အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃။ ကယ်တင်ခြင်းရှရှိဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့ တွေ့ကြုံသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်အား ယုံကြည်ရာ၌ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို အချုပ်ဆိုရလျှင်၊ ထိုအရာမှာ သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်း လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းဖြစ်သည်၊ ယင်းသည် မိမိကိုယ်ကို အမှန်တကယ်သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းအတိုင်း သွားမှသာလျှင် လူတစ်ဦးသည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုလုပ်ပေးမှုခံရခြင်း လမ်းကြောင်းအတိုင်း သွားနေလိမ့်မည်ဖြစ်သည်။ လူတစ်ဦးသည် ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်းနှင့် ယင်းအား လက်တွေ့လုပ်ဆောင်နည်းကို အထူးသဖြင့် ရှင်းလင်းစွာ နားလည်ရမည်။ ပထမဦးစွာ လူတစ်ဦးသည် သူ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် သူ၏မိသားစုနှင့် လူ့ဇာတိအရာအားလုံးကိုပင် လျစ်လျူရှုထားရမည်။ သူသည် စိတ်နှလုံးအကြွင်းမဲ့ သစ္စာစောင့်သိရမည်၊ တစ်နည်းဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သူ့ကိုယ်သူ လုံးလုံးလျားလျား နစ်မြှုပ်ထားရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းအပေါ် အာရုံစိုက်ပြီး သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်းတို့အပေါ် အာရုံစိုက်ကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ရန်အလို့ငှာ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် အလွန်အရေးပါဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကိုမြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သူ၏ နှုတ်ကပတ်တော်များထဲ၌ ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့်ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဥ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဥ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသောစမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသားအကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင်တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန်ကြိုးစားခဲပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက်မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များစသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည်လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်းလျှောက်လှမ်းနည်း” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံရရှိသောအခါ ငါတို့သည် ဒုက္ခဆင်းရဲ သို့မဟုတ် နာကျင်မှုကို ကြောက်ရွံ့ခြင်း မရှိဘဲ အထူးသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ငါတို့၏ စိတ်နှလုံးများကို ထိုးဖောက်မည်ကို ကြောက်ရွံ့ခြင်း မရှိရပေ။ ငါတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ငါတို့၏ ပျက်စီးသော အနှစ်သာရနှင့်သက်ဆိုင်သော သူ၏ နှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုသင့်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဖတ်ရှုပြီး ၎င်းတို့နှင့်ကိုက်ညီအောင် မိမိတို့ကိုယ်ကိုယ် ပို၍ ထိန်းသိမ်းရမည်။ အခြားသူများကို ၎င်းတို့နှင့် မနှိုင်းယှဥ်ပါနှင့်၊ မိမိတို့ကိုယ်ကိုယ် ၎င်းတို့နှင့်အညီ နှိုင်းယှဥ်ပါ။ ငါတို့သည် ဤအရာများ တစ်ခုချင်းစီ၌ မချို့တဲ့ကြပါ။ ငါတို့သည် ဤအရာများနှင့် အားလုံးကိုက်ညီနိုင်သည်။ ယင်းကို သင်မယုံကြည်လျှင် သင်ကိုယ်တိုင် သွား၍ တွေ့ကြုံလော့။...ငါတို့သည် ပထမဦးစွာ သိရမည်မှာ သူ၏ နှုတ်ကပတ်တော် တစ်စုံတစ်ရာသည် နားချမ်းမြေ့စရာ ဖြစ်သည် မဖြစ်သည်၊ ငါ့တို့အား နာကြည်းခြင်း သို့မဟုတ် ချိုမြိန်ခြင်းကို ခံစားရစေခြင်း ရှိ မရှိမှာ အရေးမဟုတ်ပေ၊ ငါတို့သည် ၎င်းတို့အားလုံးကို လက်ခံကြရမည်။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဤကဲ့သို့ သဘောထားသင့်သည်။ ဤသည်မှာ မည်ကဲ့သို့ သဘောထားမျိုးနည်း။ ၎င်းသည် ဘုရားတရားကိုင်းရှိုင်းခြင်း သဘောထားတစ်ခုလော။ စိတ်ရှည်သည်းခံခြင်း သဘောထားလော။ သို့မဟုတ် ဒုက္ခခံစားခြင်း သဘောထားတစ်ခုလေလော။ သင့်ကိုငါပြောမည်၊ ၎င်းတို့တစ်ခုမျှမဟုတ်ပါ။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် ငါတို့သည် ၎င်းတို့ကို ဆင်ခြင်တုံတရားဖြင့် လက်ခံသင့်သည်။ ငါတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာတစ်ကြောင်းစီတိုင်းက တိကျသော အခြေအနေတစ်ခုနှင့် ဆက်စပ်သည်။ ယင်းမှာ၊ သူ၏ မိန့်မြွက်ချက်များ၏ စာကြောင်းအားလုံးသည် ပြင်ပန်း ဖြစ်ရပ်အကြောင်း မဟုတ်၊ အပြင်ပန်း စည်းမျဉ်းများအကြောင်း သို့မဟုတ် လူတို့ထဲက ရိုးရှင်းသော အပြုအမူပုံစံတစ်ခု သာ၍ပင် မဟုတ်ပေ။ ယင်းမှာ ထိုကဲ့သို့မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုအဖြစ် သို့မဟုတ် အပြင်ပန်း ဖြစ်ရပ်တစ်ခုအဖြစ် သင် မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လေးနက်၏။ မည်သို့ လေးနက်ကြသနည်း။ ဘုရားသခင် မြွက်ဆိုသည့်၊ ထုတ်ဖော်သည့်အရာတိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သူတို့၏ အသက်တာများအတွင်း ခြေခြေမြစ်မြစ်ရှိပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းရင်းတို့အကြောင်း ဖြစ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး၊ အပြင်ပန်းဖြစ်ရပ်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

သင်သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ယုံကြည်လျှင်၊ နေ့တိုင်းဖြစ်ပျက်နေသော အမှုအရာများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလိုဖြစ်သော အဖြစ်အပျက်များမဟုတ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပါ၊ ယင်းကို အမှန်တကယ်တွင် ဘုရားသခင်က စီမံထားခြင်းဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အတွက် ဤအရာများကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင်၏အားနည်းချက်များကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် သင့်ကို ဖော်ထုတ်ဖို့ရန်အတွက် မဟုတ်ရပါ၊ သင့်ကို ဖော်ထုတ်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ အဆုံးသတ် ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ယင်းကို ဘုရားသခင်က အဘယ်သို့ လုပ်ဆောင်ပါသနည်း။ ပထမဦးစွာ၊ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏သဘာဝဗီဇနှင့် အနှစ်သာရ၊ သင်၏အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင်သတိပြုမိစေဖို့ သူလုပ်ဆောင်သည်။ သင်၏စိတ်နှလုံးထဲတွင် ဤအရာများကို သိခြင်းနှင့် ယင်းတို့ကို နားလည်သဘောပေါက်ခြင်းအားဖြင့်သာ သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤအခွင့်အရေးကို မည်သို့အမိအရယူရမည်ကို သင်သိရန် လိုအပ်ပြီး၊ ဘုရားသခင်နှင့် မလျှော့တမ်းငြင်းခုံခြင်း မပြုပါနှင့်။ အထူးသဖြင့် သင်သည် သင့်ဝန်းကျင်ရှိ ဘုရားသခင်စီစဉ်ပေးသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများတို့နှင့် ကြုံတွေ့ရသောအခါ အမြဲလွှဲရှောင်လိုခြင်း၊ ဘုရားသခင်ကို အမြဲအပြစ်တင်ကာ နားလည်မှုလွဲမှားခြင်းဖြင့် အမှုအရာများသည် မိမိဖြစ်စေလိုသည့်အတိုင်း မဟုတ်ပါဟု အမြဲမထင်မှတ်ပါနှင့်။ ထိုအရာသည် ဘုရားသခင်၏အမှုကို ကြုံနေရခြင်းမဟုတ်၊ ထိုအရာက သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင်ဝင်ရောက်ဖို့ရန်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ သင်အပြည့်အဝ နားမလည်နိုင်သည့် မည်သည့်အရာကိုမဆို၊ သင်အခက်အခဲများ ရှိသောအခါ ကျိုးနွံနာခံတတ်ရန် သင်ယူရမည်။ သင်သည် ဘုရားသခင်ရှေ့သို့ ဦးစွာလာပြီးလျှင် ပို၍ ဆုတောင်းသင့်သည်။ ထိုနည်းအားဖြင့် သင်၏အတွင်းစိတ်အခြေအနေတွင် သင်မသိလိုက်ခင် ပြောင်းလဲမှုရှိလာပြီးလျှင် သင်သည် သင်၏ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်စွမ်း ရှိလာလိမ့်မည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားနိုင်စွမ်း ရှိလာပေလိမ့်မည်။ ဤကာလအတွင်းတွင် သင့်အထဲ၌ သမ္မာတရား၏ စစ်မှန်မှုကို ဖြစ်ပေါ်နေစေမည်ဖြစ်ပြီး၊ ဤသည်မှာ သင်တိုးတက်လာမည့်ပုံနှင့် သင့်ဘဝအခြေအနေထဲတွင် အပြောင်းအလဲဖြစ်လာမည့်ပုံ ဖြစ်သည်။ ဤအပြောင်းအလဲကို သင်ကြုံရပြီး သမ္မာတရား၏ ဤစစ်မှန်မှုမျိုး ရှိလာသောအခါ ဝိညာဉ်အသက်တာကို သင်ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး၊ ဝိညာဉ်အသက်တာနှင့်အတူ အသက်လိုက်လာမည်။ အကယ်၍ လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားအပေါ် အခြေခံလျက် အမြဲအသက်ရှင်လျှင် သူတို့၌ စိတ်အားထက်သန်မှု၊ သို့မဟုတ် အားထုတ်မှု မည်မျှပင်ရှိပါစေ၊ သူတို့ကို ဝိညာဉ်အသက်တာ၊ သို့မဟုတ် အသက်ကို ပိုင်ဆိုင်သည်ဟု သတ်မှတ်၍ မရနိုင်သေးပေ။ ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ အခြေအနေများနှင့် အကြောင်းအရာများကို အစေခံရန် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်- သင့်ကို ကယ်တင်ရန်ပင်တည်း။ သင့်ကို မကယ်တင်မီ သူသည် သင့်ကို သဏ္ဌာန်ပြောင်းလဲစေရန် လိုအပ်သောကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ တစ်ခါတစ်ရံတွင် သင်အနေဖြင့် သင့်ကိုယ်သင် သိနားလည်လာရန်အတွက် ဘုရားသခင်သည် သင့်ဝန်းကျင်တွင် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများတို့ကို ဘုရားသခင်ဖြစ်ပေါ်စေသည်၊ သို့တည်းမဟုတ်ပါက သင်သည် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ခံရနိုင်လေသည်။ ခွဲစိတ်ကုသကုတင်ပေါ်တွင်ရှိသော လူတစ်ဦးကဲ့သို့ပင်၊ သင်သည် ရလဒ်ကောင်းတစ်ခုအတွက် နာကျင်မှုအတန်အသင့် ခံရဖို့လိုပါသည်။ သင်သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည့်အချိန်တိုင်းနှင့် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများတို့ကို သူဖြစ်ပေါ်စေသည့် အချိန်တိုင်းတွင် ယင်းက သင့်စိတ်ခံစားမှုများကို လှုံ့ဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါသည်၊ ထိုသို့ဆိုလျှင် ဤသည်မှာ မှန်ကန်သဖြင့် သင်၌ ဝိညာဉ်အသက်တာ ရှိလာလိမ့်မည်ဖြစ်ပြီး သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လာလိမ့်မည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိဖို့အလို့ငှာ၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

ပေတရု၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ သူသည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ဆေးခြင်းအပါအဝင်၊ ကြီးစွာသောဒုက္ခနှင့် သူ့အသက်တာအတွင်း ချို့တဲ့မှုများကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အားချစ်ခြင်းကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်ကို အကြွင်းမဲ့သော ချစ်ခြင်းပင် မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းပင် မဟုတ်ပေလော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ဖြစ်စေ၊ သို့မဟုတ် ကြီးစွာသောဒုက္ခ၌ဖြစ်စေ၊ သင်သည် သေဆုံးသည်အထိ နာခံခြင်းကို ပြီးမြောက်အောင်မြင်ရန် အမြဲတတ်စွမ်းနိုင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးမှ ပြီးမြောက်အောင်မြင်သင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ သန့်စင်မှုပင် ဖြစ်သည်။ အကယ်၍ လူသည် ဤမျှလောက်ထိ ပြီးမြောက်အောင်မြင်နိုင်လျှင်၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ပြင် ဖန်ဆင်းရှင်၏ လိုအင်ကို ဤအရာထက် သာ၍ကျေနပ်စေနိုင်သည့်အရာ ဘာမျှမရှိတော့ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

လူသားတို့ ပိုင်ဆိုင်ရန် လိုအပ်သည့် သမ္မာတရားကို လူသားအတွက် အကျိုးကျေးဇူးနှင့်အထောက်အကူအများ ဆုံးဖြစ်စေသည့်ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်ပျော်မွေ့ခြင်းထဲတွင် တွေ့ရှိနိုင်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝကိုထိန်းသိမ်းရန်လိုအပ်သော အရာဖြစ်သည့်သင်တို့၏ခန္ဓာကိုယ်ကလိုအပ်သော အားဆေးနှင့် အစာအဟာရများဖြစ်သည်။ လူသားတွင် တပ်ဆင်အပ်သော သမ္မာတရား ကိရိယာတန်ဆာတို့ဖြစ်သည်။ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ကျင့်သုံးလေလေ၊သင်တို့၏ဘဝလျင်မြန်စွာပွင့်လန်းလာလေဖြစ်ပြီး၊ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျင့်သုံးလေလေ သမ္မာတရားသည် ပိုမိုရှင်းလင်းလာလေဖြစ်သည်။ယင်းရပ်တည်မှုတွင်သင်တို့သည်ကြီးပြင်း လာပါက ၀ိညာဉ်လောက၏အရာများကို ပိုမိုရှင်းလင်းစွာမြင်မည်ဖြစ်ပြီး စာတန်အပေါ်တွန်းလှန်ရာတွင်သင်တို့သည်ခွန်အားပိုုမိုရှိပေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ကျင့်သုံးသည့်အခါ သင်တို့ နားမလည်ခဲ့သော သမ္မာတရားအများအပြားသည် ရှင်းလင်းလာပေ လိမ့်မည်။ လူအများစုတို့သည်ဘုရားသခင်နှုတ်ကပတ်တော်၏စာသားများကိုနားလည် ရုံမျှနှင့်ကျေနပ်ကြပြီး အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို လက်နက်အဖြစ် တပ်ဆင်ထားကြကာ ယင်းတို့ကိုနက်ရှိုင်းစွာ ကျင့်သုံးခြင်းမရှိကြပါ။ ယင်းမှာဖာရိရှဲများ၏ နည်းလမ်းကဲ့သို့ပင် မဟုတ်ပါလော။ သို့ဆိုလျှင် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက်မည်သို့မှန်ကန် နိုင်မည်နည်း။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးသည့်အခါမှသာလျှင် သူ့အသက်တာသည် အမှန်တကယ် ပွင့်လန်းသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကိုဖတ် ရုံမျှဖြင့်မကြီးထွား နိုင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သည်သာ အသက်တာရရှိရန်ဖြစ်သော သင်၏ရပ်တည်ချက် အတွက် လိုအပ်ချက်ဖြစ်သည်ဟုသာ သင်ယုံကြည်ပါက သင်၏ နားလည်မှုသည်မပြည့်စုံနိုင်။ သင်သည်သမ္မာတရားကို ကျင့်သုံးသော အခါတွင်ဘု ရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး “သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ထိုအရာကိုနားလည် နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ” မှ

အကယ်၍ လူတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ သူ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်ဆိုပါက ဤသူသည် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုပုဂ္ဂိုလ်အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက်တာ ဖြစ်လာသည်ဟု ဆိုနိုင်ပြီး သူသည် သမ္မာတရားကို ရရှိကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်၏ဟု ဆိုနိုင်သည်။ ထို့နောက်တွင် သူ့ဇာတိပကတိ၏ သဘာဝသည်၊ တစ်နည်းအားဖြင့် သူ့မူလတည်ရှိမှု၏ အခြေခံအုတ်မြစ်သည် တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ ထို့နောက် သူ၏ အသက်တာသည် အသစ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ သည်နှင့်အမျှ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုရ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ့အသက်တာ ဖြစ်လာသည်။ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားအပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားကို သူ၏ဖွင့်ပြချက်များနှင့် လူသား၏အသက်တာ ဖြစ်လာစိမ့်သောငှာ စွမ်းဆောင်ရန် ဘုရားသခင် ပြဌာန်းထားသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများ စသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ထိုသူသည် အသက်ရှင်ပြီး ဤပုဂ္ဂိုလ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်လာပေသည်။ သူသည် ပြန်လည်မွေးဖွားခြင်းကို တွေ့ကြုံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသစ်သော လူတစ်ဦး ဖြစ်လာ၏။ သခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်လာပေသည်။ သူသည် ပြန်လည်မွေးဖွားခြင်းကို တွ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်းလျှောက်လှမ်းနည်း” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ နောက်ဆုံးအချိန်အမှုတော်က ကျွန်တော်တို့ကို သူ့နှုတ်ကပတ်တော်မှတစ်ဆင့် စီရင်ဖို့ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့အတွက် ကျွန်တော်တို့၏ ပျက်စီးနေသည့် စိတ်သဘောထားများကို ဆေးကြောပစ်ဖို့ ဆန္ဒရှိပါက၊ ပထမဆုံးအနေနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း စစ်မှန်စွာ ကြိုးစားအားထုတ်ရမည်၊ ကျွန်တော်တို့က နှုတ်ကပတ်တော်ကို စစ်မှန်စွာ စားသောက်ဖို့လိုသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ထုတ်ဖော်ခြင်းနှင့် စီရင်ခြင်းကို လက်ခံဖို့လိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က မည်မျှပင် ကျွန်တော်တို့ကို ထုဆစ်မွမ်းမံပေးပါစေ၊ သို့မဟုတ် ခံရခက်ပြီး ကျွန်တော်တို့ မည်မျှပင် ဒုက္ခခံစားရပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးက သမ္မာတရားဖြစ်သည်၊ ကျွန်တော်တို့ ဝင်ရောက်သင့်သည့် အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်ကြောင်းကိုသာ သတိရပါ။ ကယ်တင်ခြင်းကိုရောက်ရှိပြီး ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘာဝကို ကူညီပယ်ရှင်းဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းက ကျွန်တော်တို့ကိုသန့်စင်ပြီး ပြောင်းလဲပေးဖို့ ဖြစ်သည်၊ ပြီးလျှင် သမ္မာတရားကို နားလည်ပြီး၊ ဘုရားသခင်ကိုသိကျွမ်းစေဖို့ ကူညီပေးသည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်၏ စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း နှင့် ကိုင်တွယ်ဖြေရှင်းခြင်း တို့ကို လက်ခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက သမ္မာတရားကိုရချင်ပါက ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သမ္မာတရားကို နာခံပြီးလက်ခံဖို့အတွက် ဆင်းရဲဒုက္ခခံနိုင်ရမည်။ ဘုရား၏ နှုတ်ကပတ်တော်ထဲမှာ သမ္မာတရားကို ရှာဖွေရမည့်၊ အလိုတော်ကို ခံစားပြီး၊ မိမိကိုယ်ကိုယ်သိဖို့ ကျွန်တော်တို့ ကြိုးစားရမည်၊ ကျွန်တော်တို့၏ မာနထောင်လွှားမှုများ၊ လှည့်ဖြားမှုများနှင့် အတ္တကြီးမှုများ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်းများ၊ ဘုရားကို မည်သို့ အခွင့်ကောင်းယူပုံ၊ ဘုရားသခင်ကို လှည့်စားပုံ၊ သမ္မာတရားကို လက်တစ်လုံးခြား လုပ်ပုံ၊ ပြီးလျှင် ကျွန်တော်တို့၏ အခြား ဆိုးယုတ်သည့် စိတ်သဘောထားများ အပြင်၊ ဘုရားသခင်ကို ယုံကြည်ရာတွင် ကျွန်တော်တို့၏ ယုံကြည်မှု၌ မသန့်စင်ခြင်းအမျိုးစုံ၊ ကောင်းကြီးမင်္ဂလာများ လက်ခံရရှိရန် ရည်ရွယ်ချက်များ စသည်တို့ကိုသိဖို့ ဘုရား၏ နှုတ်ကပတ်တော်အပေါ် ဆင်ခြင်သုံးသပ်ရမည်။ ဤနည်းနှင့် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးခြင်း နှင့် ပတ်သက်သည့် သမ္မာတရားနှင့် ကျွန်တော်တို့ သဘာဝ၏အနှစ်သာရကို တဖြည်းဖြည်း သိနိုင်သည်။ သမ္မာတရားကို ပိုပြီးနားလည်လာသည့် နောက်ပိုင်းမှာ ဘုရားကိုသိခြင်းက ပိုပိုပြီးနက်နဲလာလိမ့်မည်၊ ပြီးလျှင် မည်ကဲ့သို့သောလူမျိုးကို ဘုရားသခင် နှစ်သက်သည်၊ မနှစ်သက်သည်၊ မည်သူ့ကိုကယ်တင်ပြီး သို့မဟုတ် မည်သူ့ကို သုတ်သင်ပယ်ရှင်းမည်၊ မည်သူ့ကိုအသုံးပြုပြီး၊ မည်သူ့ကိုကောင်းချီးပေးမည် တို့ကို သိလာလိမ့်မည်။ ၎င်းတို့ကို သိလာသည်နှင့် ချက်ချင်းပင် ဘုရားသခင်၏ စိတ်နေသဘောထားကို စပြီးနားလည်လာ လိမ့်မည်။ ဘုရားသခင့် နှုတ်ကပတ်တော်၏ စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကို တွေ့ကြုံခံစားခြင်းကို အာရုံစိုက်ဖို့ ကြိုးစားသူများ၊ အရာအားလုံးတွင် သမ္မာတရားကို ရှာဖွေဖို့ အာရုံစိုက်ရန် ကြိုးစားသူများ နှင့် ဘုရားသခင့် နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် နှင့် ဘုရားသခင်ကို နာခံရန် အာရုံစိုက်ဖို့ ကြိုးစားသူများ၊ ထိုကဲ့သို့သော လူများသည် တဖြည်းဖြည်းနှင့် သမ္မာတရားကိုနားလည်လာပြီး၊ ဘုရား၏နှုတ်ကပတ်တော်ကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့် စစ်မှန်မှုထဲ ဝင်ရောက်ကြလိမ့်မည်၊ ပြီးလျှင် စုံလင်ခြင်းနှင့် ကယ်တင်ခြင်းကိုရရှိလိမ့်မည်။ သမ္မာတရားကို မချစ်သည့်လူအတွက်မူ ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော်ထဲက သမ္မာတရားကနေ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သတိပြုမိနိုင်သော်ငြားလည်း၊ သူတို့က တစ်စုံတစ်ခုကို စွန့်လွှတ်ပြီး သူတို့တာဝန်ကို လုပ်လိုက်ပါက၊ သူတို့အတွက် ကယ်တင်ခြင်းကို သေချာပေါက်ရမည် ဟု ထင်ကြသည်။ အဆုံးသတ်တွင် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင်၊ သူတို့က သမ္မာတရားနှင့် အသက်ကို မရရှိခဲ့ပါ။ စကားလုံး၊ စာနှင့် အယူဝါဒ အနည်းငယ် နားလည်ကြသော်လည်း၊ သူတို့ထံတွင် သမ္မာတရားအားလုံးနှင့် စစ်မှန်ခြင်းရှိသည်ဟု ထင်ကြသည်။ သူတို့ကိုယ်သူတို့ လိမ်ညာနေကြပြီး၊ မကြာမီမှာ ဘုရား၏သုတ်ပယ်ရှင်းခြင်းကို ခံရလိမ့်မည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယနေ့ ကျွန်ုပ်တို့ ဖတ်ရှုသောအခါ အရေးကြီးဆုံးအရာမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့ လက်ခံဖို့ ဖြစ်သည်။ အဓိကအချက်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်ဖြစ်ပြီး ဤသည်မှာ အခြေခံအကျဆုံးသော အရာဖြစ်သည်...သင်တို့အားလုံးက တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့်ဆိုင်သော ဒုက္ခဝေဒနာကို ခံယူရန် လိုလားသည် ပြောကြသည်။ ဤဒုက္ခဝေဒနာကို သင်တို့ ခံယူလိုခြင်းရှိသည့်အတွက်၊ အဘယ်သို့ နာခံကြမည်နည်း။ အဘယ်သို့ လက်ခံကြမည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို သင်တို့မြင်လျှင် သင်နှင့်သက်ဆိုင်သော ဘုရားသခင်၏ တရားစီရင်ခြင်းအဖြစ် ၎င်းတို့ကို သင် လက်ခံမည်လော။ သို့မဟုတ် ဤစကားများက အခြားသူများကို စီရင်ခြင်းဖြစ်သည်၊ သင်နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု သင် ခံယူထားပြီး ထိုသို့အားဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို ရှောင်ရှားမည်လော။ မည်သည့်လမ်းကြောင်းကို သင်လျှောက်လှမ်းမည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံလိုသည့်ဆန္ဒရှိလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေချိန်တွင် ဤအရာများကို သင်မရှောင်ရှားသင့်ပါ။ နှုတ်ကပတ်တော်များက မည်မျှပင် ထိခိုက်နာကြည်းစေပြီး ပြင်းထန်ပါစေ၊ ၎င်းတို့အားလုံးကို သင်လက်ခံသင့်သည်။ “ဘုရားသခင်၊ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ကျွန်ုပ် လက်ခံလိုစိတ်ရှိပါတယ်။ ကိုယ်တော်ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ရည်ရွယ်တာပါ။ ကျွန်ုပ်ဟာ ဒီလိုမျိုး ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ယောက်ပါ၊ ကျွန်ုပ်မှာ ဒီဖောက်ပြန်ပျက်ဆီးခြင်း ပြဿနာတွေ ရှိပါတယ်၊ ဒါကြောင့် ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို ကျွန်ုပ်လက်ခံသင့်ပါတယ်။ ဒါဟာ ကျွန်ုပ်အတွက် ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာဖြစ်ပြီး ကိုယ်တော့်ရဲ့ ချီးမြှောက်မှုဖြစ်တာကြောင့်ပါ။ ကျွန်ုပ် ဒီအရာတွေကို အပြည့်အဝ လက်ခံပြီး နာခံပါတယ်၊ ပြီးတော့ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါတယ်” လို့ ဘုရားသခင်ထံ ဆုတောင်းပါ။ ဤနည်းဖြင့် သင်ဆုတောင်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို သင် အလွယ်တကူ လက်ခံလိမ့်မည်ဖြစ်ပြီး အခက်တွေ့လိမ့်မည်မဟုတ်ပေ။ ထို့နောက် သင်၏ သိနားလည်မှုကို လေးနက်စေဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ပါ။ ဤသည်မှာ ပြီးမြောက်နိုင်သည့် နည်းလမ်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို နာခံကြောင်း ဖော်ပြချက်ဖြစ်သည်။ သို့သော် အလွန်ခက်ထန်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မြင်ပြီး၊ “ဘုရားသခင်၊ ဒီစကားတွေက ကျွန်ုပ်ကို တရားစီရင်တာ မဟုတ်ပါဘူး၊ တခြားလူတွေကို စီရင်တာပါ၊ စာတန်ကို တရားစီရင်ခြင်း ဖြစ်ပါတယ်။ အဲဒါတွေက ကျွန်ုပ်နဲ့ ဘာမှ ပတ်သက်မှုမရှိပါဘူး၊ ဒါကြောင့် ဒါတွေကို ကျွန်ုပ်ဖတ်ဖို့မလိုပါဘူး” ဟု သင်ပြောလျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ရှောင်ရှားခြင်းဖြစ်သည်။ အကယ်၍ အချို့သော ညီအစ်ကို မောင်နှမများက သင့်ကို ပြုပြင်ပြီး ဆုံးမလျှင် သင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင့်အနေဖြင့် ဘုရားသခင်ထံ၊ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်၊ ဒါဟာ ကျွန်ုပ်ဆီလာတဲ့ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာပါ။ ကျွန်ုပ်အတွက် ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျွန်ုပ်ကို ပြုပြင်ပြီး ဆုံးမဖို့ ကျွန်ုပ်ရဲ့ ညီအစ်ကို မောင်နှမတွေကို ကိုယ်တော် စေ့ဆော်ခဲ့တယ်။ ကျွန်ုပ်နာခံပါတယ်” ဟု အလျင်အမြန် ဆုတောင်းသင့်သည်။ သင် မဖြစ်မနေ ဆုတောင်းရပါမည်။ သင် ဆုမတောင်းလျှင် သင့်အဖို့ ငြင်းပယ်ရန် လွယ်လိမ့်မည်၊ ပုန်ကန်တော်လှန်ရန် သင်၏ ဇာတိပကတိအတွက် လွယ်ကူလိမ့်မည်၊ အခြားသူများနှင့် အငြင်းပွားရန် လွယ်ကူမည်၊ ညည်းညူ ရန် လွယ်မည်ဖြစ်ပြီး အပျက်သဘောဆောင်ရန် သင့်အတွက် ပို၍ပင် လွယ်ကူလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင် အမြန်သွားပြီး ဆုတောင်းရမည်။ သင် ဆုတောင်းပြီးနောက်၊ သင်စိတ်သည် တည်ငြိမ်လိမ့်မည်ဖြစ်ပြီး သငနာခံနိုင်ပါလိမ့်မည်။ အမှန်တကယ် သင်နာခံနိုင်သည်နှင့် တပြိုင်နက်၊ သင့် စိတ်နှလုံးတွင် ပျော်မွေ့မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး သင်က၊ “အဲဒီအချိန်က ကျွန်ုပ်ဒေါသမထွက်ခဲ့ဘဲ လက်ခံခဲ့တယ်၊ ဒါ ကျွန်ုပ် ဆုတောင်းခဲ့လို့ပဲ။ အခု၊ ဘုရားသခင်ကို ကျွန်ုပ် အမှန်တကယ် နာခံနိုင်ပြီ” ဟု ပြောပါလိမ့်မည်။ ခပ်ရေးရေး မျှော်လင့်ချက်တစ်ခုကို သင်မြင်ရပြီး ဝိညာဉ်အသက်တာ အချို့ကို သင်ရရှိသည်၊ ဤသည်မှာ လူတစ်ဦး ကြီးထွားတိုးတက်ပုံဖြစ်သည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁) တွင်ပါဝင်သော “အကျိုးရလဒ်များ ရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မည်ကဲ့သို့ စားသောက်သင့်ပုံ” မှ

ယခင်က:ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရသနည်း။

နောက်တစ်ခုသို့:မှန်ကန်သော ဆုတောင်းချက်ဆိုသည်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ