အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၃၉- ပြီးခဲ့သည့် ထောင်စုနှစ် နှစ်ခုကြာ၊ ဘာသာရေးလောကတစ်ခုလုံးက ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ သုံးပါးတစ်ဆူသည် ခရစ်ယာန် အယူဝါဒတစ်ခုလုံး၏ ဂန္တာဝင် သီအိုရီတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် သုံးပါးတစ်ဆူနှင့်ဆိုင်သော အနက်ပြန်ခြင်းသည် အမှန်တကယ် ခိုင်မြဲပါသလား။ သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိပါသလား။ သုံးပါးတစ်ဆူသည် ဘာသာရေး လောက၏ အကြီးမားဆုံး အတွေးမှားဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ဆိုပါသနည်း။

အဖြေ-

သင်တို့အားလုံးသည် သခင်ယေရှုခရစ်မှာ ဘုရားသခင်၏ သားတော်ဖြစ်သည့်အကြောင်း သင်တို့၏ အတည့်ပြုချက်ကို သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ထားသော အရာအပေါ် အခြေပြုကြသည်၊ ထို့နောက်၊ သခင်ယေရှုက ခမည်းတော် ဘုရားဆီ ဆုတောင်းခြင်းကို သင်တို့ မြင်သည့်အခါတွင် ဤအရာက သခင်ယေရှုနှင့် ဘုရားသခင်သည် သားအဖ ဆက်ဆံရေးရှိသည်ကို သင်တို့အတွက် နောက်ထပ် အတည်ပြုပေးသည်။ ဤအပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်၊ တမာန်တော်များ၏ သက်သေခံချက်နှင့် ဘောင်ခတ်ခြင်းများတို့ ထည့်သွင်းလိုက်ပြီးနောက် သင်သည် ဘုရားသခင်မှာ သုံးပါးတစ်ဆူဖြစ်သည်ဟု သေချာသွားသည်။ နှစ်နှစ်ထောင်ကြာ၊ ဘာသာတရားလောကကြီးက ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းသော တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်မှာ သုံးပါးတစ်ဆူဖြစ်သည်ဟု သေချာခဲ့သည်မှာ ဘုရားသခင်က ရွေးနှုတ်ခြင်းအမှုပြုရန်အတွက် လူ့ဇာတိခံခဲ့ခြင်းကြောင်း လုံးဝဖြစ်သည့်အပြင် လူ့ဇာတိခံခြင်းကို နားလည်ရန် ကျရှုံးသော လူတို့ထံမှ ထွက်ပေါ်လာခဲ့သော နားလည်မှုလွဲခြင်းများကြောင့်လည်း ဖြစ်သည်။ လူများစွာက သုံးပါးတစ်ဆူ အနက်ပြန်ခြင်းသည် အတော်ဆီလျော်မှုမရှိဟု ခံစားကြသော်လည်း၊ လူ့ဇာတိခံခြင်း၏ သမ္မာတရားကို ၎င်းတို့မသိကြသည့်အတွက် ဤယုံရခက်သည့် နည်းလမ်းဖြင့် ဘုရားသခင်ကို ၎င်းတို့ ဘောင်ခတ်ကြလေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ကြွလာပြီး လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို ထုတ်ဖော်ပြကာ ကမ္ဘာအား စတင်ဖန်ဆင်းကတည်းက ရှိခဲ့သည့် ဤအကြီးမားဆုံး အယူလွဲမှားမှုအား ခွဲခြမ်းစိတ်ဖြာပြခြင်းကြောင့်သာမဟုတ်လျင် သုံးပါးတစ်ဆူအား အနက်ပြန်ဆိုမှုတွင်ရှိသည့် အမှားအား မည်သူမျှ သတိပြုမိလိမ့်မည်မဟုတ်ပေ။ အမှန်တကယ်တွင်၊ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက ဘုရားသခင်က သူသည် သုံးပါးတစ်ဆူဖြစ်သည်ဟု ဘယ်သောအခါ မိန့်တော်မမူခဲ့သလို၊ သခင်ယေရှုကလည်း မိန်တော်မမူခဲ့ပဲ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်ဟု ဘယ်သောအခါမျှ သက်သေမခံခဲ့ပါ- ဤသည်မှာ လက်ခံထားကြသော အချက်တစ်ခုဖြစ်သည်။ သုံးပါးတစ်ဆူ အနက်ပြန်ခြင်းမှာ လူ့ဇာတိခံ သခင်ယေရှုကြွလာပြီးနောက်တွင် ပေါ်လာခဲ့ခြင်းဖြစ်ပြီး လူ့ဇာတိခံခြင်း၏ သမ္မာတရားကို လူတို့ နားလည်မှုကင်းမဲ့ခြင်းမှ အရင်းခံဖြစ်ပေါ်လာသည့် ဘုရားသခင်အပေါ် အယူလွဲမှားမှုတစ်ခု လူ့တွေကြားတွင် ထွက်ပေါ်လာခဲ့သည့်အချိန်တွင် ဖြစ်သည်။ သမ္မာကျမ်းစာအတွင်းတွင်၊ သခင်ယေရှုကို ချစ်သားအဖြစ် သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံခြင်းကို လူများစွာက တွေ့မြင်ကြပြီး ခမည်းတော်ဘုရားသခင်ထံ သူဆုတောင်းသည်ကို ၎င်းတို့ တွေ့ကြသည်၊ ထို့ကြောင့်၊ ဘုရားသခင်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးဖြစ်သကဲ့သို့ ဘုရားသခင်အကြောင်း အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ထွက်ပေါ်လေသည်။ ထို့ကြောင့်၊ လူများစွာက မည်သည့်ဘုရားသခင်ကို သူတို့ ဆုတောင်းရမည်ကို မသိကြသလို မည်သည့်ဘုရားက အရာခပ်သိမ်းအပေါ် အုပ်စိုးပြီး စီရင်ဆုံးဖြတ်သည်ကို ၎င်းတို့ မသိကြပါ။ အချို့လူများက ဘုရားတစ်ပါးထံ ဆုတောင်းသည်မှာ မှန်ကန်မှုမရှိဟု ခံစားကြရသည်၊ ထို့ကြောင့် အခြား နှစ်ပါးကို အရောအနှောထဲ ပစ်ထည့်ချင်ကြသည်၊ အချို့က သခင်ယေရှုထံသာ ဆုတောင်းခြင်းကို စိတ်မချသလို ခံစားရသည်၊ ထို့ကြောင့် ယေဟောဝါ ဘုရားသခင်ကိုလည်း ထည့်သွင်းကြရသည်။ ဤအရာက လူတို့ကို စိတ်ရှုတ်ထွေးစေပြီး ၎င်းတို့ စိတ်နှလုံးများကို ကစဉ့်ကလျားဖြစ်စေသည်။ ထိုအချိန်တွင် တပည့်တော်များက ခမည်းတော်ဘုရားနှင့် ပတ်သက်ပြီး အခြေအနေမှန်မှာ အဘယ်အရာဖြစ်သည်ကို သခင်ယေရှုအား အမှန်တကယ် မေးမြန်းခဲ့ကြပြီး သခင်ယေရှုက၊ “ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။” (ယော ၁၄:၉-၁၀) “ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်” (ယော ၁ဝ:၃၀) ဟု ရှင်းလင်းစွာ တုန့်ပြန်ခဲ့သည်။ ခမည်းတော်နှင့် သားတော်သည် တစ်ပါးတည်းဖြစ်သည်- တစ်ဆူတည်းသော ဘုရားသခင်၊ ဤသည်မှာ အမှားအယွင်းမရှိသော အကြွင်းမဲ့ သမ္မာတရားဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူသည် အမှန်ပင် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ဘုရားသခင်တစ်ဆူထဲတွင် မည်ကဲ့သို့ ပုဂ္ဂိုလ်သုံးပါး ရှိနေသည်ကို အတိအကျ ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည်နည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ပင် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အလုပ်အား ဆောင်ရွက် ခဲ့သည့် ဝိညာဉ်တော်မှာ ယေရှုတုန်းကနှင့် အတူတူပင် မဟုတ်လော။ ဘုရားသခင်တွင် ဝိညာဉ်တော်များ မည်မျှရှိနိင်မည်နည်း။ သင်၏ ရှင်းပြချက်အရ ဆိုပါက၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးပေါင်း တစ်ဆူဟုဆိုသည်၊ ဤသို့ဆိုပါက၊ ဝိညာဉ်တော် သုံးပါးရှိပေမည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤအရာသည် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်းမရှိဟု ဆိုလိုနေသည်၊ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် အဘယ်နည်းနှင့် ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်နေမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံလျှင် သူ့မှာ အဘယ်နည်းနှင့် သားတော်တစ်ပါး ရှိကာ ခမည်းတော်ဖြစ် နေနိုင်မည်နည်း။ ဤအရာများ အားလုံးသည် သင်၏ အယူအဆများပင် မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်းသာ ရှိသည်၊ ထိုနည်းတူ သမ္မာကျမ်းစာထဲ၌လည်း ‘သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏’ ဟူ၍ ရေးသားထားသည်။ သင်ပြောသည့် ခမည်းတော်ဖြစ်ဖြစ်၊ သားတော်ဖြစ်ဖြစ် တည်ရှိသည်ဖြစ်စေ၊ စင်စစ်မူကား ဘုရားသခင် တစ်ဆူတည်းသာ ရှိ၏၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်၍ လူတို့အကြား နေထိုင်နိုင်ပြီး၊ အရာအားလုံး၏ အထက်၌လည်း ဖြစ်နေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ ပြည့်ဝပြီး နေရာတိုင်းတွင် တစ်ပြိုင်နက် ရှိနေသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာတစ်လျှောက်လုံးတွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးသည် စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု ပြောကြသည် ဖြစ်၍၊ မည်သူမျှ စိတ်ထင်တိုင်း ပိုင်းစိတ်၍မရသော ဘုရားသခင်တစ်ဆူတည်း ရှိပေမည်။ ဘုရားသခင်သည် ဝိညာဉ်တော် တစ်ပါးတည်း၊ ပုဂ္ဂိုလ်တစ်ပါးတည်းသာ ဖြစ်၏၊ ယင်းသည်ပင် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ဆိုကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ ဖြစ်သည်ဆိုပါက၊ ယင်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်အခြား တစ်ပါး ဖြစ်နေမည်။ သူတို့သည် မတူညီသော အနှစ်သာရများရှိသည့် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဖြစ်သည်၊ သို့ကြောင့် ထိုသူအသီးသီးတို့သည် အဘယ်နည်းနှင့် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ ဖြစ်နိုင် မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်တော်ပင်ဖြစ်သည်၊ ဤအချက်မှာမူ လူအတွက် နားလည်ရန် လွယ်ကူသည်။ ထိုသို့ဆိုလျှင်၊ ခမည်းတော်သည် ဝိညာဉ်တော် သာ၍ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းကြွခဲ့သည်သာမက မည်သည့်အခါမျှ လူ့ဇာတိလည်း မခံယူခဲ့ပေ။ လူ၏ နှလုံးသားထဲတွင် သူသည် ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သူသည်လည်း ဝိညာဉ်တော် အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဉ်တော် အသီးသီး၏ အနှစ်သာရသည် အတူ တူပင် ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏ အသုံးခံတန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ ရနိုင်မည်နည်း။ ပြီးနောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော် တစ်ပါးအကြားရှိ ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် ရှင်းပြချက် ဘာမျှမရှိသော အရာများပင်ဖြစ်သည်။ အကယ်၍ ထိုသူတို့ အားလုံးသည် ဝိညာဉ်တော် တစ်ပါး တည်း ဆိုပါက၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြောနေ၍မရနိုင်ပါ၊ အကြောင်းမှာ ထိုသူတို့သည် ဝိညာဉ်တော် တစ်ပါးတည်းကိုသာ ပိုင်ဆိုင်ထားကြ၍ ဖြစ်သည်။ အကယ်၍သာ သူတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဆိုပါက သူတို့၏ ဝိညာဉ်တော်များသည် အစွမ်းခွန်အားအရ ကွဲပြားနေလိမ့်မည် ဖြစ်ပြီး၊ သူတို့သည် အမှန်ပင် ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်၍မနေနိုင်ပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော”)

အချို့ကမူ ‘ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ပင်ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်ပြီး၊ အဆုံးတွင် ထိုသူတို့သည် တစ်ဆူတည်း ဖြစ်ကြလိမ့်မည်’ ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ ဤသို့ဆိုပါက၊ သင်သည် ထိုသူတို့အား တစ်ဆူတည်းအဖြစ် မည်သို့ပြုမည်နည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကဲ့သို့ တစ်ဆူတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ သူတို့သည် ပင်ကိုဗီဇအားဖြင့် နှစ်ပါးဖြစ်နေခဲ့သည်ဆိုပါက၊ သူတို့အား မည်သို့ပင် ပေါင်းစပ်သော်ငြားလည်း၊ သူတို့သည် နှစ်ဌာနအဖြစ်သာ ကျန်ရစ်နေလိမ့်ဦးမည် မဟုတ်ပါလော။ သင်သည် သူတို့အား တစ်ဆူတည်း ဖြစ်သည်ဟု ပြောရာတွင်၊ ကွဲပြားသော နှစ်ဌာနကို တစ်လုံးတစ်ဝတည်း အဖြစ်သို့ပြုရန် ရိုးစင်းစွာ ပေါင်းဆက်ခြင်းပင် မဟုတ်လော။ သို့သော် သူတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်ခင်တွင် နှစ်ဌာနဖြစ်နေခဲ့သည်ပင် မဟုတ်လော။ ဝိညာဉ်တော် တစ်ပါးစီတွင် ကွဲပြားသော အနှစ်သာရ ရှိကြပြီး၊ ဝိညာဉ်တော် နှစ်ပါးအားလည်း တစ်ပါးတည်း အဖြစ်သို့ ပြုပြင်၍ မရနိုင်ပါ။ ဝိညာဉ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်ဘဲ၊ ဤရုပ်ဝတ္ထု လောကကြီးထဲမှ မည်သည့်အရာနှင့်မျှပင် မတူပါ။ လူတို့ မြင်သည့်အရာမှာ၊ ခမည်းတော်သည် ဝိညာဉ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် အခြားတစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အခြားတစ်ပါးဖြစ်ပြီး၊ ဤဝိညာဉ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ် ရောနှောလိုက်သည် ဟုပင်ဖြစ်သည်။ ဤအရာသည်ပင် သုံးပါးသည် တစ်ဆူဖြစ်၏ ဆိုခြင်း မဟုတ်လော။ ဤအရာသည် မှားယွင်းသော ရှင်းပြချက်သက်သက်ပင်တည်း။ ဤအရာသည် ဘုရားသခင်အား ပိုင်းစိတ်ခြင်းပင် မဟုတ်ပေလော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်နည်းနှင့် တစ်ဆူတည်းအဖြစ်သို့ ပြုပြင်နိုင်မည်နည်း။ သူတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် သုံးဌာန ဖြစ်၍နေသည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော”)

ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဆိုသည်မှာ မည်သူနည်း။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ပင် မဟုတ်လော။ ယေရှု၏ အထဲ၌ အလုပ်လုပ်သော သန့်ရှင်းသော ဝိညာဉ်တော်ပင် မဟုတ်လော။ အကယ်၍ အလုပ်အား သန့်ရှင်းသော ဝိညာဉ်တော်မှ (ဘုရားသခင်၏ ဝိညာဉ်တော်ဟု ဆိုလိုသည်) ဆောင်ရွက်ခဲ့ခြင်း မရှိလျှင်၊ သူ၏ အလုပ်သည် ဘုရားသခင်ကိုယ်တိုင်အား ကိုယ်စားပြုနိုင်ခဲ့မည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော”)

ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ်ကောင်းသည်မှာ ဤအတွေး အခေါ်များ အားလုံးသည် ယုတ္တိအမှားများသာဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် စစ်မှန်သော သမ္မာတရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် ရုပ်လုံးဖော်ခြင်းများနှင့် အယူအဆများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းအယူအဆများ အားလုံးကို အကြောင်းအရာ တစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်၏ ကြီးကျယ်၍ ကျော်ကြားသော ‘ကျွမ်းကျင် သွန်သင်ချက်များ’ ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော”)

ယေရှု အထဲရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်၊ အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်ဆိုနိုင်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာကြီးအား ဖန်ဆင်းနိုင်ပြီး၊ ၎င်းအား ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်၊ လူသားမျိုးနွယ် အားလုံးကိုလည်း ရွေးနုတ်နိုင်သည်၊ ထို့ထက်အပြင် လူသားမျိုးနွယ် အားလုံးအားလည်း သိမ်းပိုက်နိုင်ပြီး ဖျက်လည်းဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တိုင်ကသာလျှင် ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ် တစ်ပါးပါးကမျှ သူ့ကိုယ်စား လုပ်ဆာင်၍မရနိုင်ပါ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်အမည်များဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသား၏သားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်၊ သူသည် စကြဝဠာများအထက်နှင့် တိုင်းနိုင်ငံများ အထက်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင်ပင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယခုအထိ၊ ဤအလုပ်ကို ဘုရားသခင်ကိုယ်တိုင်၏ ဝိညာဉ်တော်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံမှ အလုပ်ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိထဲမှ အလုပ်ဖြစ်စေ၊ အလုံးစုံအား သူ၏ ဝိညာဉ်တော် ကိုယ်တိုင်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံတွင် သော်လည်းကောင်း၊ မြေကြီး ပေါ်တွင် သော်လည်းကောင်း၊ ရှိသမျှသော ဖန်ဆင်းခံခပ်သိမ်းတို့သည် သူ၏ အနန္တလက်ဖဝါး ပေါ်တွင်သာ ရှိကြသည်၊ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်များ ဖြစ်ကြပြီး၊ သူ့အစား အခြား မည်သူကမျှ လုပ်ဆောင်နိုင်ခြင်းမရှိ။ ကောင်းကင်ဘုံတွင် သူသည် ဝိညာဉ်တော်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လည်းဖြစ်သည်၊ လူတို့ကြားတွင်မူ သူသည် ဇာတိပကတိဖြစ်သော်လည်း ဘုရားသခင် ကိုယ်တိုင်အဖြစ် ဆက်လက်တည်ရှိနေသေးသည်။ သူ့အား ရာထောင်ချီသောအမည်များဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင်ပင် ဖြစ်နေသေးပြီး၊ အလုပ်က အားလုံးမှာလည်း သူ့ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးအား ရွေးနုတ်ခြင်းမှာလည်း သူ့ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ်ပင် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလတွင် လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံ အားလုံးတို့အား ကြွေးကြော်ခြင်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ခပ်သိမ်းသော အချိန်တို့တွင် ဘုရားသခင်အား အနန္တတန်ခိုးရှိသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆိုနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤစိတ်ကူးအကြံအား မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးသည်ပင် မတည်ရှိချေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော”)

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သုံးပါးတစ်ဆူနှင့် သက်ဆိုင်သော ဤအတွေးမှားကို အလွန်ပြတ်သားစွာနှင့် ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာထားသည်။ ဘုရားသခင်သည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးသာရှိသည်။ ထို့ကြောင့် တစ်ဆူတည်းသော ဘုရားသခင်သာ ရှိပါသည်။ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်၊ ယင်းမှာ ပြောပုံသာ ကွာခြားခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် လူ့ဇာတိဖြစ်လာသည့် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး သူ့ဇာတိပကတိ၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်။ ကျွန်ုပ်တို့ ဆုတောင်းသောအခါ သူ့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် လူ့ဇာတိခံ ဘုရားသခင်တို့မှာ အားလုံး ဘုရားတစ်ဆူ၊ ဝိညာဉ်တော် တစ်ပါးဖြစ်သည်။ ဤသည်မှာ မည်သူမျှ ငြင်းမရနိုင်သော အချက်တစ်ခုဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်၍ လူတို့အကြား နေထိုင်နိုင်ပြီး၊ အရာအားလုံး၏ အထက်၌လည်း ဖြစ်နေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ ပြည့်ဝပြီး နေရာတိုင်းတွင် တစ်ပြိုင်နက် ရှိနေသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာတစ်လျှောက်လုံးတွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးသည် စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု ပြောကြသည် ဖြစ်၍၊ မည်သူမျှ စိတ်ထင်တိုင်း ပိုင်းစိတ်၍မရသော ဘုရားသခင်တစ်ဆူတည်း ရှိပေမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော”) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သော ဘုရားသခင် တစ်ဆူတည်းသာရှိသည်ကို ကျွန်ုပ်တို့ အားလုံး ကောင်းကောင်း သိကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူ့ဇာတိဖြင့် မိမိကိုယ်ကို ယူတင်ဝတ်ဆင်ပြီး လူဖြစ်လာသောအခါ၊ ဘုရားသခင်ကို အဘယ်ကြောင် ကျွန်ုပ်တို့ မသိမှတ်ကြတော့သနည်း။ ဘုရားသခင်ကို တစ်ပါးထဲသို့ ပြန်လည်မပေါင်းစည်းမီ သုံးပါးအဖြစ်သို့ ကျွန်ုပ်တို့ ခွဲကြပြီး သုံးပါးတစ်ဆူအဖြစ် အဓိပ္ပါယ်ဖွင့်ဆို ကြသည်။ ဤသည်မှာ အမှန်တကယ်ပင် အဓိပ္ပါယ်မရှိသောအရာတစ်ခုဖြစ်သည်။ ဤအရာမှ၊ ကျွန်ုပ်တို့လူသားများသည် ဝိညာဉ်ရေးရာ ကိစ္စများကို အမှန်တကယ် နားမလည်ကြသည်ကို တွေ့မြင်နိုင်သည်။ တကယ့်အမှန်တွင်၊ ယင်းအကြောင်း ကျွန်ုပ်တို့ မည်သို့ ပြောကြပါလေ့စေ၊ သုံးပါးတစ်ဆူသည် ရှေ့နောက်မညီခြင်းတစ်ခုဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့ ကြားသည့်အခါတိုင်း ဆီလျော်မှု သိပ်မရှိဟူသော ခံစားမှု တစ်ခုဖြစ်ပေါ်စေသည်၊ ယင်းမှာ အနည်းငယ် သက်တောင့်သက်သာ မရှိပါ။ ကျွန်ုပ်တို့ စိတ်နှလုံးများထဲတွင် ဘုရားသခင် တစ်ဆူတည်းသာရှိသည်ဟု ရှင်းလင်းစွာ သိထားကြသည်၊ ထို့ကြောင့် ဤဘုရားသခင်သည် အမှန်ပင် သုံးပါးတစ်ဆူ ဖြစ်နိုင်ပါသလား။ ဘုရားသခင်ကို အဓိပ္ပါယ်ဖွင့်ဆိုရင် သုံးပါးတစ်ဆူ အနက်ပြန်ခြင်းကို အသုံးပြုရန်မှာ မှန်ကန်ပါသလား။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် သိနားလည်ခြင်းလော။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စိတ်ဖြာလေ့လာခြင်းနှင့် သိမြင်ခြင်းတို့မှ တဆင့်၊ သုံးပါးတစ်ဆူ အနက်ပြန်ခြင်းမှာ အဘယ်မျှ ယုတ္တိကင်းမဲ့သည်၊ သေချာပေါက် ဤအရာမှာ ဘာသာတရားလောက၏ အကြီးမားဆုံးသော အတွေးမှားခြင်းဖြစ်သည်ဆိုသည်တို့မှာ ကျွန်ုပ်တို့အားလုံးအတွက်သိသာထင်ရှားလာခဲ့သည်။ ဘုရားတစ်ပါးကို သုံးပါးဖြစ်သည်ဟု ဆိုခြင်းမှာ သူ့ကို အပိုင်းအစများအဖြစ်ထုဖြတ်လိုက်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားတစ်ပါး၊ ဝိညာဉ်တော်တစ်ပါးက အစိတ်အပိုင်းသုံးခုရှိသည်ဟု ခေါင်းမာမာနှင့် မရမကပြောဆိုရန်မှာ ပြစ်မှားစော်ကားခြင်းဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ်တွင် နှစ်နှစ်ထောင်ကြာ သည်းခံခြင်းအမှုကို ပြုခဲ့ပြီး နောက်ဆုံးသောကာလတွင်မူ ဘုရားသခင်သည် သူ့အား အနာကျင်စေဆုံးသောအရာဖြစ်သည့် ဘာသာရေးအသိုင်းအဝိုင်းတစ်ခုလုံး၏ အဓိပ္ပါယ်မရှိဆုံးသော အယူလွဲမှားမှုအား ဖော်ထုတ်ပြီး ခွဲခြမ်းစိတ်ဖြာပြရန်၊ ဘုရားတစ်ပါးတည်းသာရှိပြီး ထိုဘုရားသည် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်ကြောင်း၊ ထိုသန့်ရှင်းသောဝိညာဉ်တော်သည် စစ်မှန်သည့် တစ်ဆူတည်းသောဘုရားသခင်ဖြစ်ကြောင်း၊ ဖန်ဆင်းခြင်းသခင်ဖြစ်ကြောင်းတို့ကို လူသားမျိုးနွယ်အားလုံး ရှင်းလင်းစွာသိရှိနားလည်စေရန်အတွက် ဘုရားသခင်သည် နောက်တဖန်လူ့ဇာတိခံယူခဲ့ပြီဖြစ်သည်။ဘုရားသခင်သည် လူ့ဇာတိ ဖြစ်လာခဲ့သော်လည်း သူသည် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်ဆဲပင်ဖြစ်သည်။ ဘုရား နှစ်ပါး သို့မဟုတ် ဝိညာဉ်တော် နှစ်ပါးအဖြစ်သို့ သူ လုံးဝ မပြောင်းလဲနိုင်ပါ။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားလုံးဖြစ်သည်။ သခင်ယေရှုသည် လူ့ဇာတိ ယူတင်ဝတ်ဆင်ထားသော ယေဟောဝါ ဘုရားသခင်ဖြစ်သည်၊ သခင်ယေရှုသည် ယေဟောဝါ ဘုရားသခင်၏ သရုပ်သကန်ဖြစ်သည်။ ဤသည်မှာ သူ့ဇာတိပကတိ၏ အနှစ်သာရမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် ယေဟောဝါ ဘုရားသခင် ဖြစ်သော ကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည် မဟုတ်လော။ လူသားနေဖြင့် ကျွန်ုပ်တို့သည် ဤရိုးရှင်းသော အချက်ကို ရှင်းရှင်းလင်းလင်း လုံးဝ မမြင်နိုင်လျှင် ယင်းမှာ ဝိညာဉ်ရေးရာ အမှုကိစ္စများကို ကျွန်ုပ်တို့ သိနားလည်မှုမရှိဟု ဆိုလိုသည် မဟုတ်လော။ သခင်ယေရှု ပြောခဲ့သည်မှာ- “ဖိလ္လပိ၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော။” (ယော ၁၄:၉) ဟု ဆိုခဲ့သည်မှာ အံ့သြဖွယ်ရာမရှိပါ။ သိသိသာသာပင်၊ ဖောက်ပြန်ပျက်ဆီးသော ကျွနု်ပ်တို့ လူသားများသည် ဘုရားသခင်ကို အလွယ်တကူ မသိရှိနိုင်ပါ၊ ဘုရားသခင်ကိုယ်တော်တိုင်က လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို ထုတ်ဖော်မပြခဲ့လျှင် အဘယ်သူမျှ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။ သခင်ယေရှုသည် စကားပြောရန်နှင့် အမှုပြုရန် လူသားထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခဲ့သည်၊ ထို့အပြင် ဤအရာကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခဲ့၏။ နှစ် နှစ်ထောင်ကြာသည်အထိ၊ သခင်ယေရှုကို အဘယ်သူမျှ အမှန်တကယ် မသိရှိခဲ့ပါ၊ လူ့ဇာတိခံယူခြင်းကို သာ၍ပင် အဘယ်သူမျှ နားမလည်ခဲ့ကြပါ။ ၎င်းတို့သာ အမှန်တကယ် နားလည်ခဲ့ကြလျှင် ဘုရားသခင်ကို သုံးပါးတစ်ဆူအဖြစ် အဓိပ္ပါယ်ဖွင်ခဲ့ကြလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ အယူအဆများထဲတွင်၊ ယေဟောဝါ ဘုရားသခင်မှာ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းတို့အပေါ် အုပ်စိုးသော ဘုရားသခင်ဖြစ်ပြီး၊ သခင်ယေရှုမှာ သန့်ရှင်းသူများ၏ သခင်၊ ခရစ်တော်၊ ကယ်တင်ရှင်ဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်မှာ အမှုပြုသော ဘုရားသခင်ဖြစ်သည်၊ ဤသို့ဖြင့် သုံးပါးတစ်ဆူကို အလုပ်နှင့်ဆိုင်သော ရှင်းလင်းသည့် ခွဲခြားမှုတစ်ခုကို ပေးကြသည်။ သုံးပါးတစ်ဆိုကို ဖြစ်စေသော သုံးပါးထဲမှ အသီးသီးတို့သည် ကိုယ်ပိုင် နယ်ပယ်ရှိသည်၊ တစ်ပါးက ကောင်းကင်အတွက် တာဝန်ရှိပြီး တစ်ပါးက ကမ္ဘာမြေအတွက် တာဝန်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်က လူ့အထဲ၌ အမှုပြုခြင်းအတွက် တာဝန်ရှိသည်။ ဘုရားသခင်၏ အလုပ်များကို ဤနည်းဖြင့် ခွဲမည်ဆိုလျှင် ဤအရာက ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာတို့ကို လုံးဝ အချည်းနှီးဖြစ်စေသည် မဟုတ်လော။ ဘုရားသခင်သည် အရာခပ်သိမ်းပါရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်။ ဘုရာသခင်သည် အနန္တတန်းခိုးရှင်၊ နေရာတိုင်းတွင် ရှိသောသူနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်သူဖြစ်သည်ဟု ကျွန်ုပ်တို့ အသိအမှတ်ပြုကြလျှင် အဘယ်ကြောင့် ဘုရားသခင်ကို သုံးပါးအဖြစ်သို့ ခွဲကြသနည်း။ ဘုရားသခင်ကို သုံးပါးအဖြစ်သို့ ခွဲနိုင်ကြခြင်းက ကျွန်ုပ်တို့သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့် သူ၏ အရာခပ်သိမ်းကို လွှမ်းခြုံသော သဘာဝအား နားမလည်ကြသည်ကို ပြသပေသည်။ သူသည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းမရှိဟု တွေးထင်လျက် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို ကျွန်ုပ်တို့ အသိအမှတ်မပြုကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်က ဤနည်းဖြင့်အလုပ်လုပ်မှသာ အကျိုးအကြောင်းသင့်သည်ဆိုသည့်ပုံစံမျိုးဖြင့် ဘုရားသခင်အား ဤသို့ ခွဲကြလေသည်။ ဤသည်မှာ လူ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ် လုံးဝအခြေပြုထားသော ခွဲခြားခြင်းတစ်ခုဖြစ်သည်။ ရှင်းလင်းစွာပင် ဘုရားသခင်သည် တစ်ပါးတည်းဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ကို သုံးပိုင်းအဖြစ် ပိုင်းဖြတ်ခြင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့သော တစ်စုံတစ်ဦး၏ လုပ်ရပ် ဟုတ်ပါသလား။ ဤသို့သော လူမျိုးသည် ဘာသာတရားကိုင်းရှိုင်းမှု တစ်စုံတစ်ရာ ရှိပါသလား။ ဤလုပ်ရပ်သည် အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟူသော လုပ်ရပ်ဖြစ်သည် မဟုတ်လော။ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ပိုင်းဖြတ်ကာ ဘောင်ခတ်ခြင်းမှာ သူ့ကို အမှန်တကယ် ဖီဆန်ပြီး ဆန့်ကျင် ပြစ်မှားစော်ကားခြင်း ဖြစ်သည် မဟုတ်လော။ သုံးပါးတစ်ဆူ အနက်ပြန်ခြင်းနှင့် သက်ဆိုင်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းနှင့် စိတ်ဖြာလေ့လာခြင်းတို့မှ၊ ဖောက်ပြန်ပျက်ဆီးသော လူသားက ဘုရားသခင်ကို သုံးပါးတစ်ဆူအဖြစ် အဓိပ္ပါယ်ဖွင့်ခြင်းမှာ ဘုရားသခင်ကို အနာကျင်စေဆုံးသော အရာတစ်ခုဖြစ်သည်ကို ကျွန်ုပ်တို့ မြင်နိုင်သည်။ ဤသည်မှာ ဘုရားသခင်အား သုံးပါးအဖြစ်ပိုင်းဖြတ်ပြီးနောက် တစ်ပါးအဖြစ်ပြန်လည်ပေါင်းစပ်ခြင်းဖြင့် တူညီနေသည်။ ဘုရားသခင်သည် စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ကို ဤနည်းလမ်းဖြင့် ပိုင်းဖြတ်ရန် လူသားမျိုးနွယ်ကို အဘယ်သို့ ခွင်ပြုနိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်က၊ “သုံးပါးတစ်ဆူ တည်ရှိပါသလော”- “ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။” “ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ စိတ်ကူးအကြံ ရပ်တည် နိုင်သည့် အချိန်ကာလ မရှိပါ၊ ယင်းသည် ခေတ်ကာလများ တစ်လျှောက် မြင်ရခဲသော ယုတ္တိအမှားသာဖြစ်ပြီး တည်ရှိမနေပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဟု မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သုံးပါးတစ်ဆူနှင့် သက်ဆိုင်သောအယူလွဲမှားမှုကို စင်္ကြာဝဠာတစ်ခုလုံးထံ ပွင့်ပွင့်လင်းလင်း ခွဲခြမ်းစိတ်ဖြာပြခြင်းနှင့် ဖော်ထုတ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ တွေ့မြင်သောအခါ၊ ၎င်းတို့ကို ကျွန်ုပ်တို့ နားမလည်နိုင်ကြသေးပဲ သမ္မာတရားကို လက်မခံကြသေးလျှင် ဘုရားသခင်ကို ကျွန်ုပ်တို့ ဖီဆန်နေခြင်းဖြစ်ပြီး ဘုရားသခင်အားဖြင့် ရှုတ်ချခံရကာ ပယ်ရှင်းခြင်းသာ ခံရနိုင်သည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

အဘယ်သူ၏ နှုတ်မှ သုံးပါးတစ်ဆူ ဝေါဟာရ ဖြစ်လာခဲ့သနည်း။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သက်သေခံခဲ့သလော သို့မဟုတ် သခင်ယေရှုကိုယ်တော်တိုင်အားဖြင့် ဆိုခဲ့သလော။ သို့မဟုတ် ယင်းသည် ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်မှ အနှစ်ချုပ်သုံးသပ်ချက်တစ်ခုလော။ ပထမဦးစွာ၊ ဤအရာကို ဘုရားသခင် မမိန့်ဆိုခဲ့ပါ။ ဒုတိယအနေဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော ထုတ်ဖော်ပြသခြင်းကို မပြုလုပ်ခဲ့ပါ၊ တတိယအနေဖြင့်၊ ဘယ်တမန်တော်ကမျှ ယင်းကို မပြောခဲ့ပါ။ ထို့ကြောင့်၊ ဤဖော်ပြချက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ပါ၊ သို့သော် ယင်းထက် လူတို့၏ နှုတ်များမှ ထိုအရာ လာပြီး ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်အားဖြင့် စုပေါင်းအနှစ်ချုပ်ထားသည်။ ဘုရားသခင် တစ်ပါးတည်းရှိသည်ကို ကျွနုပ်တို့အားလုံး သိကြပါသည်။ ဘုရားသခင် လူ့ဇာတိခံသောအချိန်တွင်၊ သူသည် ဘုရားဖြစ်ခြင်းအနှစ်သာရ ရှိသည်။ ဇာတိပကတိ၌ သူ၏အမှုတော်ကို ပြည့်စုံစေပြီး ဝိညာဉ်လောကသို့ ပြန်သွားပြီးနောက်တွင်၊ သူသည် ဘုရားသခင်၏ မူရင်းကိုယ်ပိုင်လက္ခဏာ ရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ မူရင်းကိုယ်ပိုင်လက္ခဏာမှာ ဝိညာဉ်တော်ဖြစ်သည်၊ လူ့ဇာတိခံ ဘုရားသခင်သည် ဇာတိပကတိ၌ ဝိညာဉ်တော်ပေါ်ထွန်းခြင်းဖြစ်ပြီး သူ၏ အနှစ်သာရမှာမူ ဝိညာဉ်တော်ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် တစ်ပါးတည်းသာ ရှိသည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏။ အချိန်အများစုတွင်၊ သူသည် လူတို့အကြားတွင် သူ၏ အမှုတော်ကို ဝိညာဉ်တော်နေနှင့် ဆောင်ရွက်တော်မူသည်။ သူသည် လူ့ဇာတိခံ ဘုရားသခင်အဖြစ် အလုပ်လုပ်ရန် လိုအပ်သောအချိန်မှသာ လူ့ဇာတိခံယူသော်လည်း ယင်းမှာ အချိန်ကာလတိုတစ်ခုအတွက်သာ ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနှစ်ခုမှတဆင့် သူ၏ အမှုတော်ကို ပြည့်စုံစေပြီးနောက်တွင်၊ သူသည် တဖန် လူ့ဇာတိခံလိမ့်မည်မဟုတ်ပေ၊ နောက်ပိုင်းတွင် ဘုရားသခင်သည် အစဉ်အမြဲ ဝိညာဉ်တော် ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ဘုရားသခင် တစ်ပါးတည်းသာရှိသည်။ သုံးပါးတစ်ဆူဖြစ်သည့် သန့်ရှင်းသော ဖခမည်းတော်၊ သန့်ရှင်းသော သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်- သည် တကယ်ကို လုံးဝ တည်ရှိခြင်းမရှိသလို ဤအနက်ပြန်ဆိုမှုသည် ယုတ္တိမရှိပါ။ ဘုရားသခင်က သူသည် သုံးပါးတစ်ဆူ ဖြစ်သည်ဟု ဘယ်သောအခါမျှ မဆိုခဲ့ပါ၊ ယေဟောဝါဘုရားသခင်က ဤရာကို ဓမ္မဟောင်းကျမ်းထဲတွင် မပြောခဲ့ပါ၊ လူ့ဇာတိခံ ဘုရားသခင်အနေဖြင့် သခင်ယေရှုသည် ဤအရာကို ဓမ္မသစ်ကျမ်းထဲတွင် မပြောခဲ့ပါ၊သူ၏နောက်ပိုင်း အမှုတော်ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်က ဤအရာကို မပြောခဲ့ပါ။ ထို့ကြောင့်၊ ဤဖော်ပြချက်သည် လုံးဝ ယုတ္တိမရှိပါ။ ယင်းကို သခင်ယေရှုက မည်သို့ ဖောပြခဲ့သနည်း။ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။” (မဿဲ ၂၈:၁၉) လူတို့ ဗတ္တိဇံခံယူကြချိန်တွင်၊ ၎င်းတို့သည် ခမည်းတော်၏ အမည်နာမ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမည်နာမတို့ကို တိုင်တည်နိုင်သလို သားတော်၏ အမည်နာမကိုလည်း တိုင်တည်နိုင်သည်၊ သို့သော် ဤသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့၏ အမည်နာမများကို ချိတ်ဆက်ခြင်း ကြံကြံဖန်ဖန် မဟုတ်ရပါ၊ ဤသည်မှာ ဆိုလိုသောအရာ မဟုတ်ပါ။ ဘာသာတရားနှင့် သက်ဆိုင်သော လူတို့အတွက် ဤဖော်ပြချက်ကို ပုံသေနည်းအဖြစ်သို့ ပြောင်းရန်မှာ မမှန်ကန်ပါ။ အဘယ်ကြောင့်ဆိုသော်၊ ထိုအချိန်တွင်၊ လူများစွာသည် သခင်ယေရှု၏ ပင်ကိုလက္ခဏာနှင့် သက်ဆိုင်၍ မသေချာခဲ့ကြပါ၊ သခင်ယေရှုက ဖခမည်းတော်၏ အမည်နာမကို ခေါ်ဆိုရန် ၎င်းတို့ကို ခွင့်ပြုခဲ့သည်။ သို့သော် အမှန်တကယ်တွင်၊ လူတို့သည် သခင်ယေရှုမှာ သခင်ဖြစ်သည်၊ သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ဟု သေချာခဲ့ကြလျှင်၊ ၎င်းတို့သည် သခင်ယေရှု၏ အမည်နာမကို တိုက်ရိုက်တိုင်တည်နိုင်ကြလိမ့်မည်ဖြစ်ပြီး ယင်းသည် လုံလောက်ပါလိမ့်မည်။ ဖခမည်းတော်၏ အမည်နာမကို ခေါ်ဆိုရန် ၎င်းတို့အတွက် လိုအပ်ခဲ့လိမ့်မည်မဟုတ်သလို သန့်ရှင်းသော ဝိညာဉ်တော်၏ အမည်နာမကို တိုင်တည်ဖို့ရန်မှာ ၎င်းတို့အတွက် ပို၍ပင် လိုအပ်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်၊ လူများစွာက သခင်ယေရှုကို လက်မခံခဲ့ကြသလို သခင်ယေရှုကို အသိအမှတ်မပြုခဲ့ကြသည်နှင့်အညီ၊ ဘုရားသခင်က ထိုစကားများကို ထိုအချိန်က ပြောရသည့်အကြောင်းရင်း ရှိပါသည်။ ထို့ကြောင့်၊ လူတို့အဖို့ ပိုမိုနားလည်နိုင်ပြီး လက်ခံနိုင်သည့် ထိုသို့သော စကားများကို သူ ပြောဆိုခဲ့ပေသည်။ သို့သော်၊ ဘာသာဝင်တို့သည်ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့၏ အမည်နာမ သုံးခုကို ခေါ်ဆိုရင်း သခင်ယေရှု၏ စကားများကို ပုံသေနည်းတစ်ခု မှတ်ယူကြသောအခါ တကယ်တမ်းတွင် မည်သူတို့၏ အမည်နာမများကို ၎င်းတို့ ခေါ်ဆိုခြင်း ဖြစ်သနည်း။ ၎င်းတို့ အမှားယူမိကြပြီဖြစ်သည်။ အမည်နာမတစ်ခုသည် လုံလောက်ပြီး ယင်းမှာ သခင်ယေရှု၏ အမည်နာမကို တိုင်တည်ရန်ဖြစ်သည်။ သခင်ယေရှုသည် ဖခမည်းတော်ဖြစ်သည်။ တစ်ကြိမ်တွင် သခင်ယေရှုက၊ “ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်။”(ယော ၁ဝ:၃၀) ဟု ဆိုခဲ့ပါသည်။ နဂိုမူလက ခမည်းတော်နှင့် သားတော်သည် တစ်ဦးတည်းဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့၏ အမည်နာမတို့ကို ခေါ်ဆိုသူတိုင်းသည် ဝိညာဉ်ကို နားမလည်ကြချေ၊ သခင်ယေရှု၏ စကားများကို မှားယွင်းစွာ နားလည်သဘောပေါက်ခဲ့ပေသည်။ ထိုသို့သော အနက်ပြန်ခြင်းသည် မှန်သလော မမှန်သလော။ ကွက်တိဖြစ်သည်။ အဘယ်ကြောင့် ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားမလည်သော်လည်း သခင်ယေရှု၏ စကားများကို မှားယွင်းစွာ နားလည်ပြီး ဘုရားသခင်ကို သုံးပိုင်းခွဲရပါသနည်း။ ယင်းမှာ လူသည် သမ္မာတရားကို နားလည်ရန် အစွမ်းအစများ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စကားပြောဆိုသောအခါ ပြဿနာအချို့ ဖြစ်ပေါ်ခဲ့သည်။ ဘုရားသခင်သည် ၎င်းတို့အား ခမည်းတော်၏ အမည်နာမကို ခေါ်ဆိုနိုင်သလို သားတော်၏ အမည်နာမကိုလည်း ခေါ်ဆိုနိုင်ပြီး သခင်ယေရှုကို လူ့ဇာတိခံ ဘုရားသခင်အဖြစ် လက်ခံနိုင်သူတို့သည် သားတော်၏ အမည်နာမကို ခေါ်ဆိုနိုင်ကာ၊ အမှန်တကယ် လက်မခံနိုင်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမည်နာမကို ခေါ်ဆိုနိုင်သည်ဟု ပြောဆိုခဲ့ပါသည်။ ဤအရာမှ၊ လူသားအပေါ် ဘုရားသခင်၏ သက်ညှာမှုကို တွေ့မြင်နိုင်ပြီး၊ လူသား၏ အားနည်းချက်နှင့် မသိနားမလည်ခြင်းအတွက် သခင်ယေရှု၏ စာနာထောက်ထားမှုကိုလည်း ကျွနုပ်တို့ သိမြင်နိုင်ပေသည်။ ထို့ကြောင့်၊ ဤအကြောင်းကိစ္စနှင့် စပ်လျဉ်း၍၊ ဘုရားသခင်သည် ဇီဇာမကြောင်သလို ဘုရားသခင်၏ ဆိုလိုရင်းကို ကျွန်ုပ်တို့ နားလည်သင့်ကြပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာတွင် “အလုပ်” ဟူသည့်စကားစု မပါဝင်ပါ။

ယခင်က:မေးခွန်း ၃၈- လတ်တလော နှစ်များတွင်၊ ဘာသာရေးလောကထဲရှိ ဂိုဏ်းဂဏအမျိုးမျိုးက ခြောက်ကပ်မှု ပို၍တိုးလာကြသည်၊ လူတို့သည် သူတို့ တစ်ချိန်က ရှိခဲ့ကြသည့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမျိုး ဆုံးရှုံးခဲ့ကြပြီး အရင်ထက် ပို၍ အပျက်သဘောဆောင်ပြီး အားနည်းလာနေကြသည်။ ကျွန်ုပ်တို့အားလုံးသည်လည်း စိတ်ဝိညာဉ် ညိုးနွမ်းမှုကို ခံစားခဲ့ရသည်၊ ဟောပြောဖို့ မည်သည့်အရာမျှ မကျန်ရှိသလို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်ုပ်တို့အားလုံး ဆုံးရှုံးခဲ့ကြသည်ဟု ခံစားခဲ့ရသည်။ ဘာသာရေး လောကတစ်ခုလုံးသည် အဘယ်ကြောင့် မျှော်လင့်အားရဖွယ်မရှိ ဖြစ်ရပါသနည်းဟု ကျွန်ုပ်တို့ မေးချင်ပါသည်။ ယင်းသည် ဘုရားသခင်၏ စက်ဆုပ်မှုကို အမှန်တကယ် ခံရပါသလား၊ ယင်းသည် အမှန်တကယ် ဘုရားသခင်၏ ဘေးဖယ်ထားခြင်း ခံရပါသလား။ ဘာသာရေး လောကအတွက် ဗျာဒိတ်ကျမ်းထဲရှိ ဘုရားသခင်၏ စီရင်ခြင်း နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မည်သို့ နားလည် သင့်ပါသနည်း။

နောက်တစ်ခုသို့:"မေးခွန် ၄၀- နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်။ သို့သော် သူသည် ဘာသာရေး လောကနှင့် တရုတ်ကွန်မြူနစ် အစိုးရ နှစ်ခုလုံး၏ ရူးသွပ်သော ဆန့်ကျင်ခြင်းနှင့် လူမဆန်သော နှိမ်နင်းမှုများကို ခံစားရလေသည်။ စီစီပီအစိုးရသည် ခရစ်တော်ကို ရှုတ်ချဖို့၊ သူ့ကို ပြစ်မှားစော်ကားဖို့နှင့် ဖမ်းဆီး၍ မျိုးဖြုတ်ဖို့ရန် ၎င်း၏ မီဒီယာတစ်ခုလုံးနှင့် လက်နက်ကိုင် အင်အားစုများကိုပင် ဆော်သြစည်းရုံးလေသည်။ သခင်ယေရှု မွေးဖွားလာခဲ့သည့်အချိန်က၊ “ဣသရေလ၏ ရှင်ဘုရင်” မွေးဖွားပြီဟု ဟေရုဒ်မင်းက ကြားခဲ့ပြီး ဗက်လင်မြို့ရှိ နှစ်နှစ်အောက် ကလေးသူငယ် ယောက်ျားလေးများအားလုံးကို သူ သတ်ဖြတ်စေခဲ့သည်၊ ခရစ်တော်ကို အသက်ရှင်ခွင့်ပေးသည်ထက် ကလေးငယ် တစ်သောင်းကို မှားယွင်းစွာ သတ်ဖြတ်ဖို့ သူပိုနှစ်သက်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် လူ့ဇာတိဖြစ်လာပြီဖြစ်သည်၊ ထို့ကြောင့် ဘာသာရေး လောကနှင့် ဘုရားမဲ့ တရုတ်အစိုးရက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို အရူးအမူး ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် သူတို့သည် ခရစ်တော်ကို ကားတိုင်တွင် သံမှိုရိုက်ဖို့ တစ်နိုင်ငံလုံး၏ သြဇာအာဏာကို အသုံးချပြီး မခြွင်းမချန် အားထုတ်ကြိုးပမ်းကြသနည်း။ လူသားမျိုးနွယ်သည် အဘယ်ကြောင့် အလွန် ဆိုးညစ်ရပါသနည်း။ ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် အလွန်မုန်းတီးပြီး ကိုယ်တော့်ကို ဆန့်ကျင်ရန် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပါသနည်း။ "

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ