၂) စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ကောင်းသော အပြုအမူတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းဆိုသည်မှာ အဓိကအားဖြင့် လူတစ်ဦး၏သဘာဝဗီဇ ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇနှင့် သက်ဆိုင်သည့် အခြင်းအရာများကို အပြင်ပန်း အပြုအမူများမှ မမြင်နိုင်ပေ၊ ယင်းတို့မှာ သူ၏ ဖြစ်တည်ခြင်းဆိုင်ရာ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဆိုလိုသည်မှာ၊ ယင်းတို့သည် လူတစ်ယောက်၏ ဘဝအပေါ် သဘောထားနှင့် သူ၏စံနှုန်းများ၊ သူ၏ဝိညာဉ်အတွင်းကျကျရှိ အရာများနှင့် သူ၏အနှစ်သာရတို့ တိုက်ရိုက် ပါဝင်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်မခံနိုင်ပါက၊ သူသည် ဤကဏ္ဍများတွင် ပြောင်းလဲခြင်း ကြုံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရခြင်း၊ သမ္မာတရားထဲ အပြည့်အဝ ဝင်ရောက်ခြင်း၊ ရပ်တည်မှု နှင့် ဘဝတို့နှင့် သက်ဆိုင်သည့် မိမိ၏ စံနှုန်းများနှင့် မိမိ၏သဘောထားအမြင်များကို ပြောင်းလဲခြင်း၊ မိမိ၏ အမြင်ရှုထောင့်များကို ဘုရားသခင်၏ အမြင်ရှုထောင့်များနှင့် ချိန်ညှိခြင်း၊ ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်လာခြင်းနှင့် ဆက်ကပ်အပ်နှံနိုင်လာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲပြီဟု ဆိုနိုင်ပေမည်။ သင် ကြိုးပမ်းမှု အနည်းငယ် စိုက်ထုတ်သည်ဟု ထင်ရကောင်းထင်နိုင်သည်၊ ဒုက္ခဆင်းရဲများကို ရင်ဆိုင်ရာတွင် သင် ကြံ့ကြံ့ခံနိုင်ကောင်းခံနိုင်သည်၊ အထက်မှ အစီအစဉ်များကို သင် လုပ်ဆောင်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် သင့်ကို သွားစေသော မည်သည့်နေရာကိုမဆို သင် သွားကောင်း သွားနိုင်သော်လည်း ၎င်းတို့မှာ အပြုအမူနှင့်ဆိုင်သော အသေးစား အပြောင်းအလဲများသာ ဖြစ်ပြီး၊ သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် ယူဆဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်လှမ်းနိုင်ပြီး ဒုက္ခဆင်းရဲများစွာကို ခံစားရ၍ ကြီးစွာသော အရှက်တကွဲဖြစ်ခြင်းကို သည်းခံကောင်း သည်းခံနိုင်မည်၊ သင်သည် ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု ခံစားရပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ် အမှုတစ်ခုခု ပြုကောင်းပြုနေနိုင်သည်။ သို့သော်လည်း သင်၏အယူအဆများနှင့် မကိုက်ညီသော အရာတစ်စုံတစ်ခုကို ဘုရားသခင်က သင့်ကို လုပ်ဆောင်ဖို့ စေခိုင်းသည့်အခါ၊ သင်သည် ကျိုးနွံနာခံဆဲ ရှိကောင်းရှိလိမ့်မည်မဟုတ်၊ ယင်းထက်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံရင်း၊ သူ့ကို ဝေဖန်ကာ ဆန့်ကျင်ကန့်ကွက်သည်အထိပင် ဆင်ခြေများရှာကောင်း ရှာလိမ့်မည်ဖြစ်သည်။ ဤအရာသည် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်ပေလိမ့်မည်။ ဤအရာက သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော သဘာဝဗီဇ ရှိနေသေးကြောင်းနှင့် မည်သည့် ပြောင်းလဲခြင်း ကိုမျှ သင်မခံရသေးကြောင်းကို ပြသပေမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

စိတ်သဘောထား အပြောင်းအလဲများအကြောင်း သင်ဘာသိသနည်း။ စိတ်သဘောထား အပြောင်းအလဲများနှင့် အပြုအမူအပြောင်းအလဲများ၏ အနှစ်သာရများမှာ ကွဲပြားပြီး လက်တွေ့လုပ်ဆောင်မှု အပြောင်းအလဲများမှာလည်း ကွဲပြားသည်၊ ၎င်းတို့အားလုံးသည် အနှစ်သာရအားဖြင့် ကွဲပြားကြသည်။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် အခြားသူများနှင့် ယှဉ်ပြိုင်ခြင်း၊ အခြားသူများကို စော်ကားခြင်းနှင့် ရန်ဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်း၊ ပြီးလျှင် သံတစ်ချောင်းမျှသာဖြစ်စေ၊ ပျဉ်ပြားတစ်ချပ်မျှသာဖြစ်စေ- ပြည်သူပိုင်ပစ္စည်းဥစ္စာ တစ်ခုတစ်လေကို ခိုးယူခြင်းတို့ကို ရပ်လိုက်ကြပြီး၊ ၎င်းတို့သည် ဆုံးရှုံးမှုများကို ခံစားရသည့်အခါတိုင်း သို့မဟုတ် မတရား ပြုခံရသောအခါတိုင်းတွင်၊ တရားရုံးတို့၌ တိုင်တန်းခြင်းကိုပင် မပြုကြသည်အထိဖြစ်သည်။ ၎င်းတို့သည် ဧကန်အမှန် အပြုအမူဆိုင်ရာ အပြောင်းအလဲအချို့ ကြုံရသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက်၊ မှန်သောလမ်းခရီးကို လက်ခံခြင်းက လူတို့အား အထူးသဖြင့် ကောင်းမွန်သော စိတ်ခံစားချက် ဖြစ်စေပြီး၊ ၎င်းတို့သည် ယခု သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဆိုင်ရာ ကျေးဇူးတော်ကိုလည်း မြည်းစမ်းခဲ့ပြီးသောကြောင့်၊ ၎င်းတို့သည် အထူးသဖြင့် စိတ်အားထက်သန်ကြပြီး၊ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှပင် မရှိပေ။ သို့သော် သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်သုံးဆယ် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက် စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့်၊ ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် မောက်မာခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများကို ဖြည့်ဆည်းရန် မည်သည့်အရာကိုမဆို ၎င်းတို့လုပ်ကြသည်၊ ၎င်းတို့သည် အဆင့်တန်းနှင့် အပျော်အပါးများကို မက်မောကြပြီး၊ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၏ ကပ်ပါးကောင်များ ဖြစ်လာကြပြီးဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်အများအဖြစ် အစေခံသောသူအများစုသည် လူတို့၏ စွန့်ပယ်ခြင်းကို ခံကြရသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ တစ်ဦးတစ်ယောက်၏အပြုအမူကို အသက်က စီမံညွှန်ကြားပေသည်။ မိမိ၏ဘဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာအပြင်၊ လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်များသာဖြစ်သည်။ ယင်းတို့ကို အသက်၏ ဖော်ပြချက်အဖြစ် ယူဆ၍မရနိုင်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ စိတ်အားသန်မှုရှိခြင်းသည် ၎င်းတို့ကို သြဝါဒနှင့် စည်းမျဉ်းများကို လိုက်နာကာ လိုက်လျှောက်နိုင်စေရုံသာ ဖြစ်သည်၊ သမ္မာတရား မရှိသောသူများသည် အခြေအမြစ်ရှိသော ပြဿနာများကို ဖြေရှင်းရန် မဖြစ်နိုင်ကြသကဲ့သို့၊ အယူဝါဒက သမ္မာတရား၏ နေရာကိုမယူနိုင်ပေ။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး၊ ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို ဖော်ပြပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကအရာမှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့်၊ မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ၊ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့်၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ လူသား၏ နေရာမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ကျိုးကြောင်းဆီလျော်စွာ မည်ကဲ့သို့ ပြုမူပုံ၊ မည်ကဲ့သို့ တာဝန်သိတတ်ပုံ၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ကို သာမက၊ မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ဤသည်မှာ ဤကဲ့သို့သော လူများသည် အတော်အတန် ယုတ္တိတန်သည်ဟု ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ကြုံပြီးသောသူများသည် လူသား ပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်ကြလေသည်။ ၎င်းတို့သည် အမြဲတစေ သမ္မာတရားနှင့်အညီ အမှုအရာများကို ပြောဆိုနိုင်ပြီး၊ မြင်တွေ့နိုင်သည်၊ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ အကြောင်းအရာများ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး၊ သမ္မာတရား အခြေခံသဘောတရားများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ၊ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ အမှန်တကယ် ပြောင်းလဲပြီးသော သူများသည် အပေါ်ယံအဆင့်တစ်ခုတွင် ၎င်းတို့ကိုယ်ကိုယ် အခြေအနေ ကောင်းပုံရစေရန် မည်သည့်အရာများကို လုပ်မည့်အပေါ် အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်ကြီးမားသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း၊ ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား အမြောက်အမြား ရှိသည်မှာ သေချာပြီး၊ အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ ကိုယ်ကျင့်တရားကောင်းသော လုပ်ဆောင်ချက်များဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရား မပိုင်ဆိုင်သောသူများသည် စိတ်သဘောထား၌ မည်သည့် ပြောင်းလဲမှုမျှ လုံးဝ စွမ်းဆောင်မရရှိသေးပေ။ စိတ်သဘောထားပြောင်းလဲခြင်း ဟူသည်မှာ ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူ့သဘာဝရှိခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့်ဆိုင်သည့် သိနားလည်ခြင်းကို ရရှိခြင်း၏ အကျိုးဆက်အနေဖြင့် လူတစ်ဦး၏ သဘာဝအတွင်းရှိ ဆိုးယုတ်သော အဆိပ်အတောက်အချို့ ပြောင်းလဲသော ဖြစ်ရပ်များကို အဓိကအားဖြင့် ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ထိုဆိုးယုတ်သော အဆိပ်အတောက်များမှာ သန့်စင်ခြင်းကို ခံရပြီး၊ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ထိုသို့သော လူတို့အတွင်း၌ အမြစ်တွယ်ကာ ၎င်းတို့၏ အသက်ဖြစ်လာပြီး၊ ၎င်းတို့၏ ဖြစ်တည်ခြင်း၏ တကယ့် အခြေခံအုတ်မြစ် ဖြစ်လာခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အသစ်သောလူများ ဖြစ်လာကြပြီး၊ ထိုသို့ဖြင့် စိတ်သဘောထား အသွင်ပြောင်းလဲခြင်းကို တွေ့ကြုံကြလေသည်။ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်း ဆိုသည်မှာ လူတို့၏ အပြင်ပန်း စိတ်သဘောထား ယခင်ကထက် ပို၍ အောက်ကျို့တတ်ခြင်း၊ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း၊ ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း၊ ယခုအခါ အခြားသူများကို နားထောင်နိုင်ခြင်းစသည်တို့ကို မဆိုလိုပေ၊ ဤ အပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲက အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော အခြေအနေများနှင့် ဖော်ပြချက်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရပြီး၊ ၎င်းတို့၏ ရှုထောင့်အမြင်များ လုံးလုံးလျားလျား ပြောင်းလဲပြီးဖြစ်ကာ ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် မကိုက်ညီပေ။ ဤလူများသည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ၎င်းတို့ ဖြစ်သည့်အတိုင်း ရှင်းလင်းစွာ မြင်နိုင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲကြပြီး ဖြစ်ကာ၊ ဤသည်မှာ အခြေခံအကျဆုံး အသွင်ပြောင်းလဲခြင်းမျိုး ဖြစ်သည့်အပြင်၊ စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲမှု စွမ်းဆောင်ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ယင်းမှာ အပြုအမူတွင် ပြောင်းလဲမှု အနည်းငယ် ရှိခြင်း၊ သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာအချို့ ရရှိခြင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ပတ်သက်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို အနည်းငယ် ပြောပြနိုင်ခြင်း သို့မဟုတ် အချို့ကို ပြောင်းလဲခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရပြီးနောက် အနည်းငယ် နာခံတတ်လာခြင်းတို့ကိုသာ မဆိုလိုပေ။ ဤအရာများသည် တစ်ဦးတစ်ယောက်၏ အသက်စိတ်သဘောထား၌ အသွင်ပြောင်းလဲမှုကို မဖြစ်စေပေ။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင့်အနေဖြင့် အမှုအရာ အနည်းငယ်ကို မေ့ကောင်းမေ့နိုင်သော်လည်း၊ သင် လက်တွေ့လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း အဆင့်သို့ မရောက်သေးပေ။ သို့မဟုတ် သင်သည် တစ်ခဏမျှ သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုနှင့် အလေးပေးသော အခြေအနေတစ်ခုတွင် ရှိသောကြောင့် သို့မဟုတ် သင်၏ လတ်တလော အခြေအနေများက သင့်ကို မဖြစ်မနေလုပ်စေသောကြောင့်၊ ဤနည်းဖြင့် သင် ပြုမူသည်မှာ ဖြစ်ကောင်းဖြစ်မည်။ ထို့အပြင်၊ သင်၏ စိတ်အခြေအနေ တည်ငြိမ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုချိန်တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်နိုင်၏။ သင်သည် စမ်းသပ်မှုများကို ကြုံနေခဲ့ပြီး ယင်းတို့ကို ယောဘ သို့မဟုတ် ဘုရားသခင်က သေခိုင်းခဲ့သည့် ပေတရု ခံစားခဲ့ရသကဲ့သို့ ခံစားနေခဲ့ရပါက၊ သင်က၊ “ကိုယ်တော်ကို သိရှိပြီးနောက် ကျွန်ုပ် သေခဲ့လျှင်ပင်၊ အဆင်ပြေပါမည်။” ဟု ပြောနိုင်မည်လော။ စိတ်သဘောထား ပြောင်းလဲခြင်းသည် နေ့ချင်းညချင်း မဖြစ်ပေါ်သကဲ့သို့၊ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင်သည် ယင်းကို ပတ်ဝန်းကျင်တိုင်း၌ လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသည်မှာ အသေအချာပင်ဖြစ်သည်။ ဤအရာမှာ လူသား၏ သဘာဝနှင့် သက်ဆိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသည့်အလား ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း၊ လက်တွေ့တွင် သင်သည် ထိုသို့ လုပ်ဆောင်နေသည်ကို သင်၏ လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူများအချို့ ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု အသိအမှတ် မပြုပေ။ သင် လုပ်ဆောင်သမျှတိုင်းသည် နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းရင်းရှိပြီး၊ ရောနှောနေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သင်သည် အပေါ်ယံ အပြုအမူကို ပြသခြင်းသက်သက် ဖြစ်သည်။ အတိအကျဆိုပါက သင်၏ အပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံကောင်းခံရမည်၊ ယင်းသည် သူ၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို ဆက်လက်၍ ခွဲစိတ်လေ့လာပါက၊ သင်သည် မကောင်းမှုကို ပြုလျက်နေပြီး သင်၏အပြုအမူသည် ဘုရားသခင်ကို ဆန့်ကျင်လျက်ရှိ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတစ်လေကို အမှန်တကယ် ထိခိုက်စေခြင်း သို့မဟုတ် ချိုးဖောက်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသော်လည်း၊ သင်၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သက်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင်၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူသား၏ စိတ်ကူးနှင့် လူသား ရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းရှိ မရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိ မရှိနှင့်သက်ဆိုင်သည့် လူသား အမြင်တစ်ခုအပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရား လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာမျှ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတစ်လေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ၊ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်သည် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် စောစောထပြီး နောက်ကျအိပ်ရာဝင်လျက် တစ်နေတာလုံး ပြေးလွှားသော်လည်း၊ သင်၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို သင် မရရှိသေးသကဲ့သို့၊ ထိုသို့သော အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ပါဝင်သည်ကို သင် သဘောမပေါက်နိုင်ပေ။ ဤအရာက သင်၏ ဝင်ရောက်မှုသည် ပေါ့တန်လွန်းကို ဆိုလိုသည်မဟုတ်လော။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းကို ရရှိခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်ဖို့ အနှစ်သာရနှင့် နက်ရှိုင်းသော အရာများကို သိကောင်းသိမည်မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

ယခု သင်တို့သည် မည်သည့် အခြေအနေမျိုးတွင် ရှိသနည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ ရှုထောင့်အမြင် မှားယွင်းသည်ကို သိရှိလာနှင့်ပြီးသော်လည်း သင်သည် အသက်ရှင်ဖို့ သင်၏ ရှုထောင့်အမြင်အပေါ် မှီခိုနိုင်ဆဲဖြစ်ပြီး၊ ယင်းကို ဘုရားသခင်၏ အမှုအား တိုင်းတာရန်နှင့် ဘုရားသခင် လုပ်ဆောင်သည့်အရာအားလုံး၊ သူ၏ အချုပ်အခြာအာဏာနှင့် သင့်အတွက် သူ ထားရှိသည့် အခြေအနေများအား သုံးသပ်ဆင်ခြင်ဖို့ သင် အသုံးပြုကာ၊ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်၏ ရှုထောင့်အမြင်နှင့် သင်၏ နည်းစနစ်များအားဖြင့် ဆက်ဆံနိုင်၏။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ ဤသည်မှာ လူတစ်ဦး စိတ်သဘောထား ပြောင်းလဲပြီးနောက် စွမ်းဆောင်ရရှိသည့် ရလဒ်တစ်ခု ဖြစ်သလော။ မဟုတ်ပါ။ ယခုတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကောင်းမွန်ပြီး မှန်ကန်သည်ကို အသိအမှတ် ပြုရုံမျှပြုပြီး၊ သင်၏ အပြင်ပန်း အပြုအမူကို ကြည့်ဖို့ရန်၊ သင်သည် ဘုရားသခင်၏ အမှုကို ဝေဖန်သည့် အရာများကို လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာများကို မလုပ်ဆောင်ပေ။ သင်သည် ဘုရားအိမ်တော်၏ အမှု အစီအစဉ်များကိုလည်း ကျိုးနွံနာခံနိုင်၏။ ထိုသို့သော လူတစ်ဦးသည် မယုံကြည်သူတစ်ဦးမှ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ရှိသည့် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး ဖြစ်သည်။ သင်သည် အသက်ရှင်ခြင်းအတွက် စာတန်၏ အတွေးအခေါ်များအားဖြင့်၊ စာတန်၏ အယူအဆများ၊ အခြေခံသဘောတရားများနှင့် အသိပညာအားဖြင့် ပြတ်သားစွာ အသက်ရှင်သော တစ်စုံတစ်ဦးမှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ယင်းတို့သည် ကောင်းမြတ်သည်၊ မှန်ကန်ပြီး သမ္မာတရားဖြစ်သည်ကို ခံစားမိသည့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအာဖြင့် အသက်ရှင်ချင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီးဖြစ်ကာ ယင်းတို့ကို မိမိတို့၏ အသက်အဖြစ် ယူဆောင်ပြီးဖြစ်သည့် သူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းသည် ထိုဖြစ်စဉ်မျိုးဖြစ်သည်၊ ယင်းထက် မည်သည့်အရာမျှ မပိုပေ။ ထို့ကြောင့်၊ ဤကာလအတောအတွင်းတွင်၊ သင်၏ အပြုအမူနှင့် အမှုအရာများ လုပ်ဆောင်ခြင်း နည်းလမ်းတို့သည် အပြောင်းအလဲအချို့ကို သေချာပေါက် ကြုံရလိမ့်မည်ဖြစ်ပြီး၊ ယခင်နှင့် သေချာပေါက် လုံးလုံးလျားလျား ကွဲပြားလိမ့်မည် ဖြစ်သည်။ သို့သော်၊ ယင်းတို့ မည်သည့်နည်းလမ်းဖြင့် ကွဲပြားသည်ဖြစ်စေ၊ အရာမည်မျှ ကွဲပြားသည်ဖြစ်စေ၊ သင့်အထဲတွင် သိသာထင်ရှားသည့်အရာသည် ဘုရားသခင်ဖို့ သင်၏ အပြုအမူနှင့် နည်းစနစ်များ၊ သင်၏ အတွေးနှင့် ရှုထောင့်အမြင်များထဲက ပြောင်းလဲမှုများနှင့် သင်၏အတွင်းကျကျ လိုအင်ဆန္ဒများနှင့် သင်၏ ရည်မှန်းချက်များထဲက ပြောင်းလဲမှုများထက် မပိုပေ၊ ဤအရာထက် မည်သည့်အရာမျှ မပိုပေ။ ယခုတွင် သင်သည် အားထုတ်မှုတစ်ခုဖြင့် သင်၏ အသက်ကို ဘုရားသခင်အတွက် ဆက်ကပ်ကောင်း ဆက်ကပ်နိုင်သော်လည်း၊ အထူး မနှစ်မြို့ဖွယ်ဖြစ်သည်ဟု သင် တွေရှိသည့် ကိစ္စတစ်ခုတွင် ဘုရားသခင်ကို အကြွင်းမဲ့ နာခံမှု စွမ်းဆောင်မရရှိနိုင်ပေ။ ဤသည်မှာ အပြုအမူထဲက ပြောင်းလဲမှုတစ်ခုနှင့် စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုတို့ကြား ကွာခြားမှု ဖြစ်သည်။ “ကျွန်ုပ်၏ အသက်သွေးကို စွန့်ဖို့ ကျွန်ုပ် အဆင်သင့်ဖြစ်ပြီး လိုလားနေပါသည်။ ဤဘဝတွင်၊ ကျွန်ုပ်သည် နောင်တများ မရှိသကဲ့သို့ ညည်းညူမှုများ မရှိပါ။ အိမ်ထောင်၊ လောကီ မျှော်လင့်ချက်များ၊ ထင်ပေါ်ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုများအားလုံးကို ကျွန်ုပ် စွန့်ပြီးဖြစ်ကာ ဘုရားသခင် ခင်းကျင်းပြီးဖြစ်သည့် ဤအခြေအနေများကို ကျွန်ုပ် လက်ခံပါသည်။ လောက၏ လှောင်ပြောင်သရော်မှုနှင့် အသရေဖျက်မှုအားလုံးကို ကျွန်ုပ် ခံနိုင်ပါသည်” ဟုပြောရင်း၊ သင်၏ ကြင်နာတတ်သော စိတ်နှလုံးသည် သင်၏ အသက်ကို ဘုရားသခင်အတွက် ချက်ချင်း စွန့်လွှတ်ဖို့ နည်းလမ်းတစ်ခုဖြင့် သင့်ကို ပြုမူနိုင်စေကောင်း ပြုမူနိုင်စေမည်ဖြစ်သည်။ သို့သော် ဘုရားသခင် လုပ်ဆောင်ရမည်မှာ သင်၏ အယူအဆများနှင့် မကိုက်သည့် အခြေအနေများကို ချခင်းဖို့သာဖြစ်ပြီး ထိုအခါ သင်သည် သူ့အား ဟစ်အော်ကာ သူ့ကို ခုခံလေသည်။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြားက ကွာခြားချက် ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏ အသက်ကို စွန့်လွှတ်ပြီး သင် အချစ်ဆုံးဖြစ်သည့် လူများနှင့် အမှုအရာများ သို့မဟုတ် သင်၏ စိတ်နှလုံးက ခွဲခွာဖို့ မခံနိုင်ဆုံးသော အရာကို စွန့်ဖို့လည်း ဖြစ်နိုင်၏၊ သို့သော် ဘုရားသခင်အား ရိုးသားသော စကားတစ်ခွန်း ပြောဖို့ နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ သင့်ကို တောင်းဆိုသည့်အခါတွင်၊ ယင်းကို သင် အတော် အခက်ကြုံရပြီး မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။ ထို့နောက်တစ်ဖန်၊ သင်သည် ဤဘဝတွင် သွေးသား ကိုယ်စိတ်ချမ်းသာခြင်းကို မက်မောတောင့်တခြင်းမရှိသကဲ့သို့ အစားကောင်းများ စားခြင်းဖြစ်စေ၊ အဝတ်အစားကောင်းများ ဝတ်ဆင်ခြင်းဖြစ်စေ၊ နေစဉ် မိမိကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေခြင်းနှင့် ခြေကုန်လက်ပန်းကျခြင်းအထိ အလုပ်လုပ်ခြင်းတို့အား မက်မောတောင့်တခြင်း ရှိကောင်းရှိမည် မဟုတ်ပေ။ သင်သည် ဇာတိပကတိက သင့်အပေါ် ဖြစ်စေသည့်‌ နာကျင်မှုမျိုးစုံကို ခံနိုင်သော်လည်း၊ ဘုရားသခင်၏ အစီအစဉ်များက သင်၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ သင်သည် နားမလည်နိုင်ဘဲ၊ သင် နားမလည်နိုင်သည့်အခါ၊ သင့်အထဲတွင် ဘုရားသခင်အပေါ် မကျေနပ်ချက်များ ထွက်ပေါ်၏၊ သူနှင့်ပတ်သက်သည့် နားလည်မှုလွဲခြင်းများ သင့်အထဲတွင် ဖြစ်ပေါ်ပြီး၊ ထိုသို့သော အချိန်တစ်ခုတွင်၊ သင်နှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ သင်သည် သူ့ကို ရှောင်ရှားကာ သစ္စာဖောက်ရန် ဆန္ဒရှိပြီး လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သည်အထိ တိုး၍ တင်းမာသွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏ အသက်ကို စွန့်နိုင်၏၊ သို့ဆိုလျှင် သူ့ကို ရိုးသားသော စကားတစ်ခွန်း သင် အဘယ်ကြောင့် မပြောနိုင်သနည်း။ သင်သည် သင်ကိုယ်တိုင်မှအပ အရာရာကို ဘေးဖယ်ထားနိုင်၏၊ သို့ဆိုလျှင် သင့်ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်နှင့် အလုပ်ကို အဘယ်ကြောင့် ထူးထူးကဲကဲ သင် သစ္စာမစောင့်သိနိုင်ရသနည်း။ သင်သည် သင်၏ အသက်ကို ဘုရားသခင်အတွက် စွန့်နိုင်၏၊ သို့ဆိုလျှင် သင်၏ ခံစားချက်များကို သင် ထုတ်ဖော်ပြပြီး အခြားသူများနှင့် သင်၏ ဆက်ဆံရေးများကို ထိန်းသိမ်းသည့်အခါ၊ ဘုရားသခင်၏ အမှုနှင့် သူ၏ အကျိုးစီးပွားများကို ထိန်းသိမ်းရန် အဘယ်ကြောင့် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ရသနည်း။ သင်သည် ဘုရားသခင်အတွက် သင့်အသက်တာတစ်ခုလုံး မိမိကိုယ်ကိုယ် အသုံးခံရန်နှင့် သင်၏ လမ်းတွင် မည်သည့် ဆင်းရဲဒုက္ခမဆို ရောက်လာသည်ဖြစ်စေ လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်တွင် သစ္စာပြုပြီးဖြစ်၏၊ သို့ဆိုလျှင် သင်၏ တာဝန်မှ အဖြုတ်ခံရခြင်း ဖြစ်ရပ်တစ်ခုက သင့်အား အဘယ်ကြောင့် ရက်များစွာ ပြန်ထွက်မလာနိုင်သည်အထိ အပျက်သဘောဆောင်ခြင်းထဲသို့ အလွန်နစ်မြုပ်စေသနည်း။ သင်၏ စိတ်နှလုံးသည် ခုခံခြင်း၊ မကျေနပ်ချက်နှင့် နားလည်မှုလွဲခြင်းတို့ဖြင့် ပြည့်နေ၏၊ အားလုံးသည် အပျက်သဘောဆောင်ပေသည်။ အဘယ်အရာ ဖြစ်နေသနည်း။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

လူတို့သည် ယခင်က မည်သည့်အရာအပေါ် အခြေခံ၍ အသက်ရှင်နေထိုင်ခဲ့ကြသနည်း။ လူတို့အားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူခြင်းသည် ထိုသို့ပင် သာ၍ဖြစ်၏။ အမှုအရာများကို စွန့်လွှတ်ခြင်း၊ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံခြင်းနှင့် ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ဤအရာအားလုံးကို မိမိအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လောကတွင် အရာခပ်သိမ်းသည် ကိုယ်ကျိုးအတွက်သာ ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူရန်အတွက် လူတစ်ဦးအနေဖြင့် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ၊ ကောင်းချီးမင်္ဂလာများရယူရန်အတွက် လူတစ်ဦးသည် များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။ သို့ရာတွင် စိတ်သဘောထား ပြောင်းလဲသူများကမူ ကွဲပြား၏။ ဘဝကို အဘယ်သို့ အဓိပ္ပါယ်ရှိရှိ အသက်ရှင်သင့်သည်၊ လူသားဟု ခေါ်ဆိုထိုက်ရန် လူတစ်ဦး၏ တာဝန်များကို မည်သို့ ဖြည့်ဆည်းသင့်သည်၊ ဘုရားသခင်ကို မည်သို့ ကိုးကွယ်သင့်သည်၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ မည်သို့ နာခံပြီး စိတ်ကျေနပ်စေသင့်သည်- ဤသည်မှာ လူတစ်ဦးဖြစ်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ မပြောင်းလဲနိုင်သော နိယာမများနှင့် ကိုက်ညီသည့် ၎င်းတို့၏ တာဝန်ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့မဟုတ်ပါက၊ ၎င်းတို့သည် လူသားဟု ခေါ်ဆိုထိုက်မည်မဟုတ်ချေ။ ၎င်းတို့၏ ဘဝများက အနှစ်သာရကင်းမဲ့ကာ အဓိပ္ပါယ်မဲ့ပေလိမ့်မည်။ လူတို့သည် ၎င်းတို့သေဆုံးသောအခါ၌ပင် အားရကျေနပ်မှုရှိပြီး စိုးစဉ်းမျှပင် နောင်တမရစေရေးအတွက်၊ အချည်းနှီးအသက်ရှင်ခဲ့ခြင်း မရှိစေရေးအတွက်၊ ဘုရားသခင်ကျေနပ်စေဖို့ရန်၊ ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို နေထိုင်ရန် အသက်ရှင်သင့်သည်ဟု သူတို့ခံစားရသည်။ ဤအခြေအနေနှစ်မျိုးကို နှိုင်းယှဉ်ရာမှာ ဒုတိယလူသည် စိတ်သဘောထား ပြောင်းလဲခဲ့ပြီးသောသူဖြစ်ပြီး၊ သူ၏အသက်တာစိတ်သဘောထား ပြောင်းလဲခဲ့သဖြင့် အသက်တာအပေါ် အမြင်သည်လည်း ဧကန်ပြောင်းလဲခဲ့သည်ကို ငါတို့တွေ့ရ၏။ ကွဲပြားသည့်တန်ဖိုးများနှင့်အတူ သူသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်မည်မဟုတ်တော့ဘဲ ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် ကောင်းချီးမင်္ဂလာများရရှိရန် ရည်ရွယ်ချက်အတွက်ဖြစ်မည် မဟုတ်တော့ပေ။ “ဘုရားသခင်ကို သိပြီးတဲ့နောက် သေခြင်းဆိုတာ ငါ့အတွက် ဘာလဲ။ ဘုရားသခင်ကိုသိခြင်းက ငါ့ကို အဓိပ္ပာယ်ရှိတဲ့ အသက်တာတစ်ခု နေထိုင်ဖို့ အခွင့်ပေးတယ်။ ငါအချည်းနှီးနေထိုင်ခဲ့တာမဟုတ်ဘဲ နောင်တများနဲ့ ငါသေဆုံးမှာ မဟုတ်ဘူး၊ ငါ့မှာ ညည်းညူစရာတွေ မရှိဘူး” ဟု သူပြောနိုင်လိမ့်မည်။ ဤသည်မှာ အသက်တာအပေါ် ပြောင်းလဲသည့် အမြင်တစ်ရပ် မဟုတ်ပေလော။ ထို့ကြောင့် လူတစ်ဦး၏ အသက်တာစိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ အတွင်း၌ သမ္မာတရားရှိခြင်းနှင့် ဘုရားသခင်အား သိနားလည်မှုရှိခြင်းဖြစ်၏၊ လူတစ်ဦး၏ ဘဝအပေါ်အမြင်ပြောင်းလဲပြီး တန်ဖိုးများသည် ယခင်နှင့် ကွာခြားကြ၏။ ပြောင်းလဲမှုသည် အတွင်းမှစတင်၍ လူတစ်ဦး၏ အသက်တာမှ စတင်၏၊ ယင်းသည် အပြင်ပန်းပြောင်းလဲမှုသာ မဟုတ်သည်ကား သေချာ၏။ အချို့သော ယုံကြည်သူအသစ်များသည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် လောကီကမ္ဘာကို ချန်ထားခဲ့ကြပြီးဖြစ်သည်၊ မယုံကြည်သူများနှင့် ကြုံကြိုက်သောအခါ သူတို့တွင် ပြောစရာ အနည်းငယ်သာရှိပြီး မယုံကြည်သူ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဆက်သွယ်ခဲ၏။ မယုံကြည်သူများက “ဒီလူ ပြောင်းလဲသွားပြီ” ဟုပြောကြ၏။ ထို့ကြောင့် ၎င်းတို့က “ငါ့ရဲ့ စိတ်သဘောထား တကယ်ပဲ ပြောင်းလဲသွားပြီ၊ မယုံကြည်သူများက ငါပြောင်းလဲသွားပြီလို့ ပြောတယ်” ဟု တွေးတတ်ကြသည်။ အမှန်အားဖြင့် သူတို့၏ စိတ်သဘောထား အမှန်ပင် ပြောင်းလဲသွားခဲ့ပြီလော။ ဤသည်တို့မှာ အပြင်ပန်း အပြောင်းအလဲများသာ ဖြစ်၏။ သူတို့၏ဘဝတွင် မည်သည့်အပြောင်းအလဲမျှ မရှိဘဲ ၎င်းတို့၏ ဆိုးယုတ်သော သဘောထားသည် ၎င်းတို့အတွင်း၌ လုံးဝမထိမခိုက် အမြစ်တွယ်နေဆဲ ရှိ၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကြောင့် လူတို့သည် စိတ်အားထက်သန်မှု၏ ဖမ်းစားထားခြင်းကို ခံကြရ၏၊ အပြင်ပန်းအပြောင်းအလဲတချို့ ပေါ်ပေါက်ပြီးနောက် သူတို့သည် ကောင်းမှုများအနည်းငယ် လုပ်ဆောင်ကြသည်။ သို့သော် ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်းများနှင့် မတူပါပေ။ သင့်တွင် သမ္မာတရားမရှိ၊ အမှုအရာများအပေါ် သင်၏အမြင်သည် မပြောင်းလဲသေး၊ မယုံကြည်သူများ၏ အမြင်နှင့်ပင် မကွာခြားဘဲ သင်၏ဘဝတန်ဖိုးများနှင့် အမြင်များသည် ပြောင်းလဲခဲ့ခြင်း မရှိပေ။ သင့်အနေဖြင့် အနည်းဆုံး ပိုင်ဆိုင်သင့်သော အရာဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးပင် သင်၌မရှိပေ။ သင်၏စိတ်သဘောထားအတွင်း ပြောင်းလဲမှုများမှ ဝေးသည်ထက်ဝေးနေ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

အရှေ့သို့- လူတစ်ယောက်၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းဆိုသည်မှာ အဘယ်နည်း။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို မည်သို့ ပြပါသနည်း။

နောက်တစ်ခုသို့- လူတစ်ယောက်သည် ၎င်း၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းနှင့် စုံလင်ခြင်းတို့ကို ရရှိဖို့အလို့ငှာ သမ္မာတရားကို မည်သို့ အားထုတ်သင့်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပရောဖက်များမှ ပြောကြားခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံဘုရားသခင်မှ ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သည်။ သူသည်...

၎င်းတို့သည် သမ္မာကျမ်းစာကို စွဲကိုင်ပြီး ကိုးကွယ်ပါက၊ ထာဝရအသက်ကို မရရှိနိုင်မည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။...

ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို နားလည်သည့်နည်းလမ်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်