အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

လူ့ဇာတိခံယူထားသော ဘုရားသခင်သည် လူသားမျိုးနွယ်၏ မရေရာသည့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် စာတန်အုပ်စိုးမှု၏မှောင်မိုက်သည့် ခေတ်ကို အဆုံးသတ်ရန်အတွက် တရားစီရင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ရမည်နည်း။

11

၉။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် လူသားမျိုးနွယ်၏ မရေရာသည့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် စာတန်အုပ်စိုးမှု၏မှောင်မိုက်သည့် ခေတ်ကို အဆုံးသတ်ရန်အတွက် တရားစီရင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ရမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

“ နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။ ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။ အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။” (ဟေရှာယအနာဂတ္တိကျမ်း ၂:၂-၅)

ဘုရားသခင်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ –

နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို ပြည့်စုံစေရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းအဆင့် မဟုတ်ပါ။ ယေရှု ကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများ များစွာပြုခဲ့သည်၊ မကျန်းမာသော သူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ် ကယ်တင်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့သောအခါက သူသည် လူသား၏ နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသော သူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ အတွေးများထဲ၌ ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏ နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့စေရန် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ တကယ်ဖြစ်သော နှုတ်ကပတ်တော်များနှင့် လက်တွေ့လုပ်ဆောင်မှု၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအလုပ်သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အလုပ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း” မှ

ယနေ့တွင်သာ ငါကိုယ်တိုင်လူသားအကြားလာ၍ ငါ့နှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ လူသားသည် ၎င်းတို့၏ အတွေးများထဲ “ ငါ့” အတွက် ပေးထားသည့်နေရာကို ဖယ်ရှားလျက်၊ ၎င်းအစား ၎င်းတို့၏အသိဉာဏ်တွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာတစ်နေရာဖန်တီးကာ ငါ့ကို အနည်းငယ်သိကြ၏။ လူသားတွင် အယူအဆများရှိကာ သိလိုစိတ်နှင့် ပြည့်နှက်နေ၏။ ဘုရားသခင်ကို မြင်လိုသည့် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ ဘုရားသခင်နှင့် ကြုံတွေ့လိုသည့် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ သို့သော် ဝိုးတဝါးနှင့် စိတ်ကူးသက်သက်ဟု လူသားမှခံစားရသော ဘုရားသခင်သာလျှင် လူသား၏နှလုံးသားတွင် သေချာသည့် နေရာတစ်ခုယူထားသော တစ်ခုတည်းသောအရာ ဖြစ်၏။ ငါမှရိုးရှင်းစွာမပြောလျှင် မည်သူက ဤသည်ကို သိမည်နည်း။ ငါအမှန်ပင် တည်ရှိကြောင်းကို မည်သူက စစ်မှန်စွာယုံကြည်မည်နည်း။ အကယ်စင်စစ် သံသယအရိပ်အမြွက်တစ်ခုမျှ မရှိဘဲ မည်သူယုံကြည်မည်နည်း။ လူသား၏နှလုံးသားတွင်ရှိသည့် “ ငါ” နှင့် လက်တွေ့ဘဝတွင်ရှိသည့် “ ငါ” တို့အကြား ကြီးမားသည့်ကွာခြားမှုရှိ၍ ၎င်းတို့နှစ်ခုအကြား မည်သူမျှ နှိုင်းယှဉ်နိုင်စွမ်း မရှိပေ။ ငါသည် လူ့ဇာတိ မခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ ငါ့အား သူသိလာသော်မှ ဤကဲ့သို့သော အသိသည် အယူအဆတစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။…

… လူသားသည် စာတန်၏ သွေးဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းခံရသဖြင့်၊ အယူအဆများကိုစဉ်းစားနေခြင်းသည် သူ့အပေါ်လွှမ်းမိုးသွားခဲ့သဖြင့်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်တိုင် သိမ်းပိုက်ရန်၊ လူသား၏အယူအဆအားလုံးကို ဖော်ထုတ်ရန်နှင့် လူသား၏စဉ်းစားခြင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန်အလို့ငှာ ငါသည် လူ့ဇာတိခံယူခဲ့ပြီးဖြစ်၏။ ရလဒ်အနေဖြင့် လူသားသည် ငါ၏ရှေ့မှောက်တွင် ဝင့်ဝါစွာလျှောက်ပြခြင်း မပြုတော့ဘဲ၊ သူ၏ကိုယ်ပိုင်အယူအဆများကို အသုံးပြု၍ ငါ့အားအစေခံခြင်းလည်း မပြုတော့ပေ။ ထို့ကြောင့် လူသားတို့၏အယူအဆများတွင်ရှိသည့် “ ငါ” ကို လုံးဝ ပပျောက်စေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၁၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

နိုင်ငံတော်တည်ထောင်ရာတွင် ငါသည် ငါ၏ဘုရားသဘောသဘာဝတွင် တိုက်ရိုက် လုပ်ဆောင်၍၊ ငါ၏နှုတ်ကပတ်တော်တို့ကို သိခြင်းအပေါ် အခြေခံ၍ လူတို့အားလုံးကို ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သိခွင့်ပေးလျက်၊ အဆုံးတွင် ဇာတိခန္ဓာထဲတွင် ရှိသောငါ့ကို သိခွင့်ပေး၏။ ဤနည်းအားဖြင့် လူသားမျိုးနွယ်၏ မရေရာသောဘုရားသခင်၏ နောက်သို့ လိုက်ခြင်းကို အဆုံးသတ်၍၊ လူသား၏နှလုံးသားမှ ကောင်းကင်ဘုံရှိ ဘုရားသခင်၏နေရာကို အဆုံးသတ်၏။ ဤသည်မှာ လူသားအား ငါ၏ဇာတိပကတိ၌ ငါ၏လုပ်ဆောင်ချက်များကို သိခွင့်ပေးကာ ကမ္ဘာမြေကြီးပေါ်၌ ငါ၏အချိန်ကို ထိုသို့ အဆုံးသတ်၏ဟု ဆိုလိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၈” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် မီအောင်လိုက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကိုသိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် မျက်နှာတော်အမှန်အား တွေ့ကြုံခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ ရယူနိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ရယူနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေဖြင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူကသာ လုပ်ဆောင်ပါက သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိနိုင်မှုရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တစ်ဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။ လူတို့သည် ယခင်အတိတ်က သူတို့ရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှုမရှိဘဲ သဘာဝလွန်ဖြစ်နေသည်ကို သတိပြုမိသည်။ ဤအကျိုးဆက်ကို ရယူနိုင်သည့်အရာမှာ လူတစ်ဦးဦး၏ သင်ကြားမှုဖြစ်ရန် မဆိုထားနှင့် မဆိုထားနှင့် ဝိညာဉ်တော်၏ တိုက်ရိုက်လမ်းညွှန်မှုကြောင့်ပင် မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော ဘုရားသခင်သာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင် ဆောင်ရွက်သောအခါ လူ၏အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်။ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူတို့စိတ်ကူးထဲမှ မရေရာသော သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသားတို့၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသားတို့၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ တစ်နည်းဆိုရသော် အမှန်တရားနှင့်နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ။ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူ၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင် အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို မည်သည့် ဇာတိခန္ဓာနှင့် လူကမျှ မရယူနိုင်ပေ။ ဘုရားသခင်၏ ၀ိညာဉ်တော်သည်လည်း ဤရလဒ်ကို ရယူနိုင်စွမ်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်း” မှ

ဘုရားသခင်သည် ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ့နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို နောက်ထပ် ပြုတော့မည် မဟုတ်ပေ။ မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ပေလိမ့်မည်။… ဝိညာဉ်တော်သည် လူသားအတွက် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ။ ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက် ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ မတည်ရှိ၊ မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ မတွေ့ရသလို ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ။ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်း” မှ

လူအားလုံးသည် ငါ၏မိန့်မြွက်ချက်များကို လက်ခံပြီးနောက် ငါနှင့်သက်ဆိုင်သော သာ၍ကြီးမြတ်သည့် အသိပညာကို ရှိကြသောအချိန်သည် ငါ၏လူမျိုးက ငါ့ကို ထုတ်ဖော်အသက်ရှင်သောအချိန်ဖြစ်၏၊ ယင်းမှာ ဇာတိခန္ဓာ၌ ငါ၏အမှု ပြီးစုံသောအချိန်ဖြစ်ပြီး၊ ငါ၏ ဘုရားသဘောသဘာဝသည် ဇာတိခန္ဓာ၌ အလုံးစုံ အသက်ရှင်နေထိုင်သောအချိန် ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ လူအားလုံးသည် ဇာတိခန္ဓာထဲရှိ ငါ့ကိုသိရန် ကြိုးစားကြမည်ဖြစ်ပြီး လူ့ဇာတိ၌ ဘုရားသခင်ပေါ်ထွန်းသည်ဟု အမှန်စင်စစ်ပြောနိုင်ကြမည်ဖြစ်ကာ ဤသည်မှာ အသီးအပွင့် ဖြစ်ပေလိမ့်မည်။… နောက်ဆုံးတွင်၊ ဘုရားသခင်၏ လူတို့သည် အတင်းအကျပ်လုပ်သောအရာမဟုတ်ဘဲ စစ်မှန်ပြီး ၎င်းတို့၏ စိတ်နှလုံးများမှလာသော ချီးမွမ်းမှုကို ဘုရားသခင်အား ပေးနိုင်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်၏ နှလုံးသည်းခြာနေရာ၌ရှိသော အရာဖြစ်သည်။ ဆိုလိုသည်က၊ ထိုအရာမှာ မရေရာသောဘုရားကို ၎င်းတို့ ငြင်းပယ်ပြီး၊ ယနေ့နှင့် သက်ဆိုင်သူဖြစ်သကဲ့သို့ မနေ့နှင့် သက်ဆိုင်သူလည်းဖြစ်ပြီး၊ ထို့ထက်ပို၍ မနက်ဖြန်နှင့် ဆိုင်သောသူ၊ ထာဝရကာလမှ ထာဝရကာလတိုင် အမှန်တကယ် တည်ရှိသော ဘုရားသခင်ကို သိကြစေဘို့အလို့ငှာ၊ ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို လူအားလုံးအား သိခွင့်ပေးခြင်း၊ ဇာတိပကတိ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များဟု ဆိုရမည်ဖြစ်သည့် ဘုရားသခင် လူ့ဇာတိခံယူသည်ကို ၎င်းတို့အား လက်တွေ့ကျကျ သိရှိစေခြင်းတည်းဟူသော ဤဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ် ပုံပေါ်လာခြင်းဖြစ်ပေသည်။ ထို့နောက်တွင်မှ၊ ချမ်းသာထဲသို့ ဘုရာသခင် ဝင်ရောက်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၃” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ သူသည် တိကျသော နှုတ်ကပတ်တော်များနှင့် တိုက်တွန်း နှိုးဆော်မှုများ၊ သူ့နောက်တော်သို့ လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျသော အလိုတော် စသည်တို့ကို ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်။ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ့နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ့အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ့အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျစွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့်အချက်တို့ကို စစ်မှန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားလိုသော လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့် အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ် ယုံကြည်မှုရှိသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသော လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်သို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးမည်။ ထိုလူ့ဇာတိခံယူသော ဘုရားသခင်သည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ သူသည် လူသားမျိုးနွယ်ကို ဘုရားသခင်မှာ စစ်မှန်ပြီးသာမန်ဖြစ်သူ၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သူ၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ခရီးလမ်းဆုံးကို ပြသသူ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်သူနှင့် နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သောသူ ဖြစ်သည်ကို ဖော်ပြလိမ့်မည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်၏ရလဒ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်း” မှ

လူသားတို့၏ အတွေးများနှင့် ဝိညာဉ်များ အပါအဝင် ၎င်းတို့ နှလုံးသားများထဲ၌ နှစ်ပေါင်းထောင်ချီ ရှိနေခဲ့သည့် ဘုရားသခင်၏ ပုံရိပ်ကိုပါ ပုံသဏ္ဌာန် ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်သည် လူသားအကြား ယနေ့ဆင်းကြွလာသည်။ ဤအခွင့်အရေးမှ တစ်ဆင့် ဘုရားသခင်သည် လူသားကို စုံလင်စေခြင်းငှာ ပြုလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရလျှင် လူသား၏ အသိပညာမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ သူ့ကို သိကျွမ်းလာသည့် နည်းလမ်းနှင့် ၎င်းတို့ သူ့အပေါ် ထားရှိသော သဘောထားကို ပြောင်းလဲမည်ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာသည် စင်ကြယ်သော အနေအထားမှ စတင်နိုင်ရန်ဖြစ်ပြီး ၎င်းတို့၏ နှလုံးသားများသည် ဤနည်းနှင့် အသစ်ပြုပြင်ခြင်း ခံရ၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ရန်ဖြစ်သည်။ ကိုင်တွယ် ဖြေရှင်: ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် နည်းလမ်းများဖြစ်ပြီး သိမ်းပိုက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့မှာ ပန်းတိုင်များ ဖြစ်သည်။ မရေရာသော ဘုရားသခင်နှင့် ပတ်သက်၍ လူသား စွဲကိုင်ထားသော အယူသီးသည့် အတွေးများကို ပပျောက်စေခြင်းမှာ ဘုရားသခင်၏ ထာဝရ ရည်ရွယ်ချက် ဖြစ်ပြီး မကြာသေးမီ အချိန်ကပင် သူ့အတွက် ထိုရည်ရွယ်ချက်သည် အလောသုံးဆယ် ကိစ္စဖြစ်လာခဲ့သည်။ လူတိုင်းသည် ဤကိစ္စကို တိုး၍ဆင်ခြင်ကြရန် ငါမျှော်လင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

လူ့ဇာတိထဲသို့ ဘုရားသခင် ရောက်ရှိလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်မှုများကို လူသားတို့ တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မရှိသည့် ဝိညာဉ်တော်ကို လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်စေရန်ဖြစ်ပြီး၊ ကိုယ်တော့်ကို လူသားများ မြင်တွေ့ခွင့်နှင့် ထိကိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်တော်က ပြီးပြည့်စုံအောင် လုပ်ပေးခြင်းခံရသော ၎င်းတို့သည် ကိုယ်တော်နှင့်သာ နေ၍၊ ၎င်းတို့သည် ကိုယ်တော်အားဖြင့် ရယူခြင်းခံရကာ၊ ကိုယ်တော့်နှလုံးသားနင့် ညီနိုင်ပါလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပါက၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ ဘုရားသခင်ကို လူများသိခြင်းငှာ မတတ်နိုင်ဘဲ ရှိပါလိမ့်မည်။ သူတို့သည် အနှစ်မဲ့သော သီအိုရီကိုသာ အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောနိုင်ပါလိမ့်မည်။ လက်တွေ့အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမည်မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင် ရယူအောင်နိုင်သည့် သူများအတွက် စံပြအဖြစ် နမူနာအဖြစ် လုပ်ဆောင်ရန် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ကို လူသားတို့ ဧကန်အမှန် သိလာနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ ကိုယ်တော်ကို မြင်နိုင်သည်။ ထို့အခါမှသာ ဘုရားသခင်သည် သူတို့ကို စစ်မှန်စွာ ရရှိအောင်နိုင်လာပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

လူသားသည် သန့်စင်ခံရပြီးသည့် အခါတွင် အပြစ်ရှိသော သဘောသဘာဝ ကင်းမဲ့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်အပေါ် အနိုင်ရရှိခဲ့ပြီး ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ရန်လိုသည့် အင်အားစုများမှ လုံးဝ ကျူးကျော်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် လူသား၏ ဇာတိပကတိကို တိုက်ခိုက်နိုင်မည့် ရန်လိုသည့် အင်အားစုများလည်း ရှိလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူသားသည် လွတ်လပ်၍ သန့်ရှင်းလိမ့်မည်၊ သူသည် ထာဝရသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ရန်လိုသော အမှောင်ထု၏အင်အားများကို ချည်နှောင်ထားမှသာလျှင် လူသားသည် သွားလေရာ၌လွတ်လပ်၍ ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းများ ကင်းမဲ့မည်ဖြစ်သည်။ လူသား အဆင်ပြေရန်အတွက် စာတန်ကို ချည်နှောင်ထားရမည်ဖြစ်သည်။ ယနေ့ ၎င်းအဆင်မပြေရခြင်းမှာ[က] ကမ္ဘာမြေကြီး၏နေရာအနှံ့တွင် စာတန်သည် ဒုက္ခမွှေနှောက်လျက်ရှိဆဲ ဖြစ်သောကြောင့်နှင့် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု တစ်ရပ်လုံး အဆုံးသို့ရောက်ရှိရန် လိုသေးသည့်အတွက်ကြောင့် ဖြစ်သည်။ စာတန်ကျရှုံးသည်နှင့် တစ်ပြိုင်နက် လူသားသည် လုံးဝလွတ်မြောက်မည်ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုရရှိ၍ စာတန်၏ နယ်ပယ်အောက်မှ ထွက်လာသည့်အခါ ၎င်းသည် ဖြောင့်မတ်ခြင်း၏နေကို တွေ့လိမ့်မည်။ သာမန်လူသားတစ်ဦးနှင့် ထိုက်တန်သည့်ဘဝကို ပြန်လည်ရရှိလိမ့်မည်။ အကောင်းအဆိုး ကောင်းစွာသိနိုင်စွမ်း၊ မည်သို့စားရမည်နှင့် ဝတ်ဆင်ရမည်ကို နားလည်နိုင်စွမ်းနှင့် ပုံမှန်နေထိုင်နိုင်စွမ်း စသည်ဖြင့် ပုံမှန်လူသားတစ်ဦး ပိုင်ဆိုင်ရမည့် အရာအားလုံးကို ပြန်လည်ရရှိလိမ့်မည်။ ဧဝသည် မြွေ၏စုံစမ်းသွေးဆောင်ခြင်းကို မခံခဲ့ရလျှင်ပင် လူသားသည် အစအဦးတွင် ဖန်ဆင်းခံရပြီးနောက် ဤသို့သော ပုံမှန်ဘဝကို ရရှိခဲ့သင့်သည်။ ၎င်းသည် ကမ္ဘာမြေကြီးပေါ်ရှိ သာမန်လူသားတစ်ဦးကဲ့သို့ စားသောက်၊ ဝတ်ဆင်ကာ ဘဝကို နေထိုင်ခဲ့သင့်သည်။ သို့ရာတွင် လူသားသည် စာရိတ္တပျက်ပြားပြီးနောက်တွင် ဤဘဝသည် စိတ်ကူးယဉ်တစ်ခု ဖြစ်သွားခဲ့၍ ယနေ့တွင်ပင် လူသားသည် ဤသို့သောအရာများကို စိတ်မကူးရဲပါ။ အကယ်စင်စစ်မူ၊ လူသားတောင့်တသည့် လှပသောဘဝမှာ မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်၏၊ အကယ်၍ လူသားတွင် ဤသို့သောခရီးပန်းတိုင်သာမရှိပါက ကမ္ဘာမြေကြီးပေါ်ရှိ ၎င်း၏ စာရိတ္တပျက်ပြားသောဘဝသည် မည်သည့်အခါမျှ ရပ်ဆိုင်းမည်မဟုတ်ပေ။ ထို့အပြင် ဤသို့လှပသောဘဝသာ မရှိခဲ့လျှင် စာတန်၏ကံကြမ္မာ သို့မဟုတ် ကမ္ဘာမြေကြီးအပေါ် စာတန်အုပ်စိုးသည့် ခေတ်သည် အဆုံးသတ်လိမ့်မည် မဟုတ်ပေ။ လူသားသည် အမှောင်ထု၏ အင်အားများ လက်လှမ်းမမီသည့် နယ်ပယ်သို့ ရောက်ရှိရမည်ဖြစ်ကာ ထိုသို့ရောက်ရှိသည့်အခါ ဤသည်မှာ စာတန်ရှုံးနိမ့်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် စာတန်၏နှောင့်ယှက်မှု မရှိသည်နှင့် ဘုရားသခင်ကိုယ်တိုင်သည် လူသားမျိုးနွယ်ကို ထိန်းချုပ်လျက် သူသည် လူသား၏ ဘဝတစ်ခုလုံးကို ကွပ်ကဲ၍ထိန်းချုပ်မည်ဖြစ်သည်။ ဤသည်သာလျှင် စာတန်၏ရှုံးနိမ့်ခြင်းအဖြစ် အကျုံးဝင်လိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ငါ့နှုတ်ကပတ်များ ပြီးစီးပြီး နောက်တွင်၊ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်းနှင့် ဖြစ်တည်လာပြီး၊ လူသည် တဖြည်းဖြည်းနှင့် ပုံမှန်သဘောသို့ ပြန်၍ လှည့်လာခဲ့ကာ၊ ငါ့စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများ အားလုံးသည် ပုံမှန်လူ့အသက်တာအား ပြန်လည် ရရှိကြသည်။ အေးခဲသော ဆောင်းရာသီသည် ပျောက်ကွယ် သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီ ဖြစ်နေသည့် နွေဦး၏ မြို့များနှင့် လောကကြီးအား အစားထိုးလိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ်ရာ ကောင်းသော လူ့လောကကြီးအား ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုလည်း သူတို့ မကျော်ဖြတ်ရတော့ပါ။ လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် မတိုက်ခိုက်ကြတော့၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မတိုက် ကြတော့ပေ၊ လူအစုလိုက် အပြုံလိုက် သတ်ခြင်းလည်း မရှိတော့၊ လူအစုလိုက် အပြုံလိုက် သတ်ခြင်းမှ သွေးချောင်းစီးခြင်းများလည်း မရှိတော့။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုများနှင့် ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် လောကအနှံ့ လျှောက်သွားလျက်၊ ငါ့ပလ္လင်၏ အထက်မှ စံစားရင်း၊ ကြယ်များအကြားတွင် ငါကျိန်းဝပ်သည်။ ကောင်းကင်တမန်များသည် ငါ့အား အသစ်သော သီချင်းများ၊ အသစ်သော ကကွက်များနှင့် ပူဇော်ကြသည်။ သူတို့၏ ကျိုးပဲ့လွယ်မှုသည် သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များ ယိုစီးမှုကို မဖြစ်စေတော့။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရ၊ မည်သူကမျှလည်း ငါ့ထံသို့ ဆင်းရဲခက်ခဲမှုအား ညည်းတွားခြင်း မရှိ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၂၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

လူသားများ အားလုံးသည်စုံလင်ခြင်း ခံရပြီး ကမ္ဘာကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ခရစ်တော်၏ နိုင်ငံတော် ဖြစ်လာသောအခါ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးချိန် ဖြစ်လိမ့်မည်။ လက်ရှိနေ့ရက်သည် ယင်းအဆင့်၏ လားရာဘက်သို့ ဦးတည်နေသော ခြေလှမ်းကျဲ တစ်ခု ဖြစ်သည်၊ လာမည့်အချိန်၌် ညွှန်ကြားချက်ကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည် မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်―မဝေးတော့သည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်သည် သူပြောကြားခဲ့ပြီးသော အရာအားလုံးကို လုပ်ဆောင် ပြီးမြောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ တိုင်းနိုင်ငံများသည် မြင့်မားသော ဒီရေ နီးလာသည် နှင့် အညီ ဖိမ်ဖိမ့်တုန်နေသော သဲပေါ်မှ ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းလင်းသည်။ နောက်ဆုံးသော ကာလသည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ ဘုရားသခင်၏ အစီ အစဉ် သည် အောင်မြင်စွာ ဆောင်ရွက်ခြင်း ခံရကြောင်း သေချာစေရန် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များသည် ကမ္ဘာပေါ်သို့ ကြွဆင်းလာပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် ၎င်းတို့၏ အစွမ်းကုန် လုပ်ဆောင်လျက်ရှိသည်။ လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ တပ်ဖြန့်ထား၏။ လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းတွင် ရန်သူသည် ယင်းနေရာမှ ဖျက်ဆီးခံရသည်။ တရုတ်ပြည်သည် ဦးစွာ သုတ်သင်ချေမှုန်းခြင်း ခံရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ လက်တော်အားဖြင့် မွှေနှောက်ဖျက်ဆီးခြင်းကို ခံရမည်။ ဘုရားသခင်သည် တရုတ် ပြည်အား လုံးဝပင် သက်ညှာပေးမည်မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်ကို မည်သူမဆို သိသာစွာပင် မြင်တွေ့ နိုင်သည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျရှုံးခြင်း လက္ခဏာဖြစ်သည်။ ဤသည်က “ စစ်ဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အရိပ်အမြွက်မျှ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ငါသည် ငါ၏တန်ခိုးကို တရားဝင်ယူ၍ နိုင်ငံတော်တွင် ရှင်ဘုရင်အဖြစ် အုပ်စိုးသည့်အခါ ငါ၏လူတို့အားလုံးသည် အချိန်ကြာလာသည်နှင့်အမျှ ငါ့အားဖြင့် ပြည့်စုံစေခြင်းခံရလိမ့်မည်။ လောကနိုင်ငံအားလုံး ဖရိုဖရဲပြိုကွဲခြင်း ခံရသည့်အခါသည် ငါ၏နိုင်ငံတော်တည်ထောင်၍ ပုံဖော်ခြင်းခံရမည့်အချိန် အတိအကျဖြစ်လျက် ငါသည်လည်း ပုံသဏ္ဌာန်ပြောင်းလဲခြင်းခံရ၍ စကြဝဠာတစ်ခုလုံးသို့ လှည့်သည့်အချိန်အတိအကျလည်း ဖြစ်၏။ ထိုအချိန်တွင် လူတို့အားလုံးသည် ငါ၏ဘုန်းကြီးသော မျက်နှာကို၊ ငါ၏စစ်မှန်သော မျက်နှာကို မြင်ကြရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၁၄” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများ အားလုံးသည် ငါ၏ ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်း ပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေ လိမ့်မည်။ သို့သော်လည်း ဟောင်းသော လောကကြီး ဆက်လက်တည်ရှိနေသရွေ့ ငါသည် ငါ၏ ဒေါသအား ၎င်း၏ တိုင်းနိုင်ငံများ အပေါ်သို့ စေလွှတ်မည် ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာ တစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည် ဖြစ်ကာ၊ ယင်းတို့အား ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏ မျက်နှာအား လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏ အသံကို ကြားပြီး၊ ထိုသို့အားဖြင့် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏ အလိုနှင့် ဆန့်ကျင်ဘက်ပြုသော ထိုသူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့အား လူ၏ အပြုအမူများနှင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင် ရှိသည့် မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့အား အသစ် ပြုပြင်မည်ဖြစ်သည်၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ နောက်တစ်ဖန် ဖြစ်လိမ့်မည် မဟုတ်။ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေလှ စွာသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏ နှုတ်ကပတ်များမှ တစ်ဆင့် ခပ်သိမ်းသော အရာတို့သည် ပြီးပြည့်စုံလင် လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရ လိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီး အပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး၊ ငါ့အား ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင်၊ မာရ်နတ်နှင့် သက်ဆိုင် သော ထိုသူများ အားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်။ စာတန်အား ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏ လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ ရှိသော ထိုသူများမှ လွဲ၍၊ ကျန်သည့်သူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူပေါင်းများစွာတို့အား ငါသည် ပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ရှိသော ထိုသူတို့သည် ကွဲပြား ခြားနားသော အတိုင်းအတာများနှင့် ငါ၏ နိုင်ငံတော်သို့ ပြန်လာကြပြီး ငါ့အလုပ်များ၏ သိမ်းပိုက်အောင်နိုင် ခြင်းကို ခံကြရမည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် သန့်ရှင်းသည့် တစ်ပါးတည်းသော သူမှာ ဖြူသော မိုးတိမ်ကို စီးလျက် ရောက်ရှိလာသည်ကို မြင်ခဲ့ပြီး ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ် အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ထခဲ့ကြသော ထိုသူများ အားလုံးတို့သည် ပျက်စီးကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ သူတို့၏ အပြုအမူများတွင် ငါမပါဝင် ခဲ့သော ထိုသူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ကိုမိမိ ကင်းလွတ်စေခဲ့ကြခြင်းကြောင့် ထိုသူတို့သည် ကမ္ဘာ မြေကြီးပေါ်၌ ငါ၏ သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေများထံသို့နှင့် တိုင်းနိုင်ငံ အသင်္ချေများထံသို့ ငါကိုယ်တိုင်အား ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ် အားလုံးအတွက် ငါ၏ ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ ပကတိမျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီး အပေါ်တွင် ငါ၏ ပကတိအသံနှင့် မြွက်ဆိုမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

အောက်ခြေမှတ်စုများ-

(က) မူလစာသားတွင် “ ယနေ့၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ” ဟုရေးထား၏။

သက်ဆိုင်သည့် အကြောင်းအရာ

သင်နှစ်သက်နိုင်သည့် အရာများ