အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၅၉ အပြစ်ပြုသူများအပေါ် ဘုရားဒဏ်ခတ်လိမ့်မည်ကျူး

၁ အကြောင်းမူကား ငါသည် လူသားတို့၏ ကောင်းမွန်သောလုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ဆိုးယုတ်သောလုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်လာနေခဲ့သည်။ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းမရှိသောသတို့ကို ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်းမရှိခဲ့ပေ။ မြင်တွေ့ရလျှင် ငါ့အား သဘောတွေ့စေမည့်၊ ထိုသူတို့အပေါ် အပြစ်ဒဏ်ခတ်ဖို့အခွင့်အရေးကိုသာ စောင့်စားလျက် ငါ့နှလုံးတွင် စက်ဆုပ်ရွံရှာမှုနှင့်အတူ ငါသည်သူတို့ကို ချည်နှောင်ထား၏။ နောက်ဆုံးတွင် ငါ၏နေ့ရက်သည် ယနေ့ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက်စောင့်ဆိုင်းရန် မလိုတော့ပေ။ သို့ရာတွင် သူတို့သည် မည်သည့်အခြေအနေတွင်မဆို ငါ့ကိုသစ္စာ ဖောက်နိုင်သူ ဖြစ်နေသရွေ့၊ ငါသည်သူတို့အား မမေ့မလျော့ စိတ်ထဲတွင်အမြဲမှတ်ကာ သူတို့ပြုသော ဒုစရိုက်အတွက် သူတို့အား ပေးချေရန် အခွင့်ကောင်းကို ငါစောင့်ကြည့်နေမည်။ ငါတင်ပြသော တောင်းဆိုချက်များသည် သင်တို့ကိုယ်တိုင် မိမိကိုယ်ကို ဆန်းစစ်နိုင်သော အချက်များဖြစ်သည်။ သင်တို့အားလုံး ထိုအချက်များ ကို လေးနက်စွာစဉ်းစား၍ ငါ့အား ဝတ်ကျေတမ်းကျေ မဆက်ဆံကြရန် ငါမျှော်လင့်သည်။

၂ မကြာမီ အချိန်အတွင်း ငါ့တောင်းဆိုချက်များအပေါ် သင်တို့ပေးသည့်အဖြေကို ငါဆန်းစစ်မည်။ ထိုအချိန် ကျရောက်လာလျှင် သင်တို့ထံမှ မည်သည့်တောင်းဆိုမှုမျိုးကိုမဆို ငါပြုတော့မည်မဟုတ်ပေ။ လေးနက်စွာ သတိပေးဆုံးမခြင်းလည်း ပြုတော့မည် မဟုတ်ပေ။ ယင်းအစား၊ ငါ့အာဏာကို ငါအသုံးပြုတော့မည် ဖြစ်သည်။ နေမြဲနေစေရမည့်သူကို နေစေမည်။ ဆုပေးသင့်သူကို ပေးမည်။ စာတန်အား အပ်သင့်သူကို အပ်မည်။ ပြင်းထန်စွာ ဒဏ်ခတ်သင့်သူကို ပြင်းထန်စွာဒဏ်ခတ်၍ ဖျက်ဆီးသင့်သူကို ဖျက်ဆီးမည်။ ထိုနည်းဖြင့် ငါ၏နေ့ရက်ကာလများတွင် ငါ့အားအနှောင့်အယှက်ပေးသူ မရှိရလေအောင် ငါစီမံမည်။ ထိုနေ့ရက် ရောက်လာသောအခါ သြဘာသံ များနှင့် ရယ်မောသံများကြားတွင် သင်ရောက်ရှိနေမည်လော။ သို့မဟုတ် ငိုကြွေးသံများနှင့် သွားကြိတ် သံများ ကြားတွင် ရောက်ရှိနေမည်လော။ ထိုအကြောင်းကို သင်စဉ်းစားဘူးသလော။ သင့်အသက်တာ မည်သို့အဆုံးသတ်မည်ဟု သင်မျှော်လင့့်ထားသနည်း။ သင်သည် ငါ့ကို တစ်ရာ ရာခိုင်နှုှုန်း ယုံကြည် သလော၊ သို့မဟုတ် တစ်ရာ ရာခိုင်နှုန်း သံသယရှိသလော ဟူသည့်အကြောင်းကို လေးနက်စွာ စဉ်းစားဘူးသလော။ သင်၏ ကျင့်ကြံပြုမူမှုများသည် သင့်အပေါ် မည်သို့သော အကျိုးဆက်မျိုး သက်ရောက်စေမည်ကို သင်လေးလေးနက်နက်တွေးဘူးသလော။ ငါ့နှုတ်ကပတ်တော်အားလုံးဟာ တစ်ခုပြီးတစ်ခုခြင်း ပြည့်စုံလာသည်ကို သင်အမှန်ကြိုဆိုမည်လော။ သို့မဟုတ် ငါ့နှုတ်ကပတ်တော်များ တစ်ခုပြီးတစ်ခု ပြည့်စုံ လာမည်ကို အလွန်ကြောင်ရွံ့တုန်လှုပ်နေပြီလော။ ငါ့စကားအတိုင်း ပြည့်စုံလာစေခြင်းငှါ ငါအလျှင်အမြန် ထွက်ခွါသွားရန် သင်မျှော်လင့်သော် သင့်အပြောနှင့်အလုပ်များကို သင်မည်သို့ ယူဆမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:သင်၏ကံတရား အဘယ်အရာဖြစ်မည်ကို သင်သိသလောကျူး

နောက်တစ်ခုသို့:ယခုသင်အသက်ရှင်သော နေ့ရက်တိုင်းသည် အရေးကြီး၏ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ