အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် ဘုရားသခင်၏စိတ်နေသဘောထား၏ ဖော်ပြချက် ဖြစ်သည်

ဟူကီ၊ ရှန်ဒုံစီရင်စု

ဘုရားသခင်မှ မိန့်မြွက်သည့် ဤနှုတ်ကပတ်တော်တို့ကို မြင်သည့်အခါတိုင်းတွင် ကျွန်မသည် စိုးရိမ်ပူပန်မှုကို ခံစားရသည်။ “ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။ ငါ၏ နှုတ်ကပတ်တော်တို့ကို သေချာစွာ တွေးဆပါက သင်တို့သည် ၎င်းတို့မှ ကြီးစွာသော အကျိုးအမြတ်ကို မုချရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏”) ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းသည် လူ၏ ဘုရားသခင်အပေါ် နားလည်ခြင်းနှင့် ဘုရားသခင်အား ချစ်မြတ်နိုးရန်၊ ကျေနပ်စေရန် လူတို့ အားထုတ်ကြိုးပမ်းခြင်းနှစ်ခုလုံးအတွက် အလွန်အရေးကြီးသည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်သည့်အခါတွင် ဘုရားသခင်၏ စိတ်နေသဘောထားသည် စိတ်ကူးသဘော ဆန်လွန်းသည်ဟု ကျွန်မ အမြဲတမ်းခံစားရပြီး မည်သို့ နားလည်အောင်လုပ်ရမည်ကို ကျွန်မ မသိခဲ့ပေ။ နောက်ပိုင်းတွင် ကျွန်မ၏ အသင်းတော်ခေါင်းဆောင်မှ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့မှ ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ မုန်းတီးသည့်အရာတို့ကို ကျွန်မ နားလည်သင့်သည်ဟု သိလာခဲ့ရသောကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်လာသည်။ နောက်ပိုင်းတွင် ကျွန်မသည် ဤအချက်ကို လက်တွေ့ကျင့်သုံးရန် ကြိုးစားခဲ့ပြီး ရလဒ်အချို့ တွေ့မြင်လာခဲ့ရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် ပတ်သက်၍ ကျွန်မသည် လုံးဝ ရှုပ်ထွေးနေသည်ဟု ခံစားရဆဲဖြစ်သည်။ “ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။” ပြီး ဘုရားသခင်၏ စိတ်နေသဘောထားကို တိတိကျကျ မည်သို့ နားလည်ရမည်ကို လုံးဝ မသိခဲ့ပါ။

တစ်နေ့တွင် ကျွန်မသည် တရားဒေသနာတစ်ခုတွင် ဤနှုတ်ကပတ်တော်တို့ကို ဖတ်ရသည်။ “ဘုရားသခင်၏ စိတ်နေသဘောထားတွင် ရှုထောင့်များစွာ ပါဝင်သည်။ ၎င်းတွင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများ၊ ဘုရားသခင်၏ စဉ်းစားမှုနှင့် ဉာဏ်ပညာတို့ ပါဝင်သည်။ ၎င်းတွင် လူမျိုးစုံတို့အတွက် ဘုရားသခင်၏ အပြုအမူဆက်ဆံပုံများပါဝင်ပါသည်။ ဉပမာအားဖြင့် ဘုရားသခင်၏ သနားစိတ်နှင့် ဂရုစိုက်စောင်မမှုများကဲ့သို့ စိတ်ခံစားချက်နှင့် ပတ်သက်သည့် အရာများအပြင်၊ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ပုန်ကန်မှုနှင့် အာခံမှုများအပေါ် ဘုရားသခင်၏ အမျက်ဒေါသ တို့ကဲ့သို့သော အရာများဖြစ်ပါသည်။ ဘုရားသခင်၏ ဝါကျတိုင်းတွင် ဘုရားသခင်၏ စဉ်းစားမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ဘုရားသခင်၏ စိတ်ကူးထင်မြင်ချက်များ စသည်တ့ပါဝင်သည်က တစ်ကြောင်း၎င်းတို့အားလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် နောက်ခံအချက်အလက်တို့ပါဝင်သည်ကတစ်ကြောင်း၊ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ပြုမူဆက်ဆံပုံတို့ကို အလိုအလျောက် ဖော်ပနေပြီးလျှင် အခြေခံအုတ်မြစ် မပါရှိသည့်ဝါကျတစ်ကြောင်းပင် မရှိကတစ်ကြောင်း စသည်တို့ကြောင့် ဝါကျစာကြောင်းတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါဝင်ခြင်းသည် အလွန်ပင် ပင်ကိုယ်သဘောဆန်သည့်အရာတစ်ခုဖြစ်သည်။ လူသားတို့ပြောသည့် စကားလုံးတိုင်းသည် ၎င်းတို့၏ စိတ်သဘောထားကို ဖော်ပြသည်။ ထို့ကြောင့် ဘုရားသခင်၏ စကားလုံးတိုင်းတွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပို၍ပင် ပါမည်မဟုတ်ပါလား။ ဤသည်မှာ နားလည်သဘောပေါက်ရန် လွယ်ကူသော်လည်း ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့ရှာဖွေပြီး သိရှိရမည်ဆိုသည်မှာ လူများ စိတ်ကူးထင်မြင်သကဲ့သို့ လွယ်ကူခြင်းမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်သောအခါတွင် နားလည်သိရှိရန် လုံလောက်စွာ မကြိုးစားပါကလည်းကောင်း၊ လုံလောက်သည့် အားထုတ်မှု မပြုပါကလည်းကောင်း၊ သို့မဟုတ် လုံလောက်သည့် အတွေ့အကြုံမရှိပါကလည်းကောင်း ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် မဆိုထားနှင့် သတိပြုမိရန်ပင်လွယ်ကူမည်မဟုတ်ပေ။ ဤအချိန်တွင် လိုအပ်သည့်အရာမှာ လူသည် ဘုရားသခင်ရှေ့တွင် သူတို့ကိုယ်သူတို့ တိတ်ဆိတ်စွာနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူတို့၏ နှလုံးသားကို အလုံးစုံ အပ်နှံရန်၊ နှင့် ဆုတောင်းနေစဉ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ကြားပြီး နားလည်သိရှိဖို့ ကြိုးစားရန်ဖြစ်သည်။ သို့ပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၏ နောက်ကွယ်ရှိ စိတ်သဘောတည်ဆောက်ပုံကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလိမ့်မည်။ ဤသည်မှာ အသက်တာဝင်ရောက်ခြင်း၏ အစဖြစ်သည်။” (အထက်မှ မိတ်သဟာယဖွဲ့ခြင်း) ဤ မိတ်သဟာယဖွဲ့ခြင်းကို ကျွန်မဖတ်ရသည့်အခါတွင် အားလုံးကို နားလည်သွားခဲ့သည်။ သိလာရသည်မှာ ဘုရားသခင် လုပ်ဆောင်သည့် သို့မဟုတ် ပြောဆိုသည့် မည်သည့်အရာမှ အခြေအမြစ်မရှိခြင်း မရှိပါ။ ဤသို့မဟုတ်ဘဲ ၎င်းတို့သည် ဘုရားသခင်၏ အသက်တာသည် မည်သည့်အရာဖြစ်ကြောင်းကို ဖော်ပြထားသည့် ပင်ကိုယ်သဘောအတိုင်း ဖော်ပြချက်များပင်ဖြစ်သည်။ ၎င်းတို့အားလုံးတွင် ဘုရားသခင်၏ စဉ်းစားတွေးတောမှုနှင့် ဉာဏ်ပညာတို့ပါဝင်သည်။ ၎င်းတို့အားလုံးတွင် ဘုရားသခင်၏ မိန့်မြွက်ချက်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင် ရယူလိုသည့် ရလဒ်ပါဝင်သည်။ တချိန်တည်းမှာပင် ၎င်းတို့သည် အကြောင်းကိစ္စအားလုံးအပေါ်တွင် ဘုရားသခင်၏ အမြင်ကို ဖော်ပြသည်။ လူတို့၏ ပုံစံအားလုံးတို့အပေါ် ဘုရားသခင်၏ သဘောထားကိုဖော်ပြသည်။ ထို့အပြင် ဤအချက်အလက်တစ်ခုချင်းစီတိုင်းသည် ဘုရားသခင်၏ အသက်တာ၏ အနှစ်သာရ အတိအကျဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ စိတ်သဘောထားကို သိလိုလျှင် ထိုလူတစ်ယောက်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏ အတွေးနှင့် စိတ်ကူးများ၊ ဘုရားသခင်၏ စဉ်းစားခြင်းနှင့် ဉာဏ်ပညာတို့အပြင် လူပေါင်းစုံတို့အပေါ် ဘုရားသခင်၏ သဘောထား စသည်တို့ကို သိရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ကြိုးပမ်းရှာဖွေရမည်။ တစ်ဘက်မှ ကြည့်လျှင် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် ကျွန်မ၏ နားလည်မှုသည် ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာနှင့် မုန်းတီးသည့်အရာများဖြင့်သာ ကန့်သတ်ထားသည်။ ဤနားလည်မှုမျိုးသည် တစ်ဖက်သတ်ဆန်လွန်းသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်မ ဆုတောင်းဖတ်ရှုခြင်းနှင့် ဆင်ခြင်ခြင်းတို့သည် ဦးတည်ချက် သို့မဟုတ် ရည်ရွယ်ချက် မရှိခဲ့သည့်အပြင် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် မည်သည့်ရှုထောင့်မှ လုပ်ဆောင်သင့်သည်ဆိုသည်ကို မသိရှိခဲ့သောကြောင့် ကျွန်မ ရရှိသည့် အကျိုးအမြတ်တို့သည် အလိုအလျောက် နည်းပါးလာခဲ့သည်။ ထို့အပြင် ဘုရားသခင်၏ ဝါကျစာကြောင်းတိုင်းမှ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်လိုပါက ဘုရားသခင်၏ ရှေ့တော်မှောက်တွင် တိတ်ဆိတ်စွာနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို နားလည်သိရှိရန် အလွန်ပင် ပို၍ ကြိုးစားအားထုတ်မှုပြုလုပ်ဖို့ လိုအပ်သည်ကိုလည်း ကျွန်မ နားလည်ခဲ့သည်။ ထို့အပြင် ကျွန်မသည် ပို၍ဆုတောင်းဖို့လိုအပ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်းတို့ကို ရှာဖွေဖို့လိုအပ်သည်။ သို့မှသာ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်မိန့်မြွက်ခဲ့သောအရာနောက်ကွယ်ရှိ စိတ် အခြေခံသဘောတရားကိုလည်းကောင်း၊ ဘုရားသခင်၏ လုပ်ဆောင်မှုတို့နောက်ကွယ်ရှိ နောက်ခံအကြောင်းအရင်းနှင့် အရင်းအမြစ်တို့ကိုလည်းကောင်း စသည်တို့ကို နားလည်နိုင်မည်။

ကျွန်မအား ဤအရာတို့ကို သိမြင်ခွင့်ပေးသည့် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်မှုနှင့် အလင်းပေးမှုတို့ကို ကျေးဇူးတင်သည်။ ထို့နောက်တွင် ကျွန်မသည် ဤရှုထောင့်ဖြင့် လက်တွေ့ကျင့်သုံးခြင်း၊ ဝင်ရောက်ခြင်းတို့အပေါ် အာရုံစိုက်ရန် စတင်လာခဲ့သည်။ တစ်နေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “ဤအမှု အရေးကြီး၊ မကြီးသည် လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ် အခြေခံပြီး၊ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားခြင်းဆိုင်ရာ အရှိတရား၊ စာတန်၏ မနာခံမှုက မည်မျှပြင်းထန်သည်နှင့် အမှုကို စာတန်၏ နှောင့်ယှက်ခြင်းတို့အပေါ်တွင် အခြေခံနေသည်။ ဤအမှုကို လုပ်ဆောင်နိုင်သည့် မှန်ကန်သောသူကို သူ့အမှု၏ သဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် အခြေခံပြီး ဆုံးဖြတ်သည်။ ဤအမှု၏အရေးကြီးမှုနှင့် ပတ်သက်လာလျှင်၊ မည်သည့်အမှုပြုနည်းကို ရွေးချယ်မည်ဆိုခြင်းနှင့်စပ်လျဉ်း၍၊ ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်က လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူသားမှတစ်ဆင့် လုပ်ဆောင်သောအမှု အစရှိသည်တို့ထဲမှ ပထမဆုံး ဖယ်ထုတ်ရမည်မှာ လူသားမှတစ်ဆင့် လုပ်ဆောင်သော အမှုဖြစ်သည်၊ ထို့အပြင် အမှု၏သဘာဝအပေါ်နှင့် ဝိညာဉ်တော်အမှု၏ သဘာဝနှင့် ဇာတိခန္ဓာအမှု၏ သဘာဝတို့အပေါ် အခြေခံကြည့်ပါက ဇာတိခန္ဓာနှင့် တိုက်ရိုက်လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သော အမှုထက် လူသားအတွက် ပို၍အကျိုးရှိပြီး၊ အကျိုးပြုမှုများ ပို၍ပေးနိုင်သည်ဟု နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤသည်မှာ အမှုကို ဝိညာဉ်တော်ဖြင့် လုပ်ဆောင်မည်၊ သို့မဟုတ် ဇာတိခန္ဓာဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန်တွင် ဘုရားသခင်၏အတွေးဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”) ဤစာပိုဒ်ကို ကျွန်မ နားလည်သိရှိရန် ဂရုတစိုက် ကြိုးစားသည့်အခါတွင် ကြီးမားသည့်ဆုလာဘ်တစ်ခုကို ကျွန်မ ဖော်ထုတ်လိုက်သလို ခံစားခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ထိုအချိန်မှ ဘုရားသခင်၏ စဉ်းစားတွေးတောပုံကို ဖော်ပြသည့်အပြင်၊ နောက်ဆုံးသောကာလ၌ အမှုအတွက် အသုံးပြုရမည်နည်းစနစ်အတွက် ဘုရားသခင်၏ စဉ်းစားတွေးတောပုံကိုလည်း ဖော်ပြပါသည်။ ဘုရားသခင်၏ စဉ်းစားတွေးတောမှု ဖြစ်စဉ်တွင် ဘုရားသခင် ထည့်သွင်းစဉ်းစားသည့် ပထမဆုံးသော အကြောင်းအရာသည် လူသားမျိုးနွယ်ကို ကယ်တင်ရာ၌ ပိုမိုကောင်းမွန်သည့် ရလဒ်ကိုရရှိပြီး စာတန်အား အလုံးစုံ လက်ခံယုံကြည်စေဖို့ ပြုလုပ်ရန်အတွက် ဤလုပ်ဆောင်မှုအဆင့်ကို ဆောင်ရွက်ရာတွင် မည်သည့်နည်းလမ်းကို အသုံးပြုမည်ဆိုသည့်အကြောင်းအရာဖြစ်သည်။ ပြီးနောက်တွင် ဤလုပ်ဆောင်မှုနည်းလမ်းအရ၊ ဘုရားသခင်သည် ဤအလုပ်ကို လုပ်ဆောင်ပြီး ပိုမိုကောင်းမွန်သည့် ရလဒ်ကို ရရှိရန်အတွက် မည်သည့် အရာကို ရွေးမည်ဆိုသည်ကို စဉ်းစားသည်။ ဤ စဉ်းစားမှု ဖြစ်စဉ်ကာလ တစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူအား အစဉ်မပြတ် ထည့်သွင်းစဉ်းစားပြီး သူ၏ အကျိုး သို့မဟုတ် လုံခြုံဘေးကင်းမှုကို မည်သည့်အခါမှ မစဉ်းစားခဲ့ပေ။ ဘုရားသခင်သည် သူ၏ လူ့ဇာတိခံယူခြင်းတွင် များစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရမည်ကို ရှင်းလင်းစွာသိမြင်သော်ငြားလည်း လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ပတ်သက်လျှင် ဤအချက်ကို ထည့်သွင်းစဉ်းစားမှု မရှိပေ။ ထိုသို့ထည့်သွင်းစဉ်းစားမည့်အစား ဘုရားသခင်သည် လူသားမျိုးနွယ်၏ လိုအပ်ချက်များနှင့် လူသားမျိုးနွယ်၏ ဆိုးယုတ်ခြင်းနှင့် ပတ်သက်သည့် အမှန်တရားကို အခြေခံပြီး နောက်ဆုံးသောကာလ၏ အမှုတော်ကို ဆောင်ရွက်ရန် ဘုရားသခင်မှ လူ့ဇာတိခံယူသည့် နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။ ထို့အပြင် နောက်ပြန်အဆွဲဆုံး၊ အမှောင်မိုက်ဆုံး၊ ဘုရားသခင်အား အဆန့်ကျင်ဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ကမ္ဘာမြေသို့ အလုပ်လာလုပ်ဆောင်ရန်အတွက် အလွန်ပင် စွန့်စားခဲ့သည်။ ဘုရားသခင်သည် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ သွေးရူးသွေးတန်း ဖိနှိပ်မှုနှင့် လိုက်လံဖမ်းဆီးမှုကို ခံရသည်။ အမျိုးမျိုးသော ဘာသာတရား၊ ဂိုဏ်းကွဲများ၏ အကြမ်းဖက်နှိပ်စက်ခြင်း နှင့် ပြစ်မှားခြင်း တို့ကို ခံယူရပြီး နောက်တော်ကိုလိုက်သည့် ကျွန်မတို့၏ ဆန့်ကျင်မှု၊ ပုန်ကန်မှုနှင့် အထင်လွဲမှုများကိုလည်း ခံယူရသည်။ ဘုရားသခင်၏ နှလုံးသားတွင် ဒုက္ခခံရသည့် ဒဏ်ရာများ၊ တိုက်ခိုက်မှုများနှင့် ဘုရားသခင် ခံယူရသည့် ကဲ့ရဲ့နှိမ်ချမှုတို့သည် အမှန်တကယ်ပင် မည်သူမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိသည့်အရာများဖြစ်သည်။ ဘုရားသခင် ဖော်ပြပြီး ထုတ်ဖော်ပြသည့် အရာတိုင်းသည် အသက်တာတွင် ဘုရားသခင်၏ အရာအားလုံးပင်ဖြစ်သည်။ ဘုရားသခင်၏ လူသားအပေါ် ကိုယ်ကျိုးမကြည့်သည့် စိတ်နှစ်မြုပ်မှုနှင့် လူသားတို့အတွက် အပြစ်ဒဏ်ကို ခံယူမှုတို့ ဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်မှုနှင့် ကိုယ်ကျိုးမကြည့်မှုတို့သည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ဝါကျစာကြောင်းတိုင်းတွင် အလိုအလျောက် ထုတ်ဖော်ပြသနေသည်။ ထို့အပြင် ဤအချက်တို့သည် ဘုရားသခင်၏ ကြီးမြတ်သည့် သက်ညှာမှုနှင့် ကိုယ်ကျိုးမကြည့်သည့် ချစ်ခြင်းမေတ္တာကိုလည်း ထင်ဟပ်စေသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အနှစ်သာရမရှိသည့် စကားလုံးများသက်သက်သာ မဟုတ်ဘဲ အစစ်အမှန် လုပ်ဆောင်သည့် ဆောင်ရွက်ချက်ဖြစ်ပြီး ဘုရားသခင် ပေးအပ်သည့် လက်တွေ့ပေးဆပ်မှုဖြစ်သည်။ ထိုအချိန်တွင် ကျွန်မသည် ဘုရားသခင်သည် အမှန်တကယ်ပင် အလွန်ကြီးမြတ်ပြီး ချစ်ခင်မြတ်နိုးဖွယ်ဖြစ်သည်ကို အထင်းသား သိမြင်ခဲ့ရပြီးသည့်အပြင် ဘုရားသခင်၏ စိတ်သဘောထားသည် အလွန်ကောင်းမွန်ကြောင်း ခံစားခဲ့ရသည်။ ထို့ကြောင့် အရင်အချိန်ကာလတွင် ဘုရားသခင်၏ ဤ နှုတ်ကပတ်တော်တို့ကို ကျွန်မ ဖတ်ခဲ့သော်လည်း ခရစ်တော် မိန့်မြွက်သည့် နှုတ်ကပတ်တော်တို့၏ နောက်ကွယ်ရှိ နောက်ခံအချက်တို့ကို သို့မဟုတ် ၎င်းတို့ ထုတ်ဖော်ပြသည့်အရာအားလုံးကို လုံးဝ နားမလည်ခဲ့သလို လူသားမျိုးနွယ်အတွက် ခရစ်တော်၏ ချစ်ခြင်းမေတ္တာကိုလည်း နားလည်ခြင်း မရှိခဲ့ပေ။ ယခုအချိန်မှသာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့အပေါ် အမှန်တကယ်နားလည်မှု အချို့တို့ကို ရရှိခဲ့သည်။ “ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။

ယခင်အချိန်ကာလတွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လေးနက်စွာ သိရှိနားလည်ရန် ကျွန်မ၏ နှလုံးသားကို မည်သည့်အခါမှ ငြိမ်သက်စေခြင်း မရှိခဲ့သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အား မည်သည့် ရှုထောင့်မှ ဆင်ခြင်ရမည်ကိုလည်း မသိခဲ့ပေ။ ဘုရားသခင်ကို နားလည်ရန် ကောင်းမွန်သည့် အခွင့်အလမ်းများစွာ ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်အား နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည့်တိုင် ဘုရားသခင်နှင့် ပတ်သက်ပြီး စိတ်ကူးအယူအဆများနှင့် အထင်လွဲမှုများစွာ ရှိနေဆဲဖြစ်သည်အထိ အခွင့်အလမ်းများစွာ ဆုံးရှုံးခဲ့ရပြီး ကျွန်မသည် ဘုရားသခင်နှင့် ကင်းကွာနေဆဲဖြစ်သည်။ ယခုအချိန်မှသာ ကျွန်မသည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်လိုလျှင် ဘုရားသခင်၏ ဝါကျစာကြောင်းအတွင်းတွင် သမ္မာတရားကို နားလည်သိရှိပြီး အားထုတ်ရှာဖွေရန် အလေးအနက်ကြိုးစားရမည်ကို ကျွန်မ နားလည်သည်။ ဤနည်းလမ်းဖြင့် ကျွန်မသည် အကျိုးအမြတ်ကို သေချာပေါက် ကြီးမားစွာ ရရှိလိမ့်မည်။ ယနေ့မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ပို၍ အားစိုက်ကြိုးပမ်းရန် အာရုံစိုက်ပြီး မကြာခင်တွင် ဘုရားသခင်အပေါ် နားလည်မှုအချို့ ရှိသည့်လူတစ်ယောက် ဖြစ်ရန် အားထုတ်ကြိုးပမ်းလိုပါသည်။

နောက်တစ်ခုသို့:ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ