အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၃။ ဂျုံစပါးနှင့် တောပင်တို့ကြား ခြားနားချက်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါပြောခဲ့သကဲ့သို့ စာတန်သည် ငါ၏စီမံခန့်ခွဲမှုကို ကြားဝင်နှောက်ယှက်ရန် ငါ့ကိုအစေခံသူတို့ကို စေလွှတ်လေသည်။ ဤအစေခံသူတို့သည် မြက်ပင်များဖြစ်ကြပြီး ဂျုံကလည်း သားဦးများကို မရည်ညွှန်းပေ။ သို့သော်လည်း သားများအားလုံးနှင့် သားဦးမဟုတ်သောလူများကို ရည်ညွှန်းသည်။ “ဂျုံသည် ဂျုံသာ အမြဲတမ်း ဖြစ်နေမည်။ မြက်ပင်သည်လည်း မြက်ပင်သာ အမြဲတမ်းဖြစ်နေမည်။” ဆိုလိုသည်မှာ စာတန်၏လူများ၏ သဘောသဘာ၀သည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် အတိုချုပ်ပြောရလျှင် ထိုသူတို့သည် စာတန်ကဲ့သို့ ရှိရင်းအတိုင်းရှိနေကြသည်။ ဂျုံက သားများနှင့်လူများကို ဆိုလိုသည်။ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကိုမဖန်ဆင်းမီ ငါသည် ဤလူတို့၌ ငါ၏လက္ခဏာ ထည့်ထား၍ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂျုံသည် အမြဲတမ်းဂျုံသာဖြစ်နေလိမ့်မည်ဟု ယခင်ကပြောခဲ့သည့်အတိုင်း လူ့သဘာ၀သည် ပြောင်းလဲမှုမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သူတို့ မည်သို့ပင် ကြိုးစားစေကာမူ၊ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သစ္စာခံထားသည့် ထိုသူတို့သည် ပြောင်းလဲသွားခြင်း မရှိပေ။ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော ထိုသူများမူကား၊ ဘုရားသခင်၏ အလုပ်သည် သူတို့ဇာတိခန္ဓာအတွက် အကျိုးမပြုသည်နှင့် ဘုရားသခင်အပေါ် သူတို့၏အမြင်ကို ပြောင်းလဲကြပြီးနောက်၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြသည်။ ဘုရားသခင်၏ ကောင်းချီးများကိုသာ ရှာဖွေပြီး ဘုရားသခင်အဘို့ အသုံးခံရန်နှင့် သူ့ထံတွင် သူတို့ကိုယ်သူတို့ ဆက်ကပ်ရန် ဆန္ဒမရှိသူတို့သည်၊ အဆုံးသတ်တွင် မားမားမတ်မတ် မရပ်နိုင်မည့်လူများ ဖြစ်ကြသည်။ ဘုရားသခင်၏အလုပ် အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင်၊ ထိုကဲ့သို့ ယုတ်ညံ့သော သူများသည် နှင်ထုတ်ခံရမည်ဖြစ်ပြီး၊ စာနာထောက်ထားခြင်းလည်း တစ်စက်မျှ မထိုက်တန်သူများ ဖြစ်ကြသည်။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် မချစ်နိုင်ကြပေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် သူတို့ အကျိုးအမြတ် ရရှိနိုင်သည့်အခါတွင် သူတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြပါသော်လည်း၊ သူတို့လိုအင်သည် အပေးအယူရှိပြီး သို့မဟုတ် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ သူတို့ချက်ချင်းပင် ပုန်ကန်ကြသည်။ တစ်ညတာ အချိန်အတွင်းလေးတွင်ပင်၊ သူတို့သည် ပြုံးရွှင်နေသည့် “စိတ်နှလုံးကောင်း” ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးသော ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမား အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ယုတ္တိမရှိ သို့မဟုတ် အကြောင်းပြချက်မရှိဘဲ၊ မနေ့က သူတို့၏ ကျေးဇူးရှင်အဖြစ် ဆက်ဆံသူကို ရုတ်တရက်ပင် သူတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ဆက်ဆံသည်။ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်သည့် ဤနတ်ဆိုးများကို မနှင်ထုတ်လျှင်၊ သူတို့သည် နောက်ထပ် ဝေဒနာခံစားရစေမည့် အရင်းအမြစ်ဖြစ်လာမည် မဟုတ်လော။...ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက်သူများသည် သူတို့အလုပ်၏ စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာမူ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံနိုင်စွမ်းရည် မရှိကြပေ။ အနှေးနှင့်အမြန်ပင် သူတို့သည် ထုတ်ပယ်ခြင်း ခံရကြလိမ့်မည်။ ထိုအချိန်တွင် အောင်နိုင်သူများက နိုင်ငံတော်တွင် တည်ရှိနေလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ သို့မဟုတ် မရှာဖွေသည်ကို သူ့အလုပ်၏ စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စစ်ဆေးမှုများဖြင့် ဆုံးဖြတ်ပေးပြီး လူက မိမိကိုယ်တိုင် ချမှတ်သည့် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည့် လူသားကို အကြွင်းမဲ့ လက်ခံယုံကြည်လာအောင် ပြုနိုင်စွမ်းရှိသည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားက မယုံကြည်နိုင်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ပါ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ သို့မဟုတ် မမှန်သည်ကို အချက်အလက်များအားဖြင့် သက်သေပြသည်၊ ယင်းကို လူသားအနေဖြင့် မဆုံးဖြတ်နိုင်ပါ။ “ဂျုံစပါးပင်ကို ပေါင်းပင်ဖြစ်အောင် မပြုလုပ်နိုင်သကဲ့သို့၊ ပေါင်းပင်များကိုလည်း ဂျုံစပါးပင်ဖြစ်အောင် မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်အတွင်း တည်ရှိနေလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို နှိပ်စက်မည် မဟုတ်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

လူ့ဇာတိခံယူသော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုသော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံခြင်း၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသောသူမှန်သမျှသည် အဆုံးတွင် ဖယ်ရှားခံရပြီး ဖျက်ဆီးခံရလိမ့်မည်၊ ထို့ပြင် မြင်တွေ့နိုင်သော ဘုရားသခင်ကို နှုတ်အားဖြင့် အသိအမှတ်ပြုပြီး မြင်တွေ့နိုင်သော ဘုရားသခင်ဖော်ပြသည့် သမ္မာတရားကိုပါ စားသောက်သော်လည်း မရေရာ၍ မမြင်တွေ့နိုင်သော ဘုရားသခင်ကို ရှာဖွေသောသူမှန်သမျှသည် အနာဂတ်တွင် သာ၍ပင် ဖျက်ဆီးခြင်းကို ခံကြရမည်။ ဘုရားသခင်၏အမှု ပြီးစီးသည့်နောက် အနားယူခြင်း အချိန်ရောက်သည်အထိ ထိုသူတို့အထဲမှ မည်သူမျှ ကျန်ရှိနိုင်မည်မဟုတ်ပေ၊ အနားယူခြင်း အချိန်အထိ ကျန်ရှိမည့် ထိုသူများနှင့်တူသူ မည်သူမျှ မရှိနိုင်ပေ။ ဆိုးသွမ်းသော သူတို့သည် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများဖြစ်ကြသည်၊ သူတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့် မနာခံခြင်းဖြစ်သည်၊ ထို့ပြင် သူတို့တွင် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက်များ စိုးစဉ်းမျှ မရှိကြပေ။ ထိုသို့သော လူများအားလုံးသည် ဖျက်ဆီးခံကြရလိမ့်မည်။ သင့်တွင် သမ္မာတရား ရှိမရှိနှင့် သင်သည် ဘုရားသခင်ကို ခုခံခြင်းရှိမရှိတို့ကို သင်၏သွင်ပြင် သို့မဟုတ် သင်၏ အခါအားလျော်စွာ ပြောဆိုပြုမူမှုများအပေါ် မူတည်ဆုံးဖြတ်ခြင်း မဟုတ်ဘဲ သင်၏ အနှစ်သာရပေါ်တွင် ဆုံးဖြတ်သည်။ လူပုဂ္ဂိုလ်တိုင်း၏ အနှစ်သာရသည် ထိုသူတို့ ဖျက်ဆီးခြင်း ခံရမည် မခံရမည်ကို အဆုံးအဖြတ်ပေးသည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်မှုနှင့် သူတို့၏ သမ္မာတရားအပေါ် လိုက်လျှောက်မှုအားဖြင့် ဖော်ထုတ်ခံရသည့် အနှစ်သာရအရ ဆုံးဖြတ်ခြင်းဖြစ်သည်။ တစ်ပုံစံတည်း အလုပ်လုပ်ပြီး တူညီသောအလုပ်ပမာဏများကိုလည်း လုပ်သည့် လူများအကြားတွင် လူသားအနှစ်သာရ ကောင်းမွန်သောလူများနှင့် သမ္မာတရားကို ပိုင်ဆိုင်သောလူများသည် ကျန်ရစ်မည့်သူများဖြစ်သော်လည်း လူသားအနှစ်သာရ မကောင်းသူများနှင့် မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်သည်။ လူသား၏ ခရီးပန်းတိုင်ကို ရည်စူးထားသော ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနှစ်သာရအပေါ်မူတည်၍ လူသားတို့နှင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းသည်။ မတော်တဆဖြစ်ခြင်းများ ရှိမည်မဟုတ်ဘဲ အနည်းငယ် မှားယွင်းမှုလည်း လုံးဝရှိမည် မဟုတ်ပေ။ လူတစ်ဦးသည် အလုပ်ကို လုပ်ဆောင်သော အခါမှသာ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောပါဝင်လာမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် အသင့်လျော်ဆုံးဖြစ်သည်။ သူသည် မည်သည့်ဖန်ဆင်းခံသတ္တဝါကိုမျှ မှားယွင်းစွာ တောင်းဆိုမည် မဟုတ်သည်မှာ သေချာပေသည်။ ယခုအခါတွင် လူသားတို့၏ အနာဂတ် ခရီးပန်းတိုင်ကို သိမြင်နိုင်ခြင်းမရှိသော လူများစွာရှိနေပြီး ငါပြောသော နှုတ်ကပတ်တော်များကိုလည်း မယုံကြည်ကြသောသူ များစွာရှိနေ၏။ မယုံကြည်သော လူအားလုံးတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမရှိသော သူတို့နှင့်အတူ နတ်ဆိုးများ ဖြစ်ကြသည်။

ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ယခုအခါ မတူညီသော လူနှစ်မျိုးဖြစ်ကြပြီး သူတို့သည် မတူညီသော ခရီးပန်းတိုင်များနှင့် လူနှစ်မျိုးနှစ်စားဖြစ်ကြသည်။ သမ္မာတရား၏ အသိပညာကို ရှာဖွေပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးသူတို့သည် ဘုရားသခင်ကယ်တင်မည့်သူများ ဖြစ်ကြသည်။ မှန်သောလမ်းကို မသိသောသူတို့သည် နတ်ဆိုးများနှင့် ရန်သူများဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တမန်မင်းမှ ဆင်းသက်လာသူများဖြစ်ပြီး ဖျက်ဆီးခြင်း ခံကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ကယ်တင်ခြင်းကို ရရှိသောသူတို့တွင် ထုတ်ဖော်ပြသည့် အဓိက သရုပ်သကန်များမှာ ဤသို့ ဖြစ်သည်။ ၎င်းတို့သည် ကိုယ်ပိုင် နှစ်သက်လိုလားမှုများရှိသော်လည်း၊ ဘုရားသခင်၏ အမှုတော်ကို နာခံနိုင်ကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သည့်နေရာသို့ ဦးဆောင်ပါစေ၊ ၎င်းတို့က လိုက်ကြလေသည်။ အစေခံသူတို့၏ စမ်းသပ်ခံရခြင်းများကြားတွင် ဖြစ်စေ၊ သေခြင်း၊ ပြစ်တင်ဆုံးမခြင်း အချိန်များတွင်ဖြစ်စေ၊ သို့မဟုတ် ကြီးမားသော ဆင်းရဲဒုက္ခကြားတွင် ဖြစ်စေ၊ ဤအရာအားလုံးထဲတွင် ၎င်းတို့သည် အိုးနင်းခွက်နင်း မဖြစ်ကြသလို၊ ဟန်ဆောင် ဖြတ်သန်းခြင်းလည်း မရှိကြချေ။ အခက်အခဲများနှင့် စိတ်ပျက်ရမှုများကို တွေ့ကြုံရသော်လည်း၊ ၎င်းတို့သည် မှန်သောလမ်းခရီးကို မစွန့်လွှတ်ခဲ့ကြသလို၊ ဘုရားသခင်၏ စီမံမှုများကို မျက်မှောက်ခေတ်အထိ နာခံနေကြဆဲဖြစ်ကာ၊ ၎င်းတို့ ဆောင်ရွက်သင့်သည့် တာဝန်များကို ဆောင်ရွက်ကြလေသည်။ ဤသည်မှာ ကျိုးနွံသော နာခံသူတစ်ယောက် ဖြစ်ပြီး၊ အဆုံးသတ်တွင် ဘုရားသခင်အားဖြင့် သေချာပေါက် ကယ်တင်ခံရမည့်သူလည်း ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ တောင့်တသော လူတစ်ဦးဟူသည်မှာ ဤသည်ပင် ဖြစ်သည်။ ၎င်းတို့၏ အသက်များကို ပေးဆပ်ရမည်ဆိုလျှင်ပင် ၎င်းတို့သည် ကိုယ်တော်နောက် အဆုံးအထိ လိုက်ကြလိမ့်မည်ဖြစ်သည်။ “ဘာတွေပဲဖြစ်ဖြစ်၊ ဘုရားသခင်ဆီကနေ ငါ ဘယ်တော့မှ ဖယ်ခွာမသွားဘူး။ ငါ့မိသားစု ပျော်ရွှင်မှုကို ငါ စွန့်နိုင်တယ်။ ငါ့ဇနီး၊ သားသမီးတွေ ဒါမှမဟုတ် ငါ့ယောက်ျားကို ငါ စွန့်နိုင်တယ်။ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးတော်ခံနိုင်သရွေ့ အဆင်ပြေပါတယ်”။ ဤသည်မှာ ကယ်တင်ခံရလိမ့်မည်သူများနှင့် ပယ်ရှင်းခံရလိမ့်မည့်သူများကြား သိသာထင်ရှားသည့် ခြားနားမှုဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ တွေ့ကြုံရမှုတွင်၊ ကယ်တင်ခံရမည့်သူများသည် သမ္မာတရားကို လိုက်စားကြ၍၊ အသက်တာအပေါ် အာရုံစိုက်ကြသည်။ အားရစဖွယ် ရလဒ်များကို အမှန်တကယ် ရရှိပြီး၊ ၎င်းတို့၏ စိတ်သဘောထားတွင် အမျိုးမျိုးသော ပမာဏများဖြင့် ပြောင်းလဲမှု ရရှိကြသူများမှာ ၎င်းတို့ ဖြစ်လေသည်။ ၎င်းတို့သည် အယူအဆများနှင့် မနာခံမှုများကို ပို၍ ပို၍ နည်းပါးစွာ ပိုင်ဆိုင်ကြပြီး၊ လူသားတစ်ယောက်၏ ပုံသဏ္ဍာန်ကို တဖြည်းဖြည်းဖြင့် အသက်ရှင်နေထိုင်သွားကြသည်။ အခြားသူများနှင့် ၎င်းတို့၏ အပြန်အလှန် အကျိုးပြုမှုများမှာ ပို၍များပြားစွာ ပုံမှန်ကြီးထွားလာသည့်အပြင်၊ ၎င်းတို့သည် အနည်းငယ်သော ဖောက်ပြန်ပျက်စီးမှုကိုသာ ပြသကြလေသည်။ ၎င်းတို့သည် သမ္မာတရားတွင် တိုးတက်မှု ရရှိထားကာ၊ သမ္မာတရားနှင့် စပ်လျဉ်း၍ ပိုမိုနက်ရှိုင်းသော ရှင်းလင်းပြတ်သားမှုကို ရရှိရန် စဉ်ဆက်မပြတ် ကြိုးစားနေကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချစ်ခင်မြတ်နိုးကြပြီး၊ ဆာငတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ သမ္မာတရားအပေါ် မှန်ကန်စွာ မိတ်သဟာယ ပြုကြသည်။ ၎င်းတို့သည် မိမိကိုယ်မိမိ သိရှိခြင်းအပေါ် အလေးထားကြပြီး၊ ၎င်းတို့၏ စိတ်သဘောထားအား ပိုမိုလေးနက်စွာ ပြောင်းလဲခြင်းအပေါ် အလေးထားကြသည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာထဲ ဝင်ရောက်မှု၌ ဘယ်သောအခါမျှ မလျှော့ပေါ့ကြချေ။ ၎င်းတို့သည် ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြ၍၊ ဘုရားသခင်သည် ၎င်းတို့အတွက် များစွာ စိုးရိမ်ပူပန်စရာ မလိုဟု ဆိုနိုင်သည်။ ဘုရားသခင်က များစွာ စိတ်ကျေနပ်ရသော လူများမှာ ၎င်းတို့ပင် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခံရမည့်သူများနှင့် ပယ်ရှင်းခြင်းခံရမည့်သူတို့ကြား နောက်ထပ် ခြားနားမှုတစ်ခု ဖြစ်သည်။ ကယ်တင်ခံရမည့်သူတို့သည် ၎င်းတို့၏ အကောင်းဆုံးသော အရည်အချင်းဖြင့် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံကြပြီး၊ ၎င်းတို့နှင့် သင့်တော်သည့် အရာတိုင်းကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် စိတ်အားထက်သန်စွာ အစပြုကြပြီး၊ ခိုကပ်သောသူများ၊ ခေါင်းရှောင်တတ်သူများ မဟုတ်ကြပေ။ ၎င်းတို့၏ အလုပ်ဟူသမျှသည်လည်း ဝတ်ကျေတမ်းကျေသဘော သို့မဟုတ် ကရော်ကမည်သဘော မရှိထားကြချေ။ ၎င်းတို့ ရှေ့တွင် ရှိသော မည်သည့်တာဝန်ကိုမဆို အလေးအနက် သဘောထားရင်း၊ ၎င်းတို့၏ စိတ်နှလုံးနှင့် စွမ်းရည်အားလုံးကို ထည့်သွင်းကြသည်။ အခြားသူများနှင့် အလုပ်လုပ်ရာတွင်လည်း ဘုရားသခင်၏ အိမ်တော်အဖို့ အကျိုးကျေးဇူးကို ထည့်သွင်း စဉ်းစားပေးနိုင်ကြသည်။ ၎င်းတို့သည် အလုပ်၏ အကျိုးတရားအပေါ် အာရုံစိုက်ကြသည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားကြပြီး၊ ဘုရားသခင်၏ တောင်းဆိုမှုများကို ဖြည့်ဆည်းရန် ကြိုးစားကြသည်။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိသလို၊ ကိုယ့်အတွက်ကိုယ် ကြံစည်ခြင်းသော်လည်းကောင်း၊ တစ်ဦးချင်း အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးမှုတို့အပေါ် ရေးကြီးခွင့်ကျယ် လုပ်ခြင်းသော်လည်းကောင်း မရှိကြပါ။ ၎င်းတို့သည် ဇာတိပကတိ၏ အပျော်အပါးများနှင့် မိမိ၏ မိသားစုအဖို့ အကျိုးအမြတ်ဟူသမျှကို ဘေးဖယ်ထားနိုင်ကြပြီး၊ လိုအပ်လျှင် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကိုလည်း ကြံ့ကြံ့ခံလိုစိတ် ရှိကြလေသည်။ ၎င်းတို့အဖို့၊ ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းသည် ဦးစားပေး ဖြစ်သည့်အပြင်၊ လူတို့ကို ကယ်တင်ရန် ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် ဘုရားသခင်၏ ဧဝံဂေလိအမှုတော်ကို ကျယ်ပြန့်စေခြင်းတို့သည်လည်း ထို့အတူပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဆောင်ပုဒ်ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာ ဆောင်ရွက်နိုင်ခြင်း သည် လူတစ်ဦး၏ အသိတရားနှင့် အသိစိတ်တို့၏ သက်သေဖြစ်သည်။ ပို၍ပင် ချီးကျူးထိုက်သောအရာမှာ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့၏ အရေးထားတတ်သော အရည်အချင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးတော်ကို နှစ်သိမ့်ရန်အတွက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုခြင်းတို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူတို့သည် သမ္မာတရားကို ချစ်ပြီး၊ အသက်ကို ရှာဖွေကာ၊ ၎င်းတို့အထဲတွင်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် အမြဲ အလုပ်လုပ်နေသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိတ်သဟာယပြုသောအချိန်တွင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် အလင်းပြမှုတို့ ရှိကြပြီး၊ သမ္မာတရားကိုလည်း လက်ခံနိုင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံးများ ပို၍ပင် ရွှင်လန်းကြပြီး၊ ၎င်းတို့၏ တာဝန်ကို ပို၍ ပို၍ အားသွန်ခွန်စိုက် ကျေပွန်အောင် ထမ်းဆောင်ကြသည်။ ၎င်းတို့၏ အခြေအနေမှာ ကောင်းသထက် ကောင်းလာပြီး၊ အခြား ညီအစ်ကို မောင်နှမများနှင့် ၎င်းတို့၏ ဆက်ဆံရေးများမှာ ပိုပိုပြီး ပုံမှန်ဖြစ်လာလေသည်။ ၎င်းတို့သည် အချင်းချင်း ချစ်ခင်နိုင်ကြသည်။ သို့သော် ဘုရားသခင်ကို မချစ်သော၊ တာဝန်များကို မဆောင်ရွက်သောသူတို့အဖြစ် ဖော်ထုတ်ခံရသည့် လူတို့နှင့် ၎င်းတို့ကြားတွင် ရှင်းလင်းသော နယ်နိမိတ်များကို ရေးဆွဲနိုင်ကြပြီး၊ ထိုသို့သောသူတို့ကို လိမ္မာပါးနပ်စွာ မည်သို့ကိုင်တွယ်ရမည်ကိုလည်း ၎င်းတို့ သိကြလေသည်။ အထူးသဖြင့်၊ ၎င်းတို့သည် ကမ္ဘာလောကကြီးနှင့် မယုံကြည်သူတို့ကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် မြင်ကြသည်။ ထိုသူတို့နှင့် ထိတွေ့ဆက်ဆံရသောအချိန်တွင်၊ ၎င်းတို့သည် ထိုသူတို့ကို ခါးသီးစွာ မုန်းတီးကြပြီး၊ လုံးဝ ငြီးငွေ့ကြလေသည်။ ၎င်းတို့သည် အခြားသော ညီအစ်ကို မောင်နှမများနှင့်သာ အပြန်အလှန်ဆက်ဆံရန် ဆန္ဒရှိကြသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင်၊ ၎င်းတို့ ညီအစ်ကို မောင်နှမများသည်သာ ၎င်းတို့၏ မိသားစုဖြစ်သည်။ ဘုရားသခင်၏ မိသားစုမှ ခွဲရလျှင်၊ ရှေ့ဆက် အသက်ရှင်နိုင်မည် မဟုတ်ဘဲ၊ ဘုရားသခင်အတွက် အသက်မရှင်ခြင်းထက် သေရသည်မှာ ပိုကောင်းလိမ့်မည်ဟုလည်း ခံစားကြရသည်။ ဤလူတို့သည် စိတ်နှလုံးတွင် ရိုးသားတည်ကြည်ကြသည်။ ထို့ကြောင့် တစ်စုံတစ်ရာကို ဘုရားသခင် မုန်းတီးလျှင်၊ ထိုအရာကို ၎င်းတို့က စွန့်လွှတ်ပြီး၊ ဘုရားသခင် တောင်းဆိုသည့်အတိုင်း သူ ကျေနပ်သရွေ့ လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့တွင် မိမိကိုယ်ကိုယ် လေးစားမှု ရှိကြပြီး၊ ၎င်းတို့ စိတ်နှလုံးများထဲတွင် ထူးချွန်လိုစိတ် ထက်သန်ကြသလို၊ စိတ်ပိုင်းဖြတ်မှုလည်း ရှိကြလေသည်။ ဘုရားသခင်အတွက် အစေခံရန် ၎င်းတို့ လိုလားကြပြီး၊ သစ္စာရှိသော အစေခံတစ်ဦး ဖြစ်ရခြင်းအား ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်ကျက်သရေအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ကြိုးပမ်းကြပြီး၊ အစေခံခြင်းမျှသာ ဖြစ်သည်ဆိုလျှင်ပင် အစေခံမှုအား ၎င်းတို့၏ တကယ့် နောက်ဆုံးထွက်သက်တိုင်အောင် အဆုံးအထိ ပေးအပ်ကြလိမ့်မည် ဖြစ်သည်။ ကောင်းကြီးမင်္ဂလာများနောက်သို့ လိုက်ခြင်းသည် အလွန်စက်ဆုပ်ဖွယ်ဖြစ်ပြီး၊ ကိုယ်ပိုင် လိုအင်ဆန္ဒများ ရှိခြင်းမှာလည်း ယုတ်ညံ့၍၊ ၎င်းတို့သည် မှန်ကန် တည်ကြည်သော အစေခံတစ်ယောက် ဖြစ်ဖို့ရန် တာဝန်ရှိသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤလူတို့မှတစ်ဆင့် ဘုရားသခင်သည် ဘုန်းထင်ရှားပါသည်။ ၎င်းတို့အတွင်းတွင် မနာခံမှုနှင့် ဖောက်ပြန် ပျက်စီးခြင်းအချို့ ရှိသော်လည်း၊ ၎င်းတို့သည် သမ္မာတရားကို နှစ်သက်ပြီး၊ တရားမျှတမှုကို ရှာဖွေကြသည်။ အခက်အခဲများကို ၎င်းတို့ မကြောက်ရွံ့ကြသလို၊ ၎င်းတို့၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် အမြဲ လုံ့လရှိကြပြီး၊ နောက်ဆုံးတွင် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ၎င်းတို့ ရရှိကြသည်။ ၎င်းတို့အတွင်းမှ ဘုရားသခင်အမှုတော်၏ ရလဒ်များမှာ အထူး ရှင်းလင်းသည်ကို ကျွန်ုပ်တို့ မြင်ကြရသည်။ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများမှာ အမျိုးမျိုးသော အတိုင်းအတာများဖြင့် ပြောင်းလဲနေပြီ ဖြစ်သည်။ အသက်တာအပေါ် ၎င်းတို့၏ အမြင်များ၊ အတွေးအခေါ်၊ ဘဝနေထိုင်မှုပုံစံနှင့် အကြောင်းအရာများအပေါ် ၎င်းတို့၏ ရှုထောင့်များအားလုံးသည် သိသာထင်ရှားသော ပြောင်းလဲမှုကို ကြုံရပြီး၊ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ အသစ်သောလူများ ဖြစ်လာကြသည်။ ကယ်တင်ခံကြရမည့် ဤလူတို့သည် သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကို ဖြတ်သန်းခဲ့ကြပြီဖြစ်ပြီး၊ ၎င်းတို့သည် သေရာမှ ထမြောက်စေခြင်းခံရသကဲ့သို့ အရုဏ်၏ ပထမဆုံးအလင်းရောင်ကို မြင်ခဲ့ကြပြီဖြစ်သည်။ အဆုံးသတ် နီးလာသည်နှင့်အညီ ၎င်းတို့၏ တက်ကြွမှုမှာ ကြီးထွားလာသလို၊ နုပျိုမှု၏ လန်းဆန်းခြင်း သည်လည်း ၎င်းတို့ထံမှ ဖြာထွက်ကြလေသည်။ ဘုရားသခင်နောက်သို့ လိုက်ရင်း၊ ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ကြသည်။ ဤသည်မှာ ယနေ့ သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိဖို့ရန် ဘုရားသခင် စီမံထားသော လူအုပ်စုပင် ဖြစ်ပေသည်။

ယခု၊ ဖော်ထုတ်ခြင်းခံထားရသော ထိုဆိုးညစ်သည့် လူတို့၏ အပြုအမူများကို ကြည့်ကြပါစို့။ ၎င်းတို့ကြောင့် လူတို့သည် ဆိုးဆိုးဝါးဝါး စိတ်ပျက်ကြရပြီး၊ ကြောက်ရွံ့ကြသည်။ “လူတစ်ယောက်၏ သဘာဝကို ပြောင်းလဲရန်ထက် တောင်များနှင့် မြစ်များကို ပြောင်းလဲရန် ပိုမိုလွယ်ကူသည်” ဟူသော ဆိုရိုးစကားမှာ ၎င်းတို့ကို ကိုယ်စားပြုသည်။ အတိတ်၌ ၎င်းတို့သည် ဘုရားသခင်၏ မိသားစုထဲတွင် အလုပ်လုပ်ခြင်း သို့မဟုတ် အစေခံမှု ပေးခြင်း ရှိခဲ့ကြသော်လည်း၊ နောက်ဆုံးတွင် ဘုရားသခင်က ၎င်းတို့ကို ဖော်ထုတ်သောအခါ မူလ အခြေအနေဆိုးသို့ ပြန်ရောက်၍၊ ၎င်းတို့၏ စရိုက်မှန်များကို ပြသခဲ့ကြလေသည်။ ကောင်းကြီးမင်္ဂလာများ ရရှိဖို့ရန် မျှော်လင့်ချက်ဖြင့် ခိုးကြောင်ခိုးဝှက် လုပ်ကြသော်လည်း၊ နောက်ဆုံးတွင် ပြင်းထန်သော ရှက်စရာကောင်းသော ကျရှုံးမှု၌ ၎င်းတို့ အဆုံးသတ်ကြရလေသည်။ သမ္မာတရားကို ၎င်းတို့က လုံးဝ မချစ်ကြသလို၊ ဘုရားသခင်၏ အမှုတော်တွင်လည်း စိတ်ဝင်စားမှု မရှိကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖတ်ရှုခြင်းကို ၎င်းတို့သည် ဘယ်သောအခါမျှ အလေးအနက် မထားခဲ့ကြချေ။ ၎င်းတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖတ်ရှုခြင်းမှာ ဆေးသောက်ရန်ထက် ပိုမို ခက်ခဲပြီး၊ သမ္မာတရားအကြောင်း မိတ်သဟာယပြုရန်လည်း ပို၍ပင် အလိုမရှိကြပါ။ ဤသည်မှာ ၎င်းတို့၏ အဓိက ထူးခြားသော လက္ခဏာဖြစ်သည်။ ၎င်းတို့အဖို့၊ မိမိကိုယ်မိမိ သိရှိဖို့ နေနေသာသာ၊ သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့သည် မဖြစ်နိုင်သောအရာများ ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်၊ စာတန်အားဖြင့် မျိုးစေ့ချခဲ့သည့် တောရိုင်းပင်များ ဖြစ်ကြသည်။ အခြေခံအားဖြင့် ၎င်းတို့သည် ပြောပလောက်သော အသက်တာဟူ၍ မရှိကြချေ။ အသင်းတော်ထဲ ၎င်းတို့ ဝင်ရောက်ကြသောအခါ၊ ၎င်းတို့တွင် ကောင်းသော ရည်ရွယ်ချက်များ မရှိခဲ့ကြပါ။ ဤလူတို့၏ အဓိက သရုပ်သကန်များမှာ ယခုသို့ ဖြစ်သည်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မဆက်ကပ်လိုကြသလို၊ အလေးသာမှုများနှင့် အကျိုးအမြတ်များကို အမြဲ ရရှိလိုကြသည်။ အမြတ်ထုတ်ရန် အခွင့်အရေးမျိုးစုံကို ၎င်းတို့ အသုံးချကြသည်။ အကျိုးအမြတ်အတွက် မဟုတ်လျှင်၊ ၎င်းတို့ စောစော ထလိမ့်မည် မဟုတ်ပါ။ ၎င်းတို့သည် အကျိုးအမြတ်ကိုသာ ရှာကြသည့် လူများဖြစ်ပြီး၊ ၎င်းတို့၏ တာဝန်ကို ပျော်ရွှင်စွာနှင့် လိုလားမှုရှိစွာ မဆောင်ရွက်ကြချေ။ ၎င်းတို့၏ စိတ်သဘောထားများသည် ဆိုးဝါးလှသလို၊ ၎င်းတို့သည် အခြားသူများအတွက် သနားကရုဏာရှိသော သို့မဟုတ် စာနာတတ်သော နှလုံးသားတစ်ခု လုံးဝ မရှိကြပါ။ ၎င်းတို့သည် စက်ဆုပ်စရာကောင်းစွာ အလိုရမ္မက်ကြီးကြပြီး၊ မတင်းတိမ်နိုင်ကြချေ။ ၎င်းတို့အတွက် အကျိုးအမြတ် ရကာ၊ အသာရစေမည့် မည်သူကိုမဆို ၎င်းတို့ ဖမ်းဆုပ်ကြပြီး၊ ထိုလူကို ၎င်းတို့ထံ အစေခံစေကြသည်။ မုသားများကို ၎င်းတို့ အမြဲ ပြောဆိုကြသည်။ ၎င်းတို့ ပြောသမျှအရာတိုင်းတွင် မုသားများ သို့မဟုတ် မစင်ကြယ်မှုများ ပါဝင်သည်။ ၎င်းတို့ ပြောသမျှ မည်သည့်အရာမျှ မမှန်ကန် မတိကျပေ။ ထို့ကြောင့် ၎င်းတို့ ပြောသည့် မည်သည့် စကားက အမှန်တရားဖြစ်ပြီး၊ မည်သည်က မုသားများ ဖြစ်သည်ကို သင် ဘယ်သောအခါမျှ မသိပါ။ ၎င်းတို့သည် အရာရာတိုင်းကို ခိုးကြောင်ခိုးဝှက် လုပ်ကြ၍၊ မျှတပြီး ဂုဏ်ယူဖွယ်ဖြစ်သော အရာမှန်သမျှကို မလုပ်ကြချေ။ ၎င်းတို့ သေခါနီးသောအချိန်၊ ခေါင်းတလားကို မြင်၍ မျက်ရည်ကျမိသော အချိန်မှတစ်ပါး၊ ၎င်းတို့သည် အခြားသူများထံ ရင်ဖွင့်၍ ရိုးသားသောအရာ တစ်ခုခုကို ဘယ်သောအခါမျှ ပြောကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ နှုတ်မှ အများဆုံးထွက်သောအရာမှာ အခြားလူတို့အကြောင်း ဆိုးဆိုးဝါးဝါးပြောဆိုမှု၊ အတင်းပြောခြင်းနှင့် ဝေဖန်ခြင်း၊ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲမှု ဖြစ်စေသော စကားများနှင့် ပြစ်တင်မှုစကားများအပြင်၊ အခြားသူများကို စော်ကားသော စကားများ ဖြစ်သည်။ ၎င်းတို့ နှစ်သက်ဆုံးအရာမှာ အခြားလူတို့၏ မြှောက်ပင့်ခြင်းနှင့် ၎င်းတို့ကို ကိုးကွယ်ခြင်းဖြစ်ပြီး၊ အခြားလူများက ၎င်းတို့အား ဗဟိုပြုထားခြင်းမျိုးကိုလည်း နှစ်သက်ကြလေသည်။ ၎င်းတို့သည် အယောက်တိုင်းက စောင့်စားရသော အမြင့်ဆုံး အာဏာ သို့မဟုတ် ဧကရီအဖြစ်ကို အသည်းအသန် အလိုရှိကြသည်။ ၎င်းတို့ အဆင်ပြေပြီး ကံကောင်းနေကြသောအချိန်တွင်၊ ၎င်းတို့သည် အမြီးကုပ်ကာ၊ လူကောင်းများအဖြစ် တစ်ခဏမျှ ဟန်ဆောင်တတ်ကြလေသည်။ သို့သော် ကျရှုံးမှုကို ကြုံရ၍၊ ဘုရားသခင်အားဖြင့် စွန့်ပစ်ခံကြရသောအခါ၊ ၎င်းတို့သည် စရိုက်မှန်များကို ချက်ချင်းပင် ပြသကြပြီး၊ ဆဲရေးတိုင်းထွာ အော်ဟစ်ကြသည်၊ ကြီးစွာသော မကျေနပ်ချက်တို့ကို ကြေညာရင်း နတ်ဆိုးများ ဖြစ်လာကြသည်။ ထို့နောက် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်နိုင်ကြလေသည်။ ဝေးဝေးနှင့် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်သော ကပ်ရောဂါတစ်ခုကဲ့သို့ပင်၊ ၎င်းတို့သည် အဆိပ်များကို နေရာတိုင်းတွင် ပျံ့နှံ့စေ၍၊ လူတို့ကို လှည့်ဖြားရန် ကောလာဟလများကို ဖြန့်ကြလေသည်။ ဆိုးညစ်မှုမျိုးစုံကို လုပ်ဆောင်ကြသည့် ထိုသို့သော ဆိုးယုတ်သူအားလုံးသည် အပြုအမူများ ကွဲပြားနိုင်သော်လည်း၊ ၎င်းတို့၏ သဘာဝမှာ အတူတူပင်ဖြစ်သည်။ ၎င်းတို့အားလုံးသည် တူညီသော စိတ်ပိုင်းဆိုင်ရာ အခြေအနေရှိကြသည်။ ထွက်ပေါ်လာသော မကောင်းခြင်း၏ ပြင်းထန်မှုတွင်သာ ခြားနားကြလိမ့်မည်။ ဤကဲ့သို့သော လူကို နေရာတိုင်းတွင် တွေ့နိုင်ပြီး၊ ၎င်းတို့ကို ခွဲခြားရန် လွယ်ကူပါသည်။ ယင်းကို ဤကဲ့သို့ ရှင်းပြနိုင်သည်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို သမ္မာတရားအပေါ် အခြေခံခြင်းထက် ကိုယ်ပိုင် အကျိုးအမြတ်ကို ရှာသောသူအားလုံးသည် ဆိုးညစ်သောလူများ ဖြစ်ကြသည်။ အသက်တာကို မလိုက်စားသော၊ မိမိကိုယ်ကိုယ် သိနားလည်ခြင်း နည်းနည်းမှ မရှိသောသူအားလုံးသည် ဆိုးညစ်သူများ ဖြစ်သည်။ ငွေရှိသော်လည်း မည်သည့် ထောက်ပံ့မှုမျှ မလုပ်ဆောင်သောသူနှင့် ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ရန် မလိုလားသောသူအားလုံးသည် ဆိုးညစ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ရာတွင် ပေါ့ပေါ့ဆဆဖြင့် တမင်တကာ ပြုမူသည်အထိ ဖြစ်လာကြသော လူတို့သည် ဆိုးညစ်သောလူများ ဖြစ်ကြသည်။ ရာထူးအဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသော၊ အသင်းတော်အသက်တာကို အနှောင့်အယှက်ပေးသော၊ မည်သူ့ကိုမျှ မနာခံသောသူအားလုံးသည် ဆိုးညစ်သောလူများ ဖြစ်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူသောသူ၊ လက်လွတ်စပယ် ပြုမူသောသူ၊ အခြားမည်သူ့ကိုမျှ နားမထောင်သောသူတို့သည် ဆိုးညစ်သော လူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ ကြောက်ရွံ့မှုမရှိသောသူနှင့် နောင်တပင် မရသော သူတို့သည် ဆိုးညစ်သောသူများ ဖြစ်ကြသည်။ ကြမ်းကြုတ်ပြီး လူမဆန်သော စိတ်သဘောထားရှိသောသူများ၊ လူတို့ကို အကြင်နာမဲ့စွာ ဆက်ဆံသူများ၊ လူတို့ကို ရင့်သီးသော ဘာသာစကားဖြင့် နေရာတကာ တိုက်ခိုက်သောသူများ၊ ၎င်းတို့၏ အမြင်များကို လုံးဝ မပြောင်းလဲကြသူများ အားလုံးသည် စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်များကို ကျူးလွန်သူများပင် ဖြစ်သည်။ နောက်ပြန်လှည့်ကြသူများ၊ မူလစရိုက်မှန်များဆီ ပြန်သွားကြသူများ အားလုံးသည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်ပြီး၊ ၎င်းတို့ မည်သူမည်ဝါ ဖြစ်သည်ကို ပြသနေသော နတ်ဆိုးများ ဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်သည် ဤလူတို့ကို စွန့်ခွာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို စာတန်ဆီသို့ လွှဲပေးခဲ့ပြီဖြစ်ပြီး၊ ဘုရားသခင်၏ မိသားစုတွင် ၎င်းတို့ မပါဝင်ကြပါ။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:လူသားနောက်လိုက်ခြင်းဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:ကောင်းသော အစေခံနှင့် ဆိုးညစ်သော စေခံတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ