အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅၅။ ဘုရားသခင်၏ အထူးချစ်ခြင်းကို ခံစားရခြင်း

ဂျီယာ ရီ၊ ဖူယန်မြို့၊ အန်ဟိုင်းစီရင်စု

ကျွန်မ၏ပင်ကိုယ်သဘာဝက မာနကြီးပါသည်။ ကျွန်မ မည်သည့်အရာပဲ လုပ်နေလုပ်နေ ကျွန်မထက်မြက်ကြောင်း ပြဖို့အတွက် ကျွန်မ၏ စဉ်းစားဉာဏ်နှင့်ကိုယ်ပိုင်ဟန်ကို အမြဲသုံးလေ့ရှိသည်။ ထို့ကြောင့် အလုပ်က လုပ်ထုံးလုပ်နည်း များကို ကျွန်မနည်းကျွန်မဟန်နှင့်လုပ်ဖို့ အမြဲချိုးဖောက်လေ့ရှိသည်။ အထူးသဖြင့် ကျွန်မကရာထူးတစ်ခုအတွက် လူများရွေးချယ်သည့် နေရာမှာ မောက်မာသည်။ ကျွန်မယုံကြည်တာ ကျွန်မမှာ သင့်တော်သည့် လူတစ်ယောက်ကိုရွေးချယ်ဖို့ အထောက်အကူ ဖြစ်စေသည့် တမူထူးခြားသည့်ပါရမီ နှင့် ထိုးထွင်း သိမြင်စွမ်း အမြဲရှိသည်ဟု ဖြစ်သည်။ ထို့ကြောင့် ကျွန်မက တစ်ယောက်ယောက် ကိုရွေးချယ်သည့်အခါမှာ ကျွန်မရွေးချယ်သည့် လူ၏အခြေ အနေများ အားလုံးကို စိတ်အားထက်သန်စွာ စုံစမ်းလေ့မရှိပါ။ ကျွန်မရွေးချယ်ချင် သည့် သူများကို အခြေခံသဘောတရားများနှင့် နှိုင်းယှဉ် ချင့်ချိန်တာမျိုး ကိုလည်း ဂရုတစိုက်လုပ်လေ့မရှိပါ။ ရလဒ်မှာမူ ဘုရားကျောင်းတွင် အရေးကြီးသည့်တာဝန်များကို သူတို့ဘာသာယူဖို့ စာများ၊ အယူဝါဒများကိုပဲ ပြောတတ်သည့် ကောက်ကျစ်သည့် လူလည် တချို့ကိုရွေးမိတာပါပဲ။ ဤသည်မှာ အမှုတော်အတွက်သာမက ကျွန်မ၏ညီအစ်ကိုမောင်နှမများ အတွက်ပါ ကြီးမားသောဆုံးရှုံးမှုကြီးကို ဖြစ်စေခဲ့ပါသည်။ နောက်ဆုံးမှာမူ ဘုရားသခင်၏အမှုတော်ကို ထိထိရောက်ရောက် မထမ်းဆောင်နိုင်သည့်အတွက် ဘုရား သခင်၏ ငြင်းပယ်ခြင်းကို ခံရပါတော့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ပျောက်ဆုံးပြီး အမှုတော်မှနေ ဖယ်ထုတ်ခြင်းခံရပါသည်။

ကျွန်မနေရာကို အစားထိုးမည်ဆိုသည့်စကားကိုကြားရတော့ ကျွန်မအံ့သြ တုန်လှုပ်သွားပါသည်။ ကျွန်မဤကဲ့သို့ဖြစ်မည်ဟု မတွေးမိခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်မဘုရားသခင်ကိုနားလည်မှုလွဲပြီး သူ့ကို မေးခွန်းများစမေး လာသည်။ ဘုရားကျောင်းက ကျွန်မနေရာကို အစားထိုးလိုက်ပြီး ကျွန်မကို မည်သည့်တာဝန်မှမပေးခဲ့ပါ။ ကျွန်မ၏ပြဿနာက တော်တော်ကြီးသည့် အသွင်ပေါက်နေပါသည်။ ယင်းမှာ ကျွန်မ ထုတ်ပယ်ခံလိုက်ရသကဲ့သို့သာ ဖြစ်သည်။ အချို့လူများက အတိတ်တွင် ဝတ်ကျေတမ်းကျေ အလုပ်လုပ်ခဲ့ပြီး၊ ဘုရားသခင်ကို လှည့်စားကာ၊ အသင်းတော် အလုပ်ကို များစွာ နှောင့်ယှက် ဟန့်တားခြင်းများ ဖြစ်စေခဲ့သောကြောင့် အထုတ်ခံခဲ့ရပါသည်။ အချို့ကမူ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ မိမိကိုယ်ကို သက်သေခံခြင်းနှင့် ကိုယ်တော်ရွေးချယ်ထားသည့် လူများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်းတို့ ပြုခဲ့သောကြောင့် အန္တိခရစ်များ ဖြစ်လာခဲ့ကြသည်။ ကျွန်မယနေ့ထုတ်ပယ်ခံရသည်မှာ နည်းသေးသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်မက ဝတ်ကျေ တမ်းကျေအမှုထမ်းရုံမက၊ ဘုရားကို လှည့်စားကာ၊ ကျွန်မကိုယ်ကျွန်မမြှင့်တင်ပြီး၊ ကျွန်မကိုယ်ကျွန်မ သက်သေခံခဲ့သည့်အပြင်၊ အသင်းတော် အလုပ်ကိုလည်း ကြီးစွာ နှောင့်ယှက်ဟန့်တားမှုများ ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါသည်။ ကျွန်မ ဖန်တီးခဲ့သည့် ဤဆိုးဝါးမှုကြီးကို မြင်နေရင်းက သေခြင်းတရားက နီးကပ်လာသလို ကျွန်မကြောက်ရွံ့စိတ်နှင့် စိုးရိမ်ထိတ်လန့်ခဲ့ရသည်။ ကျွန်မနှလုံးသားက ချက်ချင်းပြောသည်မှာ “ကျွန်မတော့ သွားပြီပေါ့” ဤတစ်ခေါက်တွင်မူ ကျွန်မလုံးဝသွားပြီဖြစ်သည်။ ကျွန်မက ဘုရားသခင်ကို အကြိမ်ကြိမ်ပုန်ကန်ပြစ်မှား၊ အာခံခဲ့သည်။ ဘုရားသခင်က ကျွန်မကိုမကယ်တင်တော့ဘူးဆိုသည်မှာ သေချာ သလောက်ပင် ဖြစ်ပါသည်။ ဘုရားသခင်က သူသည်လူသားများ ကို ကယ်တင်ဖို့ မည်သည့်အရာကို မဆိုလုပ်မည်ဟု ပြောခဲ့သော်လည်း၊ ယင်းမှာ အကျင့်စာရိတ္တ အနည်းငယ် ပျက်စီး သူများနှင့် အပြစ်အနည်းငယ် လုပ်မိသူများအတွက်ကို ဆိုလိုခြင်းသာ ဖြစ်သည်။ ကျွန်မကဲ့သို့ ဘုရားသခင်ကို မမြင်နိုင်ပဲ မကောင်းမှုဟူသမျှကိုလုပ်နေသည့် မောက်မာပြီး စိတ်ကြီးဝင်နေသူတစ်ယောက်သည် ဘုရားသခင်၏ပြစ်ဒဏ်ပေး ခြင်းကို ဧကန်မုချ ခံရမည် ဖြစ်ပါသည်။ ကျွန်မ အကယ်၍ အစကနေပြန်လည်စတင်ဖို့ ကြိုးစားလျှင်ပင် ဘုရားသခင်က ကျွန်မကို ခွင့်လွှတ်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်မ၏အပြုအမူ များကြောင့် ဘုရားသခင် ကျွန်မအပေါ် အယုံအကြည်ကင်းမဲ့သွားပြီး၊ သူ့ကိုလည်း အလွန်ဝမ်းနည်းပက်လက်ဖြစ်စေရသည်။…အမှတ်တမဲ့ ကျွန်မသည် နာကျင်မှုနှင့်မျှော်လင့်ချက်ပျက်သုဉ်းခြင်းများထဲ နစ်မွန်း သွားခဲ့သည်။

ကျွန်မသည် အလွန်နာကျင်လွန်း၍ မိမိကိုကိုယ်အဆုံးစီရင်ဖို့ သို့မဟုတ် ထွက်ပြေးသွားဖို့ စိတ်ကူးဖူးသည်။ တာဝန်တစ်ခုကို ကျေပွန်အောင် ထမ်းရွက်ဖို့ ဘုရားကျောင်းက ကျွန်မကို နောက်အခွင့်အရေး တစ်ခုပေးဖို့လည်း မျှော်လင့်မိခဲ့သည်။ သို့သော် ဤစိတ်ကူးကျွန်မ ခေါင်းထဲဝင်လာသည့်အခါတိုင်း “ကြီးလေးသည့်အပြစ်” ဆိုသည့် စကားလုံး များက ကျွန်မ၏မျှော်လင့်ချက်အလင်းရောင်လေးကို အချည်းနှီး ဖြစ်စေပြီး ငြိမ်းသွားစေပါသည်။ နာကျင်မှု၊ မိမိကိုကိုယ်အပြစ်တင်မှု၊ ရုန်းကန်ရမှု၊ ကျွန်မ၏ဆန္ဒများက ကျွန်မကိုနှိပ်စက်ပြီး နာကျင်ရလွန်းလို့ အသက်ပင်မရှင်ချင်တော့ပါ။ ကျွန်မ မျှော်လင့်ချက်ကုန်ဆုံးမှုနှင့် ပြိုလဲလု မတတ်ပင် ဖြစ်သည်။ ဤအချိန်မှာပင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မဖတ်လိုက်ရသည်၊ “ဘုရားသခင်သည် သူရဲဘောကြောင်သူများကို မနှစ်သက်ပေ၊ စိတ်ဓာတ်ကြံ့ခိုင်သောလူများကို သူ နှစ်သက်သည်။ အကယ်၍ သင်သည် ကြီးစွာသော ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်း၊ ကွေ့ကောက်သော လမ်းများစွာကို လျှောက်လှမ်းခြင်း သို့မဟုတ် လမ်းခရီးတစ်လျှောက်တွင် ပြစ်မှားမှု များစွာရှိခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ခုခံခဲ့ခြင်း ရှိခဲ့သော်လည်း၊ သို့မဟုတ် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အနည်းငယ် စော်ကားပြောဆိုခြင်း သို့မဟုတ် သူ့ကို အပြစ်တင်ခြင်း ရှိကြသော လူအချို့ ရှိသော်လည်း၊ ဘုရားသခင်သည် ဤအရာကို မကြည့်ပေ။ လူတစ်ဦးသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြောင်းလဲနိုင်ခြင်း ရှိမရှိကိုသာ ဘုရားသခင် ကြည့်သည်။…လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အလိုတော်မှာ စစ်မှန်သည်။ သူသည် လူတို့အား နောင်တရရန်နှင့် ပြောင်းလဲရန် အခွင့်အရေးများကို ပေးပြီး ဤဖြစ်စဉ် အတောအတွင်း သူသည် လူတို့ကို နားလည်ပြီး ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာကို နက်နက်နဲနဲ သိသည်။ ၎င်းတို့ ထိမိ၍လဲကြမည်ကို သူ သိသည်။…သူသည် လူတစ်ဦးချင်း၏ အခက်အခဲများ၊ အားနည်းချက်များကိုသာမက ၎င်းတို့၏ လိုအပ်ချက်များကိုပါ နားလည်သည်။ ထိုမျှမက စိတ်သဘောထား ပြောင်းသည့် ဖြစ်စဉ်အတွင်း ဝင်ရောက်သည့်အခါ လူတစ်ဦးချင်းစီ ကြုံတွေ့ရမည့် အခက်အခဲများ နှင့် မည်သည့် အားနည်းချက်များနှင့် ကျရှုံးခြင်းများ ဖြစ်မည်ကို သူနားလည်သည်။ ဤသည်မှာ ဘုရားသခင် နားလည်ဆုံးသောအရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့၏ အတွင်းနှလုံးသားကို မြင်တော်မူ၏ဟု ဆိုထားခြင်းဖြစ်သည်။ သင် မည်မျှ အားနည်ပါစေ၊ ဘုရားသခင်၏ နာမကို မစွန့်သရွေ့၊ ဘုရားသခင် သို့မဟုတ် ဤလမ်းကို သင်ကျောခိုင်းခြင်း မပြုသရွေ့ သင်သည် စိတ်သဘောထား ပြောင်းလဲမှုကိုရရန် အခွင့်အရေးတစ်ခု အမြဲ ရှိလိမ့်မည်။ အကယ်၍ ငါတို့၌ စိတ်သဘောထား ပြောင်းလဲမှုကို ရရန် အခွင့်အရေးတစ်ခု ရှိပါက ငါတို့၌ ငါတို့၏ ဆက်လက်ရှင်သန်ရေးအတွက် မျှော်လင့်ချက် ရှိသည်။ အကယ်၍ ငါတို့၌ ဆက်လက်ရှင်သန်ရေးအတွက် မျှော်လင့်ချက်ရှိပါက ငါတို့၌ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့် မျှော်လင့်ချက် ရှိသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်သဘောထားထား ပြောင်းလဲခြင်းနှင့် စိတ်သဘောထား ပြောင်းလဲသည့် လမ်းကြောင်း”) ကျွန်မသည် ဒေသနာတစ်ခုမှ ဤစကားများကိုလည်း နားထောင်ခဲ့ပါသည် “ဘုရားသခင်က လူသားများကိုကယ်ဖို့ အကောင်းဆုံးလုပ်နေတယ်။ အထူးသဖြင့်အပြစ်သားတွေကိုပေါ့။ လူတွေထင်တာက သူတို့ဟာ ကယ်လို့မရတဲ့အဆင့်ကို ရောက်နေလောက်ပြီပေါ့။ ဒါပေမဲ့ ဘုရားသခင်က သူတို့အပေါ်လက်မလျှော့ ချင်ပဲ သူတို့ကိုကယ်ချင်တုန်းပဲ။ တချို့လူတွေက ကြီးလေးတဲ့အပြစ်တွေလုပ်တယ်။ ဘုရားသခင်က ‘သင်တို့ အရင်တုန်းက ထားခဲ့တဲ့ ဘာသာရေးကိုင်းရှိုင်းမှုဆီ ပြန်သွားပြီး ငါ့ကိုရှာဖွေဖို့ပဲ လိုအပ်တာပါ။ ငါက သင်တို့ကို ကယ်တင်ချင်တုန်းပါ။ သင်တို့မှာဘယ်လို အပြစ်တွေရှိရှိ၊ သင်တို့မှာ ဘုရားသခင်ဆီက ဘယ်တော့မှ ထွက်မ သွားဖို့နှင့် ကယ်တင်ခြင်းကိုခံယူဖို့ ဆန္ဒရှိနေသေးတယ်ဆိုရင် ဘုရားသခင်က လက်လျှော့မှာမဟုတ်ပါဘူး’ (‘ခရစ် တော်သည်သမ္မာတရားဖြစ်၏။ လမ်းခရီးဖြစ်၏။ အသက်လည်းဖြစ်၏။’ ဆိုတာကို ဘယ်လိုသိနိုင်မလဲနှင့် အသက် တာဝင်ရောက်မှု တရားဟောခြင်းဒုတိယပိုင်း) ဤစကားလုံး များက ကျွန်မနှလုံးသားထဲမှာ ကာလရှည်ကြာမိုးခေါင်နေသည်ကို နှင်းပေါက်လေးများနှင့် စိုစွတ်စေသကဲ့သို့ပင် ဖြစ်ပါသည်။ ကျွန်မမျက်ရည်များ ကျပြီး၊ ရှိုက်ငိုမိသည်။ “မဖြစ်နိုင်ဘူး” ဆိုသည့် အရာများသည် မျှော်လင့်မထားပဲ အခေါက်ရေမည်မျှ ပိုကောင်းဖို့ဖြစ်သွားစေသည်ကို သတိမထားမိခဲ့ပါ။ ဘုရားသခင်ပြောခဲ့သည်မှာ အကယ်၍ ကျွန်မသူ့နောက်လိုက်သည်ကို လက်မလျှော့ပါက၊ နောင်တရပါက၊ မည်သည့်အခြေအနေဖြစ်ဖြစ် သူ့ကိုမစွန့်ပါက၊ ကျောမခိုင်းပါက၊ သူကျွန်မကို ကယ်တင်ချင်သေး ကြောင်းပင် ဖြစ်ပါသည်။ ကျွန်မ ဘုရားသခင်၏အရှေ့မှာ ပျပ်ဝပ်ခြင်းမပြုပဲမနေနိုင်တော့ပါ။ “အို ဘုရားသခင်၊ ကျွန်မသည် ကိုယ်တော့်ကို ယုံကြည်ပြီး၊ လိုက်လျှောက်ပါတယ်၊ ဒါပေမဲ့လည်း ကိုယ်တော့်ကို အချိန်ပြည့် ပုန်ကန်ပြီး အာခံခဲ့ပါတယ်။ ကျွန်မတာဝန်တွေ ထမ်းဆောင်ရာမှာ ကိုယ်ပိုင်ဆန္ဒတွေနဲ့ မကြာခဏ လုပ်လေ့ရှိပြီး၊ အသင်းတော် အလုပ်ကို နှောင့်ယှက်ဟန့်တား မိပါတယ်၊ ဒါပေမဲ့ ကိုယ်တော်က ကျွန်မကို ထိန်းသိမ်းပြီး၊ အပြစ်ကလွှတ်ခဲ့ပါတယ်။ ကျွန်မကိုပြန်လည်ခေါ်ဆောင်ပြီးတော့ နောင်တရဖို့နှင့် ကယ်တင်ခြင်းခံရဖို့ နောက်ထပ်အခွင့် အရေးတစ်ခုကို ပေးခဲ့တယ်။ အို ဘုရားသခင် ကိုယ်တော်ရဲ့ချစ်ခြင်းက ကျွန်မရဲ့နားလည်မှုလွဲမှားခြင်းတွေ၊ ကိုယ် တော့်ကို မေးခွန်းထုတ်ခြင်းတွေကို ရှင်းလင်းစေပါတယ်။ အဲဒီအရာက ကျွန်မရဲ့သေဆုံးနေတဲ့ နှလုံးသားကို ပြန်လည်ကုသပေးပြီး အလွန် ဆိုးဝါးသော အပျက်သဘောဆောင်မှု၊ နာကျင်မှု၊ မျှော်လင့်ချက်ပျက်သုဉ်း ရမှုတွေထဲနေ လွှတ်မြောက်စေပါ တယ်။ အဲဒီအရာက ကျွန်မ တစ်ဘဝလုံးဆန္ဒဖြစ်တဲ့ ကယ်တင်ခြင်းကိုရှာဖွေဖို့ဆန္ဒကို ပြန်လည် ဖြစ်ပေါ်စေပါ တယ်။ အို ဘုရားသခင် ကျွန်မအတွက် ကိုယ်တော်ရဲ့အချစ်က အလွန်ပဲနက်ရှိုင်းလှပါတယ်၊ ကြီးမားလှပါတယ်။ ကိုယ်တော်ရဲ့အချစ်နဲ့ ရင်ဆိုင်ရတဲ့ အခါ ကျွန်မမှင်တက်မိသွားရပါတယ်။ ကျွန်မရှက်ရွံ့ပြီး မျက်နှာမဖော်နိုင်လောက်အောင်ဖြစ်ရပါတယ်။ ကိုယ်တော်ရဲ့ မျက်မှောက်တော်မှာ ကျွန်မနေဖို့ အလွန်ရှက်ရွံ့မိပါတယ်။ ဒီအချိန်မှာ ကျွန်မရင်ထဲ၊ နှလုံးသားထဲကနေ ကိုယ်တော့်ကို အနက်ရှိုင်းဆုံး ကျေးဇူးတော်ချီးမွမ်းမိပါတယ်။ ကျွန်မနှလုံးသားထဲကသီချင်းလေးနှင့်သာ ကိုယ်တော်ကို ဆက်ကပ်နိုင်ပါတယ်။ ‘ကိုယ်တော့်အချစ်ကြောင့် ကျွန်ုပ် တခြားသော အရာတွေကို မရွေးချယ်တော့ပါ။ ကိုယ်တော်စိတ်ပူအောင် ကျွန်ုပ် ထပ်မလုပ်သင့်ပါ။ ဘုရားသခင်ရဲ့အချစ်ကို အလွန့်အလွန် များလှစွာ ကျွန်ုပ် မွေ့လျော်သည်။ ကိုယ်တော်က ကျွန်ုပ်နှလုံးသားထဲက တစ်ခုတည်း ချစ်ထိုက်သူပါ။ တစ်ဦးတည်းသော ချစ်မြတ်နိုးထိုက်သူ၊ မျှော်လင့်ထိုက်သူနှင့် ကိုးစားထိုက်သူပါ။ ကိုယ်တော်ရဲ့အချစ်ကို ကျွန်ုပ် ဆုံးရှုံးလျှင် ကျွန်ုပ် မှာနာကျင်မှုသာရှိပြီး ဆက်ပြီး အသက်မရှင်နိုင်ပါ။ ကျွန်ုပ် အသက်တာ တစ်လျှောက်လုံးမှာ ကိုယ်တော့်ကိုသိကျွမ်းရခြင်းက အလွန်ပျော်ရွှင်ရပြီး ဝမ်းမြောက်ဖွယ်ရာဖြစ်ပေ။ မည်သည့်အရာ ဖြစ်ပျက်ပါစေ ကိုယ်တော်ရဲ့ခြေရာနောက် အစဉ်အမြဲ လိုက်ကာ ကိုယ်တော့်ကိုနှစ်သိမ့်ရင်း ကိုယ်တော်နှင့်အတူ ကျွန်ုပ် ရှိမည်။ ကြီးမားသည့် နာကျင်မှုတွင်ပင်၊ ကိုယ်တော့်အတွက် သက်သေခံပြီး ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေမည်။ ဒုက္ခနှင့်စစ်ဆေးခြင်းတွေက ကျွန်ုပ် နှလုံးသားကို ကိုယ်တော်နှင့်နီးကပ်လာစေသည်။ ကျွန်ုပ် နှလုံးသားထဲမှာ ကိုယ်တော်ရှိနေလို့ ထာဝရပျော်ရွှင်မိပါသည်။‘”

ဘုရားသခင်နှင့်ပတ်သက်သည့် နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းပြီး သည့်နောက်မှာ ကျွန်မတည်ငြိမ်လာပြီး ကျွန်မ၏အတိတ်ကအပြုအမူကို ဆန်းစစ်ပါတော့သည်။ ကျွန်မအလုပ်မှာ ကျွန်မဟာ ဘယ်တော့မှ ဘုရားသခင်ကို ယုံကြည်ကိုးစားမှုမရှိခဲ့ပါ။ ဘုရား၏အလိုဆန္ဒကို မရှာဖွေခဲ့ပါ။ အလုပ်ထုံးစံများ သို့မဟုတ် ဘုရားကျောင်း လိုအပ်ချက်များ အရ မဆောင်ရွက်ခဲ့မိပါ။ ကျွန်မစိတ်၊ အတွင်းစွမ်းရည်များနှင့် အရာရာကို ကျွန်မနည်း ကျွန်မဟန်နှင့်လုပ်ဖို့ကိုသာ လုံးလုံးကြီးအားကိုးမိခဲ့သည်။ ကိစ္စများကို ကျွန်မ မည်သည့်အခါမျှ ဘုရားသခင်၏နူတ်ကပတ် တော်အရ မမြင်ခဲ့၊ မဖြေရှင်းခဲ့ပါ။ အလုပ်၏အခြေခံသဘောတရားများကို ကျွန်မ မရှာဖွေခဲ့ပါ။ ကောက်ချက်ချဖို့၊ ဆင်ခြင်ဖို့အတွက် ကျွန်မ၏ကိုယ်ပိုင် ခံစားချက်များ၊ အတွေးများကိုသာ အားကိုးခဲ့သည်။ ကျွန်မ တခြားသူ များနှင့် မည်သည့်အခါမျှ မတိုင်ပင်ခဲ့ပါ။ ပြီးလျှင် အရာရာကို ကိုယ့်နည်းကိုယ့်ဟန်နှင့်သာ ခဏခဏလုပ်ဆောင်ခဲ့သည်။ အကယ်၍ ကျွန်မတခြားသူများနှင့် တိုင်ပင်လျှင်ပင် ကျွန်မနှိမ့်ချသည့် ပုံပေါက်အောင် ဆိုသည့် ရည်ရွယ်ချက် နှင့် သာလုပ်ခဲ့သည်။ အမှန်မှာမူ ကျွန်မခေါင်းထဲမှာ အစီအစဉ်ရှိပြီးသားဖြစ်သည်၊ ထို့ကြောင့် တခြားသူများ၏ စိတ်ကူးများကို ကျွန်မယူလေ့မရှိပါ။ အထက်ကလုပ်ထုံးလုပ်နည်းများကိုလည်း ကျွန်မ အယူအဆများနှင့် မကိုက်ညီလျှင်၊ ကျွန်မမလုပ်ဆောင်ပါ။ အကယ်၍ တစ်ယောက်ယောက်က ကျွန်မကိုဝေဖန်လာမည်ဆိုပါက ၊ ကျွန်မပို၍ပင် လက်ခံဖို့ဆန္ဒမရှိပါ။ ကျွန်မက အထူးသဖြင့် ထူးချွန်ချင်သည်။ ကျွန်မ မည်သည့်အရာကို လုပ်လုပ် တခြား သူများထက်ကို သာချင်သည်။ ကျွန်မသည် လူတိုင်းထက်တော်ပြီး၊ ဘုရားကျောင်းထဲမှာ ကျွန်မမလုပ်နိုင်သည့်အလုပ်ဆိုသည်မှာ မရှိကြောင်း၊ ကျွန်မလုပ်သည့်အရာ မှန်သမျှက ကောင်းကြောင်း ယုံကြည်ခဲ့သည်။…ကျွန်မ၏ မာနထောင်လွှားသည့်သဘာဝ၏ ထိန်းချုပ်ခံရမှုကြောင့် ကျွန်မကနှစ်ပေါင်း များစွာ စာတန်မာရ်နတ်၏ သဘောကိုပဲအားကိုးပြီး၊ ကျွန်မအလုပ်ကို ဒေါသတကြီးလျှောက်ရမ်းလုပ်ခဲ့မိသည်။ ကျွန်မက အမှန်တရားကိုမရှာဖွေ ခဲ့သည့်အပြင်၊ မိမိကိုယ်ကိုသိဖို့ အလေးမထားခဲ့ပါ။ ကျွန်မက ရာထူးမြင့်မားသည့်နေရာ များနောက် စိတ်ရောကိုယ်ပါလိုက်ပြီး ထင်ရှားသည့် ခေါင်း ဆောင် တစ်ယောက်ဖြစ်ချင်ခဲ့သည်။ အကျိုးဆက် အနေနှင့် ဘုရား၏စိတ်သဘောထားနှင့် အနှစ်သာရကို လုံးဝနားမလည် ခဲ့ပါ။ ကျွန်မက ဘုရားအပေါ်လေးစားမှု သို့မဟုတ် ကြောက်ရွံ့ရိုသေမှု အနည်းငယ်ပင် မရှိခဲ့ပါ။ ဘုရားသခင်၏မျက်မှောက်တော်မှာ မဆင်မခြင် ပြုမူခဲ့ပြီး ကျွန်မ မရပ်တန့်ခဲ့ပါ။ ကျွန်မ မည်သည့်အရာကိုမဆို ပြောရဲ လုပ်ရဲခဲ့သည်။ ကျွန်မကသိုးထိန်းအတုအယောင်၊ ဘုရားသခင်ကို ဆန့်ကျင်သူဖြစ် ကြောင်းကို ကျွန်မ နားမလည်ခဲ့ပါ။ ဘုရားသခင်ကို အစေခံ သည့်လမ်းကို လိုက်ရင်းဖြင့် သူ့ကိုအာခံနေခဲ့ခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ကျွန်မကိုအခေါက်ပေါင်းများစွာ သတိပေးကြ သော်လည်း သူတို့၏ရည်ရွယ်ချက်ကောင်းသည့် အကူအညီကို ကျွန်မ လက်မခံခဲ့ပါ။ ကျွန်မကမောက်မာပြီးတော့ ကျွန်မနည်းလမ်းများကိုပဲ ဆက်လုပ်ခဲ့သည်။ ကျွန်မ ဘုရားသခင်ကို အကြိမ်များစွာအာခံပြီး အတိုက်အခံလုပ်ခဲ့တာကြောင့် ကျွန်မဟာဘုရားသခင်၏ အမျက်တော်ကို ဆွခဲ့ပြီး နောက် ဆုံးတွင် အမှုတော်ကနေဖယ်ရှားခြင်းခံရသည်။ ထို့ကြောင့် ကျွန်မကိုယ်ကျွန်မပြန်သုံးသပ်ဖို့ ဖြစ်လာစေ သည်။

ဤသည်ကို ဆန်းစစ်ပြီးသည့်နောက် ကျွန်မတဖြည်းဖြည်းနှင့် မိန်းမောနေခြင်းကနေ ပြန်သတိရလာသည်။ ဘုရားသခင် က ကျွန်မကို ကယ်တင်မည်ဆိုသည့်ရည်ရွယ်ချက်နှင့် ကျွန်မအပေါ်ရောက်သည့် အရာများအပေါ် အတွေးများစွာ ထည့်ပေးသည်။ ကိုယ်တော့်ရှေ့မှာ မပျပ်ဝပ်ပဲ ကျွန်မမနေနိုင်ပါ၊ “အို ဘုရားသခင် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ဒီတကြိမ်အစားထိုးခံရတာ သေလုမြောပါးခံစားရပြီး၊ ကျွန်မနာကျင်မှုက ဘာနှင့်မှနှိုင်းလို့ မရပေမဲ့ ဒီအရာကကျွန်မကို ကိုယ်တော်ရဲ့ကြီးမြတ်လှတဲ့အချစ်နှင့်ကယ်တင်ခြင်းကို ခံစားရစေဖို့အတွက် အကြောင်းပြချက်တစ်ခုဖြစ်စေခဲ့တယ်။ တကယ်လို့ကျွန်မသာ ဒီတကြိမ် အစားထိုးမခံရဘူးဆိုရင် အမှားတွေကို ဆက်လုပ်နေဖို့ ကျွန်မ စိတ်ကူးတွေထဲမှာ နေနေဦးမှာပဲ။ ကျွန်မယုံကြည်နေသေးတာက ကျွန်မမိသားစုနှင့် အလုပ်ကို ကျောခိုင်းပြီးတော့ အသင်းတော် ဘုရားကျောင်း အတွက် အလုပ်လုပ်တာဟာ ကိုယ်တော်ကိုသစ္စာရှိစွာ အစေခံတာပဲလို့ပေါ့။ ကျွန်မအပြုအမူအပေါ် ကျွန်မမစဉ်းစားဘူး၊ ပြီးတော့ ကျွန်မအစေခံမှုက ကိုယ်တော်ကိုအာခံနေတယ် ဆိုတာကို သတိမထားမိခဲ့ဘူး။ အခြေအနေတွေက ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ကျွန်မပိုပိုမာနထောင်လွှားပြီး စိတ်ကြီးဝင်လာမယ်။ နောက်ဆုံးမှာ ကျွန်မဟာ အန္တိခရစ်တစ်ယောက် အနေနဲ့ ကိုယ်တော့်ကို ကိုယ်တော့်ကို ခုခံပြီး၊ ကိုယ်တော်ရဲ့ အပြစ်ဒဏ်ကို ရင်ဆိုင်ရမယ်။ အိုဘုရားသခင် ကျွန်မအပေါ် ကိုယ်တော်၏အချစ်ကအရမ်းကြီးမြတ်လှပါတယ်၊ အရမ်းကို စစ်မှန်လွန်းလှပါ ပေတယ်။ ဒီနေ့အစားထိုးမှုက ကိုယ်တော်ကျွန်မကို ဘယ်လိုကယ်သလဲဆိုတာပဲဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ ပြစ်တင်ဆုံးမ တတ်တဲ့အချစ်က ကျွန်မနှလုံးသားကိုအောင်နိုင်လိုက်ပါတယ်။ ကျွန်မကို ကယ်တင်ပြီး စောင့်ရှောက် ပေးတဲ့အတွက် ကိုယ်တော်ကို ရင်ထဲကနေ ကျေးဇူးတော်ချီးမွမ်းမိပါတယ်။ ကိုယ်တော်ရဲ့ ဖြောင့်မတ်သောစိတ် သဘောထားက ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံနိုင်ကြောင်းကို ကိုယ်တော်ရဲ့ဗျာဒိတ်တော်ကနေတဆင့် ကျွန်မ တကယ်ပဲကြုံတွေ့ခဲ့ရလို့ ကျေးဇူးတော်ချီးမွမ်းပါတယ်၊ လူသားရဲ့အကြင်နာမဲ့တဲ့ ချည်နှောင်ခြင်းတွေ၊ နာကျင်စရာစုံစမ်းစစ်ဆေးခြင်းတွေ ကြားမှာ ဘုရားသခင်ရဲ့ လေးနက်တဲ့ဖခင်မေတ္တာကို မြင်ခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူး တော် ချီးမွမ်းမိပါတယ်။ တချိန်တည်းမှာပဲ ကိုယ်တော်က ကျွန်မကို ကျွန်မရဲ့ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သတိမူလာစေပြီး ကျွန်မဟာ စာတန်မာရ်နတ်ကြောင့် ဆိုးယုတ်နေတယ်ဆိုတာကို မြင်လာမိစေပါတယ်။ မာနထောင်လွှားတဲ့ သဘာဝက ကျွန်မအတွင်းထဲမှာ နက်ရှိုင်းစွာအမြစ်တွယ်နေပြီးတော့ ကျွန်မ ကိုယ်တော်ရဲ့ ပြစ်တင် ဆုံးမခြင်း၊ တရားစီရင်မှု၊ စုံစမ်းစစ်ဆေးခြင်းများကို အရမ်းလိုအပ် နေပါတယ်။ ကျွန်မကိုသန့်ရှင်း စေပြီးကယ်တင်ဖို့ အပြစ်ဒဏ်ခတ်ခြင်း နှင့်ကျိန်ခြင်းတို့ကိုလည်း လိုအပ်နေပါတယ်။ ဒါမှသာကျွန်မဟာ ကိုယ် တော့်ကို လေးစားမှုရှိလာပြီး၊ အစောင့်ရှောက်ခံရပြီး သန့်ရှင်းလာမှာ ဖြစ်ပါတယ်။ အိုဘုရားသခင် ဒီနေ့ကစပြီး တော့ ကျွန်မဟာ အမှန်တရားကို လုံ့လဝီရီယရှိစွာရှာဖွေပြီး ကိုယ်တော်ရဲ့အမှုတော်ကို တကယ်ပဲနာခံပါ့မယ်။ ကိုယ်တော်ရဲ့တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကိုလက်ခံပါ့မယ်။ ကိုယ်တော်ကျွန်မကို ဘယ်လိုပဲဆက်ဆံ ဆက်ဆံ၊ ကျွန်မကိုယ်တော်ကို လုံးဝနာခံပြီးတော့ ကိုယ်တော့်အစီအစဉ်တွေကို လိုက်နာပါ့မယ်။ ကျွန်မနားလည် မှုလွဲခြင်း၊ စောဒကတက်ခြင်းတွေကို လုပ်မှာမဟုတ်ပါဘူး။ ကျွန်မဟာ ရိုးသားသူတစ်ယောက်အဖြစ်နှင့် ဘဝကို ရည်ရွယ်ချက်ရှိရှိ၊ တန်ဖိုးရှိရှိ နေထိုင်သွားပါ့မယ်။

ယခင်က:ကျွန်မ၏ ကြိုးစားအားထုတ်ခြင်း နောက်ကွယ်မှ လျှို့ဝှက်ချက်များ

နောက်တစ်ခုသို့:တစ်ခြားလူများကို ဆုံးမသွန်သင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပါ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ