အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၆။ သဘောထားကွဲသူများကို ခွဲခြားဆက်ဆံခြင်းသည် အလွန်ပင် အငြိုးထားလွန်းခြင်းဖြစ်သည်

ရှောင်ဂျင်၊ဂျင်ဂျန်ပြည်နယ်

ကျွန်မသည် အနန္တတန်ခိုးတော်ရှင် ဘုရားသခင် ၏အသင်းတော်တွင် အသင်းတော် ခေါင်းဆောင် တစ်ဦးဖြစ်ပါသည်။ ၂၀၀၇ ဖေဖော်ဝါရီလတွင် အသင်းတော်က အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ပြီးလျှင် ထိုအစီအစဉ်တွင် အသားပေးထားသည်မှာ- “သူတို့ဟာ ဒီတာဝန်တွေကို ပြီးမြောက်ဖို့ ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ရန်အတွက် ထိရောက်မှုရှိပြီးတော့ အတွေ့အကြုံရှိသူတွေ အားလုံးကို ပြန်လည်တာဝန် ပေးထားရမယ်။ ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ မသင့်တော်သူတွေကို ဒီရာထူးမှာ လုံးဝအသုံးမပြုသင့်ဘူ။ ပြီးတော့ သူတို့ကို ပြောင်းရွှေ့သင့်တယ်၊ ဒါမှသာ ဒီအလုပ်က မနှောင့်နှေးမှာ ဖြစ်ပါတယ်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ကျွန်မတို့ ဘုရားကျောင်း၌ ယုံကြည်သူအသစ်များကို ရေလောင်းပေးခဲ့သည့် အစ်မတစ်ယောက်နှင့် ပတ်သက်၍ ကျွန်မတွင် ကြိုတင်မှန်းဆထားသည့် ထင်မြင်ချက်တစ်ချို့ ရှိသောကြောင့်၊ ကျွန်မသည် ထိုအစီအစဉ်ကို ဖတ်လိုက်ရသည် နှင့်တပြိုင်နက်၊ ထိုအစ်မသည် ထိုတာဝန်အတွက် သင့်တော်၏ မသင့်တော်၏ ဆိုသည်ကို အခြေခံသဘောတရားများဖြင့် ဆုံးဖြတ်ရမည့် အစား၊ ကျွန်မ၏နှလုံးသားထဲမှာ သူ့ကို ဝေဖန်သုံးသပ်မှုတစ်ခု ပြုမိခဲ့ပါသည်။ “ဒီအမျိုးသမီးက သူ့တာဝန်ကို ဝတ်ကျေတန်းကျေ ထမ်းဆောင်ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရူဖို့ အာရုံမစိုက်ဘူး။ ပြီးတော့ သူက လူ့ဇာတိကို အရေးစိုက်တယ်၊ အဲဒီတော့ သူက ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ မသင့်တော်ဘူး။ ပိုပြီးအရေးကြီးတာက သူ့မှာ အစွမ်းအစတစ်ချို့ရှိတယ်လို့ သူထင်တယ်၊ အဲဒီတော့ သူက မာနထောင်လွှားသောသူဖြစ်လာပြီးတော့ တခြားသူတွေ အပေါ်ကို အထင်သေးတယ်။ အရင်တစ်ခေါက်က သူက ယုံကြည်သူ အသစ်တွေကို ရေလောင်းပေးဖို့ တာဝန်ယူထားရတဲ့ အထက်ပိုင်းက ခေါင်းဆောင်တွေဆီကို သွားပြီးတော့ သူက ငါ့မကောင်းကြောင်းကို ပြောခဲ့တယ်။ ငါ့အလုပ်ရဲ့ လိုအပ်ချက်တွေကြောင့်သာ မဟုတ်ရင်ငါ သူနဲ့ ဆက်ပြီး ပတ်သက်မိမှာ မဟုတ်ဘူး” ကျွန်မ ထိုအကြောင်းကို တွေးနေရင်းဖြင့်၊ ကျွန်မ၏နှလုံးသားထဲတွင် အစီအစဉ်တစ်ခုကို ချခဲ့ပါသည်။ “သူမကို ဆက်ပြီး တွေ့မြင်မနေရစေရန်၊ အဘယ့်ကြောင့် ထိုအခွင့်အရေးကို အသုံးချကာ ၎င်းကို အစားမထိုး သနည်း။ သူမသည် မာနထောင်လွှားသည် မဟုတ်ပါလား” ကျွန်မသည် သူမကို အစားထိုးလိုက်ပါက၊ သူမသည် မည်မျှ ဂုဏ်မောက်နေသည်ကို ကျွန်မ မြင်ရမည် ဖြစ်ပါသည်။

ဤသို့ဖြင့် ကျွန်မသည် သူမ၏ လုပ်ရည်ကိုင်ရည် ထိရောက်မှုကို ထည့်သွင်းမစဉ်းစားတော့သည့် အပြင်၊ အသင်းတော်၏ အကျိုးစီးပွား ကိုလည်း မတွေးမိခဲ့ပါ။ ကျွန်မ ထိုကိစ္စနှင့်ပတ်သက်ပြီး ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့် မဆွေးနွေးခဲ့သကဲ့သို့၊ အသင်းတော်၏ ညီအစ်ကိုမောင်နှမများ၏ အတည်ပြုချက်ကိုလည်း မရယူခဲ့ပါ။ ကျွန်မ၏နည်းလမ်းဖြင့် ကျွန်မလုပ်ဆောင်ရန် နှင့် သူ့ရာထူးကနေ ဖယ်ရှားပစ်ဖို့ စိတ်မရှည်ဖြစ်ခဲ့ပါသည်။ ထို့နောက်တွင် အစ်မဂျန်ကို ယုံကြည်သူအသစ်များကို ရေလောင်းပေးရန် တာဝန်ကိုထမ်းဆောင်စေဖို့ ကျွန်မ အကျဉ်းချုံး၍ စီစဉ်ခဲ့သည်။ ကျွန်မ၏အမြင်တွင် သူမသည် ဆင်းရဲဒုက္ခများကို တောင့်ခံနိုင်သည်၊သူမသည် ကြင်နာတတ်သော စကားများကို ပြောဆိုပြီး လျှင်မြန်စွာ အလုပ်လုပ်ဆောင်သူ တစ်ယောက်ဖြစ်ခဲ့ပါသည်။ သူမသည် လူများအတွက် အကြင်နာ မေတ္တာရှိ ပြီးလျှင် ယုံကြည်သူအသစ်များကို ရေလောင်းပေးဖို့ တာဝန်အတွက် အလွန်သင့်တော်ပါသည်။ ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ အတွက် တာဝန်ရှိတဲ့ အထက်ပိုင်းခေါင်းဆောင် တွေက သူမသည် ထိုအလုပ်တာဝန်အတွက် သင့်တော်မှုမရှိပဲ အရင် အစ်မသည်သာလျှင် ယုံကြည်သူအသစ်များကို ရေလောင်းခြင်း၌ တော်ကြောင်း နှင့် သူမသည် ထိုအလုပ်အတွင် သင့်တော်ကြောင်းကို တညီတညွတ်တည်း တွေးကြမည်ဟု ကျွန်မ မမျှော်လင့်ခဲ့မိပါ။ ထို့ကြောင့် ကျွန်မသည် အစ်မဂျန်အကြောင်းကို ချီးမွမ်းပြောဆိုဖို့ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါသည်၊ ယုံကြည်သူအသစ်များ ကို ရေလောင်းပေးရန် တာဝန်ကို သူမထက်ကောင်းအောင် ထမ်းဆောင် နိုင်မည့်သူ မရှိတော့ပါဟူ၍ပင် ပြောခဲ့ပါသည်။ သို့သော်လည်း ထို့နောက်တွင် အစ်မဂျန်သည် ဧဝံဂေလိတရား ဟောခြင်းကြောင့် ရဲများ၏ စောင့်ကြည့်ခြင်းကို ခံနေရကြောင်းကို ကျွန်မအနေဖြင့် သတင်းများ ကြားသိခဲ့ရပါသည်။ ကျွန်မသည် မကျေမနပ်ဖြင့်ပင် ရွေးချယ်စရာမရှိဘဲ ယုံကြည်သူ အသစ်များကို ရေလောင်းပေးဖို့အတွက် ယခင်က အစ်မကိုသာ ပြန်လည်ခန့်အပ် ထားခဲ့ရပါသည်။ ထိုအခြေအနေကို ရင်ဆိုင်ရချိန်တွင်၊ ကျွန်မ၏နှလုံးသားထဲ၌ စိတ်ဓါတ်ပျက်အလွန်ပြားကာ စိတ်ဓါတ် ကျခဲ့ရပါသည်၊ သို့သော်လည်း ကျွန်မရဲ့ခံပြင်းချက်များကို ရင်ဖွင့်စရာ နေရာ မရှိဟုလည်း ခံစားခဲ့ရပါသည်။

တစ်နေ့တွင် ဒေသနာတစ်ပုဒ်ထဲက စာပိုဒ်တစ်ပိုဒ်ကို ဖတ်ခဲ့ရသည်မှာ- “ခေါင်းဆောင်တွေဟာ သူတို့နဲ့ သဘောမတိုက်ဆိုင်တဲ့၊ ဆန့်ကျင်တဲ့၊ လုံးဝ အမြင်မတူတဲ့ ညီအစ်ကိုမောင်နှမတွေကို ဆက်ဆံပုံမှာ အလွန်အရေးကြီးသည့် ကိစ္စဖြစ်ပြီး သတိနှင့် ကိုင်တွယ်သင့်ပါသည်။ သူတို့သည် သမ္မာတရားထဲသို့ မဝင်ရောက်ခဲ့ပါက ဤသို့သော ကိစ္စမျိုး နှင့်ကြုံရသည့်အခါတွင် ဤလူကို သေချာပေါက် ခွဲခြားဆက်ဆံပြီး တိုက်ခိုက်မည်ဖြစ်ပါသည်။ ဤသို့သော အပြုအမူမျိုးသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်သည့် အဆင်းနီသောနဂါးကြီး၏ သဘောသဘာဝကို အတိအကျ ထုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ခေါင်းဆောင်သည် သမ္မာတရားကို လိုက်စားရှာဖွေပြီး၊ အသိစိတ်နှင့် ဆင်ခြင်သုံးသပ်မှု တို့ကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါက၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေကာ၊ ထိုကိစ္စကိုလည်း မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းကြမည် ဖြစ်ပါသည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဟု ဖြစ်ပါသည်။ ယခုအချိန်တွင် ယုံကြည်သူ အသစ်များကို ရေလောင်းပေးခြင်းအတွက် ဝန်ထမ်းပြောင်းရွှေ့ထားမှုနှင့်ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းကို မစဉ်းစားပဲ မနေနိုင်ခဲ့ပါ။ ယုံကြည်သူ အသစ်များ ကို ရေလောင်းပေးခဲ့သည့် အစ်မနှင့် ပတ်သက်သည့် ကျွန်မ၏အပြုအမူသည် သူမကို ဖိနှိပ်ပြီး ဖယ်ကျဉ်ထားခဲ့ခြင်း မဟုတ်ပါသလား။ အလုပ်အစီအစဉ်၌ ရှင်းလင်းစွာ ဖော်ပြထား သည်မှာ ကျွန်မတို့သည် ယုံကြည်သူအသစ်များကို ရေလောင်းပေးခြင်းအလုပ်ကို ယူဆောင်ကာ ယုံကြည်သူအသစ်များကို ကောင်းစွာ ရေလောင်းပေးနိုင်သည့် သင့်တော်သူများထံသို့ ပြောင်းရွှေ့ပေး ရမည် ဖြစ်ပါသည်။ ထိုအစ်မသည် အလုပ်၏ထိုရူထောင့်အတွက် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက် နိုင်ကြောင်းကိုကျွန်မ ကောင်းစွာ သိခဲ့ပါသည်။ သို့သော်လည်း သူမ၏ အပြုအမူများက ကျွန်မ၏ကိုယ်ပိုင်စိတ်ကူးများနှင့် ကွဲလွဲနေသည်က တစ်ကြောင်း၊ ကျွန်မ၏အလုပ်၌ သွေဖီမှုများကို သူမက အထက်တန်း ခေါင်းဆောင်များကို အစီအရင်ခံခဲ့သည်က တစ်ကြောင်း၊ သူမ နှင့် ပတ်သက်သည့် မလိုမုန်းထားခြင်းများ ဖြစ်ပေါ်ခဲ့ကာ အလုပ်အစီအစဉ်ကို အကောင်အထည် ဖော်ခြင်းအား အကြောင်းပြ၍ သူမကို သိုသိုသိပ်သိပ် အစားထိုးခဲ့သည်၊ ပြီးနောက်တွင် ကျွန်မ သဘောကျသူ တစ်ယောက်ကို သူမ၏နေရာတွင် အစားထိုးရန် စီစဉ်ခဲ့သည်။ ညီအစ်ကို မောင်နှမများက သူ့အား ယုံကြည်သူအသစ်တွေကို ရေလောင်းပေးခြင်း တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့်ပြုဖို့ ကျွန်မကို အကြံပေးကြသော်လည်း၊ ကျွန်မသည် သူတို့ပြောသည်ကို နားမထောင်ခဲ့ရုံသာမက ကျွန်မ၏ကိုယ်တိုင် အဆိုပြုသူ ရွေးချယ်ခံရဖို့လည်း အစွမ်းကုန်လုပ်ဆောင်ခဲ့သည်။။ ထို့နောက်တွင် ကျွန်မသည် ထိုအစ်မအနေဖြင့် သူမ၏တာဝန်ကို ပြန်လည်ရရှိဖို့ သဘောတူရန် ကျွန်မ၏ဆန္ဒမပါရှိပဲ အတင်းအကျပ် စေခိုင်းခြင်းခံရသည့် အခြေအနေတစ်ခုကို ဘုရားသခင် ဖန်တီးပေးခဲ့သည်။ သို့သော်လည်း ကျွန်မနှလုံးသာသည် မနာခံမှုများနှင့် ပြည့်နေခဲ့သည်။ လူများကို ကယ်တင်ရန် ဘုရားသခင်၏ အရေးကြီးသောအခြေအနေ ရှိနေသော်လည်း၊ အလုပ်ကို စနစ်ကျစွာ ထမ်းဆောင်ရန် စဉ်းစားခြင်း မရှိဘဲ ၊ ကျွန်မသည် မိမိကို ထိခိုက်သူအား ခွဲခြားဆက်ဆံရန် နှင့် ပြင်းထန်စွာ ဝေဖန်အပြစ်တင်ရန်တို့အတွက် ထိုအခွင့်အရေးကိုအသုံးချမိခဲ့သည်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် ကျွန်မသည်လည်း တရုတ်ကွန်မြူနစ်ပါတီ ကဲ့သို့ပင် သဘောထားကွဲသူများကို ချေမှုန်းသုတ်သင်ဖို့ရန် အတွက် စက်ဆုပ်ဖွယ်ရာနည်းလမ်းများကို အသုံးပြုနေခဲ့ခြင်း မဟုတ်ပါလား။ တရုတ်ကွန်မြူနစ်ပါတီသည် သဘောထားကွဲသူများကို ချေမှုန်း သုတ်သင်သည့်နေရာတွင် “တရားမျှတမှု” နှင့် “အမြင်မှန်ရခြင်း” စကားလုံးများကို အမြဲ အမွှမ်းတင်လေ့ ရှိသည်။ ကျွန်မသည်လည်း အလုပ်အစီအစဉ်ကို လက်တွေ့လုပ်ဆောင်ခြင်း ဟု အမည်တပ်ကာ ကျွန်မအား ဒေါသထွက်စေခဲ့သူကို အစားထိုးခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ က တရုတ်ပြည်ကို ချယ်လှယ်အုပ်စိုးနိုင်ရန် စိတ်သဘောထားချင်းတူသည့်သူ မိသားစုတစ်ခုကို ဖန်တီးရာ၌ ၎င်းယုံကြည် စိတ်ချရသည့်သူများကို အားပေးသည်၊ ကျွန်မက ကျွန်မကိုယ်တိုင် သဘောကျသော၊ ကောင်းသည် ထင်သောသူ တစ်ယောက်ယောက်ကို အားပေးသည်။ တရုတ်ကွန်မြူနစ်ပါတီ က စာတန်နတ်ဆိုးဆိုင်ရာ ကျင့်ဝတ်ဖြစ်သော “ကျိုးနွံနာခံသူတို့သည် ကြီးပွားဖြစ်ထွန်းမည်၊ အတိုက်အခံ လုပ်သူတို့သည် ပျက်စီးမည်”ကို လိုက်နာကျင့်သုံးသည်။ ကျွန်မက ကျွန်မကို ထိခိုက်သူနှင့် အမြင်မတူသူကို ကလဲ့စားချေရန် ကျွန်မ၏ “အာဏာ”ကို အသုံးပြုခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီက ဖြစ်ရပ်မှနေများကို မလိမ့်တစ်ပတ်လုပ်ခဲ့သည်၊ ၎င်းက အဖြူကို အမည်းလုပ်ပြီး အမည်းကို အဖြူလုပ်ခဲ့သည်။ ကျွန်မ သဘောမကျသူကို အကြောင်းမဲ့ဝေဖန်ခဲ့ပြီး ကျွန်မ၏ ခံစားချက်တွေ ပေါ်မှာသာ အားထားကာ စကားပြောဆိုခဲ့သည်၊ ကျွန်မ သဘောကျခဲ့သူကိုမူ ပုံကြီးချဲ့သည်အထိ ထပ်တလဲလဲ အရေးပေးပြောဆိုခဲ့ပြီး အမှန်တကယ်ဖြစ်သည့်အရာများဖြင့် ဆန့်ကျင်ပြီး ပြောဆိုခဲ့သည်။ ကျွန်မသည် စာတန်၏ဖျက်စီးခြင်းကို နက်ရှိုင်းစွာ ခံခဲ့ရပြီး စာတန်၏ အဆိပ်က ကျွန်မခန္ဓာကိုယ်ထဲမှာ အမြစ်တွယ်နေခဲ့သည်ကို ကျွန်မ မြင်တွေ့ခဲ့ရပါသည်။ ထိုသို့ အမြစ်တွယ်ခြင်းသည် ကျွန်မ၏ ဘဝဖြစ်လာကာ၊ အခြားသောသူများနှင့် ကျွန်မ၏ အပြုအမူမှန်သမျှကို ထိခိုက်စေသည်အထိ ဖြစ်ခဲ့ပါသည်။ ကျွန်မသည် သာမန်လူတစ်ယောက်မှာ ရှိသင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်ကို အစေခံခဲ့ခြင်းမဟုတ်ပါ၊ ကျွန်မသည် အသင်းတော်အလုပ်ကို ကြားဝင်ပြီး နှောက်ယှက်နေခြင်းဖြစ်သည်။ ကျွန်မသည် ဘုရားသခင်ကို အတိုက်အခံ လုပ်ခဲ့သည်။ အကယ်၍သာ ဘုရားသခင်က ကျွန်မကို ဉာဏ်အလင်းပွင့် စေခြင်း မရှိခဲ့ပါက၊ ကျွန်မသည် ဖောက်ပြန်ပျက်စီးတတ်သည့် စိတ်သဘောထားဖြင့်သာ ရှင်သန် နေဆဲဖြစ်ပြီးလျှင်၊ ကျွန်မ၏ ကျဆုံးစေခဲ့သည့် အကြောင်းရင်းများကိုသာ တွေးတောမှိုင်တွေ နေဉီးမည်သာ ဖြစ်ပါသည်။ ကျွန်မ၏လုပ်ဆောင်မှုသည် ဘုရားသခင်၏ ပင်ကိုယ်စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည်မှန်းကိုမူ ကျွန်မ လုံးဝသတိမမူမိမှာ သေချာပါသည်။

ဘုရားသခင်၏ တရားစီရင်ခြင်း၊ရိုက်နှက်ဆုံးမခြင်းနှင့် ဘုရားသခင်၏ ဖော်ထုတ်ပြသမှုများက ကျွန်မကိုယ်အတွင်းမှာရှိသော စာတန်၏ အဆိပ်များ၊ ကျွန်မ၏သဘာဝ၊ အနှစ်သာရတို့နှင့် ပတ်သက် သည့် အသိတစ်ချို့ ကိုပေးသည့်အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင် ပါသည်။ ယခုကနေ စပြီးလျှင် ကျွန်မသည် သမ္မာတရားကို တက်ကြွစွာ လေ့လာလိုက်စားဖို့ ဆန္ဒရှိနေပါသည်။ ကျွန်မ၏ အတွေးများ၊ စကားများ နှင့် လုပ်ရပ်များကို ဘုရားသခင် ၏ နှုတ်ကပတ်တော်နှင့် မည်မျှကွဲပြားနေ ကြောင်း ကြည့်ခြင်းဖြင့်၊ ကျွန်မသည် မိမိကိုယ်ကို ခွဲခြမ်းစိတ်ဖြာသည့်အပြင်၊ ကျွန်မစိတ်အတွင်းပိုင်းမှ ဆိုးယုတ်သော စိတ်သဘောထားကို သတိပြုပါမည်။ သို့မှသာလျှင် ကျွန်မသည် မိမိကိုယ်ကို အမှန်တကယ် ပစ်ပယ်ကာ မုန်းတီးလာပြီးလျှင်၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်၍ ဘုရားသခင်၏ နှလုံးတော်ကို နှစ်သိမ့်ပေးနိုင်ဖို့အတွက် ကျွန်မ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်ပါသည်။

ယခင်က:ကြီးကြပ်ကွပ်ကဲခြင်းအားလုံးခံယူရန် ကျွန်မဆန္ဒထားရှိသည်

နောက်တစ်ခုသို့:မနာလိုစိတ်— ဝိညာဉ်ရေးရာ နာတာရှည် ရောဂါ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ