အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၀။ ၎င်းတို့ထဲတွင် နတ်ဆိုးများ၏ လုပ်ဆောင်ချက်များ ရှိကြသူများ သို့မဟုတ် မကောင်းဆိုးဝါးများ အပူးခံရသူများကို ဘုရားသခင် အဘယ်ကြောင့် မကယ်တင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ညစ်ညမ်းသော ဝိညာဉ်များ၏ (မွေးစကပင်) အချိန်တစ်ခုထိ ပိုင်ဆိုင်ခြင်း ခံရသောသူများသည် ယခုတွင် ထုတ်ဖော်ခြင်းကို ခံရလိမ့်မည်။ ငါသည် သင့်ကို အပြင်သို့ ကန်ထုတ်လိုက်လိမ့်မည်။ ငါပြောခဲ့သောအရာကို သင်မှတ်မိနေသေးသလော။ သန့်ရှင်း၍ အပြစ်မပါသော ဘုရားသခင်၊ ငါသည် ဆိုးဝါး၍ ညစ်ပတ်ပေရေသော ဗိမာန်တွင် မနေထိုင်ပေ။ ဆိုးညစ်သောဝိညာဉ် စွဲကပ်လျက်ရှိသော သူများသည် သူတို့ကိုယ်သူတို့ သိကြပြီး ငါရှင်းပြရန် မလိုပေ။ ငါသည် သင့်ကို ခွဲခန့်မှတ်သားထားခဲ့ခြင်း မဟုတ်။ သင်သည် စာတန်အို ဖြစ်လျက်ပင်၊ ငါ၏ နိုင်ငံတော်ကို ထိုးဖောက်ဝင်ရောက်ချင်သေးသည်။ လုံးဝမရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ငါသည် ညစ်ညမ်းသော ဝိညာဉ်များ၏ အမျိုးမျိုးသော လုပ်ရပ်များကို ရှင်းလင်းစွာ တွေ့ မြင်ခဲ့ သည် မှာ ကြာမြင့်လှပြီဖြစ်သည်။ ညစ်ညမ်းသော ဝိညာဉ်များ (မှားယွင်းသောရည်ရွယ်ချက်များ ရှိသူများ၊ အသွေးအသားနှင့် ကြွယ်ဝမှုနောက်သို့ တပ်မက်သူများ၊ ၎င်းတို့ကိုယ်၎င်းတို့ ချီးမြှောက်သောသူများ၊ အသင်းတော်ကို ဖျက်လိုဖျက်ဆီးလုပ်သောသူများ၊ အစရှိသဖြင့်) ၏ အသုံးချခံရသော လူတို့သည် ငါ့အားဖြင့် တစ်ဦးချင်းစီသည် တွေ့မြင်ရပြီဖြစ်သည်။ ညစ်ညမ်းသော ဝိညာဉ်များကို ပစ်ချလိုက်သည် နှင့်တပြိုင်နက် အရာရာ အားလုံး သည် ကောင်းမွန်သွားလိမ့် မည်ဟု မယူဆနှင့်။ သင်အား ငါပြောကြားမည်။ ယခုမှစ၍၊ ငါသည် ထိုလူတို့အား တစ်ဦးချင်းစီ ရှင်းထုတ်ပစ် ကာ၊ သူတို့အား အဘယ်သော အခါမျှ အသုံးပြုလိမ့်မည် မဟုတ်။ ဤအရာကို ဆိုလိုသည်မှာ၊ ညစ်ညမ်းသော ဝိညာဉ်များ ၏ ဖောက်ပြန်ပျက်ဆီးခြင်းကိုခံရသော မည်သူမဆို၊ငါ ၏ အသုံးတော် ကို ခံရလိမ့်မည် မဟုတ်ဘဲ အပြင်သို့ ကန်ထုတ်ခြင်း ခံရလိမ့်မည်။ ငါ့ထံတွင် ခံစားချက်များ မရှိဟု မထင်နှင့်။ ဤအရာကိုသိပါ။ ငါသည် သန့်ရှင်းသော ဘုရားသခင် ဖြစ်ပြီး၊ ငါသည် ညစ်ပတ်ပေရေသော ဗိမာန်တော်တွင်နေထိုင်လိမ့်မည် မဟုတ်။ ငါသည် ငါ့အား အပြည့်အဝ သစ္စာရှိသည့် လူများဖြစ်သောှ ရိုးသားကာ ဉာဏ်ပညာရှိပြီး၊ ငါ၏ ဝန်ထုပ်ဝန်ပိုးကို ထောက်ထားနိုင်သော လူတို့ကိုသာ အသုံးပြုသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ထိုသို့သော လူတို့သည် ငါ၏ ကြိုတင်ပြဋ္ဌာန်း ထားခြင်းကို ခံရသော သူတို့ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့အပေါ်တွင် မည်သည့် ညစ်ညမ်းသော ဝိညာဉ်များ ၏ လုပ်ဆောင်မှုမျှ အမှန်တကယ် လုံးဝ မရှိ ပေ။ အရာတစ်ခုအား ငါရှင်းလင်း စေမည်၊ ယခုမှစ၍ သန့်ရှင်းသော ဝိညာဉ်တော် ၏ လုပ်ဆောင်မှုမရှိသော ထိုသူအားလုံးတို့သည် ညစ်ညမ်းသော ဝိညာဉ်များ ၏ လုပ်ဆောင်ခြင်း ရှိကြသည်။ ထပ်လောင်းပြောဆို ပါရစေ၊ ဝိညာဉ်ဆိုးများ ၏ လုပ်ဆောင်ခြင်းကို ခံရသော သူတစ်ဦးကိုမျှ ငါအလိုမရှိ။ သူတို့အားလုံးသည် မရဏာနိုင်ငံ သို့ ၎င်းတို့၏ အသွေးအသား ခန္ဓာနှင့် အတူ ပစ်ချ ခြင်းခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

လူတို့သည်ငရဲနှင့် မရဏနိုင်ငံကိုမကြာခဏဖော်ပြကြသည်။ သို့သော်ဤစကားလုံးနှစ်လုံးတို့သည်မည်သည့်အရာကိုရည်ညွှန်းသနည်း၊ သူတို့နှစ်ခု၏ခြားနားချက်သည်မည်သည်ဖြစ်သနည်း။ ထိုအရာတို့သည်အမှန်တကယ်အေးစက်၍မှောင်မိုက်သော ချောင်အရပ်ကိုရည်ညွှန်းသလော။ လူ၏စိတ်သည်သူတို့၏ကြုံရာတွေးဆချင့်ချိန်းခြင်းအတော်ကောင်းမွန်သည်ဟု ထင်မှတ်လျက်ငါ၏စီမံခန့်ခွဲမှုကိုအစဉ်တားဆီးနှောင့်ယှက်လျက်ရှိသည်။ သို့သော်ထိုအရာတို့အားလုံးသည်သူတို့၏ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြစ်သည်။ မရဏနိုင်ငံနှင့်ငရဲနှစ်မျိုးလုံးသည်ယခင်ကစာတန်နှင့်နတ်ဆိုးတို့နေခဲ့ ပြီးသော ညစ်ညမ်းသောဗိမာန်ကိုရည်ညွှန်းသည်။ ဆိုလိုသည်မှာယခင်ကစာတန်သို့မဟုတ်နတ်ဆိုးတို့၏ သိမ်းပိုက် ခြင်းခံရသူ၊ ထိုသူတို့သည်မရဏနိုင်ငံဖြစ်ကြသည်နှင့်ငရဲဖြစ်ကြသည်- အမှားမရှိပေ။ ထိုအကြောင်းကြောင့် အတိတ် ကငါသည်ညစ်ညမ်းသောဗိမာန်တော်၌မနေဟုထပ်ခါအလေးပေးပြောဆိုခဲ့ခြင်းဖြစ်သည်။ ငါ (ဘုရားသခင်ကိုယ် တော်တိုင်) သည်မရဏနိုင်ငံသို့မဟုတ်ငရဲ၌နေနိုင်မည်လော။ ငါသည်ဤသည်ကိုသင်တို့အားအကြိမ်ကြိမ်ဆိုလေပြီ၊ သို့သော်သင်တို့သည်ငါဆိုလိုသည်ကိုနားမလည်သဘောမပေါက်သေး။ ငရဲနှင့်နှိုင်းယှဉ်ပါကမရဏနိုင်ငံသည်စာတန် ၏ ပိုမိုပြင်း ထန် စွာဖျက်ဆီးမှုကိုခံရ၏။ မရဏနိုင်ငံအဖို့ဖြစ်သောသူတို့သည် အစိုးရိမ်ရဆုံးသောအခြေအနေများရှိ ကြသည်၊ ထို့အပြင်ငါသည်ထိုသူတို့ကိုရှေ့မဆွကခွဲခန့်မှတ်သားခဲ့ခြင်းမရှိ၊ ငရဲအဖို့ဖြစ်သောသူတို့သည်ရှေ့မဆွကငါခွဲ ခန့်မှတ်သားပြီးဖြစ်သော်လည်းထို့နောက်တွင်ဖယ်ထုတ်ခြင်းကိုခံကြခဲ့ရပြီးဖြစ်သည်။ ရိုးရိုးပင်ဆိုရလျှင်ငါသည်ထို သူတို့တစ်ဦးကိုမျှပင်ရွေးချယ်ခြင်းမပြုခဲ့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

နတ်ဆိုးဝင်ပူးခြင်းခံရသော သူတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို ရှင်သန်ကြပြီး ဤဆိုးယုတ်သော သဘာဝသည် ၎င်းတို့အတွင်းတွင် နေထိုင်သော ဆိုးညစ်သည့် ဝိညာဉ်များမှ လာသည်။ ဆိုးညစ်သော ဝိညာဉ်များ၏ သဘာဝသည် နတ်ဆိုးများဖြင့် ဝင်ပူးခြင်းခံရသော လူ၏အတွင်းပိုင်း သဘာဝ ဖြစ်လာသည်။ လူတစ်ဦး၏ သီးခြားသဘာဝသည် လူအတွင်းရှိ သီးခြားဝိညာဉ်အပေါ် တည်မှီပြီး လူ၏ သဘာဝ စရိုက်သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ စရိုက်ကို အဆုံးအဖြတ်ပေးသည်။ ဤသည်မှာ လုံးဝ မှန်ကန်ပါသည်။ ဘုရားသခင်အားဖြင့် ကြိုတင်ပြဌာန်းခံရပြီး ရွေးချယ်ခံရသော သူတို့အားလုံးသည် လူသားဝိညာဉ်များ ရှိကြသည့် လူများဖြစ်သည်။ လူသားဝိညာဉ်များ မရှိသူများသည် အတွင်းတွင် ဆိုးညစ်သော ဝိညာဉ်မျိုးစုံ နေထိုင်ကြသူများဖြစ်သည်။ ထို့ကြောင့်၊ ဤလူတို့သည် ဆိုးယုတ်သော နတ်ဆိုးများနှင့် ဆိုးညစ်သော ဝိညာဉ်များနှင့် သက်ဆိုင်ကြပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိမည့်သူများ မဟုတ်ကြပါ။ ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိမည့်သူများမှာ လူသားဝိညာဉ်များ ရှိသူများဖြစ်သည်။ ဤလူတို့သည် စာတန်အားဖြင့် ပျက်စီးခဲ့ကြရပြီး ဘုရားသခင်ကို အာခံသည့် သဘောသဘာဝ ပေါက်ဖွားစေခဲ့သော်လည်း၊ ၎င်းတို့သည် လုံးလုံး သန့်စင်ခံရနိုင်ပြီး ကယ်တင်ခံရနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ၎င်းတို့အတွင်းတွင် ၎င်းတို့၏ သဘာဝ လူသားအရည်အသွေးများနှင့် ၎င်းတို့၏ အနှစ်သာရများအထိ ကောင်းမွန်သည့်အခြမ်းနှင့်အတူ လူသားဝိညာဉ်များသည် ၎င်းတို့အတွင်းတွင် ရှိထားကြသောကြောင့်ဖြစ်သည်။ လူသားဝိညာဉ်များ မရှိကြသူတို့သည် သားရဲများ သို့မဟုတ် နတ်ဆိုးများ၊ လူသားဝတ်စုံနှင့် ဧရာမသတ္တဝါများဖြစ်ကြပြီး၊ ထို့ကြောင့် ၎င်းတို့ကို ဘုရားသခင် မကယ်တင်ပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် လူသားမျိုးနွယ်နှင့် မသက်ဆိုင်ကြသလို ဘုရားသခင်ပြောသော လူသားမျိုးနွယ်တွင် ၎င်းတို့ မပါဝင်ကြသောကြောင့် ဖြစ်သည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:မကောင်းဆိုးဝါးများ အပူးခံရခြင်း ဆိုသည်မှာ အဘယ်နည်း။ မကောင်းဆိုးဝါးများ အပူးခံရခြင်းကို မည်သို့ ပြပါသနည်း။

နောက်တစ်ခုသို့:ပညာသတိရှိသော သတို့သမီးများမှာ အဘယ်နည်း။ မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ