၄၃။ တစ်ကိုယ်ကောင်းဆန်မှုကို လက်လွှတ်ခြင်းဖြင့် ကျွန်တော်လွတ်မြောက်သည်

ရှောင်ဝေ့ တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များသည်လည်း လူသားအလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်လျက် နေထိုင်ကြသည်၊ စာတန်၏ နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူသားအလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၆)) သာမန်လူတစ်ဦး၏ စိတ်သဘောထားမှာ မရိုးဖြောင့်မှု၊ လှည့်ဖြားမှု၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ မပါရှိသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်တော်တို့ကို ပြသပါသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို စစ်မှန်ရိုးသားစွာ လက်ခံခြင်း၊ ညီအစ်ကိုမောင်နှမများနှင့် အတွဲအဖက်ညီစွာ အလုပ်လုပ်ခြင်းနှင့် ၎င်းတို့၏ တာဝန်အတွက် တတ်နိုင်သမျှ လုပ်ဆောင်ခြင်းတို့သည် လူတစ်ဦးလုပ်ဆောင်နိုင်သင့်သည့် အခြေခံအကျဆုံးသော အရာများ ဖြစ်သည်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုသည်နှင့် “ကျောင်းသားတစ်ဦးက ဆရာသိသမျှကို သိသည်နှင့်တစ်ပြိုင်နက်၊ ဆရာက သူ၏အသက်မွေးမှုကို ဆုံးရှုံးရလိမ့်မည်” ဆိုသည်တို့ကဲ့သို့သော ဆိုးယုတ်သည့် အတွေးအခေါ်များဖြင့် ကျွန်တော် အသက်ရှင်လေ့ရှိခဲ့သည်။ လူသား သဏ္ဍာန် လုံးဝ ကင်းမဲ့လျက်၊ ကျွန်တော် တစ်ကိုယ်ကောင်းဆန်ခဲ့သည်၊ စက်ဆုတ်ဖွယ်ဖြစ်ခဲ့သည်၊ မရိုးဖြောင့်ခဲ့သကဲ့သို့ ကောက်ကျစ်ခဲ့သည်။ ကျွန်တော့်၏ ဤဆိုးယုတ်သော စိတ်သဘောထားများ စတင်ပြောင်းလဲခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီးသည့်နောက်တွင် ဖြစ်ခဲ့ပါသည်။

ယင်းမှာ ကျွန်တော့် တာဝန်တွင် ကျွန်တော်နှင့်အတူ တွဲဖက်ဖို့ အစ်ကို ကျန်းက ကျွန်တော်တို့အဖွဲ့ထဲ ပါဝင်လာခဲ့ချိန် ၂၀၁၈ ခုနှစ် ဇွန်လတွင် ဖြစ်သည်။ ထိုအချိန်က၊ “ငါဒီတာဝန်ကိုထမ်းဆောင်နေတာ ခုဆိုရင် နည်းနည်း ကြာပြီ၊ ဒီတော့ အခြေခံသဘောတရားတွေနဲ့ပတ်သက်ပြီး ငါ သဘောပေါက်ပြီးပြီဖြစ်သလို ရလဒ်တွေလည်း တွေ့ရပြီ။ တစ်ချိန်ချိန်ကျရင်တော့ ပိုကြီးတဲ့တာဝန်ကိုယူဖို့ ငါဒီအသင်းကနေ ထွက်ကောင်းထွက်နိုင်မှာပါ။ ငါတို့အဖွဲ့ထဲက အလုပ်ကို တာဝန်ယူနိုင်ဖို့ ဖြစ်နိုင်သမျှမြန်မြန် အမြန်ဆုံးအသားကျအောင် အစ်ကိုကျန်းကို ငါကူညီဖို့လိုတယ်”ဟု ကျွန်တော် တွေးခဲ့သည်။ ကျွန်တော့်တာဝန်တွင် သင်ယူခဲ့ရပြီးဖြစ်သည့် အခြေခံ ကျွမ်းကျင်မှုများအား သူ့ကို ကျွန်တော် ဆက်သင်ပေးခဲ့သည်။ သုံးလကြာပြီးသည့်နောက်၊ အစ်ကိုကျန်းသည် အရာရာနှင့်သက်ဆိုင်၍ အခြေခံကျသည့် နားလည်သဘောပေါက်မှု ရှိကာ တကယ်ကို မြန်ဆန်သည့် တိုးတက်မှု ဖန်တီးနေသည်ကို ကျွန်တော် တွေ့ခဲ့ရသည်။ ထိုအချိန်တွင်၊ ကျွန်တော်က၊ “အစ်ကိုကျန်းက သူ့တာဝန်မှာ အရမ်းကို မြန်မြန် တိုးတက်နေပြီ။ ဒီလိုဆက်သွားရင်၊ မကြာခင် သူငါ့ကို ကျော်သွားမှာ မဟုတ်လား။ သူ့ရဲ့တိုးတက်မှု ဘယ်လောက်မြန်လဲဆိုတာကို ခေါင်းဆောင်သိသွားရင်၊ သူ့ကို အရေးပါတဲ့ရာထူး ပေးမှာပဲမဟုတ်လား”ဟု တွေးရင် စတင် ထိတ်လန့်လာခဲ့သည်။ ဤအတွေး ပေါ်လာခဲ့ချိန်တွင်၊ “မဖြစ်ဘူး။ ငါ ပြန်ထိန်းဖို့လိုတယ်။ သူ့ကို ငါသိသမျှ အကုန် ဝေမျှလို့မဖြစ်ဘူး”ဟု မိမိဘာသာ တွေးမိခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်တို့၏ အလုပ်တွင်၊ အစ်ကိုကျန်း၏ ကျွမ်းကျင်မှုများက အနည်းငယ် လိုအပ်မှုရှိသည်ကို တွေရသည့်အခါ၊ ကျွန်တော့် အသိပညာကို အပြည့်အဝ မဝေမျှဘဲ အပေါ်ယံအနည်းငယ်ကိုသာ ပြောပြခဲ့သည်။ ယင်းမှာ လုပ်ဆောင်ဖို့ မှန်ကန်သည့်အရာ မဟုတ်သည်ကို ကျွန်တော်သိခဲ့သော်လည်း၊ ထို့နောက်တွင် “ကျောင်းသားတစ်ဦးက ဆရာသိသမျှကို သိသည်နှင့်တစ်ပြိုင်နက်၊ ဆရာက သူ၏အသက်မွေးမှုကို ဆုံးရှုံးရလိမ့်မည်” ဟူသည့် ဆိုရိုးစကားဟောင်းကို ကျွန်တော် စဉ်းစားမိခဲ့သည်။ ထင်ရှားကျော်ကြားမှုတွင် သူရှိလျက်၊ ကျွန်တော် မိမိကိုယ်ကိုယ် မည်သို့ ကောင်းကောင်း ပြသနိုင်မည်နည်း။ ကျွန်တော့်ကို ကျော်တက်ခွင့် သူ့ကို ကျွန်တော် ပေး၍ မဖြစ်နိုင်ပါ။ ကျွန်တော်တို့ အတူတကွ အလုပ်ဆက်လုပ်သည်နှင့်အမျှ၊ ကျွန်တော့်ကို အစ်ကိုကျန်း မေးသည့် မည်သည့်အရာကိုမဆို တစ်ဝက်တစ်ပျက် အဖြေကို ကျွန်တော် ပေးခဲ့ပြီး ကျန်သည့်အရာကို စိတ်ထဲမှာထားခဲ့သည်။

ထိုနောက်များမကြာမီတွင်၊ ခေါင်းဆောင်က အရေးကြီးသည့် အလုပ်တစ်ခုကို ဆွေးနွေးဖို့ အစ်ကိုကျန်းကို လိုက်ရှာခဲ့သည်။ ဤအကြောင်းကို ကြားသည့်အခါ ကျွန်တော် ရင်ထိတ်သွားသည်။ ကျွန်တော်က၊ “အစ်ကိုကျန်းထက် ငါ အဖွဲ့မှာ ရှိတာ အချိန်ပိုကြာတယ်။ ခေါင်းဆောင်က ဘာလို့ ငါ့ကို မပြောပြချင်ရတာလဲ။ ငါက သူ့လောက်မတော်ဘူးလား။ သူ့ကို လေ့ကျင့်ပေးခဲ့တာ ငါ ဖြစ်ပေမယ့်၊ အခု သူကအရမ်းထင်ပေါ်ပြီး ငါက ဘေးချိတ်ခံလိုက်ရတယ်။ သူက ရေပန်းစားပြီး၊ ငါက အမေ့လျော့ခံဖြစ်သွားပြီ။ ငါ သူ့ကို သင်မြဲသင်ပေးနေရင် သူက ပိုပြီး မြန်မြန်သင်ယူမိမှာ မဟုတ်လား။ အရေးကြီးတဲ့ရာထူး သူရသွားရင် ငါ့ကို ဘယ်သူက အထင်ကြီးတော့မှာလဲ” ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ထိုအချိန်မှစ၍ ကျွန်တော်တို့ အတူလုပ်သည့်အလုပ်တွင်၊ အစ်ကိုကျန်း အခက်အခဲများ ကြုံရသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် သူ့ကိုမကူညီချင်တော့ပါ။ အချိန်မီ မဖြေရှင်းထားသည့် ဤအရာများ၏ အကျိုးဆက်အနေဖြင့် ကျွန်တော်တို့၏ တိုးတက်မှု ထိခိုက်ခဲ့ပြီး၊ ဤအရာက အသင်းတော်၏ အလုပ်ကို ကြန့်ကြာစေခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ကျွန်တော် အပြစ်ရှိသလို အနည်းငယ် ခံစားရကာ စိတ်မသက်မသာဖြစ်မိသော်လည်း၊ မိမိကိုယ်ကိုယ် လုံးဝ ဆင်ခြင်မသုံးသပ်ခဲ့ပါ။ တစ်ရက်တွင် ကျွန်တော့်ချိုင်းက ရုတ်တရက် စတင်ယားလာပြီး၊ ကျွန်တော် ပြေပျောက်မသွားစေနိုင်ခဲ့ပါ။ လိမ်းဆေး လိမ်းခြင်းသည်ပင် အကူအညီ မဖြစ်ခဲ့ပါ။ နောက်နေ့တွင်၊ ကျွန်တော့် လက်မောင်း အလွန် စတင်နာကျင်လာခဲ့သည်မှာ ကျွန်တော် လှုပ်၍မရနိုင်ခဲ့ပါ။ ဤအခြေအနေမှာ တိုက်ဆိုင်မှုမဟုတ်သည်ကို ကျွန်တော် နားလည်မိခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းဖြင့် ကျွန်တော် လာခဲ့သည်။ ကျွန်တော်က၊ “အို၊ အဖဘုရားသခင်၊ ဒီအခြေအနေက အရမ်းကို ရုတ်တရက်ကြီး စဖြစ်လာပါပြီ။ ဒီအရာရဲ့ နောက်ကွယ်မှာ ကိုယ်တော့်ရဲ့ကောင်းမွန်တဲ့အလိုတော်ရှိမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အရမ်းကို မခံစားတတ်သလို ကိုယ်တော်ရဲ့အလိုတော်က ဘာလဲဆိုတာကို ကျွန်တော် မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေကာ လမ်းပြတော်မူပါ” ဟု ပြောခဲ့သည်။

တစ်ရက် ကျွန်တော့်၏ ဝတ်ပြုဆုတောင်းခြင်း အတောအတွင်းတွင်၊ ရုတ်တရက် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ စိတ်ထဲ ရောက်လာခဲ့သည်- “သင်၌ရှိသမျှအားလုံးကို ဆက်ကပ်ဖို့ မလိုလားပါက၊ ယင်းကို သင်ဖုံးကွယ်ပြီး ဝှက်ထားပါက၊ သင်သည် သင်၏ လုပ်ဆောင်ချက်များတွင် ယုံကြည်၍မရဘဲ။...(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) ဤသည်မှာ ကျွန်တော့်အတွက် လှုပ်နိုးသံတစ်ခု ဖြစ်ခဲ့သည်။ နာမည်နှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ခြင်း အခြေအနတစ်ခုတွင် ကျွန်တော် အသက်ရှင်နေမိပြီးဖြစ်သည်၊ ဤညီအစ်ကိုက ကျွန်တော့်ကို ကျော်မည်ကို စိုးရွံ့မိသည်၊ ထို့ကြောင့် အလုပ်တွင် ကျွန်တော် မည်သည့်အခါတွင်မျှ ပွင့်လင်းရိုးသားမှုမရှိခဲ့သကဲ့သို့ သူနှင့်အတူ ကျွန်တော့်၏ အသိပညာကို မမျှဝေချင်ခဲ့ပါ။ ကျွန်တော် မိမိကိုယ်ကိုယ် သုံးသပ်မိစေဖို့အလို့ငှာ၊ ဤသည်မှာ ကျွန်တော့်ကို ဘုရားသခင်က သတိပေးနေခြင်းဖြစ်သည်ကို ကျွန်တော်သိခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တွေထဲက ဤစာပိုဒ်ကို ကျွန်တော်ဖတ်ခဲ့ရသည်- “မယုံကြည်သူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ရှိသည်။ ၎င်းတို့သည် အခြားလူတို့ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ သို့မဟုတ် စွမ်းရည်တစ်ခုခုကို သင်ပေးသည့်အခါ ‘ကျောင်းသားတစ်ဦးက ဆရာသိသမျှကို သိသည်နှင့်တစ်ပြိုင်နက်၊ ဆရာက သူ၏အသက်မွေးမှုကို ဆုံးရှုံးရလိမ့်မည်’ ဟူသော အယူအဆကို ယုံကြည်ကြသည်။ အကယ်၍ ၎င်းတို့သိသမျှကို အခြားသူများအား သင်ပေးပါက မည်သူကမျှ သူတို့ကို အထင်ကြီးမည် မဟုတ်တော့သကဲ့သို့ ၎င်းတို့၏အဆင့်အတန်းကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ ဤအကြောင်းကြောင့်၊ သူတို့သိသည့်အရာ၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ လူတို့ကို သင်ပေးပြီး လိုအပ်သည့်အခါ ထုတ်သုံးဖို့ နည်းနာတစ်ချို့ကို အသေအချာ အရန်သင့်ထားလျက် ဤအသိပညာတစ်ချို့ကို ထိမ်ချန်ထားရန် လိုအပ်သည်ဟု သူတို့ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ဆရာဟူသော အဆင့်ကို ပြသနိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်ဟု ၎င်းတို့ယူဆကြလေသည်။ အမြဲတစေ အချက်အလက်ထိမ်ချန်ခြင်းနှင့် ဝှက်ဖဲသိမ်းထားခြင်း- ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ လိမ်လည်လှည့်ဖြားမှုပင် ဖြစ်သည်။...အပေါ်ယံအကျဆုံး သို့မဟုတ် အခြေခံအကျဆုံး အရာများကို လူတိုင်းအား ပြောပြခြင်းအားဖြင့် သင်သည် အဆင်ပြေရုံမျှသာ လုပ်နေသည် သို့မဟုတ် အသိပညာ ထိမ်ချန်ထားခြင်းမရှိဟု မထင်လေနှင့်။ ဤသည်မှာ တော်ကာကျမည်မဟုတ်ပေ။ သင်သည် တစ်ခါတစ်ရံတွင် လူတို့က တိုက်ရိုက်နားလည်နိုင်သည့် သဘောတရား သို့မဟုတ် အမှုအရာ အနည်းငယ်ကိုသာ သင်ပေးကောင်းသင်ပေးနိုင်မည်၊ သို့သော် သင်ယူခါစလူတို့သည် မည်သည့် အနှစ်သာရ သို့မဟုတ် အရေးကြီးအချက်များကိုမျှ နားလည်သဘောပေါက်ခြင်း လုံးဝမရှိနိုင်ပေ။ သင်က၊ ‘ကောင်းပြီ။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ် သင့်ကို ပြောပြထားပြီဖြစ်ပြီး မည်သည့်အရာကိုမျှ တမင်တကာ ထိမ်ချန်မထားပါ။ သင်နားမလည်ပါက၊ သင့်အစွမ်းအစ ညံ့ဖျင်းလွန်း၍ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်ကို အပြစ်မတင်နှင့်။ ယခု ဘုရားသခင် သင့်အား မည်သို့လမ်းပြသည်ကိုသာ ကျွန်ုပ်တို့ စောင့်ကြည့်ကြမည်။’ ဟု သင့်ကိုယ်သင် တစ်ချိန်လုံး စဉ်းစားနေသေးလျက်၊ အသေးစိတ်ရှင်းပြခြင်း သို့မဟုတ် အပြည့်အစုံပြောပြခြင်း မရှိဘဲ ခြုံငုံသုံးသပ်ချက်တစ်ခုကိုသာ ပေးလေသည်။ ထိုကဲ့သို့သော ချိန်ဆပြောဆိုခြင်း၌ လှည့်ဖြားမှုပါသည် မဟုတ်သလော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်မဟုတ်လော။ လူတို့အား သင့်စိတ်နှလုံးထဲ၌ရှိသော အရာတိုင်းနှင့် သင်နားလည်ထားသော အရာတိုင်းကို သင် အဘယ့်ကြောင့် မသင်ပေးနိုင်ရသနည်း။ ထို့အစား သင်သည် အသိပညာကို အဘယ့်ကြောင့် ထိမ်ချန်ထားသနည်း။ ဤသည်မှာ သင်၏ ရည်ရွယ်ချက်များနှင့် သင်၏စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာရာ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်၏ အခြေအနေကို အတိအကျ ထုတ်ဖော်ပြခဲ့သည်။ ကျွန်တော့်၏ နာမည်နှင့် ရာထူးအတွက်အလို့ငှာ ကျွန်တော် သင်ယူပြီးသည့် တတ်ကျွမ်းမှုများကို သူ့အား ကျွန်တော် မသင်ပေးချင်ခဲ့ပါ။ “ကျောင်းသားတစ်ဦးက ဆရာသိသမျှကို သိသည်နှင့်တစ်ပြိုင်နက်၊ ဆရာက သူ၏အသက်မွေးမှုကို ဆုံးရှုံးရလိမ့်မည်” ဆိုသည်ကို တွေးရင်း၊ သူက ထိုအရာကို အထာကျအောင် လေ့လာပြီး၊ ကျွန်တော့်ကို နောက်ကောက်ချန်ခဲ့မည်ကို ကျွန်တော် စိုးရွံ့ခဲ့သည်။ အမြဲချုပ်တည်းထားခြင်းအားဖြင့်၊ ကျွန်တော် အလွန် တစ်ကိုယ်ကောင်းဆန်ခဲ့သည်၊ စက်ဆုပ်ဖွယ်ကောင်းခဲ့သည်၊ ကောက်ကျစ်ခဲ့ပြီး လှည့်ဖြားတတ်ခဲ့သည် မဟုတ်ပါလား။ အစ်ကိုကျန်းက ကျွန်တော်တို့၏ အဖွဲ့ကို ပါဝင်လာခဲ့ချိန်အကြောင်းကိုလည်း ကျွန်တော် ပြန်စဉ်းစားမိခဲ့သည်။ သူ့ကို သွန်သင်ခြင်းအတွက် ကျွန်တော့်၏ အရင်းခံအကြောင်းမှာ အဖွဲ့၏ အလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် သူ တာဝန်ယူနိုင်ဖို့အလို့ငှာ ဖြစ်ခဲ့သည်။ ထိုသို့ဖြင့် သာ၍ အရေးပါသည့် ရာထူးတစ်ခုကို တာဝန်ယူဖို့ ကျွန်တော် မျှော်လင့်နေခဲ့ပြီးဖြစ်သောကြောင့် ကျွန်တော့်တာဝန်ကို လက်လွှဲပေးဖို့ တစ်စုံတစ်ဦး ကျွန်တော် ရှိပေမည်။ သို့သော် သူက အမှုအရာများအား အလျင်အမြန် အကျွမ်းဝင်ခဲ့ပုံနှင့် ခေါင်းဆောင်က သူ့ကို တကယ် တန်ဖိုးထားသည်ကို မြင်ခဲ့ချိန်တွင်၊ ကျွန်တော် တကယ်ကို ပူပန်မိလာခဲ့သည်။ သူက ကောင်းစွာ ဆက်လုပ်နေမည်ဆိုပါက၊ အ‌နှေးနှင့်အမြန် ကျွန်တော့်ကို သူ အစားထိုးသွားမည်ကို ကျွန်တော် စိုးရိမ်ခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ ကျွန်တော်သိခဲ့သည့်အရာကို ကျွန်တော် သူနှင့် မမျှဝေချင်ခဲ့ပါ။ တစ်ခါတစ်ရံ သူ၏တာဝန်တွင် အခက်အခဲများ ကြုံရမည်ကို ကျွန်တော် သိခဲ့ချိန်တွင်၊ သူ့ကို ကျွန်တော် မကူညီချင်ခဲ့ပါ၊ ယင်းက အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဘုရားသခင့် အိမ်တော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားခြင်း တစ်ခုတစ်လေမျှ မရှိဘဲ ကျွန်တော့် ကိုယ်ပိုင် နာမည်နှင့် ရာထူးကို ကာကွယ်ရန် အမြဲ ကျွန်တော် အလုပ်လုပ်ခဲ့သည်ကို မြင်ရသည်။ ကျွန်တော် တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး လှည်ဖြားတတ်ခဲ့သည်။ ထိုအခြေအနေကို ကျွန်တော့်အား ဖြစ်ပေါ်စေလျက် ဘုရားသခင်၏ အချိန်ကိုက် ဆုံးမပဲ့ပြင်မှု မရှိပါက၊ ကျွန်တော် မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်မိဦးမည် မဟုတ်ပါ။ ထို့နောက် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရှုခဲ့ရသည်- “ယုံကြည်ခြင်းရရှိကတည်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လေပြီ၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီးဖြစ်ကာ သူ၏ ကယ်တင်ခြင်းကို လက်ခံပြီး ဖြစ်သည်။ သို့သော်လည်း အကယ်၍ လုပ်ဆောင်ရာတွင် သင်အသုံးပြုသည့် အခြေခံသဘောတရားများနှင့် အမှုအရာများကို သင်လုပ်ဆောင်ကာ လူတစ်ဦးအနေဖြင့် သင်ကိုယ်တိုင်ပြုမူသော ဦးတည်ချက်က မပြောင်းလဲခဲ့ပါက၊ သင်သည် မယုံကြည်သူများနှင့် အတူတူပင်ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို ယုံကြည်ခြင်းရှိသူတစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်လော။ ပြုမည်မဟုတ်ပါ။ သင်သည် မယုံကြည်သူများ၏ လမ်းကြောင်းကို လျှောက်လှမ်းနေဆဲဖြစ်သည်ဟု သူဆိုလိမ့်မည်။ ထို့ကြောင့် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်နေသည်ဖြစ်စေ၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အသိပညာကို သင်ယူနေသည်ဖြစ်စေ၊ သင်ပြုသောအရာတိုင်းတွင် အခြေခံသဘောတရားများကို လိုက်နာရပေမည်။ သင်ပြုသောအရာတိုင်းကို သမ္မာတရားနှင့်အညီ သဘောထားပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် ပြဿနာများကို ဖြေရှင်းရန်၊ သင့်အထဲ၌ ထုတ်ဖော်ပြထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်နှင့် သင်၏ မှားယွင်းသော နည်းလမ်းများနှင့် အတွေးအခေါ်များကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးပြုရမည်။ ဤအရာများကို သင် ဆက်တိုက်ကျော်လွှားရပေမည်။ အချက်တစ်ခုမှာမူ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ရမည်။ သင် ထိုသို့ပြုပြီးသောအခါ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သင်တွေ့ရှိပါက ဖြေရှင်း၊ ချိုးနှိမ်ပြီး စွန့်လွှတ်ရမည်။ ဤပြဿနာများကို သင် ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ အမှုအရာများကို သင် နောက်ထပ် မပြုလုပ်တော့သည့်အခါနှင့် သင်၏ ရည်ရွယ်ချက်များနှင့် အကျိုးအမြတ်များကို သင်စွန့်လွှတ်နိုင်ပြီး သမ္မာတရား၏ အခြေခံသဘောတရားများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်သောအခါမှသာ သင်သည် ဘုရားသခင်နောက် အမှန်တကယ်လိုက်လျှောက်သောသူတစ်ဦး ပြုလုပ်ရမည့်အရာကို ပြုနေခြင်းဖြစ်ပေလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာရာ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်”)သင့်အနေဖြင့် အခြားသူများက ဉာဏ်မမီနိုင်သောအရာများ သို့မဟုတ် နားမလည်နိုင်သော အရာများတည်းဟူသော ထိုအသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အသိပညာ၏ အနှစ်သာရနှင့် အဓိကအချက်များကို အရယူပြီးလျှင်၊ လူတို့အားလုံးက သည်းခံဖို့ခွန်အားများကို ဆောင်ကြဉ်းနိုင်ပြီး၊ ထိုမှ ပို၍များပြားသော၊ ပို၍လေးနက်သော၊ ပို၍ရင့်ကျက်သော အမှုအရာများကိုပင် သဘောပေါက်နိုင်ဖို့အလို့ငှာ သူတို့ကို ပြောပြရမည်။ အကယ်၍ သင်သည် ဤအရာများအားလုံးကို ဝေငှပေးပါက၊ ယင်းတို့သည် ဤတာဝန်အား ဆောင်ရွက်နေကြသော လူတို့အတွက်သာမက ဘုရားသခင့်အိမ်တော်၏ အလုပ်အတွက်ပါ အကျိုးရှိလိမ့်မည်ဖြစ်သည်။...လူအများစုသည် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အသိပညာ၏ တိကျသောကဏ္ဍအချို့ကို ပထမဦးဆုံး မိတ်ဆက်ပေးခံရသည့်အခါ၊ ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ ၎င်းတို့ သဘောပေါက်နိုင်သော်လည်း၊ စင်စစ်အားဖြင့် အဓိကအချက်များနှင့် အနှစ်သာရပါဝင်သော အပိုင်းကိုမူ လူတို့ နားမလည်နိုင်ခင် အချိန်ကာလတစ်ခု ကြာသည်အထိ လက်တွေ့ကျင့်သုံးမှု လိုအပ်ပေသည်။ အကယ်၍ သင်သည် ပိုမိုအနုစိတ်ကျသော ဤအချက်များကို နားလည်ထားပြီးဖြစ်ပါက ၎င်းတို့ကို တိုက်ရိုက်ပြောပြသင့်သည်။ သူတို့အား ဝေ့ဝိုက်သောလမ်းကြောင်းကို လိုက်စေပြီး လိုရင်းရောက်ဖို့အတွက် အချိန်များစွာ မကုန်စေနှင့်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားဖြစ်သည်။ သင်လုပ်သင့်သောအရာ ဖြစ်သည်။ သင်သည် အဓိကအချက်များနှင့် အနှစ်သာရဖြစ်သည်ဟု သင်ယုံကြည်သောအရာကို ၎င်းတို့အား ပြောပြမှသာလျှင် သင့်အနေဖြင့် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းရှိမည် မဟုတ်သကဲ့သို့၊ ထိုအခါမှသာ သင်သည် တစ်ကိုယ်ကောင်းဆန်ရာ ကျမည်မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာရာ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်”) ကျွန်တော့်၏ တာဝန်တွင် မိမိကိုယ်ကိုယ် သုံးသပ်ခြင်းအပေါ် အာရုံစိုက် ကျွန်တော့်၏ ဆိုးယုတ်သော စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရန် လိုအပ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်တော် နားလည်ခဲ့ရသည်။ ကျွန်တော့်၏ မမှန်ကန်သည့် အတွေးများနှင့် စိတ်ကူးများကို စွန့်လွှတ်ပြီး၊ ကျွန်တော့်တာဝန်တွင် ညီအစ်ကိုမောင်နှမတွေနှင့်အတူ တစ်လုံးတစ်ဝတည်းအဖြစ် အလုပ်လုပ်နိုင်ဖို့ ကျွန်တော် လိုအပ်ခဲ့သည်။ သမ္မာတရားတွင် ဖြစ်စေ၊ ကျွန်တော်တို့၏ အလုပ်တွင် ဖြစ်စေ၊ ကျွန်တော်တို့အယောက်တိုင်းက အလွန်များစွာ လိုအပ်ကြသောကြောင့်၊ ညီအစ်ကိုမောင်နှမများအနေဖြင့် သူတို့၏ တာဝန်များတွင် အချင်းချင်း ကူညီကာ အားပေးဖို့နှင့် မည်သည့်အရာကိုမျှ ချုပ်တည်းထားခြင်းမရှိဘဲ သူတို့ နားလည်သည့်အရာကို မိတ်သဟာယပြုဖို့ လိုအပ်သည်ကို ကျွန်တော် နားလည်လိုက်ရသည်။ ဤနည်းဖြင့် အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်းအားဖြင့်၊ လမ်းလွှဲသွားနိုင်ခြေ များစွာနည်းပါးသွားပေသည်။ အမှန်တွင်၊ အစ်ကိုကျန်းထက် ကျွန်တော် အနည်းငယ် ပိုကျွမ်းကျင်ခြင်းမှာ ဘုရားသခင်၏ ကြင်နာမှုကြောင့် လုံးဝ ဖြစ်ခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်တော် ထောက်ထားသင့်သည်၊ ကျွန်တော့်၏ တစ်ကိုယ်ကောင်းဆန်မှုကို လက်လွှတ်သင့်ပြီး၊ သူ၏ တာဝန်ကို ဖြစ်နိုင်သမျှ မြန်မြန် ကောင်းစွာ လုပ်ဆောင်နိုင်ဖို့အလို့ငှာ ကျွန်တော်သိထားသမျှတိုင်းကို သူ့အား သင်ပေးခဲ့သင့်သည်။ ထိုအရာသည်သာ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီပေလိမ့်မည်။ ယင်းကို ကျွန်တော် သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်တော့်၏ မမှန်ကန်သော ကိုယ်ပိုင်အတွေးကို စွန့်လွှတ်ရန် လိုလားလျက် ဘုရားသခင်၏ ရှေ့မှောင်သို့ ဆုတောင်းခြင်းဖြင့် ကျွန်တော် အမြန်လာခဲ့ပြီး ကျွန်တော့်၏ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်မရှင်တော့ပါ။ နောက်ပိုင်းတွင်၊ ကျွန်တော် မည်သည့် အခြေအနေတွင် ရှိပြီးဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ သူနှင့်အတူ စကားစမြည်ပြောရန်နှင့် ကျွန်တော့်၏ ဤဆိုးယုတ်သော စိတ်သဘောထားကို စိတ်ဖြာလေ့လာရန် အစ်ကိုကျန်းကို ကျွန်တော် လိုက်ရှာခဲ့သည်။ ကျွန်တော်ပိုင်ဆိုင်သည့် ကျွမ်းကျင်မှုများ၏ အဓိကအချက်များကိုလည်း သူနှင့်အတူ မျှဝေခဲ့သည်။ ဤနည်းဖြင့် ကျွန်တော် စတင်လက်တွေ့လုပ်ဆောင်သည့်အချိန်တွင်၊ ကျွန်တော် များစွာ ပို၍ ငြိမ်းချမ်းပြီး၊ ထိုကျန်းမာရေး ပြဿနာလည်း ကျွန်တော်မသိလိုက်ခင်တွင် ရှင်းလင်းသွားခဲ့သည်။

ယင်းကို ဖြတ်သန်းပြီးသည့်နောက်တွင် ကျွန်တော် ပြောင်းလဲနှင့်ခဲ့ပြီဟု ထင်ခဲ့သော်လည်း၊ ဤဆိုးယုတ်သော စိတ်သဘောထားများက တကယ်ကို နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။ အခြေအနေမှန် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ထိုအဆိပ်များကို တစ်ဖန် ကျွန်တော် မပြသပဲကို မနေနိုင်ခဲ့ပါ။

၂၀၁၉ ခုနှစ် မတ်လတွင်၊ အစ်ကိုကျန်းနှင့် ကျွန်တော် အသင်းတော်ခေါင်းဆောင်များအဖြစ် တစ်ပြိုင်တည်း အရွေးခံခဲ့ရသည်။ အစတွင်၊ ကျွန်တော်တို့ အတူတကွ တကယ်ကို ကောင်းစွာ အလုပ်လုပ်ခဲ့ကြသည်။ အသင်းတော်အတွင်းရှိ ပြဿနာတစ်ခုဖြစ်သည်ဖြစ်စေ၊ ကျွန်တော်တို့ ကြုံရသည့် အခက်အခဲတစ်ခု ဖြစ်စေ၊ ဖြေရှင်းဖို့ သမ္မာတရားကို အတူတကွ ကျွန်တော်တို့ ရှာဖွေနိုင်ခဲ့ကြသည်။ သို့သော် တစ်ရက်တွင်တော့၊ အသင်းတော်ထဲက တစ်စုံတစ်ဦးက၊ “အစ်ကိုကျန်းရဲ့ သမ္မာတရားအပေါ် မိတ်သဟာယက တော်တော်လေး လက်တွေ့ကျပြီးတော့ သူ့တာဝန်မှာ သူ တော်တော်တာဝန်သိတယ်”ဟု ပြောသည်ကို ကျွန်တော် နားစွန်နားဖျားကြားခဲ့ရသည်။ ဤအရာကို ကြားလိုက်ရခြင်း စိတ်တွင်း ဝရုန်းသုန်းကား အခြေအနေသို့ ရောက်သွားစေခဲ့ပြီး ကျွန်တော်က၊ “အစ်ကိုကျန်းက ငါ့ထက်သာအောင်လုပ်ရင် အဲဒါက အရှက်ကွဲစရာ ဖြစ်မှာမဟုတ်လား” ဟု တွေးမိခဲ့သည်။ ထို့နောက်တွင်၊ ကျွန်တော်တို့၏ အလုပ်အကြောင်းဆွေးနွေးမှုများအားလုံးတွင် အမှားများနှင့် အပြစ်အနာအဆာများကိုသာ ကျွန်တော်ထောက်ပြခဲ့ပြီး ဖြေရှင်းဖို့ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို စိတ်ထဲမှာသာ ထားခဲ့သည်။ တစ်ခါတစ်ရံ ရှာဖွေရန် သူ ကျွန်တော့်ထံလာသည့်အခါ၊ သူ အလွန်များစွာ နားလည်သွားမည်၊ ကြွားဖို့ရန် ကျွန်တော် မပါဘဲ ပြဿနာများကို သူ သွားဖြေရှင်းမည်ကိုသာ စိုးရွံ့လျက် ကျွန်တော် ကြိတ်မှိတ်ကာ သူ့ကို နည်းနည်းသာ ပြောပြခဲ့သည်။ အားနည်းချက် ကြုံတွေ့နေရသည့် ညီအစ်ကိုမောင်နှမများကို သူ အကူအညီတစ်ခု သွားပေးတော့မည့် အချိန်တစ်ခုကို ကျွန်တော် မှတ်မိသည်။ မှန်ကန်သည့် မိတ်သဟာယမရှိဘဲနှင့် ယင်းက အကျိုးမဖြစ်ထွန်းမည်ကို သူ စိုးရွံ့ခဲ့သည်၊ ထို့ကြောင့် မည်သည့်သမ္မာတရားများအပေါ် အကောင်းဆုံး အာရုံစိုက်ရမည်ဆိုသည်ကို ကျွန်တော်နှင့် တိုင်ပင်ဖို့ လာခဲ့သည်။ သို့သော် ထိုအချိန်က ကျွန်တော့်၏ စဉ်းစားဆင်ခြင်ခြင်းမှာ- ကျွန်တော်သိသမျှကို သူ့ကိုပြောပြခဲ့ပြီး၊ သူက ပြဿနာကို သွားကိုင်တွယ်ဖြေရှင်းမည်ဆိုပါက၊ ညီအစ်ကိုမောင်နှမများက သူ့ကို သေချာပေါက်အထင်ကြီးကြပေမည်၊ သို့ဆိုလျှင် နောက်တစ်ခေါက် မိတ်သဟာယတွင် ကျွန်တော် မည်သည့်အရာကို မျှဝေရမည်နည်း။ ယင်းက သူ့ကို ကျွန်တော့်ထက် ပိုတော်သွားစေမည် မဟုတ်ပါလားဟူ၍ ဖြစ်သည်။ ထို့ကြောင့်၊ ကျွန်တော်က၊ “မဖြစ်ဘူး၊ သူတို့က ငါဟာ ပြဿနာတွေကို ပိုဖြေရှင်းနိုင်စွမ်းရှိတဲ့ သူတစ်ယောက်ဖြစ်မှန်း မြင်နိုင်ဖို့ နောက်တစ်ခေါက် မိတ်သဟာယဖွဲ့ဖို့ ငါ့အတွက် တစ်ခုခုတော့ ချန်ထားမှဖြစ်မယ်” ဟု တွေးမိခဲ့သည်။ ကျွန်တော် အစ်ကိုကျန်းကို အကျဉ်း ခြုံငုံသုံးသပ်ချက်တစ်ခုကိုသာ ပေးခဲ့သော်လည်း၊ အသေးစိတ်များ သို့မဟုတ် တကယ် အရေးကြီးသည့် မည်သည့်အရာကိုမျှ မဖော်ပြခဲ့ပါ။ ကျွန်တော့်၏ တစ်ကိုယ်ကောင်းဆန်မှုကို သိုထားနေခဲ့သကဲ့သို့၊ ကျွန်တော် သိသမျှအရာတိုင်းကို သူနှင့် မမျှဝေချင်ခဲ့သည့်အတွက်၊ ကျွန်တော်တို့ အတူလုပ်သည့် အလုပ်တွင် အစ်ကိုကျန်းကို ကျွန်တော် တမင်ရှောင်ခဲ့ပြီး အမှုအရာများကို အချင်းချင်း ဆွေးနွေးမှု အချိန်မှာ ကျွန်တော်တို့ ဆွေးနွေးလေ့ရှိသည်ထက် သာ၍ နည်းသွားခဲ့သည်။ တစ်ခါတစ်ရံ၊ ကျွန်တော် တကယ်ကို အပြစ်ရှိသလိုခံစားခဲ့ရပြီး၊ “ဒီလိုနဲ့ ငါ့တာဝန်ကို လုပ်နေခြင်းအားဖြင့်၊ ငါက ငါ့ညီအစ်ကိုနဲ့ တွဲဖက်ညီညီ အလုပ်လုပ်နေတာ မဟုတ်သလို၊ အဲဒါက ဘုရားသခင် နှစ်သက်တဲ့ အရာတစ်ခု မဟုတ်ဘူး”ဟု မိမိဘာသာ တွေးမိခဲ့သည်။ သို့သော် ထို့နောက် ကျွန်တော်က၊ “သူငါ့ထက်သာသွားရင် လူတိုင်းက သူ့ကိုအထင်ကြီးကြလိမ့်မယ်” ဟု တွေးမိခဲ့သည်။ ထို့ကြောင့် သမ္မာတရားကို ကျွန်တော် လက်တွေ့မလုပ်ဆောင်ချင်ခဲ့ပါ။ ထိုအချိန်အတောအတွင်းတွင် ထိုသို့သော အလျှော့မပေးသည့် အခြေအနေတစ်ခုတွင် စဉ်ဆက်မပြတ်ရှိခဲ့ပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားက ကျွန်တော့်အပေါ် ရောက်လာခဲ့သည်။ ကျွန်တော့်စိတ်က စဉ်ဆက်မပြတ် ချာချာလည်နေခဲ့သည်။ စုဝေးပွဲများတွင် ကျွန်တော့်၏ မိတ်သဟာယက မည်သည့်အလင်းမျှ မရှိခဲ့သကဲ့သို့၊ ကျွန်တော့် တာဝန်တွင် မည်သည့်အရာကိုမျှ မစွမ်းဆောင်ခဲ့ပါ၊ ပြီးလျှင် ညစဉ် တကယ်ကို စတင်စောစော တစ်မှေးအိပ်ပျော် သွားခဲ့သည်။ ကျွန်တော် ပိုပိုပြီးလည်း စိတ်မသက်မသာ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်က ကျွန်တော့်ထံမှ စွန့်ခွာသွားခဲ့ပြီးဖြစ်သည်ကို ကျွန်တော် သဘောပေါက်ခဲ့ပြီးနောက် ကျွန်တော် ကြောက်လာခဲ့သည်။ ကျွန်တော် ဘုရားသခင်ရှေ့မှောက်သို့ အမြန်လာပြီး ဆုတောင်းခဲ့သည်။ “အို ဘုရားသခင်၊ ကျွန်တော် အလွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒါကို ကိုယ်တော် ရွံရှာစက်ဆုပ်မှန်းသိပေမယ့်၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မတတ်နိုင်ပါဘူး။ အဲဒါတွေကနေ ကိုယ်ကိုယ်ကိုယ် မရှင်းထုတ်နိုင်ပါဘူး။ ဘုရားသခင်၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သဘာဝ၊ အနှစ်သာရနဲ့ပတ်သက်ပြီး ပိုမှန်ကန်တဲ့ သိနားလည်မှုတစ်ခု ရှိလာနိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေတော်မူပါ။”

ကျွန်တော့် ဆုတောင်းချက်ပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤစာပိုဒ်ကိုဖတ်ခဲ့ရပါသည်- “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဟူသကဲ့သို့သော စာတန်၏ အဆိပ်များနှင့် အတွေးအခေါ်များက ကျွန်တော့်၏ တကယ့်သဘာဝ ဖြစ်လာခဲ့ပြီးဖြစ်သောကြောင့်၊ တစ်ကိုယ်ကောင်းဆန်စွာနှင့် စက်ဆုပ်ဖွယ်ကောင်းစွာ ကျွန်တော် မပြုမူဘဲကို မနေနိုင်ဖြစ်ခဲ့သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက ကျွန်တော့်ကို ပြသခဲ့သည်။ ယင်းမှာ လူတို့ အသက်ရှင်သင့်ပုံဖြစ်သည်၊ ယင်းမှာ ကျွန်တော်တို့ မိမိတို့ကိုယ်ကိုယ် ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု တွေးထင်ရင်း၊ ထိုအရာများကို အပြုသဘောဆောင်သော အရာများအဖြစ်၊ အသက်ရှင်နေထိုင်ရန် စည်မျဉ်းများအဖြစ် ကျွန်တော် ခံယူခဲ့ပြီးဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ကျွန်တော် မိမိကိုယ်ကိုယ်သာ တွေးလျက်၊ တိုး၍ တစ်ကိုယ်ကောင်းဆန်ကာ အထင်သေးဖွယ်ဖြစ်လာခဲ့သည်၊ ကျွန်တော်တို့ အတူထမ်းဆောင်သည့် တာဝန်တွင် အကိုကျန်းက ကျွန်တော့်ထက်ပိုတော်သွားမည်ကို ကျွန်တော် အမြဲစိုးရွံ့ခဲ့သည်၊ ထို့ကြောင့်၊ အလုပ်အကြောင်း ကျွန်တော်တို့ စကားပြောသည့်အခါတိုင်းတွင် ကျွန်တော် သိသမျှတိုင်းကို မမျှဝေဘဲ အနည်းအကျဉ်းမျှ လုပ်လျက်၊ ကျွန်တော် ဖော့ပြောခဲ့သည်။ အစ်ကိုကျန်းက သူ၏တာဝန်တွင် ပြဿနာတွေကြုံတွေ့ရပြီး၊ ရှာဖွေခြင်းဖြင့် ကျွန်တော့်ထံ လာသည့်အခါ၊ ကျွန်တော် ပူပန်သည်မှာ ဘုရားသခင်အိမ်တော်၏ အလုပ်မဟုတ်ခဲ့ဘဲ၊ သူ့ကို အရာရာ ကျွန်တော် သင်ပေးခဲ့မည်ဆိုပါက၊ အသင်းတော်တွင် ကျွန်တော် ထင်ပေါ်ဖို့ အခွင့်အရေး ရှိတော့မည်မဟုတ်ဟူ၍ ဖြစ်သည်။ ယင်းမှာ မှန်ကန်သည့် ချဉ်းကပ်မှုမဟုတ်သည်ကို ကျွန်တော် အလွန်ကောင်းစွာ သိခဲ့ချိန်တွင်ပင်၊ သူ့ကိုမကူညီချင်ခဲ့သေးပါ။ ဘုရားသခင်၏ အလိုတော်ကို ထည့်စဉ်းစားခြင်းမှ ဒါမှမဟုတ် ဘုရားသခင်အိမ်တော်၏ အလုပ်ကို ထိန်းသိမ်းဖို့ ကျွန်တော့် တာဝန်ကို ထမ်းဆောင်နေခဲ့ခြင်းမဟုတ်ဘဲ၊ ကျွန်တော့်၏ ကိုယ်ရေးကိုယ်တာ နာမည်နှင့် အဆင့်အတန်းကို လိုက်စားမှုဖြင့် ယင်းကို ကျွန်တော် လုပ်ဆောင်နေခဲ့သည်ကို ကျွန်တော် သိနိုင်ခဲ့သည်။ ယင်းမှာ တကယ်ကို ကျွန်တော်က အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့်တာဝန်တွင် ဆိုးယုတ်သော အဆိပ်များကို မှီခိုအားထားလျက်၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးမင်္ဂလာများကို ကျွန်တော် ရရှိဖို့ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ကျွန်တော်သိသည့်အရာကို အခြား တစ်ဦးတစ်ယောက်အား မသင်ပေးခြင်းအားဖြင့် အသင်းတော်ထဲတွင် ကျွန်တော် အတော်ဆုံးဖြစ်နိုင်မည်ဖြစ်ပြီး၊ အယောက်တိုင်းက လေးစားကြမည်ဟု ထင်ခဲ့သော်လည်း၊ အမှန်တွင် ကျွန်တော် ချုပ်တည်းထားလေ ကျွန်တော့်စိတ်ဝိညာဉ်က ပိုမှောင်မိုက်လေဖြစ်ပြီး၊ ဘုရားသခင်၏ လမ်းပြမှု မရှိလေ ဖြစ်ခဲ့သည်။ ယခင်က ကျွန်တော် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်သည့် အရာကိုပင် မလုပ်နိုင်တော့သည့် အခြေအနေကို ရောက်ခဲ့သည်။ ထို့နောက် သခင်ယေရှု၏ ဤနှုတ်ကပတ်တော်များက စိတ်ထဲရောက်လာခဲ့သည်- “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ယဘုရားသခင်ရဲ့ ယင်းကို ဖြတ်သန်းရခြင်းက ကျွန်တော့်အား ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို တကယ်တန်ဖိုးထားမိစေခဲ့သည်။ ထိုအရာကို ကျွန်တော် ပိုစဉ်းစားကြည့်သည့်အခါ၊ ကျွန်တော့်တာဝန်တွင် ပြဿနာအချို့ကို မြင်နိုင်ခြင်းက လုံးဝ ဘုရားသခင်၏ လမ်းပြမှုနှင့်၊ အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်ခဲ့သည်ကို ကျွန်တော် မြင်ခဲ့သည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုမရှိဘဲနှင့်၊ ကျွန်တော် မျက်စိကန်းခဲ့သည်၊ မည်သည့်အရာကိုမျှ နားမလည်နိုင်ခဲ့သကဲ့သို့၊ မည်သည့်ပြဿနာမျှကို မဖြေရှင်းနိုင်ခဲ့ပါ။ သို့သော် ကျွန်တော်သည် မိမိကိုယ်ကိုယ် အသိ လုံးဝ ကင်းမဲ့နေခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို မိမိကိုယ်ပိုင် အရည်အချင်းအတွက် အရှက်မဲ့စွာ တလွဲယူခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်၏ဂုဏ်အသရေကို လုယူဖို့ ကြိုးစားနေခဲ့လေပြီ မဟုတ်ပါလား။ ဘုရားသခင်သည် လူတို့ နှလုံးသားများနှင့် စိတ်များထဲသို့ မြင်နိုင်ပါသည်။ ကျွန်တော် တစ်ကိုယ်ကောင်းဆန်မြဲဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်မြဲဖြစ်ပါက၊ ဘုရားသခင်၏ ပစ်ပယ်ခြင်းနှင့် ဖယ်ရှင်းခြင်း သေချာပေါက် ခံရမည်ကို ကျွန်တော် သိခဲ့သည်။ ထိုအတွေးဖြင့် “ဘုရားသခင်၊ ကျွန်တော့်ရဲ့တာဝန်မှာ ကျွန်တော် နောက်ထပ် ကိုယ်ကျိုးရှာကာ စက်ဆုပ်ဖွယ် မဖြစ်ချင်တော့ပါဘူး။ ကျွန်တော် အစ်ကိုကျန်းနဲ့ တကယ်ကို ကောင်းကောင်း အလုပ်လုပ်ပြီး ကျွန်တော့်တာဝန်ကို ကောင်းကောင်း လုပ်ဆောင်ချင်ပါတယ်”ဟု ဆိုရင်း၊ ကျွန်တော် ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းဖို့ အမြန်လာခဲ့သည်။

ထို့နောက်တွင်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ခဲ့ရသည်- “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်ကို သင့်ကိုယ်သင် ထုတ်ဖော်ပြီး ဤသည်ကို သတိထားမိလာသောအခါ သမ္မာတရားကို သင်ရှာဖွေသင့်သည်- ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်နှင့်ညီအောင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ လူတိုင်းကို အကျိုးရှိစေရန် ကျွန်ုပ် မည်သို့ပြုမူသင့်သနည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် အကျိုးအမြတ်များကို ဘေးဖယ်ထားပြီး သင်၏ဝိညာဉ်အသက်တာအရ ယင်းတို့ကို တစ်ဖြည်းဖြည်း တစ်ကြိမ်တွင် နည်းနည်းချင်းစီ စွန့်လွှတ်ခြင်းဖြင့် အစပြုရပါမည်။ သင်သည် ဤအရာကို အကြိမ်အနည်းငယ် တွေ့ကြုံပြီးသည့်နောက်၊ ယင်းတို့ကို လုံးလုံးလျားလျား ဘေးဖယ်ထားပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ ထိုသို့ဘေးဖယ်ထားသည်နှင့်အမျှ သင်သည် ပို၍ပို၍ တည်ကြည်ခိုင်မာလာသည်ဟု ခံစားရလိမ့်မည်။ သင်၏ အကျိုးအမြတ်များကို ဘေးဖယ်ထားလေလေ၊ လူသားတစ်ဦးအနေဖြင့် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသင့်သည်ဟု ခံစားရလေလေဖြစ်မည်။ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိဘဲနှင့် သင်သည် ရိုးဖြောင့်သော၊ တည်ကြည်သော လူတစ်ဦးဖြစ်ပြီး သင်သည် ဘုရားသခင်ကို ကျေနပ်စေရန်အလို့ငှာသာ အမှုအရာများကို ပြုလုပ်နေသည်ဟု သင်ခံစားရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့သော အပြုအမူက သင့်ကို ‘လူသား’ဟု ခေါ်ထိုက်စေပြီး ကမ္ဘာမြေပေါ် ဤနည်းအတိုင်း အသက်ရှင်ခြင်းဖြင့် သင်သည် ပွင့်လင်းရိုးသားနေကြောင်း၊ သင်သည် စစ်မှန်သောလူတစ်ဦး ဖြစ်နေကြောင်း၊ သင်၌ ရှင်းလင်းသောအသိစိတ်ရှိပြီး သင့်အပေါ် ဘုရားသခင် နှင်းအပ်ထားသော အရာများအားလုံးနှင့် ထိုက်တန်ကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤကဲ့သို့ ပို၍အသက်ရှင်လေ၊ ပို၍တည်ကြည်ခိုင်မာပြီး ပို၍ထက်မြက်သည်ဟု သင်ခံစားရလေ ဖြစ်မည်။ ထိုသို့ဆိုသော် သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ခြေချထားပြီးဖြစ်မည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဤအရာကို ဖတ်ပြီးသည့်နောက်တွင်၊ ကျွန်တော့်တာဝန်ကို ကောင်းစွာ လုပ်ဆောင်ချင်ပါက၊ ဘုရားသခင့် အိမ်တော်၏ အလုပ်ကို မည်သို့ထိန်းသိမ်းရမည်၊ ကျွန်တော့်တာဝန်ကို မည်သို့ အစွမ်းကုန် လုပ်ဆောင်ရမည်ဆိုသည်နှင့်၊ ယင်းကို အဆုံးစွန် တာဝန်သိတတ်မှုဖြင့် မည်သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို ပထမဦးစွာ စဉ်စားရမည်ဆိုသည်ကို ကျွန်တော် နားလည်ခဲ့သည်။ ဘုရားသခင်၏ အာရုံစိုက်မှုက ကျွန်တော်တို့ တာဝန်ထဲရှိ ကျွန်တော်တို့၏ စိတ်သဘောထား ဖြစ်သည်။ သူ၏ မျှော်လင့်ချက်မှာ သူ့ကိုစစ်မှန်သည့် နှလုံးသားဖြင့် ကျွန်တော်တို့ ရင်ဆိုင်ဖို့၊ ကျွန်တော်တို့၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရာတွင် ကျွန်တော်တို့ အစွမ်းကုန်လုပ်ဆောင်ဖို့နှင့် အသိစိတ်နှင့် လူသားသဘာဝရှိသည့် လူများ ကျွန်တော်တို့ ဖြစ်လာကြဖို့ ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်သွားသည်နှင့်၊ ကျွန်တော့်၏ တစ်ကိုယ်ကောင်းဆန်မှုကို လက်လွှတ်ပြီး ကျွန်တော့်၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကို ရပ်ဖို့ ကျွန်တော် အဆင်သင့်ဖြစ်သကဲ့သို့၊ အသင်းတော်နှင့် ကျွန်တော့် ညီအစ်ကိုမောင်နှမများ၏ ဘဝများကို အကျိုးရှိစေသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်သည်ကို သူ့အား ပြောဆိုရင်း၊ ကျွန်တော့် စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခု ဆိုခဲ့သည်။ ထို့နောက်တွင်၊ ကျွန်တော် သွားပြီး ကျွန်တော့်၏ တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်ဖွယ်ဖြစ်ပြီး လှည့်ဖြားတတ်သည့် ရည်ရွယ်ချက်များကို သူ့အား ပြောပြရင်း အစ်ကိုကျန်းနှင့် ကျွန်တော် စကားပြောခဲ့သည်။ ကျွန်တော်တို့ အလုပ်ရှိ ပြဿနာများနှင့် အပြစ်အနာအဆာများနှင့်ပတ်သက်၍ သမ္မာတရားကိုလည်း အတူတကွ ရှာဖွေခဲ့ကြပြီး၊ ထိန်ချန်ထားခြင်းရှိဘဲ ကျွန်တော်သိသမျှတိုင်းနှင့်ပတ်သက်၍ မိတ်သဟာယ မျှဝေခဲ့သည်။ ထိုနည်းဖြင့် ကျွန်တော် လက်တွေ့လုပ်ဆောင်သည့်အခါ၊ ငြိမ်သက်ခြင်း ခံစားချက်တစ်ခု ကျွန်တော် တွေ့ကြုံခဲ့ရသည်။ ထိုသို့သော လူစားမျိုးဖြစ်ဖို့၊ ပွင့်လင်းပြီး ရိုးသားဖို့ မည်မျှကောင်းသည်ကို ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော့်၏ အခြေအနေ တဖြည်းဖြည်း စတင်တိုးတက်ခဲ့ပြီး၊ ကျွန်တော့် တာဝန်တွင် ရလဒ်အချို့ စတင်တွေ့ခဲ့ရသည်။ တစ်ခါတစ်ရံ ကျွန်တော့်၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် အတွေး ရှိခဲ့ဆဲဖြစ်သော်လည်း၊ ယင်းက ဘုရားသခင်အား မည်မျှ စက်ဆုပ်စေသည်ကို တွေးမိလိုက်သည်နှင့်၊ ကျွန်တော် ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် လာခဲ့သည်၊ ကျွန်တော့်၏ မမှန်ကန်သည့် အတွေးကို စွန့်လွှတ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည်။

ထိုအတွေ့အကြုံကို ကြုံရပြီးနောက်၊ ဆိုးယုတ်သော စိတ်သဘောထားများနှင့် စာတန်၏ အဆိပ်များကို အမှီပြုလျက် ကျွန်တော်တို့ တာဝန်ကို လုပ်ဆောင်ခြင်းက ကျွန်တော်တို့ကို သာ၍ တစ်ကိုယ်ကောင်းဆန်စေနိုင်သည်၊ စက်ဆုပ်ဖွယ်ဖြစ်စေနိုင်ပြီး ကိုယ်ကျိုးရှာဖို့သာ ပိုဖြစ်စေနိုင်သည်ကို ကျွန်တော် တကယ်ခံစားခဲ့ရသည်။ မိမိတို့ကိုယ်ကိုယ် နာကျင်စေရုံသာမက၊ အခြားသူများနှင့်လည်း ကောင်းစွာ အလုပ်မလုပ်နိုင်ဖြစ်လာစေလျက်၊ လူသား သဏ္ဍာန်အားလုံးကို ကျွန်တော်တို့ ဆုံးရှုံးမည် ဖြစ်သည်။ ထို့အပြင်၊ ယင်းက ဘုရားသခင်အိမ်တော်၏ အလုပ်ကို ထိခိုက်စေရုံသာ ထိခိုက်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ရိုးသားသော လူတစ်ဦးအဖြစ် သမ္မာတရားကို ကျွန်တော် လက်တွေ့လုပ်ဆောင်ကာ မိမိ၏ အကျိုးစီးပွညးများအတွက် မကြံစည်တော့သည့်အခါ၊ ကျွန်တော့် တာဝန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုတို့ ရှိခဲ့ပြီး၊ အတွင်း ငြိမ်သက်ခြင်း ကျွန်တော် ခံစားခဲ့ရသည်။ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်ပါသည်။ ကျွန်တော့်၏ ဆိုးယုတ်သော စိတ်သဘောထားများနှင့်ဆိုင်သည့် သိနားလည်မှု အနည်းငယ် ကျွန်တော့်ကို ပေးခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ ဖြစ်ခဲ့ပြီး၊ နောက်ဆုံးတွင် သမ္မာတရားအနည်းငယ်ကို ကျွန်တော် လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပြီး လူသားသဏ္ဍာန်အချို့ကို အသက်ရှင်နေထိုင်နိုင်ခဲ့ပါသည်။

အရှေ့သို့- ၄၂။ မနာလိုခြင်းကင်းသော စိတ်ပေါ့ပါးမှု

နောက်တစ်ခုသို့- ၄၄။ နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အမှန်အတိုင်းမြင်နိုင်ခဲ့ပြီဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။