၁) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းသည် ပေါ်လွင်ထင်ရှားသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ မကောင်းသောအကျင့်ကို မည်သို့ရှောင်နိုင်သနည်း။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဆိုသည်မှာ ဖော်ပြမရနိုင်လောက်အောင် ဆိုးရွားသော ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို မဆိုလိုသကဲ့သို့၊ ရှောင်ဖယ်ခြင်းလည်း မဟုတ်သည့်အပြင်၊ ခပ်ဝေးဝေးနေခြင်းလည်းမဟုတ်ပေ၊ ထို့ပြင် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း၊ သို့မဟုတ် အယူသီးခြင်းလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် ကြည်ညိုခြင်း၊ မြတ်နိုးလေးစားခြင်း၊ ယုံကြည်ကိုးစားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အရေးစိုက်ခြင်း၊ နာခံခြင်း၊ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းတို့ဖြစ်သည်၊ ထို့အပြင် အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော ဝတ်ပြုကိုးကွယ်မှု၊ အတုံ့အလှယ်ပေးဆပ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့လည်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ကြည်ညိုခြင်း၊ စစ်မှန်သော ယုံကြည်ကိုးစားခြင်း၊ စစ်မှန်သော နားလည်သဘောပေါက်ခြင်း၊ စစ်မှန်သော အရေးစိုက်ခြင်း၊ သို့မဟုတ် စစ်မှန်သော နာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ အထင်မှားခြင်း၊ ရှောင်တိမ်းခြင်းနှင့် ရှောင်ရှားခြင်းတို့သာ ရှိနေလိမ့်မည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ မျက်စိစုံမှိတ် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းနှင့် အယူသီးခြင်းတို့သာ ရှိလိမ့်မည်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းစဉ်အတိုင်း မပြုမူနိုင်သကဲ့သို့၊ ဘုရားသခင်ကို မကြောက်နိုင်၊ သို့မဟုတ် မကောင်းသောအကျင့်ကိုလည်း မရှောင်နိုင်ပေ။ အပြန်အလှန်အားဖြင့် လူတို့လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းနှင့် အပြုအမူတိုင်းသည် ပုန်ကန်မှုနှင့် အာခံမှု၊ ဘုရားသခင်ကို သွားပုပ်လေလွင့် အပြစ်တင်ယိုးစွပ်မှုများအပြင် ဘုရားသခင်ကို အပုပ်ချသည့် ဝေဖန်အကဲဖြတ်မှုများနှင့် ပြည့်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားအပြင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်တို့နှင့် ဆန့်ကျင်သည့် ဆိုးယုတ်သော အပြုအမူနှင့် ပြည့်နေလိမ့်မည်။

လူသားမျိုးနွယ်၌ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏နောက်ကို လိုက်ခြင်းနှင့် သူ့အပေါ်မှီခိုရာတွင် စစ်မှန်လာလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားပြီး မှီခိုခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် သဘောပေါက်ခြင်းနှင့်အတူ သူ့ကို အစစ်အမှန် အရေးစိုက်ခြင်း တွဲပါလာသည်။ ဘုရားသခင်ကို အစစ်အမှန် အရေးစိုက်ခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော နာခံခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် နာခံခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် အထွတ်အမြတ်ထားခြင်းဖြင့်သာ လူသားမျိုးနွယ်၌ အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော စစ်မှန်သည့် အတုံ့အလှယ်ပေးဆပ်ခြင်း ရှိနိုင်သည်။ စစ်မှန်သည့် ကိုးစားခြင်းနှင့် မှီခိုခြင်း၊ စစ်မှန်သည့် နားလည်မှုနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် နာခံခြင်း၊ စစ်မှန်သည့် အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းလာနိုင်ပြီး ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် သိကျွမ်းလာနိုင်သည်။ ဖန်ဆင်းရှင်အား ၎င်းတို့ အမှန်တကယ် သိကျွမ်းလာသည့်အခါမှသာ လူသားမျိုးနွယ်သည် ၎င်းတို့အထဲ၌ စစ်မှန်သည့် ကိုးကွယ်မှုနှင့် ကျိုးနွံနာခံခြင်းတို့ နိုးကြားလာအောင် လုပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်ကို စစ်မှန်သည့် ကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိသည့်အခါမှသာ လူသားမျိုးနွယ်သည် မိမိတို့၏ ဆိုးယုတ်သော လမ်းများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ကြလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုလျှင် မကောင်းသောအကျင့်ကို ရှောင်နိုင်ကြလိမ့်မည်။

ဤတွင် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” လုပ်ငန်းစဉ်တစ်ခုလုံး ပါဝင်၏၊ ထို့ပြင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ အကြောင်းအရာ အလုံးစုံလည်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းသို့ ရောက်ရန်အတွက် ကျော်ဖြတ်ရမည့် လမ်းကြောင်းလည်း ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

မည်သည့်လမ်းကြောင်းမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်း အတိအကျ ဖြစ်သနည်း။ ယင်း၌ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ကြိုးစားခြင်းနှင့် သူ့ကို လုံးလုံးလျားလျားနှင့် အပြည့်အဝ ကျိုးနွံနာခံခြင်းတို့ ပါဝင်သည်။ ယင်း၌ လှည့်ဖြားခြင်း၊ ခုခံခြင်း၊ သို့မဟုတ် ပုန်ကန်ခြင်း အရိပ်လက္ခဏာတစ်ခုတလေမျှ မရှိဘဲ၊ ဘုရားသခင်ကို စစ်မှန်စွာ စိုးရွံ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ပါဝင်သည်။ ယင်းသည် နှလုံးသား လုံးဝဖြူစင်ခြင်းနှင့် ဘုရားသခင်အပေါ် လုံးဝသစ္စာစောင့်သိကာ နာခံခြင်းဖြစ်သည်။ ဤသစ္စာစောင့်သိခြင်းနှင့် နာခံခြင်းတို့သည် အကြွင်းမဲ့ဖြစ်ရမည်၊ အထိုက်အလျောက် မဖြစ်ရ။ ယင်းသည် အချိန်အပေါ်ဖြစ်စေ၊ နေရာအပေါ်ဖြစ်စေ၊ တစ်ဦးတစ်ယောက် မည်မျှအိုမင်းသည်ဆိုသည့်အပေါ်ဖြစ်စေ မမူတည်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်း ဖြစ်၏။ ဤရှာဖွေခြင်းလမ်းကြောင်းကို သင်လျှောက်လှမ်းနေစဉ်တွင်၊ သင်သည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာလိမ့်မည်ဖြစ်ပြီး သူ၏လုပ်ဆောင်ချက်များကို တွေ့ကြုံရလိမ့်မည်။ သူ၏ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှုတို့ကို သင်ခံစားရလိမ့်မည်၊ သူ၏တည်ရှိခြင်း အမှန်တရားကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး သူ၏အချုပ်အခြာအာဏာကို ခံစားရလိမ့်မည်။ ထိုအခါမှသာ အရာခပ်သိမ်းတွင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို နောက်ဆုံး၌ ခံစားရလိမ့်မည် ဖြစ်သည့်အပြင် သင်၏နံဘေးရှိ သူ၏မျက်မှောက်တော်ကို သင်ခံစားရလိမ့်မည်။ ထို့နောက်တွင်သာ သင်၌ ဤသဘောပေါက်ခြင်းမျိုး ရှိလိမ့်မည်။ ဤလမ်းမျိုးကို သင်မရှာဖွေပါက၊ ဤအရာများနှင့် သက်ဆိုင်သည့် အသိပညာကို မည်သည့်အခါတွင်မျှ သင်ရရှိလိမ့်မည်မဟုတ်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်” မှ

ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ရိုသေ ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။ လူတို့သည် မည်သည့် အပြင်ပန်း သဏ္ဌာန်မျိုးကို ဟန်ဆောင်ပြသစေကာမူ ဘုရားသခင်သည် ယင်းတို့ကို အတော်ပင် ရှင်းလင်းပြတ်သားစွာ မြင်သည်ဖြစ်၍ သူသည် သင်၏ ဤထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ပေးလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

သို့သော်၊ သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် ဩဇာလွမ်းမိုးပြီး သင်၏အသက် ဖြစ်လာသည့်အခါ၊ မတုန်မလှုပ်၊ အပျက်သဘောဆောင်သည့် သို့မဟုတ် ဆိုးယုတ်သည့် တစ်စုံတစ်ရာ ထွက်ပေါ်ခြင်းကို သင် မြင်သည့်အခါ သင့်စိတ်နှလုံးထဲက တုန့်‌ပြန်မှုသည် လုံးဝ ကွဲပြား၏။ ပထမဦးစွာ၊ သင်သည် အပြစ်တင်မှုနှင့် စိုးရိမ်ပူပန်မှု အသိစိတ်တစ်ခု ခံစားရပြီးနောက် “ကျွန်ုပ်အနေဖြင့် အလဟဿနေမြဲနေပြီး မသိကျိုးကျွန် မပြုနိုင်။ ကျွန်ုပ် ထရပ်ပြီး စကားပြောရမည်၊ ကျွန်ုပ် ထရပ်ပြီး တာဝန်ယူရမည်” ဟူသည့် ခံစားချက်က ချက်ချင်း လိုက်လာသည်။ ထိုအခါ သင်သည် ထရပ်ပြီး ယင်းတို့ကို ဖော်ထုတ်ရင်း၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် ဘုရားသခင်၏ အလုပ်ကို အနှောင့်အယှက် ပေးခံရခြင်းမှ တားဆီးရန် ကြိုးပမ်းရင်း ဤဆိုးယုတ်သော လုပ်ရပ်များကို သင် ရပ်တန့်နိုင်သည်။ သင်သည် ဤသတ္တိနှင့် စိတ်ဆုံးဖြတ်ချက် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။ ယင်းကို မည်သို့ ဖြည့်ဆည်းမည်နည်း။ သမ္မာတရားက ယင်း၏ အကျိုးသက်ရောက်မှုကို သင့်အပေါ် အသုံးပြုခြင်းနှင့် သင်၏ အသက်ဖြစ်လာခြင်းမှတစ်ဆင့် ယင်းကို ဖြည့်ဆည်းလိမ့်မည်။ ဤနည်းဖြင့် သင်၏တာဝန် ကျေပွန်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က သင့်ကို ဆုလာဘ်တစ်ခု ပေးနိုင်ခြင်း ရှိမရှိ၊ သင်၏ လုပ်ရပ်များကို သူ မြင်ခဲ့ခြင်း ရှိမရှိ သို့မဟုတ် ယင်းတို့ကို သူ လက်ခံခြင်း ရှိမရှိဆိုသည်တို့ကို သင် မေးလိမ့်မည် မဟုတ်ပေ။ ထိုအစား၊ ယင်းသည် သင် တာဝန်ယူသင့်သည့် တာဝန်ဖြစ်သည်ဟုသာ သင် ယုံကြည်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် အသိတရား၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝ၊ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် အသက်ရှင်နေထိုင်နေခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့သည် သူ ပြောဆိုသည့် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း” ဖြစ်ပေမည်။ သင်သည် ဤနှုတ်ကပတ်တော်တို့၏ အနှစ်သာရကို ဆောင်ရွက်နေမည်ဖြစ်ပြီး၊ ယင်းတို့၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နေပေမည်။ သမ္မာတရားက လူတစ်ဦး၏ အသက်ဖြစ်လာချိန်တွင်၊ ၎င်းသည် ဤလက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နိုင်ကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘနှင့် သက်ဆိုင်သည့် လူတို့၏ ပထမဆုံး ထင်မြင်ချက်များမှာ ယောဘသည် စုံလင်ခဲ့သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့ကာ သူသည် ကြီးမားသော ကြွယ်ဝချမ်းသာနှင့် အလေးထားအပ်သော အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်ဟူ၍ဖြစ်သည်။ သာမန် လူပုဂ္ဂိုလ်တစ်ဦးအတွက်၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုထဲနှင့် ထိုသို့သော အခြေအနေများအောက်တွင် အသက်ရှင်ရခြင်း၊ ယောဘ၏ စားနေကျအစားအစာ၊ ဘဝအဆင့်အတန်းနှင့် သူ၏ ကိုယ်ပိုင် အသက်တာ၏ အမျိုးမျိုးသော ရှုထောင့်များသည် လူအများစု၏ အာရုံစူးစိုက်မှု ဖြစ်ခဲ့ပေမည်။ ထို့ကြောင့် သမ္မာကျမ်းကို ငါတို့ ဆက်လက်ဖတ်ရှုရမည်- “ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။” (ယောဘ ၁:၄-၅)...ယောဘ၏သားများနှင့် သမီးများ ပွဲခံခြင်းကို သမ္မာကျမ်းစာက ဖော်ပြသည့်နေရာတွင် ယောဘအကြောင်းကို ဖော်ပြခြင်း မရှိပေ။ သူ၏သားများနှင့် သမီးများ မကြာခဏ အတူတကွ စားသောက်ခဲ့ကြသည်ဟုသာ ဆိုထားသည်။ တစ်နည်းအားဖြင့် သူသည် ပွဲခံခြင်းများကို မပြုခဲ့သကဲ့သို့၊ သူသည် သူ၏သားများနှင့် သမီးများ အလွန်အကျူး စားသောက်ရာ၌ ပါဝင်ခြင်း မရှိခဲ့ပေ။ ကြွယ်ဝပြီး ဥစ္စာပစ္စည်းများစွာနှင့် အစေခံများစွာကို ပိုင်ဆိုင်ခဲ့သော်လည်း၊ ယောဘ၏ အသက်တာမှာ စည်းစိမ်ဖြင့် ယစ်မူးသော အသက်တာတစ်ခု မဟုတ်ခဲ့ပေ။ သူသည် သူ၏အကောင်းဆုံး ရှင်သန်မှုပတ်ဝန်းကျင်အားဖြင့် အချိန်ကို ပျော်ပါးကုန်လွန်စေခဲ့ခြင်း မရှိဘဲ၊ ယင်းက သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တဖြည်းဖြည်း ရှောင်ရှားစေဖို့မဆိုထားနှင့်၊ သူ၏ ချမ်းသာကြွယ်ဝမှုကြောင့် ဇာတိပကတိ ပျော်မွေ့ဖွယ်ရာများအပေါ် လွန်ကျူးစွာ ခံစားခဲ့ခြင်း သို့မဟုတ် မီးရှို့သောယဇ်များကို ပူဇော်ရန် မေ့လျော့ခဲ့ခြင်း မရှိပေ။ ထိုအခါ ယောဘသည် သူ၏ နေပုံထိုင်ပုံ၌ သိသိသာသာပင် စည်းကမ်းရှိခဲ့သည်၊ သူ့ကို ပေးသည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ၏ အကျိုးဆက်အဖြစ် လောဘကြီးခြင်း သို့မဟုတ် အပျော်အပါးလိုက်စားခြင်းသည် ပဓာနကျသည်ဟူသော ခံယူချက် မရှိခဲ့သကဲ့သို့၊ သူ၏ ဘဝ အဆင့်အတန်းအပေါ် အစွဲအလန်းကြီးခဲ့ခြင်း မရှိပေ။ ယင်းအစား သူသည် နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေခဲ့သည်၊ ဝင့်ကြွားတတ်ခြင်းလည်း မရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သတိရှိပြီး ဂရုတစိုက်ရှိခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို မကြာခဏ သူဆင်ခြင်တွေးတောခဲ့ပြီး ဘုရားသခင်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့ခဲ့သည်။ သူ၏ နေ့စဉ်အသက်တာတွင်၊ ယောဘသည် မကြာခဏ စောစီးစွာ နိုးထကာ သူ၏ သားများနှင့် သမီးများအတွက် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့သည်။ တစ်နည်းအားဖြင့် ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမည်မဟုတ်ဟုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝ ချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သကဲ့သို့၊ ယင်းသည် ဘုရားသခင်ထိန်းသိမ်းထားသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏နှုတ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ၊ သူ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီး သူ၏ နေ့စဉ်အသက်တာ၏ အစိတ်အပိုင်းတစ်ခုစီတွင် ထင်ဟပ်ခဲ့သည့်အရာ တစ်ခု ဖြစ်သည်။ ယောဘ၏ ဤတကယ့် အပြုအမူက ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့သည်ကို ငါတို့အား ပြသပေသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်ကာ သန့်ရှင်းစေခဲ့သည် ဟူသည်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့သည်ကို ဆိုလိုသည်။ ယင်းအစား သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူနှင့်ပတ်သက်၍ စိတ်ပျက်ခဲ့ပြီး၊ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခဲ့ခြင်း မရှိဟု သူ ကောက်ချက်ချခဲ့ပြီး၊ ထို့ကြောင့် ယေဟောဝါဘုရားသခင်ရှေ့သို့ သွားကာ ၎င်းတို့၏အပြစ်များကို ဝန်ခံဖို့ ၎င်းတို့ကို သူမကြာခဏ ခေါ်ယူခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များက သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါတွင်မျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ၊ ယင်းအစား ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်ရှားခဲ့သည့် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်။ ဤလူများသည် သူ၏ သားများနှင့် သမီးများ ဖြစ်သော်လည်း၊ ၎င်းတို့သည် သူ၏မိသားစုနှင့် ဆွေမျိုးသားချင်း ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင် ပြုမူနေထိုင်ခြင်း အခြေခံသဘောတရားများကို ပစ်ပယ်ခဲ့ခြင်း မရှိသကဲ့သို့၊ သူ၏ ကိုယ်ပိုင် ခံစားချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ လိုက်လျောခဲ့ခြင်း မရှိပေ။ ယင်းထက် ၎င်းတို့အား ဝန်ချကာ ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရယူရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အခြေခံသဘောတရားများမှ ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့ပြီး၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံး၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး မကောင်းမှုကို ကျူးလွန်သူများ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ထိုသို့သော ချစ်ခင်နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ အမြင်ဖြင့် မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်း ဖြစ်ခဲ့သည်။ သဘာဝအားဖြင့်၊ ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲက ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး၊ ငါတို့လေ့လာကြရမည့် အကြောင်းအရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်က စာတန်အား “သူ၌ ရှိသမျှတို့သည် သင်၏ အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့် လက်မရောက်စေနှင့်။” ဟု ဆိုပြီးနောက်တွင် စာတန်သည် ထွက်သွားပြီး များမကြာမီတွင် ယောဘသည် ရုတ်တရက်နှင့် ပြင်းထန်သော တိုက်ခိုက်မှုများအောက် ရောက်လာခဲ့သည်။ ပထမဦးစွာ၊ သူ၏နွားများနှင့် မြည်းများ လုယက်ခြင်းကို ခံခဲ့ရပြီး သူ၏ အစေခံအချို့ အသတ်ခံခဲ့ရသည်။ ဆက်လက်၍၊ သူ၏သိုးများနှင့် နောက်ထပ်အစေခံအချို့သည် မီးဖြင့် လောင်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင်၊ သူ၏ ကုလားအုတ်များ ယူဆောင်သွားခြင်း ခံခဲ့ရပြီး၊ သာ၍ပင်များသော သူ၏ အစေခံများ အသတ်ဖြတ်ခံခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ သားများနှင့် သမီးများ၏ အသက်များ နုတ်ယူခြင်း ခံခဲ့ရသည်။ တသီတတန်းဖြစ်သော ဤတိုက်ခိုက်မှုများမှာ ပထမ စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ ခံစားခဲ့ရသော ညှဉ်းဆဲခြင်း ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးခဲ့သည်နှင့်အညီ ဤတိုက်ခိုက်မှုများအတောအတွင်းတွင်၊ စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကိုသာ ပစ်မှတ်ထားခဲ့ပြီး ယောဘ ကိုယ်တိုင်ကို အန္တရာယ်ပေးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ယောဘသည် ကြီးစွာသော ကြွယ်ဝချမ်းသာခြင်းကို ပိုင်ဆိုင်ခဲ့သော သူဌေးတစ်ဦးအဖြစ်မှ မည်သည့်အရာမျှ မရှိသော သူတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။ မျှော်လင့်မထားသော အလွန်အံ့အားသင့်ဖွယ် ဤထိုးနှက်မှုကို မည်သူမျှ ကြံ့ကြံ့ခံနိုင်မည် မဟုတ်၊ သို့မဟုတ် ယင်းကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ခဲ့မည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် သူ၏ အံ့မခန်းသော သဘောထားကို ထင်ရှားစေခဲ့သည်။ သမ္မာကျမ်းက အောက်ပါ အဖြစ်အပျက်ကို ဖော်ပြပေး၏- “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး။” ဤသည်မှာ ယောဘသည် သူ၏သားသမီးများနှင့် သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီ ဖြစ်သည်ကို ကြားသိပြီးနောက် သူ၏ပထမဦးဆုံး တုံ့ပြန်မှု ဖြစ်ခဲ့သည်။ အရာအားလုံးအထက်တွင်၊ သူသည် ဒေါသ သို့မဟုတ် အမုန်းကို ဖော်ပြဖို့ မဆိုထားနှင့်၊ အံ့အားသင့်သည့်ပုံ သို့မဟုတ် အထိတ်တလန့် ဖြစ်သည့်ပုံပင် မပေါ်ခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤဘေးဒုက္ခများသည် ဝဋ်လည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း ကျရောက်ခြင်း ဖြစ်ခဲ့ဖို့ မဆိုထားနှင့်၊ မတော်တဆဖြစ်မှုတစ်ခု မဟုတ်၊ သို့မဟုတ် လူ၏လက်မှ ဖြစ်ပွားခြင်း မဟုတ်ခဲ့သည်ကို သူက လက်ခံထားနှင့်ပြီး ဖြစ်သည်။ ယင်းအစား၊ ယေဟောဝါ၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့ပြီးဖြစ်သည်။ သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို နုတ်ယူရန် အလိုရှိခဲ့သူမှာ ယေဟောဝါ ဖြစ်သည်။ ယောဘသည် ထိုအခါက အလွန်တည်ငြိမ်ပြီး ယုတ္တိရှိရှိ တွေးခေါ်ခဲ့သည်။ သူ၏ စုံလင်ပြီး ဖြောင့်မတ်သော လူ့သဘာဝသည် သူ့အပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများနှင့်ပတ်သက်၍ မှန်ကန်သော အကဲဖြတ်မှုများနှင့် ဆုံးဖြတ်ချက်များကို အကျိုးသင့်အကြောင်းသင့်နှင့် သဘာဝကျကျ ချမှတ်နိုင်စေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဟူ၍ သူသည် တစ်မူထူးခြားသော တည်ငြိမ်မှုဖြင့် ပြုမူခဲ့သည်။ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် အဝတ်မဝတ်ထားသကဲ့သို့ မည်သည့်အရာကိုမျှ မပိုင်ဆိုင်ခဲ့သည်ကို ဆိုလိုသည်။ “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ သူသည် ဘုရားသခင် ရှေ့သို့ မွေးကင်းစကလေးတစ်ဦးသဖွယ် ပြန်လာခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ “မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဆိုသည်မှာ သူသည် လောကထဲသို့ အဝတ်အချည်းစည်း လာခဲ့ပြီး ယနေ့တွင် မည်သည့်အရာမျှ မရှိသေးပေ၊ သူသည် ဘုရားသခင်ထံ မွေးကင်းစကလေးသူငယ်တစ်ဦးအလား ပြန်သွား ခဲ့ရသည်ကို ဆိုလိုသည်။ သူ့အပေါ်သို့ ကျရောက်သမျှအပေါ် ယောဘ၏ သဘောထားကို ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခံ သတ္တဝါမျှ စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ပေ။ ယေဟောဝါ၌ သူ၏ ယုံကြည်ခြင်းသည် ယုံကြည်မှု နယ်ပယ်ကို ကျော်လွန်သွားခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အား သူ၏နာခံခြင်းဖြစ်ခဲ့သည်။ သူ့အား ပေးခြင်းအတွက် ဘုရားသခင်ကို သူ ကျေးဇူးတင် ရှိနိုင်သည်သာမက သူထံမှ နုတ်ယူခြင်းအတွက်လည်း ကျေးဇူးတင်ရှိနိုင်ခဲ့သည်။ ထို့အပြင်၊ သူသည် သူ၏အသက် အပါအဝင် သူ ပိုင်ဆိုင်သမျှအားလုံးကို ဘုရားသခင်ထံ ပြန်ပေးဖို့ တာဝန်ယူဆုံးဖြတ်နိုင်ခဲ့သည်။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူ‌ခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့ပြီး၊ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား နာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်အား ကျိန်ဆဲပြီး သေရန် သူ၏ဇနီးက သူ့အား အကြံပေးခဲ့ချိန်တွင်၊ သူမ ဆိုလိုသည့် အဓိပ္ပာယ်မှာ- “သင်၏ ဘုရားသခင်သည် သင့်အား ထိုသို့ ဆက်ဆံသည်၊ ထို့ကြောင့် သူ့အား အဘယ်ကြောင့် မကျိန်ဆဲသနည်း။ သင် ဘာအတွက်ကြောင့် ဆက်၍ အသက်ရှင်နေသနည်း။ သင်၏ ဘုရားသခင်သည် သင့်အဖို့ မတရားလွန်းသော်လည်း၊ ‘ယေဟောဝါ၏နာမ မင်္ဂလာ ရှိစေသတည်း။’ ဟု သင် ဆိုသေးသည်။ သူ၏နာမကို သင်ကောင်းချီးပေးချိန်တွင် သူသည် သင့်အပေါ် ဘေးဒုက္ခကို အဘယ်ကြောင့် ဆောင်လာခဲ့ နိုင်သနည်း။ မြန်မြန်လုပ်ပြီး ဘုရားသခင်၏နာမကို စွန့်ပစ်ကာ သူ့နောက် ထပ်မလိုက်နှင့်။ သို့ဆိုလျှင် သင်၏ ဒုက္ခပြဿနာများ ပြီးဆုံးသွားလိမ့်မည်။” ဤအခိုက်အတန့်တွင် ယောဘ၌ ဘုရားသခင် မြင်လိုသော သက်သေခံချက် ထွက်ပေါ်ခဲ့သည်။ မည်သည့်သာမန်လူမျှ ထိုသို့သော သက်သေခံချက်ကို သက်သေခံနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ယင်းနှင့်သက်ဆိုင်၍ သမ္မာကျမ်းစာ၏ မည်သည့်အဖြစ်အပျက်တွင်မျှ ငါတို့ မဖတ်ရှုရပေ- သို့သော် ဤစကားများကို ယောဘ မပြောဆိုမီ အချိန်ကြာမြင့်စွာကတည်းက ယင်းကို ဘုရားသခင် မြင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင် မှန်ကန်ခဲ့သည်ကို အားလုံးထံ ယောဘကို သက်သေပြ ခွင့်ပေးဖို့ ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိခဲ့ပေသည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ရလျက်၊ ယောဘသည် သူ၏ တည်ကြည်မှုကို လက်မလွှတ်ခဲ့သကဲ့သို့ ဘုရားသခင်ကိုလည်း မစွန့်လွှတ်ခဲ့ရုံသာမက၊ သူ၏ ဇနီးအား၊ “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် ဩဇာသက်ရောက်မှု ရှိပါသလော။ ဤနေရာတွင် ဤစကားများ၏ ဩဇာသက်ရောက်မှုကို သက်သေပြနိုင်စွမ်းရှိသည့် အချက်တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ ဩဇာသက်ရောက်မှုမှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံသည်၊ ၎င်းတို့သည် ဘုရားသခင် တောင့်တခဲ့သော အရာ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင် ကြားလိုသော အရာဖြစ်ပြီး၊ ဘုရားသခင်မြင်ရန် တမ်းတခဲ့သော ရလဒ် ဖြစ်ပေသည်။ ဤစကားများသည် ယောဘ၏ သက်သေခံချက် အနှစ်သာရလည်း ဖြစ်သည်။ ဤတွင် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ အတည်ပြုခံခဲ့ရသည်။ ယောဘ၏ အဖိုးတန်မှုသည် သူ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရချိန်နှင့် သူ၏ တစ်ကိုယ်လုံးကို နာကျင်သောအနာစိမ်းများ ဖုံးလွှမ်းခဲ့သည့် အချိန်တွင်ပင်၊ ပြီးလျှင် အဆုံးစွန် ညှဉ်းဆဲမှုကို သူတောင့်ခံခဲ့သည့် အချိန်နှင့် သူ၏ဇနီးနှင့် ဆွေမျိုးရင်းချာတို့က သူ့ကို အကြံပေးခဲ့ချိန်တွင်၊ ထိုသို့သော စကားများကို သူ မြွက်ဆိုဆဲရှိခဲ့ပုံတွင် တည်ရှိပေသည်။ ၎င်းကို အခြားနည်းဖြင့်ဆိုပါက မည်သည့် စုံစမ်းနှောင့်ယှက်မှုများ ဖြစ်ပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများ သို့မဟုတ် ညှဉ်းဆဲမှု မည်သို့ပင် ဆိုးရွားပါစေ၊ အကယ်၍ သေခြင်းသည် သူ့အပေါ် ရောက်လာခဲ့လျှင်ပင် သူသည် ဘုရားသခင်ကို စွန့်လွှတ်မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို ပစ်ပယ်မည် မဟုတ်မှန်း သူ၏ စိတ်နှလုံးထဲတွင် သူယုံကြည်ခဲ့သည်။ ထိုအခါ သူ၏ စိတ်နှလုံးထဲတွင် အရေးကြီးဆုံးသော နေရာကို ဘုရားသခင် ထိန်းထားခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သာရှိသည်ကို သင်မြင်ရပေသည်။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း၊ နှုတ်ဖြင့်မျှမမှားယွင်း ဟူ၍ ကျမ်းစာထဲတွင် သူနှင့် သက်ဆိုင်သည့် ထိုသို့သော ဖော်ပြချက်များကို ငါတို့ ဖတ်ရှုရသည်မှာ ဤအရာကြောင့် ဖြစ်သည်။ သူသည် သူ၏နှုတ်ဖြင့် မမှားယွင်းခဲ့သည်သာမက၊ သူ၏ စိတ်နှလုံးထဲ၌လည်း ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ထိခိုက်စေသော စကားများကို သူမပြောခဲ့သကဲ့သို့၊ ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားခဲ့ခြင်းလည်း မရှိပေ။ သူ၏နှုတ်က ဘုရားသခင်၏ နာမကို ကောင်းချီး ပေးခဲ့သည်သာမက၊ သူ၏စိတ်နှလုံးတွင်လည်း သူသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်။ သူ၏နှုတ်နှင့် စိတ်နှလုံးတို့သည် တစ်ခုတည်းကဲ့သို့ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် မြင်ခဲ့သော စစ်မှန်သည့် ယောဘဖြစ်ပြီး၊ ဤသည်မှာ ယောဘကို ဘုရားသခင် တန်ဖိုးထားခဲ့သည့် တကယ့် အကြောင်းရင်း ဖြစ်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အရှေ့သို့- ဆိုးယုတ်သော သူတစ်ဦးသည် အဘယ်အရာဖြစ်ပြီး ဆိုးယုတ်သောသူ အမျိုးမျိုးကို ခွဲခြားနိုင်သည့်နည်းလမ်း

နောက်တစ်ခုသို့- ၂) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ကယ်တင်ခံရခြင်းတို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁) သခင်ယေရှုသည် လူသားမျိုးနွယ်ကို ရွေးနုတ်ခဲ့သော်လည်း၊ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် လိုအပ်သေးသည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌...

၁) ဘုရားသခင်၏စိတ်သဘောထားကို သူ၏အမှုတော်မှတစ်ဆင့်သိမြင်နိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ...

၄) လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသည့် လူတို့အကြား ပဓာနကျသော ကွဲပြားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်