၂) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ကယ်တင်ခံရခြင်းတို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

၎င်းတို့၏ယုံကြည်မှုတွင် လူတို့သည် ကယ်တင်ခြင်းကို ကြိုးပမ်းရရှိလိုပါက၊ ထိုအရေးကိစ္စ၏အခရာမှာ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိမရှိနှင့် သူသည် ၎င်းတို့၏စိတ်နှလုံးများတွင် နေရာတစ်ခု ရှိမရှိ တို့ဖြစ်သည်။ သင်၏စိတ်နှလုံးသည် သူ၏ ရှေ့မှောက်တွင် အသက်မရှင်နိုင်ပါက၊ သို့မဟုတ် သင်နှင့် ဘုရားသခင်တို့ကြားတွင် သာမန် ပေါင်းသင်းဆက်ဆံရေး မရှိပါက၊ သင်သည် မည်သည့်အခါမျှ ကယ်တင်ခံရလိမ့်မည် မဟုတ်ချေ။ သင်၏ ကယ်တင်ခြင်းသို့ လမ်းကြောင်းသည် ပိတ်ဆို့ခြင်း ခံရလိမ့်မည်။ သင်သည် လမ်းဆုံးသို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းသည် အမည်ခံသာ တည်ရှိပါက၊ ယင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ ပြီးလျှင် အယူဝါဒမည်မျှကို သင်ပြောဆိုနိုင်သည်၊ သင်မည်မျှ ဒုက္ခခံပြီးဖြစ်သည် သို့မဟုတ် သင်၏ပင်ကိုအထုံပါရမီများက မည်မျှ ကြီးမားသည်တို့က အရေးကြီးလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က “အသင် အဓမ္မအမှုကို ပြုသောသူ၊ ငါ့ထံမှ ဖယ်ကြ” ဟု ပြောလိမ့်မည်။ သင်သည် အဓမ္မမှုပြုသူတစ်ဦးအဖြစ် အမျိုးအစား သတ်မှတ်ခံရပြီးဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ဆက်စပ်ခြင်း မရှိချေ။ သူသည် သင်၏ အုပ်စိုးသူမဟုတ်ပေ၊ သူသည် သင်၏ ဖန်ဆင်းရှင်မဟုတ်ပေ၊ သူသည် သင်၏ ဘုရားသခင် မဟုတ်ပေ၊ သူသည် သင် ဝတ်ပြုကိုးကွယ်သည့် သီးသန့်တစ်ဦး မဟုတ်ချေ၊ ပြီးလျှင် သူသည် သင်လိုက်လျှောက်သည့် သီးသန့်တစ်ဦး မဟုတ်ချေ။ သင်သည် စာတန်နှင့် မကောင်းဆိုးဝါးများနောက်သို့ လိုက်သည်။ သင်သည် သင်ကိုယ်တိုင်၏အရှင်ဖြစ်သည်။ နောက်ဆုံးတွင် သင်ကဲ့သို့လူများသည် ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်း၊ ရွံရှာမုန်းတီးခြင်း၊ ငြင်းပယ်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံရလိမ့်မည်။ သူသည် ထိုသို့သော လူများကို မကယ်တင်ပေ။ လူတို့က ဘုရားသခင်သည် ၎င်းတို့၏သခင်နှင့်အုပ်စိုးသူ ဖြစ်သည်ဟု လက်ခံသည့်အခါမှသာ၊ ၎င်းတို့က သူသည် သမ္မာတရားဖြစ်ပြီး လူသား၏ လမ်းခရီးနှင့် အသက်တို့၏ အရင်းအမြစ်ဖြစ်သည်ကို လက်ခံသည့်အခါမှသာ၊ ပြီးလျှင် ၎င်းတို့လုပ်သမျှ အရာအားလုံးနှင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းတို့သည် သမ္မာတရား၊ ဘုရားသခင်၊ သူရှေ့မှောက်တွင် ကျိုးနွံနာခံခြင်း၊ ပြီးလျှင် သူ၏လမ်းခရီးကို လိုက်လျှောက်ခြင်းတို့နှင့် ဆက်နွှယ်နေသည့်အခါမှသာ၊ ထိုအခါမှသာလျှင် ၎င်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရလိမ့်မည်။ လူတို့အနေဖြင့် ကံကောင်းဖို့သာ မျှော်လင့်ခြင်းသည် ကောင်းသလော။ ၎င်းတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင်၏ အယူအဆများကို အမြဲဖက်တွယ်ထားခြင်းသည် ကောင်းသလော။ ၎င်းတို့၏ မရေရာဘဲ စိတ်ကူးသက်သက် အတွေးများကို အစဉ် ဆုပ်ကိုင်ထားခြင်းက ၎င်းတို့အတွက် ကောင်းသလော။ (မကောင်းပါ။) သင်သည် တကယ်ကို ကံကောင်းနိုင်သည်ဟု မထင်လေနှင့်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းကို ကြိုးပမ်းရရှိလိုပါက၊ အခြားလျှောက်စရာလမ်းကြောင်း မရှိပေ။...

ဤတရားဒေသနာများကိုနားထောင်ပြီးနောက် မည်သည့်အရာက သင့်ကို စိတ်ထက်သန်စေသည်ဆိုသည်မှာ အရေးမကြီးပေ။ အရာခပ်သိမ်းကို ပြောဆိုပြုလုပ်ပြီးချိန်တွင် တစ်ခုတည်းသောလမ်းမှန်မှာ သင့်အား ဘုရားသခင်ကိုကြောက်ရွံ့စေ၍၊ ဒုစရိုက်ကိုရှောင်ကြဉ်စေသောလမ်းဖြစ်သည်။ သင်သည် ဘုရားသခင်ကိုယုံကြည်သော်လည်း၊ သင်၏ ယုံကြည်ခြင်းသည် ကိုယ်တော်နှင့်ပတ်သက်ဆက်နွှယ်မှုမရှိလျှင်၊ သူသည် သင်၏အရှင်သခင်နှင့် သင်၏ဖန်ဆင်းရှင်မဟုတ်လျှင်၊ သူသည်သင်၏ ကံကြမ္မာကို အုပ်စိုးသောအရှင်ဖြစ်ကြောင်းကို သင်လက်ခံခြင်းမရှိလျှင်၊ သင့်အတွက် သူစီစဉ်ချမှတ်ထားသောအရာအားလုံးကို သင်ကျိုးနွံနာခံခြင်းမရှိလျှင်၊ သူသည် သမ္မာတရားဖြစ်ကြောင်းအဖြစ်မှန်ကို သင်လက်ခံခြင်းမရှိလျှင် သင်၏ကယ်တင်ခြင်းစိတ်ကူးအိပ်မက်သည် ဆိုးဆိုးဝါးဝါးဆုတ်ပြဲ ပျက်စီးနေသောအခြေအနေတွင်ရှိနေ၏။ ဤလမ်းကို သင်လျှောက်လမ်းလျှင် သင်သည်ပျက်ဆီးခြင်းလမ်းပေါ်တွင် ရှိနေ၏။ သင်နေ့စဉ်စူးစိုက်သောအရာ၊ လိုက်စားသောအရာ၊ ဆုတောင်းအသနားခံသောအရာက သင်သည်ဖန်ဆင်းရှင်အား ကျိုးနွံနာခံရမည်၊ ဘုရားသခင်သည် သင်၏အရှင်သခင်ဖြစ်သည်ဟူသော အသိစိတ်တိုးပွားနေမှုကို ဖြစ်ပေါ်စေသည် ဆိုပါစို့။ သင်သည် ကိုယ်တော်၏ အချုပ်အခြာအာဏာနှင့် သင့်အပေါ် စီစဉ်ညွှန်ကြားမှုကို ဝမ်းမြောက်စွာလက်ခံပြီး၊ နာခံ၍၊ ဘုရားသခင်က သင့်အတွက် ကြိုတင်စီစဉ်ထားသောအရာကို ပို၍ဝမ်းမြောက်စွာဖြင့် ကျိုးနွံနာခံလျက် သင့်အခြေအနေသည် တိုး၍တိုး၍ပုံမှန်ဖြစ်လာသည်၊ သင်နှင့် ဘုရားသခင်၏ဆက်ဆံရင်းနှီးမှုသည် ပို၍ရင်းနှီးလာသည်၊ ကိုယ်တော်အပေါ်၌ထားသော သင့်ချစ်ခြင်းမေတ္တာသည် ပို၍ စင်ကြယ်လာသည်၊ ထို့အပြင်၊ သင့်တွင် အလွန်အကျွံတောင့်တမှုများ၊ တိုင်တန်းညည်းတွားမှုများ၊ ဘုရားသခင်အား လွဲမှားစွာသိနားလည်ထားမှုများ ပို၍နည်းလာသည်။ သင်သည် မကောင်းမှု ကျူးလွန်မှု ပို၍ လျော့ကျလာကာ ပိုမိုရှောင်ကြဉ်လာပြီး၊ ဘုရားသခင်ကို သင်ကြောက်ရွံခြင်းသည်လည်း ပို၍စစ်မှန်လာသည်ဆိုပါစို့။ ဤအရာက မည်သည့်အရာကို ဆိုလိုမည်နည်း။ သင်သည် ကယ်တင်ခြင်းလမ်းပေါ်၌ ခြေကိုချထားသည်ဟု ဆိုလိုလိမ့်မည်။ သင်ရှာဖွေနေသော အရာသည် မှားယွင်းလွဲချော်နေသော အရာမဟုတ်ဟူ၍လည်းကောင်း၊ သင်လိုက်လျှောက်နေသောလမ်းသည် လမ်းမှန်ဖြစ်သည်ဟူ၍ လည်း‌ကောင်း သင်ထင်မှတ်ထားသော်လည်း သင်၏ရှာဖွေမှုများ အားလုံးပြီးနောက်တွင် သင်သည် ဘုရားသခင်၏ဆုံးမပဲ့ပြင်ခြင်းကို မခံရ၊ ကိုယ်တော်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံစားသိနားလည်နိုင်ခြင်းမရှိ၊ ကိုယ်တော်၏စစ်ကြောခြင်းကို လိုလားမှုမရှိဖြစ်ပြီး၊ သင်သည် သင်ကိုယ်တိုင်၏ အကြီးအကဲဖြစ်လိုနေလျှင် ဤအရာသည် လမ်းမှန်မဟုတ်ပါ။ သင်သည် ကြိုးစားအားထုတ်လေလေ ဘုရားသခင်၏ရှေ့တွင် သင်အချိန်တိုင်းရှင်သန်ရမည်ဟူသော သင့်အသိစိတ်သည်လည်း ပို၍ကြီးမားလေလေဖြစ်ပြီး တစ်နေ့ တစ်ချိန်တွင် သင်သည် အမှားတစ်စုံတစ်ခုကို ကျုးလွန်၍၊ သင်ဂရုမစိုက်ပဲထားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ပြစ်မှားစော်ကားမိ၍ ဒုက္ခရောက်ရမည်ကိုလည်းကောင်း၊ ထိုနောက် ကိုယ်တော်၏စွန့်လွှတ်ခြင်းကို အမှန်ခံရမည်ကိုလည်းကောင်း၊ ဤအရာ ထက်ပို၍ကြောက်လန့်ဖွယ် အခြားမည်သည့်အရာမျှ မရှိတော့ကြောင်းကိုလည်းကောင်း သင်စိုးရိမ်ကြောက်လန့်လာပြီး၊ လူတို့သည် ဘုရားသခင်ကိုယုံကြည်ကြသောအခါ သူတို့သည်ကိုယ်တော်ထံမှ လမ်းမှားသွေဖည်မသွားရမည်ကိုလည်းကောင်း၊ သူတို့သည် ကိုယ်တော်၏ဆုံးမပဲ့ပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ပေးခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့မှ လမ်းလွှဲသွေဖည်သွားကြလျှင်၊ ထိုအရာသည် ဘုရားသခင်၏ကြည့်ရှု စောင့်ရှောက်ခြင်းနှင့် ကွယ်ကာစောင့်မခြင်းတို့အား ဆုံးရှုံးရခြင်းနှင့် အတူတူဖြစ်ကြောင်း သင်ခံစားရလျှင်၊ ဤအရာများကို သင်သိရှိနားလည်လျှင် သင်သည် ဘုရားသခင်ထံ၌ဆုတောင်း၍ “အို၊ ဘုရားသခင်၊ အကျွန်ုပ်အား တရားစီရင်၍ပြစ်တင်ဆုံးမရန်အတွက်လည်းကောင်း၊ အပြစ်ဖော်ဆုံးမ၍ ထိန်းသိမ်း ကြပ်မတ်ပေးရန်အတွက်လည်းကောင်း၊ အကျွန်ုပ်အားအချိန်တိုင်း စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရန်အတွက်လည်းကောင်း၊ ကိုယ်တော့် အားချစ်ကြောက်ရိုသေခြင်းကို အကျွန်ုပ်၌ခွင့်ပြုပေးသနားရန်အတွက် လည်းကောင်း၊ ဒုစရိုက်ကိုရှောင်ကြဉ်ဖို့ အကျွန်ုပ်အားပြုတော်မူရန်အတွက်လည်းကောင်း ကိုယ်တော့်ကိုအသနားခံတောင်းလျှောက်ပါ၏” ဟုပြောလိမ့်မည်။ ဤလမ်းကို သင်မည်သို့ ထင်မှတ်ပါသနည်း။ ဤလမ်းသည်လမ်းမှန်ဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏အလိုတို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား နာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်- ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိနှင့် နာခံမှု၊ ပြီးလျှင် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ- ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်ဆယ်ခံရခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ပြီးဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲက အစာ မဟုတ်တော့- စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား ၎င်းတို့ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများမှာ ဖြောင့်မတ်ကြသောကြောင့်၊ ၎င်းတို့သည် ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်စေပြီး စာတန်ကို လုံးဝ အနိုင်ယူကြလေသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်၊ ပြီးလျှင် ဘုရားသခင်အား နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤသို့သော လူများသာ ဘုရားသခင်၏ရယူခြင်းကို အမှန်တကယ်ခံရကြပြီးဖြစ်ကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဤအရာ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်ပေါ်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအလယ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မစွန့်ပစ်ကြချေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာစိတ်ရှိကြသည်၊ အချစ်နှင့် အမုန်းကြား ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့သည် တရားသော အသိစိတ်တစ်ခုရှိပြီး ဆင်ခြင်တုံတရား ရှိကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ထိုသို့သော လူများသည် စာတန်အားဖြင့် ချုပ်နှောင်မခံရပေ၊ စောင့်ကြည့်မခံရပေ၊ စွပ်စွဲမခံရ သို့မဟုတ် နှိပ်စက်မခံရပေ။ ၎င်းတို့သည် လုံးဝ လွတ်လပ်ကြသည်၊ လုံးဝ ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်ကြသည်။ ယောဘသည် ထိုသို့သော လွတ်မြောက်ခြင်း ရှိသည့် လူသားတစ်ဦးသာဖြစ်ပြီး ဤသည်မှာ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ လွှဲအပ်ခဲ့ပြီးဖြစ်သည့် အကြောင်းရင်း၏ ရည်ရွယ်ချက် အတိအကျ ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ ဖြစ်တည်ခြင်းနှင့် သူ၏ စိတ်သဘောထားတို့သည် အဖန်ဆင်းခံ တစ်ဦးနှင့် မတူသကဲ့သို့ အဖန်ဆင်းခံတစ်ဦး အထက်တွင် ရှိသောကြောင့်၊ ဘုရားသခင်ဆိုသည်မှာ ကြည်ညိုခံရရန်နှင့် နာခံခြင်း ခံရရန် ဖြစ်သည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိကာ ထာဝရဖြစ်သည်၊ သူသည် ဖန်ဆင်းခံတစ်ဦးမဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါးတည်းသာ ကြောက်ရွံ့မှုနှင့် နာခံမှုတို့ဖြင့် ထိုက်တန်ပေသည်။ လူသည် ဤအရာအတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးဖြစ်ကာ သူ့ကို အမှန်တကယ် သိသောသူ အားလုံးသည် ဘုရားသခင်အပေါ် ကြည်ညိုမှု ခံစားကြရလေသည်။ သို့ရာတွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လက်မလွှတ်သော သူများသည်- သူ့ကို ဘုရားသခင်ဟု သက်သက် မယူမှတ်သောသူများသည်- သူ့အပေါ် ကြည်ညိုမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် သူ့နောက်သို့ လိုက်ကြသော်လည်း၊ သိမ်းပိုက်ခြင်း မခံကြရပေ။ ၎င်းတို့သည် သဘာဝအားဖြင့် မနာခံသော လူများ ဖြစ်သည်။ ထိုသို့အမှုပြုခြင်းဖြင့် ဘုရားသခင် ရရှိဖို့ ရည်ရွယ်သည့်အရာမှာ ဖန်ဆင်းခံ သတ္တဝါများအားလုံးအနေဖြင့် ဖန်ဆင်းရှင်အတွက် ကြည်ညိုမှု စိတ်နှလုံးများ ရှိကြရန်၊ သူ့ကို ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုကို ခြွင်းချက်မရှိ ကျိုးနွံနာခံရန်အတွက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံးက ရရှိဖို့ ရည်ရွယ်သော နောက်ဆုံးရလဒ်များ ဖြစ်သည်။ ထိုသို့သောအမှုကို တွေ့ကြုံပြီးဖြစ်သော လူတို့သည် အနည်းငယ်မျှပင် ဘုရားသခင်ကို ကြည်ညိုမှုမရှိပါက၊ ပြီးလျှင် ၎င်းတို့၏အတိတ်က မနာခံမှုသည် ပြောင်းလဲခြင်း လုံးဝမရှိပါက၊ ၎င်းတို့ ပယ်ရှင်းခံကြရဖို့ သေချာပေသည်။ ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားသည် အဝေးမှ သူ့ကို လေးစားဖို့ သို့မဟုတ် ရိုသေမှုကို ပြသရန်သာဖြစ်ပြီး၊ နည်းနည်းကလေးမျှ သူ့ကို ချစ်ရန်မဟုတ်ပါက၊ ဤသည်မှာ ဘုရားသခင်ကိုချစ်သည့် နှလုံးသားမရှိသောလူတစ်ဦး ဆိုက်ရောက်သည့် အကျိုးဆက်ဖြစ်ပြီး၊ ထိုလူသည် စုံလင်စေခြင်းခံရဖို့ သတ်မှတ်ချက်များ ကင်းမဲ့ပေသည်။ အကယ်၍ များစွာသော အမှုတို့သည် လူတစ်ဦး၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မရရှိနိုင်ပါက၊ ထိုလူသည် ဘုရားသခင်ကို မရရှိသေးသကဲ့သို့၊ သမ္မာတရားကို စစ်မှန်စွာ လိုက်လျှောက်ခြင်းမရှိပေ။ ဘုရားသခင်ကို မချစ်သော လူတစ်ဦးသည် သမ္မာတရားကို မချစ်ပေ၊ သို့ဖြစ်ရာ သူသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်မဆိုထားနှင့်၊ ဘုရားသခင်ကို မရရှိနိုင်ပေ။ ထိုသို့သောလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို မည်သို့ တွေ့ကြုံသည်ဖြစ်စေ၊ တရားစီရင်မှုကို ၎င်းတို့ မည်သို့တွေ့ကြုံသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံနိုင်ကြပေ။ ဤသည်တို့မှာ မိမိတို့၏ သဘာဝအရ မပြောင်းလဲနိုင်သည့် လူများနှင့် အလွန့်အလွန် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို မကြောက်ရွံ့သောသူအားလုံးသည် ပယ်ရှားခြင်းခံကြရမည်၊ အပြစ်ပေးခြင်း ခံရမည့်သူများဖြစ်မည်ဖြစ်ပြီး မတရားသောအရာများကို ပြုသောသူတို့ထက် ဆင်းရဲဒုက္ခခံစားဖို့၊ မကောင်းမှုပြုသူများကဲ့သို့ အပြစ်ပေးခံရမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

အရှေ့သို့- ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းသည် မည်သို့ ပေါ်လွင်ထင်ရှားသနည်း။

နောက်တစ်ခုသို့- လူတစ်ယောက်သည် ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လာနိုင်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

ဘုရားသခင် အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်တို့ကြား ကွဲပြားခြားနားမှုများ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ယေရှုကလည်း၊...ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို...

ဘာသာရေးလောက၏ ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုတို့ကို ခံစားရသူတစ်ဦး၏ အကျိုးဆက်များနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်