သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခြင်းမှတဆင့် ကျွန်မ ရရှိခဲ့သည့်အရာ

ရှင်းကြည်၊ သြစတေးလျ

အရေးကိစ္စအချို့ကို ကိုင်တွယ်ဖို့ တောင်အာဖရိကသို့ ၂၀၁၇ ခုနှစ်တွင် ပြန်သွားသည့်အချိန်တွင်၊ သခင်ယေရှုသည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီဖြစ်သည်ဟု ကျွန်မကို ပြောပြခဲ့သည့် သခင့်ကို ယုံကြည်သူ ညီအစ်မတစ်ဦးနှင့် ကျွန်မ ဆုံခဲ့သည်။ သူက ဘုရားသခင်၏ အနှစ်ခြာက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်၏ အမည်နာမ အဓိပ္ပါယ်တို့ကဲ့သို့သော သမ္မာတရားများနှင့် နက်နဲမှုများအကြောင်းလည်း ကျွန်မနှင့်အတူ မိတ်သဟာယပြုပေးခဲ့သည်။ သူမ၏ မိတ်သဟာယများကို နားထောင်ပြီးသည့်နောက်၊ ကျွန်မ အံအားသင့်မိသလို စိတ်လည်းလှုပ်ရှားမိခဲ့သည်။ ဤသမ္မာတရားများကို ယခင်က ကျွန်မ လုံးဝ မကြားဖူးခဲ့ပါ။သို့သော် ဘုရားသခင် ကိုယ်တော်တိုင်ကသာ သူ၏ အမှုတော် နက်နဲမှုများကို ထုတ်ဖော်ပြနိုင်သည်ကို ကျွန်မ သိခဲ့သည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာသည့် ခရစ်တော်ဖြစ်သည်ကို ကျွန်မ၏ စိတ်နှလုံးအတွင်းမှ သေချာလာခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။ နေ့တိုင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် အထောက်အပံ့တို့ကို ကျွန်မ နှစ်သက်ခံစားခဲ့ပြီး ကျွန်မ အလွန့်အလွန် စိတ်အေးသက်သာကာ ပံ့ပိုးထောက်ပံ့ပေးမှုကို ခံစားခဲ့ရသည်။ သို့သော်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများက အနီးအနားလေးတင် ကွယ်ဝှက်လျက်ရှိသည်ကို ကျွန်မ မသိခဲ့ပါ...။

ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီးနောက်၊ အသင်းတော်၏ အစည်းအဝေးများကို ကျွန်မ တက်ကြွစွာ တက်ရောက်ခဲ့သည်။ သို့သော်၊ ကျွန်မ အဘယ်ကြောင့်မှန်းမသိ ညီအစ်ကို မောင်နှမများက ဘုရားနှုတ်ကပတ်တော်များ စတင်ဖတ်ရှုနေကြသည့်အခါတိုင်း ကျွန်မ အိပ်ငိုက်လာခဲ့သည်။ အစည်းအဝေးမတိုင်ခင် ကျွန်မ အနားယူခဲ့သည့်အခါတွင်ပင် ဤသို့ ဖြစ်ခဲ့သည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများက ကျွန်မကို အကြိမ် အနည်းငယ် နိုးခဲ့ရသည်၊ သို့သော် သူတို့ ကျွန်မကို နိုးပြီး မကြာခင်တွင် ကျွန်မ ပြန်အိပ်ပျော်သွားပြန်သည်။ ဤပုံစံဖြင့်၊ အစည်းအဝေးတစ်ခုလုံးနီးပါး ကျွန်မ ငိုက်မျဉ်းခဲ့သည်၊ ကျွန်မ၏ စိတ်က အမြဲမှုန်ဝါးဝါးဖြစ်နေပြီး၊ မည်သည့်အရာမျှ နားမဝင်သလို၊ ဤအရာက ကျွန်မကို အလွန် စိတ်မချမ်းမသာဖြစ် စေခဲ့သည်။ ကျွန်မ အလွန်အမင်း အကြံအိုက်သွားသည်။ အခြား မည်သည့်အရာကိုမဆို လုပ်သည့်အချိန်တွင် ကျွန်မ ပုံမှန်အားဖြင့် အိပ်မငိုက်ပါ၊ ထို့ကြောင့် အသင်းတော်၏ အစည်းအဝေးတစ်ခုကို ကျွန်မ ရောက်လျှင်ရောက်ချင်း အဘယ်ကြောင့် အလွန်အိပ်ငိုက်ရပါသနည်း။ အစည်းအဝေး ဖြစ်နိုင်သမျှ မြန်မြန် ပြီးဆုံးဖို့ မျှော်လင့်ရင်းဖြင့် ကျွန်မ အဆုံးသတ်ခဲ့ပြီး၊နောက်ဆုံးတွင် အစည်းအဝေးများကို ကျွန်မ နောက်ထပ် တက်ပင်မတက်ချင်တော့သည်အထိ ဖြစ်သွားခဲ့သည်။ အစည်းအဝေးများတွင် ကျွန်မ အမြဲ ငိုက်မျဉ်းတတ်သည်ကို ညီအစ်မတစ်ဦးက မြင်ခဲ့သောကြောင့် ဤသည်မှာ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်သည်ဟု ပြောရင်း ကျွန်မကို မိတ်သဟာယ ဝေမျှခဲ့သည်။ ထို့နောက် သူက ဘုရားသခင်၏ နှုတ်ကပတ်တော်စာတစ်ပိုဒ်ကို ဖတ်ပြခဲ့သည်- “ဘုရားသခင်က အမှုပြု၏၊ လူကို သူစောင့်ရှောက်သည်၊ လူကို သူစစ်ကြောသည်။ စာတန်မူကား ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာလိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်ကလည်း နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ အကယ်၍ ဘုရားသခင်က ထိုပုဂ္ဂိုလ်ကို အလိုရှိလျှင် စာတန်က ဘုရားသခင်ကို နှောင့်ယှက်ရန် သူအစွမ်းရှိသမျှ လုပ်ဆောင်ပါလိမ့်မည်။ သူ၏ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်ကို ရရှိရန် ဘုရားသခင်ပြုသော အမှုကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ရန်နှင့် သွေးဆောင်ဖို့ရန် မကောင်းသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း။ သူသည် ဘုရားသခင်ကို ဘယ်သူ့ကိုမျှ မရစေချင်ပါ။ သူ့ကို ကိုးကွယ်စေရန်၊...ဘုရားသခင် အလိုရှိသောသူမှန်သမျှ သူလိုချင်၏၊ သူတို့တွေကို သူနေရာယူချင်သည်၊ ချုပ်ထိန်းချင်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)”)

သူက၊ “နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ပြောင်းလဲစေပြီး သန့်စင်စေဖို့၊ အပြစ်တရားရဲ့ အချုပ်အနှောင်တွေကနေ ကျွန်မတို့ကို လုံးဝ လွတ်မြောက်စေဖို့ နဲ့ ဘုရားသခင်ရဲ့ သန့်စင်ပေးခြင်းကိုခံရပြီး ကယ်တင်ခံရဖို့အတွက် နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်တယ်။ ဒါပေမယ့်၊ စာတန်က ကျွန်မတို့ကို ဘုရားသခင်အားဖြင့် ကယ်တင်မခံရစေချင်ဘူး၊ ဒါကြောင့် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းနဲ့ သူက ကျွန်မတို့ကို နှောင့်ယှက်ဖို့ ကြိုးစားတယ်။ ဥပမာအနေနဲ့၊ အစည်းအဝေးတစ်ခုမှာ ကျွန်မတို့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်တာနဲ့ တပြိုင်နက် ကျွန်မတို့ အိပ်ငိုက်ကြပေမယ့် တခြားဘယ်အရာကိုမဆို လုပ်တဲ့အချိန်မှာ ကျွန်မတို့ အားအင်အများကြီးရှိကြတယ်- ဒါက ကျွန်မတို့ကို နှောင့်ယှက်ဖို့ စာတန်က ကြိုးစားနေတယ်ဆိုတာ သိသာပါတယ်။ စာတန်က ကျွန်မတို့ကို နှောင့်ယှက်တာဟာ ကျွန်မတို့က ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားဖို့နဲ့ ချင့်ချိန်စဉ်းစားဖို့ ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မငြိမ်သက်နိုင်အောင် ဖြစ်ကြရပါတယ်။ ဒီလိုနည်းနဲ့၊ သမ္မာတရားကို ကျွန်မတို့ ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး၊ ဒါမှမဟုတ် အစည်းအဝေးကို ကျွန်မတို့ ဘယ်လောက်ကြာကြာ တက်ကြပါစေ ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်မှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ ကျွန်မတို့ ခန္ဓာရဲ့ ဆင်းရဲဒုက္ခကြောင့်၊ အစည်းအဝေးတွေ တက်ရတာကို ကျွန်မတို့ အလွန့်အလွန် ငြီးငွေ့လာကြပြီး၊ အဲဒါက ဘုရားသခင်ကို ကျွန်မတို့ သစ္စာဖောက်ပြီး စွန့်ပစ်ချင်လာသလို စာတန်ရဲ့ အုပ်စိုးမှုအောက်ကို ပြန်သွားဖို့ ဆန္ဒရှိကြတဲ့ အင်မတန် အန္တရာယ်ရှိတဲ့ အဆင့်ထိတောင် ရောက်နိုင်တယ်။ ဒါက စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်နဲ့ ဆိုးယုတ်တဲ့ အကြံဖြစ်တယ်။ အစ်မ၊ စာတန်ရဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေကို ကျွန်မတို့ ထွင်းဖောက်မြင်ရမယ်၊ ဆုပိုတောင်းပြီး ဘုရားသခင်အပေါ် ပိုမှီခိုရမယ်၊ ပြီးတော့ စာတန်ကို စွန့်လွတ်ဖို့ စိတ်ပိုင်းဖြတ်ချက်ရှိရမယ်၊ ဘာကြောင့်လဲဆိုရင် ဒီနည်းနဲ့ပဲ စာတန်ရဲ့ အနှောင့်အယှက်တွေနဲ့ တိုက်ခိုက်မှုတွေကို ကျွန်မတို့ အောင်မြင်နိုင်မှာ ဖြစ်လို့ပဲ” ဟု ပြောရင်း မိတ်သဟာယပြုပေးခဲ့သည်။

ညီမ၏ မိတ်သဟာယကို နားထောင်ပြီးနောက်၊ အရာရာက ရုတ်တရက် ရှင်းလင်းလာခဲ့ပြီး ကျွန်မ အနည်းငယ် ကြောက်ရွံ့မိကာ အတော်အတန်လည်း ဒေါသထွက်မိခဲ့သည်။ ကျွန်မ စဉ်းစားမိခဲ့ပါသည်- “စာတန်က တကယ် ဆိုးဝါးတာပဲ။ အစည်းအဝေးတစ်ခုကို ငါရောက်တာနဲ့ တစ်ပြိုင်နက် အိပ်ငိုက်တာက မဆန်းပါဘူးလေ။ အမှန်တော့ ဒါဟာ စာတန်က ငါ့ကို နှောင့်ယှက်ဖို့ ကြိုစားနေတာကိုး။” အစည်းအဝေးများကို ရောက်လျှင်ရောက်ချင်း ကျွန်မ ငိုက်မျဉ်းနေခဲ့ပုံ၊ ညီအစ်ကို မောင်နှမများက ကျွန်မကို နိုးပြီးသည့်နောက်တွင်ပင် ကျွန်မ၏ စိတ်က အနည်ထိုင်သလို ခံစားခဲ့ရပုံနှင့် အစည်းအဝေးကို နောက်ထပ် မတက်တော့ဖို့ဆိုသည့် စိတ်ကူးကို ကျွန်မ လက်သင့်ခံခဲ့ပုံတို့ကို ကျွန်မ တွေးမိခဲ့သည်။ အမှန်တွင်တော့ ကျွန်မက စာတန်၏ ကောက်ကျစ်သော အကြံအစည်၏ သားကောင်ဖြစ်သွားခဲ့ပေသည်။ “ဟင့်အင်း” ဟု ကျွန်မ တွေးမိသည်။ “နောက်တစ်ခါ ငါ အစည်းအဝေးတက်တဲ့အခါ၊ ငါ့ရဲ့ ဇာတိပကတိကို ငါ စွန့်လွှတ်ပြီး စာတန်ကို တိုက်ရမယ်၊ ပြီးတော့ ဒီဝိညာဉ်ရေးရာ တိုက်ပွဲထဲမှာ ငါ့ရဲ့ သက်သေခံချက်ကို ငါ ခိုင်ခိုင်မာမာ ရပ်တည်မယ်။” ထို့နောက် ဘုရားသခင်ထံ ထိုညီမနှင့်အတူ ကျွန်မ ဆုတောင်းခဲ့ပြီး စာတန်က ကျွန်မကို မည်သို့ နှောင့်ယှက်ဖို့ ကြိုးစားပါစေ၊ အစည်းအဝေးကို တက်ခြင်းနှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းကို ကျွန်မ အမြဲ မလျှော့တမ်းလုပ်မည်၊ ပြီးလျှင် သူ၏ အရူးလုပ်တာကို ကျွန်မ ခံတော့မည်မဟုတ်ကြောင်းတို့ကို စာတန်ဆီ ကျွန်မ ကြေငြာခဲ့သည်။ ဤနည်းဖြင့်၊ အစည်းအဝေးတစ်ခုအတွင်းတွင် ကျွန်မ တစ်ဖန် အိပ်ငိုက်သည့်အခါ၊ ကျွန်မ၏ စိတ်ပိုင်းဖြတ်ချက်ကို စာတန်ထံ ကျွန်မ မကြာခဏ ကြေငြာခဲ့သည်။ တစ်ချိန်တည်းတွင်၊ ကျွန်မ၏ စိတ်နှလုံးကို ကွယ်ကာဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ထံ ကျွန်မ ဆက်ဆုတောင်းခဲ့ပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် ကျွန်မ၏ စိတ်နှလုံးကို တည်ငြိမ်စေဖို့နှင့် သူ၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားဖို့ ကျွန်မ သတိရှိရှိ အားထုတ်ကြိုးပမ်းမှုတစ်ခု လုပ်ဆောင်ခဲ့သည်။ တစ်ပတ်ကြာပြီးနောက်တွင်၊ ကျွန်မ အိပ်မငိုက်တော့သလို၊ ညီအစ်ကို မောင်နှမများနှင့်အတူ အစည်းအဝေးများကို ကျွန်မ ကောင်းကောင်းမွန်မွန် တက်ရောက်နိုင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုနိုင်ခဲ့သည်။

စာတန်သည် မှန်ကန်သောလမ်းကို ကျွန်မ လက်လျှော့စေဖို့အလို့ငှာ စက်ဆုပ်ဖွယ်ကောင်းသော ဤနည်းစနစ်ကို အသုံးပြုနေခဲ့ကြောင်း ဤအတွေ့အကြုံက ကျွန်မကို မြင်ခွင့်ပေးခဲ့သည်- စာတန်သည် အလွန် ဆိုးယုတ်ပြီး စက်ဆုပ်စရာကောင်းလေသည်။ ဘုရားသခင်ရှေ့မှောက်သို့ ကျွန်မတို့ လာပြီး သူ၏ ကယ်တင်ခြင်းကို လက်ခံခြင်းမပြုလျှင်၊ သူ၏ အန္တရာယ်ပေးခြင်းခံရပြီး ထိန်းချုပ်ခံရလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင်သာ ကျွန်မတို့ အသက်ရှင်နိုင်ကြလိမ့်မည်ဖြစ်သည်ကိုလည်း ကျွန်မ သတိမူမိလာခဲ့သည်။ ဤအကြောင်းကို တွေးတောရင်း၊ ဘုရားသခင်ထံ ကျွန်မ သန္နိဌာန်တစ်ခု ချမှတ်ခဲ့သည်- ကျွန်မကို နှောင့်ယှက်ဖို့ စာတန်က မည်မျှ ကြိုးစားနိုင်ပါစေ၊ ကျွန်မ လုံးဝ အရှုံးပေးမည် မဟုတ်ပါ။ ဘုရားသခင်ကို ကျွန်မ လေးလေးနက်နက် ယုံကြည်ပြီး နောက်တော်သို့ လိုက်ပါမည်၊ ပြီးလျှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သည့် ပို၍ပင်များသော လူတို့ဆီ ကျွန်မ ဖြန့်ဝေပါမည်၊ သို့မှသာ သူတို့သည်လည်း ဘုရားသခင်၏ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ရရှိပြီး စာတန်၏ အန္တရာယ်ကို ဖယ်ရှားနိုင်မည်ဖြစ်သည်။

တစ်နေ့တွင်၊ မိတ်ဆွေတစ်ဦးကို ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အကြောင်း ကျွန်မ သက်သေခံခဲ့သည်။ သူမက ယင်းကို နောက်ထပ် လေ့လာချင်ခဲ့သောကြောင့် နောက်ရက်အနည်းငယ်တွင် ထိုအကြောင်းကို သူမနှင့်အတူ ဆွေးနွေးဖို့ ကျွန်မ စီစဉ်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ၊ နှစ်ရက်ကြာပြီးနောက်တွင် ကျွန်မ စတင် ရုတ်တရက် အလွန် အိပ်ချင်မူးတူး ဖြစ်ခဲ့သလို ကျွန်မ၏ ညာဖက်နားက အတွင်းအပြင် ရောင်ကိုင်းနေခဲ့သည်။ ထိုအရာက အလွန်နာကျင်သည်မှာ ကျွန်မ ထိပင်မထိနိုင်ခဲ့ပါ။ ယင်းက တုပ်ကွေး ရောဂါလက္ခဏာတစ်ခု ဖြစ်ရမည်ဟု ကျွန်မ တွေးခဲ့သည်၊ ထို့ကြောင့် ယင်းကို ကျွန်မ သိပ်များများစားစား မတွေးခဲ့ပါ။

တစ်ပတ်ကြာပြီးနောက် တစ်မနက်တွင်၊ ကျွန်မ မျက်နှာသစ်နေရင်း၊ ကျွန်မ၏ ညာဖက်မျက်နှာက ထုံထိုင်းသွားသည်ကို ကျွန်မ တွေ့လိုက်ရသည်၊ ကျွန်မ၏ ညာဖက်မျက်လုံးကို ကျွန်မ အဆုံးထိမပိတ်နိုင်ခဲ့ပါ၊ ကျွန်မ၏ မျက်ခုံးများကို ကျွန်မ မလှုပ်ရှားနိုင်သလို ကျွန်မ၏ ပါးစပ်က ရွဲ့သလိုဖြစ်ခဲ့သည်။ မှန်ထဲ ကျွန်မကိုယ်ကျွန်မ ကြည့်လိုက်သည့်အခါ၊ ကျွန်မက အယ်လ်ဇိုင်းမား ရောဂါရှိသည့် လူအိုတစ်ယောက်လိုဖြစ်နေသည်ကို ကျွန်မ သတိပြုမိလိုက်ရပြီး ကျွန်မက၊ “ငါ့ရဲ့ အကြားအာရုံက မသက်သာသေးသလို၊ အခု ငါ့မျက်နှာက လုံးဝ ရွဲ့နေတယ်။ ဒီအခြေအနေ အရင်က ငါ လုံးဝ မရှိခဲ့ဖူးဘူး။ ဒါဘယ်လို ဖြစ်သွားရတာလဲ” စဉ်းစားရင်း ကြောက်လန့်ခဲ့ရသည်။ ကျွန်မ အလွန်ကြောက်သောကြောင့် ဆေးရုံသို့ အလျင်အမြန်သွားခဲ့သည်။ ဆရာဝန်က ကျွန်မတွင် မျက်နှာပိုင်းဆိုင်ရာ သွက်ချာပါဒရောဂါရှိပြီး ကျွန်မ၏ အခြေအနေက အရမ်းဆိုးကာ၊ ကုသနိုင်မည် မကုသနိုင်မည်မှာ မသေချာကြောင်း ပြောလေသည်။ ထို့နောက်တွင်ပင်၊ အကြောက်တရားက ကျွန်မကို လွှမ်းခြုံသွားခဲ့ပြီး၊ “ဘယ်လိုဖြစ်ပြီး ဒီလို ဆိုးဝါးတဲ့ နာမကျန်းမှုကို ငါ ရရတာလဲ။ ငါ့ကို ကုသလို့မရနိုင်ဘူးဆိုရင် ငါ ဘာလုပ်ရမလဲ” ဟု တွေးမိခဲ့သည်။ ကျွန်မ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီး ဘုရားသခင်ထံ ကျွန်မ စဉ်ဆက်မပြတ် ဆုတောင်းခဲ့သည်- “အို ဘုရားသခင်၊ ကျွန်မ အရမ်းကြောက်ပါတယ်။ အို ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်မကို ကူညီမစတော်မူပါ၊ ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ ရှိတော်မူပါ...။” ဆုတောင်းပြီးနောက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲ ရောက်လာခဲ့သည်- “ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်လျက်နေသည်။ သူသည် စကြဝဠာ နှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေကြီး တစ်ခုလုံးပေါ်ရှိ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် မကြာခဏ နီးကပ်နေရမည် ဖြစ်ပြီး၊ သူ၏ရှေ့မှောက်သို့ တိတ်တဆိတ် ရောက်ရှိကြရမည် ဖြစ်သည်၊ ငါတို့သည် အခိုက်အတန့်ကာလတစ်ခုကိုပင် မည်သည့်အခါမျှ လက်မလွှတ်သင့်ပေ၊ အချိန်တိုင်းတွင် သင်ယူရမည့် အရာများ ရှိနေ၏။ ငါတို့၏ ပတ်လည်မှ ပတ်ဝန်းကျင်သာမက လူများ၊ အကြောင်းကိစ္စများ နှင့် အရာဝတ္ထုများ အားလုံးမှာ သူ၏ ပလ္လင်ထက်မှ အခွင့်ပေးထားခြင်း ဖြစ်သည်။ ညည်းညူသော စိတ်နှလုံး မရှိကြနှင့်၊ သို့မဟုတ်လျှင် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို သွန်းလောင်းလိမ့်မည် မဟုတ်ပေ။ နာမကျန်းဖြစ်သည့်အခါမျိုး၌၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ ယင်း၏ နောက်ကွယ်တွင် သူ၏ ကောင်းသော ရည်ရွယ်ချက်များကား မုချ ရှိနေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခကို ခံစားရလျှင်ပင်၊ စာတန်ထံမှ အတွေးအခေါ်များကို မယူနှင့်။ ဖျားနာခြင်း ကြားမှပင် ဘုရားသခင်အား ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း ကြားမှာပင် ဘုရားသခင်အား မွေ့လျော်လော့။ ဖျားနာစဉ် စိတ်ပျက်ခြင်း မရှိကြနှင့်၊ ဆက်၍ ရှာဖွေကာ လုံးဝ လက်မလျှော့ကြနှင့်၊ ထိုအခါ ဘုရားသခင်သည် သင်တို့အပေါ် သူ၏ အလင်းကို ထွန်းလင်းစေလိမ့်မည်။ ယောဘသည် မည်မျှ သစ္စာစောင့်သိခဲ့သနည်း။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာရာကို တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ဖြစ်လေသည်တကား။ နာမကျန်းမှုအတွင်း၌ တည်ခြင်းသည် ဖျားနာခြင်းအကြောင်း ဖြစ်၍၊ စိတ်ဝိညာဉ်အတွင်း၌ တည်ခြင်းသည် ကျန်းမာခြင်း အကြောင်း ဖြစ်၏။ အကယ်၍ သင့်ထံ၌ ထွက်သက်ဝင်သက် တစ်ခုမျှသာ ရှိဦးတော့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ သြဇာအာဏာရှိသော နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အားတို့ ပေးခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်က အရာအားလုံး တတ်စွမ်းနိုင်ပြီး အရာခပ်သိမ်းက သူ့လက်တော်ထဲမှာ ရှိတယ်။ ငါ့ အသက်နဲ့ သေခြင်းကိုလည်း သူ့လက်တော်ထဲမှာ သူ ထိန်းချုပ်ထားတယ်၊ ပြီးတော့ ငါ့ မျက်နှာ ပိုကောင်းလာမယ်၊ ပိုမကောင်းလာဘူးဆိုတာ ဘုရားသခင်ရဲ့ သဘောပဲ။ ဒီရောဂါနဲ့ ငါ ရုတ်တရက် ဘယ်လို ထိခိုက်ခံခဲ့ရတာလဲဆိုတာ ငါနားမလည်ပေမယ့်၊ အဲဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့ အလိုတော် ရှိတယ်လို့ ငါယုံကြည်တယ်။ ဘုရားသခင်ကို ငါ နားလည်မှုမလွဲရဘူး၊ အဲဒီအစား သူ့အပေါ် ယုံကြည်ခြင်း ရှိရမယ်။ ယောဘက အရာရာကို ဆုံးရှုံးသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်တဲ့ အနာစိမ်းတွေနဲ့ ပြည့်သွားတဲ့အချိန်မှာ၊ သူက ဘုရားသခင်အပေါ် သူ့ရဲ့ ယုံကြည်ခြင်းကို ဆက်ထားတုန်းပဲဖြစ်ပြီး နောက်ဆုံးမှာ ဘုရားသခင်အဖို့ သူ့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ ယောဘလို ငါဖြစ်ရမယ်။” ဤအရာကို တွေးရင်းဖြင့်၊ ကျွန်မ၏ ပူပန်သောကရောက်နေသည့် နှလုံးသားက သက်သာသွားခဲ့သည်။

နောက်ပိုင်းတွင်၊ ဘုရားသခင်ထံမှ အောက်ပါ နှုတ်ကပတ်တော်များကို ကျွန်မ တွေ့ခဲ့သည်- “ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက်သူများသည် သူတို့အလုပ်၏ စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာမူ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံနိုင်စွမ်းရည် မရှိကြပေ။ အနှေးနှင့်အမြန်ပင် သူတို့သည် ထုတ်ပယ်ခြင်း ခံရကြလိမ့်မည်။ ထိုအချိန်တွင် အောင်နိုင်သူများက နိုင်ငံတော်တွင် တည်ရှိနေလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ သို့မဟုတ် မရှာဖွေသည်ကို သူ့အလုပ်၏ စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စစ်ဆေးမှုများဖြင့် ဆုံးဖြတ်ပေးပြီး လူက မိမိကိုယ်တိုင် ချမှတ်သည့် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည့် လူသားကို အကြွင်းမဲ့ လက်ခံယုံကြည်လာအောင် ပြုနိုင်စွမ်းရှိသည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားက မယုံကြည်နိုင်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ပါ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ သို့မဟုတ် မမှန်သည်ကို အချက်အလက်များအားဖြင့် သက်သေပြသည်၊ ယင်းကို လူသားအနေဖြင့် မဆုံးဖြတ်နိုင်ပါ။ ‘ဂျုံစပါးပင်ကို ပေါင်းပင်ဖြစ်အောင် မပြုလုပ်နိုင်သကဲ့သို့၊ ပေါင်းပင်များကိုလည်း ဂျုံစပါးပင်ဖြစ်အောင် မပြုလုပ်နိုင်ပါ’ ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်အတွင်း တည်ရှိနေလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို နှိပ်စက်မည် မဟုတ်ပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု”) ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့်၊ သူ့ကို ယုံကြည်သည့် လူတစ်ဦးစီတိုင်းကို ဘုရားသခင်က မချီးကျူးကြောင်း ကျွန်မ နားလည်ခဲ့သည်။ သူ ကယ်တင်မည့်သူများမှာ သူ့နောက်ကို စိတ်ရင်းအတိုင်း လိုက်လျှောက်သူများ၊ မည်သည့် နာကျင်မှု သို့မဟုတ် ဆင်းရဲဒုက္ခများကို ကြုံရပါစေ သူ့ကို မစွန့်သည့်သူများနှင့် စမ်းသပ်မှုများအတွင်းတွင် သူ့အတွက် သက်သေခံနိုင်သည့်သူများဖြစ်ကြလေသည်။ တစ်နည်းအားဖြင့်၊ သူ၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ဟူသည့် အကြံဖြင့် ဘုရားသခင်၌ ယုံကြည်ရုံမျှယုံကြည်သော ထိုအယောင်ဆောင်သော ယုံကြည်သူများသည် ဖော်ထုတ်ခံရမည်ဖြစ်ပြီး စမ်းသပ်မှုများအတွင်းတွင် သုတ်သင်ဖယ်ရှားခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ချင့်ချိန်စဉ်းစားသည်နှင့်အမျှ၊ ယောဘအကြောင်းကို ကျွန်မ တစ်ဖန် တွေးမိခဲ့သည်။ သူ၏ စမ်းသပ်မှုများအတွင်းတွင်၊ သူ၏ ပစ္စည်းဥစ္စာများ၊ သူ၏ သားသမီးများကို သူ ဆုံးရှုံးခဲ့ရပြီး သူ၏ တစ်ကိုယ်လုံးက အနာစိမ်းများဖြင့် ပြည့်သွားခဲ့သည်၊ သို့တိုင် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းကို သူ မပျောက်ဆုံးခဲ့ဘဲ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘဝတ္တု ၁:၂၁) “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္တု ၂:၁၀) ဟု ဆိုလျက် ယေဟောဝါ ဘုရားသခင်၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းထောမနာပြုရင်း၊ ဘုရားသခင်ကို ကြောက်ရွံ့သည့်၊ ဘုရားသခင်ကို နာခံသည့် စိတ်နှလုံး ထိန်းသိမ်းခဲ့သည်။ ဤစကားများကို ပြောဆိုခြင်းဖြင့်၊ ဘုရားသခင်အဖို့ ထူးကဲပြီး လှပသည့် သက်သေကို သူ ခံခဲ့ပြီး စာတန်ကို အရှက်ရစေခဲ့သည်။ ထို့နောက် အာဗြဟံ ရှိပါသည်။ ဘုရားသခင်က သူ၏ တစ်ဦးတည်းသော သား ဣဇာက်ကို မီးရှို့ရာယဇ်တစ်ခုအဖြစ် ပူဇော်ဖို့ တောင်းဆိုခဲ့ချိန်တွင်၊ သူ၏ နှလုံးသားက နာကျင်မှုဖြင့် ထိခိုက်သော်လည်း၊ သူ မညည်းညူ သို့မဟုတ် အာမခံခဲ့သလို၊ ဘုရားသခင်နှင့် မငြင်းခုံခဲ့ပါ။ ယင်းအစား၊ ဘုရားသခင်ကို အကြွင်းမဲ့ နာခံခဲ့သည်၊ သစ္စာရှိသော သက်သေကို ခံခဲ့ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် ကတိတော်တို့ကို ရရှိခဲ့သည်။ ထို့နောက် ကျွန်မအပေါ် ကျရောက်သည့် ဤရောဂါသည် နောက်ထပ် ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုဖြစ်သည်၊ ယင်းနောက်တွင် စာတန်က ကျွန်မကို စုံစမ်းနှောင့်ယှက်ဖို့ ကြိုးစားနေသည်ကို ကျွန်မ နားလည်ခဲ့ရသည်။ ထိုအရာမှာ ဘုရားသခင်၌ ကျွန်မ စစ်မှန်သည့် ယုံကြည်ခြင်း ရှိ မရှိဆိုသည်နှင့် ဘုရားသခင်၌ ကျွန်မသည် စစ်မှန်သော ယုံကြည်သူ ဟုတ် မဟုတ်ဆိုသည်ကို မြင်ရဖို့ရန် ဘုရားသခင်က ကျွန်မကို စစ်ဆေးနေခြင်းလည်း ဖြစ်သည်။ ဘုရားသခင်ကို ကျွန်မ စတင်ယုံကြည့်ခဲ့သည့်အချိန်မှစ၍ အချိန်ကာလတစ်လျှောက်လုံးကို ပြန်စဉ်းစားကြည့်သည့်အခါ၊ အသင်းတော် အစည်းအဝေးများအတွင် အိပ်ငိုက်နေခြင်းမှ ကျွန်မ၏ ခေါင်းက အိပ်ချင်မူးတူးခံစားရကာ ကျွန်မ၏ နားက ရောင်ကိုင်းနေပြီးနောက် မျက်နှာသွက်ချာပါဒရောဂါ ခံစားရခြင်းအထိ၊ စာတန်က ကျွန်မကို နှောင့်ယှက်ဖို့ အစဉ်အမြဲ ကြိုးစားခဲ့သည်ကို ကျွန်မ နားလည်လိုက်ရသည်- စာတန်၏ အနှောင့်အယှက် အသီးသီးက နောက်ဆုံးတစ်ခုထက် ပိုပြင်းထန်ခဲ့လေသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်မ လက်ခံဖို့အခွင့်ပေးရန် စာတန်က မလိုက်လျောခဲ့ဘဲ၊ ကျွန်မ ဖောက်ပြန်ဖျက်ဆီးခံရဖို့နှင့် အလိုကျ ကစားခံရဖို့ရန်၊ သူ၏ ထိန်းချုပ်မှုအောက်နှင့် သူ၏ ချုပ်ကိုင်မှုအတွင်းတွင် ကျွန်မကို ဆက်ထားချင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုမှတဆင့်၊ စာတန်၏ စက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များကို သိမြင်မှုအချို့ ကျွန်မ ရှိလာခဲ့ပြီး၊ နောက်တစ်ဖန် သူ၏ ကောက်ကျစ်သော အကြံအစည်ထဲတွင် သားကောင်အဖြစ် သက်ဆင်းရမည်မဟုတ်ဘဲ ကျွန်မ၏ နှလုံးသားကို ဘုရားသခင်ထံ ပေးရမည်ဖြစ်ကာ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရမည်ဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ ဤအရာကို တွေးရင်းဖြင့်၊ ကျွန်မ၏ ရောဂါ၏ ဖိစီးခြင်းကို ကျွန်မ မခံစားရတော့ဘဲ၊ ကြီးမားသည့် စိတ်အေးသက်သာမှုနှင့် လွတ်မြောက်မှု အသိစိတ်တစ်ခုကို ကျွန်မ ခံစားခဲ့ရသည်။ ထို့နောက် ဘုရားသခင်ထံ ကျွန်မ၏ ရောဂါကို ကျွန်မ အပ်နှံခဲ့ပြီး ဤသန္နိဌာန်ကို ကျွန်မ ချမှတ်ခဲ့သည်- ကျွန်မ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ဘုရားသခင်ကို ကျွန်မ အပြစ်တင်မည်မဟုတ်၊ ငြင်းပယ်မည်မဟုတ်ဘဲ၊ တကယ့်အဆုံးထိ ဘုရားသခင်နောက် ကျွန်မ လိုက်မည်။

ဘုရားသခင်အတွက် သက်သေခံဖို့ ကျွန်မ လိုလားလာသည့်အချိန်တွင်၊ ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်ချက်များကို ကျွန်မ မျက်မြင်ကြုံတွေ့ခဲ့ရသည်။ တစ်ပတ်ကြာပြီးနောက်၊ ကျွန်မ၏ မိတ်ဆွေတစ်ဦးဖြစ်သူ ဆရာဝန်က ကျွန်မ၏ အခြေအနေကို သိသွားခဲ့ပြီး အပ်စိုက်ကုထုံးအတွက် သူမဆီ လာဖို့ ကျွန်မကို အကြံပေးခဲ့သည်။ ကျွန်မ သူငယ်ချင်း၏ အကြံက ဘုရားသခင်ထံမှ လာခြင်း ဖြစ်နိုင်သည်ဟု ကျွန်မ တွေးခဲ့သည်၊ ထို့ကြောင့် စမ်းကြည့်ဖို့ ကျွန်မ သဘောတူခဲ့သည်။ အံ့အားသင့်ဖွယ်ရာပင်၊ အပ်စိုက်ကုထုံးဖြင့် သုံးပတ်ခန့်မျှသာ ကုသပြီးနောက်တွင်၊ ကျွန်မ၏ မျက်နှာက တဖြည်းဖြည်း စတင်သက်သာလာခဲ့သည်။ ထို့နောက် အပ်စိုက်ကုထုံးအတွက် ကျွန်မ မသွားတော့ဘဲ ကျွန်မ၏ ရောဂါကို ကိုယ်တော်၏ လက်တော်ထဲ အပ်နှံရင်းနှင့် ကျွန်မ သက်သာလာမည့်အချိန်နှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးဖို့ ဘုရားသခင်ကို ကိုးစားရင်း ကျွန်မ ဘုရားသခင်ဆီကိုသာ စဉ်ဆက်မပြတ် ဆုတောင်းခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ တစ်လမကုန်ခင်၊ ကျွန်မ၏ မျက်နှာသွက်ချာပါဒရောဂါမှာ လုံးဝ ပျောက်ကင်းသွားခဲ့သည်။ ကျွန်မ သူငယ်ချင်းပင်လျှင် အံ့အားသင့်ခဲ့ပြီး ကျွန်မ၏ အခြေအနေ အလွန်လျင်မြန်စွာ ပိုကောင်းသွားဖို့မှာ မဖြစ်နိုင်ဟု ပြောခဲ့သည်။ ဘုရားသခင်က ကျွန်မအတွက် ထွက်ပေါက်တစ်ခု ဖွင့်ပေးခဲ့သည်ကို ကျွန်မ သိခဲ့ပြီး ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက်၊ အလုပ်သစ်တစ်ခုကို ပြောင်းသွားပြီးနောက် သြစတေးလျသို့ ကျွန်မ ပြောင်းရွှေ့ခဲ့သည်။ အသင်းတော်ထဲက ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် ကျွန်မ အဆက်အသွယ်လုပ်ခဲ့ပြီးသည့်နောက်၊ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပြင် အွန်လိုင်း အစည်းအဝေးများတက်ဖို့ရန် လိုအပ်သည့် ဆော့ဖ်ဝဲကို ကျွန်မအား ကူပြီး ဒေါင်းလုတ်ပြုလုပ်ပေးဖို့ရန် ကျွန်မ အိမ်ဆီသို့ လာခဲ့ကြသည်။ အံ့အားသင့်ဖွယ်ရာပင်၊ ဤဆော့ဖ်ဝဲကို ကျွန်မ ဒေါင်းလုပ်ပြီးလျှင်ပြီးချင်း၊ ရုတ်တရက် ကျွန်မ၏ ခေါင်းထဲတွင် နာကျင်မှု စတင်ခံစားခဲ့ရပြီး ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးဖြင့် ပြည့်သွားခဲ့သည်။ ဆိုဖာပေါ် ကျွန်မ ချက်ချင်း လှဲချလိုက်သည်၊ ကျွန်မ အားအင် အလွန်အမင်း ကုန်ခန်းသွားခဲ့ပြီး အစိတ်စိတ်အမြွာမြွာ ပြိုလဲသွားသလို ခံစားခဲ့ရသည်။ ကျွန်မ၏ ခေါင်းထဲတွင် တစ်ခုခု ကြီးထွားလာနေသကဲ့သို့ ခံစားရလုနီးပါးဖြစ်ခဲ့ပြီး နာကျင်မှုဖြင့် ကျွန်မ၏ ခေါင်းကို လက်နှစ်ဖက်စလုံးနှင့် ဆုပ်ထားခဲ့သည်။ ကျွန်မ ရောက်နေသည့် အခြေအနေကို အသင်းတော် ညီအစ်ကို များထဲမှာ တစ်ဦးက တွေ့သွားပြီး ဤသည်မှာ စာတန်က ကျွန်မကို နှောင့်ယှက်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်ဟု ပြောရင်း ကျွန်မကို ချက်ချင်း မိတ်သဟာယပြုပေးခဲ့သည်။ ဘုရားသခင်ထံ သာ၍ဆုတောင်းရန်၊ ကျွန်မ၏ ယုံကြည်ခြင်းကို ထိန်းသိမ်းရန် နှင့် ဘုရားသခင်အတွက် သက်သေရပ်တည်ပြီး စာတန်၏ ကောက်ကျစ်သော အကြံအစည်များဆီ သားကောင်အဖြစ်မခံရန် ကျွန်မကို သူပြောခဲ့သည်။ ညီအစ်ကို၏ သတိပေးချက်က ကျွန်မအပေါ် ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခု နောက်တစ်ဖန်ဖြစ်ခဲ့သည်ကို ကျွန်မကို နားလည်စေခဲ့သည်၊ ထို့ကြောင့် ကျွန်မ ချက်ချင်း ဘုရားသခင်ထံ ကျွန်မ၏ စိတ်နှလုံးထဲတွင် တိုးဝင်ချဉ်းကပ်ပြီး ကျွန်မ နားထောင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ရွတ်ဆိုမှုတစ်ခုကို ဖွင့်ပေးဖို့ ထိုညီအစ်ကိုကို ကျွန်မ တောင်းဆိုခဲ့သည်။ အဆက်မပြတ် ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းတို့မှတဆင့်၊ နာကျင်မှုက အနည်းငယ် စတင်သက်သာလာခဲ့သည်။ သို့သော် ထိုညနေတွင် ကျွန်မခေါင်းထဲက နာကျင်မှုက ပိုဆိုးသွားခဲ့သည်။ ကျွန်မ၏ ခေါင်းက ကွဲတော့မည်ကဲ့သို့ ကျွန်မ ခံစားခဲ့ရပြီး နာကျင်မှုတွင် မူးနှောက်သည့် ခံစားချက်တစ်ခု လိုက်ပါလာခဲ့ပြီး ယင်းက ကျွန်မကို အလွန်မူးစေခဲ့သည်မှာ ကျွန်မ အော့အန်ခဲ့ရသည်။ ကျွန်မ အလွန်နာကျင်ပြီး ဆင်းရဲဒုက္ခရောက်ခဲ့သည်။ “ငါ အရမ်းမူးလွန်းတယ်။ ဒီညကို ငါ ကျော်ဖြတ်နိုင်ပါ့မလား” ဟု တွေးရင်း ကျွန်မ မငိုဘဲမနေနိုင်ခဲ့ပါ။ ထိုအရာကို ကျွန်မ တွေးလေလေ၊ ကျွန်မ ကြောက်လာလေလေဖြစ်ခဲ့ပြီး ကျွန်မ ရုတ်တရက် အားနည်းကာ သေဆုံးသွားမည်ကို ကျွန်မ တကယ်စိုးရိမ်မိသွားခဲ့သည်။ သို့သော် ဤအတွေးများက ကျွန်မကို နှောင့်ယှက်ဖို့ စာတန် ကြိုးစားနေခြင်းဖြစ်သည်ကို ကျွန်မ သိခဲ့သလို၊ ယခင်ကဲ့သို့ ဘုရားသခင်ကို ကျွန်မ အပြစ်တင်ရမည်မဟုတ်သည်ကို ကျွန်မ သိခဲ့သည်။ ထို့ကြောင့်၊ ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခု ကျွန်မ တောင်းခဲ့သည်- “ အို ဘုရားသခင်၊ ကျွန်မ ခုချိန်မှာ အရမ်းကို ဆင်းရဲဒုက္ခခံစားနေရပါတယ်။ စာတန်က ကျွန်မကို ဘာကြောင့် အမြဲ အလွတ်မပေးတာလဲဆိုတာ ကျွန်မ မသိပါဘူး၊ ပြီးတော့ ဒီရောဂါက ဘယ်လောက်ကြာဦးမလဲဆိုတာ ကျွန်မ မသိပါဘူး။ ဒါပေမယ့် ဒီဘဝမှာ ကိုယ်တော့်ကို ယုံကြည်ရတာကို ကျွန်မ နောင်တမရပါဘူး၊ ပြီးတော့ ကျွန်မ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရပါစေ၊ ကိုယ်တော့်ကို ကျွန်မ လုံးဝ အပြစ်တင်မှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကိုယ်တော်ဟာ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်ဖြစ်တယ်ဆိုတာ ကျွန်မ သေချာလို့ပါ၊ ပြီးတော့ ကိုယ်တော့်ကို ကျွန်မ ယုံကြည်ပြီး ကိုးကွယ်ပါမယ်။” ကျွန်မ၏ စိတ်နှလုံးထဲတွင် ဤပုံစံဖြင့် ဘုရားသခင်ထံ ကျွန်မ ထပ်တလဲလဲ ဆုတောင်းခဲ့သည်။ ထို့နောက်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် စာတစ်ကြောင်းက စိတ်ထဲ ရုတ်တရက် ရောက်လာခဲ့သည်- “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်းဖြင့် ပြုလုပ်ထားသော တံတား တစ်ခုကဲ့သို့ ဖြစ်သည်၊ အသက်ကို မလွတ်တမ်း ဖက်တွယ်ထားသူတို့သည် ၎င်းတံတားကို ဖြတ်ကူးရန် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် စိုးရိမ်မှု မရှိဘဲ ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ထိတ်လန့်တုန်လှုပ်ခြင်းကို သက်သာစေခဲ့ပြီး ကျွန်မ၏ ဆင်းရဲဒုက္ခခံရသည့်၊ ဂနာမငြိမ်ဖြစ်နေသော စိတ်နှလုံးကို တည်ငြိမ်သွားစေခဲ့သည်။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုလည်း ၎င်းတို့က ပြသခဲ့သည်။ ကျွန်မ၏ ဘဝကို ပေးဖို့ လိုလားခြင်းဖြင့်သာ စာတန်ကို ကျွန်မ အရှက်ရစေနိုင်ပြီး ရှုံးနှိမ့်မှုကို လက်ခံစေနိုင်ပေသည်။ ကျွန်မ၏ ခန္ဓာကို ကျွန်မ အမြဲ လွန်စွာ တန်ဖိုးထားခဲ့ပြီး ကျွန်မ၏ အသက်ကို အခြားမည်သည့်အရာမဆိုထက် ပိုအရေးကြီးသည်ဟု သဘောထားခဲ့ပုံကို ကျွန်မ တွေးမိခဲ့သည်။ စာတန်က ကျွန်မ၏ အားနည်းချက်များကို သိခဲ့သောကြောင့်၊ ကျွန်မကို ဘုရားသခင်အား အပြစ်တင်စေပြီး သစ္စာဖောက်စေဖို့ ကြိုးစားရင်း ကျွန်မကို နှောင့်ယှက်ဖို့နှင့် တိုက်ခိုက်ဖို့ ကျွန်မ ခန္ဓာ၏ နာမကျန်းဖြစ်ခြင်းကို သူ အသုံးပြုခဲ့လေသည်။ သို့သော် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် အတားအဆီးများကို အကြိမ်ကြိမ် တွေ့ကြုံပြီးသည့်နောက်တွင်၊ ဤအရာများသည် ကျွန်မကို စမ်းသပ်ဖို့နှင့် ဘုရားသခင်ရှေ့ လာရောက်ခြင်းမှ ကျွန်မကို တားဆီးဖို့ စာတန်အသုံးချသည့် ကောက်ကျစ်သော အကြံအစည်များသာဖြစ်ကြောင်းနှင့် ၎င်းတို့သည် ကျွန်မကို စမ်းသပ်သည့် ဘုရားသခင်၏ နည်းလမ်းလည်းဖြစ်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ သန္နိဌာန်တစ်ခု ချမှတ်ခဲ့သည်- “ကျွန်မကို နှောင့်ယှက်ဖို့ စာတန်က ဘယ်လိုပဲ ကြိုးစားပါစေ ဒါမှမဟုတ် ကျွန်မရဲ့ ခန္ဓာက ဘယ်လိုပဲ ဆင်းရဲဒုက္ခခံရပါစေ၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို ကျွန်မ ဖက်တွယ်မှာဖြစ်ပြီး တကယ့်အဆုံးထိ ကိုယ်တော့်နောက် ကျွန်မလိုက်ပါ့မယ်။” ကျွန်မ၏ အသက်ကို စွန်ဖို့အထိပင် ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ လိုလားလာသည့်အချိန်တွင်၊ ကျွန်မ၏ ခေါင်းထဲက နာကျင်မှုက တဖြည်းဖြည်း ပျောက်သွားခဲ့ပြီး ကျွန်မ၏ ကျန်းမာရေးက အရင်တုန်းကလို ကောင်းမြဲကောင်းခဲ့သည့်အတွက်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်၊

ကျွန်မကို နှောင့်ယှက်ရန်နှင့် စုံစမ်းရန် စာတန်၏ ထပ်တလဲလဲ ကြိုးပမ်းမှုများအတောအတွင်းတွင်၊ ကျွန်မ၏ ခန္ဓာကိုယ်က အတိုင်းအတာတစ်ခုထိ အမှန်ပင် ဒုက္ခခံခဲ့ရသော်လည်း၊ ထိုအရာအားလုံးက အဖိုးတန်ပြီး အဓိပ္ပါယ်ရှိသကဲ့သို့ ကျွန်မ ခံစားခဲ့သည်။ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို တွေ့ကြုံခြင်းအားဖြင့်၊ စာတန်၏ စက်ဆုပ်ဖွယ်ကောင်းပြီး ဆိုးယုတ်သော အကျည်းတန်သည့် မျက်နှာထားအပြင်၊ ယင်းက လူတို့ကို မည်သို့ အန္တရာယ်ပြုပြီး နာကျင်စေသည်ဆိုသည့် အမှန်တရားကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ ဘုရားသခင်ကို ကျွန်မတို့ နားလည်မှုလွဲပြီး အပြစ်တင်စေဖို့နှင့် ဘုရားသခင်ကို သစ္စာပင်ဖောက်ကာ ဘုရားသခင်၏ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ဆုံးရှုံးစေဖို့ အချည်းနှီး ကြိုးပမ်းလျက်၊ ကျွန်မတို့ကို တိုက်ခိုက်ရန်နှင့် စုံးစမ်းနှောင့်ယှက်ရန်အလို့ငှာ ကျွန်မတို့၏ အားနည်းချက်ကိုပင် အသုံးချလျက် စာတန်က လက်သီးပုန်းထိုးသော နည်းမျိုးစုံကို အသုံးပြုသည်ကို ကျွန်မ မြင်ခဲ့ရသည်။ စာတန်သည် အလွန် ဆိုးယုတ်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည်။ ကျွန်မ၏ အတွေ့အကြုံများအတွင်းတွင်၊ ဘုရားသခင်က ကျွန်မကို သူ၏ အလိုတော်ကို နားလည်နိုင်စေလျက် စာတန်၏ ကောက်ကျစ်သော အကြံအစည်များကို ထွင်းဖောက်မြင်နိုင်စေပြီး ဘုရားသခင်အတွက် သက်သေရပ်တည်ရန် ယုံကြည်ခြင်းရှိနိုင်စေဖို့ ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်က ကျွန်မ၏ နဘေးတွင် ရှိသည်ဟု ကျွန်မ အမြဲခံစားခဲ့ရသည်။ ဘုရားသခင်၏ ဉာဏ်ပညာက စာတန်၏ ကောက်ကျစ်သော အကြံအစည်များအပေါ် အခြေပြုပြီး ထာဝရ ကျင့်သုံးသည်ဆိုသည်နှင့် ဘုရားသခင်က ကျွန်မတို့ကို စစ်ဆေးဖို့ နှင့် သူ့အပေါ် ကျွန်မတို့၏ ယုံကြည်ခြင်းနှင့် သူ့အတွက် ကျွန်မတို့၏ ချစ်ခြင်းမေတ္တာတို့ကို စုံလင်စေဖို့ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် ကောက်ကျစ်သော အကြံအစည်များ အသုံးပြုသည်ဆိုသည့် အချက်ကို ကျွန်မ အမှန်တကယ် မျက်မြင်တွေ့ကြုံခဲ့သည်- ကျွန်မအတွက် ဘုရားသခင် ရှိသည့် ချစ်ခြင်းမေတ္တာကို ကျွန်မ အမှန်တကယ် အသိအမှတ်ပြုလာရပြီး ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ရှိကာ ချီးမွမ်းမိပါသည်။

ယခင်က:ဘုရားသခင်၏ နှုတ်ကပတ်တော်များက စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ဖြတ်၍ ကျွန်မကို လမ်းပြခဲ့သည်

နောက်တစ်ခုသို့:ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ