အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၄၁- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အပုပ်ချသည့်၊ အသရေပျက်အောင်ပြောဆိုပြီး တိုက်ခိုက်ကာ သိက္ခာချသည့် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေးလောကတို့ထံမှ (ရှန်ဒုံပြည်နယ်၊ ချောင်းယွမ်ရှိ “မေလ ၂၈ ရက်” အဖြစ်အပျက်ကဲ့သို့သော) အွန်လိုင်းပေါ်က စကားများစွာကို ကျွန်ုပ်တို့ မြင်ကြပြီးဖြစ်သည်။ စီစီပီသည် အလိမ်အညာများ ပြောဆိုရာတွင်၊ အမှုအရာများကို လုပ်ကြံဖန်တီးရခြင်းနှင့် လူတို့ကို လှည့်ဖြားဖို့ အချက်အလက်များကို တလွဲတချော်ပြောဆိုရာတွင် အလွန် ကျွမ်းကျင်သည်ကိုလည်း ကျွန်ုပ်တို့ သိကြသည်။ ၎င်းက ရန်လိုသည့် တိုင်းနိုင်ငံများကို အပုပ်ချခြင်း၊ တိုက်ခိုက်ခြင်း နှင့် ဝေဖန်ခြင်းတို့တွင်လည်း ၎င်းသည် အလွန်တော်လေသည်၊ ထို့ကြောင့် စီစီပီ ပြောဆိုသမျှတိုင်းသည် လုံးဝ ယုံကြည်လောက်ဖွယ်မရှိပါ။ သို့သော်၊ ဘာသာရေး လောကအတွင်းရှိ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောဆိုသည့် အရာများစွာသည် စီစီပြောဆိုသည့်အရာနှင့် ဆင်တူနေသည်၊ ထိုသို့ဆိုလျှင် စီစီပီနှင့် ဘာသာရေးလောကက ဖြန့်သည့် ကောလဟလများနှင့် အသရေဖျက်မှုအပေါ် အမှန်တကယ် ပိုင်းခြားသိမြင်မှု ကျွန်ုပ်တို့ မည်သို့ ရှိနိုင်မည်နည်း။

အဖြေ-

စာတန်၏ ဆိုးယုတ်သော အင်းအားများသည် ဘုရားသခင်၏ အမှုတော်ကို အဘယ်ကြောင့် အလွန်အမင်းတိုက်ခိုက်နေပြီး ဘုရားသခင်၏ အမှုတော်ကို အဘယ်ကြောင့် ထိုသို့ဝေဖန်နေပါသနည်း။ အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော အင်အားစုများသည် အဘယ်ကြောင့် ဘုရားသခင်ကို သဲသဲမဲမဲ တိုက်ခိုက်ကာ ရှုတ်ချနေပြီး သူ၏အသင်းတော်ကို ဖိနှိပ်နေပါသနည်း။ ဘာသာရေးအသိုင်းအဝိုင်းများအတွင်းရှိ အန္တိခရစ်အဖွဲ့များအပါအဝင် စာတန်နှင့်သက်ဆိုင်သော ဆိုးယုတ်သည့် အင်းအားစုများအားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အဘယ်ကြောင့် ရှုတ်ချကြပါသနည်း။ ယင်းမှာ စာတန်က သူ၏အဆုံးသတ် နီးလာသည်ကို သိသောကြောင့်၊ ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို ရရှိနှင့်ပြီဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နိုင်ငံတော်ရောက်ရှိပြီဖြစ်သည်ကို သိရှိသောကြောင့်၊ ထို့ပြင် ဘုရားသခင်နှင့် အဆုံးအဖြတ်စစ်ပွဲကို မဆင်နွှဲလျှင် သူသည် ချက်ချင်းပျက်ဆီးဆုံးရှုံးရလိမ့်မည်ကို သိသောကြောင့် ဖြစ်ပေသည်။ ဤအချက်ကို သင်သဘောပေါက်ပြီလော။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို တရုတ်ကွန်မြူနစ် အစိုးရ၏ သွေးရူးသွေးတန်း ရှုတ်ချမှုများကို ကြားရသည်နှင့်တစ်ပြိုင်နက် စိတ်ရှုပ်ထွေးသော လူများစွာတို့က ဤသည်မှာ မှန်သောလမ်းခရီးမဖြစ်နိုင်ဟု ထင်ကြလေသည်။ ဘာသာရေးအသိုင်းအဝိုင်းများ၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများထံမှ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုများကို မြင်တွေ့ရသည်နှင့်တစ်ပြိုင်နက် ဤသည်မှာ မှန်သောလမ်းခရီး ဧကန်မုချမဟုတ်ဟု ၎င်းတို့ထင်ကြသည်။ မည်သို့သောနည်းလမ်းဖြင့် ဤလူတို့ စိတ်ရှုပ်ထွေးကြပါသနည်း။ လောက၏ မှောင်မိုက်ပြီး ဆိုးယုတ်သော အနှစ်သာရကို ၎င်းတို့ ထွင်းဖောက်မြင်နိုင်ကြပါသလား။ သမ္မာကျမ်းစာက “ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။” (ယော ၁:၅) ဟု ဖော်ပြပါသည်။ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ အမှန်တကယ် နားလည်ကြပါသလား။ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။” (၁ယော ၅:၁၉) ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်အစစ်အမှန်ကို ၎င်းတို့ နားလည်သဘောပေါက်ကြပါသလား။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထွင်းဖောက်မမြင်နိုင်ကြပါ။ အကယ်၍ ဤအရာသည် မှန်သော လမ်းဖြစ်လျှင်၊ အကယ်၍ ဘုရားသခင် ရောက်ရှိခဲ့ပြီးဖြစ်လျှင် တရုတ်အစိုးရက ကြိုဆိုနေသင့်သည်၊ ဘာသာရေးအသိုင်းအဝိုင်းများက ကြိုဆိုနေသင့်သည်၊ သို့မှသာ ယင်းသည် မှန်သော လမ်းခရီးဖြစ်နိုင်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ မည်သို့သော ဆင်ခြင်တွေးခေါ်မှုမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှု မဟုတ်ပါသလော။ ဘုရားသခင်၏ အမှုတော်ကို လူအချို့က လေ့လာစုံစမ်းကြသောအခါ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား ကမ္ဘာလောကက ကြိုဆိုပြီး ထောက်ခံသည် မထောက်ခံသည်နှင့် ဘာသာရေးအသိုင်းအဝိုင်းများက ယင်းကို ကြိုဆိုပြီး ထောက်ခံသည် မထောက်ခံသည်ကို ၎င်းတို့က ပထမဦးစွာ ကြည့်ကြလေသည်။ “တကယ်လို့ လောကကြီးက ကြိုဆိုနေပြီးတော့ အထူးသဖြင့် စီစီပီအစိုးရက အဲဒါဟာ မှန်တဲ့လမ်းခရီးဖြစ်တယ်လို့ ကြေညာမှပဲ ငါတို့ယုံနိုင်မယ်။ တကယ်လို့ ဘာသာရေးအသိုင်းအဝိုင်းတွေထဲက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအားလုံးက အဲဒါဟာ မှန်တဲ့လမ်းခရီးဖြစ်တယ်၊ ဒါဟာ သခင်ယေရှု ပြန်လည်ကြွလာတာဖြစ်တယ်လို့ ကြေညာရင် အဲဒီအချိန်မှပဲ ငါတို့လက်ခံနိုင်မယ်”။ ဤသို့သော စိတ်ရှုပ်ထွေးသည့် လူများစွာ ရှိသည်မဟုတ်လော။ အချို့သောလူတို့သည် ဘုရားသခင်အတွက် ၎င်းတို့ကိုယ်၎င်းတို့ အသုံးတော်ခံလုနီးနီး ဖြစ်နေစဉ်တွင် အဆင်းနီသော နဂါးကြီးဖြစ်သည့် စာတန်သည် ၎င်းတို့ကို စမ်းသပ်ရန် လာလေသည်- “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေကို ပြန်ပေးဆွဲတယ်။ တကယ်လို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခင်ဗျားယုံရင် ပြန်ထွက်လို့ရတော့မှာ မဟုတ်ဘူး၊ ဒါမှမဟုတ်ရင် သူတို့က ခင်ဗျားရဲ့ မျက်စိတွေကို ဖောက်ထုတ်မှာ၊ ခင်ဗျားရဲ့နားတွေကို ဖြတ်ထုတ်ပြီး ခင်ဗျားရဲ့ခြေထောက်တွေကို ချိုးပစ်လိမ့်မယ်”။ ပြောပါ၊ ဤသည်သာ အမှန်ဖြစ်လျှင် ကမ္ဘာတစ်ဝှမ်းရှိ လူမည်မျှသည် ၎င်းတို့၏မျက်စိများ ဖောက်ထုတ်ခံရပြီး ၎င်းတို့၏နားများ ဖြတ်ထုတ်ခံရနှင့်ပြီး ဖြစ်လိမ့်မည်နည်း။ ထိုသို့သော အမှုတစ်ခုကိုမျှပင် သင်မြင်ဖူးပါသလား။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးတော်ခံခဲ့ကြသော လူများအားလုံးထဲတွင် ၎င်းတို့ ပြန်ပေးဆွဲခံခဲ့ရပြီး ပြန်မထွက်နိုင်ကြသောကြောင့် ထိုသို့လုပ်ဆောင်ရန် အတင်းအကျပ်ပြုခံရသူ တစ်ယောက်တလေကို သင်မြင်ဖူးပါသလား။ အကယ်၍သာ ၎င်းတို့အမှန်တကယ် ပြန်ပေးဆွဲခံထားရလျှင် ၎င်းတို့၏အလုပ်နှင့် ဟောပြောမှုတို့မှာ ထိရောက်လိမ့်မည်လော။ ဦးနှောက်ရှိသည့် မည်သူမဆို ဤအရာကို တွေးဆပြီး “ဟုတ်တယ်၊ ဒါက စီစီပီ ဖန်တီးထားတဲ့ ကောလာဟလ၊ စီစီပြောတဲ့ အလိမ်အညာတစ်ခုပဲ။ စာတန်မာရ်နတ်က ကောလာဟလတွေကို ဖြန်တဲ့နေရာမှာ တကယ်တော်တယ်- အမှန်တရားကို ငါဘယ်လိုလုပ်ပြီး မမြင်ခဲ့ရတာပါလိမ့်” ဟု တွေးကြလိမ့်မည်။ လူအချို့တို့သည် အဆင်းနီသော နဂါးကြီး၏ ဤစကားများကို မယုံကြလင့်ကစား အခြားသူတို့မှာ ဤအရာများကို ကြားသောအခါ အထိတ်တလန့်ဖြစ်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးတော်မခံဝံ့ကြတော့ပေ။ “ဒါအတွက် ငါ့ကိုယ်ငါ မဆက်ကပ်နိုင်တော့ဘူး။ အဲဒါက အန္တရာယ်များတယ်- ငါ့အသက် ဆုံးရှုံးသွားနိုင်တယ်”။ ထို့နောက် ၎င်းတို့ နောက်ဆုတ်သွားကြသည်။ ဤလူတို့၌ သိနားလည်နိုင်စွမ်း ရှိကြပါသလား။ မရှိကြပါ။ ၎င်းတို့သည် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြသည်။ အချို့ကလည်း “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်တယ်၊ ဘုရားသခင်ရဲ့ အသံတော်ဖြစ်တယ်ဆိုတာ ငါသိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားတွေက သမ္မာတရားဖြစ်တယ်လို့ ငါစိတ်ပိုင်းဖြတ်ထားတယ်၊ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဆိုတဲ့ ဒီအဖွဲ့အစည်းက ဘာများလဲ။ ငါဒါကို သေချာအပြည့်အဝ မလေ့လာထားဘူး၊ ဒီအသင်းတော်နဲ့ ပတ်သက်ပြီး ငါနားလည်ထားတာ ဘာမှမရှိဘူး။ သူတို့က တကယ်ပဲ လူတွေကို ပြန်ပေးဆွဲနိုင်တာလား။ သူတို့ ငါ့ကိုပြန်ပေးဆွဲရင် ငါ့မျက်လုံးတွေကို ဖောက်ထုတ်ပြီး ငါ့နားရွက်တွေကို ဖြတ်ထုတ်ကြမှာလား” ဟုဆိုကြသည်။ ဤသည်မှာ ၎င်းတို့စိတ်ရှုပ်ထွေးသော နေရာဖြစ်သည်။ ၎င်းတို့က “သူတို့ကို ငါမပေါင်းနိုင်ဘူး။ သူတို့ ငါ့မျက်စိတွေကို ဖောက်ထုတ်ပြီး ငါ့နားရွက်တွေကို ဖြတ်ထုတ်ရင် ဘယ်လိုလုပ်မလဲ။ တစ်သက်လုံး ငါဒုက္ခိတဖြစ်သွားမယ် မဟုတ်လား။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ငါ့အတွက် စိမ်းနေသေးတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ အဲဒီအဖွဲ့အကြောင်းကို ငါနားလည်ထားတာ ဘာမှမရှိဘူး။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ပတ်သက်လို့ကတော့ ငါသေချာပြီးသားဖြစ်နေပြီ။ အဲဒါတွေက ဘုရားသခင်ရဲ့ အသံတော်ပဲ၊ သမ္မာတရားကိုလည်း ပိုင်ဆိုင်ထားကြတယ်” ဟုဆိုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စူးစမ်းလေ့လာရာတွင် အလွန်ဂရုစိုက်ကြပေသည်- ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟုတ်မဟုတ် မြင်ရဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့စစ်ဆေးကြသည်။ ယင်းတို့က အမှန်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ကို ၎င်းတို့လက်ခံသည်နှင့်တစ်ပြိုင်နက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှာ စစ်မှန်သော အသင်းတော် ဟုတ်မဟုတ် နောက်ထပ် လေ့လာကြသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ရာဇဝတ်မှုနဲ့ဆိုင်တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက စစ်မှန်နေရင် မခက်ပေဘူးလား” ဟု ၎င်းတို့တွေးကြသည်။ ယင်းမှာ ဖြစ်ကော ဖြစ်နိုင်သည်ဟု သင်ပြောမည်လား။ ဤသို့ဖြစ်ရိုးမှန်ပါက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် မှန်ကန်သော အသင်းတော်တစ်ပါး ဖြစ်လိမ့်မည် မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် သက်သေခံသည့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် ၎င်းတို့ထင်သကဲ့သို့ လူသားအဖွဲ့အစည်းဖြစ်ပြီး ဘုရားသခင်နှင့် သက်ဆိုင်သောလူများ မပါဝင်လျှင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှာ အတုအယောင်တစ်ခုမျှသာ ဖြစ်နေမည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောပြောပြီး သက်သေခံနေပါသနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်အတွက် အဘယ်သူ သက်သေခံနေပါသနည်း။ ဘုရားသခင်သည် ရာဇဝတ်မှုနှင့်ဆိုင်သော အဖွဲ့အစည်းဖြစ်သည့်၊ လူသားအဖွဲ့အစည်းတစ်ခုမှ လူတို့အား သူ့ကို ချီးမြှောက်ဖို့ရန်နှင့် သူ့အတွက် သက်သေခံဖို့ရန် မည်ကဲ့သို့ ခွင်ပြုနိုင်မည်နည်း။ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်းဖြစ်လိမ့်မည် မဟုတ်လော။ ဘုရာသခင်သည် မိမိကိုယ်ကို အရှက်ရစေနိုင်မည်လော။ လူအချို့သည် ဤကိစ္စရပ်ကို ထွင်းဖောက်မမြင်နိုင်ကြပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အသိအမှတ်ပြုပြီး ဖြစ်သော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ အမှန်တကယ်တွင် မည်သို့သော အသင်းတော်မျိုးဖြစ်သည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ- ယင်းကို ၎င်းတို့ မယုံကြည်ဝံ့ကြပါ။ “ခင်ဗျားတို့ လူတွေနဲ့ ကျုပ်မဆက်သွယ်ချင်ပါဘူး။ ခင်ဗျားတို့ ကျုပ်ကို ပြန်ပေးဆွဲရင် ဘယ်လိုလုပ်မလဲ” ဟု ၎င်းတို့က တွေးနေကြသည်။ သခင့်အတွက် မိမိတို့ကိုယ်ကို အသက်စွန့်ခဲ့ကြသည့် ခေတ်အဆက်ဆက်က သန့်ရှင်းသူများနှင့် ထိုသူတို့ကို နှိုင်းယှဉ်၍ ရကိုမရနိုင်ပေ။ ဤသန့်ရှင်းသူများကို သခင်ယေရှုက တရားဟောရန် စေလွှတ်ခဲ့သည့်အခါက ယင်းမှာ ဝံပုလွေတစ်အုပ်ထဲသို့ သိုးများကို ပစ်ထည့်လိုက်သည်နှင့် တူခဲ့သည်၊ သို့သော်လည်း ၎င်းတို့အားလုံးက သွားဝံ့ခဲ့ကြသည်။ ယခုတွင် ဤလူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိကြသော်လည်း တွန့်ဆုတ်ပြီး ကြောက်ရွံ့နေကြကာ ကောလာဟလများကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် အသက်အသွယ် မလုပ်ဝံ့ကြချေ။ ဤသည်မှာ ဘုရားသခင်ကို စိတ်ပျက်စေသည် မဟုတ်ပါလား။ လူတို့၏ နုံချာသော ယုံကြည်ခြင်း၊ စာတန်မာရ်နတ်ကို လူတို့နားထောင်ခြင်းနှင့် ယုံကြည်ခြင်းသည် လူသားမျိုးနွယ်၏ အဖြစ်ဆိုးများ ဖြစ်ပေသည်။

အာဒံနှင့် ဧဝတို့သည် ဘုရားသခင်ကို နာခံရင်းနှင့် ဘုရားသခင်၏ အသံတော်ကို အလေးထားရင်း ဧဒင်ဥယျာဉ်ထဲတွင် အတော်ပျော်ရွှင်ခဲ့ကြသည်၊ သို့သော် နောက်ဆုံးတွင် ၎င်းတို့ကို မည်သည့်အရာက အပြစ်ပြုစေခဲ့ပါသနည်း။ ၎င်းတို့ကို ဘုရားသခင်စကားပြောပြီးနောက်တွင် စာတန်က ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် စကားအနည်းငယ် ပြောခဲ့သည်- ထိုစကားများကို ၎င်းတို့ယုံကြည်ခဲ့ပြီး အပြစ်များ ကျူးလွန်ခဲ့ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ ချက်ချင်း အဆက်အသွယ်ဖြတ်ခံခဲ့ရသည်- ဘုရားသခင်သည် ၎င်းတို့ကို စကားပြောတော့သလို ၎င်းတို့ထံမှ သူ၏ မျက်နှာတော်ကို ကွယ်ဝှက်ခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်၏ အဖြစ်ဆိုးဖြစ်သည် မဟုတ်ပါလား။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ပြီးနောက်တွင် လူအတော်များများက “အို၊ ဒါက ဘုရားသခင်ရဲ့အသံတော် အစစ်အမှန်ပဲ၊ ဒါတကယ်ပဲ သမ္မာတရားဖြစ်နေပါလား။ ဒီနှုတ်ကပတ်တော်တွေက သိပ်လက်တွေ့ကျတယ်၊ သခင်ယေရှုရဲ့ အမှုတော်ကာလအတွင်းမှာ နှုတ်ကပတ်တော်အများကြီး မမြွက်ကြားခဲ့ဘူး” ဟု ဆိုကြသည်။ ယင်းမှာ မျက်စိတစ်မှိတ်အတွင်း ဘုရားသခင်၏ ထွေးပွေ့မှုဆီ ၎င်းတို့ တစ်ဖန် ပြန်သွားကြပြီးသကဲ့သို့ဖြစ်သည်- ၎င်းတို့အလွန်ပျော်ရွှင်ပြီး ကျေနပ်ရောင့်ရဲမှုကို ခံစားကြရသည်။ ဤအခိုက်အတန့်မှာပင် စာတန်၏ သွေးဆောင်ဖြားယောင်းခြင်းလာလိမ့်မည်ဟု အဘယ်သူထင်ခဲ့လိမ့်မည်နည်း- “အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ခင်ဗျားတို့ ကြားဖူးကြလား။ အဲဒါက ရာဇဝတ်မှုနဲ့ဆိုင်တဲ့ အဖွဲ့အစည်းပဲ။ သူတို့ဟောတဲ့ ဧဝံဂေလိတရားကို မယုံရင် သူတို့က ခင်ဗျားတို့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး နားရွက်တွေကို ဖြတ်ထုတ်ကြလိမ့်မယ်။ သူတို့က အရမ်းဆိုးတယ်။ သူတို့နဲ့ ခင်ဗျားတို့ထိတွေ့ဆက်ဆံရင် ခင်ဗျားတို့ သတိထားရမယ်။ ဘာပဲဖြစ်ဖြစ် သူတို့ထောင်ချောက်ထဲ မကျသွားစေနဲ့”။ စာတန်ထံမှ ဤသွေးဆောင်ဖြားယောင်းခြင်းက ၎င်းတို့ကို လှည့်စားပြီး ထိန်းချုပ်သည်၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အသုံးမခံဝံ့ကြတော့ပေ။ ဤသည်ကို “တစ်သက်လုံး တော်လာခဲ့သော်လည်း တဒင်္ဂမိုက်မဲမှုအားဖြင့် ပျက်ဆီးသည့်အဖြစ်” ဟု ခေါ်သည်။ တရုတ်ပြည်မတစ်ခုလုံးတွင် မိမိတို့၏မျက်လုံးများ ဖောက်ထုတ်ခံရပြီး နားရွက်များ ဖြတ်ထုတ်ခံရသည့်လူ တစ်စုံတစ်ဦး၏ အမှုတစ်ခုတစ်လေ ရှိသည် မရှိသည်ကို ၎င်းတို့ ထည့်သွင်း မစဉ်းစားကြချေ။ ရှိခဲ့ဖူးလျှင် စီစီပီက သက်ညှာလိမ့်မည်လား။ ယင်းက တစ်ကမ္ဘာလုံးကို ကြေညာဖို့ မီဒီယာတစ်ခုလုံးကို ဆော်သြစည်းရုံးခဲ့ပြီးဖြစ်လိမ့်မည်ဖြစ်သလို ရက်များစွာ သတင်းဖြန့်ဖို့ ရှိသမျှအသုံးချကြလိမ့်မည်ဖြစ်သည်။ သို့သော် ထိုသို့သော အမှုမျိုးတစ်ခုတစ်လေမျှပင် မတွေ့ခဲ့ရပါ- ယင်းသည် ထွင်လုံးသက်သက်ဖြစ်သည်။ စီစီပီသည် ထိုသို့သော အရာမျိုးကို လုပ်ဆောင်ရာတွင် မည်သည့်အခွင့်အရေးကိုမျှ လုံးဝ လက်လွတ်မခံခဲ့ပါ၊ သို့သော် စာတန်၏ သွေးဆောင်ဖြားယောင်းခြင်းကို ခံရသူတို့သည် ထိုအရာမှာ စင်စစ်အားဖြင့် မည်သည့်အရာဖြစ်သည် ဆိုသည်ကို သတိမပြုမိကြပါ။ စီစီပီက နှစ်ရှည်လများ ကျူးလွန်ခဲ့သော ဆိုးယုတ်မှုအားလုံး၊ ၎င်းလုပ်ဆောင်ခဲ့သည့် ဆိုးဝါးသော အရာအားလုံးကို ၎င်းတို့ထွင်းဖောက်မမြင်နိုင်ကြချေ။ စီစီပီ မီဒီယာက ပြောဆိုသော အရာများထဲတွင် အမှန်တရား နှမ်းစေ့တစ်စေ့မျှပင် မရှိပါ၊ သို့တိုင် ဤအရာကို ဤလူတို့သည် ထွင်းဖောက်မမြင်နိုင်ကြချေ။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၃၀ မှ

တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို အစွန်းရောက်ဝါဒ တစ်ခု အဖြစ် အမည်တပ်ရသည့် အကြောင်းအရင်းကို အချို့လူများက မေးကြသည်။

ကျွန်မတို့အားလုံးသိကြသည့်အတိုင်း တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့ပါတီတစ်ခု ဖြစ်သည်။ ၎င်းက ဘုရားသခင်ကိုခုခံပြီး အမှန်တရားကို တခြားသူများထက် ပိုမုန်းသည်။ ၎င်းက စစ်မှန်သည့်ဘုရားကိုယုံကြည်သည့် အသင်းတော်များနှင့် အဖွဲ့များအားလုံးကို ဆိုးယုတ်သည့် အစွန်းရောက် ဝါဒများ ဟု သတ်မှတ်ထားသည်။ ပြီးလျှင် သမ္မာကျမ်းစာကို ဆိုးယုတ်သည့် ကိုးကွယ်သူကျမ်းဟု ပွင့်ပွင့်လင်းလင်း ကြေညာထားသည်။ ဤသည်မှာ လူများလက်ခံထားသည့် အချက်တစ်ချက်ဖြစ်သည်။ ကျွန်မတို့က ဤအရာကို မည်သို့ သတိမပြုမိကြသနည်း။ ထို့အပြင် ဤနှစ်များအားလုံးမှာ သခင်ယေရှုကို ယုံသည့်အတွက် ညှဉ်းဆဲခံရခြင်းများက မလုံလောက်သေးဘူးလား။ ဟောပြောသူများနှင့် ခရစ်ယာန်များကို သူတို့ သေအောင်ညှဉ်းဆဲခြင်းနှင့် ထောင်ချခြင်းများက မလုံလောက်သေးဘူးလား။ ကျွန်မတို့က တရုတ်ကွန်မြူနစ် ပါတီအစိုးရ၏ ကောလာဟလများကို မည်ကဲ့သို့ နားထောင်နိုင် နေသေးသနည်း။ ကိုးကွယ်ယုံကြည်မှုဝါဒနှင့် ကောင်းသည့်ဘာသာတရားကို ခွဲခြားမည့် အချိန်ရောက်လာပါက၊ တချို့ နိုင်ငံရေးပါတီနှင့် လူက ခွဲခြားချင်ရင်သော်လည်း ခွဲခြားနိုင်မှာမဟုတ်ပါ။ ထို့အပြင် တချို့နိုင်ငံနှင့် နိုင်ငံ၏အခြေခံဥပဒေနှင့်လည်း ဆုံးဖြတ်နိုင်မှာမဟုတ်ပါ။ ကောင်းသည့်ဘာသာတရားကို လူသားအတွက် အပြုသဘောဆောင်သည့်အရာ၏ အကျိုးအမြတ်ဟု သတ်မှတ်သည်။ အစွန်းရောက်ဝါဒကိုမူ လူသားကို ပျက်ပြားစေသည့် အပျက်သဘောဆောင်သည့် အရာများဟု သတ်မှတ်သည်။ အကယ်၍ ကျွန်မတို့က အသင်းတော်တစ်ခုက ကောင်းသည့်ဘာသာတရား သို့မဟုတ် ဆိုးယုတ်သည့် အစွန်းရောက်ဝါဒ လား ဆိုသည်ကို ဆုံးဖြတ်လိုပါက၊ ယင်းမှာ အပြုသဘောဆောင်လား သို့မဟုတ် အပျက်သဘောဆောင်လား ဆိုသည့်အပေါ်မှာ အခြေခံသင့်သည်။ ဘုရားသခင်ဆီက လာသည့် အသင်းတော်များနှင့် ဘုရားသခင်၏အမှုတော်ကနေ ဖွဲ့စည်းထားသည့် အသင်းတော်များက ကောင်းသည့် ဘာသာတရားများ ဖြစ်ပါသည်။ စာတန် နှင့် ဝိညာဉ်ဆိုးများ၏ အလုပ်ကနေ လာသည့်အရာများကမူ ဆိုးညစ်သည့် အစွန်းရောက်ဝါဒဟု သတ်မှတ်သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင်ကို အခုခံဆုံးနှင့် သမ္မာတရားကိုအမုန်းဆုံးဖြစ်သည့် ဆိုးယုတ်သည့်အုပ်ချုပ်မှုဟု သတ်မှတ်သည်။ တရုတ်ကွန်မြူနစ်ပါတီက အမှန်ဆိုးညစ်သည့် အစွန်းရောက်ဝါဒ ဖြစ်ပါသည်။ သူတို့ထံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သတ်ပြီး မှတ်ချက်ပေးခွင့်မရှိပါ။ ထို့အပြင် ဘာသာတရား ယုံကြည်ချက်ရှိသည့် မည်သည့်အဖွဲ့ သို့မဟုတ် မည်သည့်အသင်းတော်ကိုမှ ရှုတ်ချဖို့ အရည်အချင်းမပြည့်မီပါ။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရက တခြား ဂိုဏ်းဂဏတွေထက် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ပိုမိုပြင်းထန်စွာ ညှင်းပန်းနှိပ်စက်သောကြောင့် လူတစ်ချို့က အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို အစွန်းရောက်ဝါဒ တစ်ခု အနေဖြင့် ပြစ်တင်ရှုတ်ချရာတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ နောက်လိုက်ကြသည်။ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သည့် အုပ်ချုပ်မှုက နှိမ်နင်းခြင်းများက အဆိုးဆုံးနှင့် ခြောက်ခြားစရာအကောင်းဆုံး ဖြစ်သည်။ ဤသည်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ သမ္မာတရားကို အကြောက်ဆုံးနှင့် ဘုရားသခင်ကို အရွံရှာဆုံး ဖြစ်ကြောင်းတို့ကို ပြဖို့ လုံလောက်သည်။ ဤနှစ်များမှာ၊ တရုတ်ကွန်မြူနစ်ပါတီအုပ်ချုပ်မှုက တရုတ်အိမ်တွင်းအသင်းတော်များနှင့် လျို့ဝှက်အသင်းတော်များကို ဆက်ပြီး ပြစ်တင်ရှုံ့ချ၊ ညှဉ်းဆဲပြီး၊ လိုက်နေသည်။ သခင်ယေရှုက စစ်မှန်သည့် ဘုရားသခင်ဖြစ်ပြီး စစ်မှန်သည့်လမ်းဖြစ်ကြောင်းကို ကျွန်မတို့ ဤအတွက်ကြောင့် ငြင်းဆန်မလား။ သင်က ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့သည်။ ကျွန်မတို့ ဤအရာကို ထွင်းဖောက်မမြင်နိုင်ဘူးလား။ တရုတ်ကွန်မြူနစ်ပါတီက အမြဲတမ်း အမှန်တရားကို လိမ်လည်လှည့်ဖြားပြီး အမှန်ကို အမှား ဖြစ်အောင် ပြောင်းပြန်လှန်နေခဲ့သည်။ ဤသည်မှာ စာတန် နတ်ဆိုး၏ အနှစ်သာရ ဖြစ်သည်။ ကျွန်မတို့က ကောင်းသည့်ဘာသာတရားနှင့် ဆိုးယုတ်သည့် အစွန်းရောက်ဝါဒကို မခွဲခြားနိုင်သေးဘူးလား။ စစ်မှန်သည့် ဘုရားသခင်ကိုယုံကြည်သည့် အသင်းတော်များက ကောင်းသည့်ဘာသာတရားများ ဖြစ်ပါသည်။ ထိုကဲ့သို့ မှားသည့်ဘုရားများ၊ ဆိုးညစ်သည့်ဝိညာဉ်များ၊ စာတန်နတ်ဆိုးများ အားလုံးက ဆိုးညစ်သည့် အစွန်းရောက်ဝါဒများ ဖြစ်ပါသည်။ ဘုရားသခင်ကိုငြင်းဆန်သည့်၊ ဘုရားသခင်ကိုခုခံသည့် မိစ္ဆာအယူများကို ထောက်ခံသည့် မည်သူမဆို ဥပမာ ဘုရားမဲ့ဝါဒီသမား နှင့် ဆင့်ကဲ့ဖြစ်စဉ်များက ဆိုးညစ်သည့် အစွန်းရောက်ဝါဒများ ဖြစ်သည်။ ယခု၊ အရှေ့အရပ်က လျှပ်ပြက်ခြင်းက တရုတ်ကွန်မြူနစ်ပါတီ၏ သဲသဲမဲမဲ အပြစ်တင်အရှုံ့ချခံရဆုံးနှင့် အနှိမ်နင်းခံရဆုံး ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးက ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ လူများက အမှန်တကယ် ခွဲခြားသိမြင်နိုင်ပါက၊ ဤဆိုးယုတ်သည့်အုပ်ချုပ်မှုက မည်သည့်အရာကို အဖိနှိပ်ဆုံးနှင့် ရွံရှာစရာအကောင်းဆုံးဖြစ်ကြောင်းကို သူတို့ မြင်နိုင်သည်။ ပြီးလျှင် စစ်မှန်သည့်လမ်းဖြစ်ကြောင်းကို သူတို့ ယုံမှားစရာ မရှိသည်မှာ သေချာသည်။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာတရားကို အစက်ဆုပ်ဆုံးနှင့် သမ္မာတရားကိုလက်ခံသည့်သူများကို အကြောက်ဆုံးဖြစ်သည်။ ထို့ကြောင့် ၎င်းက ဘုရားသခင်ကို အလွန် သဲသဲမဲမဲ ခုခံနေရသည့် အကြောင်းဖြစ်ပါသည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားကိုကယ်တင်ဖို့ သမ္မာတရားများကို ဖော်ပြမည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကသာ ကယ်တင်ခြင်းအမှုလုပ်နေပြီး၊ လူသားကို သန့်စင်ပေးသည်။ ဤသည်မှာ အမှန်တရားတစ်ခုပဲ မဟုတ်ဘူးလား။ တရုတ်ကွန်မြူနစ်ပါတီက အဘယ့်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို အစက်ဆုပ်ဆုံးနှင့် ဘုရားသခင်ကို အခုခံဆုံးဖြစ်နေကြောင်းကို ကျွန်မတို့ ဤနည်းနှင့် မြင်နိုင်သည်။ နောက်ဆုံးသောကာလမှာ မည်သူက တရားစီရင်ခြင်းအမှုကို ဖော်ဆောင်မည်ကို သခင်၏ ပေါ်ထွန်းခြင်းကို စောင့်နေသည့် သူများအားလုံး သူတို့၏ မျက်စိများကိုဖွင့်ပြီး မြင်သင့်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

သမ္မာတရားကို ရရှိရန်မှာ လူသားအတွက် လွယ်ကူပါသလား။ တစ်စုံတစ်ဦးသည် ၎င်းတို့ ကြုံဆုံရသော ကိစ္စတစ်ခုကို နားမလည်နိုင်လျှင် သမ္မာတရားကို ၎င်းတို့ မပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ၎င်းတို့ ကြုံဆုံရသော အရာများကို နားလည်နိုင်လျှင်၊ ဘုရားသခင်နောက် ၎င်းတို့ လိုက်ခြင်း သို့မဟုတ် ကိုးကွယ်ခြင်းကို မည်သည့်သက်ရောက်မှုမျှ မရှိလျှင် သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်းဖြစ်သည်။ သင်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ၊ သင်သည် အပျက်သဘောဆောင်လာသည်၊ အယူအဆများ ဖြစ်ပေါ်လာစေသည်၊ သင်သည် ဘုရားသခင်ကို သံသယရှိလျှင် သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်းရှိလျှင် သမ္မာတရားကို သင် မပိုင်ဆိုင်ပါ။ သင်သည် မျက်ကန်းဖြစ်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်းမရှိသောကြောင့် သင်၌ ဖြစ်ပျက်သမျှသော အရာတို့ကို သင် နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို မသိရှိသောသူတို့သည် ဒုက္ခပြဿနာများစွာ ရှိကြသည်၊ မှန်ပါသလား။ ဘုရားသခင်ကို မသိရှိသူတို့နှင့် ဆက်ဆံရသည်မှာ ခက်ခဲသည် မဟုတ်လော။ ဘုရားသခင်ကို သိကျွမ်းမှုမရှိသူတို့သည် နောက်တော်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်ကြပါသလား။ ယင်းသည် လွယ်ကူသောအလုပ် ဖြစ်လိမ့်မည်မဟုတ်။ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိသူတို့သည် သူ့ကို အချိန်မရွေး ဆန့်ကျင်၊ ငြင်းပယ် သို့မဟုတ် သစ္စာဖောက်နိုင်သည်။ ဘုရားသခင်ကို ၎င်းတို့ သစ္စာဖောက်ခြင်း အန္တရာယ်မှာ ၁၀၀% ရှိသည်။ ဘုရားသခင်ကို သစ္စာဖောက်ခြင်း အန္တရာယ်ထဲတွင် လက်ရှိ သင်ရှိနေပါသလား။ သင်တို့အားလုံး ဤသို့သော အန္တရာယ်ထဲတွင် ကျရောက်နေသည် မှန်ပါသလား။ အရာရာတိုင်းကို စည်းမျဉ်းစည်းကမ်းအတိုင်း သင် ချဉ်းကပ်ရမည်ဖြစ်ပြီး၊ ဘုရားသခင်ကို သိနားလည်ခြင်းနှင့် သိရှိခြင်းတို့မှာ ရိုးရှင်းသော ကိစ္စမဟုတ်ပါ။ ဘုရားသခင်ကို သင် နားမလည်လျှင် စာတန်၏ မုသားများကို ယုံလွယ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး ပြောသမျှ သို့မဟုတ် ဘာသာရေးအသိုင်းအဝိုင်းများက ပြောသမျှကို ယုံသောသူတို့ကို ကျွန်ုပ်တို့ မည်သည့်အရာဟု ခေါ်ကြသနည်း။ မိုက်မဲသောသူများ ဖြစ်သည်။ ဤစကားလုံးများက မည်သည့်နေရာမှ လာသနည်း။ နတ်ဆိုး၏ နှုတ်မှလာခြင်းဖြစ်သည်၊ သို့တိုင် ယင်းတို့ကို ၎င်းတို့က ယုံကြဆဲဖြစ်သည်။ သင်တို့သည် မိုက်မဲကြသည် မဟုတ်လော။ စာတန်၏ ထောင်ချောက်ထဲသို့ သင်တို့ သက်ဆင်းကြရပြီးဖြစ်သည်- သင်တို့အပေါ် စာတန်က မန္တာန် ပစ်ခဲ့လေပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မယုံလျှင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို သင်မယုံလျှင်၊ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ကို မယုံဘဲ ယင်းအစား စာတန်၏ စကားများကို ယုံကြည်လျှင် ဤသည်ကို မျက်ကန်းဖြစ်ခြင်းဟု ခေါ်လေသည်။ သင်ယုံကြည်သည်မှာ ဘုရားသခင် ဖြစ်သည် မဟုတ်လော။ စာတန်၏ စကားများက မှန်သည်၊ ၎င်းတို့က အလားအလာရှိသည်၊ ယုံကြည်ဖွယ်ဖြစ်သည်ဟု သင်ယုံကြည်လျှင် သင်အမှန်တကယ် ယုံကြည်သည်မှာ အဘယ်သူနည်း၊ ဘုရားသခင်လော သို့မဟုတ် စာတန်လော။ သင်သည် ဘုရားသခင်ကို နာမည်အရ ယုံကြည်သည်၊ သို့သော် လက်တွေ့အရှိတရားတွင် သင်၏ စိတ်နှလုံးထဲမှ သင်ယုံကြည်သည်မှာ စာတန် ဖြစ်နေဆဲပင် ဖြစ်သည်ဟု တစ်ဦးတစ်ယောက်က ပြောနိုင်သည် မဟုတ်လော။ သမ္မာတရားတစ်ခုခုက စာတန်၏ နှုတ်မလာနိုင်သည်ဟု သင်တို့အားလုံး ယုံပါသလော။ မယုံကြည်ဟု သင်တို့အားလုံး ဆိုကြသည်။ ထို့ကြောင့် ဤလက်တွေ့အရှိတရားကို ကျွန်ုပ်တို့ မည်သို့ ရှင်းပြနိုင်သနည်း။ တစ်စုံတစ်ဦးက၊ “ဝက်မနားရွက်မှ ပိုးသားပိုက်ဆံအိတ်ကို လုပ်၍မရနိုင်ပါ” ဟု ပြောသည်။ ဤသည်မှာ ဆီလျော်သော စကားပုံတစ်ခုဖြစ်သည်။ ဤအရာ၏ အဓိပ္ပါယ်ကို သင် အမှန်တကယ် နားလည် သဘောပေါက်သည်နှင့် တပြိုင်နက်၊ စာတန်၏ နှုတ်မှ မည်သည့် သမ္မာတရားမျှ မမြွက်ဆိုနိုင်သည်ကို သင်သိပါလိမ့်မည်။ အယူဝါဒများကိုသာ နားလည်သော လူအချို့ ရှိကြသည်၊ ယင်းတို့သည် ဤနေရာ၌ အသုံးမဝင်ပါ၊ စာတန် တစ်စုံတစ်ရာပြောသည်ကို ၎င်းတို့ ကြားသည်နှင့် တပြိုင်နက် ၎င်းတို့က၊ “ဟေး၊ အဲဒါ မှန်နိုင်တယ်” ဟု ယုံကြည်ကြပြန်သည်။ သို့ဆိုလျှင် သူတို့သည် ပျက်စီးကိန်းကြုံပေသည်။ “ဝက်မနားရွက်မှ ပိုးသားပိုက်ဆံအိတ်ကို လုပ်၍မရနိုင်ပါ။” သမ္မာတရားများသည် စာတန်၏ နှုတ်မှ ဘယ်သောအခါမျှ ထွက်မလာနိုင်ပါ။ စာတန်၏နှုတ်မှ လာသမျှသည် မုသားများနှင့် ကောလာဟလများ အမြဲဖြစ်နေလိမ့်မည်၊ ယင်းမှာ မှားယွင်းစွာ စွပ်စွဲခြင်း၊ လိုရာဆွဲပြောခြင်း၊ အသရေဖျက်ခြင်းနှင့် အပြုသဘောဆောင်သောအရာများကို အသရေပျက်အောင် လုပ်ကြံပြောဆိုခြင်းများ အစဉ်အမြဲ ဖြစ်လိမ့်မည်။ ဤအရာမှာ မှန်ကန်သည်ဟု သင်ယုံပါသလား။ လူများစွာက အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို တဖန် အသရေပျက်အောင် လုပ်ကြံပြောဆိုပြီး ကောလာဟလဖြန့်ကာ မှားယွင်းစွာ စွပ်စွဲလျှင် သင် မည်သည့်အရာ ပြုလိမ့်မည်နည်း။ ဤအရာများမှာ မုသားများသာ ဖြစ်သည်ဟု သင် မြင်နိုင်လိမ့်မည်လော၊ ၎င်းတို့ ပြောဆိုသမျှ အရာတိုင်းကို လျစ်လျူရှုနိုင်လိမ့်မည်လော၊ ယင်းကို သင်၏ စိတ်နှလုံးထဲတွင် ငြင်းပယ်နိုင်လိမ့်မည်လော။ ဤအရာများကို သင် ငြင်းပယ်နိုင်ရပါမည်။ သင်မည်သည့်အရာကို ကြားရပါလေ့စေ၊ ပထမဦးစွာ ဤစကားလုံးများက မည်သည့်နေရာမှ လာသည်ကို သင် ရှင်းလင်းဖို့ လိုအပ်သည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်မှ ပြောသောစကားများဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားဖြစ်သည်။ ၎င်းတို့က သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသော လူအားဖြင့် ပြောဆိုသော စကားများဖြစ်လျှင် ၎င်းတို့သည် ယုံကြည်စိတ်ချနိုင်ပါသည်။ ၎င်းတို့သည် မယုံကြည်သူများအားဖြင့်၊ ဘာသာရေးသမားများအားဖြင့်၊ သို့မဟုတ် အဆင်းနီသော နဂါးကြီးအားဖြင့် ပြောသောစကားများဖြစ်ပါက ယုံကြည်စိတ်ချ၍ မရနိုင်ပါ။ သင်သည် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ငြင်းပယ်ရမည်၊ ၎င်းတို့ကို လက်မခံနှင့်။ ၎င်းတို့သည် အနည်းငယ်မျှ မှန်ကန်လျှင်ပင် ၎င်းတို့သည် အချက်အလက်များကို လိုရာဆွဲပြောဆိုသော စကားများနှင့် မှားယွင်းသော စွပ်စွဲမှုများနှင့် အသရေဖျက် စကားများ ဖြစ်နေဆဲပင်ဖြစ်သည်။ “ဇောင်ယွမ် ဖြစ်ရပ်ု” နှင့်ပတ်သက်၍ သင်တို့အားလုံး မည်သို့ ခံစားရပါသနည်း။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ကို အဆင်းနီသော နဂါးကြီးက အမှုဆင်ရန်၊ အသရေဖျက်ရန်နှင့် ထောင်ချောက်ဆင်ရန် ကြိုးစားခြင်း ဖြစ်သည်။ ပါဝင်ပတ်သက်ကြသော လူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို တကယ် မယုံကြည်ကြပါ။ ၎င်းတို့ထဲမှ အချို့မှာ အယောင်ဆောင် ခရစ်တော်နှင့် လက်တွဲခဲ့ကြသည်၊ အယောင်ဆောင် ခရစ်တော်ကို ၎င်းတို့ ယုံကြည်ကြပြီး အထူးသဖြင့် ဘုရားသခင်၏ အိမ်တော်ကို ဆန့်ကျင်ကြသည်။ ထိုလူများသည် ဘုရားသခင်၏ အိမ်တော်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြသည်။ ၎င်းတို့သည် ဆိုးယုတ်သော ဝိညာဉ်များနှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်၏ အဖွဲ့ဝင် မည်သို့ ဖြစ်နိုင်ကြမည်နည်း။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်၏ အဖွဲ့ဝင် ရှင်းရှင်း မဟုတ်ခဲ့ကြပါ၊ ဘုရားသခင်အိမ်တော်ထဲမှာ အဘယ်သူမျှက ၎င်းတို့ကို အသိအမှတ်ပြုမည် မဟုတ်ပါ။ အရာရာတိုင်းမှာ တစ်စုံတစ်ဦးက ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းနှင့် သိနားလည်မှု ရှိမရှိဟူသည့်အရာအားဖြင့် အဆုံးအဖြတ်ပေးပါသည်။ သင်တို့ သဘောပေါက်သမျှမှာ အသုံးမဝင်မည့် အခြေခံအယူဝါဒအချို့သာ ဖြစ်လျှင် ယင်းက ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းနေရာ၌ အစားမထိုးနိုင်ပါ။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းနှင့် သိနားလည်မှုရှိခြင်းတို့အားဖြင့်သာ စာတန်၏ လှည့်ကွက်များအတွင်း သင်ကျဆင်းမသွားစေရန် တတ်နိုင်မည်ဖြစ်ပြီး ထို့နောက်တွင်မှ စာတန်၏ မုသားများအားလုံးကို သင်ငြင်းပယ်နိုင်လိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်မှ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများအပေါ် သင် အောင်နိုင်ရန် တတ်နိုင်ပါလိမ့်မည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁၁) တွင်ပါဝင်သော “ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း တရားဟောချက်များနှင့် မိတ်သဟာယဖွဲ့ခြင်း ‘ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)’ (၁)” မှ

ယခင်က:"မေးခွန် ၄၀- နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်။ သို့သော် သူသည် ဘာသာရေး လောကနှင့် တရုတ်ကွန်မြူနစ် အစိုးရ နှစ်ခုလုံး၏ ရူးသွပ်သော ဆန့်ကျင်ခြင်းနှင့် လူမဆန်သော နှိမ်နင်းမှုများကို ခံစားရလေသည်။ စီစီပီအစိုးရသည် ခရစ်တော်ကို ရှုတ်ချဖို့၊ သူ့ကို ပြစ်မှားစော်ကားဖို့နှင့် ဖမ်းဆီး၍ မျိုးဖြုတ်ဖို့ရန် ၎င်း၏ မီဒီယာတစ်ခုလုံးနှင့် လက်နက်ကိုင် အင်အားစုများကိုပင် ဆော်သြစည်းရုံးလေသည်။ သခင်ယေရှု မွေးဖွားလာခဲ့သည့်အချိန်က၊ “ဣသရေလ၏ ရှင်ဘုရင်” မွေးဖွားပြီဟု ဟေရုဒ်မင်းက ကြားခဲ့ပြီး ဗက်လင်မြို့ရှိ နှစ်နှစ်အောက် ကလေးသူငယ် ယောက်ျားလေးများအားလုံးကို သူ သတ်ဖြတ်စေခဲ့သည်၊ ခရစ်တော်ကို အသက်ရှင်ခွင့်ပေးသည်ထက် ကလေးငယ် တစ်သောင်းကို မှားယွင်းစွာ သတ်ဖြတ်ဖို့ သူပိုနှစ်သက်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် လူ့ဇာတိဖြစ်လာပြီဖြစ်သည်၊ ထို့ကြောင့် ဘာသာရေး လောကနှင့် ဘုရားမဲ့ တရုတ်အစိုးရက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို အရူးအမူး ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် သူတို့သည် ခရစ်တော်ကို ကားတိုင်တွင် သံမှိုရိုက်ဖို့ တစ်နိုင်ငံလုံး၏ သြဇာအာဏာကို အသုံးချပြီး မခြွင်းမချန် အားထုတ်ကြိုးပမ်းကြသနည်း။ လူသားမျိုးနွယ်သည် အဘယ်ကြောင့် အလွန် ဆိုးညစ်ရပါသနည်း။ ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် အလွန်မုန်းတီးပြီး ကိုယ်တော့်ကို ဆန့်ကျင်ရန် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပါသနည်း။ "

နောက်တစ်ခုသို့:တရားစီရင်ခြင်းဆိုသည်မှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ