အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

၈) ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။

164

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။” (ယော ၁:၁-၂)

“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍။” (ယော ၁:၁၄)

ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယော ၁၄:၆)

ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။” (ယော ၆:၆၃)

သိုး

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာတရားသည် လူ့လောကကြီးမှ လာသော်ငြားလည်း၊ လူတို့ အကြားထဲမှ သမ္မာတရားသည် ခရစ်တော်မှ လက်ဆင့်ကမ်း ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ မူလအစပြုသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင် ကိုယ်တိုင်မှ မူလအစပြုခြင်းဖြစ်ပြီး၊ လူမှ ရယူနိုင်ခြင်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

“အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍…။” ဤအရာ (လူ့ဇာတိထဲ၌ နှုတ်ကပတ်တော်ပေါ်လာခြင်း၏ အမှု) သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်ပြီးမြောက်အောင်လုပ်မည့် အမှုဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး၏ နောက်ဆုံးအခန်းလည်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လောကသို့ကြွလာပြီး သူ၏နှုတ်ကပတ်တော်များကို လူ့ဇာတိထဲတွင် ထင်ရှားပြခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများကို သင်ကြားရနိုင်သည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များအားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာဖြစ်ကာ၊ လူသားများ သိရှိလာရန်အလို့ငှာ လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြမှုလည်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အားပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့်နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကိုလမ်းပြမည့်သူဖြစ်သည်။ ယင်းကဲ့သို့သော သာမညဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသောနက်နဲမှုများကို စွဲကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များကို သင့်အနေနှင့် သိနားလည်ဖို့ ခက်ခဲနိုင်သော်လည်း သူလုပ်ဆောင်သည့် အမှုအားလုံး၏ ပန်းတိုင်မှာ သူသည် လူသားယုံကြည်သကဲ့သို့ သာမညဇာတိခန္ဓာ မဟုတ်သည်ကို မြင်ရဖို့အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်က နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်တို့ထံ ပြသနေသည့် စောင်မမှုကိုလည်းကောင်း ကိုယ်စားပြုနေ၍ ဖြစ်သည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပစ်နေကြသည်ဟု ထင်ရသည့် သူပြောဆိုသော နှုတ်ကပတ်တော်များကို မကြားနိုင်သော်လည်း၊ သို့မဟုတ် မီးလျှံကဲ့သို့ တောက်ပနေသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ သူ၏သံလှံတံဖြင့် ဆုံးမပဲ့ပြင်မှုကို သင်သည် မခံစားရနိုင်သော်လည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အမျက်ဒေါသကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် ကရုဏာပြကြောင်းကို သင်သိနိုင်သည်၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ ပူပန်မှုနှင့် စောင်မမှုကိုလည်း သင်နားလည်သဘောပေါက်နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုက ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မြေကြီးပေါ်ရှိ လူသားများအကြား၌ နေထိုင်နေခြင်းကို လူသားတို့အား မြင်တွေ့စေလျက် လူသားအနေဖြင့် ဘုရားသခင်အား သိရှိလာစေရန်၊ နာခံရန်၊ ရိုသေလေးမြတ်ရန်နှင့် မေတ္တာထားရှိရန် သူ့ကိုထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။…

…သင်တို့ထံတွင် ယနေ့ ရှိသမျှအားလုံးသည် ယင်းဇာတိခန္ဓာ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ သင်တို့ထံတွင် အသက်ရှင်နေထိုင်ခွင့် ရှိနေခြင်းသည် ဘုရားသခင်က လူ့ဇာတိထဲ၌ နေထိုင်နေ၍ပင် ဖြစ်သည်။ ယင်းကဲ့သို့ ကံကောင်းမှုအားလုံးကို ရရှိခဲ့မှုက ထိုသာမည လူသားကြောင့် ဖြစ်သည်။ ထိုမျှမကသေး အဆုံးတွင် လူမျိုးတိုင်းသည် ထိုသာမည လူသားကို ဝတ်ပြုကြမည်ဖြစ်သကဲ့သို့ ထိုမထင်မရှားလူသားကို ကျေးဇူးတင်ရုံသာမက နာခံကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပေးမည့် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ယူဆောင်ပေးခဲ့ပြီး ဘုရားသခင်နှင့် လူသားအကြားက ပဋိပက္ခကို ပြေလည်စေလျက် ဘုရားသခင်နှင့် လူသားကို ပိုမိုရင်းနှီးစေပြီး ဘုရားသခင်နှင့် လူသားအကြားတွင် အတွေးအခေါ်များကို ဆက်သွယ်ဖလှယ်ရန် လုပ်ဆောင်ပေးခဲ့သည်မှာ ထိုသူပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုး သာ၍ကြီးထွားလာအောင် လုပ်ဆောင်ပေးခဲ့သည်မှာလည်း ထိုသူပင်ဖြစ်သည်။ ထိုကဲ့သို့သော သာမညလူသားသည် သင့်အနေနှင့် ယုံကြည်ပြီး ကြည်ညိုထိုက်သူ မဟုတ်သလော။ ယင်းကဲ့သို့သော သာမည ဇာတိခန္ဓာကို ခရစ်တော်ဟူ၍ မခေါ်ဆိုထိုက်ပေသလော။ ထိုသာမည လူသားသည် လူများအကြား၌ ဘုရားသခင်၏ပြယုဂ် မဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ကပ်ဘေးမှ ချမ်းသာရာရရန် ကူပေးသည့် ထိုသာမညလူသားကို ချစ်မြတ်နိုးလျက် စွဲကိုင်ထားရန် မထိုက်တန်သလော။ သင်တို့က သူ၏နှုတ်မှ မိန့်ကြားခဲ့သည့် သမ္မာတရားများကို ငြင်းပယ်လျက် သင်တို့အကြား၌ သူ၏နေထိုင်မှုကို စက်ဆုပ်ကြမည်ဆိုလျှင် သင်တို့၏ ကံကြမ္မာမှာ မည်သို့များ ဖြစ်လာမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” မှ

သို့ဖြစ်စေကာမူ ငါတို့အား ကယ်တင်သည့် အလုပ်သစ်ကို လုပ်ဆောင်နေသူသည် လူများအကြား၌ ပုန်းနေသော ထိုသာမန်လူပင် ဖြစ်သည်။ သူသည် ငါတို့အတွက် ဘာကိုမျှ မရှင်းပြပါ၊ အဘယ်ကြောင့် ငါတို့ထံ သူလာခဲ့ကြောင်းကိုလည်း မပြောပြပါ၊ ထိုအစား သူ၏အစီအစဉ်အတိုင်း သူလုပ်ရန်ရည်ရွယ်ထားသည့် အလုပ်ကိုသာ ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် လုပ်နေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များမှာ ပို၍ပင် အကြိမ်ရေစိပ်သည်ထက်စိပ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ သတိရစေခြင်း၊ သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့၍ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းတန်ခိုးရှိသော နှုတ်ကပတ်တော်များအထိ အားလုံးသည် လူ့အပေါ် ကရုဏာတရားကို ပေးအပ်ပြီး လူ့အထဲ၌ စိုးရိမ်ပူပန်ခြင်းကို သွတ်သွင်းပေးသည်။ သူပြောသမျှအားလုံးသည် ငါတို့အထဲရှိ နက်ရှိုင်းသောနေရာ၌ ဖွက်ထားသော လျှို့ဝှက်ချက်များအထိ ရောက်သည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများနှင့် ဝိညာဉ်တို့ကို စူးရှစေသည့်အပြင် ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို မသိလောက်အောင်ပင် မခံမရပ်နိုင်သော အရှက်ကွဲမှုနှင့် ငါတို့ကို ပြည့်စေသည်။…

ငါတို့ သတိမထားမိလိုက်ဘဲနှင့် မထင်ရှားသော ထိုသူသည် ငါတို့ကို ဘုရားသခင်၏ အမှုတော်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင်ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်ခြင်းကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ငါတို့ သင်ယူသိရှိကြသည်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကိုလည်း မျက်မြင်တွေ့ကြရသည်၊ လူသားကို ကယ်တင်လိုသော ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ နှုတ်ကပတ်တော်များအားဖြင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ထို့ပြင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး ထိုမှတစ်ဖန် ငါတို့ကို “အသစ်တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှုပေးသည်၊ သည့်အပြင် အပြစ်ရှိကြောင်း ခံစားချက်နှင့် သူ့အပေါ် အကြွေးတင်သည့် ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်၏၊ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူမြတ်နိုးရာ မျက်ရှုပမာများကဲ့သို့ဖြစ်ပြီး သူ၏ ယုယသော ချစ်ခြင်းမေတ္တာ၌ ပျော်မွေ့ကြသည်၊ တစ်ခါတစ်ရံတွင်မူ ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်မှုအောက်တွင် သူ၏အမျက်ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားကြ၏။ ငါတို့သည် သူ၏ကယ်တင်ခြင်းကို ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်၌ ငါတို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေနေသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ်၌ ကရုဏာထားသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ နှစ်သိမ့်ပေးသည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ ပဲ့ပြင်သည်၊ ထို့အပြင် ငါတို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရောညပါ ငါတို့အတွက် စိုးရိမ်သည်၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြရသည်။…

ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဆက်ပြောလျက်နေသည်၊ သူသည် ငါတို့အား အဘယ်အရာလုပ်သင့်သည်ဆိုခြင်းကို တိုက်တွန်းဖို့နှင့် တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သလို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ငါတို့၏စိတ်များသည် သတိရှိလာသည်၊ ငါတို့၏ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အကြား၌ နေပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်အကြာကြီး ခံနေခဲ့ရသူဖြစ်သည့် သာမန်ဖြစ်ပြီး မထင်ရှားသော ဤပုဂ္ဂိလ်သည် နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူပင်ဖြစ်ပေ၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်းဖြစ်သည်။ သူသည် ငါတို့ကို နောက်တစ်ဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ငါတို့၏ နှလုံးသားများ ခြေဦးတည့်ရာ လျှောက်သွားမနေအောင် တားပေးသည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်၊ သူနှင့်မျက်နှာချင်းဆိုင် တွေ့နေရပြီဖြစ်သည်၊ သူ၏မျက်နှာတော်ကို ငါတို့ မြင်တွေ့ပြီးဖြစ်သည်၊ ငါတို့၏ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” မှ

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို လူသားအား အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကိုသိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်ဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားသည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အမှုအလုံးစုံကို နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသားသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော်တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် ဘုရားသခင်တည်ရှိကြောင်းကို သူယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို သူယုံသည်၊ လူသားအပေါ်ထားသော ဘုရားသခင်၏မေတ္တာနှင့် လူကိုကယ်တင်လိုသည့် ဆန္ဒကိုလည်း သူယုံသည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရိုးသာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်သည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏နှလုံးသား၊ အယူအဆ၊ စိတ်သဘောထားအဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုကဲ့သို့ စကားပြော၍ လူသားကို ထိုကဲ့သို့ကယ်တင်ရန် ကြွလာသည်။ ထိုအချိန်မှစ၍ လူသားသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ကမ္ဘာ၌ ရှင်သန်နေထိုင်လာကြသည်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများအတွင်း၌ ရှင်သန်နေထိုင်လာကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် ရှင်သန်နေထိုင်လာကြသောသူများမှာ သာ၍ပင်များသေးသည်။ ဤနှုတ်ကပတ်တော်များနှင့် အမှုသည် လူသားကို ကယ်တင်ခြင်းအလို့ငှာ၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းခြင်းအလို့ငှာ၊ ဖန်ဆင်းခြင်းအဟောင်းဆိုင်ရာ လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့မှ လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် လောကဟောင်းတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်မှ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

အရေးပါသော အရာမှာ သင်သည် နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ ဝိညာဉ်သည် ဇာတိပတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်— သမ္မာတရားအားလုံး၊ လမ်းခရီးနှင့် အသက်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိလာကာ ဝိညာဉ်တော်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးဖြစ်သည် ဆိုခြင်းကို ဤပုံမှန် လူ့သဘောသဘာဝမှ ရှာဖွေတွေ့ရှိခြင်းငှာ တတ် စွမ်းနိုင်ခြင်း ရှိ၊ မရှိသာ ဖြစ်သည်။ အပေါ်ယံသဘောအားဖြင့် ဤအရာသည် သန့်ရှင်းသော ဝိညာဥတော် အားဖြင့် ပဋိသန္ဓေစွဲယူခြင်းနှင့် ကွဲပြားခြားနားပုံ ပေါက်သော်လည်း သန့်ရှင်းသော ဝိညာဉ် တော်သည် ဇာတိပကတိတွင် အကောင်အထည် ပေါ်လာပြီး ဖြစ်ကြောင်းအပြင် နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီး ဖြစ်ကြောင်းကို ဤအလုပ်တွင် သင်သည် သာ၍ ရှင်းလင်းစွာ တွေ့မြင်နိုင်ကာ သင်သည် “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” ဟူသည့် စကားများ၏ စစ်မှန်သည့် အနက်အဓိပ္ပာယ်ကို နားလည်ခြင်းငှာ တတ်စွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် သင်သည် ယနေ့ နှုတ်ကပတ်တော်များမှာ ဘုရားသခင်ဖြစ်သည် ဆိုခြင်းကို နားလည်ရမည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်ကို သင်သည် ရှုမြင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်ခံနိုင်သည့် အကောင်းဆုံးသော သက်သေခံချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာအား ပိုင်ဆိုင်သည် ဆိုခြင်းကို ဤအရာက သက်သေပြသည်— သင်သည် ဘုရားသခင်အား သိကျွမ်းခြင်းငှာ တတ်စွမ်းနိုင်သည်သာ မကဘဲ၊ ယနေ့၌ သင်လျှောက်သော လမ်းခရီးမှာ အသက်၏ လမ်းခရီး၊ သမ္မာတရား၏ လမ်းခရီးဖြစ်သည်ကိုလည်း နားလည်သဘောပေါက်သည်။ ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” နှင့်စပ်ဆိုင်သည့် အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ ဇာတိခန္ဓာနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိကာ၊ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည်ဆိုခြင်း၏ သာ၍ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” နှင့်စပ်ဆိုင်သည့် အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့ကာ၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းချိန်တွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲခြားထား၍ မရခဲ့ချေ၊ ထို့ပြင် နောက်ဆုံးသောခေတ်သည် သူ့နှုတ်ကပတ်တော်များ၏ အာဏာနှင့် တန်ခိုးကို သာ၍ပင် ရှင်းလင်းအောင် ပြုလုပ်ပြီး၊ လူသားအား သူ့နှုတ်ကပတ်တော်များ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို နာကြားရန် ခွင့်ပြုပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ်ပင် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် သိရှိလာရမည် ဖြစ်သည်။ ယင်းမှာ ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ် မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ်သာ ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရမည့် အရာဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာလည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

ငါ၏နှုတ်ကပတ်တော်များသည် အစဉ်မပြောင်းလဲသော သမ္မာတရားဖြစ်သည်။ ငါသည် လူသားအတွက် အသက်ကို ထောက်မပေးသူဖြစ်ပြီး၊ လူသားတို့အတွက် တစ်ခုတည်းသော လမ်းညွှန်မှု ဖြစ်သည်။ ငါ့နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့သည် လူသားတို့ အသိအမှတ်ပြု လက်ခံမှုရှိ၊ မရှိဖြင့် သတ်မှတ်ထားခြင်းမဟုတ်ပဲ ထိုနှုတ်ကပတ်တော်တို့၏ အနက်၊ အခြေအမြစ်အားဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ့နှုတ်ကပတ်တော်များကို လက်မခံလျှင်လည်း၊ ငါ့နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားအား အကူအညီပေးခြင်းတို့ကို မည်သူမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ ငါ့ကိုဆန့်ကျင်သော၊ ငြင်းဆန်သော သို့မဟုတ် ငါ့နှုတ်ကပတ်များကို လုံးဝ အထင်သေးသော သူများနှင့် ရင်ဆိုင်ရသောအခါ ငါ၏ ရပ်တည်မှုသည် ဤသို့ဖြစ်သည်၊ ငါ့နှုတ်ကပတ်များသည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ ဖြစ်ကြောင်းကို အချိန်နှင့် အမှန်တရားတို့က သက်သေအဖြစ် ပြသပါလိမ့်မည်။ ငါပြောသည့် အရာတိုင်းသည် မှန်ကန်ပြီး၊ လူသားတို့အနေဖြင့် ယင်းကိုအသုံးပြုကာ မိမိကိုယ်ကို ကောင်းမွန်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် လူသားတို့ လက်ခံသင့်သည့် အရာလည်း ဖြစ်ပါသည်။ ငါ့နောက်လိုက်သော သူအားလုံးကို ဤအချက်ကိုသိရှိ စေမည်ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးခြင်း မပြုနိုင်သူများ၊ ငါ၏နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို မရှာဖွေနိုင်သူများနှင့် ငါ၏နှုတ်ကပတ်တော်များအားဖြင့် ကယ်တင်ခြင်းကို လက်ခံမရရှိနိုင် သူများသည် ငါ့နှုတ်ကပတ်တော်များ၏ စီရင်ခြင်းကို ခံရမည်ဖြစ်ပြီး၊ ငါ့ကယ်တင်ခြင်းကို လက်လွှတ်ဆုံးရှုံးကာ ငါ၏ ကြိမ်တုတ်သည် သူတို့နှင့် ဘယ်တော့မှ သွေဖည်သွားမည် မဟုတ်တော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည်” မှ

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် ကျမ်းပိုဒ်)

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက်ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့နေထိုင်စဉ်ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ဘုရားသခင်၏ အသက်သည် ကောင်းကင်နှင့် မြေကြီး ကသောင်းကနင်း ဖြစ်နေချိန်များတစ်လျှောက် အစဉ်မပြောင်းလဲဘဲ တည်ရှိ၏။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။

ယခု သင်သည် အသက်ကိုရလိုသည့် ဆန္ဒရှိချင် ရှိလိမ့်မည်။ သို့မဟုတ် သင်သည် သမ္မာတရားကို ရလိုသည့် ဆန္ဒရှိချင် ရှိလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင့်တွင် ဘုရားသခင်ကို ရှာတွေ့လိုသည့် ဆန္ဒရှိသည်။ သင်အားထားနိုင်၍ သင့်ကို ထာဝရအသက်ပေးနိုင်သော ဘုရားသခင်ကို ရှာတွေ့လို့သည့်ဆန္ဒရှိသည်။ သင်သည် ထာဝရအသက်ကို ရလိုလျှင် ထာဝရအသက်၏ အရင်းအမြစ်ကို ပထမဦးစွာ နားလည်ရမည်ဖြစ်၍ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို ပထမဦးစွာ သိရမည်ဖြစ်သည်။ ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း ငါပြောခဲ့ပြီးဖြစ်သည်။ သူ၏အသက်သည် ပြောင်းလဲနိုင်ခြင်း မရှိသဖြင့် ထာဝရဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သောကြောင့် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်၏ လမ်းခရီဖြစ်၏။ ထို့ကြောင့် ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်နှင့် ဤထာဝရအသက်၏ လမ်းခရီးရရှိပုံကို သင်ပထမဦးစွာ နားလည်ရမည် ဖြစ်သည်။ ယခု ဤကိစ္စနှစ်ရပ်အား သီးခြားစီ ဆွေးနွေးကြပါစို့။

ထာဝရအသက်လမ်းခရီးကို သင်အမှန်တကယ် ရရှိလိုကာ ပြင်းပြစွာရှာဖွေပါက ဤမေးခွန်းကို အရင်ဖြေဆိုပါ။ ယနေ့ ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ ဘုရားသခင် ကောင်းကင်တွင် နေသည်ဟု သင်ဖြေကောင်းဖြေလိမ့်မည်။ ဟုတ်ပေသည်၊ သူသည် သင့်အိမ်တွင် နေလိမ့်မည်မဟုတ်။ ဟုတ်ပါသလား။ ဘုရားသခင်သည် အရာခပ်သိမ်းအကြားတွင် နေသည်မှာ ထင်ရှား၏ဟု သင်ဆိုကောင်း ဆိုလိမ့်မည်။ သို့မဟုတ် ဘုရားသခင်သည် လူတိုင်း၏ နှလုံးသားတွင်နေ၏။ သို့မဟုတ် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ရှိသည်ဟု သင်ဆိုကောင်းဆိုလိမ့်မည်။ ဤသည်တို့ကို ငါမငြင်းဆိုပါ။ သို့သော် ဤကိစ္စကို ငါရှင်းပြရမည်။ ဘုရားသခင်သည် လူသား၏ နှလုံးသားထဲတွင် နေသည်ဟုဆိုခြင်းမှာ လုံးဝ မှန်ကန်သည် မဟုတ်ပါ။ သို့သော် လုံးဝ မှားသည်လည်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်သူတို့ အကြားတွင် ယုံကြည်မှု စစ်မှန်သူများနှင့် ယုံကြည်မှု မှားယွင်းသောသူများ ရှိ၏။ ဘုရားသခင် သဘောကျသူများနှင့် သဘောမကျသူများ ရှိ၏။ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူစက်ဆုပ်ရွံရှာသူများ ရှိကာ သူ၏စုံလင်စေခြင်း ခံရသူများနှင့် သူ၏ဖယ်ရှားခြင်း ခံရသူများရှိ၏။ ထို့ကြောင့် ဘုရားသခင်သည် လူအနည်းငယ်၏ နှလုံးသားတွင်သာ နေသည်ဟု ငါဆို၍ ထိုသူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောကျသူများ၊ သူ့ကို စိတ်ကျေနပ်စေသူများနှင့် သူ၏စုံလင်စေခြင်းခံရသူများ ဖြစ်သည်ကို သံသယမရှိကြောင်း ငါဆို၏။ ထိုသူတို့သည် ဘုရားသခင်၏ လမ်းပြခြင်းခံရသူများ ဖြစ်ကြ၏။ ၎င်းတို့ကို ဘုရားသခင်က လမ်းပြသည်ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးအကြောင်းကို ကြားပြီးမြင်ပြီးသူများ ဖြစ်ကြ၏။ ဘုရားသခင်ကို မှားယွင်းစွာ ယုံကြည်သူများ၊ ဘုရားသခင်က သဘောမကျသူများ၊ ဘုရားသခင်က လွန်စွာမုန်းတီးသူများ၊ ဘုရားသခင်က ဖယ်ရှားသူများ၊ ထိုသူတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရမည်မှာ သေချာပြီး အသက်၏ လမ်းခရီးမရှိဘဲ နေရမည်မှာ သေချာ၍ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲနေရမည်မှာ သေချာ၏။ ၎င်းတို့၏ နှလုံးသားတွင် ဘုရားသခင် နေထိုင်သူများမှာမူ ထိုသို့မဟုတ်ဘဲ သူမည်သည့်နေရာတွင် ရှိကြောင်းကို သိ၏။ ထိုသူတို့သည် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးကို အပ်နှင်းခြင်း ခံရသူများဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏နောက်သို့ လိုက်သူများ ဖြစ်ကြ၏။ ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သင် ယခုသိပြီလား။ ဘုရားသခင်သည် လူသား၏ နှလုံးသားတွင် ရှိသကဲ့သို့ လူသား၏ ဘေးတွင်လည်း ရှိ၏။ သူသည် ဝိညာဉ်လောကတွင် ရှိသည်သာမက ခပ်သိမ်းသော အမှုအရာအထက် လူသားတည်ရှိသော ကမ္ဘာမြေကြီးပေါ်တွင် သာ၍ရှိသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ရောက်ရှိခြင်းသည် ဘုရားသခင်၏ အမှုအဆင့်များကို အသစ်သော နယ်မြေပိုင်နက် အတွင်းသို့ ယူဆောင်သွားခဲ့ခြင်း ဖြစ်၏။ ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရရှိထား၍ သူသည် လူသား၏ နှလုံးသားတွင် အဓိကဖြစ်သည့်အပြင် လူသားတို့ အကြားတွင် ရှိနေ၏။ ဤနည်းဖြင့်သာ သူသည် လူသားမျိုးနွယ်အတွက် အသက်၏ လမ်းခရီးကို ယူဆောင်လာနိုင်၍ အသက်၏ လမ်းခရီးအတွင်း လူသားကို ခေါ်ဆောင်လာနိုင်၏။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိရန်နှင့် လူသားဖြစ်တည်နေရန် ဘုရားသခင်သည် မြေကြီးပေါ် ကြွလာခဲ့ပြီးဖြစ်၍ လူသားတို့အကြား နေထိုင်၏။ တစ်ချိန်တည်းတွင် လူသားတို့အကြား သူ၏ စီမံခန့်ခွဲမှုတွင် ထိုသူတို့ ပူးပေါင်းဆောင်ရွက်စေရန် ဘုရားသခင်သည် စကြဝဠာရှိ အရာခပ်သိမ်းကိုလည်း ပညတ်လေ၏။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် လူသား၏ နှလုံးသားထဲတွင်ရှိသည်ဟူသော အယူဝါဒကိုသာ သင်အသိအမှတ်ပြု၍ လူသားတို့အကြားတွင် ဘုရားသခင် တည်ရှိခြင်း၏ သမ္မာတရားကို အသိအမှတ်မပြုပါက သင်သည် မည်သည့်အခါမျှ အသက်ကိုရရှိလိမ့်မည် မဟုတ်ဘဲ သမ္မာတရား၏ လမ်းခရီးကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟု အကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့် စကားလုံးများကိုစွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာက ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ အနှေးနှင့်အမြန်ပင် ခရစ်တော်၏အယောင်ကိုဆောင်သော ထိုသူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင်ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။ ဤနည်းဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက သူသည် ကမ္ဘာမြေကြီးပေါ်သို့ လာခြင်းဖြင့် လူသားတို့ကို အသက်၏ လမ်းခရီးပေးကြောင်းကို သင်က ပထမဦးစွာ အသိအမှတ် ပြုရမည်ဖြစ်၍ နောက်ဆုံးသော ကာလတွင် သူသည် လူသားကို အသက်၏ လမ်းခရီးပေးရန် လာရောက်ကြောင်းကို သင်က အသိအမှတ် ပြုရမည်ဖြစ်သည်။ ဤသည်မှာ အတိတ်ကာလက မဟုတ်။ ယနေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ရှိသည့်အရာမှာ ပလ္လင်မှစီးဆင်းသည့် အသက်ရေဖြစ်ရမည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ ၎င်းတို့ဖက်တွယ်ထားသည့် ညစ်ညမ်းသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့မြင်နိုင်မည်နည်း။ သင်သည် အတိတ်ကိုစွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှမလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ထင်မှတ်နိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့အကြောင်းပြနိုင်မည်နည်း။ သင်၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ဦးဆောင်လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်သွားနိုင်မည်နည်း။ သင့်လက်ထဲတွင် ကိုင်ထားသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်ပြီး အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်ပြီး သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ရန်ဝေးစွ လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားလုံးများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကိုပြန်လည်စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေလော။ အတွင်းတွင် ပါရှိသည့် နက်နဲသောအရာများအား သင့်ကို နားလည်ခွင့် မပေးပေလော။ ဘုရားသခင်ကိုတွေ့ရန် သင်ကိုယ်တိုင် ကောင်းကင်ဘုံသို့ သင့်ကိုယ်သင် ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ပါးမှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံအတွင်းသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်စိတ်ကူးယဉ်နေတုန်းပင်လော။ ဤသို့ဆိုပါက သင်၏စိတ်ကူးယဉ်ခြင်းကို ရပ်တန့်၍ ယခုမည်သူအမှုထမ်းနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်သည့်အမှုအား ထမ်းဆောင်နေသူကို ကြည့်ရန် ငါအကြံပြု၏။ ဤသို့မပြုပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ဘဲ အသက်ကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။

ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသောကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ရှောင်ကွင်း၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ၊ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင်မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးစေခိုင်းခဲ့သူ ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်က ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကိုငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ထောက်ခံမှုကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သောသူမှာ လူသားတစ်ဦးမဟုတ်၊ သင်ငြင်းပယ်သောသူမှာ သေးနုပ်သည့်သတ္တဝါမဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားခွင့်နှင့် ဘုရားသခင်၏မျက်နှာကိုမြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်စု(များ)-

က။ သစ်တုံးခြောက်တစ်ခု- “မကူညီနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

သက်ဆိုင်သည့် အကြောင်းအရာ