အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းအတိုင်း သမ္မာကျမ်းစာကို မည်ကဲ့သို့ မှန်ကန်စွာ ချဉ်းကပ်ပြီး အသုံးပြုမည်နည်း။ သမ္မာကျမ်းစာ၏ မူလတန်ဖိုးမှာ အဘယ်နည်း။

13

၆။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းအတိုင်း သမ္မာကျမ်းစာကို မည်ကဲ့သို့ မှန်ကန်စွာ ချဉ်းကပ်ပြီး အသုံးပြုမည်နည်း။ သမ္မာကျမ်းစာ၏ မူလတန်ဖိုးမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ၊” (ယော ၅:၃၉-၄၀)

တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် နည်းလမ်းအတိုင်း သမ္မာကျမ်းစာကို မည်ကဲ့သို့ မှန်ကန်စွာ ချဉ်းကပ်ပြီး အသုံးပြုမည်နည်း။ သမ္မာကျမ်းစာ၏ မူလတန်ဖိုးမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယနေ့တွင် ငါသည် သမ္မာကျမ်းစာအား ဤကဲ့သို့သော ပုံစံမျိုးဖြင့် စူးစမ်း ဆန်းစစ်နေခြင်းက ငါသည် ၎င်းကို မုန်းသည် သို့မဟုတ် ၎င်းထဲက ရည်ညွှန်းထိုက်သည့် တန်ဖိုးကို ငြင်းဆိုသည်ဟု မဆိုလိုပေ။ သမ္မာကျမ်းစာ၏ မွေးရာပါ တန်ဖိုးနှင့် ဇစ်မြစ်များကို သင့်အား ရှင်းပြနေရခြင်းက သင်အမှောင်ထဲမှာ ရှိနေခြင်းကို ရပ်စဲပစ်ရန်အတွက်ဖြစ်သည်။ လူများတွင် သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး များပြားလှသော အမြင်များရှိကြကာ၊ ၎င်းတို့ အများစုက မှားယွင်းနေကြသောကြောင့်၊ ယခုလို နည်းဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုမှုက လူများအနေနှင့် ရသင့်သည်ကို မရအောင် ဟန့်တားနေရုံသာမက၊ ပို၍ အရေးပါသည့်အရာမှာ ၎င်းသည် ငါလုပ်ကိုင်လိုသည့် အမှုကို နှောင့်ယှက်နေခြင်းပင် ဖြစ်သည်။ ၎င်းသည် အနာဂတ် လုပ်ဆောင်ချက်အတွက် ကြီးမားသော အနှောင့်အယှက်ပင်ဖြစ်ပြီး၊ ကောင်းကျိုးများ မပေးပဲ၊ ဆိုးကျိုးများသာ ပေး၏။ သို့ဖြစ်၍၊ ငါသင်တို့ကို သွန်သင်နေသည့်အရာမှာ သမ္မာကျမ်းစာ၏ အနှစ်သာရနှင့် အတွင်းပိုင်း အကြောင်းအရာတို့ပင် ဖြစ်သည်။ ငါသည်သင့်အား သမ္မာကျမ်းစာကို မဖတ်ပါနှင့်၊ သို့မဟုတ် ကိုယ့်ပတ်ဝန်းကျင်တွင် လျှောက်သွားလျက် ၎င်းထဲမှာ တန်ဖိုးရှိသည့်အရာ ဘာတစ်ခုမျှ မရှိပါဟူ၍ အားလုံးတို့အား ကြေညာပါရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ သင်၌ သမ္မာကျမ်းစာဆိုင်ရာ မှန်ကန်သည့် အသိပညာနှင့် ရှုမြင်ခြင်းများ ရှိစေဖို့ရန်အတွက်ပင် ဖြစ်သည်။ အလွန်အကျွံ တစ်ဖက်သတ် မဖြစ်ကြနှင့်။ သမ္မာကျမ်းစာသည် လူသားများက ရေးသားခဲ့သည့် သမိုင်းစာအုပ် ဖြစ်သော်ငြားလည်း၊ ၎င်းသည် ရှေးခေတ် သန့်ရှင်းသူများနှင့် ပရောဖက်များက ဘုရားသခင်အား အစေခံခဲ့ခြင်း အကြောင်းကို လည်းကောင်း၊ မကြာမီတုန်းက တမန်တော်များ၏ ဘုရားသခင်အား အစေခံခဲ့မှု အတွေ့အကြုံများကို လည်းကောင်း ရေးမှတ် ပေးထားသည်၊ ယင်းအချက်များ အားလုံးကို ထိုသူတို့ အမှန်ပင် မြင်တွေ့ခဲ့ကြရ၍၊ လက်ရှိခေတ်ထဲမှ လူများအတွက် မှန်သော လမ်းခရီးကို လိုက်ရာတွင် ရည်ညွှန်းချက်အဖြစ် အသုံးချနိုင်သည်။ သို့ဖြစ်၍၊ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် လူများသည် အခြားစာအုပ်များထဲမှာ ရှာမတွေ့နိုင်သည့် အသက်လမ်းခရီး အများအပြားကိုပါ ရရှိနိုင်ကြသည်။ ယင်းကဲ့သို့သော လမ်းခရီးများသည် အတိတ်ကာလများတုန်းက ပရောဖက်များနှင့် တမန်တော်များ တွေ့ကြုံခဲ့ကြရသည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆာင်မှု၏ အသက်လမ်းခရီးများ ဖြစ်ခဲ့ကြပြီး စကားလုံး အများအပြားတို့သည် တန်ဖိုးရှိကြလျက် လူများ လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်ကြသည်။ သို့ဖြစ်သောကြောင့်၊ လူများ အားလုံးက သမ္မာကျမ်းစာအား ဖတ်ရှုရခြင်းကို နှစ်သက်ကြသည်။ သမ္မာကျမ်းစာထဲတွင် ဝှက်ထားသည်များ အလွန်များပြားသဖြင့်၊ လူများ၏ ကျမ်းစာကို ရှုမြင်ပုံများသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များအပေါ် ရှုမြင်ပုံများနှင့် မတူကြ။ သမ္မာကျမ်းစာသည် ခေတ်ဟောင်းနှင့် ခေတ်သစ်များထဲတွင် ယေဟောဝါနှင့် ယေရှုတို့ကို အစေခံခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် အသိပညာများကို စုစည်းထားသည့် မှတ်တမ်းဖြစ်၍၊ နောက်ပိုင်း မျိုးဆက်များသည် ၎င်းထဲမှနေပြီး ဉာဏ်အလင်းဖွင့်ပြမူ၊ အလင်းပေးမှုနှင့် လက်တွေ့ကျင့်သုံးရန် လမ်းခရီးများကို ရယူနိုင်ခဲ့ကြသည်။ သမ္မာကျမ်းစာက မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ ရေးသားချက်များထက်မဆို ပိုမြင့်မြတ်ရခြင်း၏ အကြောင်းရင်းမှာ ထိုသူတို့၏ ရေးသားချက် အားလုံးကို သမ္မာကျမ်းစာထဲမှ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး၊ သူတို့၏ အတွေ့အကြုံများ အားလုံးသည်လည်း သမ္မာကျမ်းစာထဲမှ လာကြခြင်း ဖြစ်ကာ၊ ၎င်းတို့အားလုံးသည် သမ္မာကျမ်းစာကို ရှင်းပြကြ၍ပင်ဖြစ်သည်။ သို့ဖြစ်၍၊ လူများသည် မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ၏ စာအုပ်ထဲမှမဆို ထောက်ပံ့ခြင်းကို ရရှိနိုင်ကြသော်လည်း၊ သူတို့အတွက် သမ္မာကျမ်းစာသည် မြင့်မြတ်လျက် နက်နဲသိမ်မွေ့သည့်ပုံ ပေါက်နေသဖြင့် သူတို့သည် ယခုထက်ထိ ၎င်းကို ကိုးကွယ်နေကြဆဲ ဖြစ်သည်။ သမ္မာကျမ်းစာက ပေါလု၏ သြဝါဒစာများနှင့် ပေတရု၏ သြဝါဒစာများကဲ့သို့ ဘဝဆိုင်ရာ စကားလုံးများပါသည့် ကျမ်းစာအုပ်များကို စုစည်းပေးထားခြင်းဖြစ်၍ လူများသည် ယင်းစာအုပ်များထံမှ ကူညီမှုများနှင့် ထောက်မမှုများ ရရှိနေကြသော်လည်း၊ ဤစာအုပ်များသည် ခေတ်ကုန်သွားကြပြီ ဖြစ်၍၊ ၎င်းတို့သည် ခေတ်ဟောင်းနှင့်သာ သက်ဆိုင်ကြသည်၊ ၎င်းတို့သည် မည်မျှပင် ကောင်းမြတ်ကြစေကာမူ၊ ၎င်းတို့သည် ကာလတစ်ခု အတွက်သာ သင့်တော်ခဲ့ကြပြီး ထာဝရ သုံး၍မရနိုင်ပါ။ ဘုရားသခင်၏ အမှုသည် တစ်ချိန်လုံး ဖွံ့ဖြိုးတိုးတက်လာနေရာ၊ ၎င်းသည် ပေါလုနှင့် ပေတရုတို့၏ ခေတ်၌ ရပ်တန့် မသွားနိုင်ခဲ့ သကဲ့သို့၊ ယေရှု လက်ဝါးကပ်တိုင်သို့ တင်ခံခဲ့ရသည့် ကျေးဇူးတော် ခေတ်ထဲတွင်လည်း ထာဝရ ကျန်ရစ် မနေနိုင်ခဲ့ပေ။ သို့ဖြစ်၍၊ ထိုစာအုပ်များသည် ကျေးဇူးတော် ခေတ်အတွက်သာ သင့်တော်ခဲ့ကြပြီး နောက်ဆုံးသော ကာလ၏ နိုင်ငံတော်ခေတ်အတွက် မသင့်တော်ချေ။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများကိုသာ ထောက်မပေးနိုင်ခဲ့ပြီး၊ နိုင်ငံတော်ခေတ်၏ သန့်ရှင်းသူများအတွက်မူ မထောက်မပေးနိုင်ပေ၊ ၎င်းတို့ မည်မျှပင် ကောင်းမြတ်ကြစေကာမူ၊ ၎င်းတို့၏ ခေတ်မှာ ကုန်သွားချေပြီ။ ၎င်းသည် ဣသရေလနိုင်ငံထဲမှ ယေဟောဝါ၏ ဖန်ဆင်းခြင်း သို့မဟုတ် သူ၏အမှုများနှင့် အလားတူပင် ဖြစ်သည်၊ ဤအမှုသည် မည်မျှပင် ကြီးမြတ်စေကာမူ၊ ၎င်းသည် ခေတ်ဟောင်းထဲမှာ ကျန်ရစ်နေခဲ့ပြီး ၎င်းခေတ် ကုန်လွန်သွားသည့် နောက်၌ နောက်ခေတ်တစ်ခု ရောက်လာဦးမည်ပင်။ ဘုရားသခင်၏ အမှုသည်လည်း အလားတူပင် ဖြစ်သည်၊ ၎င်းသည် ကြီးမြတ်သည်၊ သို့သော် ၎င်းကို အဆုံးသတ်ရမည့် အချိန်ဟူ၍ ရောက်လာပေမည်၊ ၎င်းသည် တစ်ချိန်လုံး ဖန်ဆင်းခြင်း အမှုအကြား၌ ထာဝရ မကျန်ရစ်နိုင်သကဲ့သို့၊ လက်ဝါးကပ်တိုင်ပေါ် တင်ပေးမှုအကြား၌လည်း ကျန်ရစ်မနေနိုင်ပါ။ လက်ဝါးကပ်တိုင်ပေါ်တင်ခြင်း အမှုသည် မည်မျှပင် ကျေနပ်စရာ ကောင်းပါစေ၊ ၎င်းသည် စာတန်ကို ချိုးနှိမ်ရာတွင် မည်မျှပင် ထိရောက်မှု ရှိခဲ့ပါစေ၊ စင်စစ်မှာမူ အမှုသည် အမှုအဖြစ် ရပ်တည်နေဆဲ၊ ခေတ်များသည်လည်း ခေတ်များအဖြစ် ရှိနေဆဲ ဖြစ်ကြပြီး၊ အမှုသည် အခြေခံအုတ်မြစ် တစ်ခုတည်းအပေါ်မှာ အစဉ်အမြဲ ရပ်တည် မနေနိုင်သကဲ့သို့၊ အချိန်ကာလများကို မည်သည့်အခါမျှ မပြောင်းလဲဘဲ နေ၍မရနိုင်ပါ၊ ဖန်ဆင်းမှု ရှိခဲ့သည့်အတွက် နောက်ဆုံးသော ကာလ ရှိရပေမည်။ ယင်းကို ရှောင်လွှဲ၍ မရနိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)” မှ

ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာသည် လူသားတို့၏ သမိုင်း နောက်သို့ နှစ်ထောင်သောင်း လိုက်ပါခဲ့ပြီး နောက်ဆုံးသောကာလတွင် လူတို့သည် ဘုရားသခင်အား သမ္မာကျမ်းစာဖြင့် အစားထိုးသည်အထိပင် ၎င်းအား ဘုရားသခင်သဖွယ် မှတ်ယူခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမှန်တကယ် မုန်းသောအရာ ဖြစ်သည်။ ထို့ကြောင့် သူ၏ အချိန်ပိုတွင် သူသည် သမ္မာကျမ်းစာ၏ မူလဇာစ်မြစ်နှင့် အတွင်းကျသော အဖြစ်အပျက်တို့ကို ရှင်းလင်းခဲ့ရသည်။ ထိုသို့မဟုတ်ပါက သမ္မာကျမ်းစာသည် လူတို့၏ စိတ်နှလုံးများထဲရှိ ဘုရားသခင်၏ နေရာကို ဆက်လက် အစားထိုးနိုင်ဦးမည် ဖြစ်ပြီး ၎င်းတို့သည် သမ္မာကျမ်းစာထဲမှ နှုတ်ကပတ်တော်များကို အခြေခံကာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုတ်ချခြင်းနှင့် တိုင်းထွာခြင်းတို့ကို ပြုကြမည် ဖြစ်သည်။ သမ္မာကျမ်းစာ၏ အနှစ်သာရ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ချွတ်ယွင်းချက်များအပေါ် ဘုရားသခင်၏ ရှင်းပြချက်မှာ သမ္မာကျမ်း၏ တည်ရှိမှုကို ငြင်းပယ်ခြင်း လုံးဝ မဟုတ်သကဲ့သို့ ၎င်းအား ရှုတ်ချခြင်းလည်း မဟုတ်ပါ။ အမှန်တကယ်အားဖြင့် ၎င်းသည် လက်တွေ့ကျပြီး သင့်လျော်သော ရှင်းပြချက် ပေးခြင်း၊ သမ္မာကျမ်းစာ၏ မူရင်း ရုပ်သွင်ကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းနှင့် သမ္မာကျမ်းစာနှင့်ပတ်သက်၍ လူတို့၌ရှိသော နားလည်မှုလွဲခြင်းများကို အမှန်ပြင်ပေးခြင်းဖြင့် လူအားလုံးသည် သမ္မာကျမ်းစာအပေါ် မှန်သောအမြင် ရှိစေရန်၊ ၎င်းကို ဆက်လက် မကိုးကွယ်ကြရန်နှင့် ဆက်၍ လမ်းမပျောက်စေရန် ဖြစ်သည်၊ ၎င်းတို့သည် သမ္မာကျမ်းစာအား အမြင်ကန်းစွာ ယုံကြည်ခြင်းကို ဘုရားသခင်ကို ယုံကြည်ကာ ကိုးကွယ်ခြင်းအဖြစ် တလွဲယူကြပြီး သမ္မာကျမ်းစာ၏ နောက်ကြောင်းအမှန်နှင့် ၎င်း၏ အားနည်းချက်များကို ရင်ဆိုင်ရန်ပင် မဝံ့ရဲကြပေ။ အယောက်စီတိုင်း၌ သမ္မာကျမ်းစာအပေါ် စစ်မှန်သော နားလည်ခြင်း ရှိကြသည့်နောက်တွင် ၎င်းတို့သည် တွန့်ဆုတ်ခြင်း မရှိဘဲ ၎င်းအား ဘေးသို့ဖယ်နိုင်ကာ ဘုရားသခင်၏ အသစ်သော နှုတ်ကပတ်တော်များကို ဝံ့ရဲစွာ လက်ခံနိုင်စွမ်း ရှိကြလိမ့်မည်။… ဤနေရာတွင် လူတို့အား ဘုရားသခင် ပြောလိုသော သမ္မာတရားမှာ ဘုရားသခင်၏ လက်ရှိအမှု သို့မဟုတ် နှုတ်ကပတ်တော်တို့ကို မည်သည့် အယူအဆ သို့မဟုတ် အမှန်တရားဖြင့် အစားထိုးနိုင်ခြင်း မရှိကြောင်းနှင့် ဘုရားသခင်၏ အရိုက်အရာအား အစားထိုးနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိကြောင်း ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာကျမ်းစာ၏ ပိုက်ကွန်ကို ဘေးသို့ မဖယ်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်၏ ရှေ့သို့ မည်သည့်အခါတွင်မျှ လာရောက်နိုင်မည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့သို့ လာရောက်လိုပါက သူ့အား အစားထိုးနိုင်သော အရာမှန်သမျှကို ၎င်းတို့၏ စိတ်နှလုံးထဲမှ ၎င်းတို့ ဦးစွာ ရှင်းထုတ်ပစ်ရမည် ဖြစ်သည်၊ ဤနည်းဖြင့် ဘုရားသခင်သည် ကျေနပ်အားရမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကျမ်းထဲရှိ နိဒါန်းအခန်းမှသည် အသင်းတော်များတွင် ခရစ်တော်လျှောက်သွားစဉ် သူ၏နှုတ်ကပတ်တော်များအခန်းအထိ

သင်က ယနေ့ ခရီးလမ်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ရန် လိုပါမည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းများကို ကျော်လွန်ပြီး သွားရန် လိုအပ်ပါမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို စနစ်တကျ လျှောက်နိုင်ပါမည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် အရှိတရားအသစ်နှင့် အလုပ်သစ်ထဲကို ခြေချဝင်နိုင်မှာ ဖြစ်ပါသည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာအား မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအလုပ်များ ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲမှာ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လုပ်ကိုင်နည်းများကို ရှာကြည့် မနေသည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပမှာ ပိုကြီးမြတ်သည့် အလုပ် ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သိနားလည်ရန် လိုပါသည်။ သင်တို့အားလုံး ၎င်းကို နားလည်သင့်ပါသည်။ သင်သည် အလုပ်အဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရန် လိုပါသည်၊ သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို ပိုင်းခြားနိုင်စွမ်း ရှိရပါမည်၊ ထိုသို့သာ မဟုတ်လျှင်၊ သင်သည် သမ္မာကျမ်းစာကို ရှိခိုးမြဲရှိခိုးနေမည် ဖြစ်၍၊ သင်သည် အလုပ်သစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ဖြတ်ကျော်ရန် ခဲယဉ်းပါလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေလျှင်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးဖြင့် အဘယ့်ကြောင့် ဆက်သွားနေဦးမည်နည်း။ ပိုသစ်သည့် မိန့်ကြားချက်များ၊ ပိုသစ်သည့် အလုပ်များ ရှိနေလျှင်၊ သမိုင်းထဲမှ မှတ်တမ်းအဟောင်းများ အကြားတွင် အဘယ့်ကြောင့် နေထိုင်နေဦးမည်နည်း။ မိန့်ကြားချက် အသစ်များက သင့်ကို စောင့်ရှောက်ပေးနိုင်သည် ဆိုပါက အလုပ်သစ် ဖြစ်ကြောင်းကို သက်သေထူပြနေသည်၊ မှတ်တမ်းအဟောင်းများက သင်၏ လက်ရှိ လိုအပ်ချက်များကို ကျေနပ်အောင် မလုပ်နိုင်ကြသောကြောင့် ၎င်းတို့သည် သမိုင်းဖြစ်သွားလျက် ယနေ့ ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေထူပြနေကြပါသည်။ အမြင့်ဆုံးလမ်းက အသစ်ဆုံးအလုပ်ပါ။ အလုပ်သစ်နှင့်ဆိုလျှင် အတိတ်တုန်းက လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူသား ပုံရိပ်များ၏ သမိုင်းဖြစ်နေတုန်းပါ၊ အခြေအနေအရ ၎င်း၏တန်ဖိုးမှာ မည်သို့ပဲရှိပါစေ လမ်းခရီးဟောင်း ဖြစ်နေတုန်းပါ။ ၎င်းကို “ သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းကြောင်းဟောင်းသည် သမိုင်းပါ၊ “ သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေပါပြီ။ ၎င်းသည် သန့်ရှင်းသော ဝိညာဥ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ ထိုလမ်းခရီးသည် သင့်ကို ကယ်တင်ပေးနိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲပစ်ပါမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” မှ

သက်ဆိုင်သည့် အကြောင်းအရာ