သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉၄၈ ကယ်တင်ခြင်းဆီသွားရာ လမ်းကြောင်းကို သင် လျှောက်လှမ်းနိုင်ပုံ

၁ သင်၏ ယုံကြည်ခြင်း၌၊ ကယ်တင်ခြင်းကို ရရှိလိုလျှင်၊ ဤကိစ္စရပ်၏ အခရာကျသည့်အရာမှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူ ဖြစ်မဖြစ်ဆိုသည်နှင့် သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် နေရာတစ်ခု ရှိမရှိဆိုသည့်အရာ ဖြစ်သည်။ သင်၏ စိတ်နှလုံးက ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်နေထိုင်နိုင်စွမ်း မရှိလျှင် သို့မဟုတ် သင်နှင့် ဘုရားသခင်ကြားတွင် ဆက်နွှယ်မှု သို့မဟုတ် ဆက်သွယ်မှု မရှိလျှင်၊ သင် ဘယ်သောအခါမျှ ကယ်တင်ခံရလိမ့်မည် မဟုတ်။ ကယ်တင်တင်ခြင်းသို့ သွားသည့် သင်၏ လမ်းကြောင်းသည် ပိတ်ဆို့ခံရလိမ့်မည်၊ သင်သည် လမ်းဆုံးတစ်ခုသို့ ရောက်နေပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းက အမည်ခံသာ ဖြစ်လျှင်၊ သဘောတရား မည်မျှ သင် ပြောဆိုနိုင်ပါစေ သို့မဟုတ် သင် မည်မျှ ဆင်းရဲဒုက္ခခံခဲ့ရပါစေ၊ အကြောင်းထူးလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က၊ “ဒုစရိုက်ပြုသောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ”ဟု ပြောလိမ့်မည်။ မကောင်းမှုပြုသူတစ်ဦးအဖြစ် သင် အမျိုးအစားသတ်မှတ်ခံခဲ့ ရလိမ့်မည်။

၂ စာတန်နှင့် မကောင်းဆိုးဝါးများနောက် သင် လိုက်သည်။ သင်သည် သင်ကိုယ်တိုင်၏ အရှင်သခင် ဖြစ်သည်။ နောက်ဆုံးတွင်၊ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရလိမ့်မည်၊ စက်ဆုပ်ရွံရှာခြင်းခံရလိမ့်မည်၊ ငြင်းပယ်ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ထိုသို့သော လူတို့ကို ဘုရားသခင် မကယ်တင်ပေ။ ဘုရားသခင်က ၎င်းတို့၏ အရှင်သခင်နှင့် အုပ်စိုးရှင်ဖြစ်သည်ကို လူတို့ လက်ခံကြသည့်အခါမှသာ၊ ဘုရားသခင်က သမ္မာတရား၊ လူသား၏ လမ်းခရီးနှင့် အသက်တို့၏ အရင်းအမြစ်ဖြစ်သည်ကို ၎င်းတို့ လက်ခံကြသည့်အခါမှသာ၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်သမျှအားလုံးနှင့် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းခရီးတိုင်းက သမ္မာတရား၊ ဘုရားသခင်နှင့် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းတို့နှင့် ဆက်နွှယ်နေသည့်အခါမှသာ ၎င်းတို့ ကယ်တင်ခံရလိမ့်မည်။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ ရှုတ်ချခြင်းကို ၎င်းတို့ ခံရလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေလော့

နောက်တစ်ခုသို့:သတိမမူဘဲ လုပ်ဆောင်ခြင်းသည် တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပေ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်မျာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ