အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ တာဝန်ကို လုပ်ဆောင်ခြင်းနှင့် အစေခံမှုကို ပေးအပ်ခြင်းတို့ကြား ခြားနားချက်များမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ၏တာဝန်နှင့် သူကောင်းချီးမင်္ဂလာခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာခံရခြင်း အကြားတွင် အပြန်အလှန်ဆက်စပ်မှု မရှိ။ တာဝန်မှာ လူအနေဖြင့် ကျေပွန်အောင် ထမ်းဆောင်ရမည့် အရာဖြစ်သည်၊ ၎င်းသည် မလွှဲမရှောင်သာ သူထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး ဆုလာဘ်ကို မျှော်ကိုးခြင်း၊ အခြေအနေများ သို့မဟုတ် အကြောင်းပြချက်များပေါ်တွင် မမူတည်သင့်ပါ။ ထိုအခါမှသာ သူ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရသော လူတစ်ဦးသည် တရားစီရင်ခြင်းပြီးနောက် ပြီးပြည့်စုံခြင်းသို့ ရောက်သည့်အခါ ကောင်းမြတ်ခြင်းကို ခံစားရသည်။ ကျိန်ခြင်းအမင်္ဂလာခံရသော လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးနောက် စိတ်သဘောထား မပြောင်းလဲသည့်အခါ ပြစ်ဒဏ်ပေးခြင်းကို ခံရသည်၊ တစ်နည်းအားဖြင့် ၎င်းသည် စုံလင်ခြင်းသို့ရောက်ခြင်း မရှိသေး။ ဖန်ဆင်းခံသတ္တဝါဖြစ်သည့် လူသားသည် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကျိန်ခြင်းအမင်္ဂလာ ခံရသည်ဖြစ်စေ မိမိ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်သည်၊ မိမိလုပ်သင့်သောအရာတို့ကို လုပ်ဆောင်သင့်ပြီး မိမိလုပ်နိုင်စွမ်းရှိသောအရာတို့ကို လုပ်သင့်သည်။ ဤအရာသည် ဘုရားသခင်ကို ရှာဖွေသော လူသားတစ်ဦးအတွက် အလွန်အခြေခံကျသောအရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်အတွက်သာ သင်၏တာဝန်ကို မထမ်းဆောင်သင့်၊ ထိုနည်းတူ ကျိန်ခြင်းအမင်္ဂလာခံရမည်ကို စိုးရိမ်ခြင်းကြောင့် လုပ်ဆောင်ရန် ငြင်းပယ်ခြင်း သင်မပြုသင့်။ ဤအရာတစ်ခုကို သင်တို့အား ငါပြောမည်၊ အကယ်၍ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်ပါက ၎င်းသည် သူလုပ်ဆောင်သင့်သောအရာကို သူစွမ်းဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ လူသည် သူ၏တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းသည် လူ၏ဆန့်ကျင်ပုန်ကန်မှုကို ပြသည်ဟု အဓိပ္ပာယ်ရသည်။ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နေစဉ်မှာပင် တဖြည်းဖြည်းချင်း ပြောင်းလဲသွားခြင်းမှာ အမြဲဆိုသလို ဖြစ်ပြီး ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သူ၏သစ္စာစောင့်သိခြင်းကို ထင်ရှားစွာ ပြသခြင်းဖြစ်သည်။ ထိုသို့အားဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ထမ်းဆောင်နိုင်လေ အမှန်တရားများကို သင်ပို၍ရလေဖြစ်ပြီး သင်၏ထုတ်ဖော်ပြသမှုမှာလည်း ပို၍လက်တွေ့ကျလာမည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေမျှသာ လုပ်သောသူများနှင့် သမ္မာတရားကို မရှာဖွေသောသူများသည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရမည်၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူများသည် သမ္မာတရားအတိုင်း ၎င်းတို့၏တာဝန်ကို လက်တွေ့ထမ်းဆောင်ခြင်းမရှိဘဲ ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် သမ္မာတရားကို ကျင့်သုံးခြင်းမရှိ။ ထိုသို့သောလူများသည် မပြောင်းမလဲဘဲ ကျန်ရစ်နေမည့်သူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရမည့်သူများဖြစ်သည်။ ၎င်းတို့၏ ထုတ်ဖော်ပြသမှုများမှာ မစင်ကြယ်သည့်အပြင် ၎င်းတို့ ထုတ်ဖော်ပြသသည့် အရာမှာလည်း ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်တို့အကြား ကွဲပြားခြားနားမှု” မှ

လူတို့သည် မည်သည့်ပါရမီများ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အစွမ်းအစများကို ပိုင်ဆိုင်ပါစေ၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ပြီး အမှုအရာများကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ခွန်အားကိုသာ အသုံးပြုကြသည်။ မည်သည့်အရာကို ၎င်းတို့ပြုပါစေ၊ ၎င်းတို့သည် ၎င်းတို့၏စိတ်ကူးများ၊ အယူအဆများ၊ သို့မဟုတ် အလိုအလျောက် တုံ့ပြန်မှုများအပေါ် အမှီပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို မည်သည့်အခါမျှ ရှာဖွေခြင်းမရှိသည့်အပြင်၊ ၎င်းတို့၏စိတ်နှလုံးများထဲ၌ အမြင်သဘောထား သို့မဟုတ် လိုအပ်ချက်များ မရှိကြဘဲ၊ “ငါ့တာဝန်ကို ငါလုပ်ဆောင်နေသည်။ ငါသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရမည်” ဟု ဆိုကြ၏။ ၎င်းတို့၏အတွေးအတွက် တစ်ခုတည်းသော စမှတ်မှာ ကောင်းစွာလုပ်ဆောင်ရန်နှင့် အလုပ်ပြီးစီးစေရန် ဖြစ်၏။ ထို့ကြောင့် ဤသည်မှာ ၎င်းတို့၏ဆုကျေးဇူးများ၊ ပါရမီများ၊ စွမ်းရည်များနှင့် တတ်ကျွမ်းမှုများအားဖြင့် လုံးလုံးလျားလျား အသက်ရှင်သောသူတစ်ဦးလော။ ယင်းကဲ့သို့ လူများ၏ယုံကြည်ခြင်းတွင် ၎င်းတို့သည် ၎င်းတို့၏ခွန်အားကိုသာ အသုံးပြုရန်၊ ၎င်းတို့၏ကိုယ်ပိုင်လုပ်အားကို ရောင်းစားရန်၊ ၎င်းတို့၏အစွမ်းအစများကို ရောင်စားရန်သာ စဉ်းစားကြသည်။ အထူးသဖြင့် ဘုရားသခင်၏အိမ်တော်က ၎င်းတို့ လုပ်ဆောင်ရန် အထွေထွေအလုပ်များကို ပေးသောအခါ လူအများစုသည် ဤအမြင်ဖြင့် အမှုအရာများကို ချဉ်းကပ်ကြ၏။ ၎င်းတို့ပြုသမျှမှာ ၎င်းတို့ကိုယ်ကို အားထုတ်ကြိုးပမ်းခြင်း ဖြစ်၏။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ပါးစပ်ကို အသုံးပြုခြင်း၊ တစ်ခါတစ်ရံ ၎င်းတို့၏လက်များနှင့် ကာယခွန်အားကို အသုံးပြုခြင်း၊ တစ်ခါတစ်ရံ ၎င်းတို့၏မျက်လုံးများကို အသုံးပြုခြင်းနှင့် တစ်ခါတစ်ရံ ဟိုဒီ ပြေးလွှားခြင်းကို ဆိုလိုသည်။ ထိုအရာများအားဖြင့် အသက်ရှင်ခြင်းမှာ လူတစ်ဦး၏ခွန်အားကို အသုံးပြုခြင်းဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏အိမ်တော်က အလုပ်တစ်ခုကို ပေးအပ်ခံရပြီး၊ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များကို ပြောပြနိုင်ပြီး ၎င်းတို့၏ချီးကျူးခြင်းကို ခံနိုင်ရန်အတွက် ဤအလုပ်ကို အမြန်ဆုံးမည်ကဲ့သို့ လုပ်ဆောင်ပြီးစီးရန်အကြောင်းကိုသာ စဉ်းစားကြ၏။ ၎င်းတို့၌ တစ်ဆင့်ပြီးတစ်ဆင့် အစီအစဉ်တစ်ခု စိတ်ကူးရကောင်းရနိုင်သည်။ ၎င်းတို့သည် အလွန်အလေးအနက်ထားပုံ ရသော်လည်း ၎င်းတို့သည် အလုပ်ကို ပုံပန်းအတွက် လုပ်ဆောင်ခြင်းထက်ပို၍ မည်သည့်အရာကိုမျှ အာရုံမထားကြပေ၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်နေသည့်အခါ ၎င်းတို့သည် ပျော်ရွှင်ခြင်းနှင့် ရောင့်ရဲခြင်းကို ခံစားကြရပြီး ၎င်းတို့ကြိုးပမ်းသော စုံလင်ခြင်းအဆင့်သို့ ရောက်ရှိကြရန် ၎င်းတို့အတွက် လုပ်ဆောင်ပုံနှင့်ပတ်သက်၍ ကိုယ်ပိုင်စံနှုန်းကို သတ်မှတ်ကြ၏။ ၎င်းတို့သည် မည်သည့်အစီအစဉ် သို့မဟုတ် စံနှုန်းကိုသတ်မှတ်ကြပါစေ၊ သမ္မာတရားနှင့်ဆက် နွှယ်မှုမရှိပါက၊ အရေးယူလုပ်ဆောင်ခြင်း မပြုမီ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် ၎င်းတို့ကို ဘုရားသခင်စေခိုင်းသော အရာတို့ကို နားလည်ပြီး အတည်ပြုခြင်း မရှိသော်လည်း၊ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မမြင်မစမ်း စိတ်ရှုပ်ထွေး၍ ဆင်ကန်းတောတိုး ပြုမူလုပ်ဆောင်ပါက ဤသည်မှာ ၎င်းတို့ကိုယ်ကို အားထုတ်ကြိုးပမ်းခြင်းသာ ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့၏အလိုဆန္ဒများ၊ ၎င်းတို့၏ဦးနှောက် သို့မဟုတ် ဆုကျေးဇူးများ၊ သို့မဟုတ် ၎င်းတို့၏စွမ်းရည်များနှင့် တတ်ကျွမ်းမှုများအလျောက် ပြုမူလုပ်ဆောင်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ဤနည်းဖြင့် ၎င်းတို့အလုပ်လုပ်ဆောင်ခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ အလုပ်သည် ပြီးမြောက်ကောင်း ပြီးမြောက်နိုင်ခဲ့သည်၊ မည်သူမျှ အမှားအယွင်း တစ်စုံတစ်ခုကိုမျှ သိခြင်းမရှိဘဲ၊ သင်သည် ၎င်းနှင့်ပတ်သက်၍ အလွန်ပျော်ရွှင်ကောင်း ပျော်ရွှင်နေနိုင်သည်။ သို့သော်လည်း ၎င်းကို လုပ်ဆောင်နေစဉ် နံပါတ်တစ်- သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ၊ ထို့အပြင် နံပါတ်နှစ်- သင်သည် ၎င်းကို သင်၏စိတ်နှလုံးအကြွင်းမဲ့နှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်ခဲ့ခြင်းမရှိပေ၊ သင်စိတ်ပါလက်ပါလုပ်ဆောင်ခဲ့ခြင်းမရှိပေ။ အကယ်၍ သင်သည် သမ္မာတရား၏နိယာမများကို ရှာာဖွေခဲ့ပြီးဖြစ်ပါက၊ အကယ်၍ သင်သည် ဘုရားသခင်၏အလိုတော်ကို ရှာဖွေခဲ့ပြီးဖြစ်ပါက၊ သင်သည် အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိခဲ့မည် ဖြစ်ပြီး၊ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့လည်း ဝင်ရောက်နိုင်ခဲ့ပြီး သင် လုပ်ဆောင်နေသောအရာမှာ ဘုရားသခင်၏ အလိုတော်နှင့်ညီကြောင်း သင် မှန်ကန်စွာ နားလည်ခဲ့ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် အကယ်၍ သင်သည် သတိလက်လွတ်နှင့် ဖြစ်ကတတ်ဆန်း ဖြစ်ခဲ့ပါက၊ အလုပ်ပြီးမြောက်ကောင်း ပြီးမြောက်ခဲ့နိုင်သော်လည်း သင်၏စိတ်နှလုံးထဲ၌ ၎င်းကို သင် မည်မျှကောင်းစွာ လုပ်ဆောင်ခဲ့ကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းလိမ့်မည် မဟုတ်ပေ။ သင်၌ စံအမှတ် ရှိလိမ့်မည်မဟုတ်ပေ၊ ၎င်းမှာ ဘုရားသခင်၏အလိုတော်နှင့် ညီမညီ သိလိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သမ္မာတရားနှင့် ညီမညီ သိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤအခြေအနေမျိုးတွင် တာဝန်များကို လုပ်ဆောင်သောအခါတိုင်း၊ သင့်ကိုယ်သင် အားထုတ်ကြိုးစားခြင်းဟူသော စကားလုံးနှစ်လုံးဖြင့် ဤအရာကို ရည်ညွှန်းနိုင်ပါသည်။...

ဘုရားသခင်ကို ယုံကြည်သောသူတိုင်း သူ၏ အလိုတော်ကို နားလည်သင့်၏။ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ဖြည့်ဆည်းသော သူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြပြီး၊ ၎င်းတို့ကို သူ အပ်နှံသည့် အလုပ်တာဝန်များကို ဖြည့်ဆည်းခြင်းအားဖြင့်သာ ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းခြင်းက စံချိန်မီလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက် ပြီးမြောက်စေရန်အတွက် စံနှုန်းများရှိသည်။ သခင်ယေရှုက၊ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနှင့်ချစ်လော့” ဟု ပြောခဲ့သည်။ ဘုရားသခင်ကို ချစ်ခြင်းမှာ လူတို့အပေါ် ဘုရားသခင် သတ်မှတ်ထားသောအရာထဲမှ ရှုထောင့်တစ်ခုဖြစ်၏။ အမှန်အားဖြင့် ဘုရားသခင်သည် လူတို့အား တာဝန်ပေးစေခိုင်းချက်တစ်ခုကို ပေးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ယုံကြည်ခြင်းဖြင့် ထမ်းဆောင်သောအခါ၊ ၎င်းတို့အတွက် ကိုယ်တော် သတ်မှတ်ထားသောစံနှုန်းမှာ ဤသို့ဖြစ်၏- သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဟူ၍ ဖြစ်သည်။ အကယ်၍ သင်သည် ရောက်လာသော်လည်း သင်၏စိတ်နှလုံးမပါသော်၊ သင်၏ဦးခေါင်းဖြင့် အလုပ်များအကြောင်းကို တွေးပြီး မှတ်ဉာဏ်၌ မှတ်သားသော်လည်း သင်၏စိတ်နှလုံးကို ၎င်းတို့ထဲ၌ မထားသော်၊ သင်၏ကိုယ်ပိုင်အစွမ်းအစများကို အသုံးပြု၍အမှုအရာများကို လုပ်ဆောင်ပြီးစီးလျှင် ယင်းမှာ ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေခြင်းဖြစ်သလော။ ထို့ကြောင့် သင်၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ရန်နှင့် သင့်ကို ဘုရားသခင် အပ်နှံထားသောအရာ ဖြစ်မြောက်စေရန်နှင့် သင်၏တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ရန်အတွက် မည်သည့်စံနှုန်း ပြည့်မီရမည်နည်း။ ယင်းမှာ သင်၏တာဝန်ကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့် လုပ်ဆောင်ခြင်းဖြစ်၏။ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခု သင်၌မရှိလျှင်၊ သင်၏ တာဝန်ကို မှန်မှန်ကန်ကန် ဖြည့်ဆည်းရန် ကြိုးပမ်းခြင်းက အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာ ပိုတိုး၍ ခိုင်မာလာပြီး ပို၍ပို၍ စစ်မှန်လာလျှင်၊ သင်၏ တာဝန်ကို သင့်စိတ်နှလုံး၊ သင့် ဝိညာဉ်၊ သင့် စိတ်နှင့် ခွန်အား အားလုံးတို့ဖြင့် အလိုအလျောက် သင်ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့ စွဲကိုင်အသက်ရှင်ကြသည့်အရာ” မှ

လူအချို့အတွက် ၎င်းတို၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို အစဉ်ဖြည့်ဆည်းကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို အစဉ်စိုးမိုးနေ၏။ ၎င်းတို့သည် ၎င်းတို့အား ပေးအပ်ထားသောတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သော်လည်း သမ္မာတရား တစ်စုံတစ်ရာကို မရရှိကြပေ။ ထို့ကြောင့် ဤလူသည် ၎င်း၏တာဝန်ကို ထမ်းဆောင်ရာ၌ မည်သည့်အရာကို အမှီပြုနေသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် အမှီပြုနေခြင်း မဟုတ်သည့်အပြင် ဘုရားသခင်ကို အမှီပြုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော သမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ နေရာယူစိုးမိုးခြင်း မရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် ဆုကျေးဇူးများနှင့် အစွမ်းအစများ၊ ၎င်းတို့ ဆည်းပူးရရှိခဲ့သော အသိပညာနှင့် ၎င်းတို့၏ ပင်ကိုစွမ်းရည်များကိုသာမက၊ ၎င်းတို့၏တာဝန် ပြီးစီးစေရန် စိတ်စွမ်းအား သို့မဟုတ် ကောင်းသော ရည်ရွယ်ချက်များအပေါ် အမှီပြုနေကြခြင်း ဖြစ်သည်။ သင်သည် တစ်ခါတစ်ရံတွင် သင်၏တာဝန်ကိုထမ်းဆောင်ရာ၌ သင်၏သဘာဝကျခြင်း၊ စိတ်ကူးများ၊ အယူအဆများ၊ အသိပညာနှင့် သညာကို အမှီပြုကောင်း အမှီပြုနိုင်သော်လည်း၊ သင် လုပ်ဆောင်သည့် အမှုအရာများ၌ အခြေခံသဘောတရား ပြဿနာများ ရုတ်တရက် ပေါ်ပေါက်လာခြင်း ရှိမည်မဟုတ်ပေ။ အပေါ်ယံတွင် သင်သည် မှားသောလမ်းကြောင်းကို လိုက်ခဲ့ခြင်း မရှိသေးသကဲ့သို့ ထင်ရသော်လည်း၊ လျစ်လျူရှု၍မရသော အရာတစ်ခုရှိသည်- သင်၏တာ၀န်ကို လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တစ်ခုလုံးအတွင်း အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် တစ်ကိုယ်ရေအလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ အကယ်၍ သင်၏လုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရား၏နိယာမများနှင့် မည်သည့်အခါမျှ ကိုက်ညီခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ဖြစ်လိမ့်မည်နည်း။ သင်သည် အစေခံသူတစ်ဦး ဖြစ်လာလိမ့်မည်၊ ထို့အပြင် သမ္မာကျမ်းစာထဲ၌ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟူ၍ ဤကဲ့သို့ မှတ်တမ်းတင်ထားသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ဦး၏တာဝန်များထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခံစားနည်း” မှ

ပေတရုသည် စစ်ဆေးခြင်းနှင့် ဆုံးမခြင်းအား ကြုံတွေ့ခံစားခဲ့ရခြင်းမှ တစ်ဆင့် ပြီးပြည့်စုံလင် စေခြင်းကို ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ လိုအင်အား ကျေနပ်စေရမည်။ ငါပြုသော အရာတိုင်း၌ ဘုရားသခင်၏ လိုအင် ကျေနပ်စေရန်သာ ငါ ရှာဖွေရပြီး ငါသည် ပြစ်တင်ဆုံးမ ခံရသည် ဖြစ်စေ၊ တရားစီရင် ခံရသည်ဖြစ်စေ၊ ထိုကဲ့သို့ ပြုရခြင်းကို ပျော်ရွှင်ဆဲပင် ဖြစ်သည်” ဟု ပြောခဲ့သည်။ ပေတရုသည် သူ၏ အလုံးစုံကို ဘုရားသခင်အား ပေးခဲ့ပြီး၊ သူ၏အလုပ်၊ စကားလုံးနှင့် အသက်တာ တစ်ခုလုံး သည် ဘုရားသခင်အား ချစ်ခြင်းအကြောင်းသာ ဖြစ်ခဲ့သည်။ သူသည် သန့်ရှင်းခြင်းကို ဖွေရှာသောသူ တစ်ယောက် ဖြစ်ခဲ့ပြီး၊ သူတွေ့ကြုံခံစားရလေလေ၊ သူ၏နှလုံးသားအတွင်း နက်ရှိုင်းရာရှိ ဘုရားသခင် အတွက် သူ၏ ချစ်ခြင်းသည် သာ၍ ကြီးလာလေဖြစ်သည်။ ပေါလုမှာမူ အပြင်ပန်း အလုပ်ကိုသာ လုပ်ဆောင် ခဲ့ပြီး၊ သူသည်လည်း ကြိုးစား လုပ်ဆောင်ခဲ့ သော်ငြားလည်း၊ သူ၏ အားထုတ်မှုမှာ သူ၏ အလုပ်အား သင့်တင့်စွာ လုပ်ဆောင်ရန် အလို့ငှာဖြစ်ပြီး ထိုမှဆုလာဘ်ရယူရန် ဖြစ်သည်။ သူသည် မည်သည့် ဆုလာဘ်မျှ ရရှိလိမ့်မည် မဟုတ်ဆိုသည်အား သိခဲ့ပါက၊ သူသည် သူ၏ အလုပ်အား လက်လျှော့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ပေတရု အလေးထားခဲ့သော အရာမှာမူ သူ၏ နှလုံးသားအတွင်းရှိ စစ်မှန်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ထိုအရာ သည် လက်တွေ့ကျကာ ပြီးမြောက် အောင်မြင်နိုင်သည့် အရာလည်း ဖြစ်သည်။ သူသည် ဆုလာဘ် ရရှိလိမ့် မည်၊ မရရှိလိမ့်မည်ကို အလေးမထားခဲ့ပဲ၊ သူ၏ စိတ်သဘောထားသည် ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိကိုသာ အလေးထားခဲ့သည်။ ပေါလုသည် သာ၍ အလုပ်ကြိုးစားလုပ်ရန် အလေးထားခဲ့သည်၊ သူသည် အပြင်ပန်း အလုပ်နှင့် ဆက်ကပ်ခြင်းကိုသာ အလေးထားခဲ့ပြီး၊ သာမန်လူများမှ မတွေ့ကြုံသည့် အယူဝါဒများကိုသာ အလေးထားခဲ့သည်။ သူ၏အတွင်း နက်ရှိုင်းရာတွင် ပြောင်းလဲမှုများနှင့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း ကို သူသည် ဘာမျှအလေးမထားခဲ့။ ပေတရု၏ အတွေ့အကြုံများမှာမူ စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သော သိခြင်းကို ရရှိအောင်မြင်ရန် အလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့် သာ၍ နီးကပ်သော ဆက်ဆံရေးကို ရရှိရန်နှင့် လက်တွေ့ကျသော အသက်ရှင်ခြင်း ရှိရန်ပင် ဖြစ်ခဲ့သည်။ ပေါလု၏ အလုပ်မှာ ယေရှုမှ သူ့အား တာဝန်ပေး စေခိုင်းချက်ကြောင့်သာ ဖြစ်ပြီး၊ သူတောင့်တသော အရာများ ရရှိရန် အလို့ငှာ ဖြစ်သည်၊ သို့သော်ငြားလည်း ဤအရာများသည် သူကိုယ်တိုင်၏ အသိပညာနှင့် ဘုရားသခင်နှင့် ပတ်သက်၍ ဆက်နွယ်နေခြင်း မရှိခဲ့ပေ။ သူ၏ အလုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ လွတ်မြောက်ရန် အလို့ငှာသာ ဖြစ်ခဲ့သည်။ ပေတရု ဖွေရှာခဲ့သော အရာမှာ သန့်စင်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ပေါလု ဖွေရှာခဲ့သော အရာမှာမူ ဓမ္မသရဖူကိုပင် ဖြစ်သည်။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ရပြီး၊ ခရစ်တော်နှင့် ပတ်သက်၍ လက်တွေ့ကျသော အသိပညာရှိခဲ့ပြီး၊ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ သိမ်မွေ့လေးနက်သော အသိပညာလည်း ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အား သူ၏ချစ်ခြင်းမှာ သန့်စင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသော စစ်ဆေးခြင်း သည် ယေရှုနှင့် အသက်တာနှင့် ပတ်သက်သည့် သူ၏ အသိပညာကို မြှင့်တင်ပေးခဲ့သည်၊ သူ၏ ချစ်ခြင်းသည် အခြေအနေအပေါ် မမူတည်သော ချစ်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ အလိုအလျောက် ဖြစ်တည်လာသော ချစ်ခြင်းပင် ဖြစ်ပြီး၊ သူသည် မည်သည့်အရာကိုမျှ ပြန်၍ မတောင်းခဲ့ သကဲ့သို့၊ မည်သည့် အကျိုးအမြတ်ကို လည်း မမျှော်လင့်ခဲ့ပါ။ ပေါလုသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူသည် ခရစ်တော်နှင့် ပတ်သက်သည့် ကြီးမားသော အသိပညာကို မပိုင်ဆိုင်ခဲ့ပဲ၊ မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာ မှာလည်း သနားစဖွယ် သေးနုပ်လှသည်။ သူ၌ ခရစ်တော်အတွက် ချစ်ခြင်း လုံးဝမရှိ၊ သူ၏ အလုပ်နှင့် သူပြေးခဲ့သော ပြေးလမ်းသည် နောက်ဆုံး အောင်ပန်းကို ရရှိနိုင်ရန်အတွက်သာ ဖြစ်သည်။ သူဖွေရှာခဲ့သော အရာသည် အကောင်းဆုံးသော သရဖူကိုပင်ဖြစ်ပြီး၊ အသန့်စင်ဆုံး ချစ်ခြင်း မဟုတ်ခဲ့ပေ။ သူသည် တက်ကြွစွာ ဖွေရှာခြင်း မရှိခဲ့၊ သို့သော် တုန့်ပြန်မှု အလွန်ကင်းမဲ့စွာသာ လုပ်ဆောင်ခဲ့သည်။ သူသည် သူ၏ တာဝန်အား ထမ်းဆောင်နေခြင်း မဟုတ်ပဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် သိမ်းပိုက် ခံရပြီးနောက်ပိုင်း သူ၏ လိုက်လျှောက်ခြင်းတွင် မရအရ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လိုက်လျှောက်ခြင်း မှာ သူသည် ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ကို သက်သေ မပြပါ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါ တစ်ဦးဖြစ်သူမှာ ပေတရုပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ပေါလု၏ အလုပ်သည် အသင်းတော်များအား ထောက်ပံ့ခြင်းနှင့် နှီးနွယ်နေသည်။ ပေတရု ကြုံတွေ့ခံစားခဲ့ရသော အရာမှာမူ သူ၏ အသက်တာ စိတ်သဘောထား အတွင်းမှ ပြောင်းလဲမှုများပင် ဖြစ်သည်။ သူသည် ဘုရား သခင်၏ ချစ်ခြင်းကို ကြုံတွေ့ခံစားခဲ့ရသည်။ ယခုတွင် သင်သည် ၎င်းတို့ အခြင်းအရာများ၏ ကွဲပြားခြားနား ချက်များကို သိသည့်အတွက်၊ အဆုံးတွင် မည်သူသည် ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်ခဲ့ပြီး၊ မည်သူက ဘုရားသခင်အား စစ်မှန်စွာ မယုံကြည်ခဲ့သည်ကို သင်မြင်နိုင်ပေသည်။ ၎င်းတို့အထဲမှ တစ်ယောက်သည် ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ပြီး၊ အခြားတစ်ယောက်မှာမူ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ခြင်း မရှိပေ။ တစ်ယောက်သော သူသည် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ခံယူခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မခံယူခဲ့ပေ။ တစ်ယောက်သောသူသည် နှိမ့်ချစွာ အစေကျွန်ခံခဲ့ပြီး လူများမှ လွယ်ကူစွာ မှတ်မိသိရှိနိုင်ခြင်း မရှိခဲ့ချေ။ အခြားတစ်ယောက်သည် လူများ၏ ဝတ်ပြုခြင်းကို ခံရပြီး၊ ကြီးမြတ်သည့် ပုံရိပ်ရှိသည်၊ တစ်ယောက်သည် သန့်ရှင်းခြင်းကို ဖွေရှာခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မဖွေရှာခဲ့၊ သူသည် မသန့်စင်သော်ငြား လည်း၊ သူ၌ သန့်စင်သော ချစ်ခြင်းကို ပိုင်ဆိုင်ခြင်းမရှိခဲ့။ တစ်ယောက်သော သူသည် စစ်မှန်သော လူသား သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ တစ်ယောက်သောသူတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ ဤသည်တို့မှာ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာတို့ ကွဲပြားခြားနားချက်များပင် ဖြစ်သည်။ ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် အောင်မြင်မှု၏ လမ်းကြောင်းဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်နှင့် ပုံမှန် လူသားသဘာဝကို ပြန်လည်ရယူခြင်းအား ပြီးမြောက် အောင်မြင်နိုင်မည့် လမ်းကြောင်းလည်း ဖြစ်သည်။ ပေတရုသည် အောင်မြင်သော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ရှုံးနိမ့်မှု၏ လမ်းကြောင်းဖြစ်ပြီး၊ သူသည် ဘုရားသခင်အား စစ်မှန်စွာ မချစ်ပဲ၊ မိမိတို့ကိုယ်မိမိ အပေါ်ယံသာ ဆက်ကပ်အပ်နှံပြီး အသုံးခံသော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလုသည် သမ္မာတရားအား ပိုင်ဆိုင်ခြင်းမရှိသော ထိုသူအားလုံးကို ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၌ ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းထဲ မဝင်ရောက်သေးသောသူများ၊ ၎င်းတို့၏ အသက်တာစိတ်သဘောထားက အပြောင်းအလဲတစ်ခုတစ်လေကို မည်သို့မျှ မတွေ့ကြုံဖူးသေးသောသူများနှင့် သမ္မာတရား အနည်းအကျဉ်းကိုမျှ နားမလည်သောသူ အားလုံးတို့သည် ကောင်းချီးမင်္ဂလာများကို ရရှိရန် ၎င်းတို့၏ စိတ်အားထက်သန်မှု နှင့် စိတ်ဓါတ်လှုံ့ဆော်မှုတို့အပေါ် အမှီပြုပြီး အားထုတ်ခြင်း အနည်းငယ်မျှ လုပ်ဆောင်ရန် လိုလားသမျှ၊ ၎င်းတို့ အစေခံနိုင်ပါသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားအချို့ကို နားလည်ပြီး၊ ဘုရားသခင်၌ မှန်ကန်သော ယုံကြည်ခြင်းရှိကာ၊ ဘုရားသခင်အကြောင်း မည်သည့် သံသယမျှ လုံးဝ မရှိ၊ ဘုရားသခင်၏ အမှုတော်ကို သိနားလည်မှုရှိ၍၊ ဘုရားသခင်၏ အမှုတော် ရည်ရွယ်ချက်မှာ လူတို့ကို ကယ်တင်ရန်နှင့် စုံလင်စေရန်ဖြစ်သည်ကို မြင်ကာ၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမှန်တကယ် ကြီးမြတ်သည်ကို မြင်နိုင်ပြီး ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုနှင့် ကျွနုပ်တို့ကို ဘုရားသခင်ပေးသော ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်တတ်သော စိတ်နှလုံးတစ်ခုကို ဖြစ်ပေါ်ပြီးသည်နှင့် တပြိုင်နက်၊ ဤကဲ့သို့သော လူပုဂ္ဂိုလ်မျိုးက ကျေပွန်အောင်ဆောင်ရွက်သော တာဝန်များကို ကောင်းသောအမှု များအဖြစ် ဆိုနိုင်ပါသည်။ ဤလူ ဖြည့်ဆည်းသော တာဝန်များကို ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးက ကျေပွန်အောင်ဆောင်ရွက်သော တာဝန်များအဖြစ် တရားဝင် မှတ်ယူ၍ရနိုင်ပြီး အစေခံနေခြင်း မဟုတ်ပါ။ တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ခြင်းဆိုသည်မှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ နည်းလမ်းတစ်ခုအဖြစ် သင်၏ တာဝန်များကို ကျေပွန်ရန် လိုလိုလားလား ရှိနေသည်ကို ဆိုလိုသည်။ ဤသည်မှာ အစေခံခြင်းနှင့် တာဝန်ကျေပွန်ခြင်းတို့အကြားက ခြားနားမှုဖြစ်သည်။ ရည်ရွယ်ချက်မှာ မတူညီပါ။ စိတ်နှလုံးအတွင်းက အနေအထားနှင့် အခြေအနေမှာ မတူညီပါ။ အစေခံခြင်းဆိုသည်မှာ ကောင်းချီးများရရှိရန် စိတ်ဓာတ် စိတ်ဓာတ်လှုံ့ဆော်မှုနှင့် စိတ်အားထက်သန်မှုတို့၏ စိုးမိုးခြယ်လှယ်ခြင်းခံရစဉ်အတွင်း တာဝန်အချို့ကို ဆောင်ရွက်ခြင်း ဖြစ်သည်။ လူတစ်ဦး၏ တာဝန်ကို အမှန်တကယ် ကျေပွန်အောင်ဆောင်ရွက်ခြင်းမှာ သမ္မာတရားကို သိနားလည်ခြင်းတစ်ခု၏ အခြေခံအုတ်မြစ်အပေါ် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းမှာ ဖန်ဆင်းခံများက ၎င်းတို့၏ တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ခြင်းမှာ ကောင်းကင်ဘုံ၏နိယာမဖြစ်သည်ကို သိနားလည်ခြင်းအပေါ် အခြေခံပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိနားလည်ခြင်းနှင့် မိမိ၏ တာဝန်များကို ကျေပွန်ရန် ဆန္ဒပေါ်ပေါက်ခြင်းဖြစ်သည့် ဤချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပြန်လည်ပေးဆပ်ရန် ဆန္ဒ ၏ အခြေခံအုတ်မြစ်အပေါ်တွင် အခြေပြုထားပါသည်။ ဤသည်မှာ လူတစ်ဦး၏ တာဝန်များကို မှန်ကန်စွာနှင့် ကောင်းမွန်စွာ ကျေပွန်အောင် ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၂) တွင်ပါဝင်သော “ကောင်းမှုများကို အသင့်ပြင်ဆင်ခြင်း၏ နောက်ကွယ်မှ အရေးကြီးသည့်အဓိပ္ပာယ်” မှ

အသက်တာအပေါ် အာရုံစိုက်ပြီး ဘုရားသခင်၏ လူများဖြစ်ဖို့ ကြိုးစားကြသူအားလုံးသည် ၎င်းတို့၏ တာဝန်ကို အချောင်ခို၍မရသော တာဝန်ဝတ္တရားတစ်ခုအဖြစ် ဆောင်ရွက်နိုင်ကြလေသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန်အတွက် ဤသို့ ပြုလုပ်ကြခြင်းဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ဆုလာဘ်များအပေါ် စျေးမဆစ်ကြသလို တောင်းဆိုမှုများ မရှိကြပါ။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ တာဝန်များ ဆောင်ရွက်ခြင်းဟု ခေါ်ဆိုနိုင်သည်။ အစေခံများဟု ခေါ်ဆိုသည့်လူအမျိုးအစားသည် အများဆုံးအနေဖြင့် ၎င်းတို့ ကောင်းကြီးခံစားရဖို့အလို့ငှာ ဘုရားသခင်ကို နှစ်သိမ့်ရန် အားထုတ်မှုအနည်းငယ်သာ လုပ်ဆောင်တတ်ကြသည်။ ၎င်းတို့ ယုံကြည်ချက်သည် အစွန်းအထင်းရှိသည်။ သမ္မာတရား သို့မဟုတ် အသက်ကို ၎င်းတို့ ရှာဖွေဖို့ နေနေသာသာ၊ ၎င်းတို့တွင် အသိတရား သို့မဟုတ် အသိစိတ်မရှိကြချေ။ သဘာဝအားဖြင့် ၎င်းတို့ အဘယ်မျှ ဆိုးဝါးပြီးထိုအတွက်ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ လူများ ဖြစ်လာနိုင်ချေမရှိသည်ကို မြင်နိုင်သောကြောင့် အပျက်သဘောဆောင်ခြင်းထဲတွင် အမြဲနေထိုင်လျက် ဘုရားသခင်၏ လူများဖြစ်လာဖို့ ကြိုးပမ်းရှာဖွေမှုကို ၎င်းတို့ စွန့်လွှတ်တတ်ကြလေသည်။ ထို့ကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်အပေါ် လိုရာဆွဲသည့် ၎င်းတို့၏ အယူအဆအားဖြင့် ချည်နှောင်ခံကြရသောကြောင့် ၎င်းတို့ လုပ်ဆောင်သမျှမှာ အစေခံမှုကို ပေးအပ်ခြင်းဖြစ်ပေသည်။ လူတစ်ဦး လျှောက်သော လမ်းကြောင်းသည် ၎င်းလုပ်ဆောင်သည့်အရာမှာ ၎င်း၏ တာဝန်ကို ဆောင်ရွက်နေခြင်း ဖြစ်သည် သို့မဟုတ် အစေခံမှုကို ပေးအပ်ခြင်း ဖြစ်သည်ကို အဆုံးအဖြတ်ပေးသည်။ အကယ်၍ သူသည် သမ္မာတရားကို ရှာဖွေပြီး အသက်တာအပေါ် အာရုံစိုက်လျှင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့နှင့် ဘုရားသခင် ကျေနပ်စေဖို့ သူ၏ တာဝန်ကို ကောင်းကောင်း ဆောင်ရွက်လျှင်၊ ဘုရားသခင်၏ လူတို့ထဲမှ တစ်ဦးဖြစ်လာဖို့ ရည်မှန်းချက်အပေါ် ကြိုးစားလုပ်ဆောင်လျှင်၊ ဤကဲ့သို့သော ရူပါရုံမျိုးသည် သူ၏ အထောက်အပံ့ဖြစ်လျှင်၊ သူလုပ်ဆောင်သောအရာသည် သူ၏ တာဝန်ကို သေချာပေါက် ဆောင်ရွက်နေခြင်း ဖြစ်ပေသည်။ သမ္မာတရား ချို့တဲ့သူများ၊ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အပျက်သဘောဆောင်ခြင်း အခြေအနေထဲတွင် နေထိုင်ကြသူများ၊ ဘုရားသခင်ကို နှစ်သိမ့်ဖို့ရန် နှင့် တစ်ပတ်ရိုက်ဖို့ရန် အနည်းငယ်မျှသော အားထုတ်မှုကိုသာ ထားရှိသူတို့သည် အစေခံမှုကိုသာ ပေးအပ်ကြသည့် လူအမျိုးအစား ဖြစ်ကြသည်။ အစေခံသူများအားလုံးသည် အမှန်တကယ်ပင် အသိတရား သို့မဟုတ် အသိစိတ် မရှိကြသူများဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ အသက်ကို မပိုင်ဆိုင်ကြသော သူများဖြစ်ကြသည်မှာ ရှင်းပေသည်။ ဤအရာမှ၊ စိတ်ဆုံးဖြတ်မှု မရှိသူ၊ သမ္မာတရားကို မရှာဖွေသူ နှင့် အသက်တာအပေါ် အာရုံမစိုက်သူတို့သည် အစေခံဖြစ်ဖို့ပင် မထိုက်ကြကြောင်း ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သိသာထင်ရှားပါသည်။ ၎င်းတို့သည် ဆိုးရွားသော သဘာဝတစ်ခု ရှိကြသည်၊ သမ္မာတရားကို လက်ခံရန်မလိုလားကြသလို ဘုရားသခင်ကို မယုံကြည်ကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သံသယများပင် ထားသိုတတ်ကြသည်။ ဤသည်မှာ အတိအကျပင် ၎င်းတို့အတွင်းတွင် လုပ်ဆောင်နေသော ၎င်းတို့၏ ကိုယ်ပိုင် လှည့်ဖြားမှုဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အမှန်တကယ် အစေခံတစ်ဦးဖြစ်လျှင်၊ သူသည် အစေခံမှုကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်ရန် လိုအပ်ဆဲဖြစ်ပြီး ဝတ်ကျေတမ်းကျေ နှင့် ပေါ့ပေါ့ဆဆ ဖြစ်၍ မရပါ။ ဤအရာကသာ သူ့ကို ကျန်ရစ်သည့် အစေခံတစ်ဦးဖြစ်ရန် အရည်အချင်း ပြည့်မှီစေမည်ဖြစ်သည်၊ ယင်းက သူ့ကို ကံအလွန်ကောင်းစေပါလိမ့်မည်။ အစေခံတစ်ဦးအဖြစ် အမှန်တကယ် ဖြစ်လာခြင်းမှာ ရိုးရှင်းသော ကိစ္စရပ် မဟုတ်ချေ။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:တာဝန်ကို လုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:“အရာရာကို ချန်ထားခဲ့ပြီး ဘုရားသခင်နောက်လိုက်ပါ” ဟုဆိုခြင်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ