အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၃၆ အိုဟောင်းညစ်ညမ်းသောခေတ် ဘုရား၏ဖျက်ဆီးခြင်းကို ခံရမည်ကျူး

၁ အို၊ ဤညစ်ညမ်းပြီး ဖောက်ပြန်တတ်သော ကာလဟောင်း။ ငါသည် သင့်ကို ဝါးမြိုလိမ့်မည်။ ဇိအုန်တောင်။ ငါ့ကို ကြိုဆိုနှုတ်ဆက်ဖို့ရန် ထလော့။ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးမြောက်ခြင်းအတွက်၊ ငါ၏ ကြီးမြတ်သော လုပ်ဆောင်မှု အောင်မြင်စွာ ပြီးမြောက်ခြင်းအတွက်၊ အဘယ်သူသည် ထကာ၊ ချီးမြှောက်ခြင်း မပြုရန် ဝံ့ရဲသနည်း။ အဘယ်သူသည် ပျော်ရွှင်မှုဖြင့် ထလျက်၊ မရပ်မနား မခုန်ဘဲ နေရဲသနည်း။ သူတို့သည် ငါ၏လက်ဖြင့် သူတို့၏သေခြင်းကို တွေ့ကြုံရလိမ့်မည်။ အနည်းငယ်မျှသော သနားခြင်းကရုဏာ သို့မဟုတ် ချစ်ခင်ကြင်နာခြင်းမရှိဘဲ ဘက်မလိုက်ခြင်းတို့ဖြင့် ငါ၏ ဖြောင့်မတ်ခြင်းကို လူတိုင်းအပေါ် လုပ်ဆောင်မည်။ လူသားအားလုံးတို့။ ချီးမွမ်းခြင်းကို ပေးရန် ထလျက်၊ ငါ့ကို ချီးကျူးထောမနာပြုကြလော့။ အလုံးစုံသော မဆုံးနိုင်သည့် ဘုန်းသည် ထာဝရကာလမှ ထာဝရကာလတိုင် ငါ့အားဖြင့် တည်ရှိပြီး၊ ငါ့အားဖြင့် တည်ထောင်ခြင်း ဖြစ်သည်။ အဘယ်သူသည် သူကိုယ်တိုင်အတွက် ဘုန်းကို ခံယူဝံ့သနည်း။ အဘယ်သူသည် ငါ၏ ဘုန်းကို ရုပ်ဝတ္တုပစ္စည်းကဲ့သို့ ဆက်ဆံဝံ့သနည်း။ ငါ၏ လက်ဖြင့် သူတို့သည် ကွပ်မျက်ခြင်းကို ခံရလိမ့်မည်။

၂ အို၊ ရက်စက်ကြမ်းကြုတ်သော လူသားများ။ ငါသည် သင်တို့ကို ဖန်ဆင်းခဲ့ပြီး၊ သင်တို့အဖို့ ကျွေးမွေး ပြုစုစောင့်ရှောက်ခဲ့ကာ ငါသည် သင်တို့ကို ယနေ့တိုင်အောင် ဦးဆောင်ခဲ့သော်လည်း၊ သင်တို့သည် ငါ့ကို အနည်းငယ်မျှပင် မသိဘဲ၊ ငါ့ကို လုံးဝ ချစ်မြတ်နိုးခြင်းမရှိ။ ငါသည် သင်တို့အား သနားကြင်နာမှုကို အဘယ်ကဲ့သို့ ထပ်မံ၍ ပြနိုင်မည်နည်း။ ငါသည် သင်တို့ကို အဘယ်ကဲ့သို့ ကယ်တင်နိုင်မည်နည်း။ သင်တို့ကို ငါ၏ အမျက်ဒေါသဖြင့်သာ ဆက်ဆံနိုင်သည်။ သင်တို့ကို ပျက်စီးခြင်းဖြင့် ပြန်လည်ပေးဆပ်ကာ၊ သင်တို့ကို ထာဝရ ပြစ်တင်ဆုံးမခြင်းဖြင့် ပြန်လည်ပေးဆပ်မည်။ ဤအရာသည် ဖြောင့်မတ်မှန်ကန်ခြင်း ဖြစ်ပြီး၊ ထိုအရာမှာ ဤနည်းလမ်းသာ ဖြစ်နိုင်သည်။ ငါ၏ နိုင်ငံတော်သည် ခိုင်မာတောင့်တင်းပြီး မြဲမြံတည်ငြိမ်ကာ၊ ၎င်းသည် အဘယ်သောအခါမျှ ပြိုကျလိမ့်မည် မဟုတ်ဘဲ ၎င်းသည် ထာဝရကာလတိုင် တည်ရှိလိမ့်မည်။ ငါ့သားများ၊ ငါ၏ သားဦးများ၊ ငါ၏ လူများတို့သည် ငါနှင့်အတူ ကောင်းချီးမင်္ဂလာများကို ထာဝရအစဉ်အမြဲ ပျော်ရွှင်ခံစားကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:လူအားလုံးသည် နိုးထလာဆဲ ရှိကြ၏ကျူး

နောက်တစ်ခုသို့:ဘုရား၏တရားစီရင်ခြင်းကို မည်သူမျှ မလွတ်မြောက်နိုင်ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ