အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၈၆ လူ့အပေါ် ဘုရားပြုသော နောက်ဆုံးအမှုကျူး

၁ ဘုရားသခင်၏ ဒုတ်သည် ကမ္ဘာမြေကြီးပေါ်၌ ၎င်း၏ အခန်းကဏ္ဍကို စတင် လုပ်ဆောင်နေပြီ ဖြစ်သောကြောင့် တိုင်းနိုင်ငံများသည် အကြီးအကျယ် ဖရိုဖရဲ ဖြစ်ကြသည်။ ဘုရားသခင်၏အမှုကို ကမ္ဘာမြေကြီး၏ အခြေအနေ၌ မြင်နိုင်သည်။ ဘုရားသခင်က ""ရေများသည် ဟုန်းဟုန်းမြည်၍၊ တောင်များ လဲပြိုကာ မြစ်ကြီးများပြိုကွဲမည်၊"" ဟု ပြောသောအခါ၊ ဤအရာမှာ ကမ္ဘာမြေကြီးပေါ်တွင် ထိုဒုတ်၏ ကနဦး အလုပ်ဖြစ်ပြီး ရလဒ်မှာ ""မြေကြီးပေါ်ရှိ အိမ်ထောင်စုအပေါင်း တကွဲတပြားစီဖြစ်ပြီး မြေကြီးပေါ်ရှိ နိုင်ငံအားလုံး ပြိုကွဲလိမ့်မည်၊ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစပ်သည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးလည်း မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပါ။ မြေကြီးပေါ်တွင် ရှိခဲ့သော အရာခပ်သိမ်းတို့ကို ငါကြေမွစေမည်"" ဖြစ်သည်။ ယင်းမှာ ကမ္ဘာမြေကြီးပေါ်မှ မိသားစုများ၏ ယေဘုယျ အခြေအနေ ဖြစ်လိမ့်မည်။ သဘာဝအားဖြင့် ၎င်းသည် ၎င်းတို့အားလုံး၏ အခြေအနေ ဖြစ်နိုင်ခြေ မဟုတ်နိုင်သော်လည်း ၎င်းမှာ ၎င်းတို့အများစု၏ အခြေအနေ ဖြစ်သည်။

၂ သို့သော်လည်း ၎င်းမှာ ဤရေစီးကြောင်း၏ လူများ အနာဂတ်တွင် တွေ့ကြုံရမည့် အခြေအနေများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရပြီး မယုံကြည်သူများသည် ကပ်ဘေးကို ခံပြီးသည့်အခါ ကမ္ဘာမြေကြီးပေါ်မှ လူတို့အကြားတွင် မိသားစု ဆက်ဆံရေးများ ရှိတော့မည် မဟုတ်ကြောင်း ၎င်းက ကြိုတင်နိမိတ်ဖတ်ခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးသည် သိနိမ်ပြည်မှ လူများ ဖြစ်ကြလိမ့်မည်၊ ထို့အပြင် ၎င်းတို့အားလုံးသည် ဘုရားသခင်၏ နိုင်ငံတော်၌ သစ္စာရှိသောသူများ ဖြစ်ကြလိမ့်မည်။ ထို့ကြောင့် ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစပ်သည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးလည်း မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်မှ လူတို့၏ မိသားစုများသည် ဖြိုခွဲခြင်း၊ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ခံရလိမ့်မည်၊ ထို့အပြင် ဤအရာမှာ လူသား၌ ဘုရားသခင် ပြုသော နောက်ဆုံးအမှု ဖြစ်လိမ့်မည်။

၃ ထို့အပြင် ဘုရားသခင်သည် ဤအမှုကို စကြဝဠာတစ်ခုလုံး၌ ပျံ့နှံ့စေမည် ဖြစ်သောကြောင့် သူသည် ""စိတ်ခံစားချက်"" ဟူသော စကားလုံးကို လူတို့အား ရှင်းပြရန် ဤအခြေအနေကို အခွင့်အရေးယူသောကြောင့် ဘုရားသခင်၏ အလိုမှာ လူအပေါင်း၏ မိသားစုများကို ဖြိုခွဲရန် ဖြစ်ကြောင်း ၎င်းတို့ကို မြင်စေပြီး ဘုရားသခင်သည် လူသားမျိုးနွယ်အကြားရှိ မိသားစု အငြင်းပွားမှုများ အားလုံးကို ဖြေရှင်းရန် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုကြောင်း ပြသနေခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက၊ ဘုရားသခင်၏အမှု၏ နောက်ဆုံးအပိုင်းကို ကမ္ဘာမြေကြီးပေါ်၌ လုံးလုံးလျားလျား အဆုံးသတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် စိတ်ခံစားချက်မှ သီးခြားခွဲရန် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း။ ၎င်းသည် အသိစိတ်၏ စံနှုန်းများထက် ပို၍ မြင့်သလော။ အသိစိတ်သည် ဘုရားသခင်၏ အလိုကို ပြီးမြောက်စေနိုင်သလော။ စိတ်ခံစားချက်သည် ဘေးအန္တရာယ်အတွင်း လူတို့ကို ကူမနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် စိတ်ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်၊ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ မဖော်ပြခဲ့သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၂၈” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:အဆင်းနီသော နဂါးကြီးရှေ့တွင် ဘုရားကို သင်သက်သေခံနိုင်သလောကျူး

နောက်တစ်ခုသို့:ဘုရားသည် လူကို သက်သေခံရန်သာ တိုက်တွန်း၏ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ