အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

စကားချီး

၁၉၉၁ ခုနှစ်သည် လူသားတို့ လက်ရှိဖြစ်နေသည့်အတိုင်း အလွန်အမင်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အလွန်ကြီးမားပြီး နှံ့စပ်ထိရောက်သော အရေးပါမှုရှသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ထိုနှစ်သည် သခင့်ကို ရိုသေကိုင်းရှိုင်းပြီး သမ္မာတရားကို ဆာငတ်သောသူများအားလုံး ကြာရှည်စွာ စောင့်ဆိုင်းခဲ့ကြပြီး နောက်ဆုံးတွင် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုပေါ်ထွန်းလာခဲ့သည့်၊ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့သည့် နှစ်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဣသရေလလူတို့ထံ မိုးတိမ်ဖြူကို စီးနင်းလျက် ကြွဆင်းမလာခဲ့သည့်အပြင် သူသည် နိုင်ငံနှင့် လူမျိုးများအားလုံး ထံသို့လည်း ပွင့်လင်းစွာ ပေါ်ထွန်းမလာခဲ့သည့်အတွက် သူ၏ ကြွလာခြင်းက လူခပ်သိမ်းတို့၏ အယူအဆများကို ဆန့်ကျင့်ခဲ့လေသည်။ ထိုအစား၊ သူသည် အဆင်းနီသောနဂါးကြီး ရစ်ခွေလဲလျောင်းသည့်မြေဖြစ်သည့် တရုတ်ပြည်တည်းဟူသော ဘုရားမဲ့ဝါဒ၏ ခိုင်ခံ့ကြီးမားသောခံတပ်အထဲသို့ တိတ်တဆိတ်လာခဲ့ကာ၊ ဘုရားသခင်၏အိမ်တော်ထဲမှ အစပြု၍ တရားစီရင်ခြင်း အမှုတော်ကို သူစတင်ခဲ့သည်။ တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အမှောင်မိုက်ဆုံး၊ အပျက်စီးဆုံး၊ ဘုရားသခင်ကို အဆန့်ကျင်ဆုံး နိုင်ငံဖြစ်သည့်အပြင်၊ ယင်းသည် အဆင်းနီသော နဂါးကြီးနှင့် ဝိညာဉ်ဆိုးအမျိုးမျိုးတို့ ဘုံဗိမာန်ပြုသည့်မြေ ဖြစ်သောကြောင့်၊ ဤနေရာ၌ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်ကာ၊ အဆင်းနီသောနဂါးကြီး၏ လှည့်ဖြားခြင်းကို လွန်စွာခံရပြီး အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသောသူများကို ဤနေရာ၌ ဘုရားသခင်က တရားစီရင်သည်၊ ပြစ်တင်ဆုံးမပြီး သန့်စင်စေကာ ကယ်တင်လေသည်။ ဤအမှုတော်မှတဆင့် စာတန်အပေါ် ဘုရားသခင်၏ အောင်နိုင်ခြင်းအတွက် သက်သေခံချက်များ ဖြစ်လာကြသည့် ကမ္ဘာ့အရှေ့ရပ်ရှိ အောင်မြင်သူများအုပ်စုတစ်စုကို ဘုရားသခင် ရယူခဲ့ပြီဖြစ်ပြီး၊ ထို့သို့ဖြင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့သည် ပို၍ရှင်းလင်းစွာ ပေါ်ထွက်လာလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဤသို့ပင် ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်- “နေရာများစွာ၌ ဘုရားသခင်သည် သိနိမ်မြေတွင် အောင်မြင်သူများ အဖွဲ့ကို ရမည်ဟု ပရောဖက်ပြုခဲ့သည်။ အောင်မြင်သူများကို ရမည့်နေရာသည် ကမ္ဘာ့၏ အရှေ့ပိုင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမည့် မြေနေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်မြေဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ထိုနေရာမှာ အဆင်းနီသော နဂါးကြီးမှ ဆင်းသက်လာသူများကို ရယူမည်ဖြစ်သည်၊ သို့မှသာ ၎င်းကို လုံးလုံး လျားလျား သိမ်းပိုက်ကာ အရှက်ရစေမည်ဖြစ်သည်။ ဘုရားသခင်သည် နက်နဲစွာ နာကျင်မှုခံစားရသော ဤလူများကို နိုးထစေရန်၊ သူတို့ကို အကြွင်းမဲ့ နိုးထစေရန်နှင့် မြူထူရာမှ ထွက်ကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေရန် အလိုရှိသည်။ ဘုရားသခင်သည် သူတို့၏ အိပ်မက်မှ သူတို့ကို နိုးထရန်၊ သူတို့ကို အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိရန်၊ သူတို့၏ နှလုံးသားအားလုံးကို ဘုရားသခင်ထံ ပေးရန်၊ မှောင်မိုက်တန်ခိုး၏ ဖိနှိပ်မှုမှ ရုန်းထွက်ရန်၊ ကမ္ဘာ၏ အရှေ့ပိုင်းတွင် ထကြွရန်နှင့် ဘုရားသခင် အောင်မြင်မှု၏ သက်သေဖြစ်ရန် အလိုရှိသည်။ သို့မှသာ ဘုရားသခင်သည် ဘုန်းတန်ခိုးရလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)”) နောက်ဆုံးသောကာလ ခရစ်တော်၏ အမှုတော်နှင့် မိန့်မြွက်ချက်များကြောင့်၊ အဆင်းနီသောနဂါးကြီး၏ မှောင်မိုက်သော အုပ်ချုပ်မှုအောက်တွင် နေထိုင်သည်နှင့်အမျှ ယင်း၏ အကြီးအကျယ် လှည်ဖြားခြင်းကို လွန်စွာခံခဲ့ရသည့် တရုတ်ပြည်ရှိ ဘုရားသခင်၏ ရွေးချယ်ထားသော သူများအားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရကြလေသည်။ သူတို့သည် အဆင်းနီသောနဂါးကြီး၏ ချည်နှောင်မှုနှင့် ထိန်းချုပ်ခြင်းမှ တစ်ယောက်ပြီးတစ်ယောက် လွတ်မြောက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အပြင်၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းမျိုးစုံတို့ကို လက်ခံရရှိဖို့ရန် ဘုရားသခင်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာကြလေသည်။ နောက်ဆုံးတွင် အဆင်းနီသောနဂါးကြီး၏ အစိုးရက သူတို့ကို လိုက်လံဖမ်းဆီးကာ ညဉ်းပန်းနှိပ်စက်သည့် အမျိုးစုံသောနည်းလမ်းများအလယ်တွင် ဘုရားသခင်၏ ရွေးချယ်ထားသောလူများက သက်သေရပ်တည်ကာ၊ ထိုသို့ဖြင့် တရုတ်ပြည်၌ ဘုရားသခင် စုံလင်စေသည့် နောက်ဆုံးသောကာလ ဘုရားသခင့်အမှုတော်၏ နမူနာများနှင့် စံပုံစံများဖြစ်လာကြပြီးလျှင်၊ သူတို့သည် စာတန်၏ ဆိုးယုတ်သော အင်အားစုများအပေါ် ဘုရားသခင်၏ အောင်နိုင်ခြင်းအတွက် အားကောင်းသော သက်သေခံချက်များလည်း ဖြစ်လာကြသည်။

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်သည် တရုတ်ပြည်မကြီးအပေါ်၌ စတင်ခဲ့ကတည်းက၊ အဆင်းနီသောနဂါးကြီးသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်အား ညှဉ်းပန်းနှိပ်စက်ခြင်းကို လုံးဝမရပ်တန့်ခဲ့ပေ။ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုတော်ကို ချေမှုန်းသုတ်သင်ရန် တရုတ်ပြည်ကို ဘုရားမဲ့သော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲရန်နှင့် လူသားမျိုးနွယ်ကို အမြဲထာဝစဉ် ထိန်းချုပ်ရန်ဖြစ်သည့် သူ၏ ရည်မှန်းချက်ကို အောင်မြင်ဖို့အလို့ငှာ၊ သူ အကျွမ်းကျင်ဆုံးအရာကို လုပ်ဆောင်လေသည်- နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် သူ တတ်နိုင်သမျှ လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ ၎င်းသည် ဘုရားသခင် ရွေးချယ်ထားသောသူများကို တိုက်ခိုက်ရန်နှင့် မှားယွင်းစွာ စွပ်စွဲရန် ကောလာဟလများနှင့် မုသားများမျိုးစုံကို ဖြန့်ဖြူးရုံမက၊ သူတို့ကို ညှဉ်းပန်းနှိပ်စက်ရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းမျိုးစုံကိုလည်း အသုံးပြုလေသည်- ယင်းက လူတို့ကို ပြောင်ပြောင်တင်းတင်းကော တိတ်တဆိတ်ပါ စုံစမ်းစစ်ဆေးသည်၊ ယင်းက ဖုန်းခေါ်ဆိုမှုများကို ထောက်လှမ်းသည်၊ လူတို့ကို နောက်ယောင်ခံလိုက်သည်၊ လူတို့ကို တိတ်တဆိတ် ဖမ်းဆီးသည်၊ နေအိမ်များကို ရှာဖွေပြီးလျှင် ဒဏ်ငွေများ အဓမ္မဆောင်စေသည်၊ ယင်းက နှိပ်စက်ခြင်းမှတဆင့် ဖြောင့်ချက်များ အတင်းအကျပ်ပေးစေသည်၊ ယင်းက ခြိမ်းခြောက်ပြီး မြူဆွယ်သိမ်းသွင်းသည်၊ ထို့ပြင် ယင်းက လူတို့ကို ကိုယ်ရောစိတ်ပါ ပျက်စီးစေသည်။ ဤနည်းလမ်းများက မရေမတွက်နိုင်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများကို အဖမ်းဆီးခံရခြင်း၊ ရက်စက်စွာ ရိုက်နှက်ခံရခြင်းနှင့် အလုပ်ကြမ်းမှတဆင့် ပညာပေးခြင်းအား အတင်းအကျပ်ခံစေခြင်းသို့ ဦးတည်ခေါ်ဆောင်သွားပြီး အချို့သောသူတို့ကိုမူ ဒုက္ခိတဖြစ်စေခြင်း သို့မဟုတ် မိမိတို့၏အသက်များ ဆုံးရှုံးစေခြင်းတို့ပင် ဖြစ်စေပြီးဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်ကို ငြင်းပယ်ရန်နှင့် သစ္စာဖောက်ရန် အတင်းအကျပ်ခိုင်းဖို့ ကြိုးပမ်းရာတွင် အဆင်းနီသောနဂါးကြီးသည် ဤနည်းလမ်းများကို အသုံးပြုရခြင်းမှာ ဘုရားသခင် ရွေးချယ်ထားသောသူတို့အနေဖြင့် ၎င်း၏အုပ်စိုးမှု၊ သူတို့အပေါ် ၎င်း၏ထိန်းချုပ်နိုင်မှုနှင့်၊ ၎င်း၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် အမြတ်ထုတ်မှုတို့ကို အမြဲထာဝရ ခံယူကြရန်အတွက် ဖြစ်လေသည်။ သို့သော် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ သူ၏ ဉာဏ်ပညာကို စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များအပေါ် အခြေခံပြီး အစဉ်ကျင့်သုံးလေသည်။ သူတို့အပေါ် အဆင်းနီသော နဂါးကြီးက ကျရောက်စေသည့် အဆမတန်ဆိုးရွားသော နှိပ်စက်ခြင်းတို့အလယ်တွင်၊ ဘုရားသခင် ရွေးချယ်ထားသော သူတို့သည် ကြီးစွာသော နာကျင်မှုနှင့် ညှဉ်းပန်းမှုဒဏ်ကို ခံစားရပြီး အနည်းပါးဆုံးသော အသက်ရှင်သန်မည့် အခွင့်အရေးနှင့်အတူ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ကြရသော်လည်း၊ သူတို့သည် လွန်စွာ မလျော်ကန်သကဲ့သို့ ကောင်းကင်နှင့် လွန်စွာ ဖီလာဆန့်ကျင်သည့် အဆင်းနီသောနဂါးကြီး၏ ဖောက်ပြန်တတ်ပြီး ဆိုးယုတ်သော အနှစ်သာရကို ရှင်းလင်းစွာ မြင်တွေ့လာကြသည်၊ ထို့ပြင် ၎င်း၏ ဘီလူးသရဲစီးသော မျက်နှာထားကိုလည်း မြင်တွေ့လာကြသည်။ သူတို့၏စိတ်နှလုံးများထဲ၌ အဆင်းနီသောနဂါးကြီးအား ခါးသီးသောမုန်းတီးမှု ဖြစ်ပေါ်ပြီး၊ မိမိတို့ကိုယ်ပိုင်အသက်များ စွန့်ရသည့်တိုင် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ရန် စိတ်ပိုင်းဖြတ်ချက်တစ်ခု သူတို့အထဲတွင် မွေးဖွားလာသည်။ အဆုံးစွန်အနေဖြင့် နောက်ဆုံးတွင် မိမိတို့ခန္ဓာ၏ အားနည်းချက်ကို ကျော်လွှားသည်အထိ၊ သူတို့အပေါ် သေခြင်းတရားက ထားရှိသည့် အနိုင်ပိုင်းချက်မှ သူတို့ ထွက်ပြေးလွတ်မြောက်သည်အထိ၊ ထို့ပြင် သူတို့သည် စစ်မှန်သော ယုံကြည်မှုနှင့် ဘုရားသခင်အား ချစ်ခြင်းပြည့်ဝသည့် စိတ်နှလုံးနှင့်အတူ အဆင်းနီသော နဂါးကြီး၏ရှေ့တွင် ဘုရားသခင်အတွက် ထူးကဲလှသောသက်သေခံပြီး စာတန်အား လုံးလုံးလျားလျား အရှက်ရစေလျက် ရှုံးနိမ့်စေသည်အထိ၊ သူတို့သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အလင်းပေးခြင်းနှင့် လမ်းပြမှုအပေါ်နှင့် သူတို့၌ နှင်းအပ်ထားသည့် ဘုရားသခင်၏ ခွန်အားအပေါ်တွင် အမှီပြုကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က မြွက်ဆိုသည့်အတိုင်းပင်ဖြစ်သည်- “အောင်မြင်သောသူများဟု ဘုရားသခင်ရည်ညွှန်းခေါ်ဆိုသူများသည် သက်သေခံနိုင်သေးသောသူ၊ သူတို့၏ မိမိကိုယ်ကိုမိမိယုံကြည်မှုကို ထိန်းသိမ်းထားနိုင်သေးသူနှင့် စာတန်၏စွမ်းအားနှင့် စာတန်၏ဝန်းရံမှု အောက်၊ တနည်းအားဖြင့် အမှောင်စွမ်းအားအတွင်း၌ပင်လျှင် ဘုရားသခင်အား ကိုးကွယ်ယုံကြည်မှုပြုနိုင်သူများဖြစ်သည်။ အကယ်၍သင်သည် ဘာဖြစ်ဖြစ် သန့်စင်သော နှလုံးသားနှင့် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းမေတ္တာကို ဆက်လက်ထိန်းသိမ်း ထားနိုင်လျှင် ဘုရားသခင်ရှေ့တော်မှောက်၌ သက်သေအဖြစ်ရပ်တည်ခြင်းဖြစ်ပြီး၊ ဤအခြင်းအရာသည်ကား ဘုရားသခင်မှ အောင်မြင်သောသူဟု ရည်ညွှန်းသည့် အရာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ဝတ်ပြုဆည်းကပ်ခြင်း အစဉ်ပြုသင့်သည်”) ထို့ကြောင့် ဤအောင်မြင်သောသူများမှာ အဆင်းနီသောနဂါးကြီး၏ ယုတ်မာသော ဖိနှိပ်မှုအလယ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက တည်ဆောက်ပေးခြင်းနှင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသောလူအုပ်စုပင် ဖြစ်ကြသည်။

အခြားသူများအတွက် သူတို့သည် အခြားလူတိုင်းနှင့် တူသော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင့်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းအောက်တွင် သမ္မာတရား အချို့ကို သူတို့နားလည်လာပြီးလျှင် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုကို စွန့်ပစ်ရန်၊ ဘုရားသခင်နောက်လိုက်ပြီး အသက်တာတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းဖို့ ယုံကြည်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းတို့ကို ရှာတွေ့ကြလေသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ထံ ဆုတောင်းကြဆဲဖြစ်သည်၊ ဘုရားသခင့်အပေါ် အမှီပြုကြဆဲဖြစ်သည်၊ ဘုရားသခင့် နှုတ်ကပတ်တော်များမှ နှင်းအပ်သည့် ခွန်အားအပေါ် အမှီပြုခြင်းဖြင့် ဖြောင့်မတ်စွာနေထိုင် နေကြဆဲဖြစ်ပြီး သူတို့အပေါ် အဆင်းနီသော နဂါးကြီးမှ ကျရောက်စေသည့် လူမဆန်စွာ ရက်စက်ပြီး အဆမတန်ဆိုးရွားသော နှိပ်စက်မှုများအောက်တွင် မည်သည့်အခါမျှ အညံ့မခံ သို့မဟုတ် အလျှော့မပေးဘဲလျက်၊ သူတို့၏ ဘဝတစ်လျှောက်လုံး မှောင်မဲသော အကျဥ်းထောင်ခန်းလေးများထဲ၌ ဆင်းရဲဒုက္ခခံရင်း အချိန်ကုန်လွန်စေခဲ့ကြသည်။ သူတို့ထဲမှ အချို့သည် သေလုမျောပါး ရက်စက်ကြမ်းကြုတ်မှုခံရကောင်း ခံရနိုင်သော်လည်း သူတို့၏ သမ္မာတရားကို လိုက်စားဖို့ သူတို့၏ စိတ်ပိုင်းဖြတ်ချက်မှာ အားကောင်းလာသည်။ အချို့သောသူတို့သည် အဆင်းနီသော နဂါးကြီး၏ နတ်ဆိုးများလက်ထဲ၌ ရက်စက်သော ညဉ်းပန်းနှိပ်စက်မှုနှင့် ထောင်သွင်းအကျဉ်းချခြင်းကို ရင်ဆိုင်ရချိန်တွင် သူတို့၏ ပျိုရွယ်သည့် အရွယ်ကောင်းတွင် ရှိကောင်းရှိနိုင်သော်လည်း သူတို့သည် ချစ်ခြင်းမေတ္တာ၏ ရောင်ဝါလက္ခဏာကို ထွက်စေကြဆဲဖြစ်ပြီး နောင်တရခြင်းမရှိဘဲ မိမိတို့၏ နုပျိုသောအရွယ်ကို ကုန်လွန်စေကြသည်။ သူတို့ထဲမှ အချို့သည် ညဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘေးဒုက္ခကို ခံစားပြီး နတ်ဆိုးများ၏ ရက်စက်စွာချိုးဖဲ့ခြင်းကို ခံရကောင်း ခံရနိုင်သော်လည်း၊ ဘုရားသခင်၏ ကျေးဇူးတော် မည်မျှ အဖိုးထိုက်သည်ကို ပို၍ပင် သူတို့ခံစားကြပြီး ဘုရားသခင်အား သူတို့၏ချစ်ခြင်းကို ပို၍ပင် အားကောင်းလာစေသည်။ သူတို့သည် လူမဆန်မှု၏ ခါးသီးသောခွက်ကို အကုန်အစင်မော့ချလျက် ခက်ခဲသောလမ်းကို သူတို့ခရီးသွားသည်နှင့်အမျှ၊ အချို့က ဘုရားနှုတ်ကပတ်တော်၏ အလင်းပေးခြင်း၊ လှုံ့ဆော်မှုနှင့် လမ်းပြမှုတို့ကို ရရှိကြသည်၊ သူတို့၏ ဝိညာဉ်များ နိုးကြားလာပြီး အသက်တာအတွက် ချီးမွမ်းခြင်းသီချင်းများကို သူတို့ရေးဖွဲ့ကြသည်။ အချို့မှာ မှောင်မိုက်နှင့် ဖိနှိပ်ချုပ်ချယ်မှုကို ရင်ဆိုင်ရုန်းကန်ကြပြီး အန္တရာယ်ကျရောက်ချိန်များတွင် ဘုရားသခင့်အသက်စွမ်းအား၏ ထူးကဲသာလွန်မှုနှင့် ကြီးမြတ်မှုကို သူတို့တွေ့ကြုံကြရသည်။ အချို့က ဘုရားသခင်ကို အမှီပြုပြီး နောက်ဆုံးအခိုက်အတန့်တွင် သေခြင်းတရားမှ ကယ်တင်ခံရသည်၊ သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ တုနှိုင်းမဲ့ ကြီးမားမှုကို သဘောပေါက်မိပြီး၊ သူတို့အား အသက်တာကို ဆက်လက်ထိန်းသိမ်းထားစေသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မဏ္ဍိုင်တစ်ခုကို ရှာတွေ့ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ လမ်းပြမှုအောက်တွင် စာတန်ကို အောင်နိုင်ကြသည့် ဘုရားသခင်ရွေးချယ်ထားသော ဤလူစုသည် ခန္ဓာပိုင်းဆိုင်ရာ ကိုယ်စိတ်ချမ်းသာခြင်းများ လက်လွတ်ဆုံးရှုံးမှုကို ခံစားကြရသော်လည်း၊ သမ္မာတရားကို သူတို့ရရှိကြသည်၊ ဝိညာဉ်ရေးရာ လွတ်မြောက်မှုကို သူတို့ရရှိကြပြီး၊အဓိပ္ပာယ်ရှိသော အသက်တာများကို သူတို့ နေထိုင်အသက်ရှင်ကြသည်မှာ ထင်ရှားပေသည်။ သူတို့သည် မိုးသက်မုန်တိုင်းများကို ကြုံတွေ့ကာ ကြီးစွာသော အခက်အခဲများကို ခံစားရသော်လည်း၊ စာတန်ရှေ့တွင် ဘုရားသခင်အတွက် ခိုင်မာထူးကဲလှသော သက်သေကို ခံကြပြီးလျှင် ဘေးဒုက္ခအလယ်၌ ဘုရားသခင်၏ တည်ဆောက်ပေးခြင်းနှင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသည့် အောင်မြင်သောသူများ ဖြစ်လာကြလေသည်။ ဤအရာက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား ပြည့်စုံစေပါသည်- “ကြီးစွာသော ဆင်းရဲခြင်းဘေးမှလာသော အောင်မြင်သောသူတစ်စုကို အရှေ့အရပ်မှ ရယူခဲ့ပြီးဖြစ်သည်ဟု အရင်က ငါပြောခဲ့ပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်”)

ဤစာအုပ်ကို သင်ဖတ်သည့်အခါ၊ သင့်စိတ်ထဲတွင် ဤအယူအဆ ထွက်ပေါ်လာကောင်း လာနိုင်သည်။ဘုရားသခင်သည် အနန္တတန်ခိုးရှိသည် မဟုတ်လော။ သူရွေးချယ်ထားသော လူများကို ထိုကဲ့သို့ ထိခိုက်နစ်နာစေရန် အဆင်းနီသော နဂါးကြီး၏ အုပ်ချုပ်ပုံကို သူ အဘယ်ကြောင့် ခွင့်ပြုရမည်နည်း။ သင် ဤအရာကို တွေးမိလျှင် သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အပြည့်အဝ နားမလည်သေးကြောင်း ပြသပါသည်၊ အကြောင်းမှာ ဘုရားသခင်၏အမှုတော်ကို မသိသောသူများကသာ အမှုအရာများကို ၎င်းတို့၏ အပြင်ပန်းသဏ္ဌာန်အရသာ ဝေဖန်ဆုံးဖြတ်ပြီး အမှုအရာများကို သူတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအားဖြင့်သာ ဝေဖန်ဆုံးဖြတ်တတ်ကြသောကြောင့် ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင့် အမှုတော်၏ စစ်မှန်သောအသီးအပွင့်များကို အသိအမှတ်ပြုသည့်နည်းလမ်း မဟုတ်ပါပေ။ အနန္တတန်ခိုးရှင် ဘုရားသခင် မြွက်ဆိုသည်မှာ- “ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူအားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်တူညီသောခြေလှမ်းလှမ်းရန် လုပ်ဆောင်ကြ၏၊ စကြဝဠာတစ်လျှောက်လုံး ‘ကြီးစွာဝမ်းမြောက်’ ကြကာ၊ ငါသည် လူသားအား ရှေ့သို့တက်လှမ်းရန် စေ့ဆော်၏။ အကျိုးသက်ရောက်မှုအနေဖြင့်၊ ငါသည် အဆင်းနီသောနဂါးကြီး ကိုယ်တိုင်အား သွေးရူးသွေးတန်းဖြစ်ကာ မွှန်ထူသွားစေ၍၊ ၎င်းသည် ငါ၏အမှုအတွက် အစေခံကာ၊ လိုလားသည့်ဆန္ဒ မရှိသော်လည်း ၎င်း၏ ကိုယ်ပိုင်ဆန္ဒများနောက်သို့ မလိုက်နိုင်ဘဲ ငါ၏ချုပ်ကိုင်မှုကို နာခံရန်မှလွဲ၍ အခြားဘာမျှ မတတ်နိုင်တော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသောနဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်းဖြစ်၏။ ထို့ကြောင့် ငါသည် ၎င်းအပေါ် ငါ၏ ‘သတ်မှတ်ချက်များ’ ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏ လူ့ဇာတိခံယူသောအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏ အိမ်ထောင်စုအတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့်၊ အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် သင့်တော်စွာအစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်၏။ ဤနည်းအားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၉” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) “လူသား၏ အစိတ်အပိုင်းတစ်ရပ်ကို စုံလင်စေခြင်းငှာ ဘုရားသခင်သည် ဆိုးသောဝိညာဉ်တို့၏အလုပ် အစိတ်အပိုင်းတစ်ရပ်ကို အသုံးပြုရန် ဘုရားသခင် ရည်ရွယ်၏။ ဤသည်မှာ ထိုသူတို့သည် နတ်ဆိုးတို့၏ လုပ်ဆောင်ချက်များကို အပြည့်အဝ ထိုးထွင်းမြင်နိုင်ရန်နှင့် လူတိုင်းအား ၎င်းတို့၏ ဘိုးဘေးများကို စစ်မှန်စွာ နားလည်ခွင့်ပြုရန်ဖြစ်၏။ သို့မှသာ လူတို့သည် နတ်ဆိုးတို့၏ နောင်လာနောက်သားတို့ကို စွန့်ရုံသာမက ၎င်းတို့၏ ဘိုးဘေးများကို သာ၍ပင်စွန့်ကာ လုံးဝ လွတ်မြောက်နိုင်မည်ဖြစ်၏။ ဤသည်မှာ အဆင်းနီသောနဂါးကြီး၏ စစ်မှန်သောပုံသဏ္ဌာန်ကို လူသားတို့အားလုံး သိစေရန်၊ ၎င်း၏ မျက်နှာဖုံးကို လုံးဝဆွဲချွတ်၍ ၎င်း၏ စစ်မှန်သောပုံသဏ္ဌာန်ကို မြင်စေရန်၊ ဘုရားသခင်မှ အဆင်းနီသောနဂါးကြီးကို အပြည့်အဝရှုံးနိမ့်စေခြင်း၏ မူလရည်ရွယ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အထမြောက်လိုသည့်အရာဖြစ်၍ ယင်းသည် သူအလုပ်များစွာလုပ်ခဲ့သော မြေကြီးပေါ်ရှိ သူ၏ နောက်ဆုံးပန်းတိုင်ဖြစ်၏၊ သူသည် လူသားအားလုံး၌ ဤသည်ကို အထမြောက်ရန် ရည်မှန်း၏။ ဤသည်ကို ဘုရားသခင်၏ ရည်ရွယ်ချက်အတွက် အရာခပ်သိမ်း၏ လှုပ်ရှားဆောင်ရွက်ခြင်းဟု သိကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၄၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဟူ၍ ဖြစ်ပါသည်။ သူ့အမှုတော်၏ အဆင့်တစ်ခုစီတွင် ဘုရားသခင်သည် သူ့အတွက် လုပ်ဆောင်ရန်နှင့် အစေခံခြင်းကို ပေးအပ်ရန်အတွက် အရာခပ်သိမ်းကို ပြင်ဆင်စုရုံးကာ၊ ဤသည်မှာ တရုတ်ပြည်အနှံ့အပြား သူဖွင့်ဟထားသည့် နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ အမှုတော်ထဲတွင် အတိအကျ ဖြစ်ပျက်သည့်အရာ ဖြစ်လေသည်။ အဆင်းနီသောနဂါးကြီးမှာလည်း ဘုရားသခင်၏ အမှုတော်အတွင်း၌ အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်လာပြီဖြစ်သောကြောင့် ခြွင်းချက်မဟုတ်ပါပေ။ ဘုရားသခင်၏ အမှုတော်အပေါ် အဆင်းနီသော နဂါးကြီး၏ ခုခံခြင်းနှင့် နှောင့်ယှက်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူတိုင်းအား ယင်း၏ စစ်မှန်သောစရိုက်ကို သတိပြုမိစေကာ၊ ထို့သို့ဖြင့် ယင်းနှင့်အတူ ချည်နှောင်မှုအားလုံးကို ဖြတ်တောက်ပြီး ယင်း၏ အချုပ်အနှောင်များမှ သူတို့ကိုယ်သူတို့ လွတ်မြောက်စေသည်။ သို့သော် ဘုရားသခင်သည် လူတို့အနေဖြင့် နတ်ဆိုးများ၏ လုပ်ဆောင်မှုများကို ရိပ်စားမိပြီး အဆင်းနီသောနဂါးကြီးကို အပြီးအပြတ် ကျောခိုင်းစေလိုခြင်းက သူတို့ ကယ်တင်ခြင်း အပြည့်အဝရရှိခြင်းနှင့် အဘယ်အရာ အတိအကျ သက်ဆိုင်ပါသနည်း။ ကျွန်ုပ်တို့အားလုံး သိကြသည့်အတိုင်း၊ အဆင်းနီသော နဂါးကြီးက ဖောက်ပြန်စဥ်းလဲစွာ ပြုမူတတ်သည်၊ ယင်းက ကောင်းကင်နှင့် ဆန့်ကျင်ဖီလာ လုပ်ဆောင်ပြီး၊ လွန်လွန်ကဲကဲ ဖောက်ပြန်တတ်လေသည်။ တရုတ်ပြည်ကို ဘုရားမဲ့သော နယ်မြေအဖြစ် ပြောင်းလဲရန်နှင့် တရုတ်လူမျိုးများကို ယင်း၏ ဆိုးဝါးသော အုပ်ချုပ်မှုအောက်၌ လုံးလုံးလျားလျား ထိန်းချုပ်ခံနေရစေရန်အလို့ငှာ ယင်းက သမ္မာတရားကို ့် အစဉ်သဖြင့် ပြောင်းပြန်လှန်ပစ်ကာ ဘုရားမဲ့ဝါဒနှင့် ရုပ်ဝါဒကို တမင်သက်သက် ပျံ့ပွားစေပြီး လူတို့၏စိတ်များကို ပျက်စီးယိုယွင်းစေရန်၊ သူတို့၏ ဝိညာဉ်များကို လှည့်ဖြားရန်နှင့် ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားသခင်၏မျက်မှောက်သို့ လာရောက်ခြင်းမှ လူတို့ကို တားဆီးရန်အတွက် ယုတ္တိအမှားများနှင့် မိစ္ဆာဒိဋ္ဌိအယူမျိုးစုံတို့ကို ဖြန့်ဖြူးလေသည်။ ထိုသို့ဖြင့် ယင်းသည် လူတို့အား အမြဲထာဝစဉ် ထိန်းချုပ်ဖို့နှင့် ဝါးမျိုဖျက်ဆီးဖို့ဖြစ်သော ယင်း၏ ရည်မှန်းချက် အောင်မြင်လေသည်။ အကယ်၍ လူတို့သည် အဆင်းနီသော နဂါးကြီး၏ လှည့်စားမှုများမှ နိုးထကာ၊ ယင်း၏ နိုင်လိုမင်းထက်ပြုခြင်းနှင့် ဖိနှိပ်ချုပ်ထိန်းခြင်းမှ မိမိကိုယ်ကိုယ် ဖယ်ရှားပြီး ဘုရားသခင်ထံ အပြည့်အဝ ကိုးစားလိုပါက အဆင်းနီသောနဂါးကြီး၏ လက်ထဲတွင် ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုကို တွေ့ကြုံခြင်းအားဖြင့်သာလျှင် သူတို့သည် ယင်း၏ ဆိုးယုတ်၊ ရက်စက်သည့်၊ စက်ဆုပ်ဖွယ်ဖြစ်ပြီး အရှက်မဲ့သော ဘီလူးသရဲစီးသည့် မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ သူတို့သည် ယင်းကို အူထဲ အသည်းထဲက ရွံရှာပြီး ကျိန်ဆဲကြလိမ့်မည်ဖြစ်သည်။ ထို့နောက် သူတို့သည် အဆင်းနီသောနဂါးကြီးနှင့် ချည်နှောင်မှုအားလုံးကို ဖြတ်တောက်ရန် သူတို့၏ အသက်တာများဖြင့် သူတို့ ကတိပြုကြသည်၊ သူတို့သည် စာတန်၏ လွှမ်းမိုးမှုကို အပြီးအပြတ် စွန့်ပစ်ကြပြီး၊ ဘုရားသခင်နောက် လိုက်ကြသည်၊ ဘုရားသခင်ကို နာခံပြီး အသက်တာ၌ အလင်း၏လမ်းကြောင်းကို လျှောက်လှမ်းကာ၊ ထိုသို့အားဖြင့် သူတို့သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို အပြည့်အဝ ရရှိကြသည်။ ထို့ကြောင့်ပင် သူရွေးချယ်ထားသော လူများက သမ္မာတရားကို နားလည်နိုင်စေရန်၊ ထိုးထွင်းသိမြင်မှု ဖြစ်ပေါ်စေရန်၊ ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ရန်နှင့် နောက်ဆုံးတွင် စုံလင်အောင်ပြုခြင်းခံရပြီး ကယ်တင်ခြင်း အပြည့်အဝရရှိရန်အတွက် အဆင်းနီသောနဂါးကြီးကို အဖြည့်ခံနှင့် အသုံးတော်ခံအဖြစ် ဘုရားသခင် အသုံးပြုသည်မှာ ပေါ်လွင်ပေသည်။ ဘုရားသခင် အမှုပြုပုံမှာ အံ့ဖွယ်ဘနန်းပင်။ ဘုရားသခင်သည် သူရွေးချယ်ထားသောလူများကို စုံလင်အောင်ပြုလုပ်ပေးရန်၊ သူ၏ ဖြောင့်မတ်သော စိတ်နေသဘောထား၊ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို သိမြင်နိုင်စေရန်နှင့် ဘုရားသခင်၏အမှုတော် မည်မျှလက်တွေ့ကျသည်ကို မြင်တွေ့စေရန်အတွက် အဆင်းနီသောနဂါးကြီး၏ သွေးရူးသွေးတန်း ဖိနှိပ်ချုပ်ချယ်မှုကို အသုံးပြုသည်၊ သို့ဖြစ်၍ သူတို့အားလုံးသည် စစ်မှန်သောချီးမွမ်းခြင်းကို လှိုက်လှိုက်လှဲလှဲ ဖော်ပြနိုင်မည်ဖြစ်သည်တကား။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မြွက်ဆိုသည့်အတိုင်းပင် ဖြစ်ပါသည်- “ငါ၏အစီအစဉ်တွင်၊ စာတန်သည် ခြေလှမ်းတိုင်းကို အစဉ်အဆက် ယှဉ်ပြိုင်ခဲ့ကာ၊ ငါ့ဉာဏ်အမြော်အမြင်၏ အဖြည့်ခံအနေဖြင့် ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများရှာဖွေရန် အစဉ်ကြိုးစားခဲ့၏။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားသော အကြံအစည်များကို အရှုံးပေးနိုင်မည်လော။ ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ငါ့ကိုအစေခံ၏— စာတန်၏ လှည့်ဖြားသော အကြံအစည်တို့ရော အနည်းငယ်မျှပင် ကွာခြားနိုင်မည်လော။ ဤသည်မှာ အတိအကျအားဖြင့် ငါ့ဉာဏ်အမြော်အမြင်၏ လမ်းဆုံဖြစ်၏။ ဤသည်မှာ အတိအကျအားဖြင့် ငါ၏လုပ်ကိုင်မှုများ အံ့သြဖွယ်ကောင်းသည့်အရာ ဖြစ်၍ ငါ၏စီမံခန့်ခွဲခြင်းအစီအစဉ် တစ်ရပ်လုံးကို အကောင်အထည်ဖော်သည့် အခြေခံစည်းမျဉ်းဖြစ်၏။ နိုင်ငံတော်တည်ဆောက်သည့် ကာလအတွင်းတွင်၊ ငါသည် စာတန်၏လှည့်ဖြားသည့် ကြံစည်မှုများကို ရှောင်ရှားဦးမည် မဟုတ်ဘဲ ငါဆောင်ရွက်ရမည့် အမှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။ စကြဝဠာအတွင်းရှိ အရာခပ်သိမ်းအကြားတွင်၊ ငါသည် စာတန်၏လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ငါရွေးချယ်ထား၏။ ဤသည်မှာ ငါ၏ဉာဏ်အမြော်အမြင် မဟုတ်လော။ ဤသည်မှာ အတိအကျအားဖြင့် ငါ့အမှု၏ အံ့သြဖွယ်ရာကောင်းသည့် အရာမဟုတ်သလော။ နိုင်ငံတော်ခေတ်အတွင်းသို့ ဝင်ရောက်သည့်အခါတွင်၊ ကောင်းကင်ဘုံနှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့၌ ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်၍၊ ၎င်းတို့သည် အောင်ပွဲကျင်းပ၍ ဝမ်းသာပီတိ ဖြစ်ကြ၏။ သင်တို့ရော အနည်းငယ်မျှ ကွာခြားသလော။ မည်သူသည် ၎င်း၏နှလုံးသားတွင် ပျားရည်ကဲ့သို့ ချိုမြိန်မှုကို မခံစားရသနည်း။ မည်သူသည် ၎င်း၏နှလုံးသားတွင် ဝမ်းမြောက်ခြင်းဖြင့် မပြည့်လျှမ်းသနည်း။ မည်သူသည် ဝမ်းသာပီတိဖြင့် ကခုန်ခြင်းမပြုသနည်း။ မည်သူသည် ချီးမွမ်းစကား မပြောသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

ဤ “အောင်မြင်သောသူများ၏ သက်သေခံချက်များ” စာအုပ်ထဲ၌ စုစည်းထားသည့် ဖြစ်စဉ်များအားလုံးမှာ အဆင်းနီသောနဂါးကြီး၏ သွေးရူးသွေးတန်း ညှဉ်းပန်းနှိပ်စက်မှုအလယ်တွင် ဘုရားနှုတ်ကပတ်တော်များ၏ စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသည့် တရုတ်နိုင်ငံရှိ ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ အောင်ပွဲခံသော သက်သေခံချက်များ ဖြစ်သည်။ အချက်အလက်များက ပြထားသည့်အတိုင်း၊ ဘုရားသခင်သည် သူရွေးချယ်ထားသော လူတို့ကို တည်ဆောက်ပေးပြီး စုံလင်အောင်ပြုလုပ်ပေးရန်နှင့် သူတို့၏ အသက်တာများ ကြီးထွားရင့်ကျက်နိုင်စေရန်အတွက် အဆင်းနီသော နဂါးကြီး၏ ထိတ်ထိတ်ပျာပျာ ခုခံခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို အသုံးပြုသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် သူ့ကို စစ်မှန်စွာ မယုံကြည်သည့်၊ သမ္မာတရားကို မချစ်သည့် ထိုယုတ်မာသောသူများ အားလုံးကို ဖော်ထုတ်ပြီး ဖယ်ရှားရန် ဤဆန့်ကျင်ခုခံခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို အသုံးပြုလေသည်။ ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များအပေါ် မူတည်၍ အသုံးပြုလျက်ရှိကြောင်း၊ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီးကို လုံးလုံးလျားလျား အနိုင်ယူပြီးပြီဖြစ်ကြောင်းနှင့် ဘုန်းအသရေအလုံးစုံကို သူရယူပြီးပြီဖြစ်ကြောင်းကို ဤအရာက ချက်ကျလက်ကျ ပြသပေသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်မှာ- “လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းတွင် ရန်သူသည် ယင်းနေရာမှ ဖျက်ဆီးခံရသည်။ တရုတ်ပြည်သည် ဦးစွာ သုတ်သင်ချေမှုန်းခြင်း ခံရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ လက်တော်အားဖြင့် မွှေနှောက်ဖျက်ဆီးခြင်းကို ခံရမည်။ ဘုရားသခင်သည် တရုတ်ပြည်အား လုံးဝပင် သက်ညှာပေးမည်မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်ကို မည်သူမဆို သိသာစွာပင် မြင်တွေ့ နိုင်သည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျရှုံးခြင်း လက္ခဏာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဟူ၍ ဖြစ်သည်။ ဘုရားသခင်အတွက် သက်သေရပ်တည်သည့် သူ၏ ရွေးချယ်ထားသောသူများမှာ အဆင်းနီသောနဂါးကြီးနိုင်ငံ၏ ကျဆင်းပျက်စီးခြင်းအခိုက်တွင် ဘုရားသခင်ကို သက်သေခံသည့် အုပ်စုပင်ဖြစ်သည်။ သူတို့သည် စာတန်နှင့် ဘုရားသခင်၏စစ်ပွဲ၌ ဘုရားသခင်၏ အောင်မြင်မှုအတွက် သက်သေခံချက်များဖြစ်ပြီး၊ စာတန်၏ ရှုံးနိမ့်ခြင်းနှင့် အရှက်ရခြင်းတို့၏ ငြင်း၍မရသော သက်သေများ ဖြစ်ကြသည်။ ဘုရားသခင်၏လူများ ရင့်ကျက်လာမှုက အဆင်းနီသော နဂါးကြီးနိုင်ငံ၏ ပြိုလဲခြင်းကို ကြေညာလေသည်။ တရုတ်ပြည်မအပေါ် ဘုရားသခင်၏အမှုတော်သည် ဘုန်းအသရေဖြင့် အဆုံးသတ်လိမ့်မည်။ သူသည် လူအုပ်စုတစ်စုကို အောင်မြင်သောသူများအဖြစ် ပြုလုပ်ပြီဖြစ်ပြီး သူ၏ ဘုန်းအသရေကို သူရယူလေပြီ။ ကမ္ဘာကြီး၏ နေရာအနှံ့တွင်ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန်နှင့် ဘုရားသခင်၏ သန့်ရှင်းသော နာမတော်ကို ပျံ့နှံ့စေရန်အတွက် ဘုရားသခင် ရွေးချယ်ထားသောလူတို့က သန့်ရှင်းသော သာသနာတော်ကို ယခု မိမိတို့အပေါ် ဆောင်ယူပြီးဖြစ်သည်။ ဘုရားသခင်၏ နာမတော်သည် စကြဝဠာတစ်ခွင်လုံး၌ ကြီးမြတ်ခြင်းရှိလိမ့်မည်၊ ခပ်သိမ်းသော လူသားမျိုးနွယ်သည် ဘုရားသခင်ရှေ့မှောက်တွင် ကျိုးနွံနာခံပြီး လူဇာတိခံယူထားသော အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပျပ်ဝပ်ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံ အားလုံးသည် ခရစ်တော်၏တိုင်းနိုင်ငံ ဖြစ်လာလိမ့်မည်၊ ဤသည်မှာ ဘုရားသခင်အားဖြင့် မကြာမီ ပြီးပြည့်စုံလာလိမ့်မည်ဖြစ်သတည်း။

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်

နောက်တစ်ခုသို့:မည်သည့်အခါမျှ မပျောက်ကွယ်နိုင်သည့် အသက်စွမ်းအား

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ