သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဒါရိုက်တာဖြစ်ဖို့ ကျွန်မအိပ်မက်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်း ခံရလိုပြီး သူ၏ စိတ်သဘောထား အပြောင်းအလဲများကို ရရှိလိုသည့်အပြင်၊ အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ သတ္တဝါ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွဲခွာစေရပါ။ ယင်းကား သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကြောင်းနှင့် လူသားအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ် မရှိကြောင်းကို သိနားလည်လော့။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း”) ဒီကျမ်းပိုဒ်နဲ့ပတ်သက်ပြီး ကျွန်မ တစ်ခါမှ လက်တွေ့ကျတဲ့ နားလည်မှု မရခဲ့ဖူးဘူး။ ယုံကြည်မှုဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်တာ၊ ကျွန်မရဲ့ တာဝန်တွေကို ဝီရိယရှိရှိ ထမ်းဆောင်တာနဲ့၊ ကျွန်မတို့ကို ဘုရားသခင်က ပြောတဲ့ အတိုင်း လက်တွေ့လုပ်ဆောင်တာတို့ပဲဖြစ်တယ်၊ ဒါဟာ ဘုရားသခင်ရဲ့ ထောက်ခံမှုကို ထိုက်ထိုက်တန်တန် ရရှိဖို့ လုံလောက်တယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဘုရားသခင့် နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်မတို့ ဘာလို့ တွေ့ကြုံခံစားရမှာလဲလို့ ကျွန်မ တွေးမိတယ်။ အဲဒီလိုပဲ ဘုရားသခင်က လူတွေကို စီရင်တဲ့အခါမှာ၊ သူက သူတို့ကို ပြစ်တင်ရှုတ်ချနေတာ မဟုတ်ဘူးလား။ ပြစ်တင်ဆုံးမခြင်း နဲ့ တရားစီရင်ခြင်းတို့က ကယ်တင်ခြင်း နဲ့ ကွယ်ကာခြင်းတို့ဖြစ်တယ်လို့ ဘာလို့ပြောတာလဲ။ ဘုရားသခင့် နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမခြင်း တစ်ချို့ကို ကျွန်မ ကိုယ်တိုင် တွေ့ကြုံ ပြီးနောက်မှသာ၊ ဒီကျမ်းပိုဒ်နဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် နားလည်မှု တစ်ချို့ကို ကျွန်မ နောက်ဆုံးမှာ ရခဲ့တယ်။

ကျွန်မ ဓမ္မတေးသံစုံကျူးမှာ သီချင်းဆိုဖို့ တာဝန်ကျဖူးတယ်။ ကျွန်မတို့ရဲ့ တင်ဆက်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်မမှာ အကြံဉာဏ် တစ်ချို့ ရှိခဲ့တယ်၊ ဒါကြောင့် ကျွန်မ အကြီးအကဲက ကျွန်မကို ဒါရိုက်တာ အဖွဲ့နဲ့ အစီအစဉ်တွေ ဆွဲခိုင်းခဲ့တယ်။ အဲဒီသတင်းကို ကျွန်မ ကြားတဲ့အချိန်မှာ၊ ဘုရားသခင်က ကျွန်မကို ချီးမြှောက်ပေးတဲ့အတွက် ကျွန်မဟာ တကယ့်ကို စိတ်လှုပ်ရှားပြီး၊ ကျေးဇူးတင်ခဲ့တာ။ ဒါရိုက်တာအုပ်စုကို ကျွန်မ ပထမဆုံး ပါဝင်တဲ့အချိန်က၊ ကျွန်မ တကယ့်ကို အစွမ်းအစမရှိဘူးလို့ ခံစားရတယ်။ ဒါကြောင့် ဘုရားသခင်ကို စိတ်ပါလက်ပါ ဆုတောင်းပြီး အားကိုးခဲ့ပါတယ်၊ ပြီးတော့ ကျွန်မ ပြောသမျှ နဲ့ လုပ်သမျှ အရာတိုင်းမှာ ကျွန်မ တကယ့်ကို သတိထားခဲ့တယ်။ ဒါပေမယ့် နည်းနည်းကြာလာပြီးနောက်မှာ၊ ကျွန်မရဲ့ အကြံဉာဏ်တစ်ချို့ကို ကျွန်မ ညီအစ်ကို မောင်နှမတွေရဲ့ ထောက်ခံပြီး လက်ခံတာ ခံရတဲ့အချိန်မှာ ကျွန်မ လုပ်တာကောင်းတယ်၊ ကျွန်မရဲ့ အရည်အချင်းတွေကို ပြဖို့ အချိန်ရောက်နေလောက်ပြီလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ ဖြည်းဖြည်းချင်း စပြီး စကားတွေပိုပြောလာတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုပြလာတယ်။ အထူးသဖြင့် တခြားလူတွေနဲ့ အလုပ်ကိစ္စ ဆွေးနွေးတဲ့အချိန်မှာ၊ ကျွန်မ တကယ့်ကို ကြွားဝါချင်တယ်၊ ပြီးတော့ တစ်ခါတစ်လေ ကျွန်မ လက်တွဲဖော် စကားမပြောခင် ကျွန်မ ကြားဖြတ်ပြောတယ်။ ကျွန်မနဲ့ တွဲတဲ့ ညီအစ်မက ကျွန်မကြောင့် နည်းနည်း အနေအထိုင်ကျပ်ခဲ့ရတယ်။ ဒါကို ကျွန်မ သိခဲ့ပါတယ်၊ ဒါပေမယ့် သူ့ကို ချစ်ခြင်းနဲ့ ကူညီပြီး ထောက်ပံ့ပေးရမယ့်အစား၊ ကျွန်မက သူ့ကို မေးခွန်းထုတ်တဲ့၊ နှိမ်တဲ့ လေသံနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခိုင်းလိုက်တယ်။ ကျွန်မ အဲဒီလိုပြောတာကို သူကြားပြီးနောက်မှာ၊ သူ့ အခြေအနေ မတိုးတက်လာရုံမကဘူး၊ သူက ပိုပြီးတော့လည်း အပျက်သဘောဆောင်လာတယ်၊ ပြီးတော့ ဒီတာဝန်ကို နောက်ထပ် မလုပ်ချင်တော့ဘူးလို့တောင် ပြောလာခဲ့တယ်။ သူ အဲဒီလိုဖြစ်နေတာကို ကျွန်မ ကြားရတော့ ကျွန်မက “အဲဒီနည်းလမ်းက ပိုကောင်းပါတယ်၊ ဒါဆို ငါ နင့်နေရာကို ယူနိုင်တာပေါ့” လို့တွေးမိတယ်။ ဒါပေမယ့် အဲဒီနောက်မှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို စားသောက်ခြင်းကတစ်ဆင့် သူ့ အခြေအနေက ဖြည်းဖြည်းချင်း တိုးတက်လာခဲ့တယ်။ ဘုရားသခင်ကို ကျွန်မရဲ့ စကားတွေနဲ့ ကျွန်မ ကျေးဇူးတင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ နှလုံးသားထဲမှာတော့၊ ကျွန်မ သိပ်မကျေနပ်ခဲ့ဘူး။ အခွင့်ကောင်းတစ်ခု ဆုံးရှုံးသွားတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ တကယ့်ကို မချင့်မရဲဖြစ်ခဲ့တယ်၊ အကြီးအကဲက ကျွန်မရဲ့ အရည်အချင်းကို ဘာလို့ သတိမထားမိတာလဲ၊ ပြီးတော့ သူက ကျွန်မရဲ့ စွမ်းရည်တွေကို ဘာလို့ မမြင်ရတာလဲလို့ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့၊ ကျွန်မ ပိုလို့တောင် မာရည်ကျောရည်ရှိလာပြီး၊ ပို အလုပ်ကြိုးစားလာတယ်၊ ပြီးတော့ ကျွန်မရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်ဖို့ စိတ်နှစ်ပြီး ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာ အဖွဲ့ထဲက လူအများစုက ကျွန်မရဲ့ အကြံဉာဏ် တစ်ချို့ကို ထောက်ခံခဲ့တယ်၊ ပြီးတော့ ဒါရိုက်တာတစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်း ကျွန်မမှာ ရှိတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။

နောက်ပိုင်းမကြာခင်မှာ၊ အကြီးအကဲက ကျွန်မကို ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နောက်ကို လိုက်ခိုင်းတယ်။ အဲဒါကို ကျွန်မ ကြားတဲ့အချိန်မှာ၊ ကျွန်မက “ဒါဟာ ဒါရိုက်တာတွေ လုပ်တဲ့ဟာ အတိအကျပဲ။ ကြည့်ရတာတော့ သူတို့က ငါ့ကို ဒါရိုက်တာ တစ်ယောက် ဖြစ်ဖို့ လေ့ကျင့်ပေးနေတာနဲ့တူတယ်။” လို့တွေးမိတယ်။ အဲဒါကို ကျွန်မ ပိုတွေးလေ၊ ပိုပျော်ရွှင်တယ်လို့ ကျွန်မ ခံစားရလေပဲ။ အလုပ်နေရာကို ရောက်တာနဲ့ တပြိုင်နက်၊ ဘာလုပ်ရမယ်ဆိုတာကို ဘယ်သူပြောတာမှ ကျွန်မ မစောင့်ခဲ့ဘူး။ ကျွန်မက အော်လန်ကို ကောက်ကိုင်ပြီး၊ လူတိုင်းကို ဘာလုပ်ရမယ်ဆိုတာ ပြောရင်း ဒါရိုက်တာရဲ့ အနေအထားကိုယူလိုက်တယ်။ အဲဒီက ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ တာဝန်နဲ့ ပတ်သက်ပြီး ကျွန်မရဲ့စဉ်းစားပုံ ထဲက ပြဿနာတစ်ချို့ကို ညွှန်ပြကြတယ်၊ ဒါပေမယ့် ကျွန်မက သူတို့ကို အာရုံမစိုက်ချင်ခဲ့ဘူး။ ကျွန်မက “နင်တို့က ငါ့ထက်သာတယ်လို့ ထင်တာလား။ နင်တို့မှာ ဘယ်တုန်းက ဘာအကြံဉာဏ်ကောင်းတွေ ရှိဖူးလဲ။” လို့တောင် တွေးမိတယ်။ ကျွန်မရဲ့ “တမူထူးခြားတဲ့ အမြင်” ကို ဖော်ပြဖို့ပဲ ကျွန်မ ဂရုစိုက်တယ်။ ကျွန်မက အဲဒီသီချင်းကို ရိုက်တာပြီးဖို့ပဲ လိုချင်တယ်၊ အဲဒီနောက်မှာတော့ ကျွန်မ ဒါရိုက်တာ တစ်ယောက် ဖြစ်လာမယ်လို့ တွေးနေခဲ့တယ်။

အကြီးအကဲက ရိုက်ကွင်းအပြီးမှာ ကျွန်မကို လာရှာတယ်၊ ပြီးတော့ ကျွန်မက “သူက ငါ့ကို ရာထူးတိုးပေးချင်တာ ဖြစ်ရမယ်” လို့ တွေးမိတယ်။ ကျွန်မ အံ့အားသင့်ရတာကတော့ သူက ကျွန်မရဲ့ တာဝန်တွေမှာ ပြဿနာတစ်ချို့ ကို ညွှန်ပြဖို့ လာခဲ့တာပဲ။ ကျွန်မက မာနကြီးတယ်၊ ဗိုလ်ကျလွန်းတယ်၊ ပြီးတော့ အာဏာရှင်ဆန်ခဲ့တယ်၊ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံကို ကျွန်မ လုံးဝ နားမထောင်ခဲ့ဘူး၊ ပြီးတော့ လူတိုင်းက ကျွန်မကြောင့် အရမ်း အနေအထိုင်ကျပ်တယ်လို့ သူက ပြောတယ်။ သူအဲဒါ ပြောတာကို ကျွန်မ ကြားရတာဟာ ကျွန်မရဲ့ ခေါင်းပေါ်ကို ရေအေးတစ်ပုံးနဲ့ လောင်းချလိုက်သလိုပဲ။ စိတ်အားထက်သန်မှုက လုံးလုံး ကွယ်ပျောက်သွားသလို ခံစားခဲ့ရတယ်။ ကျွန်မက “ငါက၊ မောက်မာတယ်တဲ့လား။ ငါ့တာဝန်ကို အလေးအနက်ထားတာ သက်သက်ပဲဆိုတာ သိသာပါတယ်။” လို့ တွေးမိတယ်။ ကျွန်မက အရမ်း မချင့်မရဲဖြစ်ပြီး၊ မကျေနပ်ဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ အားမထုတ်တာကို အကြီးအကဲက မြင်သွားတယ်၊ ဒါ့ကြောင့် ကျွန်မကို သူက ဓမ္မတေးသံစုံကျူးအဖွဲ့ကို ပြန်သွားခိုင်းခဲ့တယ်။ အဲဒီသတင်းကို ကြားရတာဟာ အရမ်းကို အခံရခက်တာပဲ။ လွန်ခဲ့တဲ့ ရက်နည်းနည်းကပဲ၊ စင်ပေါ်မှာ ကျွန်မက သြဇာအာဏာ ရှိတယ်လို့ တွေးမိခဲ့တယ်၊ ဒါပေမယ့် အခုတော့ ကျွန်မက ဓမ္မတေးသံစုံကျူးအဖွဲ့ကို ဗြုန်းစားကြီး ပြန်ပို့ခံရတယ်။ လူတွေက ဘယ်လိုထင်မလဲ။ အကြီးအကဲနဲ့ ပတ်သက်ပြီးလည်း ကျွန်မမှာ စောဒကတက်စရာတွေ ရှိခဲ့တယ်။ ကျွန်မက “ဒါရိုက်တာတွေ အဖွဲ့နဲ့ ငါဘာဖြစ်လို့ မနေရတာလဲ။ ငါမပေးဆပ်ခဲ့ဘူးလား။ အဲဒီပေးဆပ်မှုက မပြီးပြည့်စုံဘူးဆိုရင်တောင်မှ၊ ငါအလုပ် ကြိုးစားခဲ့တယ်။” လို့ တွေးမိတယ်။ အဲဒါကို ကျွန်မ ပိုတွေးလေ၊ ကျွန်မ မတရားအလုပ်ခံရတယ်လို့ ပိုခံစားရလေပဲ။ ဓမ္မတေးသံစုံကျူးအဖွဲ့ ပြန်ရောက်တော့၊ ကျွန်မမှာ လေ့ကျင့်ဖို့ အင်အား မရှိဘူး။ ကျွန်မ အသက်ရှုတာက လွဲနေတယ်၊ ကျွန်မ ကီးကြောင်နေတယ်။ ကျွန်မက ဒါရိုက်တာတွေ အုပ်စုထဲကို ပါအောင် မလုပ်နိုင်တာကို ငါလက်ခံနိုင်ပေမယ့်၊ ငါဟာ အဆိုးဆုံး ဓမ္မတေးသံစုံကျူး အဖွဲ့ဝင် ဖြစ်လာခဲ့ပြီ လို့ ခံစားခဲ့ရတယ်။ ကျွန်မ တစ်ခါမှ ဒီလောက် အရမ်းဆိုးဆိုးရွားရွား မရှုံးနိမ့်ခဲ့ဖူးဘူးလို့ ခံစားခဲ့ရတယ်။ သူများတွေက ကျွန်မရဲ့ အခြေအနေကို တွေ့ပြီး၊ ကျွန်မကို ကူညီဖို့နဲ့ ထောက်ပံ့ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ကျွန်မက ပိုလို့တောင် အရှက်ရခဲ့တယ်။ ကျွန်မ အပေါက်တစ်ခုကို ရှာပြီးတော့သာ၊ အဲဒီထဲမှာ ဝင်နေလိုက်ချင်တာပါပဲ။ အဲဒီကာလထဲမှာ၊ ကျွန်မ အရမ်းကူညီရာမဲ့တယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ဘာသမ္မာတရားတွေကို လက်တွေ့လုပ်ဆောင်သင့်မှန်း ကျွန်မ မသိခဲ့ဘူး။ ဘုရားသခင် ရှေ့တော်မှောက်ကိုသွားပြီး၊ ဆုတောင်းရုံသာ ကျွန်မ လုပ်နိုင်ခဲ့တယ်။ “ဘုရားသခင်၊ ဒါတွေအားလုံးကို ဘယ်လို တွေ့ကြုံခံစားရမယ်ဆိုတာ ကျွန်မ မသိပါဘူး၊ ပြီးတော့ ကိုယ်တော်ရဲ့ အလိုတော်ကိုလည်း ကျွန်မ နားမလည်ပါဘူး။ ကျွန်မ အရမ်းကို စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဒီအရေးကိစ္စမှာ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ဖို့ ကျွန်မကို လမ်းပြပါလို့ ကျွန်မ အသနားခံပါတယ်။”

ဆုတောင်းပြီးနောက်မှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း သင်တို့သည် ရာထူးအဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ တစ်နေ့ သင်၏ ရာထူးအဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်လောဟူသည့် ကြီးမားသောပူပင်မှုဖြင့် ၎င်းနှင့်ပတ်သက်ပြီး မေးမြန်းရန် အမြဲတစေ ရုန်းကန်နေကြပြီး ၎င်းကို နေ့စဉ် စောင့်ကြည့်တတ်ကြသည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိပေ။... သင်တို့သည် ယခု နောက်လိုက်များဖြစ်ပြီး၊ သင်တို့သည် ဤအမှု၏အဆင့်အကြောင်းကို အနည်းငယ် နားလည်ကြသည်။ သို့သော်လည်း သင်တို့သည် ရာထူးအဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို ဘေးချိတ်ထားခြင်း မရှိသေးပါ။ သင်တို့၏ ရာထူးအဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း သင်တို့၏ ရာထူးအဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစားကြတော့ပေ။ ရာထူးအဆင့်အတန်း၏ ကောင်းချီးမင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းထဲမှ အဘယ်ကြောင့် မထွက်လာနိုင်ကြသနည်း။ ၎င်းမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်ခြင်း မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေကို အတိအကျကို သရုပ်ဖော်ခဲ့တယ်လို့ ကျွန်မ ခံစားရတယ်။ ဓမ္မတေးသံစုံကျူးအဖွဲ့ကို ပြန်ပါဝင်ပြီးနောက်မှာ၊ ကျွန်မရဲ့ အပျက်သဘောဆောင်ခြင်း၊ ညည်းညူမှုတွေ နဲ့ အထင်လွဲတာတွေဟာ အဲဒီရာထူးကို မရတဲ့ ကျွန်မရဲ့ မကျေနပ်ချက်ကနေပဲ ဖြစ်တာ မဟုတ်ဘူးလား။ ကျွန်မ ဒါရိုက်တာ အဖွဲ့နဲ့ ရှိနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် တက်တက်ကြွကြွ ဖော်ပြဖို့ ကျွန်မရဲ့ စွမ်းရည်၊ အိပ်ပျက်ညတွေ၊ ဒုက္ခခံ ပေးဆပ်ခဲ့တာတွေဟာ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဘုရားသခင်ရဲ့ အလိုတော်ကို ထောက်ထားပြီး၊ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်လို့ မဟုတ်ဘဲ၊ ကျွန်မရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဒါရိုက်တာ ရာထူးကို ရဖို့ကြောင့်သာ ဖြစ်တာကိုလည်း ကျွန်မ တွေးမိတယ်။ ကျွန်မနဲ့ တွဲတဲ့ ညီအစ်မက အနေအထိုင်ကျပ်ပြီး၊ ဆိုးတဲ့ အခြေအနေတစ်ခုမှာ ရောက်လာချိန်မှာ၊ ကျွန်မက သူ့ကို ချစ်ခြင်းနဲ့ ကူညီပြီး ထောက်ပံ့ဖို့ မကြိုးစားခဲ့ရုံမကဘူး၊ သူ့နေရာကို ကျွန်မယူနိုင်အောင် သူ့ကို ပထုတ်ဖို့ကိုပဲ စိတ်ဆန္ဒပြင်းပျနေခဲ့တယ် ။ အဲဒီရိုက်ကွင်းထဲမှာ၊ အဲဒီလောက် အရေးကြီးတဲ့ အချိန်တစ်ခုမှာ ကျွန်မက ညီအစ်ကို မောင်နှမတွေရဲ့ အကြံကို နားမထောင်ချင်ဘဲ၊ ဗိုလ်ကျလွန်းပြီး၊ အာဏာရှင်ဆန်ခဲ့တယ်၊ ဒါကြောင့် ကျွန်မတို့ ရိုက်ကွက်တွေ အများကြီး ပြန်ရိုက်ခဲ့ရတယ်၊ ဘုရားသခင်ရဲ့ အိမ်တော်နဲ့ ပတ်သက်တဲ့ အလုပ်ရဲ့ လုပ်ငန်းစဉ်ကို ပြင်းပြင်းထန်ထန် နှောင့်နှေးစေတယ်။ ဓမ္မတေးသံစုံကျူးအဖွဲ့ကို ပြန်ရောက်တော့၊ ကျွန်မ လိုချင်တဲ့ ရာထူးကို မရတဲ့အတွက် ကျွန်မဟာ အပျက်သဘောဆောင်ပြီး၊ ညည်းညူမှုတွေ နဲ့ အထင်လွဲမှုတွေ ကျွန်မမှာ ရှိခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ တာဝန်တွေကို ကျကျနန မထမ်းဆောင်ဘဲ၊ ကျွန်မရဲ့ အလုပ်ကို စွန့်လွှတ်ဖို့တောင် စဉ်းစားခဲ့တယ်။ အဲဒီအကြောင်းကို ကျွန်မ ပိုတွေးလေ၊ ကျွန်မဟာ လုံးဝ အကျိုးအကြောင်းမသင့်တာကို ပို သဘောပေါက်လေပဲ။ ဘုရားသခင်ရဲ့ အိမ်တော်က ကျွန်မကို ဒါရိုက်တာတွေ အဖွဲ့ထဲကို တာဝန်ပေးခြင်းအားဖြင့် လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အလမ်းတစ်ခုကို ကျွန်မကို ပေးခဲ့တယ်၊ ဒါပေမယ့် ဒါကို တန်ဖိုးထားရမယ့်အစား၊ ကျွန်မက ကိုယ့် နာမည်နဲ့ ရာထူးကို အာရုံစိုက်ခဲ့တယ်။ ကျွန်မက ရာထူးအတွက်ပဲ ညမအိပ်ဘူး၊ ဒုက္ခခံတယ်၊ ပေးဆပ်တယ်၊ ပြီးတော့ ကြွားဝါဖို့အတွက် ကျွန်မတာဝန်တွေကို ဟန်ပြ ထမ်းဆောင်ခဲ့တယ်။ အဲဒီလို အားထုတ်ကြိုးပမ်းမှုမျိုးက ဘုရားသခင်က ကျွန်မကို မုန်းတီးပြီး ရွံရှာတာပဲ ဖြစ်စေနိုင်တယ်။ ကျွန်မမှာ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု မရှိပေမယ့်၊ ကြိုးစားဖို့ ဆန္ဒတစ်ခုတည်းနဲ့တင် သန့်ရှင်းသောဝိညာဉ်တော် ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းကို ရခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်မ စဉ်းစားမိတယ်။ ဒါပေမယ့် ကျွန်မ မစို့မပို့ အောင်မြင်မှုလေး တစ်ချို့ကို ရအောင်လုပ်နိုင်တဲ့အချိန်မှာ၊ ဘုရားသခင်ကို ဘယ်လို ကျေးဇူးတင်ရမယ်ဆိုတာကို တွေးရမယ့်အစား ဒါတွေကို ကိုယ့်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခု အနေနဲ့ အသုံးပြုခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ဘုန်းကျက်သရေကို အရှက်မရှိ ခိုးယူခဲ့တယ်။ ကျွန်မ ပိုတွေးမိလေ၊ ကျွန်မဟာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား လုံးလုံး ကင်းမဲ့တာကို ပိုခံစားရလေပဲ။ ကျွန်မရဲ့ စိတ်ဓာတ်က မယုံကြည်သူတွေနဲ့ ဘယ်လိုများ ကွာခြားလို့လဲ၊ ကျွန်မ တွေးမိတယ်။ ဒါကို သတိပြုမိပြီး၊ ဘုရားသခင် ရှေ့တော်မှောက်မှာ ကျွန်မ ဒူးထောက်ပြီး၊ နောင်တရခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မရဲ့ တာဝန်ကို ကျွန်မ ကျကျနန မထမ်းဆောင်နိုင်ခဲ့ပါဘူး။ ကျွန်မ နာမည် နဲ့ ရာထူးကို ရှာဖွေခဲ့ပါတယ်၊ ဘုရားသခင့် အိမ်တော်ရဲ့ အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့ပြီး၊ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို အများကြီး ထိခိုက်စေခဲ့တယ်။ ဘုရားသခင်။ ကျွန်မ မှားပါတယ်၊ ပြီးတော့ ကျွန်မ ဒါနောက်ကို ဆက်မလိုက်ချင်တော့ပါဘူး။ ကျွန်မရဲ့ တာဝန်ကို ကျွန်မ အသိတရားရှိရှိနဲ့ လက်တွေ့ကျတဲ့ စိတ်နေသဘောထားနဲ့ ထမ်းဆောင်ချင်ပါတယ်။”

နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ ချီးမြှောက်မှုကြောင့်၊ မကြာခင်မှာပဲ အသင်းတော်အလုပ်အတွက် လိုအပ်ချက်တွေကြောင့်၊ ကျွန်မ ဒါရိုက်တာတွေ အဖွဲ့ကို ပြန်သွားပြီး၊ အဲဒီ ညီအစ်ကို မောင်နှမတွေနဲ့ အလုပ်ဆက်လုပ်ခဲ့တယ်။ ဒီတစ်ခါ ဒါရိုက်တာတွေ အဖွဲ့ထဲမှာ၊ ကျွန်မ နေရာကို ကျွန်မ ထိန်းသိမ်းရမယ်ဆိုတာရယ်၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ ရာထူးနောက်ကို ထပ်ပြီး လိုက်လို့ မရဘူးဆိုတာရယ်ကို ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မကြာခဏ သတိပေးရတယ်။ ဒါပေမယ့်၊ ကျွန်မရဲ့ ကိုယ်ပိုင် သဘာဝကို ကျွန်မ သိခဲလှတဲ့အတွက်ရယ်၊ ပြီးတော့ ဂုဏ်သတင်းနဲ့ ရာထူးနောက်ကို လိုက်ခြင်းရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တို့ကို မရိပ်စားမိသေးတာကြောင့်ရယ် မကြာခင်မှာပဲ၊ ကျွန်မရဲ့ အကြံဉာဏ်တစ်ချို့ကို လူတိုင်းက ထပ်ပြီး အတည်ပြုပြီး၊ ထောက်ခံတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ အဆင့်အတန်းကိုလိုချင်တဲ့ ဆန္ဒတွေ စထွက်ပေါ်လာပြန်တယ် ကျွန်မက “ငါ အောင်မြင်မှုကြီးကြီးပြန်ရအောင် လုပ်ချင်တယ်၊ ပြီးတော့ ကြီးကြီးမားမား တစ်ခုခု လုပ်ချင်တယ်၊ ငါ ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ လူတိုင်းကို မြင်စေချင်တယ်။” လို့ တွေးမိတဲ့အထိ ပါပဲ

နောက်ပိုင်း သီချင်းတိုက်တာမှာ၊ လူတိုင်းက ကျွန်မရဲ့ လမ်းညွှန်ချက်အတိုင်း နေရာယူ တန်းစီနေချိန်၊ အဲဒီအခိုက်အတန့်မှာ ကျွန်မက အရာအားလုံးကို ဦးဆောင်နေရင်း ဒါရိုက်တာတစ်ယောက်လို နောက်တစ်ခါ ခံစားရပြန်တယ်၊ ပြီးတော့ အဆင့်အတန်းကိုလိုချင်တဲ့ ကျွန်မရဲ့ ဆန္ဒက စပြီး ကြီးထွားလာတာဟာ ဘုရားသခင်ကို ဆုတောင်းဖို့၊ အားကိုးဖို့ ဆန္ဒ တစ်ခုမှ မရှိတော့တဲ့ အထိပဲ၊ ပြီးတော့ ကျွန်မက သူများတွေကို လမ်းညွှန်ရတဲ့ ပျော်ရွှင်မှုမှာ လုံးလုံး နစ်မြုပ်နေခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မရဲ့ တာဝန်တွေမှာ ပြဿနာတွေ ဖြစ်လာပါတယ်။ ကျွန်မရဲ့ အစီအစဉ်တွေထဲမှာ အမြဲတမ်း အဟန့်အတားတွေ ရှိနေတယ်၊ ပြီးတော့ ရုတ်တရက်ကြီး၊ ကျွန်မ လမ်းပျောက်သွားပြီး၊ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမှန်း ကျွန်မ မသိခဲ့ဘူး။ ကျွန်မ လမ်းဆုံးတစ်ခုကို ရောက်နေသလို ခံစားခဲ့ရတယ်၊ ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်း ဒါမှမဟုတ် လမ်းပြခြင်းတို့ကို ကျွန်မ လုံးဝ မခံစားရဘူး။ အထူးသဖြင့် ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ တာဝန် ထမ်းဆောင်မှုမှာ ပြဿနာတစ်ချို့ကို ညွှန်ပြတဲ့အချိန်မှာ ဒီတာဝန်ကို ကျွန်မ မစွမ်းဆောင်နိုင်ဘူးလို့များ သူတို့ခံစားရလားလို့ တွေးရင်း ကျွန်မက တကယ့်ကို စိတ်ထိခိုက်လွယ်ခဲ့တယ် အကြီးအကဲက ကျွန်မကို လာတွေ့တဲ့အချိန်မှာ၊ ကျွန်မမှာ ရင်တမမဖြစ်နေခဲ့တယ်။ ကျွန်မကို ရာထူးပြောင်းတော့မလားလို့ ကျွန်မ တွေးမိတယ်။ ဒါဟာ ဒီတာဝန်ကို ကျွန်မ မထမ်းဆောင်ရတော့ဘူးလို့ ဆိုလိုတာလား။ ညီအစ်ကိုမောင်နှမတွေမှာ ကျွန်မ ကိုယ်ပိုင် အကြံဉာဏ်ထက် သာတဲ့ အကြံဉာဏ်တစ်ချို့ ရှိတဲ့အချိန်မှာ၊ ကျွန်မက ပိုလို့တောင် ဘဝင်မကျဖြစ်ရပါတယ်။ ကျွန်မအစား တခြားလူတစ်ယောက်ကများ ရာထူးတိုးတော့မလား။ ကျွန်မဟာ နေ့တိုင်း မကြာခဏ ထိတ်လန့်တုန်လှုပ်ခြင်း အခြေအနေတစ်ခုမှာ ကုန်ဆုံးခဲ့ပြီး၊ အဲဒါဟာ အရမ်းကို ပင်ပန်းလှပါတယ်။ ကျွန်မရဲ့ တာဝန်တွေထဲမှာ ကျွန်မ လုံးဝ စိတ်မပါပါဘူး။ ကျွန်မရဲ့ တာဝန်တွေထဲမှာ အခက်အခဲတွေ ဆက်ရှိနေတယ်၊ ကျွန်မဟာ လုံးဝ လမ်းပျောက်နေခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေကို အဲဒီအကြောင်း မပြောရဲဘူး၊ ကျွန်မအကြောင်းကို သူတို့ သိသွားတာနဲ့ တပြိုင်နက်၊ ကျွန်မဟာ ဒီတာဝန်အတွက် မသင့်တော်ဘူးလို့ သူတို့တွေးကြမှာကို ကြောက်တယ်။ ဒါ့ကြောင့် ကျွန်မ မြိုသိပ်ထားတယ်၊ ဖုံးထားတယ်၊ ပြီးတော့ ဟန်ဆောင်ခဲ့တယ်၊ ဒါကြောင့် ကျွန်မရဲ့ အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ဘူး။ ကျွန်မ ဆုံးရှုံးနိုင်တဲ့ အရာတွေအပေါ် စိုးရိမ်ပူပန်ရင်း၊ အဆင့်အတန်းကို ရှာဖွေတဲ့ အခြေအနေတစ်ခုမှာ ကျွန်မ အသက်ရှင်သန်ခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ အခြေအနေ ဆိုးရွားလာတာဟာ နောက်ဆုံးမှာ၊ ဘုရားသခင်ရဲ့ အိမ်တော်နဲ့ ပတ်သက်တဲ့ အလုပ်ကို တိုက်ရိုက်အကျိုးသက်ရောက်ခဲ့တယ်၊ အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်နှေးစေတယ်၊ အဆုံးသတ်မှာတော့၊ ကျွန်မ အလုပ်ပြောင်းခံခဲ့ရတယ်။ ကျွန်မ အလုပ်ပြောင်းခံရတဲ့နေ့မှာ၊ ကျွန်မက သူများတွေကို လမ်းညွှန်တဲ့ အခန်းကဏ္ဍတစ်ခုကနေ လမ်းညွှန်ခံရတဲ့ လူတစ်ယောက် အဖြစ်ကို နောက်တစ်ခါ ရောက်သွားတယ်လို့ ခံစားရတယ်။ ညတွင်းချင်းပဲ၊ ကျွန်မဟာ အဆင့်အတန်းရဲ့ နေရာတစ်ခုကနေ ထပ်ပြီး ဆွဲချခံခဲ့ရတယ်။ အဲဒီအချိန်မှာ၊ ကျွန်မ နားကိုမလည်နိုင်တော့ဘူး။ ကျွန်မ ဒီအခြေအနေမှာပဲ ဘာဖြစ်လို့ ထပ်ထပ် ရောက်နေတာလဲလို့ တွေးမိတယ်။ ကျွန်မဟာ ဒါရိုက်တာတစ်ယောက် ဖြစ်ချင်တယ်။ အဲဒါဟာ အရမ်းကို ခက်ခဲပါသလား။ ကျွန်မကို အခွင့်အရေးတစ်ခုပေးဖို့က တကယ့်ကို မဖြစ်နိုင်ဘူးလား။ အဲဒါကို အကြာကြီးတွေးရင်း၊ ကျွန်မက ပို အပျက်သဘောဆောင်ပြီး၊ စိတ်ဖိစီးလာတယ်။ တခြား ညီအစ်ကိုမောင်နှမတွေအားလုံးက ဘုရားသခင်ကို ချီးမွမ်းတဲ့ ဓမ္မသီချင်းတွေ ဆိုကြတယ်။ ဒါပေမယ့် ကျွန်မမှာတော့၊ ကျွန်မရဲ့ ရာထူး ဆုံးရှုံးတာ၊ အရှက်ရတာ နဲ့ ကျွန်မရဲ့ တာဝန် အပြောင်းအလဲဖြစ်တာတွေ၊ အထူးသဖြင့် မရနိုင်တဲ့ အရာတစ်ခုကို တောင့်တခြင်းရဲ့ ညှဉ်းပန်းနှိပ်စက်မှု တို့ကို ရင်ဆိုင်ပြီး၊ အဲဒီ လေ့ကျင့်မှု ရက်အနည်းငယ်ဟာ နှစ်ပေါင်းများစွာ မချိမဆံ့ဝေဒနာ ခံစားရသလိုပါပဲ။ ကျွန်မက ဘုရားသခင်ကို သစ္စာဖောက်တဲ့ အဲဒီနေရာမှာ ကျွန်မရဲ့ တာဝန်တွေကို နောက်ထပ် မထမ်းဆောင်ချင်တော့တဲ့ အတွေးတွေ စတွေးလာခဲ့တယ်။ ကျွန်မက အောင်မြင်ကျော်လွှားဖို့ စွမ်းအားမရှိတဲ့ ပြင်းထန်တဲ့ ဒုက္ခတစ်မျိုးမှာ ပိတ်မိတယ်လို့ ခံစားရတယ်။

အဲဒီနောက် တစ်ညနေမှာ၊ ကျွန်မ လှေကားက အဆင်း ကျွန်မရဲ့ ခြေထောက်ခေါက်သွားတယ်။ အဲဒီအချိန်က ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးက လေ့ကျင့်မှုမှာ စိတ်အားထက်သန်စွာနဲ့ ပါဝင်နေကြချိန်မှာ၊ ကျွန်မမှာတော့ အိပ်ရာထဲမှာပဲလှဲပြီး၊ မလှုပ်ရှားနိုင်ဘူး။ ကျွန်မ ဘာတာဝန်ကိုမှ လုံးဝ မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မဟာ လုံးလုံးကို အသုံးမကျဖြစ်ခဲ့ရတယ်။ ကျွန်မ ဒီတာဝန်ကို ပထမဆုံးစခဲ့ချိန်က ကျွန်မကို ဖွင့်ပြခဲ့တဲ့အရာတွေ၊ ကျွန်မ အောင်မြင်မှုကို ပြန်ရချင်ပြီး တကယ်ကို ကြီးမားတဲ့အရာတစ်ခုခုလုပ်ချင်ခဲ့တာတွေကိုပဲ ပြန်တွေးနေမိခဲ့တယ် ဒါပေမယ့် အခုတော့၊ ကျွန်မက အရမ်းကို အရှက်ရဖို့ကောင်းတဲ့ နိမ့်ကျမှုကို ကျရောက်သွားခဲ့ပြီ... အဲဒါကို ကျွန်မ တွေးမိတဲ့အခါမှာ ကျွန်မ အသည်းနာတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မမေးဘဲ မနေနိုင်ဘူး၊ ကျွန်မရဲ့ အသက်တာက ဘာဖြစ်လို့ အရမ်း စိတ်မချမ်းမြေ့စရာ ဖြစ်ရတာလဲ။ ကျွန်မဟာ နာမည်နဲ့ အဆင့်အတန်းနောက်ကို လိုက်တာကနေ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ မတားနိုင်ရတာလဲ။

အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခု ကျွန်မရဲ့ စိတ်ထဲ ရောက်လာခဲ့တယ်။ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှားကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင်ရှိသည့်အရာတိုင်းကို ပေးဆပ်ကြ သကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူသားအား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်လေသည်၊ ထို့အပြင် လူတို့သည် ဤအရာတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ထို့ကြောင့် လူတို့သည် ဤအချုပ်အနှောင်တို့အား သတိမမူမိဘဲ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကန်ကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက်အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ ၎င်းတို့သည် တိုး၍ ကောက်ကျစ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တို့ တစ်ခုပြီးတစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)”) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဒီကျမ်းပိုဒ်ကို ကျွန်မ ဖတ်တဲ့အချိန်မှာ၊ စာတန်က လူတွေကို လှည့်စားပြီး၊ ထိန်းချုပ်ဖို့ ကျော်ကြားမှုနဲ့ အမြတ်အစွန်းတို့ကို အသုံးပြုတယ်ဆိုတာရယ်၊ ပြီးတော့ လူတွေက ကျော်ကြားမှုနဲ့ အမြတ်အစွန်းတို့ကို ပိုပြီး ရှာဖွေလေ၊ သူတို့ ပိုစိတ်မချမ်းမြေ့ဖြစ်ပြီး ဖောက်ပြန်ပျက်စီးလာလေ ဆိုတာရယ်ကို ကျွန်မ နားလည်လိုက်တယ်။ အရင်က၊ အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး၊ ပြီးတော့ စာတန်ရဲ့ ဒဿနတွေဖြစ်တဲ့ “လူတစ်ဦးသည် သူ၏ဘိုးဘေးများအတွက် ဂုဏ်ဆောင်သင့်၏” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ပြီးတော့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့အရာတွေက အသက်ရှင်သန်ဖို့ ကျွန်မ ဆင်ခြင်သုံးသပ်တဲ့ ဆောင်ပုဒ်တွေပဲ။ ဒါဟာ လူတွေ ရှာဖွေသင့်တဲ့ အရာဖြစ်တယ်၊ ပြီးတော့ သူတို့တွေသာ တွန်းအားရှိတဲ့ လူတွေ ဖြစ်တယ်လို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါ့ကြောင့် ကျောင်းမှာ၊ ပြီးတော့ ဘုရားသခင်ရဲ့ အိမ်တော်နဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ တာဝန်တွေမှာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ တခြားသူတွေ ကျွန်မကို အထင်ကြီးဖို့တို့ကို အရူးအမူး ကြိုးစားရင်း၊ ကျွန်မဟာ ဒီစာတန်ရဲ့ ဒဿနတွေနဲ့ အသက်ရှင်သန်ခဲ့တယ်၊ ကျွန်မ ထင်ပေါ်ဖို့၊ သူများထက်သာဖို့ ကြိုးစားခဲ့တယ်။ သာမန်လူတစ်ယောက် ဖြစ်ဖို့ ကျွန်မ သည်းမခံနိုင်ဘူး၊ ဒါကြောင့် ဒါရိုက်တာတွေ အဖွဲ့ထဲမှာ ကျွန်မ ထပ်ပြီး အလုပ်လုပ်ဖို့ အခွင့်ရခဲ့တဲ့အချိန်မှာ၊ ဒါရိုက်တာအဖြစ် ရာထူးတစ်ခုကို ရဖို့ ကျွန်မ စွဲလမ်းခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ သူများတွေ ကျွန်မကို အထင်ကြီးဖို့ နဲ့ တခြားသူတွေကို ကျွန်မ အမိန့်ပေးနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းလို့ ကျွန်မ ထင်လို့ပဲ။ အဲဒါကြောင့် ကျွန်မက ဖန်သားပြင်ရှေ့မှာ နောက်တစ်ခါ ရပ်ပြီး၊ သူများတွေကို အမိန့်ပေးရတဲ့ အချိန်မှာ ကျွန်မ အရမ်းပျော်ခဲ့ရတာပေါ့။ ကျွန်မက နာမည်နဲ့ အမြတ်အစွန်းအတွက် ဘာဒုက္ခကိုမဆို၊ ဘာ ပေးဆပ်မှုကိုမဆို သည်းခံဖို့ ထိုက်တန်တယ်လို့ ခံစားရတယ်၊ ဒါပေမယ့် နာမည် ဒါမှမဟုတ် အမြတ်အစွန်း မပါဘဲ၊ ကျွန်မ စိတ်မချမ်းသာဘူး၊ အသက်တာဟာ အသက်ရှင်သန်ဖို့ မထိုက်တန်သလိုပဲ။ ကျွန်မက နာမည်ရဖို့ အကြံဉာဏ်နဲ့ မမြင်ရတဲ့ နှောင်ကြိုးတွေရဲ့ တုပ်နှောင်ခြင်းကို ခံနေရတယ်လို့ တကယ်ကို တွေးမိတယ် အဲဒီနှောင်ကြိုးတွေကို ကျွန်မ ဖြေချင်ပေမယ့်လည်း၊ ဖြေလို့ မရနိုင်ခဲ့ဘူး အဲဒီအခြေအနေမျိုးမှာ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတဖြစ်အောင် ကျွန်မ အလုပ်မလုပ်နိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ အိမ်တော်နဲ့ ပတ်သက်တဲ့ အလုပ်ကိုသာ ကျွန်မ နှောင့်ယှက်ပြီး ဟန့်တားမိနေတယ်။ နာမည်နဲ့ အမြတ်အစွန်းကို ရှာဖွေတာဟာ တကယ့်မှန်ကန်တဲ့ လမ်းကြောင်း မဟုတ်ဘူးဆိုတာကို ကျွန်မ ပိုပို မြင်လာခဲ့တယ်။ ဒီအခြေအနေနဲ့ အသက်ရှင်နေတဲ့ လူတွေကို ဘုရားသခင်က မုန်းတီးပြီး၊ သူများတွေကလည်း အဲဒါကို ရွံရှာကြတယ်။ ကျွန်မရဲ့ နှစ်ကြိမ်တိုင်တိုင် အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကို ပြန်တွေးပြီး၊ တကယ်တော့ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကြီးမားတဲ့ ကယ်တင်ခြင်း ဖြစ်တာကို ကျွန်မ မြင်လာတယ်။ အဆင့်အတန်းအတွက် ကျွန်မရဲ့ ဆန္ဒက ပြင်းထန်လွန်းတယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့၊ သိဖို့ နဲ့ ဘုရားသခင်ဆီမှာ နောင်တရဖို့ ကျွန်မကို ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ကို သွားခိုင်းဖို့အတွက် ကျွန်မဟာ ဒီစမ်းသပ်မှုတွေ နဲ့ စစ်ဆေးခြင်းတွေကို တွေ့ကြုံခံစားခဲ့ရတယ်။ အဲဒီနောက်မှာသာ ကျွန်မဟာ သမ္မာတရားကို ရှာဖွေပြီး ဒီ ဖောက်ပြန်ပျက်စီးတဲ့ စာတန်နဲ့ဆိုင်တဲ့ စိတ်သဘောထားတွေကနေ လွတ်မြောက်နိုင်မယ်လေ။ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲ။ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်မှုတွေ နဲ့ စစ်ဆေးခြင်းတို့ဟာ လူတွေအတွက် သူ့ရဲ့ အကြီးမားဆုံး ကယ်တင်ခြင်းနဲ့ ကွယ်ကာမှု အစစ်အမှန် ဖြစ်တယ် ဆိုတာကို ကျွန်မ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ တော်တော် နာကျင်ခံစားရပေမယ့်လည်း၊ အဲဒါတွေဟာ ကျွန်မရဲ့ အသက်တာ စိတ်သဘောထား ပြောင်းလဲဖို့အတွက် အရမ်းကို အကျိုးရှိခဲ့ပါတယ်။ အဲဒါကို ကျွန်မ နားလည်တာနဲ့တပြိုင်နက်၊ ကျွန်မ ဆုတောင်းဖို့နဲ့ နောင်တရဖို့ ကိုယ့်ကိုယ့်ကိုယ် ဝပ်စင်းခဲ့တယ်။ “ဘုရားသခင်။ ကျွန်မ မှားခဲ့ပါတယ်၊ ကျွန်မ တကယ့်ကို မှားခဲ့ပါတယ်။ စာတန်ရဲ့ သြဇာလွှမ်းမိုးမှု နဲ့ နာမည်၊ အမြတ်အစွန်းနဲ့ အဆင့်အတန်းတို့ကို ရှာဖွေခြင်းတို့အောက်မှာ အသက်ရှင်ရခြင်းရဲ့ ဒုက္ခနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို သိခဲ့ရပါပြီ။ ကိုယ်တော်က ကျွန်မကို စီရင်တယ်၊ ဆုံးမပဲ့ပြင်တယ်၊ ဒီနည်းနဲ့ နိုးထစေခဲ့တယ်။ ဒါတွေအားလုံးဟာ ကျွန်မအတွက် ကိုယ်တော်ရဲ့ ကယ်တင်ခြင်း နဲ့ ချစ်ခြင်းတို့ဖြစ်တယ်။ ဘုရားသခင်၊ နာမည်၊ အမြတ်အစွန်းနဲ့ အဆင့်အတန်းတို့ကို ကျွန်မ နောက်ထပ် ရှာဖွေဖို့ ဆန္ဒမရှိတော့ပါဘူး။ ကျွန်မ ထပ်ပြီး မတွန်းလှန်တော့ပါဘူး။ အနာဂတ်မှာ ကျွန်မဆီကို ဘာ တာဝန်ပေးစေခိုင်းချက် ဒါမှမဟုတ် ဘာတာဝန်ပဲ လာပါစေ၊ ကျွန်မ နာခံပါမယ်။” “ကျွန်မ ဖန်ဆင်းခံ သတ္တဝါတစ်ယောက်ရဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်။”

မကြာခင်မှာပဲ၊ ကျွန်မခြေမျက်စိ ပျောက်ကင်းမှုကို မထိခိုက်သမျှ လေ့ကျင့်မှုတွေကို ပြန်ပါဝင်နိုင်တယ်လို့ အသင်းတော်က ကျွန်မကို အသိပေးလာခဲ့တယ်။ ဒီသတင်းကို ကြားပြီး အရမ်းကို စိတ်လှုပ်ရှားတယ်၊ ပြီးတော့ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မရဲ့ အခွင့်အလမ်းကိုလည်း မြတ်နိုးခဲ့တယ်။ ဒါဟာ သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ဖြစ်တယ် ဆိုရင်တောင်မှ ကျွန်မ အတွက်က အရမ်းကို တန်ဖိုးရှိပြီး၊ ရဖို့လည်း ခက်ပါတယ်။ အထူးသဖြင့်၊ ဒါဟာ ကျွန်မ လုပ်ဆောင်နေတဲ့ ဇတ်ဝင်ခန်းထဲမှာ ပါဝင်တယ်။ ယုံကြည်သူတစ်အုပ်ဟာ အဆင်းနီသော နဂါးကြီးရဲ့ နှိပ်ကွပ်ခံရခြင်းအားဖြင့် စိတ်မချမ်းမြေ့စရာ အသက်တာတွေနဲ့ အသက်ရှင်ကြတယ်၊ စာတန်ရဲ့ အဆိပ် အမျိုးမျိုးရဲ့ ဝန်းရံတာကို ခံရတယ်၊ သူတို့ အသက်ရှုမရနိုင်လောက်တဲ့အထိ ဖိနှိပ်ခံကြရတယ်။ သူတို့က အော်ဟစ်တယ်၊ ရုန်းကန်တယ်၊ ဒါပေမယ့် ဘာကမှ အကူအညီမဖြစ်ဘူး၊ ပြီးတော့ အဲဒီ အမှောင်နယ်မြေပေါ်ကို ဘုရားသခင်ရဲ့ အလင်းရောင် ကျရောက်တဲ့ အချိန်ကျမှသာ လူတိုင်းက အမှောင်စွမ်းအားရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘုရားသခင်ရဲ့ အသံတော်ကို ကြားပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံကြလို့ပဲ။ အဲဒီဇတ်ဝင်ခန်းအတွက် အလုပ်လုပ်ရတာ ကျွန်မအတွက် အရမ်းကို တို့ထိခံရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလည်း အဲဒီလို အခြေအနေမျိုးကြုံခဲ့ဖူးတယ်လို့ ခံစားရလို့ပါ။ ကျွန်မဟာ အမှောင်နေရာတစ်ခုမှာ ချည်နှောင်မှုထဲမှာ အချိန် အကြာကြီးကုန်ဆုံးခဲ့တယ်၊ နာမည်၊ အမြတ်အစွန်းနဲ့ အဆင့်အတန်းတို့ရဲ့ နှောင်ကြိုးတွေမှာ ကျွန်မ အများကြီး ဒုက္ခခံစားခဲ့ရတယ်၊ ဒါကြောင့် အဲဒီအလင်းရောင်ခြည် ကျရောက်ချိန်တိုင်း ကျွန်မဟာ အရမ်းတို့ထိခံရပြီး၊ နာမည်၊ အမြတ်အစွန်း နဲ့ အဆင့်အတန်းတို့ရဲ့ ချည်နှောင်မှုက ရုန်းထွက်လွတ်မြောက်ဖို့ ကျွန်မကို လမ်းပြတဲ့အတွက် ဘုရားသခင်ကို အရမ်းကျေးဇူးတင်ပါတယ်။

နောက်ပိုင်းမှာ အကြီးအကဲက ကျွန်မကို လာတွေ့တယ်၊ ပြီးတော့ ညီအစ်မတစ်ယောက် သရုပ်ဆောင်တာ စောင့်ကြည့်လမ်းညွှန် ခိုင်းခဲ့တယ်။ ပထမတော့၊ ကျွန်မက “ငါစင်ပေါ် မတက်ရတာ ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် အခုတော့ ငါ့မှာ တစ်ခြားတစ်ယောက် အတွက် သရုပ်ဆောင်ဖို့ စောင့်ကြည့်လမ်းညွှန်ရမယ်။” လို့ တွေးမိတယ်။ ဒါပေမယ့် အဲဒီနောက်မှာ အဆင့်အတန်းအတွက် ကျွန်မရဲ့ ဆန္ဒက ခေါင်းပြူလာပြန်ပြီဆိုတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ အဲဒီနောက်မှာ ဓမ္မသီချင်းတစ်ပုဒ်ရဲ့ စာသားတွေက ကျွန်မ အတွေးထဲမှာ ပေါ်လာတယ်။ “အို ဘုရားသခင်။ ကျွန်ုပ်၌ ရာထူးအဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ ရာထူးအဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ ရာထူးအဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ သို့မဟုတ် ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့်အကြောင်းသာမက အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံသင့်ကြောင်း ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ကျွန်ုပ်သည် သေးနုပ်သော ဖန်ဆင်းခံမျှသာဖြစ်သည်”) နောက်ထပ်ရောက်လာတဲ့ လေ့ကျင့်မှုတွေမှာ ကျွန်မ အပြည့်အဝ မြုပ်နှံခဲ့တယ်၊ ပြီးတော့ ဒီညီအစ်မအတွက် အကြံတွေအများကြီး ပေးခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်၊ ကျွန်မဟာ အကျိုးသက်ရောက်မှု အများကြီး လုပ်နိုင်မှ လုပ်နိုင်လိမ့်မယ်၊ ဒါပေမယ့် အဲဒီနည်းလမ်းနဲ့ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ရတာ ကျွန်မ အရမ်းကို စိတ်အေးလက်အေး ရှိတယ်။ နောက်ပိုင်းမှာ အကြီးအကဲက နောက်ထပ် ညီအစ်မတစ်ယောက် သရုပ်ဆောင်တာကို ကျွန်မ စောင့်ကြည့်ညွှန်ကြားဖို့ စီစဉ်ပေးတယ်။ ကျွန်မဟာ အနေအထားကို မှန်ကန်အောင် လုပ်ပေးခဲ့ရရုံမကဘူး၊ သူ့အတွက် လှုပ်ရှားမှုတွေကိုလည်း ဖန်တီးပေးရတယ်။ ဒီတာဝန်ကို ကျွန်မ လက်ခံရတဲ့အချိန်မှာ အဲဒါဟာ ကျွန်မကို ဘုရားသခင်က စမ်းသပ်တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ အဲဒီမှာ ဘာနာမည်၊ ဘာအမြတ်အစွန်း နဲ့ ဘာအဆင့်အတန်းမှ မရှိဘူး။ ကျွန်မက ကျွန်မရဲ့ တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်လား မထမ်းဆောင်နိုင်ဘူးလား ဆိုတာကို ဘုရားက မြင်ချင်တယ်။ ဒါကြောင့် ဘုရားသခင်ကို ကျွန်မ စိတ်အားထက်သန်စွာနဲ့ ဆုတောင်းခဲ့တယ်၊ ပြီးတော့ သူ့လမ်းပြမှုအောက်မှာ၊ အရာအားလုံးဟာ အရမ်းချောမွေ့ပြီး၊ အရမ်းမြန်ဆန်သွားတယ်။ ကျွန်မရဲ့ တာဝန်ကို ကျွန်မရဲ့ ညီအစ်မကို လက်ကမ်းပေးလိုက်တဲ့ အချိန်မှာ ကျွန်မရဲ့ တာဝန်နဲ့ ပတ်သက်ပြီး ကျွန်မ တစ်ခါမှ ဒီလောက် စိတ်အေးလက်အေး မရှိခဲ့ဖူးတာကို နားလည်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်အတွက် စျေးဆစ်တာ တစ်ခုမှမရှိဘူး၊ ပြီးတော့ ကျွန်မရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေနဲ့လည်း ညစ်ညမ်းမနေဘူး။ အဲဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မရဲ့ နားလည်မှုပေါ်မှာ အခြေခံထားတယ်၊ ပြီးတော့ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်လို့၊ ဒီတာဝန်ကို ကျွန်မ ယူခဲ့တာဖြစ်တယ်။ အဲဒီနည်းလမ်းနဲ့ ကျွန်မရဲ့ တာဝန်တွေကို ထမ်းဆောင်တာက အရမ်း ဖြောင့်မတ်တယ်လို့ ကျွန်မ ခံစားရတယ်။

နောက်ပိုင်း နည်းနည်းကြာပြီးတော့၊ တစ်ချို့ ညီအစ်ကို မောင်နှမတွေက “အစ်မက အစ်မရဲ့ တာဝန်တွေမှာ ပိုပြီး နှိမ့်ချလာပုံရတယ်၊ အစ်မက အရင်ကလို ဒေါသထွက်ပြီး မောက်မာမနေတော့ဘူး။” လို့ ကျွန်မကို ပြောကြတယ်။ ဒါကို ကြားပြီး၊ ဒါတွေဟာ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့အားဖြင့် ကျွန်မ ရလာတဲ့ ရလဒ်တွေ ဖြစ်တယ်ဆိုတာ ကျွန်မ နက်နက်ရှိုင်းရှိုင်း သတိပြုမိပါတယ်။ နာမည်၊ အမြတ်အစွန်းနှင့် အဆင့်အတန်းတို့ရဲ့ ချည်နှောင်မှုက ရုန်းထွက်လွတ်မြောက်ရာမှာ ကျွန်မကို တစ်လှမ်းချင်း လမ်းပြခဲ့သူက ဘုရားသခင်ဖြစ်တယ်။ အဲဒီနောက် မကြာမီမှာပဲ၊ ကျွန်မကို ဒါရိုက်တာတစ်ယောက်ရဲ့ တာဝန်ပေးလိုက်တယ်လို့ အကြီးအကဲက ကျွန်မကို အသိပေးလာခဲ့တယ်။ အဲဒီသတင်းကို ကြားတဲ့အချိန်မှာ ကျွန်မ ဘယ်လောက် စိတ်လှုပ်ရှားတယ်ဆိုတာ ကျွန်မ မပြောပြနိုင်ပါဘူး။ ကျွန်မက အဲဒီတာဝန် ပေးခံရတဲ့အချိန် လွန်ခဲ့တဲ့ တစ်နှစ်ကလောက် ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူပြီး ကျေနပ် မနေတာကို ကျွန်မ ခံစားခဲ့ရတယ်၊ ပြီးတော့ အဲဒါဟာ ဘုရားသခင်က ကျွန်မကို ပေးတဲ့ စေခိုင်းချက်၊ တာဝန်တစ်ခုဆိုတာကို ကျွန်မ နားလည်နိုင်ခဲ့တယ်၊ ပြီးတော့ ကျွန်မက ဘုရားသခင်ရဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေကို ပိုနားလည်နိုင်စွမ်းရှိလာတယ်။ အဲဒါတွေအားလုံးကို ကျော်ဖြတ်ရတာဟာ ကျွန်မ ဘဝကို ခက်ခဲအောင် ဒါမှမဟုတ် ကျွန်မကို ဖျက်ဆီးရအောင် မဟုတ်ဘူး ဆိုတာကို ကျွန်မ နားလည်လိုက်တယ်။ အဲဒါဟာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝနဲ့ ကျွန်မရဲ့ ညစ်ညမ်းတဲ့ ရည်ရွယ်ချက်တွေကို သန့်စင်ဖို့ ဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အရာနဲ့ အချက်အလက်တွေက ထုတ်ဖော်တဲ့အရာတွေက တစ်ဆင့် ကျွန်မဟာ စာတန်အားဖြင့် ဘယ်လောက် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးခဲ့တယ်ဆိုတာကို အမှန်တကယ် မြင်ခဲ့ရတယ်၊ ပြီးတော့ ဘုရားသခင့် နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ မရှိဘဲ၊ ဒီ စာတန် စိတ်သဘောထားတွေ ဒါမှမဟုတ် အထူးသဖြင့် စာတန်ရဲ့ အမှောင်စွမ်းအားနဲ့ ချည်နှောင်မှုတို့က ကျွန်မ ဘယ်တော့မှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းရှိခဲ့မှာ မဟုတ်ဘူး။ အဲဒီနောက်မှာမှ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စမ်းသပ်မှု နှင့် စစ်ဆေးခြင်းတို့က တကယ့်ကို ကျွန်မအတွက် ဘုရားသခင်ရဲ့ အကြီးမားဆုံး ကွယ်ကာခြင်းနှင့် ကယ်တင်ခြင်း ဖြစ်တယ်ဆိုတာကို ကျွန်မ တကယ့်ကို တွေ့ကြုံခံစားခဲ့ရပါတယ်။

ယခင်က:၁၉။ အရာရှိတစ်ဦး၏ နောင်တ

နောက်တစ်ခုသို့:၂၆။ ရှုံးနိမ့်မှုနှင့် တွေ့ကြုံရာတွင် ရုန်းထခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ