အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၈။ ခေါင်းဆောင် အယောင်ဆောင်သူတစ်ဦး သို့မဟုတ် သိုးထိန်း အယောင်ဆောင်သူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ခေါင်းဆောင် အယောင်ဆောင်သူတစ်ဦး သို့မဟုတ် သိုးထိန်း အယောင်ဆောင်သူတစ်ဦးကို မည်သို့ သိမြင်နိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသား၏စိတ်ထဲရှိအလုပ်ကို လူသားက အလွန်လွယ်ကူစွာ စွမ်းဆောင်ရရှိနိုင်ပေသည်။ ဥပမာအားဖြင့် ဘာသာရေး လောကအတွင်းရှိ သင်းအုပ်များနှင့် ခေါင်းဆောင်များသည် သူတို့၏ အလုပ်ကိုလုပ်ရန် သူတို့၏ ပါရမီများနှင့် အဆင့်အတန်းများအပေါ် အမှီပြုသည်။ အချိန်ကြာမြင့်စွာ သူတို့နောက်သို့လိုက်သောသူများသည် သူတို့ပါရမီများ၏ ဓာတ်ကူးခြင်းကိုခံရကာ သူတို့ဖြစ်တည်မှုအချို့တို့၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်။ သူတို့သည် လူသား၏ ပါရမီများ၊ စွမ်းရည်များနှင့် အသိပညာတို့အပေါ်တွင် အာရုံထား၍ သဘာဝလွန်သည့်အရာ အချို့တို့နှင့် အလွန်နက်ရှိုင်းပြီး မစစ်မှန်သော အယူဝါဒများ (ဤနက်ရှိုင်းသော အယူဝါဒများကို မရယူနိုင်သည်မှာ သေချာပါသည်) အပေါ်တွင် သူတို့အာရုံစိုက်ကြသည်။ သူတို့သည် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းများအပေါ်တွင် အာရုံမထားဘဲ လူတို့၏ တရားဟောကြားခြင်းနှင့် လုပ်ဆောင်မှု စွမ်းရည်များကို လေ့ကျင့်ပေးခြင်း၊ လူသား၏အသိပညာနှင့် ကြွယ်ဝသော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့ကိုသာ အာရုံထားလေသည်။ သူတို့သည် လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်၊ သို့မဟုတ် လူသားသည် သမ္မာတရားကို မည်မျှနားလည်သည်တို့အပေါ်တွင် အာရုံမထားပေ။ သူတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို သိအောင် ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရနှင့် ပတ်သက်၍ စိတ်ပင်မဝင်စားပေ။ သူတို့သည် လူသား၏ အားနည်းချက်များ၊ သို့မဟုတ် ဖောက်ပြန်မှုများကို ပြုပြင်ရန်မဆိုထားနှင့်၊ လူသား၏ အယူအဆများကို တွေ့ကြုံခြင်း၊ သို့မဟုတ် သူတို့၏အယူအဆများကို ဖော်ပြခြင်းပင်မရှိပေ။ သူတို့နောက်သို့လိုက်သော သူအများစုသည် သူတို့၏ ပင်ကိုပါရမီများဖြင့် အစေခံပြီး၊ သူတို့ဖော်ပြသောအရာသည် အသိပညာနှင့် ဝေဝါးသော ဘာသာရေး အမှန်တရားဖြစ်သည်။ ယင်းသည် လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အား အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိပေ။ အမှန်တွင်မူ သူတို့အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသော သူတစ်ဦးကို နောက်ပိုင်းတွင် အလုပ်လုပ်၍ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာသင်ကျောင်း ဘွဲ့ရတစ်ဦးဖြစ်ရန် ပျိုးထောင်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိရစ်နေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေခံနိုင်မည် မဟုတ်ပေ။ သင့်စိတ်သဘောထားသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးလျှင် သင့်စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေသေးသည်။ ထိုအရာကပင် သင်သည် သင့်ကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကို အစေခံခြင်းဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ယင်းသည် ဆိုးယုတ်သော သင်၏သဘာဝအပေါ် အခြေခံထားသည့် အစေခံခြင်းပင် ဖြစ်သည်။ သင်သည် သင့်သဘာဝ ပင်ကိုစရိုက်နှင့် သင့်ပုဂ္ဂိုလ်ရေး အကြိုက်များအရသာ ဘုရားသခင်အား အစေခံခြင်း ဖြစ်သည်၊ ထို့အပြင် သင်လုပ်ချင်သည့် အရာတိုင်း၌ ဘုရားသခင် ကျေနပ်ပြီး သင်လုပ်ချင်စိတ် မရှိသည့် အရာတိုင်းကို မုန်းသည်ဟု တွေးထင်လျက်ရှိနေသည်၊ ထို့အပြင် သင်၏ လုပ်ဆောင်မှုထဲတွင် သင်သည် မိမိကိုယ်ပိုင် ကြိုက်နှစ်သက်မှုများ၏ လုံးလုံးလျားလျား လမ်းညွှန်ခြင်းကို ခံနေရသည်။ ထိုအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်နိုင်မည်လော။ နောက်ဆုံး၌ သင့်အသက်တာ၏ စိတ်သဘောထားသည် ဆံခြည်တစ်မျှင်မျှပင် ပြောင်းလဲလိမ့်မည် မဟုတ်၊ ယင်းအစား သင်သည် ဘုရားသခင်ကို အစေခံနေပြီ ဖြစ်သည့်အတွက် ပို၍ပင် ခေါင်းမာလာလိမ့်မည် ဖြစ်ပြီး ထိုအရာက သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နက်ရှိုင်းစွာ အရိုးစွဲသွားစေလိမ့်မည်။ ထိုနည်းအားဖြင့် သင်၏ ကိုယ်ပိုင် ပင်ကိုစရိုက်အပေါ်နှင့် မိမိကိုယ်တိုင်၏ စိတ်သဘောထားနှင့်အညီ အစေခံခြင်းမှ ရရှိလာသည့် အတွေ့အကြုံအပေါ် အဓိကအားဖြင့် အခြေခံထားသည့် ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းများကို အတွင်းကျိတ် ချမှတ်လိမ့်မည်။ ထိုအရာသည် လူ့အတွေ့အကြုံအားဖြင့် ရလာသော သင်ခန်းစာဖြစ်ပေသည်။ ယင်းသည် လူသား၏ ဘဝဒဿန ဖြစ်ပေသည်။ ထိုသို့သောသူတို့သည် ဖာရိရှဲနှင့် ဘာသာရေး အမှုဆောင်တို့နှင့် သက်ဆိုင်ကြသည်။ သူတို့သည် မည်သည့်အခါမျှ နိုးထ၍ နောင်တမရလျှင်မူ အဆုံး၌ နောက်ဆုံးသော ကာလတွင် ပေါ်လာမည့် ခရစ်တော်အတုအယောင်များ ဖြစ်သွားကြပြီး၊ လူသားများကို လှည့်ဖြားသောသူများ ဖြစ်သွားကြမည်။ ပြောခဲ့ပြီးသည့် ခရစ်တော်အတုအယောင်များနှင့် လှည့်ဖြားသောသူတို့သည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကြားမှ ပေါ်လာမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” မှ

လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းတွင် များစွာအားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သတ်၍ ပြောစရာမရှိကြခြင်းမှာ အဘယ်ကြောင့်နည်း။ အသိပညာရှိခြင်းသည် သမ္မာတရားရှိခြင်းနှင့် တူညီသည်ဟု သင်ထင်ပါသလား။ ယင်းသည် ရှုပ်ထွေးသည့် အမြင်ဖြစ်သည်မဟုတ်ပါလား။ သင်သည် အသိပညာနှင့်ပတ်သတ်လျှင် ကမ်းခြေ၌ သဲပေါများသကဲ့သို့ အတောမသတ်ပြောနိုင်သည်၊ သို့ရာတွင် ထိုအထဲ၌ စစ်မှန်သောလမ်းကြောင်း တစ်ခုမျှ မပါဝင်ပေ။ ဤသို့ပြုခြင်းသည် လူတို့ကို အရူးလုပ်ခြင်းမဟုတ်ပါလား။ သင်သည် ယင်းကို ကျောထောက်နောက်ခံဖို့အတွက် အကောင်အထည်မရှိဘဲ ဗလာသက်သက် ဟန်ပြနေသည် မဟုတ်ပါလား။ ထိုကဲ့သို့သော ပြုမူပုံအားလုံးသည် လူတို့အတွက် အန္တရာယ်ရှိသည်။ အယူအဆပိုမြင့်ပြီး စစ်မှန်မှု ပို၍ ကင်းမဲ့လေလေ၊ လူတို့ကို အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေဖြစ်သည်။ အယူအဆမြင့်လေလေ သင်သည် ဘုရားသခင်ကို ပို၍ဖီဆန်ကာ ဆန့်ကျင်မိလေလေဖြစ်သည်။ မြင့်မားသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် မဆက်ဆံပါနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ အချို့သောသူများသည် အမြင့်ဆုံးအယူအဆများကို ပြောကောင်းပြောနိုင်ပေလိမ့်မည်၊ သို့ရာတွင် ထိုအယူအဆများထဲတွင် အရှိတရားလုံးဝမပါဝင်ပေ၊ အကြောင်းမှာ ထိုသူများသည် ထိုအရာတို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းမရှိသဖြင့် သူတို့ထံတွင် လက်တွေ့ကျင့်ဆောင်ရန်လမ်းကြောင်း မရှိပေ။ ထိုသို့သောသူများသည် လူတို့ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်သွားနိုင်စွမ်း မရှိကြဘဲ၊ လူတို့ကို လမ်းလွဲစေခြင်းသာ ပြုကြလိမ့်မည်။ ဤသည်မှာ လူတို့အတွက် အန္တရာယ်ရှိသည် မဟုတ်ပါလား။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိပြဿနာများကို ဖြေရှင်းကာ လူတို့ကို ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ရပါမည်။ ဤအရာကိုသာလျှင် ဆပ်ကပ်အပ်နှံခြင်းဟုဆိုနိုင်ပြီး၊ သို့မှသာလျှင် သင်သည် ဘုရားသခင်အတွက် အမှုပြုရန် အရည်အချင်းပြည့်မီမည် ဖြစ်ပါသည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားလုံးများကို အမြဲတမ်းမပြောပါနှင့်။ လူတို့ကို အတင်းအကျပ် နာခံလာအောင်ပြုရန် မသင့်လျော်သည့် ကျင့်ထုံးများစွာကို အသုံးမပြုပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် အကျိုးမရှိဘဲ လူတို့၏ စိတ်ရှုပ်ထွေးခြင်းကိုသာ တိုးလာစေနိုင်ပါသည်။ လူတို့ကို ဤနည်းဖြင့် ဦးဆောင်ခြင်းသည် လူသားတို့ သင့်ကိုရွံရှာလာစေနိုင်သည့် စည်းမျဉ်းများစွာကိုသာ ထွက်ပေါ်လာစေပါလိမ့်မည်။ ဤသည်မှာ လူသားတို့၏ ချို့ယွင်းချက်ဖြစ်ပြီး အမှန်တကယ်ပင် အရှက်ရစရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ” မှ

အချို့သူများသည် အမှုဆောင်၍ တရားဟောကာ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့နေပုံပေါက်သော်လည်း ၎င်းတို့ ဆွေးနွေးနေသမျှအကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တိုက်ရိုက်အနက်အဓိပ္ပာယ်များ အကြောင်းသာဖြစ်၍ ထိရောက်သောအရာ တစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားနေသကဲ့သို့၊ တစ်ချက်ပြီးတစ်ချက်၊ တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ ဤမျှ အသေးစိတ်ကျကျဖြင့် အလွန်ကောင်းမွန်စွာ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ၎င်းတို့ဟောကြားပြီးသောအခါ အားလုံးစုပေါင်း၍ လူတိုင်းထံပို့ရန် အခြားသူများအား ခိုင်းကြ၏။ ၎င်းတို့၏ ပြုမူမှုများသည် အခြားသူများအပေါ် လိမ်လည်လှည့်ဖြားမှုဖြစ်လာကာ ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာဖြစ်၏။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ဟောကြားနေပြီး သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက ယင်းသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင် ဘုရားသခင်အား ဘောင်ခတ်ထားသည့် အစိတ်အပိုင်းအချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤသို့သော ဟောကြားမှုသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ် မဟုတ်သလော။ ယင်းသည် ဘုရားသခင်အား ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်” မှ

သင်တို့၏ အသိပညာသည် လူတို့ကို ကာလတစ်ခုအထိသာ ပံ့ပိုးပေးနိုင်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အကယ်၍ သင်သည် တူညီသောအရာတစ်ခုကိုသာ ဆက်၍ပြောနေပါက လူအချို့တို့သည် သတိပြုမိကြလိမ့်မည်၊ ၎င်းတို့က သင်သည် အပေါ်ယံဆန်လွန်းကြောင်း၊ နက်နဲစေ့စပ်မှု ကင်းမဲ့လွန်းကြောင်း ဆိုကြလိမ့်မည်။ သင်၌ ရွေးချယ်စရာမရှိဘဲ အယူဝါဒများကို ပြောခြင်းဖြင့် လူများကို ကြိုးစားပြီး လှည့်ဖြားရလိမ့်မည်။ အကယ်၍ ဤကဲ့သို့ သင်ဆက်လုပ်နေပါက သင့်အောက်မှ လူများသည် သင်၏ နည်းစနစ်များ၊ ခြေလှမ်းများ၊ ယုံကြည်ခြင်းနမူနာနှင့် လက်တွေ့ခံစားရခြင်း နမူနာနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်၍ ၎င်းတို့သည် ထိုစကားများနှင့် အယူဝါဒများကို လက်တွေ့ကျင့်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သင်ဆက်လက်ဟောပြောသောကြောင့် ၎င်းတို့သည် အဆုံးတွင် သင့်ကို စံပြတစ်ဦးအဖြစ် အသုံးပြုလာကြလိမ့်မည်။ အခြားသူများကို သင်ဦးဆောင်ရာတွင် အယူဝါဒများကို သင်ပြောသောကြောင့် သင့်အောက်မှ လူများသည် သင့်ထံမှ အယူဝါဒများကို လေ့လာသင်ယူကြလိမ့်မည်၊ ထို့နောက် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ သင်သည် လမ်းမှားနောက်သို့ လိုက်လျှောက်နေပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင့်အောက်မှ လူများသည် သင်ဖောက်သည့် မည်သည့်လမ်းကိုမဆို လိုက်လျှောက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် သင့်ထံမှ သင်ယူလေ့လာကာ သင့်နောက်သို့ လိုက်ကြသဖြင့် “ငါသည် ယခုသြဇာတိက္ကမကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်” ဟု သင်ခံစားရလိမ့်မည်။ လူသားအတွင်းရှိ ဤကဲ့သို့ သစ္စာမဲ့ခြင်းသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ အမျိုးမျိုးသော ဂိုဏ်းဂဏများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ သူတို့မှာ ဤနည်းဖြင့် ဖြစ်ပေါ်လာကြသည်။ ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘာသာရေးနည်းလမ်းတစ်ခုဖြင့် အစေခံခြင်းဆိုသည်မှာ ဘာသာရေး ထုံးတမ်းဓလေ့မျိုးစုံကို ခိုင်ခိုင်မာမာ လိုက်နာစောင့်ထိန်းရင်း ဘာသာရေး အစဉ်အလာ နည်းလမ်းများအတိုင်း လုံးဝ အစေခံရန်နှင့် သမ္မာကျမ်း အသိပညာအားဖြင့်သာ လူတို့ကို ဦးဆောင်ရန်ကို ဆိုလိုပေသည်။ ယင်းသည် အပြင်ပန်းတွင် တက်ကြွပြီး ဘာသာရေး အငွေ့အသက်နှင့် ပြည့်ကာ၊ လူသား၏ ယူဆချက်များနှင့် လုံးဝ ကိုက်ညီမှုရှိပြီး ယင်းနှင့်ပတ်သက်၍ လူတို့က ဝေဖန်မှု မရှိကြသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဘာမျှ မရှိပေ။ ဤနည်းဖြင့် အစေခံသော လူတို့သည် ဘာသာရေး အယူဝါဒများနှင့် သမ္မာကျမ်းဆိုင်ရာ အသိပညာများသာဖြစ်ပြီး၊ ဘာသာရေး အယူအဆများဖြင့် ပြည့်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း မရှိသည့် တရားဒေသနာများကို ပေးကြလေသည်။ ၎င်းတို့ ကျင်းပပြုလုပ်ကြသည့် အစည်းအဝေးများမှာ အသက်မဲ့လေသည်။ နှစ်များစွာတစ်လျှောက် ဤအစေခံမှုမျိုးဖြင့်၊ ဘုရားသခင်၏ ရွေးချယ်ထားခြင်းခံရသည့် လူတို့သည် သမ္မာတရားကို မရရှိနိုင်ကြပါ၊ ဘုရားသခင်ကို မသိကျွမ်းနိုင်ကြ သို့မဟုတ် မနာခံနိုင်ကြသလို၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ မဝင်ရောက်နိုင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် လူတို့ ရှာဖွေလိုက်စားကြနေကြသည့်အရာသည် ကယ်တင်ခြင်း မဟုတ်ဘဲ၊ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများဖြစ်ကြပြီး၊ အကျိုးဆက်အနေဖြင့် လူတို့၏ အသက်တာ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများကို မမြင်ရသလို၊ လက်ချည်းသက်သက်ဖြင့် သူတို့ အဆုံးသတ်ကြရသည်။ ဤသည်မှာ ဘာသာရေး နည်းလမ်းဖြင့် အစေခံခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဘုရားသခင်ကို အစေခံနေသည့် ဤသို့သော လူမျိုးသည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် နားမလည်သလို၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားမလည်ကြသည်မှာ သိသာပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းက မည်သည့်အရာဖြစ်သည်ကို သူတို့ မသိကြဘဲ၊ ဤသည်မှာ မျက်ကန်းက မျက်ကန်းကို ဦးဆောင်ခြင်းစစ်စစ် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားခြင်းခံရသော လူတို့ကို သူတို့ လမ်းလွဲစေကြသည်။ ဘုရားသခင်ကို သူတို့ ယုံကြည်ကြသော်လည်း ဆန့်ကျင်ကြပြီး ဘုရားသခင်ကို မသိရှိကြချေ။ ဖာရိရှဲများကဲ့သို့ပင် သူတို့ ကယ်တင်မခံရနိုင်ပါ။

အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်းတွင်ပါဝင်သော “ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ မှန်သောလမ်းကို ဦးစွာဝင်ရောက်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်ကို အစေခံခြင်းဆိုင်ရာ မှန်သောလမ်းကို လျှောက်နိုင်ပေမည်” မှ

ဘာသာရေးလောကရှိ သင်းအုပ်ဆရာများနှင့် ခေါင်းဆောင်များအားလုံးသည် ကျမ်းစာသင်ကျောင်းများတွင် လေ့ကျင်သင်ကြားခဲ့ကြပြီး သင်းအုပ်ဆရာများဖြစ်ဖို့ တရားဝင်ထောက်ခံချက်သာ ရရှိကြသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် သက်သေ သို့မဟုတ် ဘုရားသခင်၏ ခွင့်ပြုချက် လုံးဝမရှိကြပေ။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်၏။ သမ္မာကျမ်းနှင့်ဆိုင်သည့် တစ်စုံတစ်ရာကို သိနားလည်ခြင်းသည် လိုအပ်ပါသည်၊ သို့သော် အရေးကြီးဆုံးသော အရာမှာ အသင်းတော်ကို ထိန်းကျောင်းခြင်း အလုပ်အတွက် အရည်အချင်းပြည့်မှီဖို့ရန်အလို့ငှာ ဘုရားသခင်၏ အမှုတော်ကို သိရှိရမည်ဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုတော် ပထမအဆင့်နှစ်ဆင့်နှင့်ဆိုင်သော မှတ်တမ်းဖြစ်သည်၊ ထို့ကြောင့် သမ္မာကျမ်းစာကို မဖတ်ဘဲနှင့်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် သူ၏ အမှုတော်တို့၏ သမိုင်းဆိုင်ရာ အချက်အလက်များကို သိနားလည်ဖို့ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ ယခင် အမှုတော် အဆင့်နှစ်ဆင့်တွင် မည်သည့်သမ္မာတရားများကို သူ ဖော်ပြခဲ့သည်ကိုလည်း သိရှိဖို့ရန် မဖြစ်နိုင်သလို၊ လူတို့ နားလည်ရမည့် သမ္မာတရား၏ နက်နဲမှုများစွာနှင့် စပ်လျဉ်းသည့် ရှင်းလင်းသည့် အဖြေများကို ရရှိရန် နည်းလမ်းမရှိပေ။ ဤသည်မှာ သမ္မာကျမ်းစာ ဖတ်ရှုခြင်းက ဘုရားသခင်၌ ယုံကြည်ခြင်းအတွက် မရှိမဖြစ် ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်၊ သို့သော် သမ္မာကျမ်းစာ၏ အသိပညာထက်မည်သည့်အရာကိုမှ အမှီမပြုခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသခင်အား သိကျွမ်းခြင်း မရရှိစေနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အမှန်တကယ် နားလည်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်း ရရှိဖို့ရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်း၊ လမ်းပြမှု၊ လေ့ကျင့်ပေးခြင်းနှင့် စုံလင်စေခြင်းတို့ကို ကြုံရမည်ဖြစ်သည်။ သမ္မာတရားကို သိနားလည်မှု ရရှိခြင်းသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့အပေါ် တည်မှီလေသည်။ ယင်းကို သမ္မာကျမ်းဆိုင်ရာ အသိပညာကို ရှာဖွေခြင်းနှင့် ကျွမ်းကျင်ပိုင်နိုင်ခြင်းတို့အပေါ်၌သာ အခြေခံပြီး ရရှိခြင်းမဟုတ်ပါ။ ဘာသာရေး အသိုင်းအဝိုင်းများထဲက သင်းအုပ်ဆရာများစွာသည် သမ္မာကျမ်းစာကို အလွန်အကုန်အစင် သိနားလည်မှု ရှိကြလေသည်။ သို့သော် ဘုရားသခင်၏ အမှုတော်ကို သူတို့ လုံးဝ သိနားလည်မှု မရှိကြပေ။ ဤသည်မှာ အဓိကအားဖြင့် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိကြသောကြောင့် ဖြစ်သည်။ လူအချို့က ဘုရားသခင်နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်လင်းပေးမှုဖြင့် ပြန်လာခဲ့ကြသော်လည်း၊ အခြားလူတို့က ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိကြသည်မှာ အဘယ်ကြောင့်နည်း။ ဤအရာက လူတို့၏ ယုံကြည်ခြင်း စစ်မှန်သည် မစစ်မှန်သည်ဆိုသည်နှင့် သမ္မာတရားကို သူတို့ ချစ်သည် မချစ်သည်ကို ဖော်ထုတ်လေသည်။ လူများစွာတို့သည် သင်းအုပ်ဆရာများဖြစ်ဖို့ ကျမ်းစာကျောင်းများကို တက်ကြသည်။ သူတို့တွင် မှန်ကန်သော ရည်မှန်းချက်ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ၊ အရေးကြီးဆုံးသောအရာမှာ သမ္မာတရားကို သူတို့ ချစ်ပြီး ရှာဖွေလိုက်စားရမည်ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို နှစ်အခ ကြုံရခြင်းအားဖြင့်သာ၊ လူတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် သိနားလည်နိုင်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ဦးဆောင်ပြီး ထိန်းကျောင်းဖို့ အရည်အချင်းပြည့်မှီရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ဦးဆောင်ဖို့ သင်းအုပ်ဆရာတစ်ဦးအဖြစ် ထောက်ခံချက်အပေါ် မှီခိုခြင်းမျှသည် လုံးဝ လူသား အယူအဆတစ်ခုဖြစ်ပြီး ဘုရားသခင်၏ ကိုယ်ပိုင်သတ်မှတ်ချက်များနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်။ ဥပမာအားဖြင့်၊ သခင်ယေရှု ကြွလာခဲ့ချိန်က သူသည် ဗိမာန်တော်ထဲသို့ သွားပြီး ဂျုးလူမျိုး ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ နှင့် ဖာရိရှဲများကို မဆင့်ခေါ်ခဲ့ဘဲ၊ ယင်းအစား တမန်တော်များကို ရှာဖို့ သမ္မာတရားကို ချစ်ပြီး ရှာဖွေလိုက်စားသူတို့ကို ရှာဖွေဖို့ရန် အဘယ်ကြောင့် လူတို့ကြားထဲ ထွက်ခဲ့ပါသနည်း။ ဤအရာအတွင်းမှ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် သမ္မာတရားကို လုံးဝ မရရှိနိုင်ကြပါ။ ထို့ကြောင့် သူတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကိုလည်း မထိန်းကျောင်းနိုင်ကြပါ။ ဤသည်မှာ ဘုရားသခင် အမှန်တကယ် နှစ်သက်သည့် လူများ၊ ဘုရားသခင် အမှန်တကယ် ကယ်တင်မည့်လူများ၊ ဘုရားသခင် အမှန်တကယ် အသုံးပြုမည့်သူများ နှင့် သူ အမှန်တကယ် မုန်းတီးသည့် သူများအားလုံး ထင်ရှားလာမည့်ပုံ ဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းများထဲက သင်းအုပ်ဆရာအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့ကြပြီး၊ ယင်းက သူတို့သည် သမ္မာတရားကို ချစ်သောသူများ သို့မဟုတ် သမ္မာတရားကို ရှာဖွေလိုက်စားသောသူများ မဟုတ်သလို၊ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိဖို့ နည်းလမ်းမရှိကြသည်ကို ပြသလေသည်။ ဤသည်မှာ ဘာသာရေးလောကက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့ရသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခုတွင် မှားယွင်းသော ခေါင်းဆောင်များကို မည်သို့ ခွဲခြားသိမြင်ပုံနှင့် သက်ဆိုင်သော အခြေခံမူ ငါးရပ်အပေါ် မိတ်သဟာယပြုပေးပါမည်- ပထမအခြေခံမူမှာ မှားယွင်းသော ခေါင်းဆောင်အများစုသည် သမ္မာတရားကို မချစ်ကြသလို သမ္မာတရားကို မလိုက်လျှောက်ကြပါ၊ ထို့ကြောင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် မရှိကြချေ။ ၎င်းတို့ အနည်းစု သို့မဟုတ် ကောင်းမွန်သော လူ့သဘာဝရှိသည့် အချို့သော ပုဂ္ဂိုလ်များသည် သန့်ရှင်းသောဝိညာဉ်တော် မရှိဘဲ ဖြစ်နိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို တစ်ခဏသာ ယုံကြည်ခဲ့ကြသောကြောင့်၊ သမ္မာတရားကို မည်သို့ လိုက်လျှောက်ရမည်ကို ၎င်းတို့ မသိကြသောကြောင့် သို့မဟုတ် ထိုထိုသော အရာများ၏ ကန့်သတ်ခြင်းခံရသဖြင့် ၎င်းတို့သည် သမ္မာတရားကို ပုံမှန်အားဖြင့် မလိုက်စားနိုင်သောကြောင့်တို့ပင် ဖြစ်သည်။ ခေါင်းဆောင်အဖြစ် သုံးနှစ်မှ ငါးနှစ်ကြာမျှ အစေခံပြီးသောသူနှင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် မရရှိသေးသောသူ မည်သူမဆိုသည် သမ္မာတရားကိုချစ်သောသူ သို့မဟုတ် သမ္မာတရားကို လိုက်လျှောက်သောသူ တစ်စုံတစ်ဦး လုံးဝမဟုတ်ပါ၊ ထို့ပြင် ၎င်းတို့သည် အသေချာဆုံးအားဖြင့် မှားယွင်းသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဒုတိယအခြေခံမူမှာ- မှားယွင်းသော ခေါင်းဆောင်များသည် စာများနှင့် အယူဝါဒများကိုသာ ဟောကြပြီး၊ သမ္မာတရား၏ စစ်မှန်မှု အလျှင်းကင်းမဲ့ကြသည်၊ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်စွမ်း လုံးဝမရှိကြသလို လူတို့ကို နှလုံးသားနှင့် စကားလုံးအားဖြင့် လက်ခံယုံကြည်အောင် မလုပ်ဆောင်နိုင်ကြချေ။ တတိယအခြေခံမူမှာ- ၎င်းတို့၌ သမ္မာတရား၏ စစ်မှန်မှု မရှိကြသောကြောင့် မှားယွင်းသော ခေါင်းဆောင်များသည် စစ်မှန်သော အလုပ်တစ်ခုခုကို မလုပ်ဆောင်နိုင်ကြသလို ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဦးဆောင်နိုင်ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ အလုပ်ကို ဝတ်ကျေတမ်းကျေ အမြဲလုပ်ဆောင်ကြပြီး၊ အကယ်၍ ၎င်းတို့ကို တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ အတင်းအကျပ်ပြုလျှင် အခြားသူများအား ၎င်းတို့မလုပ်ဆောင်သောအရာကို လုပ်ဆောင်ရန် အကျပ်ကိုင်ကာ အလျဉ်းသင့်သလို အခြားသူများကို ပြစ်တင်မောင်းမဲကြပြီး ကိုင်တွယ်ဖြေရှင်းတတ်ကြလေသည်။ မှားယွင်းသောခေါင်းဆောင်တို့သည် သမ္မာတရားမရှိကြသောကြောင့် အခြားသူများကို သမ္မာတရားရှိဖို့ လက်ခံယုံကြည်ရန် မလုပ်ဆောင်နိုင်ကြသည်ဖြစ်၍ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများကို အသုံးပြုကြလေသည်။ အခြားသူများ၏ အမှားများကို ၎င်းတို့ အမိဖမ်းကြပြီး အစဉ်မပြတ် ထိုသူတို့ကို ဖိနှိပ်ကာ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်းတို့၏ သြဇာအာဏာကို ပြသဖို့ရန်အလို့ငှာ အပြစ်ဖော်ဆုံးမခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့အားဖြင့် ထိုသူတို့ကို ချိုးနှိမ်ရန် အလိုရှိကြသည်၊ ဤသည်မှာ မှားယွင်းသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ မှန်ကန်သော ခေါင်းဆောင်တစ်ဦးသည် လူတို့ကို လက်ခံယုံကြည်စေရန် သမ္မာတရားကို အသုံးပြုသည်၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုသဖြင့် အခြားသူများ၏ လေးစားကြည်ညိုခြင်းခံရသည်။ မှားယွင်းသော ခေါင်းဆောင်တစ်ဦးက အခြားသူများကို ဖိနှိပ်သည်၊ အခြားသူများ၏ အမှားများကို အမိဖမ်းပြီး အစဉ်မပြတ် ၎င်းတို့ကို ပြစ်တင်မောင်းမဲကာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ယှဥ်၍ မိမိကိုယ်ကို စစ်ဆေးစေပြီး ၎င်းတို့၏ အစွမ်းအစထက် ကျော်လွန်သည့်အရာကို လုပ်ဆောင်ရန် ချုပ်ချယ်မှုကို ခံစားစေကြသည်။ နောက်ဆုံးတွင် မှားယွင်းသော ခေါင်းဆောင်သည် ၎င်းတို့ကို သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်စေပြီး “ငါ့မှာ သမ္မာတရားရဲ့ စစ်မှန်မှု တကယ်မရှိဘူးပဲ။ ငါ အရမ်းချို့တဲ့လွန်းတယ်၊ ပြီးတော့ သမ္မာတရားကို ငါ မလိုက်လျှောက်ဘူး။ ငါ့ရဲ့ ခေါင်းဆောင်ပြောတာ မှန်တယ်” ဟု ၎င်းတို့ကို တွေးထင်စေသည်။ ၎င်းတို့သည် မှားယွင်းသော ခေါင်းဆောင်အားဖြင့် စိတ်နှလုံးနှင့် စကား၌ ယုံကြည်လက်ခံကြရသော်လည်း မှားယွင်းသော ခေါင်းဆောင်က သမ္မာတရားရှိသောကြောင့် ၎င်းတို့ ယုံကြည်လက်ခံခြင်း မဟုတ်ဘဲ၊ ၎င်းတို့ကို မှားယွင်းသောခေါင်းဆောင်က ကိုင်တွယ်ဖြေရှင်းပြီး ညှဉ်းဆဲသောကြောင့် ယုံကြည်လက်ခံကြခြင်း ဖြစ်သည်။ ဤသည်မှာ သူတော်ကောင်းအယောင်ဆောင်ခြင်းကို အသုံးပြုရန်နှင့် မုသားကို သမ္မာတရားအဖြစ် ဝတ်ဆင်ရန် မှားယွင်းသောခေါင်းဆောင်များ အသုံးပြုသည့် တိကျသော နည်းလမ်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားရှိခြင်းအားဖြင့် လူတို့ကို ယုံကြည်လက်ခံအောင် မလုပ်ဆောင်နိုင်ကြသောကြောင့် ၎င်းတို့က- “ငါ မင်းတို့ရဲ့ ပြဿနာတွေကို အလျဉ်းသင့်သလို အမိဖမ်းဆုပ်ပြီး မင်းတို့ကို အရေးယူမယ်၊ ယုံကြည်လက်ခံစေရမယ်၊ ပြီးတော့ ငါ့မှာ သမ္မာတရားရှိတဲ့အကြောင်းပြဖို့ မင်းတို့အပေါ် ငါရဲံကိုင်တွယ်ဖြေရှင်းမှုကို အသုံးပြုမယ်။ မင်းတို့ ပြားပြားဝပ်သွားအောင် ငါမင်းတို့ကို အသားကုန်အရေးယူမယ်၊ ပြီးတော့ ငါမှာ သမ္မာတရားရှိပြီး မင်းတို့မှာ သမ္မာတရားမရှိဘူးလို့ လွဲမှားစွာ မင်းတို့ကို ယုံကြည်စေမယ်။ ဒါဆိုရင် မင်းတို့ ယုံကြည်လက်ခံကြလိမ့်မယ်” ဟု စဥ်းစားကာ အခြားသောနည်းစနစ်ကို အသုံးပြုရတော့သည်။ လူတစ်ဦးသည် သမ္မာတရားမရှိသောအခါ မှားယွင်းသော ခေါင်းဆောင်များ၏ လှည့်ဖြားခြင်းခံရမည်ဖြစ်ပြီး၊ “သူငါ့ကို ဒီလို အရေးယူနိုင်တယ်ဆိုတော့ သူ ငါ့ထက်ပိုပြီး သမ္မာတရားကို ကောင်းကောင်းနားလည်ရမယ်။ ပြီးတော့ သူ့မှာ သေချာပေါက် သမ္မာတရားရဲ့ စစ်မှန်မှု ရှိရမယ်” ဟု တွေးထင်ကြပါလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် မှားယွင်းသော ခေါင်းဆောင်၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရလျက် အဆုံးသတ်ကြရသည်။ စတုတ္ထအခြေခံမူမှာ- မှားယွင်းသောခေါင်းဆောင်များသည် ဘုရားသခင်ရွေးချယ်ထားသော လူတို့အပေါ် ချစ်တတ်သောနှလုံးသား မရှိသလို၊ ပြဿနာများကို ဖြေရှင်းဖို့ သို့မဟုတ် လူတို့ကို စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဦးဆောင်ဖို့ သမ္မာတရားကို ရှာဖွေဖို့ မဆိုထားနှင့်၊ ၎င်းတို့သည် မိမိကိုယ်ကိုယ် မှန်ကန်စွာ မသိရှိနိုင်ကြချေ။ ၎င်းတို့သည် လူတို့ကို အပြစ်ပေးရုံသာ ပေးကြပြီး ကြောင်းကျိုးမမြင် ဖိနှိပ်ကြသည်၊ အခြားသူများက ၎င်းတို့ကို နာခံဖို့ ထိုသူတို့ကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းကို အသုံးပြုခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းများကို ပြသကြပြီး ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်ကြသည်ကို ပြသကြသည်၊ ဤသည်မှာ မှားယွင်းသော အပြန်ပန်းလှည့်စားမှုဖြစ်သည်။ ပဥ္စမအခြေခံမူမှာ- မှားယွင်းသော ခေါင်းဆောင်များသည် အဆင့်အတန်းနှင့် နာမည်ကောင်းကို ရှာဖွေကြသည်၊ ၎င်းတို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာကို တပ်မက်ကြပြီး အနတ္တကို တပ်မက်ကြသည်။ စစ်မှန်သောအလုပ်ကို ၎င်းတို့ မဆောင်ရွက်ကြပါ၊ သို့တိုင် ဘုရားသခင်၏ လှူဖွယ်အရာများကို မွေ့လျော်ဖို့ ၎င်းတို့တွင် အရည်အချင်း ရှိကြသည်ဟု ယုံကြည်နေကြဆဲဖြစ်ပြီး ဤအရာက ၎င်းတို့ကို အတော်ပင် အရှက်မဲ့စေလေသည်။ စစ်မှန်သော မည်သည့်အလုပ်ကိုမျှ ၎င်းတို့ မလုပ်ဆောင်သည့်အတွက် ဘုရားသခင်၏ လှူဖွယ်အရာများကို ၎င်းတို့ မွေ့လျော်ဖို့ ထိုက်တန်ကြပါသလား။ လူအချို့တို့သည် အတူနေထိုင်ဖို့ အချမ်းသာဆုံး အိမ်ရှင်မိသားစုများကို ရှာဖွေကြပြီး နေ့တိုင်း ကြက်ကင်နှင့် ငါးကြော်များကို တောင်းဆိုကြသည်၊ ၎င်းတို့ ဤအရာကို ထိုက်တန်ကြပါသလော။ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်တာများအတွက် မည်သို့သောထောက်ပံ့မှုကို ၎င်းတို့ ပေးခဲ့ကြပြီး မည်သည့်အလုပ်ကို ၎င်းတို့ ဆောင်ရွက်ပြီးခဲ့ကြပါသနည်း။ ၎င်းတို့သည် နေ့တိုင်းစားရန် အသားငါးများ အသေအချာရှိရမည် ဖြစ်ပါသော်လည်း ၎င်းတို့သည် ကပ်ပါးကောင်များ ဖြစ်လာကြပြီမဟုတ်လော။ အဆင့်အတန်းနှင့် သာယာမှုကို တပ်မက်ကြသူများသည် အရှက်မဲ့ကြသည် မဟုတ်လော။ ဤကဲ့သို့သောလူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိကြပါ၏လော။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၉) တွင်ပါဝင်သော “ကယ်တင်ခြင်းကို ရရှိရန် အခြားလူများနောက်သို့ လိုက်ခြင်းနှင့် ကိုးကွယ်ခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရပေမည်” မှ

ယခင်က:ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးကို မည်သို့ သိမြင်နိုင်သနည်း။

နောက်တစ်ခုသို့:သူတော်ကောင်းယောင်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ