အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

လူတစ်ဦးသည် လူ့ဇာတိခံဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းနှင့် နာခံခြင်းအားဖြင့်သာ အဘယ်ကြောင့် ဘုရားသခင်ကို သိနိုင်သနည်း။

42

၁၀။ လူတစ်ဦးသည် လူ့ဇာတိခံဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းနှင့် နာခံခြင်းအားဖြင့်သာ အဘယ်ကြောင့် ဘုရားသခင်ကို သိနိုင်သနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

“ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)

“ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆-၇)

“ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်…” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၀)

“ ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၃၀)

ဆုတောင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

ဘုရားသခင်က လူ့ဇာတိ မဖြစ်ခင်တုန်းက သူပြောတဲ့အရာအများစုကို လူတွေ နားမလည်ခဲ့ကြဘူး။ အဲဒါတွေက လုံးဝ ဘုရားရဲ့သဘောသဘာဝကနေ လာတဲ့အတွက်ကြောင့်ပါ။ သူပြောတာရဲ့ ရှုထောင့်နဲ့ အကြောင်းအရာက လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ဘူး။ အဲဒါတွေကို လူတွေမမြင်နိုင်တဲ့ ဝိညာဉ်နယ်ပယ်ကနေ ဖော်ပြတာပါ။ လူ့ဇာတိမှာနေထိုင်တဲ့ လူတွေအတွက်က ဝိညာဉ်နယ်ပယ်ကို ဖြတ်မသွားနိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်မှာ သူဟာ လူသားမျိုးနွယ်ကို လူသားရဲ့ ရှုထောင့်ကနေ စကားပြောခဲ့တယ်။ သူထွက်ပေါ်လာပြီး ဝိညာဉ်နယ်ပယ်ရဲ့ အတိုင်းအတာကို ကျော်လွန်သွားခဲ့တယ်။ သူဟာ လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ဖို့၊ သူတို့ရဲ့ တတ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာအတွင်းကနေ သူလိုအပ်တဲ့ စံသတ်မှတ်ချက်တွေနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို သူတို့တတ်နိုင်တဲ့အဆင့်အထိ နားလည်သဘောပေါက်ဖို့ လူသားတို့လက်ခံနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုရင်း လူသားတွေ စိတ်ကူးထင်မြင်လို့ရတဲ့အရာတွေ၊ သူတို့မြင်တဲ့အရာတွေ၊ သူတို့ဘဝမှာ ကြုံတွေ့ရတဲ့အရာတွေ၊ သူတို့နားလည်နိုင်တဲ့ ဘာသာစကားတစ်ခုနဲ့၊ သူတို့နားလည်နိုင်တဲ့ အသိပညာတို့ကနေတစ်ဆင့် သူ့ရဲ့ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နဲ့ သဘောထားတို့ကို သူဖော်ပြနိုင်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ လူ့သဘာဝထဲက အလုပ်ရဲ့ နည်းလမ်းနဲ့ စည်းမျဉ်းတွေဖြစ်တယ်။ ဘုရားသခင်ရဲ့ နည်းလမ်းတွေနဲ့ လူ့ဇာတိမှာ သူ့ရဲ့အလုပ်လုပ်ပုံ သဘောတရားတို့ဟာ လူ့သဘာဝအားဖြင့်၊ လူ့သဘာဝမှတစ်ဆင့် အများစုရရှိပေမဲ့ ဘုရားရဲ့သဘောသဘာဝနဲ့ တိုက်ရိုက်လုပ်ခြင်းအားဖြင့် မရရှိနိုင်တဲ့ ရလဒ်တွေကို အမှန်တကယ် ရရှိခဲ့တယ်။ ဘုရားသခင်ရဲ့ လူ့သဘာဝထဲက လုပ်ဆောင်မှုဟာ ပိုပြီးခိုင်မာတယ်၊ စစ်မှန်တယ်၊ ဦးတည်ချက်ရှိတယ်၊ နည်းလမ်းတွေက ပိုပြီးတော့ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသဏ္ဌာန်အရ ပညတ်တော်ခေတ်ကို ကျော်လွန်သွားတယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃” မှ

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ခေတ်သစ် အလုပ်အဆင့် တစ်ခုသို့ ဝင်ရောက်သည်။ သူသည် သူ၏ စိတ်သဘောထားကို ပိုမို ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ယေရှုကာလ၏ ကိုယ်ချင်းစာမှုနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်လိမ့်မည်မဟုတ်ပေ။ သူ့လက်တော်တွင် အလုပ်သစ်ရှိသည်ဖြစ်ရာ ယင်းအလုပ်သစ်သည် စိတ်သဘောထား အသစ်နှင့် ယှဉ်တွဲ ပါလာလိမ့်မည်။ ထို့ကြောင့် ယင်းအလုပ်ကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက—ဘုရားသခင်သည် လူ့ဇာတိကို ခံယူခဲ့ခြင်း မရှိပါက၊ ယင်းအစား ဝိညာဉ်တော်က မိုးကြိုးမှ တဆင့် တိုက်ရိုက်စကားပြောခဲ့ပါက၊ လူသည် သူနှင့် ဆက်သွယ်ရန် လမ်းကြောင်း ရှိမည် မဟုတ်ပါက၊ လူသည် သူ၏ စိတ်သဘောထားကို သိနိုင်ပါမည်လား။ ဝိညာဉ်တော် တစ်ပါးတည်း သာလျှင် အလုပ်လုပ်ခဲ့ပါက လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိလာရန် လမ်းရှိမည်မဟုတ်ခဲ့ပေ။ သူလူ့ဇာတိ ခံယူတော်မူသော အခါတွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာသောအခါတွင်၊ သူသည် လူ့ဇာတိမှတဆင့် သူ၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြသော အခါတွင်သာ၊ သူတို့ကိုယ်တိုင် သူတို့၏ မျက်စိဖြင့် မြင်ခဲ့ပါက လူများသည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်နိုင်လိမ့်မည်။ ဘုရားသခင် သည် လူအများကြားတွင် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်သည်။ သူသည် ထိတွေ့နိုင်သည်၊ လူသည် သူ၏ စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်တည်ခြင်းကို ထိတွေ့နိုင် သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် လူသည် သူ့ကို အမှန်တကယ် သိလာနိုင်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

လူ့ဇာတိထဲသို့ ဘုရားသခင် ရောက်ရှိလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်မှုများကို လူသားတို့ တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မရှိသည့် ဝိညာဉ်တော်ကို လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်စေရန်ဖြစ်ပြီး၊ ကိုယ်တော့်ကို လူသားများ မြင်တွေ့ခွင့်နှင့် ထိကိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်တော်က ပြီးပြည့်စုံအောင် လုပ်ပေးခြင်းခံရသော ၎င်းတို့သည် ကိုယ်တော်နှင့်သာ နေ၍၊ ၎င်းတို့သည် ကိုယ်တော်အားဖြင့် ရယူခြင်းခံရကာ၊ ကိုယ်တော့်နှလုံးသားနင့် ညီနိုင်ပါလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပါက၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ ဘုရားသခင်ကို လူများသိခြင်းငှာ မတတ်နိုင်ဘဲ ရှိပါလိမ့်မည်။ သူတို့သည် အနှစ်မဲ့သော သီအိုရီကိုသာ အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောနိုင်ပါလိမ့်မည်။ လက်တွေ့အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမည်မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင် ရယူအောင်နိုင်သည့် သူများအတွက် စံပြအဖြစ် နမူနာအဖြစ် လုပ်ဆောင်ရန် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ကို လူသားတို့ ဧကန်အမှန် သိလာနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ ကိုယ်တော်ကို မြင်နိုင်သည်။ ထို့အခါမှသာ ဘုရားသခင်သည် သူတို့ကို စစ်မှန်စွာ ရရှိအောင်နိုင်လာပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုပြီးမြောက်ခဲ့တဲ့ လုပ်ဆောင်မှုရဲ့ နယ်ပယ်ထဲမှာ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ တခြားလက္ခဏာသွင်ပြင်တစ်ခုကို သင်မြင်နိုင်တယ်။ အဲဒါကို သူ့ရဲ့ဇာတိကနေတစ်ဆင့် ဖော်ပြထားတယ်။ သူ့ရဲ့ လူ့သဘာဝကနေတစ်ဆင့် လူသားတွေ သိမြင်ပြီး အသိအမှတ်ပြုဖို့အတွက် ပြုလုပ်ထားတယ်။ လူသားရဲ့ သားတော်မှာ လူ့ဇာတိမှာရှိတဲ့ ဘုရားသခင်က သူ့ရဲ့လူ့သဘာဝကို ဘယ်လိုအသက်ရှင်နေထိုင်ခဲ့တယ်ဆိုတာကို လူတွေမြင်ခဲ့ပြီး လူ့ဇာတိမှတစ်ဆင့် ဖော်ပြတဲ့ ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝကို သူတို့ မြင်ခဲ့ကြတယ်။ ဒီဖော်ပြချက်နှစ်ခုဟာ လူတွေကို တကယ်ကို စစ်မှန်တဲ့ ဘုရားသခင်ကို မြင်စေပြီး ဘုရားသခင်အပေါ် မတူညီတဲ့ အယူအဆတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကို ဖန်ဆင်းခြင်းနဲ့ ပညတ်တော်ခေတ်အဆုံးကြားမှာရှိတဲ့ အချိန်ကာလမှာ ကျေးဇူးတော်ခေတ်မတိုင်မီအချိန်ကာလမှာ လူတွေ မြင်တဲ့၊ ကြားတဲ့၊ တွေ့ကြုံခဲ့တဲ့ အရာတွေဟာ ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝ လက္ခဏာသွင်ပြင်တွေသာဖြစ်ပါတယ်။ ဒါဟာ မသိမြင်နိုင်တဲ့နယ်ပယ်မှာ ဘုရားသခင်ပြုလုပ်ခဲ့၊ ပြောခဲ့တာဖြစ်ပြီး မြင်လို့မရတဲ့ သို့မဟုတ် ထိတွေ့လို့မရတဲ့ သူ့ရဲ့ တကယ့် လူပုဂ္ဂိုလ်ကနေ သူဖော်ပြတဲ့ အရာတွေဖြစ်ပါတယ်။ ဒီအရာတွေဟာ မကြာခဏပဲ လူတွေကို ဘုရားသခင်ဟာ သိပ်ကြီးမြတ်တယ်၊ သူ့အနားကို သူတို့ ကပ်လို့မရနိုင်ဘူးလို့ ခံစားရစေတယ်။ ဘုရားသခင်က လူတွေကို ပေးလေ့ရှိတဲ့ ပုံစံက ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး သူ့ရဲ့အတွေးတွေနဲ့ စိတ်ကူးတွေ တစ်ခုချင်းစီတိုင်းက သိပ်ဆန်းကြယ်ပြီး တွေ့နိုင်ခဲလှတဲ့အတွက် ဒါတွေကို လက်လှမ်းမီဖို့ နည်းလမ်းမရှိဘူးလို့တောင် လူတွေက ခံစားကြရပြီး ဒါတွေကို နားလည်ပြီး အသိအမှတ်ပြုဖို့ဆိုတာ ပိုဆိုးတာပေါ့။ လူတွေအတွက်က ဘုရားသခင်နဲ့ပတ်သက်တဲ့အရာတိုင်းက သိပ်အလှမ်းကွာလွန်းခဲ့တယ်။ သိပ်အလှမ်းကွာတဲ့အတွက် လူတွေ မမြင်နိုင်ဘူး၊ ထိလို့မရခဲ့ဘူး။ သူဟာ ကောင်းကင်ပေါ်မှာရှိနေတဲ့ပုံပေါ်ပြီး သူလုံးဝကို မတည်ရှိနေသလိုပဲ ဖြစ်ခဲ့တာ။ ဒါကြောင့် လူတွေအတွက် ဘုရားသခင်ရဲ့ နှလုံးသားနဲ့ စိတ်ကို နားလည်ခြင်း သို့မဟုတ် သူ့ရဲ့ ဘယ်စဉ်းစာပုံကိုမှ မရရှိနိုင်ဘူး။ လက်လှမ်းတောင် မမီနိုင်ပါဘူး။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ခိုင်လုံတဲ့ လုပ်ဆောင်ချက်တစ်ချို့လုပ်ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ စစ်မှန်တဲ့အသိပညာ တစ်ချို့ကို လူတွေ သိမြင်ဖို့နဲ့ အသိအမှတ်ပြုစေဖို့ တစ်ချို့ သီးသန့် စိတ်သဘောထားတွေကို ဖော်ပြခဲ့ပြီး တစ်ချို့ သီးသန့်နှုတ်ကပတ်တော်တွေကို ထုတ်ပြန်ခဲ့ပေမဲ့ အဆုံးမှာတော့ အဲဒီအရာဟာ မသိမြင်နိုင်တဲ့ နယ်ပယ်က သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို ဖော်ပြချက်ဖြစ်ပြီး လူတွေနားလည်တာ၊ သူတို့သိတာက သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ ဘုရားသဘောသဘာဝဆိုင်ရာ လက္ခဏာသွင်ပြင်တွေပဲ ဖြစ်နေပါသေးတယ်။ လူသားမျိုးနွယ်က သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ ဖော်ပြချက်ကနေ[က] ခိုင်မာတဲ့ အယူအဆကို မရရှိနိုင်ခဲ့ဘူး။ နောက်ပြီး ဘုရားသခင်အပေါ် သူတို့ရဲ့ ထင်မြင်မှုက “ ပေါ်လိုက်ပျောက်လိုက်ဖြစ်တဲ့ နီးကပ်ဖို့ ခက်ခဲတဲ့ဝိညာဉ်တော်” ဆိုတဲ့ နယ်ပယ်အတွင်းမှာ ပိတ်မိနေပါသေးတယ်။ ဘုရားသခင်ဟာ လူတွေဆီကို ပေါ်ထွန်းပြဖို့အတွက် ရုပ်ဝတ္ထုနယ်ပယ်မှာ သီးသန့် အရာဝတ္ထု သို့မဟုတ် ပုံသဏ္ဌာန်တစ်ခုကို အသုံးမပြုခဲ့တဲ့ အတွက်ကြောင့် သူတို့ဟာ လူသားရဲ့ဘာသာစကားကိုအသုံးပြုပြီး ဘုရားသခင်ကို အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးပါဘူး။ လူတွေရဲ့ နှလုံးသားနဲ့ စိတ်တွေထဲမှာ ဘုရားသခင်အတွက် စံသတ်မှတ်ချက်တစ်ခု တည်ဆောက်ဖို့၊ သူ့ကို သိသာထင်ရှားလာအောင်ပြုလုပ်ဖို့နဲ့ လူသားဆန်အောင်ပြုလုပ်ဖို့ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားကို အမြဲတမ်း အသုံးပြုချင်ခဲ့ကြတယ်။ ဘုရားသခင်က အရပ်ဘယ်လောက်ရှည်တယ်၊ ဘယ်လောက်ကြီးတယ်၊ ဘယ်လိုပုံစံရှိတယ်၊ သူဘာကို အထူးသဖြင့်ကြိုက်နှစ်သက်တယ်၊ သူ့ရဲ့သီးသန့်အကျင့်စရိုက်က ဘယ်လိုဆိုတာမျိုးတွေပေါ့။ တကယ်တော့ ဘုရားသခင်ဟာ လူတွေက ဒီလိုတွေးကြတယ်ဆိုတာကို သူ့နှလုံးသားထဲမှာ သိပါတယ်။ သူဟာ လူတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ သိပ်ကို ရှင်းရှင်းလင်းလင်းသိပြီး သူဘာလုပ်သင့်တယ် ဆိုတာကိုလည်း သိတာပေါ့။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ သူ့ရဲ့အလုပ်ကို မတူညီတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ခဲ့တယ်။ ဒီနည်းကတော့ ဘုရားသဘောသဘာဝနဲ့ လူ့သဘောသဘာဝနှစ်ခုလုံးပဲဖြစ်တယ်။ သခင်ယေရှုအလုပ်လုပ်နေတဲ့ အချိန်ကာလမှာ ဘုရားသခင်မှာ လူသားဆိုင်ရာ ဖော်ပြချက်တွေ အများကြီးရှိတယ်ဆိုတာကို လူတွေက မြင်နိုင်ခဲ့တယ်။ ဥပမာ သူ ကနိုင်တယ်။ မင်္ဂလာဆောင်တွေကို တက်ရောက်နိုင်တယ်။ လူတွေနဲ့ ဆက်ဆံနိုင်တယ်။ စကားပြောနိုင်တယ်။ သူတို့နဲ့ ဆွေးနွေးနိုင်တယ်။ ဒါတွေအပြင် သခင်ယေရှုဟာ သူ့ရဲ့ ဘုရားသဘောသဘာဝကို ကိုယ်စားပြုတဲ့ အလုပ်တွေအများကြီးကို ပြီးမြောက်ခဲ့ပြီး ဒီအလုပ်တွေအားလုံးက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ဖော်ပြခြင်းနဲ့ ဖွင့်ပြခြင်းဖြစ်ပါတယ်။ ဒီအချိန်ကာလမှာ ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝဟာ လူတွေမြင်နိုင်၊ ထိတွေ့နိုင်တဲ့ သာမန်ဇာတိခန္ဓာထဲ အမှန်တကယ်ဖြစ်ပေါ်လာတဲ့အခါ ဘုရားသခင်ဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်တယ်လို့ သူတို့မခံစားရတော့ဘူး။ သူနဲ့ နီးစပ်အောင် မလုပ်နိုင်ဘူးလို့ မခံစားရတော့ဘူး။ ဆန့်ကျင်ဖက်အနေနဲ့ သူတို့ဟာ လူသားရဲ့ သားရဲ့ လှုပ်ရှားမှုတိုင်း၊ နှုတ်ကပတ်တော်တွေနဲ့ အလုပ်တွေကနေ တစ်ဆင့် သူတို့ဟာ ဘုရားသခင်ရဲ့ အလိုတော်ကို သိရှိနိုင်ဖို့ သို့မဟုတ် သူ့ရဲ့သဘောသဘာဝကို နားလည်နိုင်ဖို့ ကြိုးစားနိုင်ခဲ့တယ်။ လူ့ဇာတိခံယူထားတဲ့ လူသားရဲ့ သားဟာ သူ့ရဲ့ လူ့သဘောသဘာဝကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ဆီကို ဘုရားသခင်ရဲ့ အလိုတော်ကို သယ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး ဘုရားသခင်ရဲ့ အလိုတော်နဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်ကနေတစ်ဆင့် ဝိညာဉ်နယ်ပယ်မှာ မြင်လို့ သို့မဟုတ် ထိတွေ့လို့မရတဲ့ ဘုရားသခင်ကိုလည်း လူတွေဆီကို ဖွင့်ပြခဲ့တယ်။ လူတွေ မြင်ခဲ့တဲ့အရာက အသွေးအသားနဲ့ အရိုးနဲ့ ထိတွေ့နိုင်တဲ့ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါတယ်။ ဒါကြောင့် လူသားရဲ့ လူ့ဇာတိခံယူတဲ့သားတော်ဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနဲ့ သူရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတို့ကို ခိုင်မာပြီး လူသားဆန်စေခဲ့တယ်။ လူသားရဲ့ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့ပတ်သက်ပြီး အကန့်အသတ်တစ်ချို့ရှိခဲ့ပေမဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ပါတယ်။ ဖော်ပြခြင်းပုံစံမှာ ကွာခြားချက် နည်းနည်းလောက်သာ ရှိတယ်။ လူသားရဲ့ လူ့သဘာဝဖြစ်စေ၊ သူ့ရဲ့ ဘုရားသဘောသဘာဝဖြစ်စေ၊ သူဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်ဆိုတာကို ငါတို့ မငြင်းနိုင်ဘူး။ ဒါပေမဲ့ ဒီအချိန်ကာလမှာ ဘုရားသခင်ဟာ လူ့ဇာတိကနေတစ်ဆင့် အလုပ်လုပ်ခဲ့တယ်။ လူ့ဇာတိရဲ့ ရှုထောင့်ကနေ ပြောဆိုခဲ့ပြီး လူသားရဲ့ သားရဲ့ ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းတို့နဲ့ လူသားမျိုးနွယ်ရှေ့မှာ ရပ်ခဲ့တယ်။ ဒီအချက်က လူသားမျိုးနွယ်ကြားမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားဖို့ အခွင့်အလမ်းကို လူတွေကို ပေးခဲ့တယ်။ ဒီအချက်ဟာ နှိမ့်ချခြင်းတွေရဲ့အလယ်မှာ သူ့ရဲ့ ဘုရားသဘောသဘာဝနဲ့ သူ့ရဲ့ကြီးမြတ်ခြင်းကို လူတွေ ထိုးထွင်းသိမြင်စေပြီး ဘုရားသခင်ရဲ့ စစ်မှန်ခြင်းနဲ့ လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနဲ့ ပဏာမအဓိပ္ပာယ်ကို ရရှိစေပါတယ်။ သခင်ယေရှုပြီးမြောက်ခဲ့တဲ့ လုပ်ဆောင်ချက်၊ သူ့ရဲ့လုပ်ဆောင်တဲ့နည်းလမ်း၊ သူစကားပြောတဲ့ ရှုထောင့်တွေဟာ ဝိညာဉ်ရေးရာနယ်ပယ်မှာ ဘုရားသခင်ရဲ့ တကယ့်ပုဂ္ဂိုလ်နဲ့ ကွာခြားပေမဲ့ သူနဲ့ပတ်သက်တဲ့အရာရာတိုင်းက လူတွေ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဘုရားသခင် ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့တယ်။ ဒါကို ငြင်းလို့မရပါဘူး။ ဆိုလိုတာက ဘုရားသခင်က ဘယ်ပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပါစေ၊ ဘယ်ရှုထောင့်ကနေ သူစကားပြောပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို ဘယ်ပုံသဏ္ဌာန်နဲ့ သူရင်ဆိုင်ပါစေ၊ ဘုရားသခင်ဟာ သူ့ကိုယ်သူကလွဲပြီး ဘယ်အရာကိုမှ ကိုယ်စားမပြုပါဘူး။ သူဟာ ဘယ်လူသားကိုမှ ကိုယ်စားမပြုနိုင်ဘူး။ သူဟာ ဖောက်ပြန်ပျက်စီးတဲ့ ဘယ်လူသားကိုမှ ကိုယ်စားမပြုနိုင်ဘူး။ ဘုရားသခင်ဟာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တယ်။ ဒါကို ငြင်းပယ်လို့မရပါဘူး။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် ၃” မှ

ဘုရားသခင်၏ ပိုင်ဆိုင်မှုများနှင့် ဖြစ်တည်မှု၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို ကိုယ်တော်၏ နှုတ်ကပတ်တော်များမှ တဆင့် လူသားအားလုံးကို သိစေပြီး ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံခံစား ရပါက ထိုနှုတ်ကပတ်တော်တို့ကို ကျင့်ကြံနေစဉ် ဘုရားသခင်ဟောကြားသော နှုတ်ကပတ်တော်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မည်။ ဘုရားသခင် နှုတ်ကပတ်တော်၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းကို နားလည်လာလိမ့်မည်။ ဘုရားသခင် နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသည့်ရလဒ်တို့ကို နားလည်လာပြီး ကျေးဇူးတင်လာပါလိမ့်မည်။ လူသားတို့အတွက်၊ အမှန်တရားနှင့် အသက်တာကို ရရှိဖို့အတွက်လည်းကောင်း၊ ဘုရားသခင်၏ ပြုလုပ်လိုသည်များကို နားလည်သဘောပေါက်ခြင်း၊ ကိုယ်တော်၏ အစီအစဉ်အောက်တွင် သူ၏သဘောထားကို ပြောင်းလဲခံရခြင်းနှင့် ဘုရားသခင်၏ အချုပ်အချာ အာဏာနှင့် စီစဉ်ခြင်းများကို နာခံနိုင်စွမ်း ရှိလာခြင်းတို့အတွက် လည်းကောင်း၊ ယင်းတို့မှာ လူသားတို့ တွေ့ကြုံရမည့်၊ နားလည်သဘောပေါက်ရမည့်၊ ရယူရမည့် အရာအားလုံးပင်ဖြစ်ပါသည်။ လူသားသည် ယင်းအရာများတို့ကို တွေ့ကြုံခြင်းများ၊ နားလည်သဘောပေါက်ခြင်းများ၊ ရယူခြင်းများ ပြုလုပ်သည်နှင့် တချိန်တည်းမှာပင် ဘုရားသခင်ကို တဖြည်းဖြည်းနားလည် လာပါလိမ့်မည်။ ဤအချိန်တွင် ထိုသူသည် ကိုယ်တော့်အကြောင်း အမျိုးမျိုးသော အသိပညာ အဆင့်များကိုလည်း ရရှိလာပါလိမ့်မည်။ ဤနားလည်ခြင်းနှင့် အသိပညာတို့သည် ထိုသူ စိတ်ကူးလိုက်ရာမှ သို့မဟုတ် စီကုံးရေးသားရာမှ ထွက်ပေါ်လာသည့် အရာမဟုတ်။ သို့သော် ၎င်း၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ကျေးဇူးတင်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် သူ့အတွင်း၌ပင် ထောက်ခံခြင်းတို့ မှ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ယင်းတို့ကို ကျေးဇူးတင်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့နောက်တွင် ဘုရားသခင်အကြောင်း လူသားတို့ အသိပညာသည် အနှစ်သာရကို ရယူသည်။ ဤအချိန်တွင် သူရယူသည့် အသိပညာမှာ အမှန်တကယ်၊ အစစ်အမှန်နှင့် တိကျမှန်ကန်မှု ရှိသည့် အသိပညာဖြစ်သည်။ ထို့ပြင် ဘုရားသခင် အကြောင်းကို စစ်မှန်သော နားလည်ခြင်းနှင့် အသိပညာတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်တို့အပေါ် ကျေးဇူးတင်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့မှတဆင့် ရယူခြင်းသည် သာလျှင် လူသားနှင့် ဘုရားသခင်အကြား စစ်မှန်သည့် ဆက်ဆံရေး ဖြစ်ပါသည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးတွင် လူသားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် သဘောပေါက် နားလည်လာပြီး ဘုရားသခင်၏ ပိုင်ဆိုင်မှုနှင့် ဖြစ်တည်မှုကို အမှန် သိနားလည်လာသည်။ ဘုရားသခင်၏အနှစ်သာရကို အမှန် နားလည်လာသည်။ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း သဘောပေါက် နားလည်လာသည်။ ထို့နောက် ဖန်ဆင်းထားသော အရာအားလုံးတို့အပေါ် ဘုရားသခင်၏ အုပ်စိုးမှုအကြောင်း မှန်ကန်သော အနက်အဓိပ္ပာယ်အပေါ် သေချာသည့်အဆင့်သို့ ရောက်ရှိလာသည်။ ထို့ပြင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနေအထား တို့ နှင့်ပတ်သက်သည့် အသိပညာအပေါ် ခြေခြေမြစ်မြစ် သိရှိလာသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ဥယျောဇဉ် မှ

သင်တို့သည်ဘုရားသခင်၏ အမှုတော်ကို သိသင့်ပါသည်။ ယေရှု နောက်သို့လိုက်ပြီး သည့်အခါမှသာ ပေတရုသည်ယေရှု အတွင်းမှ ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များစွာကိုတဖြည်းဖြည်းသိမြင်လာခဲ့ပါသည်။ သူက “ လူတို့၏အတွေ့အကြုံများပေါ်တွင် မှီခိုအားထားခြင်းသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်အပြည့်အဝကိုရရှိရန်မလုံလောက်ပေ၊ ဘုရားသခင်ကိုသိရှိနိုင်ရန် ကူညီပေးမည့် ဘုရားသခင်၏အမှုတော်အတွင်းတွင် အသစ်သောအရာများစွာ ရှိနိုင်ပါသည်။” ဟုပြောခဲ့ပါသည်။ ကနဦးတွင် ပေတရုက ယေရှုကို ဘုရားသခင်မှလွှတ်လိုက်သော တမန်တော်တစ်ဦးဟုယုံကြည်ခဲ့ပြီး၊ ယေရှုကိုခရစ်တော်အဖြစ်မမြင်ခဲ့ပေ။ ပေတရုကို ယေရှုနောက်သို့လိုက်ရန်[ခ] ခေါ်စဉ်တွင်၊ ယေရှုကသူ့အား” ရှိမုန်၊ ယောနသား။ သင်ငါ့နောက်သို့လိုက်မလား။” ဟုမေးခဲ့သည်။ ပေတရုက “ ကောင်းကင်ဘုံရှင်ခမည်းတော်မှပို့တော်မူသော သူနောက်သို့ငါလိုက်မည်။ သန့်ရှင်းသောဝိညာဉ်တော်မှ ရွေးချယ်ထားသောသူကို ငါအသိအမှတ်ပြုရမည်။ ကိုယ်တော်နောက်သို့ ငါလိုက်မည်” ဟုဖြေကြားခဲ့သည်။ သူ၏ပြောစကားများကိုကြည့်ခြင်းအားဖြင့် ပေတရုသည် ယေရှုနှင့်ပတ်သက်၍ သိထားသည့်အရာများမရှိသည်ကိုတွေ့နိုင်ပါသည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြားသိခဲ့ရပြီး၊ ကိုယ်တော်ကိုယ်တိုင် ဆက်ဆံပေါင်းဖော်ခဲ့ကာ၊ ဘုရားသခင်အတွက် အခက်အခဲများကို ခံစားခဲ့ဖူးသည်။ သို့တိုင်အောင် သူသည် ဘုရားသခင်၏အမှုတော်ကိုမသိရှိခဲ့ပေ။ တွေ့ကြုံမှုကာလတစ်ခုကြာမြင့်ပြီးနောက်တွင် ပေတရုသည် ယေရှုတွင် ဘုရားသခင်၏အမှုတော်များစွာ တို့တွင်မြင်တွေ့ကာ၊ ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်ပြီး၊ ယေရှုအထဲ၌ ဘုရားသခင်၏ဖြစ်တည်မှုကို များစွာ မြင်တွေ့ခဲ့ပါသည်။ ယေရှု၏ နှုတ်ကပတ်တော်များကို လူသားအနေဖြင့် ပြောကြားနိုင်မည်မဟုတ်ကြောင်းနှင့် ယေရှု၏ လုပ်ဆောင်ချက်များကို လူသားအနေဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းကိုလည်း ပေတရုတွေ့မြင်ခဲ့ပါသည်။ ထို့အပြင် ယေရှု၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအတွင်းတွင် ပေတရုသည် ဘုရားသခင်၏ဉာဏ်ပညာများစွာနှင့် ဘုရားသဘောသဘာဝနှင့်ဆိုင်သော အမှုများစွာတို့ကို တွေ့မြင်ခဲ့သည်။ သူ၏အတွေ့အကြုံများထဲတွင် ပေတရုသည် မိမိကိုယ်ကို ပြန်လည်သိရှိလာခဲ့ရုံသာမက ယေရှု၏လုပ်ဆောင်ချက်များကို လေ့လာခြင်း အပေါ်တွင်လည်း ဦးတည်ခဲ့ကာ ထိုမှတဆင့် များစွာသော အသစ်သောအရာများကို သူရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုအရာတို့မှာ ယေရှုအားဖြင့် ဘုရားသခင်လုပ်ဆောင်ခဲ့သော အမှုတော်ထဲတွင် လက်တွေ့ကျသော ဘုရားသခင်၏ ထုတ်ဖော်မှုများ၊ ယေရှု၏နှုတ်ထွက်စကားများ၊ လုပ်ဆောင်ချက်များ၊ အသင်းတော်များကို သူအုပ်ထိန်းခဲ့သည့် နည်းလမ်းများနှင့် သာမန်လူသားများနှင့် သူ၏လုပ်ဆောင်ချက်များ ကွာခြားပုံအစရှိ သည်တို့ဖြစ်သည်။ ထို့ကြောင့် ယေရှုထံမှ သူသည် သင်ယူသင့်သော သင်ခန်းစာများစွာကိုသင်ယူခဲ့ရပြီး၊ ယေရှု ကားတိုင်ပေါ်တွင် သံမှိုဖြင့်ရိုက်ခြင်းခံရခါနီး အချိန်၌ သူသည်ယေရှုနှင့်ပတ်သက်သော အသိဉာဏ်အချို့ကို ရရှိခဲ့ပြီးဖြစ်သည်။ ထိုသိရှိမှုသည် သူ၏ ယေရှုအပေါ် ရာသက်ပန်သစ္စာရှိသွားရန်နှင့် ယေရှုအတွက် ကားတိုင်ပေါ်တွင် ပြောင်းပြန်ကားစင်တင် အသေခံရန်အတွက်အခြေခံဖြစ်သွားခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” မှ

ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုများကို သူ၏လုပ်ငန်းတွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ကြုံတွေ့ ခံစားရမှသာလျှင် သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ် သက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို လက်တွေ့ဘဝတွင် စောင့်ကြည့် လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာ ရှိပါသည်။ သို့ရာတွင် သူနှင့်အမှန်တကယ် ဆက်သွယ်မှု မရှိဘဲ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည့်အရာမှာ အကယ်၍ ဘုရားသခင်သည် လူသား အဖြစ် မခံယူခဲ့ပါက လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မဆက်သွယ်နိုင်ပါက ဘုရားသခင်၏ လုပ်ငန်းကိုလည်း တွေ့ကြုံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဘုရားသခင် အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အများဖြင့်သာ စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလောက် မစစ်မှန်ပေ။ အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိဉာဏ်သည် သူတို့ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်သည့် အရာများ၊ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက် သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်ကြရသည်။ သူ၏ လက်တွေ့ကျပြီး သာမာန်ဖြစ်သည့် ပင်ကိုယ်စရိုက်အားလုံးကို တွေ့ခွင့်ရကြသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သော အသိထက် အဆထောင်ပေါင်းများစွာ ပို၍ စစ်မှန်ပါသည်။ လူတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ ထိုချစ်ခြင်းမေတ္တာသည် စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိသောအရာ၊ လူသားတို့၏ အတွေးအထင်များဖြင့်သာ ပြည့်နေသောအရာ ဖြစ်သည်။ ကမ္ဘာကြီးပေါ်မှ ဘုရားသခင်ကို အနည်းငယ်သာ ချစ်လျှင်မူ ထိုချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်း ဖြစ်သည်။ အနည်းငယ်သာ ဖြစ်လင့်ကစား စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် စစ်မှန်သောအလုပ်မှ တဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး၊ ထိုအသိမှတဆင့် လူတို့၏ ချစ်ခြင်းမေတ္တာကို ရယူသည်။ ပေတရုကဲ့သို့ပင် ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ မနေခဲ့လျှင်ယေရှုကို ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ ထို့အတူ ယေရှုအပေါ်၌ ထားသော သူ၏ သစ္စာရှိမှုသည်လည်း ယေရှုနှင့် ဆက်နွယ်ခဲ့မှု အပေါ်တွင် တည်ဆောက်ထားသောအရာ ဖြစ်သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ဆီသို့ ကြွဆင်းလာပြီး၊ လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဘုရားသခင်က လူတို့ကို မြင်တွေ့၊ ကြုံဆုံစေသည့် အရာအားလုံးသည် ဘုရားသခင်၏ လက်တွေ့ကျမှုပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် မီအောင်လိုက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကိုသိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် မျက်နှာတော်အမှန်အား တွေ့ကြုံခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ ရယူနိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ရယူနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေဖြင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူကသာ လုပ်ဆောင်ပါက သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိနိုင်မှုရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တစ်ဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။ လူတို့သည် ယခင်အတိတ်က သူတို့ရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှုမရှိဘဲ သဘာဝလွန်ဖြစ်နေသည်ကို သတိပြုမိသည်။ ဤအကျိုးဆက်ကို ရယူနိုင်သည့်အရာမှာ လူတစ်ဦးဦး၏ သင်ကြားမှုဖြစ်ရန် မဆိုထားနှင့် မဆိုထားနှင့် ဝိညာဉ်တော်၏ တိုက်ရိုက်လမ်းညွှန်မှုကြောင့်ပင် မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော ဘုရားသခင်သာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင် ဆောင်ရွက်သောအခါ လူ၏အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်။ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူတို့စိတ်ကူးထဲမှ မရေရာသော သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသားတို့၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသားတို့၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ တစ်နည်းဆိုရသော် အမှန်တရားနှင့်နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ။ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူ၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင် အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို မည်သည့် ဇာတိခန္ဓာနှင့် လူကမျှ မရယူနိုင်ပေ။ ဘုရားသခင်၏ ၀ိညာဉ်တော်သည်လည်း ဤရလဒ်ကို ရယူနိုင်စွမ်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။… ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်။ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိ ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီဖြစ်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလမှ လူ့ဇာတိခံယူခြင်းကို လိုအပ်ခြင်းအကြောင်းရင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

ယနေ့တွင် ဤပုဂ္ဂိလ်တော်ကို သင်ကိုးကွယ် နိုင်သော်လည်း၊ အမှန်စင်စစ်တွင် ဝိညာဉ်တော်ကို သင်ကိုးကွယ်နေခြင်း ဖြစ်ပါသည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်းအကြောင်း လူသားတို့အနည်းဆုံး ဤအချက်ကို သိသင့်သည်။ လူ့ဇာတိကို ခံယူသော ဝိညာဉ်တော်၏ အနှစ်သာရကိုသိခြင်း၊ လူ့ဇာတိထဲရှိ ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် လူ့ဇာတိထဲရှိ လူသားအလုပ်တို့ကို သိခြင်း၊ လူ့ဇာတိထဲရှိ ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များနှင့် ဖွင့်ဆိုချက်များ အားလုံးကို လက်ခံခြင်းနှင့် လူ့ဇာတိကို ဘုရားသခင်၏ ဝိညာဉ်တော်မှ လမ်းညွှန်ပုံနှင့် လူ့ဇာတိထဲတွင် ကိုယ်တော်၏ တန်ခိုးတော်ကို ပြသပုံတို့ကို တွေ့မြင်ခြင်းတို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ၊ လူ့ဇာတိမှတစ်ဆင့် လူသားတို့သည် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်ကို သိလာကြသည်။ လူသားတို့ အကြားရှိ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ ပေါ်ထွန်းလာမှုသည် လူတို့၏ အယူအဆများထဲရှိ မရေရာသော ဘုရားသခင် ကိုယ်တော်တိုင်ကို ပပျောက်စေသည်။ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို လူသားတို့ ကိုးကွယ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့၏ နာခံမှုကို တိုးပွားစေသည်။ လူ့ဇာတိရှိ ဘုရားသခင် ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်၊ လူ့ဇာတိထဲရှိ လူသားအလုပ်တို့ မှတစ်ဆင့် လူသားတို့သည် ဗျာဒိတ်တော်နှင့် ဖြည့်တင်းပေးမှုကို ရရှိပြီး မိမိအသက်တာ၏ စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိသည်။ ဤသည်သာလျှင် ဝိညာဉ်တော် လူ့ဇာတိထဲ ကြွလာခြင်း၏ အနက်အဓိပ္ပာယ်အမှန် ဖြစ်သည်။ ယင်းမှာအဓိကအားဖြင့် လူတို့သည် ဘုရားသခင်နှင့် ထိတွေ့၍၊ ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်အကြောင်း အသိပညာတို့ကို ကြိုးပမ်းရရှိရန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ သူသည် တိကျသော နှုတ်ကပတ်တော်များနှင့် တိုက်တွန်း နှိုးဆော်မှုများ၊ သူ့နောက်တော်သို့ လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျသော အလိုတော် စသည်တို့ကို ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ့နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ့အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ့အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျစွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့်အချက်တို့ကို စစ်မှန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားလိုသော လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့် အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ် ယုံကြည်မှုရှိသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသော လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်သို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးမည်။ ထိုလူ့ဇာတိခံယူသော ဘုရားသခင်သည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ကို ဘုရားသခင်မှာ စစ်မှန်ပြီးသာမန်ဖြစ်သူ၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သူ၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ခရီးလမ်းဆုံးကို ပြသသူ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်သူနှင့် နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သောသူ ဖြစ်သည်ကို ဖော်ပြလိမ့်မည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်၏ရလဒ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

အောက်ခြေမှတ်စုများ-

(က) မူရင်းစာသားတွင် “ ဒီဖော်ပြချက်” ကို ချန်လှပ်ထားပါသည်။

(ခ) မူလစာသားတွင် “ နောက်လိုက်နေသည်” ဟုဖတ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ