၁) ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ခြင်းက မည်သည့်အရာဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သည့်သူများ ရရှိသည့် သရုပ်သကန်အမျိုးအစားများမှာ အဘယ်နည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေတ်ကာလတိုင်း၌ ဘုရားသခင်သည် လူသားများကြား အမှုပြုနေစဉ် သူတို့အပေါ် နှုတ်ကပတ်တော်အချို့ကို ပေးအပ်ကာ သမ္မာတရားအချို့ကို သူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာ စောင့်ထိန်းသင့်သည့် လမ်းခရီး၊ သူတို့ လျှောက်လှမ်းရမည့် လမ်းခရီး၊ သူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်စေနိုင်သော လမ်းခရီး၊ ထို့ပြင် လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာများထဲနှင့် ၎င်းတို့၏ အသက်တာခရီးများ တစ်လျှောက်လုံးတွင် လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီးအဖြစ် အသုံးတော်ခံသည်။ ဤအကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူသားတို့အပေါ် ဤမိန့်မြွက်ချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမရှိ၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ ထို့ပြင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း မရှိသော လူတို့က သူ၏ချီးကျူးခြင်းကို ရရှိနိုင်မည် မဟုတ်သည့်အပြင် ဤကဲ့သို့သောလူတို့၌ အဆုံးသတ် မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ- ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ခဲ့သည်- ယင်းသည် သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည့် အရာတစ်ခုဖြစ်သည်။ (အမှန်အားဖြင့် သူသည် ဘုရားသခင် သက်သေခံခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ငါသည် ဤအကြောင်းကို ရှင်းလင်းစွာဖော်ပြရန်အတွက် ယေရှု၏ အချက်အလက်ကို အသုံးပြုရန် ဤသည်ကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ- “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးမြောက်စေလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အခါက ယေရှုသာလျှင် ထိုတာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူ ဖြစ်ခဲ့ပြီး၊ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုတော် ပြီးဆုံးခြင်း၏ လက်တွေ့ကျသော ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ကျောခိုင်းနိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိုင်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

နိုင်ငံတော်သားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရမည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတွင် ပြောဆိုထားသော နှုတ်ကပတ်တော် အားလုံးကို လက်ခံရမည်။

၂။ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ရမည်။

၃။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများ ဘုရားသခင်၏ တို့ထိခံရခြင်းအား ရရှိအောင် အားထုတ်ရမည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးဝ လှည့်ပြီးဖြစ်ကာ သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာ ရှိသည့်အခါတွင်၊ သင်သည် လွတ်လပ်မှု နယ်ပယ်ထဲတွင် အသက်ရှင်လိမ့်မည်၊ ယင်းမှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုတွင် အသက်ရှင်ရလိမ့်မည်ဟု ဆိုလိုပေသည်။ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် သင်အသက်ရှင်သည့်အခါမှသာ၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်။

၄။ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံကြရမည်။

၅။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခု ဖြစ်လာကြရမည်။

ဤအချက်ငါးချက်သည် သင်တို့အတွက် ငါ၏တာဝန်ပေး စေခိုင်းချက်များ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ လူတို့ထံ ပြောဆိုထားသကဲ့သို့၊ သင်တို့သည် ဤတာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် လိုလားခြင်းမရှိပါက၊ သင့်ကို ငါ အတင်းအကျပ် ပြုမည်မဟုတ်- သို့ရာတွင် သင်သည် ထိုစကားများကို အမှန်တကယ်လက်ခံပါက၊ ဘုရားသခင်၏ အလိုကို လုပ်ဆောင်နိုင်လိမ့်မည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို စတင်လက်ခံကြပြီး နိုင်ငံတော်သားများ ဖြစ်လာခြင်းနှင့် နိုင်ငံတော်သားများဖြစ်ရန် လိုအပ်သော စံနှုန်းများကို ကြိုးပမ်းရရှိခြင်းတို့ကို အားထုတ်ကြလော့။ ဤသည်မှာ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုကို အပြည့်အဝ လုပ်ဆောင်ရန် ဆန္ဒရှိပါက၊ ဤတာဝန်ပေးစေခိုင်းချက် ငါးချက်ကို သင် လက်ခံရမည်ဖြစ်ပြီး၊ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏စိတ်နှင့် ကိုက်ညီလိမ့်မည်ဖြစ်ကာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ကြီးစွာ အသုံးပြုလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

ဘုရားသခင်အဖို့၊ လူတစ်ယောက် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် အရေးမပါသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် သူ့ကို နားထောင်နိုင်သရွေ့၊ သူ၏ညွှန်ကြားချက်များနှင့် သူ ပေးအပ်သည့်အရာကို နာခံနိုင်သရွေ့၊ ပြီးလျှင် သူ၏အလိုနှင့် သူ၏အစီအစဉ်တို့ ချောမွေ့စွာ ပြီးမြောက်နိုင်ရန်အလို့ငှာ သူ၏အမှု၊ သူ၏အလိုနှင့် သူ၏ အစီအစဉ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သရွေ့၊ ထိုလုပ်ရပ်သည် သူ၏ အမှတ်ရခြင်းနှင့် ကောင်းချီးမင်္ဂလာကို ရရှိဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို တန်ဖိုးထားပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ ချစ်ခြင်းနှင့် သူ့အတွက် ချစ်ခင်မှုများကို နှစ်သက်မြတ်နိုးသည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးကို ထည့်သွင်းမစဉ်းစားပေ- ၎င်းတို့၌ မည်သည့်ရှေ့ရေးမျှမရှိဘဲ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

သင်တို့ တွေ့ကြုံကာ မြင်ပြီးသည့်အရာသည် ခေတ်များအားလုံးမှ သန့်ရှင်းသူများနှင့် ပရောဖက်များထက် သာလွန်သော်လည်း၊ အတိတ်ကာလများ၏ ဤသန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်တို့ ပေးနိုင်ပါသလော။ ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းမည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏သနားကရုဏာ၊ မေတ္တာနှင့် ကြီးမြတ်မှုတို့ကိုသာ မြင်ခဲ့ကြပြီး၊ ဂျူးလူမျိုးတို့သည် ငါ၏ သည်းခံခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ မျက်မြင်တွေ့ခဲ့ကြသည်။ အလွန့်အလွန် နည်းပါးသည့် ငါ့ဝိညာဉ်တော်၏ အမှုကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်မှာ သင်တို့ ကြားကာ မြင်ခဲ့သည့် အရာ၏ တစ်ထောင်ပုံ တစ်ပုံမျှသာ နားလည်ခဲ့ကြသည်အထိ ဖြစ်သည်။ သင်တို့ မြင်ကြပြီး ဖြစ်သည့်အရာမှာ ၎င်းတို့ထဲမှ ယဇ်ပရောဟိတ် အကြီးများထက်ပင် ကျော်လွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ နားလည်ကြသည့် သမ္မာတရားသည် ၎င်းတို့ နားလည်သည်ထက် သာလွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ တွေ့ကြပြီး ဖြစ်သည့်အရာသည် ပညတ်တော်ခေတ်အပြင် ကျေးဇူးတော်ခေတ်တွင် တွေ့ရှိခဲ့သည့်အရာကို ကျော်လွန်ပြီး သင်တို့ ကြုံတွေ့ပြီး ဖြစ်သည့်အရာသည် မောရှေနှင့် ဧလိယတို့ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့ကြသည်မှာ ယေဟောဝါ၏ ပညတ်တရား သာဖြစ်ပြီး၊ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဂျူးလူမျိုးများ နားလည်ခဲ့ကြသည်မှာ ယေရှု၏ ရွေးနုတ်ခြင်းသာ ဖြစ်သည်၊ ၎င်းတို့ ရရှိခဲ့ကြသည်မှာ ယေရှု အပ်နှင်းခဲ့သော ကျေးဇူးတော်သာ ဖြစ်ပြီး၊ ၎င်းတို့ မြင်ခဲ့ကြသည်မှာ ဂျူးလူမျိုးများ၏ အိမ်အတွင်းရှိ ယေရှု၏ ပုံသဏ္ဌာန်ကိုသာ ဖြစ်သည်။ ဤခေတ်၌ သင်တို့ မြင်ကြသည်မှာ ယေဟောဝါ၏ ဘုန်းအသရေ၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ဤခေတ် ငါ၏လုပ်ဆောင်ချက်အားလုံးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ငါ့ဝိညာဉ်၏ စကားများကိုလည်း ကြားကြပြီး ဖြစ်သည်၊ ငါ၏ ဉာဏ်ပညာကို အသိအမှတ်ပြုကြပြီး ဖြစ်သည်၊ ငါ၏အံ့သြဖွယ်ရာ အမှုကို သိလာကြပြီးဖြစ်ကာ၊ ငါ၏ စိတ်သဘောထားကို သင်ယူကြပြီးဖြစ်သည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် အားလုံးကိုလည်း သင်တို့အား ငါပြောပြပြီးဖြစ်၏။ သင်တို့ တွေ့မြင်ပြီးဖြစ်သည်မှာ ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်မျှ မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် ပြည့်သည့် ဘုရားသခင် ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုကို တွေ့မြင်ပြီးဖြစ်သကဲ့သို့၊ ငါသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လျှမ်းသည်ကို သိရှိပြီးဖြစ်သည်။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ ပြင်းထန်သော အမျက်ဒေါသ ကျရောက်စေခဲ့သည်ကို သင်တို့ သိရှိကြပြီး၊ ယခုခေတ်တွင် ယင်းသည် သင်တို့အပေါ် ရောက်လာပြီးဖြစ်သည်ကို သင်တို့ သိကြပေသည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာများကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍ နားလည်ပေသည်။ သင်တို့သည် ငါ၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ် ကောင်းခြင်းတို့ကို အတိတ်ခေတ် ကာလများ၏ သန့်ရှင်းသူအားလုံးထက် ပို၍ သိကြ၏။ သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း” မှ

ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် ဤအခိုက်အတန့်တွင် မည်သည့် သက်သေခံချက် ဖြစ်သည် သို့မဟုတ် မည်သည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ နာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ နာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ ငါသည် များစွာ လုပ်ဆောင်ပြီး ဖြစ်သည်။ သင်စိတ်ကူးသည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် အဘယ်သို့ လက်လျှော့နိုင်မည်နည်း။ ငါသည် ထိုသို့သော ကြီးကျယ်သည့် အမှုကို ပြုပြီးဖြစ်သည်။ ယင်းကို မည်သို့ ငါ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်- ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း” မှ

သင်တို့၏ ယုံကြည်ခြင်းသည် လွန်စွာစစ်မှန်သော်လည်း၊ သင်တို့အထဲမှ မည်သူမျှ ငါ့အကြောင်းကို အပြည့်အဝ မပြောပြနိုင်ကြ၊ မည်သူမျှ သင်တို့ မြင်သည့် အချက်အလက်များအားလုံးကို အပြည့်အဝ သက်သေမခံနိုင်ကြချေ။ ယင်းနှင့်ပတ်သက်၍ စဉ်းစားကြည့်ကြလော့- ယနေ့တွင်၊ သင်တို့အများစုသည် သင်တို့၏ တာဝန်များကို ပျက်ကွက်နေကြ၏၊ ယင်းအစား ဇာတိပကတိကို လိုက်စားနေကြသည်၊ ဇာတိပကတိကို ဆန္ဒဖြည့်နေကြပြီး ဇာတိပကတိကို လောဘတကြီး မွေ့လျော်ခံစားနေကြ၏။ သင်တို့သည် မပြောပလောက်သော သမ္မာတရား ပိုင်ဆိုင်ကြ၏။ သို့ဆိုလျှင် သင်တို့ မြင်ပြီးသမျှအားလုံးအဖို့ မည်သို့ သက်သေခံနိုင်မည်နည်း။ သင်တို့သည် ငါ၏သက်သေများဖြစ်နိုင်သည်ဟု အမှန်တကယ် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချနိုင်ကြသလော။ ယနေ့ သင် မြင်တွေ့ပြီးသမျှအားလုံးကို သင် သက်သေမခံနိုင်သည့်နေတစ်နေ့ ရောက်လာပါက၊ သင်သည် ဖန်ဆင်းခံသတ္တဝါများ၏ အသုံးဝင်မှု ဆုံးရှုံးပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ တည်ရှိခြင်းအတွက် မည်သည့်အဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။ သင်သည် လူသားတစ်ဦး ဖြစ်ထိုက်လိမ့်မည် မဟုတ်။ သင်သည် လူသားတစ်ဦး ဖြစ်လိမ့်မည် မဟုတ်ဟုပင် ပြော၍ရနိုင်သည်။ ငါသည် သင့်အပေါ် အတိုင်းမသိ အမှုကို လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သင်သည် လောလောဆယ်တွင် မည်သည့်အရာကိုမျှ သင်ယူမနေ၊ မည်သည့်အရာမျှ မသိသကဲ့သို့ သင်၏ အားထုတ်မှုများ မထိရောက်သောကြောင့်၊ ငါ၏အမှုကို တိုးချဲ့ရန် ငါ့အတွက် အချိန်ကျလာသည့်အခါတွင်၊ သင်သည် အာစေးထည့်ထား၍ လုံးဝ အသုံးမကျဘဲ ငေးကြောင်ကြည့်ရုံသာ ကြည့်လိမ့်မည် ဖြစ်သည်။ ယင်းက သင့်ကို အစဉ်အမြဲ အပြစ်သား ဖြစ်စေမည် မဟုတ်လော။ အချိန်ကျသည့်အခါ၊ သင်သည် အကြီးမားဆုံးသော နောင်တ ခံစားရမည် မဟုတ်လော။ သင်သည် သာ၍ဆိုးရွားစွာ စိတ်ပျက်လက်ပျက်ဖြစ်လိမ့်မည်မဟုတ်လော။ ယနေ့ ငါ၏အမှုအားလုံးသည် အားနေခြင်းနှင့် ပျင်းရိရာမှ လုပ်ဆောင်သည်မဟုတ်ဘဲ၊ ငါ၏ အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ငါသည် ထွက်ပေါက်မရှိသော အခြေအနေတွင်ရှိပြီး အသစ်သောအရာတစ်ခုကို အကြံထုတ်ဖို့ လိုအပ်သောကြောင့် မဟုတ်ပေ။ ငါ လုပ်ဆောင်သည့် အမှုကို သင် နားလည်သင့်သည်။ ယင်းသည် လမ်းပေါ်၌ ကစားနေသော ကလေးတစ်ဦးက လုပ်ဆောင်သည့် အရာတစ်ခုမဟုတ်ဘဲ၊ ငါ့အဖကို ကိုယ်စားပြုခြင်းဖြင့် လုပ်ဆောင်သည့် အမှုဖြစ်သည်။ ဤအရာအားလုံးကို ငါကိုယ်တိုင် တစ်ဦးတည်း လုပ်ဆောင်နေခြင်း မဟုတ်သည်ကို သင်တို့သိသင့်သည်။ ယင်းထက်၊ ငါသည် ငါ့အဖကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ဤအတောအတွင်း၊ သင်တို့၏ အခန်းကဏ္ဍသည် တစ်သဝေမတိမ်း လိုက်လျှောက်ရန်၊ နာခံရန်၊ ပြောင်းလဲရန်နှင့် သက်သေခံရန် ဖြစ်သည်။ သင်တို့ နားလည်သင့်သည်မှာ ငါ့ကို သင်တို့ ယုံကြည်သင့်သည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ သင်တို့ အသီးသီး နားလည်ရမည့် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။ ငါ့အဖသည် သူ၏ ဘုန်းအသရေအတွက် ဤလောကကို သူ ဖန်ဆင်းခဲ့သည့် အခိုက်အတန့်မှ သင်တို့အားလုံးကို ငါ့အတွက် ရှေးမဆွက ခွဲခန့်မှတ်သားပြီးဖြစ်၏။ သင်တို့ကို သူ ခွဲခန့်မှတ်သားထားသည်မှာ ငါ၏အမှုအတွက်ဖြစ်ပြီး၊ သူ၏ ဘုန်းအသရေအတွက် ဖြစ်သည်။ သင်တို့ ငါ့ကို ယုံကြည်ကြသည်မှာ ငါ၏ ဖခမည်းတော်ကြောင့် ဖြစ်သည်။ သင်တို့ ငါ့နောက်လိုက်ကြသည်မှာ ငါ၏ အဖခမည်းတော်၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းကြောင့် ဖြစ်သည်။ ဤအရာထဲမှ မည်သည့်အရာမျှ သင်တို့ကိုယ်တိုင်၏ ရွေးချယ်မှု မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ ငါ့ကို သက်သေခံခြင်း ရည်ရွယ်ချက်အတွက် ငါ၏ ဖခမည်းတော်က ငါ့အပေါ် အပ်နှင်းသူများမှာ သင်တို့ ဖြစ်သည်ကို သင်တို့ နားလည်ရန် ဖြစ်သည်။ သင်တို့ကို ငါ့အား သူပေးခဲ့သောကြောင့်၊ သင်တိုသည် သင်တို့အပေါ် ငါ အပ်နှင်းသော လမ်းခရီးများအပြင် သင်တို့ကို ငါ သွန်သင်သည့် လမ်းခရီးများနှင့် နှုတ်ကပတ်တော်များကို လိုက်နာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ငါ၏ လမ်းခရီးများကို လိုက်နာစောင့်ထိန်းရန်မှာ သင်တို့၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ဤသည်မှာ ငါ့ကို သင်တို့ ယုံကြည်ခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ ပြောသည်မှာ- သင်တို့သည် ငါ၏ လမ်းခရီးများကို လိုက်နာရန် ငါ့အဖက ငါ့အပေါ် အပ်နှင်းထားသော သူများသာ ဖြစ်သည်။ သို့ရာတွင်၊ သင်တို့သည် ငါ့ကို ယုံကြည်ရုံသာ ယုံကြည်ကြ၏။ သင်တို့သည် ဣသရေလမိသားစုမှ မဟုတ်ဘဲ၊ ထိုအစား ရှေးဟောင်းမြွေ၏ အမျိုးဖြစ်သောကြောင့် ငါနှင့် မသက်ဆိုင်ကြချေ။ သင်တို့လုပ်ဆောင်ရန် ငါတောင်းဆိုသမျှမှာ ငါ့အတွက် သက်သေခံရန် ဖြစ်သော်လည်း၊ ယနေ့တွင် သင်တို့သည် ငါ၏ လမ်းခရီးများ၌ လျှောက်လှမ်းကြရမည်ဖြစ်သည်။ ဤအရာအားလုံးသည် အနာဂတ် သက်သေခံချက်အတွက် ဖြစ်၏။ ငါ၏ လမ်းခရီးများကို နားထောင်သည့် လူများအဖြစ်သာ သင်တို့ လုပ်ဆောင်ပါက၊ သင်တို့သည် တန်ဖိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့ကို ငါ၏ ခမည်းတော်က ငါ့အပေါ် အပ်နှင်းရခြင်း၏ အရေးပါမှု ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သင်တို့ကို ငါ ခိုင်ခိုင်မာမာ ပြောသည်မှာ- သင်တို့သည် ငါ၏ လမ်းခရီးများတွင် လျှောက်လှမ်းသင့်ကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏ သိနားလည်မှုသည် အဘယ်နည်း” မှ

ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် သူ့အတွက် ထူးကဲသော သက်သေခံချက် ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့အပေါ်တွင် အခြေခံသောကြောင့် ဖြစ်သည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒမဟုတ်ဘဲ၊ ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိခြင်းအပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည် ဖြစ်ပြီး ဘုရားသခင်ကို တမ်းတသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏လက်တွေ့ကျမှုတို့ကို သိရမည်ဟု သူတို့ ခံစားကြရသည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များဖြစ်သည်။ ယင်းမှာ မှန်ကန်မှုရှိပြီး စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးတို့ရှိ၏။ ထိုသက်သေခံချက်များသည် တက်ကြွမှုမရှိသော၊ သို့မဟုတ် အနှစ်သာရမရှိဘဲ အဓိပ္ပာယ်ကင်းမဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည်သာ သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြ၏။ ဘုရားသခင်ကို သူတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏အမှုနှင့် စီမံခန့်ခွဲမှု အတွက် အသက်ရှင် နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ၊ အလင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင်ကောင်းချီးပေးသော အသက်တာကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ဘုရားသခင်နှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရသောသူများဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော် နိုင်ကြသည်။ ထိုသို့သောသူများသာလျှင် ထာဝရကာလတိုင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ သူသည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကိုရရှိရန် ထိုက်တန်သူဖြစ်သည်၊ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည်ကား မဟုတ်ပေ၊ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့်ပတ်သက်၍ သက်သေခံနိုင်ပြီး ဘုရားသခင်၏ အလုပ်အတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့်၊ သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို သူတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ၊ သွားလာနိုင်၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် မတူကွဲပြားသော ဘာသာစကား အမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်၊ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူကြ၏။ သူတို့အားလုံးထံတွင် ဘုရားသခင်ကို ချစ်သောနှလုံးသား ရှိကြပြီး တူညီသောသက်သေကိုခံကြကာ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသောဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်း သွားလာနိုင်ကြသည်၊ ဘုရားသခင်ကို သက်သေခံသော သူများသည် စကြဝဠာတစ်ခွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားကြမည် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

ယနေ့တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေခြင်းအား တရားဝင် အစပြုလေပြီ။ စုံလင်စေခြင်းခံရစေဖို့ရန်၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ထုတ်ဖော်ပြခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရမည်၊ သူ့ နှုတ်ကပတ်တော်များ၏ (အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်ခြင်းများကဲ့သို့သော) စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံ့ရမည်ဖြစ်ပြီး၊ သေခြင်းနှင့်ဆိုင်သည့် စမ်းသပ်ခြင်းကို ၎င်းတို့ ခံနိုင်ရမည်။ ဤအရာဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စမ်းသပ်ခြင်းတို့အလယ်တွင်၊ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် လိုက်နာသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ နက်ရှိုင်းသောနေရာမှ ဘုရားသခင်ကို ချီးမွမ်းနိုင်ကြပြီး ဘုရားသခင်ကို လုံးဝ နာခံနိုင်ကာ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်နိုင်ကြလေသည်၊ ထိုသို့ဖြင့် စစ်မှန်၍၊ တစ်စိုက်မတ်မတ်နှင့် ဖြူစင်သည့် စိတ်နှလုံးတစ်ခုဖြင့် ဘုရားသခင်ကို ချစ်ကြလေသည်။ ထိုသို့သောသူသည် စုံလင်သော လူတစ်ဦးဖြစ်ပြီး၊ ယင်းသည် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုနှင့် သူ ပြီးမြောက်ရမည့် အမှု အတိအကျ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော် အဆင့်များနှင့် ပတ်သက်၍” မှ

ယနေ့တွင် သင့်အနေဖြင့် မည်သို့ သိမ်းပိုက်ခံရမည်ဆိုသည်နှင့် သိမ်းပိုက် ခံရပြီးနောက် လူတို့အနေဖြင့် မည်သို့ ပြုမူနေထိုင်ကြသည်ကို သိသင့်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခံရပြီး ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သော်လည်း၊ သေသည်အထိ သင် နာခံနိုင်ပါသလော။ အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံးရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်- ယောဘ၏ သက်သေခံချက်- သေသည်အထိ နာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်- ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်- သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ အသွေးအသား နာကျင်မှုဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် ကားစင်တင်ခံရပြီး သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင်၊ ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို လိုက်နာဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မမှတ်ယူမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

ယနေ့တွင် နောဧသင်္ဘော ဇာတ်လမ်းကို ပြန်လည်ကြည့်ရှုကြပါစို့။ ဤသည်မှာ အငယ်စားဖြစ်ရပ်လော၊ အကြီးစားဖြစ်ရပ်လော။ ရှေးယခင်အချိန်က သင်္ဘောတစ်စင်းကို တည်ဆောက်ခဲ့သော အဘိုးအိုတစ်ဦး၏ သာမန်ပုံပြင်တစ်ပုဒ်သာ ဖြစ်သလော။ (မဟုတ်ပါ။) နောဧသည် လူသားအားလုံးတွင် အတုယူရန် ပိုမိုထိုက်တန်သော၊ ဘုရားသခင်ကို ကြောက်ရွံ့သော၊ ဘုရားသခင်ကို လိုက်နာသော၊ ဘုရားသခင်က သူ့အား တာဝန်ပေးစေခိုင်းခဲ့သောအရာကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့သော လူသားတစ်ယောက်ဖြစ်သည်။ သူသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံခဲ့ရပြီး ယနေ့တွင် ဘုရားသခင်နောက်တော်သို့ လိုက်သောသူတို့၏ စံနမူနာတစ်ခု ဖြစ်သင့်သည်။ သူနှင့်ပတ်သက်၍ မည်သည့်အရာက တန်ဖိုးအရှိဆုံးဖြစ်သနည်း။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ်တွင် သဘောထားတစ်ခုတည်းသာရှိသည်။ နားထောင်ပြီး လက်ခံရန်၊ လက်ခံပြီး လိုက်နာရန်၊ သေသည်တိုင်အောင် လိုက်နာရန်ဖြစ်သည်။ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခဲ့သည်မှာ အရာအားလုံးတွင် တန်ဖိုးအရှိဆုံးဖြစ်သော ဤသဘောထားဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်ပတ်သက်လျှင် သူသည် အဖြစ်လောက်သာ အားထုတ်ခြင်း မပြုခဲ့ပေ၊ အပေါ်ယံသာ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူ၏ ခေါင်းထဲတွင် လေ့လာခြင်း၊ စိစစ်ခြင်း၊ အာခံခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းတို့ ပြုလုပ်ပြီး စိတ်တစ်နေရာတွင် ချောင်ထိုးထားလိုက်ခြင်းတို့ မပြုလုပ်ပေ။ ထိုအစား သူ၏ စိတ်နှလုံးတွင် အလေးအနက် နားထောင်ခဲ့သည်၊ တစ်စတစ်စ လက်ခံခဲ့သည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမပျက်စေဘဲ မည်သို့အကောင်အထည်ဖော်ရမည်ကိုလည်းကောင်း၊ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ နဂိုမူလက ရည်ရွယ်ထားသည့်အတိုင်း မည်သို့ဆောင်ရွက်ရမည်ကိုလည်းကောင်း ဆင်ခြင်တွေးတောခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူဆင်ခြင်တွေးတောသည့် တစ်ချိန်တည်းတွင်ပင် သူသည် “ဤအရာတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ဘုရားသခင်၏ ညွှန်ကြားချက်များ၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ငါ့တွင် တာဝန်ရှိသည်၊ ငါလိုက်နာရမည်။ အသေးစိတ်အချက်အလက်တစ်ခုမျှ ချန်ခဲ့၍မရပေ။ ဘုရားသခင်၏ ဆန္ဒတို့ကို မည်သည့်နည်းလမ်းဖြင့်မဆို ဆန့်ကျင်၍ မရသကဲ့သို့ ဘုရားသခင်ဆိုခဲ့သည့် အသေးစိတ်အချက်အလက်တစ်ခုကိုမျှ ငါသတိမပြုမိ၍ မရပေ။ ဤသို့မဟုတ်လျှင် ငါသည် လူသားဟု အခေါ်ခံရရန် သင့်တော်လိမ့်မည် မဟုတ်။ ငါသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ထိုက်တန်ခြင်းမရှိဖြစ်လိမ့်မည်။ ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် ထိုက်တန်ခြင်းမရှိ ဖြစ်လိမ့်မည်။ ဘုရားသခင်က ငါ့အား ပြောဆိုခဲ့ပြီး တဝန်ပေးစေခိုင်းခဲ့သောအရာအားလုံးကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်လျှင် နောင်တများစွာ ငါရနေလိမ့်မည်။ ထိုထက်ပို၍ ငါသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ ငါ့အပေါ် ဘုရားသခင်၏ ချီးမြှောက်မှုတို့နှင့် ထိုက်တန်မှု မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သိလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ နောက်တစ်ဖန်လာရောက်ဝံ့လိမ့်မည် မဟုတ်” ဟူ၍ တစ်ကိုယ်တည်း သူ့ကိုယ်သူ ပြောဆိုခဲ့သည်။ နောဧသည် သူ၏ စိတ်နှလုံးတွင် စဉ်းစားဆင်ခြင်ခဲ့သော အရာရာတိုင်းသည်၊ သူ၏ အမြင်နှင့် သဘောထားတိုင်းသည်၊ ဤအရာအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အလဟဿဖြစ်မသွားစေရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူမည်သို့လက်တွေ့လုပ်ဆောင်နိုင်ခဲ့ပုံ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ လက်တွေ့အရှိတရားဖြစ်အောင် မည်သို့ပြုလုပ်နိုင်ခဲ့ပုံ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို မည်သို့အကောင်အထည်ဖော်နိုင်ခဲ့ပုံ၊ ထိုနှုတ်ကပတ်တော်တို့သည် သူမှတစ်ဆင့် ပြည့်စုံခဲ့ပြီး သူမှတစ်ဆင့် လက်တွေ့အရှိတရားဖြစ်လာအောင် မည်သို့ပြုလုပ်နိုင်ခဲ့ပုံတို့ကို အဆုံးအဖြတ်ပေးသည်။ နောဧစဉ်းစားခဲ့သည့် အရာတိုင်း၊ သူ၏ စိတ်နှလုံးတွင် ဖြစ်ပေါ်ခဲ့သော စိတ်ကူးတိုင်းနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို အကဲဖြတ်ရလျှင် နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ထိုက်တန်သည်၊ သူသည် ဘုရားသခင်၏ ယုံကြည်ခြင်းခံရသော လူသားတစ်ဦးဖြစ်သည်၊ ဘုရားသခင် ပိုမိုနှစ်သက်သောသူဖြစ်သည်။ ဘုရားသခင်သည် လူသား၏ စကားတိုင်းနှင့် လုပ်ဆောင်မှုတိုင်းကို ဆန်းစစ်သည်။ လူသား၏ အတွေးများ၊ စိတ်ကူးများကို ကြည့်ရှုသုံးသပ်သည်။ ဘုရားသခင်၏ အမြင်တွင် နောဧသည် ဤသို့ စဉ်းစားနိုင်သောကြောင့် သူရွေးချယ်မှု မမှားခဲ့ပေ။ နောဧသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံဆောင်ရွက်ရန် ထိုက်တန်ကြောင်း၊ ဘုရားသခင်၏ ယုံကြည်မှုကို ရရှိဖို့ ထိုက်တန်ကြောင်း သူ့ကိုယ်သူ ပြသခဲ့သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ လူသားမျိုးနွယ်အားလုံးအကြားတွင် သူသည် တစ်ဦးတည်းသော ရွေးချယ်မှု ဖြစ်ခဲ့သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ခဲ့ပြီး ဘုရားသခင်ကို လိုက်နာခဲ့ပုံ (၂)” မှ

ယောဘသည် သူ၏ စမ်းသပ်မှုများကို ပထမဦးဆုံး ကြုံရချိန်တွင်၊ သူ၏ ဥစ္စာပစ္စည်းအားလုံးနှင့် သားသမီး အားလုံး ယူဆောင်သွားခြင်း ခံခဲ့ရသော်လည်း၊ အကျိုးဆက်အနေဖြင့် သူသည် လဲမကျခဲ့ပေ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမှုတစ်ခုဖြစ်သည့် မည့်သည့်အရာကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများ၊ သူ၏သားသမီးများနှင့် သူ၏လောကီပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးခြင်းနှင့်သက်ဆိုင်သည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ ယင်းမှာ သူသည် ဘုရားသခင်က သူ့ထံမှ အမှုအရာများကို ယူဆောင် သွားသည်နှင့်အမျှ ဘုရားသခင်ကို နာခံနိုင်ခဲ့ပြီး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကြောင့် ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကိုလည်း ပူဇော်ဆက်ကပ်နိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုအတောအတွင်း ယောဘ၏ အပြုအမူဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှု အတောအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှုတွင်၊ စာတန်သည် ယောဘကို တိုက်ခိုက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ပြီး၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် သာ၍ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်ရစ်စေရလောက်သည်အထိ ဖြစ်ဆဲရှိခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုအပြင်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့အား စာတန်ကို နောက်ထပ်တစ်ကြိမ် အနိုင်ယူရန် အသုံးပြုခဲ့ပြီး၊ သူ၏ အပြုအမူနှင့် သူ၏သက်သေခံချက်တို့သည် ဘုရားသခင်၏ နောက်တစ်ကြိမ် ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှုအတောအတွင်းတွင်၊ ယောဘသည် ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်အား ကြောက်ရွံ့မှုကို ယူဆောင်မသွားနိုင်ကြောင်း၊ သို့မဟုတ် သေခြင်းကို သူရင်ဆိုင်ခဲ့ရသောကြောင့် ဘုရားသခင်ကို စွန့်လွှတ်မည်မဟုတ် သို့မဟုတ် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို စွန့်လွှတ်မည်မဟုတ်သည်ကို စာတန်အား ကြေညာရန် သူ၏တကယ့်အပြုအမူကို အသုံးပြုခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေကာ တုန်လှုပ်စေရစ်ခဲ့သည်၊ ၎င်းတို့၏ သေရေး ရှင်ရေးတိုက်ပွဲအတွင်းတွင် စာတန်ကို သူ တိုက်ခိုက်ခဲ့သည့် ပြင်းပြခြင်းသည် စာတန်ထဲတွင် နက်ရှိုင်းသော မုန်းတီးမှုနှင့် မကျေမချမ်းမှုတို့ကို ပေါက်ဖွားစေခဲ့သည်။ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က စာတန်သည် သူ့ကို နောက်ထပ်မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေခဲ့သည်မှာ စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ပြီး ယေဟောဝါဘုရားသခင်ရှေ့တွင် ချခင်းထားသည့် ယောဘအား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ဤသည်မှာ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ ဇာတိပကတိကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ သူသည် စာတန်ကို အောင်မြင်ခဲ့ပြီးဖြစ်ကာ သေခြင်းကို အောင်မြင်ခဲ့ပြီးဖြစ်သည်ဟု ဆိုလိုခဲ့ပေသည်။ သူသည် အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဘုရားသခင်နှင့် သက်ဆိုင်သော လူတစ်ဦး ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုအတောအတွင်းတွင်၊ ယောဘသည် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်သက်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ နယ်ပယ်ကို ကျယ်ပြန့်လာစေခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ကြုံရလျက်ဖြင့်၊ ယောဘထဲ၌ သာ၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု ပေါက်ဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို သာ၍ ရင့်ကျက်စေကာ ဝါရင့်စေခဲ့သည်၊ ယင်းသည် သူ့ကို သာ၍ သန်မာစေခဲ့ပြီး သာ၍ ကြီးမားသော ခံယူချက် ရှိစေခဲ့ကာ၊ သူစွဲမြဲစွာ ထိန်းထားခဲ့သော တည်ကြည်ခြင်း၏ မှန်ကန်မှုနှင့် အဖိုးထိုက်တန်ခြင်းတို့နှင့် သက်ဆိုင်၍ သူ့အား သာ၍ စိတ်ချယုံကြည်မှု ရှိစေခဲ့သည်။ ယောဘနှင့်သက်ဆိုင်သည့် ယေဟောဝါ ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအတွက် ဘုရားသခင်၏ ပူပန်မှုနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် သိနားလည်ခြင်းနှင့် အသိစိတ်ကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖိုးထိုက်ခြင်းကို သူ့အား သတိပြုမိခွင့်ပေးခဲ့ကာ၊ ယင်းအခြေအနေမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို သူ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းထဲသို့ ပေါင်းထည့်ခဲ့လေသည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား ဘုရားထံမှ ကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေခဲ့သည်။ ယောဘသည်းခံခဲ့သော ခန္ဓာနာကျင်မှုသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်ခဲ့ချိန်တွင်၊ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား သူ၏ မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့မှလွဲ၍ ရွေးချယ်စရာ မပေးခဲ့ပေ။ ထိုသို့သော အပြုအမူသည် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့်အရာမဟုတ်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးအတွင်းမှ ဘုရားသခင်အတွက် အရေးထားခြင်းနှင့် ချစ်ခြင်း၏ အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်အတွက် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းတို့မှ လာခဲ့သည့် အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ သူသည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့ပြီး ဘုရားသခင်အား ညှဉ်းဆဲရန် လိုလားခြင်း မရှိသကဲ့သို့ ခံနိုင်ခြင်းလည်း မရှိသောကြောင့်၊ သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ပေသည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်း၊ ပြီးလျှင် ဘုရားသခင်အား ဆက်ကပ်ခြင်းတို့ကို အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်း၊ ပြီးလျှင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့ကိုလည်း အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ သူသည် ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ပေ၊ ဘုရားသခင်ကို နာကျင်စေမည့် မည်သည့်အပြုအမူကိုမျှ မိမိကိုယ်ကိုယ် လုပ်ဆောင်ခွင့်မပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ပိုင် အကြောင်းရင်းများအတွက် ဘုရားသခင်အပေါ် မည်သည့် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းကိုမျှပင် ယူဆောင်လာဖို့ မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ချေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား ပြီးပြည့်စုံသော ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ကြဉ်းခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် သူရရှိဖို့ ဘုရားသခင် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းငှာ အမှန်တကယ် ခံထိုက်သောသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်နိုင်ခွင့်ပေးခဲ့ပြီး၊ ဘုရားသခင်အဖို့ သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်အခွင့်ပေးခဲ့သည်။ ထိုကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည်လည်း သူ့အား စုံလင်စေပြီး သူ၏ အသက်တန်ဖိုးကို ယခင်ထက် သာ၍ မြှင့်တင်ခံရစေကာ ကျော်လွန်စေခဲ့ပြီး၊ စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို မခံရတော့မည့် ပထမဦးဆုံးသော လူတစ်ဦးလည်း ဖြစ်စေခဲ့သည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်၏ စွပ်စွဲခြင်းခံခဲ့ရကာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ထံသို့ လွှဲအပ်ခြင်းကို ခံခဲ့ရပြီး၊ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ကာ ရှုံးနိမ့်စေခဲ့ပြီး၊ သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ထိုအချိန်မှစ၍ ယောဘသည် စာတန်ထံသို့ မည်သည့်အခါတွင်မျှ တစ်ဖန် အပ်နှံမခံရတော့မည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မရှိဘဲ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲတွင် အသက်ရှင်ခဲ့ရသည်...။ သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူသည် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်...။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံသတ္တဝါအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ ကျေးဇူးကြီးမားသော အလိုတော်ဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ သနားကရုဏာကို မိမိကိုယ်ကိုယ် ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။...သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

အရှေ့သို့- ၂) လူတစ်ယောက်သည် ၎င်း၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရရှိဖို့နှင့် ဘုရားသခင်၏စုံလင်စေခြင်းတို့ကို ခံရဖို့အလို့ငှာ၊ သမ္မာတရားကို အားထုတ်သင့်သည့် နည်းလမ်း

နောက်တစ်ခုသို့- ၂) ဘုရားသခင်အတွက် ဒုက္ခခံခြင်းနှင့် အဖိုးအခပေးဆပ်ခြင်းတို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ခြင်းနှင့် တူညီမှု ရှိမရှိ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁) ပညာသတိရှိသော သတို့သမီးများနှင့် မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍...

၁) ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သိရှိသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့်...

၂) ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့်...

၁) ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်