန်မချင်း ကိုယ်တော်ဟာ အရွေးခံများ အကြားမှာသာ လုပ်ကိုင်သွားမှာပါ။ ယေဟောဝါဘုရားရဲ့ ပဋိညာဉ်ကို ဘုရားသခင်ရဲ့ အရွေးခံလူများနဲ့ သွေးဖြင့် ပြုလုပ်ခဲ့တယ် ဆိုတော့ ဖောက်ဖျက် မရနိုင်ခဲ့ပါ။ ပိုလို့ကို အရေးကြီးခဲ့တာက၊ ကိုယ်တော်ဟာ ခေတ်ကြီး တစ်လျှောက်လုံး ကိုယ်တော်ရဲ့ အမှုတော်ကို ထမ်းရွက်သွားရန်အတွက် နယ်ပယ် နဲ့ ပန်းတိုင်ကိုပါ ရွေးပေးခဲ့တယ် ဆိုတော့၊ လူတို့ဟာ ပဋိညာဉ် အထူးအရေးပါတာကို မြင်တွေ့နိုင်ခဲ့ကြပါတယ်။ အဲဒါက ပဋိညာဉ် ဒုတိယ အဆင့်ရဲ့ အဓိပ္ပါယ်ပါ။ ပဋိညာဉ်ကို မချမှတ်မီ ရှိနေခဲ့တဲ့ ကမ္ဘာဦးကျမ်းမှလွဲပြီး၊ ဓမ္မဟောင်းကျမ်း အထဲက ကျမ်းစာအုပ်တွေ အားလုံးဟာ ပဋိညာဉ်ကို ချမှတ်လိုက်တဲ့ နောက်မှာ ဣသရေလ ပြည်သူများ အကြားတွင် ဘုရားသခင်လုပ်ကိုင်ခဲ့တာတွေကို ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်း တင်ပေးခဲ့ပါတယ်။ အဲဒီမှာ ရံဖန်ရံခါဆိုသလို တိုင်းတပါးသားတွေ အကြောင်းလည်း ပါရှိတတ်ခဲ့ပေမဲ့၊ ခြုံပြောရရင်၊ ဓမ္မဟောင်းကျမ်းဟာ ဣသရေလ နိုင်ငံထဲက ဘုရားသခင်ရဲ့ အမှုတော်များကို ရေးမှတ်ပေးထားတာပါ။ ယေဟောဝါဘုရားက ဣသရေလ ပြည်သူများအတွက် ချမှတ်ခဲ့တဲ့ ပဋိညာဉ်ကို အကြောင်းပြုပြီး ပညတ်ခေတ်တွင် ရေးခဲ့တဲ့ ကျမ်းစာအုပ်တွေကို “ဓမ္မဟောင်းကျမ်း” လို့ ခေါ်ကြပါတယ်။ ဣသရေလပြည်သူများနှင့်အတူချမှတ်ခဲ့သော ယေဟောဝါဘုရားရဲ့ပဋိညာဉ်ကိုအမှီပြု၍ ထိုကျမ်းစာအုပ်များကို အမည်ပေးထားခြင်းဖြစ်တယ်။

ဓမ္မသစ်ကျမ်းကိုကျတော့ လက်ဝါးကပ်တိုင်တော်ပေါ်မှာ ယေရှုရဲ့သွေးတွေစီးကျလာခဲ့လို့ ကိုယ်တော်ကို ကိုးကွယ်ခဲ့ကြသူအားလုံးတို့နဲ့အတူထားခဲ့တဲ့ပဋိညာဉ်ကိုအမှီပြုလျက် အမည်ပေးခဲ့ကြတာပါ။ ယေရှုရဲ့ ပဋိညာဉ်က ဒီလိုဖြစ်ခဲ့ပါတယ်- လူတွေဟာ သူတို့ရဲ့ မကောင်းမှုတွေမှ ခွင့်လွှတ်ခွင့် ရရှိရေးအတွက် ဘုရားသခင်ကို ယုံကြည်ကြဖို့သာ ရှိပါတယ်၊ အဲဒီလိုနည်းဖြင့် သူတို့ဟာ ကယ်တင်ခံလိုက်ရပြီး ဘုရားသခင်မှတဆင့် ပြန်ပြီး မွေးလာကြလျက် အပြစ်သားတွေ မဟုတ်ကြတော့ဘူး၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ရရှိဖို့အတွက် လူတွေဟာ ကိုယ်တော်ကို ယုံကြည်ရန် လိုအပ်တယ်၊ အဲဒီလိုဆိုရင် သူတို့ဟာ သေသွားတဲ့နောက်မှာ ငရဲထဲတွင် ဒုက္ခမခံကြရတော့ပါ။ ကျေးဇူးတော်ခေတ် အတွင်းမှာ ရေးသားခဲ့တဲ့ ကျမ်းစာ အားလုံးဟာ အဲဒီပဋိညာဉ်ရဲ့ နောက်မှာ ပေါ်ပေါက်လာခဲ့ကြပြီး၊ ထိုခေတ်ထဲ ပါဝင်ခဲ့ကြတဲ့ အမှုတော်များနဲ့ ပြောကြားချက်တွေကို ရေးမှတ်ပေးထားပါတယ်။ ၎င်းတို့ဟာ ယေရှုရဲ့ လက်ဝါး ကပ်တိုင်တော်ပေါ်မှာ အတင်ခံခဲ့ရခြင်းရဲ့ ကယ်တော်မူခဲ့မှု ဒါမှမဟုတ် ပဋိညာဉ်ထက် ကျော်လွန်ပြီး မသွားကြတော့ဘဲ၊ အဲဒီကျမ်းစာတွေ အားလုံးကို အတွေ့အကြုံရှိခဲ့ကြတဲ့ ဘုရားသခင်ရဲ့ ညီအကိုတော်များမှ ရေးပေးခဲ့ကြတာပါ။ ဒီလိုနည်းဖြင့်၊ အဲဒီကျမ်းစာအုပ်တွေကိုလည်း ပဋိညာဉ်တစ်ခုရဲ့ နောက်မှာ အမည်ပေးခဲ့ကြတယ်- ၎င်းတို့ကို ဓမ္မသစ်ကျမ်းလို့ ခေါ်ပါတယ်။ အဲဒီ ကျမ်းနှစ်ခုထဲတွင် ကျေးဇူးတော်ခေတ်နဲ့ ပညတ်ခေတ်တို့သာ ပါဝင်ကြပြီး၊ နောက်ဆုံးကာလခေတ်နဲ့ ဘယ်လိုမှ ဆက်နွှယ်မှုမရှိပါ။ ဒါကြောင့်မို့လို့၊ သမ္မာကျမ်းစာဟာ နောက်ဆုံးကာလ ရက်များထဲက လူတွေအတွက် သိပ်အသုံးမဝင်လှပါ။ အဲဒါဟာ အများဆုံး ယာယီရည်ညွှန်းစရာသာ ဖြစ်နိုင်ပြီး၊ အခြေခံအားဖြင့် ၎င်းရဲ့တန်ဖိုးဟာ နည်းလှပါတယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၂)” မှ

၇။ သမ္မာကျမ်းစာထဲမှ စကားလုံးတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများ မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင် ယခင်လုပ်ခဲ့သည့် လုပ်ငန်းမှာ ပါဝင်သည့် အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်း ဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ဘုရားသခင် ခေတ်အဆက်ဆက်၌ အသုံးပြုခဲ့သည့် လူများက သူတို့၏ အတွေ့အကြုံများနှင့် သူတို့သိသည့် အကြောင်းအရာများကို ရေးထားသည့် အပိုင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အတွေးများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာအထဲရှိ ကျမ်းအများအပြားထဲတွင် လူ၏ ခံယူချက်များ၊ ပုဂ္ဂိလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် အနက်ဖွင့်ချက်များ ပါဝင်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် အနက်ဖွင့်ချက်များ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖော်ခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ ရှုထောင့်များသည် ကိုယ်ပိုင် အတွေ့အကြုံ၏အသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ အနာဂတ္တိ ဟောကြားချက်များသည် သန့်ရှင်းသောဝိညာဉ်တော်က တိုက်ရိုက် ညွှန်ကြားချက်မှလာသည်၊ သူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြပြီး သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်းခေတ်မှ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ထိုသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် အနာဂတ္တိ ဟောကြားချက် အများအပြားကို ဟောခဲ့ကြသည်။ ယေဟောဝါက သူတို့အထဲတွင် ဘာကြောင့် အလုပ် လုပ်ခဲ့ပါသနည်း။ ဘာကြောင့်နည်းဟုဆိုလျှင် အစ္စရေးလူမျိုးများသည် ဘုရားသခင် ရွေးချယ်သည့် လူများ ဖြစ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ပရောဖက်များ၏ အလုပ်သည် ထိုသူတို့အကြား၌ လုပ်ရန်ဖြစ်ပြီး ထိုသူတို့သည် ထိုသို့သော ဗျာဒိတ်များကို လက်ခံနိုင်သည့် အရည်အချင်းများ ရှိခဲ့ကြသောကြောင့် ဖြစ်သည်။ တကယ်တမ်းတွင် သူတို့ကိုယ်တိုင်ကိုက သူတို့အားဖော်ပြခဲ့သည့် ဘုရားသခင်၏ ဗျာဒိတ်များကို နားမလည်ခဲ့ကြပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ နှုတ်မှတဆင့် ထိုဗျာဒိတ်များကို ပြောကြားခဲ့သည်မှာ အနာဂတ်တွင် ထိုဗျာဒိတ်များကို လူတို့ နားလည်နိုင်စေရန်၊ ထိုအရာများသည် အမှန်တကယ်ပင် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ကြောင်းကို မြင်နိုင်စေရန်၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်ကြောင်း၊ လူထံမှလာသော အရာများ မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဖြစ်ကြောင်းကို အတည်ပြုရန်အတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

၈။ ယနေ့ခေတ်တွင် လူတို့က 'သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်'ဟု ယုံကြည်ကြသည်။ ထို့အပြင် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည်ပင်လျှင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟု ယူဆကြသည်။ ထိုယူဆချက်သည် လူတို့၏ မှားယွင်းစွာ အဓိပ္ပာယ် ကောက်ယူမှု ဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ တကယ်တမ်းတွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများထဲမှ ရရှိလာခဲ့ကြပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ—ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်ပါ၊ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ဖွင့်ဆိုချက်များလည်း မဟုတ်ပါ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် သခင်အားဖြင့်တော်သော ညီအစ်ကိုမောင်နှမအားလုံးအတွက် ရေးသားခဲ့သော စာများ ဖြစ်သည်။ ထိုစဉ်အချိန်က အသင်းတော်များအားလုံးမှ ညီအစ်ကိုမောင်နှမများအား သူ၏ အကြံပေးချက်များအတိုင်း လုပ်ဆောင်ကြစေရန်နှင့် သခင်ယေရှု၏ နည်းလမ်းများ အားလုံးအတိုင်း အသက်ရှင်ကြစေရန်အတွက် ရေးခဲ့သောစာများ ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ သူရေးခဲ့သည့်အရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့ပါ၊ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများအတွက် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များအတွက် တမန်တော်အလုပ်ကို လုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များ၏ တာဝန်ကို သူ့ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်၊ အသင်းတော်များလုပ်ဆောင်သော အလုပ်ကို ဆောင်ရွက်ရန် တာဝန် ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင်အားဖြင့်တော်သော ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များကို ကိုယ်စားပြုသော စကားများ မဟုတ်ကြသလို၊ သူသည် ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပါ။ လူတစ်ယောက်၏ အတွေ့အကြုံများနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များအတွက် ပြောသည့် သန့်ရှင်းသောဝိညာဉ်တော်ထံမှ စကားလုံးများသဖွယ် လူတို့ သတ်မှတ်ခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် စော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများ ကိစ္စ၌ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများ အတွက် ရေးပေးခဲ့ခြင်းပြီး ယေရှုအားဖြင့် တော်သည့် ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုထံမှ ကျေးဇူးတော်ကို ရရှိနိုင်စေရန် အလို့ငှါ ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သော စာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ စိတ်ထဲ၌ ရှိသော ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များ အတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သူ ဖြစ်ခဲ့သည်—ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူသည် အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သလို၊ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ ထို့ကြောင့် သူ့အတွက် သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ လူအဖြစ်ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလုသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ခရစ်တော် ဖြစ်သောကြောင့်—ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် အဆင့်တူသူ ဖြစ်နိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်းပင် မဆင်မခြင် ပြုမူနေခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို စော်ကားနေကြခြင်းပင် မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများက သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ထိုသြဝါဒစာများ သို့မဟုတ် စကားများ၏ ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ သင်ဘာပြောမည်နည်း၊ အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသည် ၎င်း၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် မစွန်းထင်းဘဲ ရှိနေနိုင်မည်လော။ ၎င်းတို့သည် မည်သို့ လူ၏အတွေးအခေါ်များဖြင့် စွန်းထင်းမနေဘဲ ရှိနေနိုင်မည်နည်း။ ပေါလုသည် အသက်ရှင်စဉ် ကာလ၌ သူ၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံပြီး အသင်းတော်များအတွက် သြဝါဒစာများကို ရေးခဲ့သည်။ ဥပမာ—ပေါလုက ဂလာတိ အသင်းတော်အတွက်ရေးသော သြဝါဒစာသည် အာဘော်တစ်မျိုး ဖြစ်ပြီး၊ ပေတရု ရေးလိုက်သည့် နောက်စာတစ်ခုသည် နောက်အာဘော်တစ်မျိုး ဖြစ်သည်။ ၎င်းတို့အထဲမှ မည်သည့်စာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်သနည်း။ မည်သူမျှ သေချာပေါက် မပြောနိုင်ပါ။ သို့ဖြစ်၍၊ သူတို့ နှစ်ဦးစလုံးသည် အသင်းတော်များအတွက် ဝန်ကို ထမ်းရွက်ခဲ့ကြသည်၊ သို့သော် သူတို့၏ ပေးစာများမှာမူ သူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်၊ ထိုစာများသည် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ ပံ့ပိုးကူညီမှုကို လည်းကောင်း၊ အသင်းတော်များအတွက် သူတို့ ထမ်းခဲ့သော ဝန်ကိုလည်းကောင်း ဖော်ပြနေကြသည်၊ ထိုစာများသည် လူ၏ အလုပ်ကိုသာ ဖော်ပြသည်ဟုသာ ပြောနိုင်ပါသည်။ ထိုအရာများအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ မဟုတ်ပါ။ သူ၏ သြဝါဒစာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု သင်ပြောမည်ဆိုလျှင် သင်သည် အဓိပ္ပာယ်မဲ့သောသူဖြစ်ပြီး ဘုရားသခင်ကို သင်ပြစ်မှားစော်ကားလိုက်ခြင်းဖြစ်သည်။ ပေါလု၏ သြဝါဒစာများနှင့် ဓမ္မသစ်ကျမ်းထဲက အခြားသော သြဝါဒစာများသည် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တူသည်။ ထိုအရာများသည် စောင့်ကြည့်သူနီး၏ စာအုပ်များ သို့မဟုတ် လောရင့်စ်၏ အတွေ့အကြုံများ စသည်တို့နှင့် တန်းတူကြသည်။ ရိုးရိုးလေး ပြောရလျှင် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာအုပ်များကို ဓမ္မသစ်ကျမ်းထဲကို ထည့်မပေးထားသော်လည်း ထိုပုဂ္ဂိုလ်များ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထိုသူတို့အားလုံးသည် အချိန်ကာလတစ်ခု အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့ကြပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

၉။ ဓမ္မသစ်ကျမ်းထဲပါရှိသည့် မဿဲ၏ခရစ်၀င်ကျမ်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်းကို မှတ်တမ်းတင်ဖော်ပြထားသည်။ အစပိုင်းတွင် ယေရှုသည် အာဗြဟံနှင့် ဒါဝိဒ်၏ မျိုးဆက်တစ်ဦးဖြစ်သည်၊ ယောသပ်၏ သားဖြစ်သည်ဟု ဖော်ပြထားပြီး နောက်ပိုင်းတွင် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်မှ ပဋိသန္ဓေတည်စေခဲ့သော သားဖြစ်သည်၊ အပျိုကညာမှ မွေးသူ ဖြစ်သည်ဟု ဆိုထားသည်။ တစ်နည်းအားဖြင့် ယေရှုသည် ယောသပ်၏ သားမဟုတ်၊ အာဗြဟံနှင့် ဒါဝိဒ်၏ မျိုးဆက်လည်းမဟုတ်ဟု ပြောလိုက်ခြင်း ဖြစ်နေသည်။ ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း၌ ယေရှုကို ယောသပ်နှင့် ဆက်စပ်ကြောင်း ခိုင်ခိုင်မာမာ ဖော်ပြပြီးနောက် ယေရှုကို မည်ကဲ့သို့ မွေးဖွားခဲ့ကြောင်းကို ဖော်ပြထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်က မာရိ၌ ပဋိသန္ဓေတည်စေပြီး ယေရှုသည် အပျိုကညာမှ မွေးဖွားလာသူဖြစ်သည်၊ ယေရှုသည် ယောသပ်၏သား မဟုတ်ဟု ဖော်ပြထားသည်။ သို့သော်လည်း ဆွေစဉ်မျိုးဆက်စာရင်းတွင်မူ ယေရှုသည် ယောသပ်၏သားဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ရေးသား ဖော်ပြထားသည်။ အဆိုပါ ဆွေစဉ်မျိုးဆက်စာရင်းသည် ယေရှုအတွက် ရေးထားသောကြောင့် မျိုးဆက် လေးဆယ့်နှစ်ဆက်ကို မှတ်တမ်းတင် ဖော်ပြထားသည်။ ယောသပ်၏ မျိုးဆက်ဆီသို့ ရောက်သောအခါ ယောသပ်သည် မာရိ၏ ယောက်ျားဖြစ်သည်ဟု ကမန်းကတန်း ဖော်ပြထားသည်။ ထိုစကားလုံးများမှာ ယေရှုသည် အာဗြံဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို သက်သေပြလိုသည့် စကားလုံးများ ဖြစ်နေသည်။ ထိုအချက်သည် ရှေ့နောက်မကိုက်ညီမှု မဟုတ်ပါလား။ ဆွေစဉ်မျိုးဆက်စာရင်းတွင် ယောသပ်၏ ဘိုးဘေးများအမည်ကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပြီး၊ ထိုမှတ်တမ်းသည် ယောသပ်၏ ဘိုးဘေးများစာရင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ သို့သော် မဿဲက ထိုစာရင်းသည် ယေရှု၏ ဆွေစဉ်မျိုးဆက်စာရင်း ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသည်။ ထိုအချက်က ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်က တည်စေသော ပဋိသန္ဓေမှ မွေးဖွားလာသူဖြစ်ကြောင်းကို ငြင်းပယ်နေခြင်းပင် မဟုတ်လော။ သို့ဖြစ်၍ မဿဲ၏ ဆွေစဉ်မျိုးဆက်စာရင်းသည် လူ၏ စိတ်ကူးမဟုတ်လော။ အဓိပ္ပာယ်မဲ့လှပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မဿဲ၏ကျမ်းသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဆင်းသက်လာခဲ့ကြောင်း လုံးလုံးလျားလျားကြီး ပြောမရနိုင်ခြင်းကို သင်သိနိုင်သည်။ ဘုရားသခင်သည် လောက၌ ဘိုးဘေးများမှတ်တမ်းရှိရမည်ဟု ယူဆသူတချို့ ရှိနိုင်ပါသည်။ ထို့ကြောင့် သူတို့သည် ယေရှုကို အာဗြံဟံ၏ လေးဆယ့်နှစ်ယောက်မြောက်မျိုးဆက် အဖြစ် သတ်မှတ်ကြသည်။ အမှန်တကယ်ပင် အဓိပ္ပါယ် မရှိလှပါ။ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပြီး နောက်တွင် ဘုရားသခင်၌ မည်သို့ ဘိုးဘေးများစာရင်း ရှိနိုင်ပါမည်နည်း။ ဘုရားသခင်၌ ဘိုးဘေးများစာရင်း ရှိသည်ဟု သင်ကဆိုလျှင် သင်သည် ဘုရားသခင်ကို သူဖန်ဆင်းပေးခဲ့သူများနှင့် တပြေးညီ သတ်မှတ်လိုက်ခြင်းပင် မဟုတ်လော။ ဘုရားသခင်သည် ကမ္ဘာပေါ်မှ မဟုတ်ပါ၊ သူသည် ဖန်ဆင်းပေးသည့် အရှင်သခင် ဖြစ်သည်၊ သူသည် သွေးနှင့်သားနှင့် ဖြစ်သော်လည်း လူနှင့် ပင်ကိုယ်သဘာဝချင်း မတူပါ။ သင်သည် ဘုရားသခင်ကို သူဖန်ဆင်းခဲ့သော သတ္တဝါများနှင့် အမျိုးအစားခြင်း တူသူအဖြစ် မည်သို့လုပ်ပြီး သတ်မှတ်ဝံ့သနည်း။ အာဗြံဟံသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ခဲ့ပါ၊ သူသည် တချိန်က ယေဟောဝါ၏ အလုပ်၌ ပါဝင်ခဲ့သူသာ ဖြစ်သည်။ သူသည် ယေဟောဝါ နှစ်သက်သည့် သစ္စာရှိသော အစေခံတစ်ဦးသာ ဖြစ်သည်၊ အစ္စရေးလူမျိုး တစ်ဦးဖြစ်သည်။ သူသည် မည်သည့်နည်းဖြင့် ယေရှု၏ ဘိုးဘေးတစ်ဦး ဖြစ်နိုင်ပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

၁၀။ ဓမ္မသစ်ကျမ်းထဲမှ ခရစ်ဝင်ကျမ်းများကို ယေရှု လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခံခဲ့ရပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်မှ အနှစ်သုံးဆယ် အကြာတွင် ရေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန် မတိုင်မီက အစ္စရေးလူမျိုးများသည် ဓမ္မဟောင်းကျမ်းကိုသာ ဖတ်ရှုခဲ့ကြသည်။ တနည်းအားဖြင့် ကျေးဇူးတော်ခေတ်၏ အစပိုင်းမှ လူများသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ကြသည်။ ဓမ္မသစ်ကျမ်းသည် ကျေးဇူးတော် ခေတ်ထဲရောက်မှသာ ပေါ်ပေါက်လာခဲ့သည်။ ယေရှု အလုပ်လုပ်ခဲ့သည့် အချိန်က ဓမ္မသစ်ကျမ်း မရှိ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ပျံတက်သွားပြီးနောက်တွင် လူတို့သည် ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခရစ်ဝင်ကျမ်း လေးကျမ်း၊ ပေါလုနှင့် ပေတရုတို့၏ ရေးစာများနှင့် ဗျာဒိတ်ကျမ်း ပေါ်ထွက်လာသည်။ ယေရှု ကောင်းကင်သို့ ပျံတက်သွားခဲ့သည့် နောက်ပိုင်း နှစ်ပေါင်း သုံးရာကျော်သွားချိန်မှာသာ၊ နောက်ပိုင်း မျိုးဆက်အသီးသီးတို့က သူတို့၏ မှတ်တမ်းများကို စုလိုက်မှသာ ဓမ္မသစ်ကျမ်း ဖြစ်ပေါ်လာခဲ့ပါသည်။ မှတ်တမ်းများ စုစည်းသည့် အလုပ်ပြီးမှသာ ဓမ္မသစ်ကျမ်းဆိုပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်၊ ယခင်တုန်းက ဓမ္မသစ်ကျမ်း မရှိခဲ့ပါ။ ဘုရားသခင်သည် ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်၊ ပေါလုက ထိုအလုပ်အားလုံးကို လုပ်ဆောင်ခဲ့သည်၊ နောက်ပိုင်းတွင် ပေါလုနှင့် ပေတရုတို့၏ ရေးစာများကို ပေါင်းလိုက်ပြီး၊ ပတ်မုကျွန်း၌ ယောဟန် မှတ်တမ်းတင်ခဲ့သည့် အထင်ရှားဆုံး ရူပါရုံကို ဓမ္မသစ်ကျမ်း၏ နောက်ဆုံးပိုင်းတွင် ထည့်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျမ်း၌ နောက်ဆုံးသောနေ့ရက်များ၌ လုပ်ဆောင်မည့်အရာများ အကြောင်းကို ကြိုတင်ဟောထားသောကြောင့် ဖြစ်သည်။ ထိုအရာများအားလုံးသည် နောက်ပိုင်း မျိုးဆက်များ၏ စီစဉ်အားထုတ်မှုများ ဖြစ်ကြပြီး ယနေ့ခေတ် ပြောဆိုချက်များနှင့် မတူပေ။ ယနေ့ခေတ်တွင် ရေးမှတ်ထားသော အရာများသည် ဘုရားသခင်၏ ခြေလှမ်းများနှင့်အညီ ဖြစ်သည်။ ယနေ့ လူများ ကြုံတွေ့နေကြသော အရာများသည် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သည့် အလုပ်၊ ဘုရားသခင် ကိုယ်တိုင် ပြောသော စကားများဖြစ်သည်။ သင့်အနေနှင့် ဝင်စွက်ဖက်ရန် တိုက်ရိုက် လာသည့် စကားများသည် တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ထားသည့် စကားများ ဖြစ်ပြီး လူ၏ မှတ်တမ်းများနှင့် စီစဉ်ထားပုံချင်း မတူပါ။ လူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် သူတို့၏ ပညာရေး အဆင့်အတန်းနှင့် လူ့အစွမ်းအစအပေါ်၌မူတည်သောအရာများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ သူတို့ မှတ်တမ်းတင်ခဲ့ကြသော အရာများသည် လူတို့၏ အတွေ့အကြုံများ ဖြစ်ပြီး စာရေးသူ တစ်ဦးချင်းဆီ၌ ကိုယ်ပိုင်မှတ်တမ်းတင်နည်းများ၊ အကြောင်းအရာတစ်ခုကို သိနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် ၎င်းတို့၏ မှတ်တမ်းများသည် တစ်ခုနှင့်တစ်ခု မတူကြပေ။ သို့ဖြစ်၍ သင်က သမ္မာကျမ်းစာကို ဘုရားသခင်အဖြစ် သတ်မှတ်ကိုးကွယ်နေလျှင် သင်သည် အလွန်အမင်း ပညာမဲ့သူ၊ မိုက်မဲသူဖြစ်သည်။ သင်သည် ဘုရားသခင် ယနေ့ လုပ်ဆောင်သည့် အမှုကို အဘယ်ကြောင့် မရှာဖွေသနည်း။ ဘုရားသခင် လုပ်သည့် အမှုကသာလျှင် လူကို ကယ်တင်ပေးနိုင်သည်။ သမ္မာကျမ်းစာသည် လူကို မကယ်တင်နိုင်ပါ။ သူတို့သည် ယင်းကို နှစ်ပေါင်းထောင်နှင့်ချီပြီး ဖတ်ရှုနိုင်ခဲ့ကြသော်လည်း ယင်းတို့အထဲတွင် အပြောင်းအလဲ စိုးစဥ်းမျှ ရှိခဲ့မည် မဟုတ်ခဲ့ချေ။ သင်က သမ္မာကျမ်းစာကို ကိုးကွယ်နေလျှင် သန့်ရှင်းသောဝိညာဉ်မှ လုပ်ဆောင်သည့် အမှုကို ဘယ်တော့မှ ရမည် မဟုတ်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၃)” မှ

၁၁။ လူများစွာတို့သည် သမ္မာကျမ်းစာကို နားလည်နိုင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုနိုင်လျှင် မှန်ကန်သည့် လမ်းခရီးကို ရှာတွေ့ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း လက်တွေ့မှာ အမှုအရာများသည် အမှန်ပင် အလွန် ရိုးရှင်းသလော။ သမ္မာကျမ်းစာသည် ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်းဝင် မှတ်တမ်းသက်သက်ဖြစ်ပြီး ဘုရားသခင်၏ ယခင်တုန်းက လုပ်ဆောင်မှု၏ အဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်လျက်၊ ဘုရားသခင် လုပ်ဆောင်မှု၏ ရည်မှန်းချက်များကို သင်နားလည်ဖို့ ကမ်းလှမ်းချက် တစ်ခုမျှမပါဟူသည့် သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလ နိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းမှု အချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါသည့် ကမ္ဘာကြီးပေါ်မှ ယေရှု၏ လုပ်ဆောင်ချက်ကို လည်းကောင်း၊ ပေါလု၏ လုပ်ဆောင်ချက်ကို လည်းကောင်း ဖော်ပြထားရာ၊ ၎င်းတို့သည် သမိုင်း မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ ယူဆောင်လာမှုက ၎င်းတို့ကို သမိုင်းလုပ်ပစ်သည်၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်ပြီး လက်တွေ့ကျနေပါစေ၊ ၎င်းတို့သည် သမိုင်းဖြစ်နေတုန်းပင်ဖြစ်ပြီး၊ သမိုင်းဆိုသည်မှာ ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ အကြောင်းမှာ ဘုရားသခင်သည် သမိုင်းဆီ ပြန်မကြည့်၍ပင် ဖြစ်သည်။။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် လုပ်ဆောင်မှုအကြောင်း ဘာမျှမသိဘူးဆိုလျှင်၊ ထို့အပြင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မရှာကြံဘူး ဆိုလျှင်၊ သင်သည် ဘုရားသခင်အား ရှာဖွေမှုဆိုသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သမ္မာကျမ်းစာကို သင်ဖတ်ရှုသည်က ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်ကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့ပုံသမိုင်းကို သုတေသနပြုရန်အတွက် ဆိုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်သောကြောင့်၊ ဘုရားသခင်၏ အသိပညာများကို လိုက်စားပြီး အသက်မရှိကြတော့သည့် စကားလုံးများနှင့် အယူဝါဒများကို သို့မဟုတ် သမိုင်းအား နားလည်မှုကို မလိုက်စားသောကြောင့်၊ သင်သည် ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ လမ်းညွှန်ချက်ကို ရှာကြံရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်း ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ တစ်ယောက် ဖြစ်သည်၊ သင့်အတွက် အကောင်းဆုံးမှာ ဘုရားသခင်၏ ယနေ့ အလိုတော်ကို ရှာကြံရန်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” မှ

၁၂။ သမ္မာကျမ်းစာသည် ဣသရေလနိုင်ငံတွင်းက ဘုရားသခင် လုပ်ဆောင်မှု၏ သမိုင်း မှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏ အနာဂတ္တိဟောကြားချက် အများအပြားကို လည်းကောင်း၊ ထိုစဉ်တုန်းက ယေဟောဝါ၏ ဖွင့်ဆိုချက် အချို့ကိုလည်းကောင်း မှတ်တမ်းတင်ထားသည်။ သို့ဖြစ်သောကြောင့် လူများသည် (ဘုရားသခင်က သန့်ရှင်းပြီး ကြီးမြတ်သူဖြစ်၍) ထိုကျမ်းစာကို သန့်ရှင်းသည်ဟု ခံယူကြသည်။ ၎င်းသည် ယေဟောဝါကို သူတို့၏ ရိုသေလေးမြတ်မှုနှင့် ဘုရားသခင်ကို သူတို့၏ ကြည်ညိုမှု၏ ရလဒ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုကျမ်းစာကို လူများက ယင်းကဲ့သို့သာ ရည်ညွှန်းကြခြင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့၏ ဖန်ဆင်းရှင်ကို အလွန်မြတ်နိုးကြ၍ဖြစ်ပြီး ထိုစာအုပ်အား ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟူ၍ပင် ခေါ်ဝေါ်သူများ ရှိကြသည်။ စင်စစ်အားဖြင့် ၎င်းသည် လူသားများ၏ မှတ်တမ်းမျှသာ ဖြစ်ပါသည်။ ကျမ်းစာကို ယေဟောဝါကိုယ်တိုင်မှ အမည်ပေးထားခြင်း မဟုတ်သကဲ့သို့၊ ယေဟောဝါကိုယ်တိုင်က ထိုကျမ်းစာ ဖြစ်ပေါ်လာရန် လမ်းမညွှန်ခဲ့ချေ။ တစ်နည်းပြောရလျှင်၊ ထိုကျမ်းစာကို ရေးခဲ့သူမှာ ဘုရားသခင် မဟုတ်ဘဲ လူသားများဖြစ်သည်။ သန့်ရှင်းသော သမ္မာကျမ်းစာဟူသည်မှာ လူများက ပေးခဲ့သည့် လေးစားထိုက်သော အမည်သာဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့က တစ်ဦးနှင့်တစ်ဦး ဆွေးနွေးခဲ့ကြသည့်နောက်မှာ ဆုံးဖြတ်လိုက်ကြသည့် အမည်မဟုတ်ဘဲ၊ လူများ၏ စိတ်ကူး သက်သက်သာ ဖြစ်ပါသည်။ အကြောင်းမှာ ထိုစာအုပ်ကို ယေရှုက ရေးသားခဲ့ရန် မဆိုထားနှင့် ယေဟောဝါပင် မရေးသားခဲ့ချေ။ ထိုအစား၊ ၎င်းသည် များပြားလှသည့် ရှေးခေတ် ပရောဖက်များ၊ တမန်တော်များနှင့် ရှေ့ဖြစ်ဟောသူများ၏ ဖြစ်စဉ်များ ဖြစ်ပြီး၊ နောက်ပိုင်း မျိုးဆက်များက ရှေးခေတ် ရေးသားချက်များအဖြစ် စုစည်း ပေးလိုက်ကြ၍၊ လူများအနေနှင့် အထူးကို သန့်ရှင်းသော ကျမ်းစာအုပ်ကြီး၊ အနာဂတ် မျိုးဆက်များက ဖြေရှင်းပေးကြရမည်ကို စောင့်စားနေကြသည့် နက်ရှိုင်း သိမ်မွေ့လျက် နက်နဲရာများပါဝင်သော ကျမ်းစာအုပ်ပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍၊ လူများက ထိုစာအုပ်သည် ကောင်းကင်ဘုံနှင့်ဆိုင်သော ကျမ်းစာဟု သာ၍ ယုံကြည်လိုကြသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းနှင့် ဗျာဒိတ်ကျမ်း စာအုပ်ကို ထည့်ပေးထား၍၊ ယင်းကျမ်းစာဆိုင်ရာ လူများ၏ စိတ်ထားသည် အခြားမည်သည့် စာအုပ်နှင့်မျှမတူဘဲ ခြားနားသောကြောင့်၊ မည်သူမျှ အထူး “မြင့်မြတ်” သည့် ယင်း “ကောင်းကင်ဘုံနှင့်ဆိုင်သောစာအုပ်” ကို ခွဲခြမ်း ဆန်းစစ်ခြင်းကို မလုပ်ရဲကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” မှ

၁၃။ ယနေ့တွင် ငါသည် သမ္မာကျမ်းစာအား ဤကဲ့သို့သော ပုံစံမျိုးဖြင့် စူးစမ်း ဆန်းစစ်နေခြင်းက ငါသည် ၎င်းကို မုန်းသည် သို့မဟုတ် ၎င်းထဲက ရည်ညွှန်းထိုက်သည့် တန်ဖိုးကို ငြင်းဆိုသည်ဟု မဆိုလိုပေ။ သမ္မာကျမ်းစာ၏ မွေးရာပါ တန်ဖိုးနှင့် ဇစ်မြစ်များကို သင့်အား နားလည်အောင်ရှင်းပြနေရခြင်းက သင်အမှောင်ထဲမှာ ရှိနေခြင်းကို ရပ်စဲပစ်ရန်အတွက်ဖြစ်သည်။ လူများတွင် သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး များပြားလှသော အမြင်များရှိကြကာ၊ ၎င်းတို့ အများစုက မှားယွင်းနေကြသောကြောင့်၊ ယခုလို နည်းဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုမှုက လူများအနေနှင့် ရသင့်သည်ကို မရအောင် ဟန့်တားနေရုံသာမက၊ ပို၍ အရေးပါသည့်အရာမှာ ၎င်းသည် ငါလုပ်ကိုင်လိုသည့် အမှုကို နှောင့်ယှက်နေခြင်းပင် ဖြစ်သည်။ ၎င်းသည် အနာဂတ် လုပ်ဆောင်ချက်အတွက် ကြီးမားသော အနှောင့်အယှက်ပင်ဖြစ်ပြီး၊ ကောင်းကျိုးများ မပေးပဲ၊ ဆိုးကျိုးများသာ ပေး၏။ သို့ဖြစ်၍၊ ငါသင်တို့ကို သွန်သင်နေသည့်အရာမှာ သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် အတွင်းပိုင်း အကြောင်းအရာတို့ပင် ဖြစ်သည်။ ငါသည်သင့်အား သမ္မာကျမ်းစာကို မဖတ်ပါနှင့်၊ သို့မဟုတ် ကိုယ့်ပတ်ဝန်းကျင်တွင် လျှောက်သွားလျက် ၎င်းထဲမှာ တန်ဖိုးရှိသည့်အရာ ဘာတစ်ခုမျှ မရှိပါဟူ၍ အားလုံးတို့အား ကြေညာပါရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ သင်၌ သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာနှင့် ရှုမြင်ခြင်းများ ရှိစေဖို့ရန်အတွက်ပင် ဖြစ်သည်။ အလွန်အကျွံ တစ်ဖက်သတ် မဖြစ်ကြနှင့်။ သမ္မာကျမ်းစာသည် လူသားများက ရေးသားခဲ့သည့် သမိုင်းစာအုပ် ဖြစ်သော်ငြားလည်း၊ ၎င်းသည် ရှေးခေတ် သန့်ရှင်းသူများနှင့် ပရောဖက်များက ဘုရားသခင်အား အစေခံခဲ့ခြင်း အကြောင်းကို လည်းကောင်း၊ မကြာမီတုန်းက တမန်တော်များ၏ ဘုရားသခင်အား အစေခံခဲ့မှု အတွေ့အကြုံများကို လည်းကောင်း ရေးမှတ် ပေးထားသည်၊ ယင်းအချက်များ အားလုံးကို ထိုသူတို့ အမှန်ပင် မြင်တွေ့ခဲ့ကြရ၍၊ လက်ရှိခေတ်ထဲမှ လူများအတွက် မှန်သော လမ်းခရီးကို လိုက်ရာတွင် ရည်ညွှန်းချက်အဖြစ် အသုံးချနိုင်သည်။ သို့ဖြစ်၍၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် လူများသည် အခြားစာအုပ်များထဲမှာ ရှာမတွေ့နိုင်သည့် အသက်လမ်းခရီး အများအပြားကိုပါ ရရှိနိုင်ကြသည်။ ယင်းကဲ့သို့သော လမ်းခရီးများသည် အတိတ်ကာလများတုန်းက ပရောဖက်များနှင့် တမန်တော်များ တွေ့ကြုံခဲ့ကြရသည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆာင်မှု၏ အသက်လမ်းခရီးများ ဖြစ်ခဲ့ကြပြီး စကားလုံး အများအပြားတို့သည် တန်ဖိုးရှိကြလျက် လူများ လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်ကြသည်။ သို့ဖြစ်သောကြောင့်၊ လူများ အားလုံးက သမ္မာကျမ်းစာအား ဖတ်ရှုရခြင်းကို နှစ်သက်ကြသည်။ သမ္မာကျမ်းစာထဲတွင် ဝှက်ထားသည်များ အလွန်များပြားသဖြင့်၊ လူများ၏ ကျမ်းစာကို ရှုမြင်ပုံများသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များအပေါ် ရှုမြင်ပုံများနှင့် မတူကြ။ သမ္မာကျမ်းစာသည် ခေတ်ဟောင်းနှင့် ခေတ်သစ်များထဲတွင် ယေဟောဝါနှင့် ယေရှုတို့ကို အစေခံခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် အသိပညာများကို စုစည်းထားသည့် မှတ်တမ်းဖြစ်၍၊ နောက်ပိုင်း မျိုးဆက်များသည် ၎င်းထဲမှနေပြီး ဉာဏ်အလင်းဖွင့်ပြမူ၊ အလင်းပေးမှုနှင့် လက်တွေ့ကျင့်သုံးရန် လမ်းခရီးများကို ရယူနိုင်ခဲ့ကြသည်။ သမ္မာကျမ်းစာက မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များထက်မဆို ပိုမြင့်မြတ်ရခြင်း၏ အကြောင်းရင်းမှာ ထိုသူတို့၏ ရေးသားချက် အားလုံးကို သမ္မာကျမ်းစာထဲမှ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး၊ သူတို့၏ အတွေ့အကြုံများ အားလုံးသည်လည်း သမ္မာကျမ်းစာထဲမှ လာကြခြင်း ဖြစ်ကာ၊ ၎င်းတို့အားလုံးသည် သမ္မာကျမ်းစာကို ရှင်းပြကြ၍ပင်ဖြစ်သည်။ သို့ဖြစ်၍၊ လူများသည် မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ စာအုပ်ထဲမှမဆို ထောက်ပံ့ခြင်းကို ရရှိနိုင်ကြသော်လည်း၊ သူတို့အတွက် သမ္မာကျမ်းစာသည် မြင့်မြတ်လျက် နက်နဲသိမ်မွေ့သည့်ပုံ ပေါက်နေသဖြင့် သူတို့သည် ယခုထက်ထိ ၎င်းကို ကိုးကွယ်နေကြဆဲ ဖြစ်သည်။ သမ္မာကျမ်းစာက ပေါလု၏ သြဝါဒစာများနှင့် ပေတရု၏ သြဝါဒစာများကဲ့သို့ ဘဝဆိုင်ရာ စကားလုံးများပါသည့် ကျမ်းစာအုပ်များကို စုစည်းပေးထားခြင်းဖြစ်၍ လူများသည် ယင်းစာအုပ်များထံမှ ကူညီမှုများနှင့် ထောက်မမှုများ ရရှိနေကြသော်လည်း၊ ဤစာအုပ်များသည် ခေတ်ကုန်သွားကြပြီ ဖြစ်၍၊ ၎င်းတို့သည် ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြသည်၊ ၎င်းတို့သည် မည်မျှပင် ကောင်းမြတ်ကြစေကာမူ၊ ၎င်းတို့သည် ကာလတစ်ခု အတွက်သာ သင့်တော်ခဲ့ကြပြီး ထာဝရ သုံး၍မရနိုင်ပါ။ ဘုရားသခင်၏ အမှုသည် တစ်ချိန်လုံး ဖွံ့ဖြိုးတိုးတက်လာနေရာ၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌ ရပ်တန့် မသွားနိုင်ခဲ့ သကဲ့သို့၊ ယေရှု လက်ဝါးကပ်တိုင်သို့ တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင်လည်း ထာဝရ ကျန်ရစ် မနေနိုင်ခဲ့ပေ။ သို့ဖြစ်၍၊ ထိုစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ခဲ့ကြပြီး နောက်ဆုံးသော ကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ခဲ့ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှပင် ကောင်းမြတ်ကြစေကာမူ၊ ၎င်းတို့၏ ခေတ်မှာ ကုန်သွားချေပြီ။ ၎င်းသည် ဣသရေလနိုင်ငံထဲမှ ယေဟောဝါ၏ ဖန်ဆင်းခြင်း သို့မဟုတ် သူ၏အမှုများနှင့် အလားတူပင် ဖြစ်သည်၊ ဤအမှုသည် မည်မျှပင် ကြီးမြတ်စေကာမူ၊ ၎င်းသည် ခေတ်ဟောင်းထဲမှာ ကျန်ရစ်နေခဲ့ပြီး ၎င်းခေတ် ကုန်လွန်သွားသည့် နောက်၌ နောက်ခေတ်တစ်ခု ရောက်လာဦးမည်ပင်။ ဘုရားသခင်၏ အမှုသည်လည်း အလားတူပင် ဖြစ်သည်၊ ၎င်းသည် ကြီးမြတ်သည်၊ သို့သော် ၎င်းကို အဆုံးသတ်ရမည့် အချိန်ဟူ၍ ရောက်လာပေမည်၊ ၎င်းသည် တစ်ချိန်လုံး ဖန်ဆင်းခြင်း အမှုအကြား၌ ထာဝရ မကျန်ရစ်နိုင်သကဲ့သို့၊ လက်ဝါးကပ်တိုင်ပေါ် တင်ပေးမှုအကြား၌လည်း ကျန်ရစ်မနေနိုင်ပါ။ လက်ဝါးကပ်တိုင်ပေါ်တင်ခြင်း အမှုသည် မည်မျှပင် ကျေနပ်စရာ ကောင်းပါစေ၊ ၎င်းသည် စာတန်ကို ချိုးနှိမ်ရာတွင် မည်မျှပင် ထိရောက်မှု ရှိခဲ့ပါစေ၊ စင်စစ်မှာမူ အမှုသည် အမှုအဖြစ် ရပ်တည်နေဆဲ၊ ခေတ်များသည်လည်း ခေတ်များအဖြစ် ရှိနေဆဲ ဖြစ်ကြပြီး၊ အမှုသည် အခြေခံအုတ်မြစ် တစ်ခုတည်းအပေါ်မှာ အစဉ်အမြဲ ရပ်တည် မနေနိုင်သကဲ့သို့၊ အချိန်ကာလများကို မည်သည့်အခါမျှ မပြောင်းလဲဘဲ နေ၍မရနိုင်ပါ၊ ဖန်ဆင်းမှု ရှိခဲ့သည့်အတွက် နောက်ဆုံးသော ကာလ ရှိရပေမည်။ ယင်းကို ရှောင်လွှဲ၍ မရနိုင်ပါ။ ထို့ကြောင့်၊ ယနေ့တွင် ဓမ္မသစ်ကျမ်းထဲက အသက်၏ စကားလုံးများ— တမန်တော်များ၏ သြဝါဒစာများ၊ ထို့အပြင် ခရစ်ဝင်ကျမ်းလေးကျမ်းသည် သမိုင်းဝင် စာအုပ်များ ဖြစ်လာကြလေပြီ၊ ၎င်းတို့သည် နှစ်ချုပ်စာအုပ် အဟောင်းများကဲ့သို့ ဖြစ်လာကြပါသည်၊ ခေတ်ဟောင်း နှစ်ချုပ်စာအုပ်များက လူများကို ခေတ်သစ်ထဲသို့ မည်သို့များ ခေါ်ဆောင်သွားနိုင်မည်နည်း။ ထိုနှစ်ချုပ် စာအုပ်များက လူများကို အသက်နှင့် မည်သို့ပင် ထောက်ပံ့ပေးနိုင်ပါစေ၊ ၎င်းတို့သည် လူများကို လက်ဝါးကပ်တိုင်ဆီသို့ မည်သို့ပင် ခေါ်ဆောင်ပေးနိုင်ခဲ့ပါစေ၊ ၎င်းတို့သည် ခေတ်ဟောင်းသွားကြပြီ မဟုတ်လော။ ၎င်းတို့သည် တန်ဖိုးမဲ့နေကြပြီ မဟုတ်လော။ သို့ဖြစ်၍ သင်သည် ထိုနှစ်ချုပ်စာအုပ်များကို မျက်စိမှိတ် မယုံကြည်အပ်ဟု ငါပြောမည်။ ၎င်းတို့သည် အလွန် ဟောင်းနွမ်းသွားကြပြီ၊ ၎င်းတို့သည် သင့်ကို အမှုအသစ်ဆီသို့ ခေါ်ဆောင် မပေးနိုင်ကြဘဲ သင့်အပေါ်မှာ ဝန်ပိလာကြဖို့သာ ရှိသည်။ ၎င်းတို့သည် သင့်အား အမှုသစ်ထဲသို့၊ ထို့အပြင် ဝင်ရောက်မှု အသစ်ဆီသို့ မခေါ်ဆောင်ပေးနိုင်ရုံသာမက၊ ၎င်းတို့သည် သင့်ကို ဘာသာရေးအသင်းတော် အဟောင်းများဆီသို့ ခေါ်ဆောင်သွားကြသည်၊ ထိုသို့ဆိုလျှင် သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် ဆုတ်ယုတ်သွားနေသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” မှ

ယခင်က:“ဘုရားသခင့် အမှုတော်၏ ရူပါရုံ” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းသုံးပိုဒ်မှ လက်ရွေးစင်တစ်ခု

နောက်တစ်ခုသို့:“လူ့ဇာတိခံယူခြင်း၏ နက်နဲရာ အချက်” နှင့်ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းလေးပိုဒ်မှ လက်ရွေးစင်တစ်ခု

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ