အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၃၇ ထိုနှစ်၏ ဆောင်းဦးရာသီ

၁ ထိုနှစ်၏ ဆောင်းဦးရာသီ၊ ထိုအိပ်မက်ဆိုးဆန်သော နေ့သည် ကျွန်တော်၏ အမေနှင့် အဖေကို ခေါ်ဆောင်သွားခြင်းခံရသည့် အချိန်အခါဖြစ်သည်။ စီစီပီ ရဲများသည် ကျွန်တော့်အိမ်ထဲ ရုတ်တရက် ချိုးဖောက်ဝင်ရောက်လာသောအချိန်တွင် ညင်သာသောမိုးသည် ပုံမှန် ရွာသွန်းလျက်ရှိသည်။ သူတို့၏ မလိုမုန်းထားပြီးရက်စက်သော မျက်နှာတို့ကို မြင်ရလျက် ကျွန်တော်သည် ကြောက်ရွံ့မှုဖြင့် ကျွန်တော့်၏ စိတ်နှလုံး၌ ဘုရားသခင်ကို ဆက်တိုက်ခေါ်နေခဲ့သည်။ ဘုရားသခင် ကျွန်တော်တို့ကို ယုံကြည်ခြင်း ပေးပါစေ။ ကျွန်တော့်၏ အမေနှင့် အဖေတို့ အဖမ်းခံရပြီး နှိပ်စက်မခံရစေချင်ခဲ့ပါ။ ရဲတို့သည် ကျွန်တော့်၏ အမေနှင့်အဖေအား လက်ထိပ်ခတ်လိုက်ပြီး သူတို့ကို အတင်းအဓမ္မခေါ်ဆောင်သွားသည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ကျွန်တော့်၏ မျက်ရည်တို့သည် မိုးရေနှင့် ရောနှောသွားပြီး ကျွန်တော့်၏ နှလုံးသားမှ အော်ဟစ်မြည်တမ်းနေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။ ကျွန်တော့်၏ ပျော်ရွှင်သော မိသားစုကို အဘယ်ကြောင့် ချိုးဖျက်သနည်း။ ကျွန်တော့်၏ ပျော်ရွှင်မှုကို အဘယ်ကြောင့် ယူဆောင်သွားသနည်း။ ဝမ်းနည်းပူဆွေးလျက်ကျွန်တော် အော်ဟစ်ခဲ့သည်။ နတ်ဆိုးတွေ၊ငါ့အမေနဲ့ အဖေကို ခေါ်မသွားနဲ့။

၂။ ပြတင်းပေါက်အနီးတွင် ကျွန်တော် တစ်ဦးတည်း ရပ်နေခဲ့သည်။ ကျွန်တော့်မိဘများ၏ ပြုံးရွှင်သော မျက်နှာတို့ကို မည်သည့်အခါမျှ ပြန်မမြင်ရတော့။ သူတို့၏ အသွင်သဏ္ဍန်တို့ ချဉ်းကပ်လာသည်ကို မြင်ရဖို့ မျှော်လင့်လျက် ရွာထဲသို့သွားသည့်လမ်းမကို ကြည့်လျက်ဖြင့် အကြိမ်မည်မျှရပ်နေခဲ့မိသည်ကို ကျွန်တော်မသိပါ။ ထောင်ထဲတွင် ကျွန်တော့်အဖေ မည်မျှ ညှင်းဆဲမှု ခံရပြီးဖြစ်သည်ကို ကျွန်တော် မသိပါ။ ကျွန်တော့်၏ အမေ နေကောင်းပါသေးရဲ့လား။ အမေ အဖေတို့နှစ်ဦးလုံးကို မကြာခင် ကျွန်တော် တွေ့ချင်လိုက်တာ။ အိုး အဖေနဲ့အမေတို့ အိမ်ကို ဘယ်အချိန် ပြန်လာနိုင်မလဲ။ တောင့်တသော မျက်ရည်တို့က ကျွန်တော့်မျက်လုံးကို ဝေဝါးသွားစေခဲ့သည်။ သူတို့ကို ကျွန်တော်ပြောချင်သည့်အရာ အများကြီးရှိသည်။ ကျွန်တော်သည် မကြာခဏ ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်သည်။ ပြီးလျှင် ညအမှောင်တွင် ကျွန်တော်သည် အထီးကျန်ပြီး ကြောက်ရွံ့ခြင်း မရှိတော့ပေ။ ယခုအခါ ဘုရားကျောင်းသည် ကျွန်တော့်အိမ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ညီအစ်ကိုမောင်နှမများနှင့် ကျွန်တော် မိတ်သဟာယဖွဲ့သည်။ ဘုရားချစ်ခြင်းမေတ္တာ၏ နွေးထွေးမှုကို ကျွန်တော် တွေ့ကြုံခံစားရသည်။ အမေ၊ အဖေ ကျွန်တော့်ကို စိတ်မပူပါနဲ့။

၃ ဤဆောင်းဦးရာသီပွဲတော်တွင် ညကောင်းကင်ယံမှ ကြယ်တို့သည် တလက်လက်တောက်ပနေသည်။ အမေနှင့်အဖေ ကျွန်တော့်ကို ထားခဲ့သည်မှာ ၇ နှစ်ရှိပြီ ဖြစ်သည်။ ကျွန်တော့်ကို ယနေ့အထိ ဦးဆောင်ပေးသည့်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကျွန်တော် ကျေးဇူးတင်သည်။ ယခု သမ္မာတရားကို နားလည်သည့်အခါ ပိုင်းခြားသိမြင်မှုအချို့ကို ကျွန်တော် ရရှိခဲ့သည်။ စီစီပီ အာဏာရရှိနေခြင်းသည် စာတန်မှ အာဏာရရှိနေခြင်းဖြစ်ကြောင်းကို ကျွန်တော် သိမြင်ပြီး ဤသည်မှာ ကမ္ဘာပေါ်ရှိ မှောင်မိုက်မှုအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ နတ်ဆိုးနှင့်တူသော စီစီပီကို ကျွန်တော် ရိုးတွင်းခြင်ဆီအထိ မုန်းတီးသည်။ ဘုရားသခင်၏နောက်တော်သို့ အဆုံးထိ လိုက်လျှောက်ရန် ကျွန်တော် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ ကျွန်တော်၏ မိဘများ၏ချစ်ခြင်းမေတ္တာကို ဆုံးရှုံးခဲ့ရသော်လည်း ဘုရားသခင်ကို ကျွန်တော် အမှီပြုပြီး တည်ကြည်ခိုင်မာစွာ အသက်ရှင်နေထိုင်မည်။ ကျွန်တော်သည် တစ်ဦးတည်းမဟုတ်ဘဲ အထီးမကျန်ပါ။ ကျွန်တော့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိပြီး ဘုရားသခင်သည် ကျွန်တော်နှင့်အတူရှိသောကြောင့် ဖြစ်သည်။ ကျွန်တော့် ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်သည် ကျွန်တော့်အား ကြည့်ရှုစောင့်ရှောက်ခဲ့ပြီး သူ၏ နှုတ်ကပတ်တော်သည် ကျွန်တော့်အား ကြီးထွားရင့်ကျက်စေဖို့ ဦးဆောင်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်တော် များစွာခံစားခဲ့ရပြီး သူ၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန်အတွက် ကျွန်တော်၏ တာဝန်ကို ဖြည့်ဆည်းလိုပါသည်။

ယခင်က:သမ္မာတရားကို လိုက်စားခြင်းကသာ အသက်ကို ဆောင်ကျဉ်းနိုင်

နောက်တစ်ခုသို့:ဘုရားသခင်ထံ လုံးဝ ဆက်လက်အပ်နှံရန် ဆုံးဖြတ်ထားသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ