အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅။ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးတစ်ခု မည်သို့ တည်ဆောက်နိုင်မည်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူများက ဘုရားသခင်ကို ယုံကြည်ကြ၏၊ ဘုရားသခင်ကို ချစ်ကြ၏၊ ထို့ပြင် ဘုရားသခင်၏ဝိညာဉ်တော်ကို မိမိတို့၏စိတ်နှလုံးနှင့် တို့ထိခြင်းအားဖြင့် ဘုရားသခင်အား ကျေနပ်စေကြ၏၊ ထိုသို့ဖြင့် သူ၏ကျေနပ်အားရမှုကို ရရှိကြသည်၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူတို့စိတ်နှလုံးထိတွေ့မှုရှိသည့်အချိန်တွင်၊ သူတို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် စေ့ဆော်မှုကိုခံရကြ၏။ အကယ်၍ သင်သည် မှန်ကန်သောဝိညာဉ်ရေးအသက်တာကို ရယူလိုပြီး ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးကို တည်ဆောက်လိုလျှင် သင့်စိတ်နှလုံးကို သူ့ထံ ဦးစွာအပ်နှံရမည်ဖြစ်ကာ သူ့၏ရှေ့မှောက်၌ သင့်စိတ်နှလုံးကို ငြိမ်သက်စေရမည်ဖြစ်သည်။ ဘုရားသခင်ထံသို့ သင့်စိတ်နှလုံးကို ပုံအပ်ပြီးမှသာ သင့်အနေဖြင့် မှန်ကန်သောဝိညာဉ်ရေး အသက်တာတစ်ခုကို တဖြည်းဖြည်း ကြီးထွားစေနိုင်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မိမိတို့၏စိတ်နှလုံးကို သူ့အား အပ်နှံခြင်းမရှိပါက၊ သူတို့၏စိတ်နှလုံးသည် ဘုရားသခင်ထံ၌ မရှိပါက၊ သူ၏ဝန်ထုပ်ကို မိမိတို့ဝန်ထုပ်သဖွယ် သဘောမထားဘဲနေပါက သူတို့လုပ်ဆောင်မှုဟူသမျှသည် ဘုရားသခင်ကို လိမ်လည်လှည့်စားနေခြင်းဖြစ်ပြီး ထိုအရာအားလုံးသည် ဘာသာရေးလိုက်စားသောသူတို့၏ အကျင့်ပင်ဖြစ်သည်။ ယင်းက ဘုရားသခင်၏ ချီးမွမ်းမှုကို မရနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီး၏” မှ

ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ စကားလုံးများသည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သော အလုပ်၏ ရှုထောင့်များဖြစ်ပြီး ဤခေတ်ကာလအတောအတွင်း လူသားတို့အား ဉာဏ်အလင်းဆက်လက်၍ဖွင့်ပေးခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် ဦးတည်၍ လုပ်ဆောင်သော အလုပ်ဖြစ်သည်။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် ဦးတည်၍ လုပ်ဆောင်သော အလုပ်မှာ အဘယ်နည်း။ ထိုအလုပ်မှာ လူတို့အား ယနေ့ ဘုရားသခင်၏ အလုပ်နှင့် သာမန် ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဦးဆောင်ခေါ်ခြင်း အလုပ်ဖြစ်သည်။...

ပထမဦးဆုံး သင်၏စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ သွန်းလောင်းရမည်။ သင်သည် အတိတ်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေလိုက်စားခြင်း၊ ဆည်းပူးလေ့လာခြင်းနှင့် ယနေ့ခေတ် နှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ခြင်း မပြုရ။ ထိုသို့မပြုဘဲ သင်၏စိတ်နှလုံးကို လက်ရှိဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ အပြည့်အဝ သွန်းလောင်းရမည်။ အကယ်၍ အတိတ်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဝိညာဉ်ရေးရာ စာအုပ်များ သို့မဟုတ် အခြားသော တရားဟောချက် အကြောင်းအရာများကို ဆက်လက်၍ ဖတ်လိုသော ဆန္ဒရှိသူများ၊ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်နောက် မလိုက်လျှောက်သော သူများရှိပါက ၎င်းတို့သည် အမိုက်မဲဆုံးသော သူများပင်ဖြစ်ကြသည်၊ ဘုရားသခင်သည် ထိုသို့သောသူများကို ရွံမုန်းသည်။ အကယ်၍ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကို လက်ခံရန် ဆန္ဒရှိပါက သင်၏စိတ်နှလုံးကို ယနေ့ ဘုရားသခင်၏ ဖွင့်ဆိုချက်များထဲ အပြည့်အဝ သွန်းလောင်းပါ။ ဤအရာသည် သင်ပထမဆုံး စွမ်းဆောင်ရမည့်အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

ဘုရားသခင်ကို ယုံကြည်ရာတွင် အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိမှုကိစ္စကို ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ ပျောက်ဆုံးသွားသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းကို ဘုရားသခင်၏ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေခြင်းအားဖြင့် အလုံးစုံရရှိခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးဟူသည်မှာ ဘုရားသခင်၏မည်သည့်အမှုကိုမဆို သံသယမဝင်ခြင်း၊ သို့မဟုတ် မငြင်းပယ်ခြင်းတို့ကို ပြုနိုင်ပြီး ဆက်ကပ်နာခံခြင်း ဖြစ်သည်သာမက ဘုရားသခင်၏မျက်မှောက်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခြင်း၊ သင့်ကိုသင် မစဉ်းစားခြင်း၊ မည်သည့်အရာပင်ပြုနေသည်ဖြစ်စေ ဘုရားသခင့်မိသားစု၏ အကျိုးစီးပွားများကို အရေးအကြီးဆုံးအရာအဖြစ် အစဉ်အမြဲထားခြင်း၊ ဘုရားသခင်၏ စောင့်ကြည့်မှုကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအမံများကို ကျိုးနွံနာခံခြင်းတို့ဖြစ်သည်။ သင့်အနေဖြင့် တစ်စုံတစ်ရာကို လုပ်သည့်အချိန်တိုင်းတွင် ဘုရားသခင်၏မျက်မှောက်၌ သင်၏စိတ်နှလုံးကို ငြိမ်သက်စွာထားနိုင်သည်။ ဘုရားသခင်၏အလိုတော်ကို သင်နားမလည်လျှင်ပင် သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေးနေရမည်။ ဘုရားသခင်၏အလိုတော် ထုတ်ဖော်ပြသခြင်းကို သင့်အနေဖြင့် ခံရပြီးနောက် ၎င်းကို လက်တွေ့လုပ်ဆောင်ခြင်းငှာ စောင့်စားရန် အချိန်နှောင်းလွန်းခြင်းမရှိပေ။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေး ရရှိလာလိမ့်မည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြုပြီး တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်လော့၊ သင်၏အမြင်ကို မှန်ကန်စွာထားလော့၊ ထို့ပြင် ဘုရားသခင်ကို ဆန့်ကျင်သော၊ သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်သော အရာများကို မလုပ်ဆောင်နှင့်။ ညီအစ်ကိုမောင်နှမများ၏ အသက်တာများအတွက် အကျိုးမရှိသော အရာများကို မလုပ်နှင့်၊ အခြားသူများအတွက် အထောက်အကူမဖြစ်စေသော အရာများကို မပြောနှင့်၊ ရှက်ဖွက်ကောင်းသော အရာများကို မလုပ်နှင့်။ အရာရာကို မျှမျှတတနှင့် ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းတို့ကို တင့်တယ်စေလော့။ တစ်ခါတစ်ရံတွင် လူ့ဇာတိသည် အားနည်းတတ်သော်လည်း သင်သည် ဘုရားသခင်၏မိသားစု အကျိုးဖြစ်ထွန်းစေရေးကို အရေးအကြီးဆုံးအရာအဖြစ် အလေးထားနိုင်ကာ သင်၏ကိုယ်ပိုင်အကျိုးစီးပွားများကို မမက်မောဘဲ ဖြောင့်မတ်ခြင်းတရားကို လုပ်ဆောင်နိုင်၏။ ဤနည်းလမ်းအတိုင်း သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။

တစ်စုံတစ်ရာကို သင်လုပ်သည့်အခါတိုင်းတွင် သင်၏အရင်းခံအကြောင်းများသည် မှန်မမှန်ကို သင်ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပေသည်။ ယင်းမှာ အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏အရင်းခံအကြောင်းများကို ဆန်းစစ်သည့်အခါ မမှန်ကန်သောအရာများ ပေါ်ထွက်လာပါက၊ အကယ်၍ ယင်းတို့ကို သင်မျက်ကွယ်ပြုနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူ ဖြစ်လာလိမ့်မည်။ ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးမှာ ပုံမှန်ဖြစ်ပြီး သင်လုပ်ဆောင်သမျှတို့သည် ဘုရားသခင်အတွက်ဖြစ်ကာ သင်ကိုယ်တိုင်အတွက် မဟုတ်သည်ကို ပြသလိမ့်မည်။ တစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့် အချိန်တိုင်း၊ သို့မဟုတ် ပြောဆိုသည့် အချိန်တိုင်းတွင် သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားရမည်ဖြစ်ပြီး ဖြောင့်မတ်ရမည်ဖြစ်ကာ သင့်စိတ်ခံစားမှုများ၏ ဦးဆောင်ရာသို့ မလိုက်ရ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ မလုပ်ဆောင်ရ။ ယင်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတို့က မိမိတို့ကိုယ်တိုင် ပြုကျင့်သော အခြေခံစည်းမျဉ်းများဖြစ်သည်။ လူတစ်ဦး၏ အရင်းခံအကြောင်းများနှင့် ဝိညာဉ်အသက်တာတို့ကို သေးငယ်သောအရာတွင် ပေါ်လွင်စေနိုင်သည် ဖြစ်သောကြောင့် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်းခံရသော လမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန် လူတို့သည် ဦးစွာပထမ သူတို့၏ ကိုယ်ပိုင်အရင်းခံအကြောင်းများနှင့် ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးကို ဖြေရှင်းကြရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်သည့်အခါမှသာလျှင် သင်သည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်းခံရနိုင်ပြီး ထို့နောက်တွင်မှသာ သင့်ကို ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့၏ လိုလားသော သက်ရောက်မှု ရှိလာနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူတို့သည် သူတို့၏စိတ်နှလုံးများအတွင်းတွင် ဘုရားသခင်ကို ထားရှိနိုင်ပြီး ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများကို မရှာဖွေ၊ သူတို့၏ ကိုယ်ရေးကိုယ်တာ အနာဂတ်အကြောင်း စဉ်းစားခြင်းများ (ဇာတိပကတိအကြောင်း တွေးတောခြင်းကို ရည်ညွှန်းသည်) မပြုလုပ်ဘဲ အသက်တာ ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ သမ္မာတရားကို လိုက်စားရန်အတွက် အကောင်းဆုံးလုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို နာခံကြသည်။ ဤနည်းလမ်းအားဖြင့် သင်ရှာဖွေသော ရည်မှန်းချက်များ မှန်ကန်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်း” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးကို တည်ဆောက်သောအခါ မည်သည့်နေရာမှ ကျွန်ုပ်တို့အစပြုသင့်သနည်း။ အရေးကြီးဆုံးမှာ ဘုရားသခင်ထံ ဆုတောင်းသောအခါ စိတ်နှလုံးထဲမှ စကားပြောရန် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ဆုတောင်းရာတွင် “အို ဘုရားရှင်၊ ကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမတွေအများကြီးက သူတို့ရဲ့ အတ္တတွေတစ်ခုလုံးကို ကိုယ်တော့်အတွက် အသုံးတော်ခံဖို့ ဆက်ကပ်အပ်နှံနိုင်ကြတာကို ကျွန်တော်တွေ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ဝိညာဉ်အသက်တာက သေးနုပ်လှပါတယ်။ ကျွန်တော့်အသက်မွေးဝမ်းကျောင်းနဲ့ ကျွန်တော့်အနာဂတ်အပြင် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခတွေကို ကျွန်တော်ခံနိုင်မလား၊ မခံနိုင်ဘူးလားဆိုတာတွေကို ကျွန်တော်ထည့်စဉ်းစားနေမိပါတယ်။ ဒီအရာတွေကို ကျွန်တော်မစွန့်လွှတ်နိုင်ပါဘူး။ ကျွန်တော် တကယ်ပဲ ကိုယ်တော့်ကို အကြွေးတင်နေပါတယ်။ သူတို့မှာ ဘယ်လိုဖြစ်ပြီး အဲဒီလိုဝိညာဉ်အသက်တာ ရှိနိုင်ကြတာလဲ။ ကျွန်တော်တို့ရဲ့ မိသားစုနောက်ခံသမိုင်းတွေက အတူတူပါပဲ၊ ဒါပေမဲ့ သူတို့က ကိုယ်တော့်အတွက် အချိန်ပြည့် အသုံးတော်ခံနိုင်ကြတယ်- ကျွန်တော်က ဘာဖြစ်လို့မခံနိုင်တာလဲ။ ကျွန်တော့်မှာ သမ္မာတရား အလွန်ချို့တဲ့လှပါတယ်။ ဇာတိပကတိ ပူပန်မှုတွေကို အမြဲတမ်း စဉ်းစားနေမိတယ်၊ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းက အရမ်းသေးနုပ်လွန်းပါတယ်။ အို ဘုရားသခင်၊ ကျွန်တော့်ကို အသိဉာဏ်ဖွင့်ပေးပြီး အလင်းပေးတော်မူပါ၊ ကိုယ်တော့်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းရှိဖို့နဲ့ မကြာခင် ကိုယ်တော့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ အသုံးတော်ခံဖို့ ကျွန်တော့်ကို အခွင့်ပေးတော်မူပါ” ဟု သင်ဆိုသည်ဆိုပါစို့။ ဤသည်မှာ စိတ်နှလုံးထဲမှ စကားပြောခြင်းဖြစ်သည်။ အကယ်၍ သင်၌ ဤကဲ့သို့ ဘုရားသခင်နှင့် နေ့တိုင်း ရင်းနှီးပွင့်လင်းစွာ ဆက်သွယ်ပြောဆိုခြင်းမျိုးရှိလျှင် သင်ရိုးသားသည်ကို သူမြင်မည်ဖြစ်ပြီး သင့်အနေဖြင့် သူ့အတွက် ဝတ်ကျေတမ်းကျေလုပ်ခြင်း၊ သူ့ကို ကပ်ချွဲနေခြင်း၊ သို့မဟုတ် သူ့အား အပြောဖြင့်သာ အစေခံမှုပေးနေခြင်း မဟုတ်သည်ကို သူမြင်လိမ့်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို လုပ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆက်ရေးကို တည်ဆောက်ခြင်း၏ အစဖြစ်သည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများဖြစ်ကြပြီး ကိုယ်တော်သည် ဖန်ဆင်းရှင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ရှေ့မှောက်တွင် ဖန်ဆင်းခံဖြစ်သော ကျွန်ုပ်တို့အနေဖြင့် မည်သည့်အရာကို ပိုင်ဆိုင်သင့်ကြသနည်း။ စစ်မှန်သော နာခံမှု၊ လက်ခံမှု၊ ယုံကြည်မှုနှင့် ကိုးကွယ်မှုတို့ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်အား ပြည့်စုံစွာ ပေးရပါမည်၊ သူ့ကို ဦးဆောင်ခွင့်၊ အုပ်စိုးခွင့်နှင့် စီစဉ်ခွင့်ကို ပေးရပါမည်။ ဤနည်းဖြင့် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းအားဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် မှန်ကန်လာလိမ့်မည်ဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁၄) တွင်ပါဝင်သော “ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း တရားဟောချက်များနှင့် မိတ်သဟာယဖွဲ့ခြင်း ‘ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီး၏’ (၁)” မှ

ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး တည်ဆောက်ခြင်းအတွက် အခြေခံမူအချို့ရှိသည်။ ပထမအနေဖြင့် သင်သည် သူ၏အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာတော်၌ ယုံကြည်ရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံး ပြည့်စုံမည်ဟု ယုံကြည်ရပါမည်။ ဤသည်မှာ အခြေခံအုတ်မြစ်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သေချာပေါက် ပြည့်စုံမည်ကို မယုံကြည်လျှင်၊ သို့မဟုတ် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို မယုံကြည်လျှင် သင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့နေသည်။ ဒုတိယအနေဖြင့် သင်သည် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးရမည်ဖြစ်ပြီး အရာရာတိုင်းတွင် ဘုရားသခင်ကို ဆုံးဖြတ်ခွင့်ပေးရမည်။ တတိယအနေဖြင့် သင်သည် ဘုရားသခင်၏ စစ်ကြောခြင်းကို လက်ခံရမည်ဖြစ်ပြီး ဤသည်မှာ အလွန်အရေးပါသောအရာဖြစ်သည်။ သင်၏ဆုတောင်းခြင်းနှင့် မိတ်သဟာယပြုခြင်း၊ သင်၏လုပ်ဆောင်ချက်များနှင့် သင်၏စကားတို့နှင့်သက်ဆိုင်၍ ဘုရားသခင်၏ စစ်ကြောမှုကို သင်လက်မခံလျှင် သင်၌ ဘုရားသခင်နှင့် မှန်ကန်သော မိတ်သဟာယဖွဲ့မှု မည်သို့ရှိနိုင်မည်နည်း။ သင်၏စိတ်နှလုံးထဲတွင် မည်သည့်အရာရှိသည်ကို သူ့အား သင်ပြောနိုင်ပါသလား။ သင်စကားပြောသောအခါ သင်ကိုယ်တိုင်အတွက်သာ သင်ဆုတောင်းသည်၊ ထိုအရာက မကောင်းသော ရည်ရွယ်ချက်များကို လွယ်ထားပြီး အနှစ်မဲ့သော စကားများ၊ ကြွားဝါခြင်းများနှင့် လိမ်ညာမှုများဖြင့် ပြည့်နေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စစ်ကြောခြင်းကို လက်မခံလျှင် ထိုအရာများကို မည်သို့သတိပြုနိုင်မည်နည်း။ ဘုရားသခင်၏ စစ်ကြောခြင်းကို သင်လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် သင့်အနေဖြင့် အမှားတစ်ခုခုကို ပြောခဲ့မိလျှင်၊ အနှစ်မဲ့သော စကားများကို ပြောခဲ့မိလျှင်၊ သို့မဟုတ် သာမန်ကာလျှံကာ ကတိသစ္စာများကို ဆိုမိလျှင် သင်သည် “ဘုရားသခင်ကို လှည့်ဖြားဖို့ ငါကြိုးစားနေတာ မဟုတ်လား။ ဘာလို့ ဒါက ဘုရားကို လိမ်နေသလို ငါခံစားရတာလဲ” ဟု ချက်ချင်းနားလည်မိပါလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စစ်ကြောခြင်းကို လက်ခံခြင်းဖြစ်ပြီး ဤသည်မှာ အဘယ်ကြောင့် ယင်းက အလွန်အရေးကြီးရသည့် အကြောင်းရင်းဖြစ်သည်။ စတုတ္ထအနေဖြင့် အရာရာတိုင်းတွင် သမ္မာတရားကို ရှာဖွေရန် သင့်အနေနှင့် သင်ယူရမည်။ စာတန်၏အတွေးအခေါ်အပေါ် အမှီမပြုပါနှင့်။ အမှုအရာများကို လုပ်ဆောင်ခြင်းအား သင်အကျိုးရရှိမည်၊ မရရှိမည်ဆိုသည့်အပေါ် အခြေမပြုပါနှင့်။ သမ္မာတရားကို သင်ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားနှင့်အညီ သင်လုပ်ဆောင်ရပါမည်။ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်၊ သို့မဟုတ် ဆုံးရှုံးမှုတို့ကို ထည့်သွင်းမစဉ်းစားဘဲ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး သမ္မာတရားကို ပြောဆိုရမည့်အပြင် ရိုးသားသောလူတစ်ဦး ဖြစ်ရပါမည်။ ဆုံးရှုံးမှုကို ခံစားရခြင်းသည် ကောင်းချီးမင်္ဂလာတစ်မျိုးဖြစ်သည်၊ ဆုံးရှုံးမှုကို သင်ခံစားရသောအခါ သင်သည် ဘုရားသခင်၏ ပိုမိုကောင်းချီးပေးခြင်းကို ခံစားရမည်ဖြစ်သည်။ အာဗြဟံသည် ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပြီး အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် သူ့အနေဖြင့် အမြဲတမ်း အလျှော့ပေးခဲ့သည်။ သူ၏အစေခံများကပင် “ကိုယ်တော်သည် အဘယ်ကြောင့် အလွန်အားနည်းပါသနည်း။ သူတို့ကို တိုက်ခိုက်ကြစို့” ဟု မကျေမနပ် ပြောဆိုခဲ့ကြသည်။ ထိုအချိန်က အာဗြဟံသည် မည်သည့်အရာကို တွေးနေခဲ့ပါသနည်း။ “ငါတို့သည် သူတို့နှင့် မတိုက်ခိုက်။ အရာအားလုံး ဘုရားလက်တော်ထဲတွင်ရှိပြီး ဆုံးရှုံးမှုအနည်းငယ်ကို ခံစားရခြင်းမှာ ဘာမျှမဖြစ်ပါ”။ ရလဒ်အနေဖြင့် ဘုရားသခင်သည် အာဗြဟံကို သာ၍ပင် ကောင်းချီးပေးခဲ့သည်။ အကယ်၍ သင်သည် သမ္မာတရားကို သင်၏လက်တွေ့လုပ်ဆောင်ခြင်းကြောင့် သင့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်မှာ ထိခိုက်ခံရသော်လည်း ဘုရားသခင်ကို သင်အပြစ်မတင်လျှင် ဘုရားသခင်သည် သင့်ကို ကောင်းချီးပေးလိမ့်မည်။ ပဉ္စမအနေဖြင့် သင်သည် အရာရာတိုင်းတွင် သမ္မာတရားကို နာခံဖို့ သင်ယူရမည်၊ ဤသည်မှာလည်း အလွန်အရေးပါပေသည်။ သမ္မာတရားနှင့်ညီသော တစ်စုံတစ်ရာကို မည်သူက ပြောသည်ဖြစ်စေ၊ ၎င်းတို့သည် ကျွန်ုပ်တို့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ခံစားရသည်ဖြစ်စေ ၎င်းတို့ပြောသောအရာသည် သမ္မာတရားနှင့် ကိုက်ညီနေသရွေ့ ကျွန်ုပ်တို့အနေဖြင့် နာခံပြီး လက်ခံသင့်ပေသည်။ ဤအရာက မည်သည့်အရာကို ပြသပါသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသော နှလုံးသားရှိခြင်းကို ပြသည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားနှင့် ညီညွတ်သော စကားများကို ပြောဆိုသည့် သုံးနှစ်အရွယ် ကလေးတစ်ဦးကိုပင် နာခံနိုင်လျှင် ဤပုဂ္ဂိုလ်၌ မာနထောင်လွှားမှု ရှိနေဦးမည်လော။ ၎င်းတို့သည် မာနထောင်လွှားသောသူ ဖြစ်နေတုန်းပင်လော။ ၎င်းတို့၏ စိတ်သဘောထားသည် ပြောင်းလဲခဲ့ပြီးဖြစ်သည်။...ဆဋ္ဌမအနေဖြင့် သင်၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် ဘုရားသခင်ကို သစ္စာစောင့်သိပါ။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန် သင်လုံးဝမေ့၍ မဖြစ်ပါ- ထိုသို့ သင်မလုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ကို ဘယ်သောအခါမျှ စိတ်ကျေနပ်စေနိုင်လိမ့်မည်မဟုတ်ပေ။ မိမိတို့၏တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်သောသူ မည်သူမဆိုသည် အမှိုက်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင့်ရှေ့မှောက်တွင် သင်၏တာဝန်များကို ဖြည့်ဆည်းနိုင်လျှင် သင်သည် ဘုရားသခင်၏ လူတို့ထဲမှ တစ်ဦးဖြစ်ပေသည်- ဤအရာက အမှတ်အသားဖြစ်သည်။ အကယ်၍ သင်သည် သင်၏တာဝန်များကို ကောင်းကောင်းမွန်မွန် ကျေပွန်အောင် ထမ်းဆောင်လျှင် သင်သည် စံချိန်မီ ဖန်ဆင်းခံတစ်ဦးဖြစ်သည်၊ သင့်အနေဖြင့် သင်၏တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ပါက သင်သည် စံချိန်မမီသလို ဘုရားသခင်၏ သဘောကျမှုကို ရရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် သင်၏တာဝန်များကို ဖြည့်ဆည်းရာတွင် ဘုရားသခင်ကို သစ္စာစောင့်သိနိုင်ပြီး ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံလျှင် သူသည် သင့်ကို ကောင်းချီးမပေးနိုင်သလော။ သူသည် သင်နှင့်အတူ မရှိနိုင်သလော။ သတ္တမအနေဖြင့် အရာရာတိုင်းတွင် ဘုရားသခင်ဖက်၌ ရပ်တည်ပါ၊ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းရှိပါ။ အကယ်၍ သင်၏မိဘများသည် သမ္မာတရားနှင့်မညီသောအရာ တစ်ခုခုကို ပြောလျှင်၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ပုန်ကန်သည့်အရာ တစ်ခုခုကို ပြောလျှင် သင့်အနေဖြင့် ဘုရားသခင်ဖက်တွင် ရပ်တည်ပြီး ၎င်းတို့နှင့် ငြင်းခုံဆွေးနွေးနိုင်သင့်သည်၊ ၎င်းတို့ကို ငြင်းပယ်ပြီး ၎င်းတို့ ပြောသောအရာကို လက်ခံရန် ငြင်းဆိုနိုင်သင့်သည်။ ဤသည်မှာ သက်သေခံခြင်းဖြစ်သည် မဟုတ်လော။ ဤအရာက စာတန်ကို အရှက်ရစေနိုင်သလော။ (ရစေနိုင်ပါသည်။)… အကယ်၍ လူတို့သည် ဤအခြေခံမူခုနစ်ရပ်ကို စောင့်ထိန်းလိုက်နာနိုင်လျှင် ဘုရားသခင်၏ သဘောကျမှုကို ၎င်းတို့ရရှိနိုင်ပြီး ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် လုံးဝမှန်ကန်လာပါလိမ့်မည်။ ဤအခြေခံမူခုနစ်ရပ်သည် အလွန်အရေးပါလှပေသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁၄) တွင်ပါဝင်သော “ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း တရားဟောချက်များနှင့် မိတ်သဟာယဖွဲ့ခြင်း ‘ဘုရားသခင်နှင့် မှန်ကန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းသည် အလွန်အရေးကြီး၏’ (၄)” မှ

ယခင်က:မှန်ကန်သော ဆုတောင်းချက်ဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ရိုးသားသော လူများကို ဘုရားသခင် အဘယ်ကြောင့် ကြိုက်နှစ်သက်ပါသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ