အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၉။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ကောင်းသော အပြုအမူတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စိတ်သဘောထား အသွင်သဏ္ဌာန်ပြောင်းလဲခြင်းဆိုသည်မှာ အဓိကအားဖြင့် လူတို့၏ သဘာဝဗီဇ ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇ အခြင်းအရာများကို အပြင်ပန်း အပြုအမူများမှ မြင်နိုင်သည် မဟုတ်ပေ၊ ယင်းတို့မှာ သူတို့၏ ဖြစ်တည်ခြင်းဆိုင်ရာ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ တစ်နည်းအားဖြင့် ယင်းတို့သည် ဘဝနှင့် ထိုသူ၏တန်ဖိုးများ၊ သူ၏ဝိညာဉ်အတွင်းမှ အရာများ၊ သူ၏အနှစ်သာရတို့အပေါ် ထိုသူ၏သဘောထားအမြင်များနှင့် တိုက်ရိုက်ပါဝင်ပတ်သက်သည်။ သမ္မာတရားကို လက်မခံနိုင်သောသူ တစ်စုံတစ်ဦးသည် ဤကဏ္ဍများတွင် အသွင်သဏ္ဌာန်ပြောင်းလဲခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရခြင်း၊ သမ္မာတရားထဲ အပြည့်အဝ ဝင်ရောက်ခြင်း၊ ဖြစ်တည်ခြင်းနှင့် ဘဝအပေါ် ၎င်းတို့၏ တန်ဖိုးထားမှုနှင့် သဘာထားအမြင်များကို ပြောင်းလဲခြင်း၊ ဘုရားသခင်၏အမြင်နှင့် ၎င်းတို့၏အမြင်များကို ထပ်တူညီအောင်ညှိခြင်းနှင့် ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်လာခြင်းနှင့် ဆက်ကပ်အပ်နှံလာနိုင်ခြင်းတို့အားဖြင့်သာ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီဟု ဆိုနိုင်ပါမည်။ သင် ကြိုးပမ်းမှု အနည်းငယ် စိုက်ထုတ်သည်ဟု ထင်ရကောင်းထင်နိုင်သည်၊ ဒုက္ခဆင်းရဲများကို ကြုံတွေ့ရစဉ် သင် ကြံ့ကြံ့ခံနိုင်ကောင်းခံနိုင်သည်၊ အထက်မှ အစီအစဉ်များကို သင် လုပ်ဆောင်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် သင့်ကို သွားစေသော မည်သည့်နေရာကိုမဆို သင် သွားကောင်းသွားနိုင်သော်လည်း ၎င်းတို့မှာ သင်၏ လုပ်ဆောင်မှုများထဲတွင် သေးငယ်သော အပြောင်းအလဲများသာ ဖြစ်ပြီး သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုအတွက် မလုံလောက်သေးပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်လှမ်းနိုင်ပြီး ဒုက္ခဆင်းရဲများစွာကို ခံစားရ၍ ကြီးစွာသော အရှက်တကွဲဖြစ်ခြင်းကို သည်းခံကောင်းသည်းခံနိုင်မည်၊ သင်သည် ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု ခံစားရပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ် အမှုတစ်ခုခု ပြုကောင်းပြုနေနိုင်သည်။ သို့သော်လည်း သင်၏အယူအဆများနှင့် မကိုက်ညီသော အရာတစ်စုံတစ်ခုကို ဘုရားသခင်က သင့်ကိုလုပ်ခိုင်းလျှင် သင်သည် ကျိုးနွံနာခံခြင်း မရှိသေးဘဲ၊ ဘုရားသခင်ကို အပြစ်ရှာဝေဖန်ပြီး သူ့ကို ဆန့်ကျင်ကန့်ကွက်သည်အထိပင်လျှင် ဆင်ခြေများရှာပြီး ဘုရားသခင်ကို ပုန်ကန်ကာ အတိုက်အခံလုပ်သည်။ ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုပေတည်း။ သင်၌ ဘုရားသခင်ကို အတိုက်အခံလုပ်သော သဘာဝဗီဇ ရှိနေသေးကြောင်းနှင့် မည်သည့်အသွင်သဏ္ဌာန်ပြောင်းလဲခြင်းကိုမျှ သင်မခံရသေးကြောင်းကို ဤအရာက သက်သေပြခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စိတ်နေသဘောထား သဏ္ဌာန်ပြောင်းလဲခြင်းအကြောင်း သင်သိသင့်သည့်အရာ” မှ

စိတ်သဘောထား အပြောင်းအလဲများအကြောင်း သင်ဘာသိသနည်း။ စိတ်သဘောထား အပြောင်းအလဲများနှင့် အပြုအမူအပြောင်းအလဲများ၏ အနှစ်သာရများမှာ ကွဲပြားပြီး လက်တွေ့လုပ်ဆောင်မှု အပြောင်းအလဲများမှာလည်း ကွဲပြားသည်၊ ၎င်းတို့အားလုံးသည် အနှစ်သာရအားဖြင့် ကွဲပြားကြသည်။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အပြောင်းအလဲအချို့ ရှိလာကြသည်။ ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက် ၎င်းတို့သည် အခြားသူများနှင့် ယှဉ်ပြိုင်ခြင်းကို ရပ်လိုက်ကြသည်၊ အခြားသူများနှင့် ရန်ဖြစ်ခြင်းနှင့် ၎င်းတို့ကို စော်ကားခြင်းကို ရပ်လိုက်ကြသည်၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကို ရပ်လိုက်ကြသည်၊ ၎င်းတို့သည် သံတစ်ချောင်းဖြစ်စေ၊ ပျဉ်ပြားတစ်ချပ်ဖြစ်စေ၊ ပြည်သူပိုင်ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ မခိုးယူကြသည့်အပြင် ၎င်းတို့သည် ဆုံးရှုံးမှုများကို ခံစားရသည့်အခါ၊ သို့မဟုတ် မတရားပြုခံရသောအခါ တရားရုံးတို့၌ တိုင်တန်းခြင်းကိုပင် မပြုကြသည်အထိဖြစ်သည်။ ၎င်းတို့၏ အပြုအမူ၌ အပြောင်းအလဲအချို့ အမှန်တကယ် ဖြစ်ပေါ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်ပြီးသည့်အခါ မှန်သောလမ်းခရီးကို လက်ခံခြင်းက ၎င်းတို့ကို အထူးသဖြင့် ကောင်းမွန်သော စိတ်ခံစားချက် ဖြစ်စေပြီး၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဆိုင်ရာ ကျေးဇူးတော်ကိုလည်း မြည်းစမ်းခဲ့ပြီးသောကြောင့်၊ ၎င်းတို့သည် အထူးသဖြင့် စိတ်အားထက်သန်ကြပြီး၊ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှပင် မရှိပေ။ သို့သော် သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ်၊ သို့မဟုတ် အနှစ်သုံးဆယ် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်တာ စိတ်သဘောထား၌ အပြောင်းအလဲ မရှိခဲ့သောကြောင့် အဆုံးတွင် ၎င်းတို့သည် လမ်းဟောင်းများထဲသို့ ပြန်၍လျှောကျသွားကြသည်၊ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် မောက်မာခြင်းတို့ ကြီးထွားလာကြပြီး ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင်ကြိုးပမ်းလာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့၏အကျိုးကို ဖြည့်ဆည်းရန် မည်သည့်အရာကိုမဆို ၎င်းတို့လုပ်ကြသည်၊ ၎င်းတို့သည် အရိုက်အရာနှင့် အပျော်အပါးများကို မက်မောကြပြီး၊ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၏ ကပ်ပါးကောင်များ ဖြစ်လာကြသည်။ အထူးသဖြင့် ခေါင်းဆောင်အများစုတို့သည် စွန့်ပယ်ခြင်းကို ခံကြရသည်။ ထို့ပြင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူထက်မပိုသော အပြောင်းအလဲများမှာ ရေရှည်မတည်တံ့ကြောင်းပင်ဖြစ်သည်။ အကယ်၍ လူတို့၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲခြင်း မရှိပါက ၎င်းတို့၏ ဆိုးယုတ်သောဘက်သည် မိမိဘာသာ အနှေးနှင့်အမြန် ပေါ်လာမည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် တစ်ခဏတာ စိတ်အားထက်သန်လာရန်၊ သို့မဟုတ် သနားကြင်နာမှုပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံး ကောင်းမှုများကို မပြုနိုင်ကြပေ။ ၎င်းတို့၏အပြုအမူသည် အသက်တာ၏ စီမံညွှန်ကြားခြင်းကို ခံရသည်၊ ၎င်းတို့၏ဘဝမှာ မည်ကဲ့သို့ဖြစ်ပါစေ ၎င်းတို့၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာနှင့် လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ၊ ဘုရားသခင်၏အမှုမှာ လူတို့၏စိတ်သဘောထားများကို ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများမှာ လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့နာခံခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ဘုရားသခင်အား ပုံမှန်ကိုးကွယ်ခြင်းကို ရရှိစေရန်အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန်အတွက်သာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုဆိုင်ရာ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းမှာ ဘုရားသခင်ကို နာခံခြင်းနှင့် မတူညီပေ၊ ၎င်းမှာ ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် သာ၍ပင် မတူပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့မှာ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေပြုရန်အကြောင်း သာ၍ပင်မရှိချေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း ဤသည်မှာ အသက်တာ၏ ဖော်ပြချက် မဟုတ်ပေ၊ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန်အကြောင်း သာ၍ပင် မရှိချေ၊ လူတစ်ဦး၏ အပြုအမူ မည်မျှပင်ကောင်းပါစေ ၎င်းတို့သည် ဘုရားသခင်ကို နာခံသည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခု ဖြစ်သည်၊ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်ဖြစ်ပြီး အသက်တာ၏ ဖော်ပြချက် မဟုတ်ပေ။...

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ လူတို့၏ စိတ်အားသန်မှုသည် ၎င်းတို့ကို သြဝါဒနှင့် စည်းမျဉ်းကို လိုက်နာ လက်ခံနိုင်စေရုံသာဖြစ်သည်၊ သမ္မာတရား မရှိသောလူများသည် အခြေအမြစ်ရှိသော ပြဿနာများကို ဖြေရှင်းရန် နည်းလမ်း မရှိကြဘဲ သမ္မာတရားကို သြဝါဒဖြင့် အစားမထိုနိုင်ပေ။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသောသူများမှာ ကွဲပြားသည်။ ၎င်းတို့အတွင်း၌ သမ္မာတရားရှိသည်၊ ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်မိကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်သော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို ဖော်ပြပုံပင် ဖြစ်သည်။ စိတ်သဘောထား အပြောင်းအလဲ နှင့်ပတ်သက်သည့် အဓိကအရာမှာ ၎င်းတို့အတွင်း၌ သမ္မာတရား ရှိခြင်းနှင့် ၎င်းကို လုံးလုံးလျားလျား နားလည်ခြင်းပင် ဖြစ်သည်၊ ထို့အပြင် အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းမှာ မကြာခဏ ထုတ်ဖော်ခြင်း မခံရပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

သမ္မာတရား မရှိသောသူများသည် စိတ်သဘောထား ပြောင်းလဲပြီးခြင်း လုံးဝ မရှိသေးပေ။ ၎င်းမှာ လူ့သဘာဝ၌ ရင့်ကျက်သောသူတစ်စုံတစ်ဦးသည် စိတ်သဘောထား ပြောင်းလဲခြင်း သေချာပေါက် ရှိလိမ့်မည်ဟု ဆိုခြင်းမဟုတ်ပေ၊ ၎င်းမှာ ဘုရားသခင်အကြောင်း ၎င်းတို့၏ သိခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းကြောင့် လူတစ်ဦး၏ သဘာဝအတွင်း စာတန်နှင့်ဆိုင်သော အဆိပ်အတောက်အချို့ ပြောင်းလဲသောအချိန်ကို အဓိကအားဖြင့် ရည်ညွှန်းသည်။ တစ်နည်းအားဖြင့်ဆိုသော် ထိုအဆိပ်အတောက်များမှာ သန့်စင်ခြင်းကို ခံရ၍ ဘုရားသခင် ဖော်ပြသော သမ္မာတရားမှာ ထိုလူအတွင်း၌ အမြစ်တွယ်ကာ သူ၏ အသက်နှင့် သူ၏ ဖြစ်တည်ခြင်းအတွက် အုတ်မြစ် ဖြစ်လာခြင်း ဖြစ်သည်။ ထိုအခါမှသာ သူသည် အသစ်သောလူတစ်ဦး ဖြစ်လာသဖြင့် သူ၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်း ဆိုသည်မှာ လူတို့၏ အပြင်ပန်း စိတ်သဘောထား ယခင်ကထက် ပို၍ သည်းညည်းခံတတ်ခြင်း၊ ၎င်းတို့သည် မာနထောင်လွှားခဲ့ဖူးကြသော်လည်း ယခုအခါ ၎င်းတို့၏ စကားလုံးများမှာ ကျိုးကြောင်းဆီလျော်ခြင်း၊ ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို နားထောင်နိုင်ခြင်းစသည်တို့ကို မဆိုလိုပေ၊ ဤ အပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထား အပြောင်းအလဲများတွင် ဤအခြေအနေများ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အဓိကအကျဆုံးအရာမှာ ၎င်းတို့၏အတွင်းအသက်တာ ပြောင်းလဲပြီးခြင်းပင် ဖြစ်သည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရသည်၊ ၎င်းတို့၏ အမြင် လုံးလုံးလျားလျား ပြောင်းလဲပြီးခြင်းနှင့် ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် တူညီခြင်း မရှိပေ။ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ရှင်းလင်းစွာ မြင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲခဲ့ကြသည်၊ ဤသည်မှာ အခြေခံအကျဆုံး အပြောင်းအလဲဖြစ်ပြီး စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

လူတို့သည် ယခင်က မည်သည့်အရာအပေါ် အခြေခံ၍ အသက်ရှင်နေထိုင်ခဲ့ကြသနည်း။ လူတို့အားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူခြင်းသည် ထိုသို့ပင် သာ၍ဖြစ်၏။ အမှုအရာများကို စွန့်လွှတ်ခြင်း၊ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံခြင်းနှင့် ဘုရားသခင်အပေါ် သစ္စာရှိခြင်း၊ ဤအရာအားလုံးကို မိမိအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လောကတွင် အရာခပ်သိမ်းသည် ကိုယ်ကျိုးအတွက်သာ ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ ရယူရန်အတွက် လူတစ်ဦးအနေဖြင့် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ၊ ကောင်းချီးမင်္ဂလာများရယူရန်အတွက် လူတစ်ဦးသည် များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။ သို့ရာတွင် စိတ်သဘောထား ပြောင်းလဲသူများကမူ ကွဲပြား၏။ လူတို့သည် ၎င်းတို့သေဆုံးသောအခါ၌ပင် အားရကျေနပ်မှုရှိပြီး စိုးစဉ်းမျှပင် နောင်တမရစေရေးအတွက်၊ အချည်းနှီးအသက်ရှင်ခဲ့ခြင်း မရှိစေရေးအတွက်၊ ဘုရားသခင်ကျေနပ်စေဖို့ရန်၊ ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို နေထိုင်ရန် အသက်ရှင်သင့်သည်ဟု သူတို့ခံစားရသည်။ လူတို့သည် ဘုရားသခင်ကို ဝတ်ပြုနိုင်ခြင်း၊ နာခံ၍ ကျေနပ်စေနိုင်ခြင်းသည် လူတစ်ဦးဖြစ်တည်ခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ဤသည်မှာ ကောင်းကင်နှင့်မြေကြီးတို့၏ ပြောင်းလဲ၍မရသည့် အခြေခံသဘောတရားများနှင့်အညီ ၎င်းတို့အလေးအနက်ထားရမည့် တာဝန်ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် လူသားဟု အခေါ်ခံရန် ထိုက်တန်မည် မဟုတ်ပေ၊ သူတို့၏ဘဝများသည် အနှစ်သာရကင်းမဲ့ကာ အဓိပ္ပာယ် မရှိဖြစ်လိမ့်မည်။ ဤအခြေအနေနှစ်မျိုးကို နှိုင်းယှဉ်ရာမှာ ဒုတိယလူသည် စိတ်သဘောထား ပြောင်းလဲခဲ့ပြီးသောသူဖြစ်ပြီး၊ သူ၏အသက်တာစိတ်သဘောထား ပြောင်းလဲခဲ့သဖြင့် အသက်တာအပေါ် အမြင်သည်လည်း ဧကန်ပြောင်းလဲခဲ့သည်ကို ငါတို့တွေ့ရ၏။ ကွဲပြားသည့်တန်ဖိုးများနှင့်အတူ သူသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်မည်မဟုတ်တော့ဘဲ ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် ကောင်းချီးမင်္ဂလာများရရှိရန် ရည်ရွယ်ချက်အတွက်ဖြစ်မည် မဟုတ်တော့ပေ။ “ဘုရားသခင်ကို သိပြီးတဲ့နောက် သေခြင်းဆိုတာ ငါ့အတွက် ဘာလဲ။ ဘုရားသခင်ကိုသိခြင်းက ငါ့ကို အဓိပ္ပာယ်ရှိတဲ့ အသက်တာတစ်ခု နေထိုင်ဖို့ အခွင့်ပေးတယ်။ ငါအချည်းနှီးနေထိုင်ခဲ့တာမဟုတ်ဘဲ နောင်တများနဲ့ ငါသေဆုံးမှာ မဟုတ်ဘူး၊ ငါ့မှာ ညည်းညူစရာတွေ မရှိဘူး” ဟု သူပြောနိုင်လိမ့်မည်။ ဤသည်မှာ အသက်တာအပေါ် ပြောင်းလဲသည့် အမြင်တစ်ရပ် မဟုတ်ပေလော။ ထို့ကြောင့် လူတစ်ဦး၏ အသက်တာစိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ အတွင်း၌ သမ္မာတရားရှိခြင်းနှင့် ဘုရားသခင်အား သိနားလည်မှုရှိခြင်းဖြစ်၏၊ လူတစ်ဦး၏ ဘဝအပေါ်အမြင်ပြောင်းလဲပြီး တန်ဖိုးများသည် ယခင်နှင့် ကွာခြားကြ၏။ ပြောင်းလဲမှုသည် အတွင်းမှစတင်၍ လူတစ်ဦး၏ အသက်တာမှ စတင်၏၊ ယင်းသည် အပြင်ပန်းပြောင်းလဲမှုသာ မဟုတ်သည်ကား သေချာ၏။ အချို့သော ယုံကြည်သူအသစ်များသည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် လောကီကမ္ဘာကို ချန်ထားခဲ့ကြပြီးဖြစ်သည်၊ မယုံကြည်သူများနှင့် ကြုံကြိုက်သောအခါ သူတို့တွင် ပြောစရာ အနည်းငယ်သာရှိပြီး မယုံကြည်သူ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဆက်သွယ်ခဲ၏။ မယုံကြည်သူများက “ဒီလူ ပြောင်းလဲသွားပြီ” ဟုပြောကြ၏။ ထို့ကြောင့် ၎င်းတို့က “ငါ့ရဲ့ စိတ်သဘောထား တကယ်ပဲ ပြောင်းလဲသွားပြီ၊ မယုံကြည်သူများက ငါပြောင်းလဲသွားပြီလို့ ပြောတယ်” ဟု တွေးတတ်ကြသည်။ အမှန်အားဖြင့် သူတို့၏ စိတ်သဘောထား အမှန်ပင် ပြောင်းလဲသွားခဲ့ပြီလော။ ဤသည်တို့မှာ အပြင်ပန်း အပြောင်းအလဲများသာ ဖြစ်၏။ သူတို့၏ဘဝတွင် မည်သည့်အပြောင်းအလဲမျှ မရှိဘဲ ၎င်းတို့၏ ဆိုးယုတ်သော သဘောထားသည် ၎င်းတို့အတွင်း၌ လုံးဝမထိမခိုက် အမြစ်တွယ်နေဆဲ ရှိ၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကြောင့် လူတို့သည် စိတ်အားထက်သန်မှု၏ ဖမ်းစားထားခြင်းကို ခံကြရ၏၊ အပြင်ပန်းအပြောင်းအလဲတချို့ ပေါ်ပေါက်ပြီးနောက် သူတို့သည် ကောင်းမှုများအနည်းငယ် လုပ်ဆောင်ကြသည်။ သို့သော် ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်းများနှင့် မတူပါပေ။ သင့်တွင် သမ္မာတရားမရှိ၊ အမှုအရာများအပေါ် သင်၏အမြင်သည် မပြောင်းလဲသေး၊ မယုံကြည်သူများ၏ အမြင်နှင့်ပင် မကွာခြားဘဲ သင်၏ဘဝတန်ဖိုးများနှင့် အမြင်များသည် ပြောင်းလဲခဲ့ခြင်း မရှိပေ။ သင့်အနေဖြင့် အနည်းဆုံး ပိုင်ဆိုင်သင့်သော အရာဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးပင် သင်၌မရှိပေ။ သင်၏စိတ်သဘောထားအတွင်း ပြောင်းလဲမှုများမှ ဝေးသည်ထက်ဝေးနေ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘာသာရေးလောကတွင်၊ ဘာသာရေးကို အလွန်ရိုသေကိုင်းရှိုင်းသည့် လူများစွာက၊ “ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ပြောင်းလဲခဲ့ကြသည်။ ကျွန်ုပ်တို့သည် သခင်အဘို့ အသုံးခံနိုင်သည်၊ သခင်အတွက် အမှုတော်ဆောင်နိုင်သည်၊ သခင်အတွက် အကျဉ်းချခြင်းကို သည်းခံနိုင်ပြီး၊ ကိုယ်တော်၏ နာမတော်ကို မငြင်းပယ်ပါ။ ကျွန်ုပ်တို့သည် များစွာသော အကျင့်သီလကောင်းသည့် အရာများကို လုပ်ဆောင်နိုင်သည်၊ အများအကျိုးဆောင်အဖွဲ့ကို ပေးလှူခြင်း၊ ဆင်းရဲသားကို လှူဒါန်းခြင်းနှင့် ကူညီခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ဤသည်တို့သည် ကြီးမားသည့် ပြောင်းလဲမှုများဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ယူဆောင်သွားခြင်းခံရရန် အရည်အချင်းပြည့်မီသည်။” ဟုဆိုကြသည်။ ဤစကားလုံးများကို သင်မည်သို့ သဘောရသနည်း။ ဤစကားလုံးများနှင့်ပတ်သက်၍ သင်သတိပြုမိသည့် တစ်စုံတစ်ရာ ရှိပါသလား။ သန့်စင်စေခြင်းက မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏အပြုအမူက ပြောင်းလဲသွားပြီး ကောင်းမှုများပြုပါက သင်သည် သန့်စင်ခြင်းခံရပြီးဖြစ်သည်ဟု သင်ထင်ပါသလား။ တစ်စုံတစ်ယောက်ကပြောသည်၊ “ကျွန်ုပ်သည် အလုံးစုံကို ပစ်ပယ်လိုက်ပြီးပြီ။ ဘုရားသခင်အဘို့ အသုံးခံရန်အတွက် ကျွန်ုပ်၏အလုပ်၊ ကျွန်ုပ်မိသားစုနှင့် သွေးသားတပ်မက်မှုကို ပစ်ပယ်ခဲ့ပြီးပြီ။ ဤကား သန့်စင်ခံရခြင်းနှင့် ညီမျှသလား။” သင်သည် ဤအရာအားလုံးကို လုပ်ဆောင်ပြီးသည့်တိုင်၊ ဤကား သင်သန့်စင်ခံရခြင်း၏ ခိုင်မာသည့် အထောက်အထား မဟုတ်ပါ။ ထို့ကြောင့်၊ အဓိက အချက်က အဘယ်နည်း။ စစ်မှန်သည့် သန့်စင်ခြင်းအဖြစ် ယူဆနိုင်ရန် မည်သည့် ရှုထောင့်မှ သင်သည်သန့်စင်ခြင်းကို ရရှိနိုင်သနည်း။ ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ စိတ်သဘောထားကို သန့်စင်ခြင်းက စစ်မှန်သည့် သန့်စင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်စိတ်သဘောထား၏ သရုပ်သကန်များမှာ အဘယ်နည်း။ အထင်ရှားဆုံးသော သရုပ်သကန်များမှာ လူတစ်ဦး၏ မာနထောင်လွှားမှု၊ စိတ်ကြီးဝင်မှု၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှုနှင့် မိမိကိုယ်ကို ပလွှားမှုတို့အပြင်၊ သူ၏ ကောက်ကွေ့မှု၊ သစ္စာဖောက်မှု၊ လိမ်ညာပြောဆိုမှု၊ လှည့်စားမှုနှင့် သူတော်ကောင်း ယောင်ဆောင်မှုတို့ ဖြစ်ကြသည်။ ဤစာတန်စိတ်သဘောထားများသည် လူတစ်ဦး၏ တစ်စိတ်တစ်ပိုင်း ဆက်၍မဟုတ်တော့သည့် အချိန်တွင်၊ ယင်းနောက်တွင် သူတို့သည် အမှန်တကယ် သန့်စင်ခံပြီး ဖြစ်သည်။ လူ၏စာတန်စိတ်သဘောထား အတွင်းတွင် အဓိကသရုပ်သကန် ၁၂ခုရှိသည်ဟု ဆိုခဲ့ကြသည်၊ ၄င်းတို့မှာ မိမိကိုယ်ကို ကိုယ်သိက္ခာအရှိဆုံးဟု မှတ်ယူခြင်း၊ မိမိကိုလိုက်နာသူကို အောင်မြင်ဖြစ်ထွန်းစေ၍၊ မိမိကို ဆန့်ကျင်သူများအား ပျက်စီးစေခြင်း၊ ဘုရားသခင်သည်သာလျှင် သင့်ထက်သာလွန်သည်ဟု တွေးနေခြင်း၊ မည်သူကိုမျှ မဆက်ကပ်ခြင်း၊ အခြားသူများကို အလေးမထားခြင်း၊ သင့်တွင် သြဇာအာဏာ ရှိသည်နှင့် လွတ်လပ်သည့်နိုင်ငံ ဖန်တီးခြင်း၊ တစ်ဦးတည်း သြဇာအာဏာ စိုးမိုးသူနှင့် အရာခပ်သိမ်း၏ သခင်ဖြစ်လိုနေခြင်းနှင့်၊ အရာအားလုံးကို သင်ကိုယ်တိုင်သာ ဆုံးဖြတ်လိုခြင်းတို့ ဖြစ်ကြသည်။ ဤသရုပ်သကန်များအားလုံးသည် စာတန်၏ စိတ်သဘောထားများဖြစ်သည်။ လူတစ်ဦးသည် သူ့အသက်တာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို မတွေ့ကြုံမီတွင် ဤစာတန်၏ စိတ်သေဘာထားများကို သန့်စင်စေရမည်။ လူတစ်ဦး၏ အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုသည် တဖန်ပြန်လည် မွေးဖွားရှင်သန်ခြင်းဖြစ်သည်၊ အကြောင်းမှာ သူ၏အနှစ်သာရ ပြောင်းလဲသွားခြင်းအတွက်ကြောင့် ဖြစ်သည်။ ယခင်က သူ့ကို တန်ခိုးအာဏာ ပေးခဲ့သောအခါ၊ သူသည် သူ၏ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံတော်ကို ထူထောင်နိုင်ခဲ့သည်။ ယခု သူ့ကို တန်ခိုးအာဏာပေးသောခါ၊ သူသည် ဘုရားသခင်ကို အစေခံသည်၊ ဘုရားသခင်အတွက် သက်သေခံပြီး ဘုရားသခင်ရွေးချယ်သောသူများအတွက် အစေခံတစ်ဦး ဖြစ်လာသည်။ ဤကား စစ်မှန်သည့် ပြောင်းလဲခြင်း မဟုတ်ပါလား။ ယခင်က၊ အခြေအနေအားလုံးတွင် သူ့ကိုယ်သူ ကြွားဝါပြီး အခြားလူများကို သူ့အားအထင်ကြီးပြီး ကိုးကွယ်စေလိုသည်။ ယခုတွင်၊ သူသည် ဘုရားသခင်အတွက် နေရာတိုင်းတွင် သက်သေခံပြီး သူ့ကိုယ်သူ မကြွားဝါတော့ပါ။ လူတို့က သူ့ကို မည်သို့ပင် ဆက်ဆံပါစေ၊ ၎င်းကို အဆင်ပြေသည်ဟု သူခံစားသည်။ လူတို့က သူ့အား မည်သို့ပင် သုံးသပ်ပါစေ၊ ၄င်းကို အဆင်ပြေသည်ဟု သူခံစားသည်။ သူဂရုမစိုက်ပါ။ သူသည် ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ ဘုရားသခင်အတွက် သက်သေခံခြင်း၊ အခြားသူများ ဘုရားသခင်ကို နားလည်စေရန် ကူညီခြင်းနှင့်၊ အခြားသူများ ဘုရားသခင် ရှေ့တွင် နာခံစေရန် ကူညီခြင်းတို့ကိုသာ အာရုံပြုသည်။ ဤကား အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု မဟုတ်ပါလား။ “ကျွန်ုပ်သည် ညီအစ်ကို မောင်နှမများကို ချစ်ခြင်းဖြင့် ဆက်ဆံပါမည်။ အခြားသူများကို အခြေအနေအားလုံးတွင် ကရုဏာ ထားပါမည်။ ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်တိုင် အတွက်ကို မစဉ်းစားတော့ဘဲ၊ အခြားသူများ အကျိုးကျေးဇူးအတွက် ထောက်ပံ့ပေးပါမည်။ ကျွန်ုပ်သည် အခြားသူများ ဘဝတိုးတက်မှုအတွက် ကူညီမည်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်တာဝန်များကို ကျေပြွန်အောင် ဆောင်ရွက်ပါမည်။ အခြားသူများ သမ္မာတရားကို နားလည်ပြီး သမ္မာတရားရရှိအောင် ကျွန်ုပ်ကူညီပါမည်။” ဤသည်ကား အခြားသူများကို ကိုယ်နှင့်အမျှ ချစ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စာတန်နှင့် ပတ်သက်၍၊ ယင်းကို သင်ထိုးထွင်းသိမြင်နိုင်ရမည်၊ ဥပဒေသများရှိရမည်၊ ယင်းကို နယ်နိမိတ်မျဉ်းတားထားပြီး၊ စာတန်၏ ဆိုးယုတ်မှုများကို မခြွင်းမချန် ထုတ်ဖော်ပါ၊ ထိုသို့လျှင် ဘုရားသခင် ရွေးချယ်သောလူတို့သည် ယင်း၏အန္တရာယ်မှ ရှောင်ကြဉ်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်သောလူတို့ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပြီး၊ ဤအရာသည် သင့်ကိုယ်သင်ထက် အခြားသူများကို ပို၍ပင်ချစ်နေခြင်း ဖြစ်သည်။ ထို့ပြင်၊ သင်သည် ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး၊ ဘုရားသခင် မုန်းသည့်အရာကို မုန်းသင့်သည်။ ဘုရားသခင် မုန်းသည့်အရာများမှာ အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စဉ်းလဲသူများဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည်လည်း အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စဉ်းလဲသူများကို မုန်းရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်ရမည်။ ကျွန်ုပ်တို့သည် သူတို့နှင့် အပေးအယူ မလုပ်ရပါ။ ဘုရားသခင်သည် သူကယ်တင်ပြီး ကောင်းကြီးပေးလိုသည့် သူများကို ချစ်သည်။ ဤလူတို့အတွက်၊ ကျွန်ုပ်တို့ တာဝန်ယူရမည်၊ သူတို့ကို ချစ်မေတ္တာ၊ ကူညီစောင်မမှု၊ လမ်းပြမှု၊ ထောက်ပံ့မှုနှင့် ဆက်ဆံပြီး ဖေးမရမည်။ ဤသည်ကား လူတစ်ဦး၏ အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု မဟုတ်ပါလား။ ထို့ပြင်၊ သင်သည် အချို့သော ပြစ်မှားခြင်းများ သို့မဟုတ် အမှားများ ကျူးလွန်ခဲ့မိသည့်အချိန်တွင်၊ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်ရာတွင် ဥပဒေသများကို ဥပေက္ခာပြုခဲ့သည့်အချိန်တွင်၊ သင်သည် ညီအစ်ကို မောင်နှမများ၏ ဝေဖန်မှု၊ အပြစ်တင်မှု၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပယ်ရှားခြင်းများကို လက်ခံနိုင်သည်။ သင်သည် ဤအရာများအားလုံးကို မှန်ကန်စွာ ဆက်ဆံနိုင်ပြီး ယင်းတို့ကို ဘုရားသခင်ထံမှ ရယူကာ၊ မုန်းတီးမှုကို လက်သင့်ခံမထားဘဲ၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်ကား သင့်အသက်တာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခု မဟုတ်ပါလား။ ဟုတ်ပါသည်။

ဘာသာရေးလောကတွင် ပြောဆိုနေသည့် တစ်စုံတစ်ဦး၏ အပြုအမူ ပြောင်းလဲခြင်းသည် အသက်တာ စိတ်သဘောထားအတွင်း ပြောင်းလဲမှုကို ကိုယ်စားပြုနိုင်ပါသလား။ လူတိုင်းက မပြုနိုင်ပါဟု ပြောကြသည်။ အဘယ်ကြောင့်နည်း။ အဓိက အကြောင်းရင်းမှာ သူသည် ဘုရားသခင်ကို ဆန့်ကျင်နေဆဲ ဖြစ်သည့်အတွက် ဖြစ်သည်။ ၎င်းသည် အပြင်ပိုင်းတွင် ဘာသာတရား အလွန်ကိုင်းရှိုင်းသည့် ဖာရိရှဲများကဲ့သို့ ဖြစ်နေခြင်းသာ ဖြစ်သည်။ သူတို့သည် မကြာခဏ ဆုတောင်းခဲ့သည်၊ သူတို့သည် သမ္မာကျမ်းကို ရှင်းပြခဲ့ကြသည်၊ သူတို့သည် ပညတ်တရား၏ ဥပဒေသများကို ကောင်းစွာ လိုက်လျှောက်ခဲ့ကြသည်။ ၎င်းသည် အပြင်ပိုင်းဖြစ်သည်ဟု ပြောနိုင်ပါသည်၊ သူတို့သည် အပြစ်ရှာ၍ မရနိုင်လောက်အောင် ဖြစ်သည်။ လူတို့သည် သူတို့အား မည်သည့် အပြစ်အနာအဆာများမှ ရှာမတွေ့နိုင်ကြပါ။ သို့ရာတွင်၊ သူတို့သည် အဘယ်ကြောင့် ခရစ်တော်ကို ဆန့်ကျင်ပြီး ပြစ်တင်ဝေဖန် နိုင်ကြသေးသနည်း။ ဤကား အဘယ်အရာကို ဖော်ညွှန်းနေသနည်း။ လူတို့သည် မည်သို့ပင် လူကောင်းပုံစံ ဖြစ်နေပါသော်လည်း၊ သူတို့တွင် သမ္မာတရားမရှိဘဲ ထို့အတွက်ကြောင့် ဘုရားသခင်ကို မသိကြလျှင်၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်နေဆဲပင် ဖြစ်မည်။ အပြင်ပန်းအားဖြင့်၊ သူတို့သည် အလွန်ကောင်းခဲ့ကြပါသော်လည်း၊ ဤအရာက အသက်တာ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခုအဖြစ် အဘယ်ကြောင့် ထည့်တွက်၍ မရသနည်း။ ဤသို့ဖြစ်ရခြင်းမှာ သူတို့၏ ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘောထားသည် အနည်းငယ်မျှပင် မပြောင်းလဲခဲ့ဘဲ၊ သူတို့သည် မာနထောင်လွှားနေခဲ့ဆဲ၊ စိတ်ကြီးဝင်နေခဲ့ဆဲနှင့် အထူးသဖြင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေခဲ့ဆဲ ဖြစ်သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် အသိပညာ၊ အယူအဆများကို ယုံကြည်ခဲ့ကြပြီး သူတို့သည် သမ္မာကျမ်းများကို အကောင်းဆုံးနားလည်ကြသည်ဟု ယုံကြည်ခဲ့ကြသည်။ သူတို့သည် အရာခပ်သိမ်းကို နားလည်ခဲ့ကြပြီး၊ သူတို့သည် အခြားသူများထက် သာလွန်ကြသည်ဟု ယုံကြည်ခဲ့ကြသည်။ ဤကား သခင်ယေရှု တရားဟောလျက် မိမိ၏ အမှုတော်ကို လုပ်ဆောင်နေခဲ့စဉ် သူတို့သည် ကိုယ်တော်ကို ဆန့်ကျင်ခဲ့ပြီး အပြစ်တင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ထိုအကြောင်းကြောင့်၊ နောက်ဆုံးသောကာလ ခရစ်တော်က သမ္မာတရား အလုံးစုံကို ဖော်ပြနေသည်ကို ဘာသာရေး လောကမှ ကြားသည့်အချိန်တွင်၊ ၎င်းသည် သမ္မာတရားဖြစ်ကြောင်း သူတို့ သိသည့်တိုင် ကိုယ်တော်ကို အပြစ်ရှာ ရှုတ်ချကြသည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၃၈ မှ

ယခင်က:စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို မည်သို့ ပြပါသနည်း။

နောက်တစ်ခုသို့:ကောင်းမှုများ ဆိုသည်မှာ အဘယ်နည်း။ ကောင်းမှုများ၏ သရုပ်သကန်များမှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ