အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၄။ အမှုတော်၌ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှု

မီကျယ်၊ ရှန်ဒုံစီရင်စု

အသင်းတော်သည် ရာထူးနေရာအားလုံးတွင်ရှိသည့် အသင်းတော်ခေါင်းဆောင်များကို တွဲဖက်တစ်ယောက်စီ ရှာစေသည့် အလုပ်အစီအစဉ်တစ်ခု ထုတ်ပြန်ခဲ့သည်။ (လုပ်ဖော်ကိုင်ဖက်တစ်ဦးက အသင်းတော်ခေါင်းဆောင်များ နှင့်တွဲဖက် လုပ်ဆောင်ရန်)။ ထိုအချိန်၌ ထိုအမှုအရာသည် ကောင်းမွန်သော အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ကျွန်မတွေးမိသည်။ ကျွန်မသည် အရည်အချင်း နည်းပါးသူတစ်ဦးဖြစ်သည့်အတွက် အသင်းတော်ဆိုင်ရာလုပ်ငန်း အမျိုးမျိုးကို ပြီးစီးဖို့ရန် ကျွန်မကိုကူညီမည့်သူ လုပ်ဖော်ကိုင်ဖက်တစ်ဦး အမှန်တကယ် လိုအပ်နေသည်။

ထို့ကြောင့် ကျွန်မနှင့် ကျွန်မ၏ တွဲဖက်ဖြစ်လာသော အစ်မသည် အသင်းတော်တွင် အမှုတော်ဆိုင်ရာ အလုပ်တို့ကို အတူတကွ စတင်လုပ်ဆောင်ခဲ့ကြသည်။ သူသည် ကျွန်မလိုလားသည့်အတိုင်း အရာရာကိုလုပ်ဆောင် ခြင်းမရှိ သည်ကို ကျွန်မတဖြည်းဖြည်းနားလည်လာရပြီး ကျွန်မစိတ်ထဲတွင် စတင်ပြီးအတားအဆီး ဖြစ်လာသည်။ “ငါ ကိုယ့်ဖာသာလုပ်ရတုန်းက နည်းနည်းအလုပ်ပိုရှုပ်ပေမဲ့ အသင်းတော်အလုပ်တွေအားလုံးကို ကိုင်တွယ်နိုင်သေးတယ်။ ဒီအချိန်မှာ တွဲဖက်တစ်ယောက်စီစဉ်တာက အဆင်မပြေဘူး။ သူ့ကို အလုပ်နည်းနည်း ပေးလုပ်ခိုင်းပြီး မပြည့်စုံဘူးဆိုရင် ကိုယ့်ဖာသာပဲလုပ်မှာပေါ့။ ငါ သူ့ကို အလုပ်ပေးမလုပ်ရင်၊ အင်း သူက ငါ့တွဲဖက်ပဲ။ တချို့အလုပ်တွေတော့ ဝင်ပါခိုင်းသင့်ပါတယ်လေ။” ထိုသို့ဖြင့် ကျွန်မ စိတ်ထဲတွင် ပိုပိုပြီး အတားအဆီးဖြစ်လာသည်။ တစ်ကြိမ်တစ်ခါ၌ သူမသည် တစ်စုံတစ်ရာကို ကျွန်မလုပ်ဆောင် စေလိုသည့်အတိုင်း မဟုတ်ဘဲ လုပ်ဆောင်သောအခါ ကျွန်မသည် မိမိကိုယ်ကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်လျက် သူ့အပေါ် အမျက် ထွက်မိလေသည်။ “နင်ဘာဖြစ်တာလဲ။ နင်နှစ်ပေါင်းများစွာ ခေါင်းဆောင် ဖြစ်လာတာလေ၊ ဘယ်လို လုပ်ပြီး ဒီအလုပ်သေးသေးလေးကိုတောင် ကောင်းကောင်းမလုပ်နိုင်တာလဲ။ အခုနောက်ပိုင်းသုံးလေးခါလောက်မှာ နင့်ကို ပြောလို့မရတာ ဘယ်လိုဖြစ်တာလဲ။ နင်က နားကိုမလည်တာလား” ။ထိုသို့ပြုပြီး နောက် ကျွန်မစိတ်မကောင်းဖြစ်ပြီး စိတ်မသိုးမသန့်ဖြစ်လေသည်။ “ငါ့ရဲ့ဒေါသကို မထိန်းနိုင်ဘဲ ဘယ်လိုလုပ်ပြီး ပေါက်ကွဲမိတာလဲ။ ငါ့ဘက်က တစ်ခုခုလွဲနေပြီလား။” ဟူ၍ မိမိကိုယ်ကိုတွေးလေသည်။ ထိုသို့ဖြင့် ကျွန်မသည် အဖြေရှာဖို့အတွက် ဘုရားသခင်ရှေ့တော်မှောက်သို့လာပြီး ဘုရားသခင်၏နှုတ်တော်ထွက် တရားကို တွေ့ရှိလေသည်။ “ယနေ့ခေတ်တွင် သင်တို့သည် အချင်းချင်းသဟဇာတဖြစ်စွာ အတူတကွ လက်တွဲလုပ်ဆောင်မည်ဆိုပါက ဣသရေလလူမျိုးတို့ ယေဟောဝါကို အလုပ်အကျွေး ပြုသကဲ့သို့ပင် ဖြစ်လိမ့်မည်။ သို့မဟုတ်လျှင် သင်တို့၏ အစေခံခြင်း အဆုံးသတ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အလုပ်အကျွေးပြုသူဖြစ်သောကြောင့် သင်တို့သည် အနည်းဆုံးတော့ သစ္စာရှိပြီးနာခံနိုင်သူ ဖြစ်ရမည်၊ သင်ခန်းစာများကို လက်တွေ့ကျကျ သင်ယူနိုင်ရပေမည်။...ထိုကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးကိုတောင် မလေ့လာကြဘဲ သင်တို့သည် ဘုရားသခင်ကို အလုပ်အကျွေးပြုဖို့ပြောနေကြသေးသည်။...ဘုရားကျောင်းတွင် ညှိနှိုင်းလုပ်ဆောင်သူများက အချင်းချင်းဆက်သွယ်ပြီး တစ်ယောက်အားနည်းချက်ကို တစ်ယောက်ဖာထေးကာ အပြန်အလှန် သင်ယူခြင်းမရှိလျှင် သင်ခန်းစာများကို သင်တို့ မည်သည့်နေရာမှ သင်ယူပါမည်နည်း။ တစ်ခုခုတွေ့ကြုံပါက အချင်းချင်းမိတ်ဆွေဖွဲ့ကာ သင်တို့ဘဝအတွက်ကောင်းကျိုးကို ရှာဖွေနိုင်ပါသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားတို့ကဲ့သို့ အစေခံခြင်း”) ပြီးနောက်တွင် ဤအရာကို ဒေသနာတစ်ပုဒ်တွင် တွေ့ရှိလေသည်။ “လူတချို့သည် မိမိတို့၏တာဝန်ကို အကောင်အထည်ဖော်ရာတွင် မည်သူနှင့်မျှမပူးပေါင်းနိုင်သော သူများရှိသည်။ ထိုသူတို့ကို မည်သူမျှမချဉ်းကပ်နိုင်ပေ။ ယင်းသည် သူတို့၏မောက်မာခြင်းနှင့်ဘဝင်မြင့်ခြင်းကို ဖော်ပြသည်။ သူတို့၌ မည်သည့်သနားကြင်နာခြင်းနှင့် အသိတရားမျှမရှိသည့်အပြင် မိမိတို့ကိုယ်ကို သတိပြုမိခြင်း မရှိကြပေ။ အခြားသူများကို အထင်အမြင်သေးတတ် ကြသည်။ ထိုအဖြစ်သည် သနားစရာကောင်းသည် မဟုတ်လော။ ထိုသို့သော ပင်ကိုစိတ်သဘောထားရှိသောလူတို့သည် အသက်တာမပြောင်းလဲတတ်ကြသလို ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်မလားဆိုသည်ကို ပြောဆိုဖို့ရန်ပင် ခက်ခဲလှသည်။ မိမိကိုယ်ကို အမှန်သိမြင်သောသူတို့သည် အပြစ်မြင်ခြင်းများစွာ မရှိဘဲ အခြားသူများကို မှန်မှန်ကန်ကန်ပြုမူဆက်ဆံနိုင်ကြသည်။ သူတို့သည် အခြားသူများကို စိတ်ရှည်လက်ရှည် ကူညီဖေးမနိုင်ပြီး ထိုသူတို့အား ချစ်ခင်မြတ်နိုးဖွယ်ကောင်းသော သူများဖြစ်သည်ဟု ခံစားလာအောင်ပြုတတ် ကြသည်။ သူတို့သည် အခြားသူများနှင့်လည်း မှန်ကန်သင့်လျော်သော ဆက်ဆံမှုရှိနိုင်သည်။ သူတို့သည် သနားကြင်နာတတ်သူများဖြစ်ပြီး သနားကြင်နာတတ်သူများသာလျှင် ဘုရားသခင်အတွက် ကိုးကွယ်ဆည်းကပ်မှု ရှိကာ အခြားသူများနှင့် သဟဇာတရှိစွာအသက်ရှင်နိုင်သည်သာမက သူတို့၏တာဝန်ကို ပြည့်ပြည့်ဝဝပြီးစီး တတ်ကြသည်” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ) ထိုသို့သော ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဤဒေသနာအားဖြင့် ရာထူးနေရာအားလုံးတွင်ရှိသည့် အသင်းတော် ခေါင်းဆောင်များကို တွဲဖက်တစ်ယောက်စီရှာစေသည့် လုပ်ငန်းအစီအစဉ်ထဲတွင် ဘုရားသခင်၏အလိုတော်ကို ကျွန်မနားမလည်ခဲ့ကြောင်း နောက်ဆုံး၌ ကျွန်မ တွေ့မြင်လေသည်။ ထိုနောက်မှသာ ကျွန်မစိတ်နှလုံးငြိမ်လာပြီး ထိုအမှုကို သေချာစွာတွေးဆလေသည်။ အမှန်တကယ်တွင် လုပ်ငန်းအစီအစဉ်ထဲမှ ဤလိုအပ်ချက်သည် ကျွန်မ၏အရည်အချင်းနှင့်အတွေ့အကြုံ နည်းပါးမှုကြောင့်သာမကပဲ သမ္မာတရားကို ကဏ္ဍပေါင်းစုံမှ နားလည်သဘောပေါက်ခြင်း အားနည်းမှုကြောင့် ဖြစ်သည်။ကျွန်မတို့သည် အသင်း၏လုပ်ငန်း ကဏ္ဍအားလုံးကို မိမိတို့ကိုယ်ပိုင်အဖြစ် ယူဆောင်၍မရပေ။ သို့ဖြစ်၍ လုပ်ဖော်ကိုင်ဖက်၏အကူအညီအားဖြင့် အသင်းတော်၏အလုပ် ကဏ္ဍပေါင်းစုံကို သာ၍ကောင်းမွန်စွာ ထမ်းဆောင်ခြင်းငှာ မိမိတို့၏အားနည်းချက်များကို ဖြည့်ဆည်းဖို့အတွက် အချင်းချင်း၏အားသာချက်များကို သင်ယူနိုင်မည်ဖြစ်သည်။ နောက်တစ်မျိုးကား ကျွန်မတို့၏ သဘောသဘာဝသည် အလွန်မောက်မာပြီး ဩဇာအာဏာကို လိုလားကာ အရာရာ၌ အမြင့်ဆုံးအာဏာကို ရလိုတတ်ကြသည်။ အသင်းတော်၏အလုပ်ကိုထိခိုက်စေနိုင်သည့် ဤကဲ့သို့ တစ်ချက်လွှတ်အာဏာဆန်ဆန်၊ မစဉ်းမစား၊ မဆင်မခြင်လုပ်ဆောင်မှုတို့ကို တွဲဖက်တစ်ယောက်၏ ကြီးကြပ်မှု၊ ထိန်းချုပ်မှုတို့ဖြင့် ရှောင်ကြဉ်နိုင်ပါသည်။ ကျွန်မတို့သည် မှန်ကန်သောလူ့သဘောဖြင့် သမ္မာတရားထဲသို့ဝင်ရောက်လျှင် သာ၍ ကောင်းသောစွမ်းဆောင်မှုကိုပြုနိုင်သည်။ တူညီသောခြေလှမ်း၌ ရပ်တည်နိုင်ရန် လည်းကောင်း၊ နားလည်မှု အပြန်အလှန်ရရှိခြင်းငှာ သမ္မာတရား၌ မည်ကဲ့သို့မိတ်သဟာယဖွဲ့ရမည်ကိုလည်းကောင်း၊ သမ္မာတရားအတွက် ဆက်ကပ်နိုင်စေရန်လည်းကောင်း သင်ယူ နိုင်သည်။ ထိုအခါမှသာ အသင်းတော်လုပ်ငန်းနှင့်မိမိတို့၏ကိုယ်တိုင် အသက်တာအတွက် ကျွန်မတို့အလုပ်၌ သဟဇာတရှိစွာပူးပေါင်းခြင်းသည် အလွန်အရေးပါကြောင်းကို ကျွန်မ သိမြင်ခဲ့ရသည်။ သို့သော် ဤအမှုအရာအားလုံး၌ ဘုရားသခင်၏အလိုတော်ကို ကျွန်မလုံးဝမရှာဖွေခဲ့ပေ။ လုပ်ငန်းထဲတွင် ပူးပေါင်းခြင်းအားဖြင့် ကျွန်မသင်ယူနိုင်သောလက်တွေ့သင်ခန်းစာများကို ဂရုမစိုက်မိခဲ့ပေ။ ကျွန်မသည် အသင်းတော်၏အစီအစဉ်ကြောင့်သာ သူနှင့်အတူ စိတ်မပါစွာလုပ်ဆောင်ခဲ့ရသည်။ အနည်းငယ်သော အမှုကိစ္စများကို သူကောင်းကောင်း မကိုင်တွယ်နိုင်သည်နှင့်တပြိုက်နက် သူ့ကို ဆူပြီး ဒေါသထွက်မိလေတော့သည်။ ကျွန်မသည် မိမိ၏အားသာချက်များကို သူမ၏အားနည်းချက်များနှင့် အမြဲနှိုင်းယှဉ်ပြီး သူမသည် မိမိကဲ့သို့ မစွမ်းဆောင်နိုင်ဟူ၍ စိတ်ထဲခံစားလျက်နေတတ်သည်။ ကျွန်မသည် သူ၏အားသာချက်များနှင့် ကောင်းကွက်များ ကိုမတွေ့မြင်တတ်ပေ။ အသင်းတော်၏အစီအစဉ်ကိုပင် ကျွန်မဆန့်ကျင်လာသည်။ ကျွန်မသည် အမှန်တကယ်ပင် အလွန်မောက်မာပြီး မိမိကိုယ်ကိုသတိမမူဘဲ သနားကြင်နာမှုနှင့်ဆင်ခြင်တုံတရားတို့သည် ကျွန်မ၌ အနည်းငယ်မျှပင် မရှိပေ။ ကျွန်မ၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်ဆိုင်သည့်နှလုံးသား လုံးဝမရှိသလို ဘုရားသခင်၏ ကျေးဇူးတော် သည်လည်းကောင်း၊ ဘုရားသခင်၏ချီးမြှောက်ခြင်းသည်လည်းကောင်း ကျွန်မနှင့် မထိုက်တန်ပေ။

ထိုအရာများကို နားလည်ပြီးနောက် ဘုရားသခင်ထံသို့ ကျွန်မဤသို့ဆုတောင်းပါသည်။ “အို ဘုရားသခင် အခြားလူများနှင့် သင့်တင့်လိုက်ဖက်စွာ ပူးတွဲလုပ်ဆောင်ရန်အတွက် ကျွန်မ မစွမ်းဆောင်နိုင်ခြင်းကို သိမြင်စေတဲ့၊ ကိုယ်တော်အတွက် ကျွန်မ အမှုတော်ထမ်းဆောင်ရာမှာ ကျွန်မရဲ့ မာနကြီးပြီး သနားစရာကောင်းတဲ့အချက်ကို သိမြင်စေတဲ့ ကိုယ်တော်ရဲ့ဖွင့်ပြခြင်းအတွက် ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ယနေ့မှစ၍ ကိုယ်တော့် ကို ကြောက်ရွံ့သော နှလုံးသားအားစောင့်ထိန်းရန် ကျွန်မလိုလားပါ၏။ မိမိကိုယ်ကို မမြှောက်ပင့်တော့ဘဲ အသင်းတော်၏ လိုလားချက်အပေါ် အာရုံစိုက်ပါမည်။ လုပ်ငန်း၌ ကျွန်မ၏အစ်မနှင့် ပူးပေါင်းရာတွင် သူ့ကိုဖေးမလျက် သူ့ထံမှ သင်ယူပါမည်။ မိမိကိုယ်တိုင်၏အသက်တာကို အာရုံစိုက်လျက် သမ္မာတရားနှင့် သနားကြင်နာခြင်း၌ မွေ့လျော်သော သူဖြစ်လာရန် ရှာဖွေကာ ကိုယ်တော်၏နှလုံးတော်ကို ကျေနပ်အားရစေခြင်းငှာ မိမိ၏တာဝန်ကို အကောင်းဆုံး လုပ်ဆောင်ပါမည်။”

ယခင်က:မာနထောင်လွှားမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်

နောက်တစ်ခုသို့:ဤသည်မှာ စစ်မှန်သော လူကောင်းတစ်ယောက် ဖြစ်သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ