အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘာသာရေး ယုံကြည်မှုများကို ရှုတ်ချရန် အယူသည်းမှုများကိုအသုံးပြုရာ၌ စီစီပီ၏ ရည်ရွယ်ချက်များ

28

ဘာသာရေး ယုံကြည်မှုများကို ရှုတ်ချရန် အယူသည်းမှုများကိုအသုံးပြုရာ၌ စီစီပီ၏ ရည်ရွယ်ချက်များ

ဝမ်ခူပင်း (အယူဝါဒရိုက်သွင်းသည့်ဆရာတစ်ယောက်)-ပန်လုံမြူနီစပယ် ဥပဒေပညာရေးစင်တာရဲ့ အုပ်ချုပ်ရေးမှူး ဟီဟုန်ချန်းကို မိန့်ခွန်းပြောဖို့အတွက်။

ဟီဟိုချန်း (အယူဝါဒရိုက်သွင်းသည့် စင်တာ၏ ဒါရိုက်တာ)-မင်္ဂလာရှိတဲ့နေ့ပါ၊ သင်တန်းသားတို့။ ဘုရားကိုယုံတဲ့သူတွေ တစ်နေ့ထက်တစ်နေ့များလာခြင်းဟာ ဘာသာမဲ့တွေအတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကျွန်တော်တို့ပါတီနဲ့ လူ့အဖွဲ့အစည်းအတွက်လည်း ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ခရစ်ယာန်တွေကို ပြုပြင်ပြောင်းလဲဖို့ဟာ ကျွန်တော်တို့အစိုးရအတွက် ဦးစားပေးရမဲ့ အကြောင်းအရာတစ်ခု ဖြစ်လာပါပြီ။ ဒီအတွက်ကြောင့် အစိုးရဟာ အရင်းအနှီးတွေ အများကြီးအသုံးပြုပြီး၊ နိုင်ငံတဝှမ်းမှာ အတွေးအခေါ် ပြုပြင်ပြောင်းလဲရေး သင်တန်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။ တက္ကသိုလ်ပါမောက္ခတွေ၊ ကထိကတွေ၊ တရားဟောဆရာတွေကို ငှားရမ်းပြီး၊ ခင်ဗျားတို့ခရစ်ယာန်တွေကို ဘာသာမဲ့ပညာရေးအကြောင်း ပို့ချပြီး မာ့က်စ်နဲ့ လီနင်ရဲ့အတွေးအခေါ်တွေကို နားလည်လာအောင် သိပ္ပံပညာကို လေ့လာလိုက်စားချင်လာအောင် ဘုရားရှိတယ်ဆိုတဲ့ အတွေးအခေါ်နဲ့ အမြင်တွေ ပျက်ပြားသွားအောင် ပြုပြင်ပြီး၊ ခင်ဗျားတို့ရဲ့ ဘဝအမြင်နဲ့ ခံယူချက်တန်ဖိုးတွေ မှန်ကန်လာအောင် ပြင်ဆင်ပေးပြီး၊ ကွန်မြူနစ်ပါတီကို ယုံကြည်တဲ့ ကွန်မြူနစ်လမ်းစဉ်ကိုလျှောက်လှမ်းပြီး၊ ကွန်မြူနစ်ခေါင်းဆောင်မှုအောက်မှာ ဒီလူ့အဖွဲ့အစည်းမိသားစုနဲ့ တစ်သားတည်းဖြစ်လာမဲ့ ဘာသာမဲ့တွေအဖြစ် ပြောင်းလဲပေးမယ်။ ခင်ဗျားတို့အနာဂတ်တွေ ကောင်းဖို့အတွက် ဒီနည်းလမ်းတစ်ခုပဲရှိတယ်။ ပါတီနဲ့ အစိုးရကို ခင်ဗျားတို့တွေ ကျေးဇူးတင်သင့်တယ်။ ကျုပ်တို့တိုင်းပြည်ကပေးတဲ့ ပညာရေးကို လက်ခံပြီး၊ ပြည်သူလူထုနဲ့တစ်သားတည်းပြန်ဖြစ်အောင် မြန်နိုင်သမျှမြန်မြန် ကြိုးစားသင့်တယ်။ ခရစ်ယာန်များအတွက် အတွေးအခေါ် ပြုပြင်ပြောင်းလဲရေး ပန်လုံသင်တန်းကို တရားဝင်စတင်ဖွင့်လှစ်ကြောင်း ကြေညာပါတယ်။

ဝမ်ခူပင်း– ပြည်နယ်လူမှုသိပ္ပံသင်တန်းကျောင်းက ပါမောက္ခစွန်းယုံလီကို ဆက်လက်ဖိတ်ခေါ်ပါတယ်။

စန်းယောင်လီ (လူမှုသိပ္ပံကျောင်း၏ ပါမောက္ခတစ်ယောက်)-ကျောင်းသားတိုင်းကို ပြောချင်တာက အမြဲတမ်း စိတ်ကိုတင်းမထားပါနဲ့။ ဒီစာသင်ခန်းထဲမှာ ကျွန်တော်က ခင်ဗျားတို့ရဲ့ဆရာဆိုပေမဲ့၊ မိတ်ဆွေဆိုလည်း ဟုတ်ပါတယ်။ ကျွန်တော်ရှင်းပြသမျှကို ခင်ဗျားတို့အနေနဲ့ အလေးအနက် စဉ်းစားဖို့လိုတယ်။ သံသယရှိသမျှကို မေးခွန်းထုတ်ဖို့ ဝန်မလေးပါနဲ့။ ခင်ဗျားတို့ရဲ့ မေးခွန်းတွေနဲ့ သံသယတွေကို ဖြေဖျောက်ပေးဖို့အတွက် မာ့က်စ်နဲ့လီနင်တို့ရဲ့ အတွေးအခေါ်တွေကို ကျွန်တော်ကိုးကားပါ့မယ်။ အခု သင်တန်းကိုစလိုက်ကြရအောင်။

ခင်ဗျားတို့အားလုံးက ဘုရားသခင်ကိုယုံကြည်တယ်။ ကျွန်တော်ကတော့ မာ့က်စ်နဲ့ လီနင်ကို ယုံတယ်။ ဘာသာရေးယုံကြည်ချက်ပေါင်းစုံကို ကျွန်တော် လေ့လာခဲ့ပြီးပြီ၊ လေ့လာခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း ကျွန်တော့်အနေနဲ့ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဘာသာရေးအားလုံးဟာ ဘုရားတစ်ဆူဆူကိုတော့ ယုံကြည်ကြတာပဲ။ ဒါပေမဲ့ ဘယ်ယုံကြည်သူမှတော့ ဘုရားဆိုတာကို မမြင်ဖူးကြဘူး။ သူတို့ရဲ့ယုံကြည်ချက်က စိတ်ခံစားမှုသက်သက်ပေါ် အခြေခံထားတဲ့ ယုံကြည်မှုပဲ။ ဒါကြောင့် ဘာသာရေးယုံကြည်ချက်နဲ့ပတ်သက်ပြီး ကျွန်တော် ကောက်ချက်ချလိုက်တယ်။ ဘာသာရေးဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပဲ။ သိပ္ပံနည်းလမ်းလုံးဝမကျတဲ့ အယူသည်းမှုတစ်ခုပဲ။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ သိပ္ပံပညာဟာ အရမ်းတိုးတက်နေပြီ။ အမှားတွေမလုပ်မိအောင်အတွက် အရာရာတိုင်းဟာ သိပ္ပံပညာကို အခြေခံရမယ်။ ကွန်မြူနစ်ပါတီက သိပ္ပံပညာကိုယုံကြည်တယ်။ ဘုရားသခင်ကို မယုံကြည်ဘူး။ ခေတ်ပြောင်းတော်လှန်ရေး သီချင်းထဲမှာ “အားကိုးလောက်စရာ လောက ကယ်တင်ရှင်၊ နတ်ဘုရား … အရှင်သခင်ရယ်လို့ မရှိပြီ။ လူသားမျိုးနွယ် ပျော်ရွှင်ဖို့အတွက် မိမိကိုယ်ကိုသာ အားကိုးကြရမည်” သီချင်းထဲမှာ ” လောကကယ်တင်ရှင်ရယ်လို့ မရှိပြီ ” ဆိုပြီး ကြွေးကြော်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ဘုရားသခင်ကိုယုံကြည်ခဲ့ရတဲ့ အကြောင်းရင်းက၊ သူတို့ခေတ်မှာ နေတို့၊ လတို့၊ ကြယ်တို့လို အထူးအဆန်းကိစ္စတွေကို သိပ္ပံနည်းကျ ဖြေရှင်းနိုင်စွမ်း မရှိခဲ့ကြသေးလို့ပဲ။ ဒါကြောင့် သဘာဝလွန်အစွမ်းတွေကို ကြောက်လန့်တာတို့၊ သိချင်တာတို့ ဖြစ်လာတာပေါ့။ အဲဒီကနေ ရှေးအကျဆုံးဘာသာရေးအတွေးအခေါ်တွေ စပေါ်လာတာပဲ။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်တွေ ရောဂါဘယတွေလို အခက်အခဲမျိုးတွေကို လူသားတွေအနေနဲ့ မဖြေရှင်းနိုင်တဲ့အခါ၊ ဘုရားသခင်ကို ကိုးကွယ်ပြီး စိတ်သက်သာရာရှာကြတာပဲ။ ဘာသာရေးရဲ့ မူလအစက ဒါပဲ။ အတွေးအခေါ်နည်းလမ်းလည်းမကျ၊ သိပ္ပံနည်းလည်းမကျမှန်း မြင်နိုင်တယ်။ ကျွန်တော်တို့ခေတ်ကတော့ အများကြီးပိုတိုးတက်နေပြီ။ သိပ္ပံပညာလည်း ထွန်းကားလာပြီ။ အာကာသလေကြောင်းသိပ္ပံ၊ ဇီဝသိပ္ပံနည်းပညာ၊ မျိုးရိုးဗီဇပြောင်းလဲခြင်းနည်းပညာ၊ ဆေးပညာ အစရှိတဲ့ ပညာရပ်တွေမှာ လူသားမျိုးနွယ်ဟာ အများကြီး တိုးတက်လာခဲ့ပြီ။ အရင်တုန်းက ပြဿနာတွေကြုံ လာတဲ့အခါ ကျွန်တော်တို့က နားလည်းမလည်ဘူး။ ဖြေရှင်းနိုင်တဲ့နည်းလမ်းလည်း မရှိဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သိပ္ပံပညာကိုသုံးပြီး အရာအားလုံးကိုရှင်းပြနိုင်ပြီ။ သိပ္ပံပညာကိုအားကိုးပြီး ပြဿနာတွေအတွက် အဖြေရှာနိုင်ပြီ။ ဒီလို သိပ္ပံနဲ့နည်းပညာခေတ်ကြီးထဲမှာ ဘုရားကိုယုံကြည်တယ်ဆိုတာ တုံးအသလို ဖြစ်မနေဘူးလား။ နောက်ကောက်ကျကျန်ခဲ့လိမ့်မယ်လို့ မထင်မိဘူးလား။ ကျွန်တော်တို့ယုံကြည်နိုင်တာ သိပ္ပံပညာပဲရှိတယ်။ ခင်ဗျားတို့ သဘောတူလား။

ကျန်းမင်တောင် (ခရစ်ယာန်တစ်ယောက်)- ပါမောက္ခ ကျွန်တော့်အမြင်ကို ဆွေးနွေးချင်ပါတယ် ဆွေးနွေးလို့ရမလား။

စန်းယောင်လီ– ရပါတယ် သိပ်ကောင်းတာပေါ့ ပြောစရာရှိတာ ဘာပဲဖြစ်ဖြစ် ပြောလို့ရပါတယ် ကျန်းမင်တောင် ပြောစရာရှိတာ ပြောပါ။

ကျန်းမင်တောင်– ပါမောက္ခ ကျွန်တော်တို့ရဲ့ယုံကြည်မှုက သိပ္ပံပညာကို နားမလည်တဲ့လူတွေ သဘာဝလွန်ကိစ္စတွေကို ကြုံကြိုက်လာတဲ့အခါ၊ အယူသည်းပြီး အကြောက်တရားနဲ့ စူးစမ်းစိတ်ကြောင့် ဖြစ်လာတယ်လို့ ခင်ဗျားပြောတယ်နော်။ အဲဒီစကားက မှန်လည်းမမှန်ဘူး အထောက်အထားလည်း မရှိဘူး။ ဘာသာရေးနဲ့ ခင်ဗျားပြောတဲ့ အယူသည်းမှုဆိုတာ မတူပါဘူး။ ခင်ဗျားတို့ ကွန်မြူနစ်တွေက ဘာသာရေးယုံကြည်မှုကို အယူသည်းမှုသက်သက်ပဲဆိုပြီး ရှုတ်ချပိတ်ပင်ထားကြတယ်။ ကျွန်တော့်အမြင်ကတော့ ဒီလိုလုပ်တာဟာ အဓိပ္ပာယ်မရှိတဲ့ကိစ္စပဲ။ ကမ္ဘာပေါ်က အဓိကဘာသာကြီးတွေထဲမှာ ယုဒဘာသာ၊ ကတ်သလစ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတို့အားလုံးဟာ ဘုရားသခင်နဲ့ သခင်ယေရှုကို ယုံကြည်ကြတယ်။ ဒီဘာသာရေး ယုံကြည်မှုတစ်ခုတည်းသာ အစစ်အမှန်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်တုန်းက ပညတ်တော်ခေတ်အတွင်းမှာ ဘုရားသခင်ရဲ့ အမှုတော်ကြောင့် ယုဒဘာသာပေါ်ထွန်းလာခဲ့တယ်။ အစ္စရေးလူမျိုးတွေဟာ ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီး ဘုရားသခင်ရဲ့နာမတော်ကို သိခဲ့ကြတယ်။ တလျှောက်လုံး ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းပြီး၊ ယေဟောဝါရဲ့ ပညတ်တော်တွေကို လိုက်နာခဲ့ကြတယ်။ သူတို့အားလုံး ယေဟောဝါဘုရားသခင်ကို ကိုးကွယ်ခဲ့ကြတာပေါ့။ ယုဒဘာသာ ပေါ်ထွန်းလာခြင်းဟာ ပညတ်တော်ခေတ်အတွင်းမှာ ဘုရားသခင်ပြုတဲ့ အမှုတော်ကြောင့် ဖြစ်တယ်ဆိုတာ သေချာသိနိုင်ပါတယ်။ ကျေးဇူးတော်ခေတ်ကို ရောက်တဲ့အခါမှာတော့ ဘုရားသခင်ဟာ သခင်ယေရှုအဖြစ် လူ့ဇာတိခံယူပြီး အမှုတော်ကို စတင်လုပ်ဆောင်ခဲ့တယ်။ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပြီး လူသားမျိုးနွယ်အတွက် အပြစ်ကြွေးကိုပေးဆပ်သွားခဲ့တယ်။ သူ့ကိုယုံကြည်သူ အမြောက်အမြားကြောင့် သခင်ယေရှုရဲ့အသင်းတော် ပေါ်ထွက်လာခဲ့တယ်။ နှစ်ရာပေါင်းများစွာကြာပြီးတဲ့နောက်မှ ခရစ်ယာန်ဘာသာရယ်၊ ကတ်သလစ်ဘာသာရယ်၊ အရှေ့တိုင်းအော်သိုဒေါက် အသင်းတော်ရယ်ဆိုပြီး ပြောင်းလဲလာခဲ့တယ်။ ဒီဘာသာတွေဟာ ကမ္ဘာပေါ်မှာ ယုံကြည်သူအများဆုံး ဘာသာတွေပဲ။ ဒီဘာသာတွေအားလုံးဟာ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုတော်ကနေ ပေါ်ပေါက်လာတာပါ။ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြပြီး၊ တရားစီရင်ခဲ့ပြီးပြီ။ လူပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီး၊ ကယ်တင်ခဲ့ပြီးပြီ။ ယုံကြည်သူအစစ်အမှန်တွေဟာ ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီး၊ ပလ္လင်တော်ရှေ့မှောက်ကို ရောက်ခဲ့ကြပြီးပြီ။ အနန္တဘုန်းတန်ခိုးရှင် ဘုရားသခင်ရဲ့ အသင်းတော်ဟာ အဲဒီလိုပေါ်ထွက်လာခဲ့တာပါပဲ။ ဒီအချက်အလက်တွေက ဘာသာရေးယုံကြည်မှုဆိုတာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်တွေကြောင့်ဖြစ်လာတယ်ဆိုတာကို သက်သေပြနေပါတယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မရေမတွက်နိုင်တဲ့ ခရစ်ယာန်ပေါင်းများစွာရဲ့ ဘဝအတွေ့အကြုံတွေ ကနေတစ်ဆင့်လည်း သက်သေထူနိုင်တယ်။ ဘုရားသခင်ရဲ့ အသင်းတော် ဒါမှမဟုတ် ဘုရားသခင်ရွေးကောက်ထားတဲ့သူတွေကို ဘယ်လိုအင်အားမျိုးကမှ မဖြိုဖျက်မပိတ်ပင်နိုင်ဘူး။ ဒါ အမှန်တရားပဲ လူ့သမိုင်းအစကတည်းက ဘုရားသခင်ဟာ လူသားတွေကို လမ်းပြလာခဲ့၊ ရွေးနုတ်ကယ်တင်လာခဲ့တာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကြောင့် ကျွန်တော်တို့အားလုံး ရှေ့ခရီးဆက်နိုင်ခဲ့တာ။ ဒီအမှန်တရားတွေကို ဘယ်သူမှမငြင်းနိုင်ဘူး။ ပါမောက္ခ ခင်ဗျားက ဘာသာရေးယုံကြည်ချက်တွေကို အထူးပြုသုတေသနလုပ်တာလေ။ ဒီကိစ္စရပ်တွေကို နားလည်သင့်တာပေါ့။ ဘာသာရေးဆိုတာ မသိနားမလည်မှုကနေ ဆင်းသက်လာတာပါလို့ ပြောပြီး သမိုင်းအချက်အလက်တွေကို ဘာဖြစ်လို့ ပြောင်းပစ်တာလဲ။ အဲဒီပြောဆိုချက်တွေက အဓိပ္ပါယ်မရှိဖြစ်မနေဘူးလား။

ခူရှီကွမ် (ခရစ်ယာန်တစ်ယောက်)- ပါမောက္ခစွန်း၊ ခင်ဗျားက ဘာသာရေးယုံကြည်ချက်တွေကို နှစ်ပေါင်းများစွာ လေ့လာလိုက်စား ခဲ့တယ်နော်။ ဒါပေမဲ့ အကျိုးရှိတဲ့ရလဒ်တော့ ရခဲ့ပုံမပေါ်ဘူး။ အယူသည်းမှုနဲ့ ဘာသာရေးကိုတောင် ခွဲခြားမပြောနိုင်ဘူး။ ဒီအချက်က ခင်ဗျား ဘာသာရေးကိုနားမလည်ဘူးဆိုတာ ထောက်ပြနေတာပဲ။ ဒီနေ့ခေတ်မှာ ဘုရားသခင်ကိုယုံကြည်သူတွေက ပိုပိုပြီးများလာပြီ။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်က ယုံကြည်ကြတယ်။ ကမ္ဘာပေါ်က အတော်ဆုံးသိပ္ပံပညာရှင်အများကြီးလည်း ခရစ်ယာန်တွေဖြစ်ခဲ့ကြတာပဲ။ နယူတန်၊ ဂါလီလီယိုနဲ့ ကော်ပါးနီးကပ်စ်တို့ပေါ့။ ဒီလူတွေကိုရော အယူသည်းတယ်လို့ ခေါ်မှာလား။ သူတို့ကရော သိပ္ပံပညာကို အယုံအကြည်မရှိခဲ့ကြတဲ့သူတွေလား။ ရုပ်ဝတ္ထုလောကအကြောင်းကို စူးစမ်းအဖြေရှာတဲ့နေရာမှာတော့ သိပ္ပံပညာက အကျိုးရှိပါတယ်။ ဒါပေမဲ့ နာမ်ဝိညာဉ်လောကကို ရှာဖွေဖို့တော့ သိပ္ပံပညာဟာ အစွမ်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်ခြင်းက သိပ္ပံပညာအပေါ် အခြေခံထားတာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်တွေကြောင့် ယုံကြည်တာဖြစ်တယ်။ သမ္မာကျမ်းစာဆိုတာ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံထားတာဖြစ်ပြီး၊ လူသားမျိုးနွယ်ရဲ့ ဘုရားသခင်ရဲ့အမှုတော်နဲ့ကြုံဆုံခဲ့ရပုံတွေကို မှတ်သားထားတဲ့ သမိုင်းအထောက်အထားပဲ။ ကျမ်းစာထဲက ပရောဖက်တွေဟာ နောက်ဆုံးသောကာလမှာ ဘာတွေဖြစ်မယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဟောကိန်းထုတ်ခဲ့ကြတယ်။ ဒီပရောဖက်ပြုချက်တွေ အမှန်တကယ်ဖြစ်လာတာကို ကြည့်ပြီး ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဟာ အစစ်အမှန်ဖြစ်ကြောင်း လူသားမျိုးနွယ်နဲ့ စကြဝဠာတစ်ခုလုံးကို အုပ်စိုးတာ ဘုရားသခင်ဖြစ်ကြောင်း သိနိုင်တယ်။ ဒါကို ငြင်းဆန်လို့မရဘူး။

စန်းယောင်လီ– ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပြီး အုပ်စိုးတယ်လို့ ခင်ဗျားပြောတယ်နော်။ ကျွန်တော်ကတော့ မမြင်ရဘူး။ သိပ္ပံပညာနဲ့ အတည်မပြုရသေးတဲ့အတွက် ယုံမှာလည်းမဟုတ်ဘူး။ အရာအားလုံးဟာ သဘာဝတရားနဲ့ ဆင့်ကဲဖြစ်စဉ်ကြောင့် ပေါ်ထွန်းလာတာလို့ပဲ ယုံကြည်တယ်။ ဆိုရိုးအတိုင်းပြောရရင် “ စကားဆိုတာ လေမှာပဲပျောက်သွားတာ၊ ကိုယ်တိုင်ကိုယ်ကျမြင်မှယုံပါ” ဆိုသလို မမြင်ရတဲ့အရာဆိုတာ တကယ်မရှိနိုင်လို့ပဲ။ ဘုရားသခင်ကို ယုံကြည်သူတွေအကြောင်း တွေးကြည့်ရအောင်။ ယုံကြည်သူ ဘယ်လောက်ပဲများနေပါစေဦး၊ ဘုရားသခင်ကို ဘယ်သူမြင်ဖူးလဲ။ ဘုရားသခင်ကရော ဘယ်သူ့ကို ကိုယ်ထင်ပြဖူးလဲ။ ဘယ်သူမှ ဘုရားသခင်ကို မမြင်ဖူးဘူး။ ရှင်းရှင်းလေးပဲ၊ ဘယ်သူမှ မမြင်ဖူးတာဟာ ဘုရားသခင်မရှိဘူးဆိုတဲ့ သက်သေပဲ။ ဘုရားသခင်သာ တကယ်ရှိတယ်ဆိုရင်၊ ဒီလောက်ထိ ပစ္စည်းကိရိယာအစုံ အလင်သုံးနေကြတဲ့ သိပ္ပံပညာရှင်တွေက ဘာဖြစ်လို့မမြင်ရသေးတာလဲ။ ဒါကိုရော ရှင်းပြနိုင်လား။ မရှင်းပြနိုင်ဘူးဆိုရင် ခင်ဗျားတို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်မှုဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပေါ် အခြေခံထားတာပဲ။ ဆိုရိုးစကားတစ်ခုလိုပေါ့ “ ယုံရင်ရှိတယ်၊ မယုံရင် မရှိဘူး” ကျွန်တော့်အမြင်အရတော့ ယုံကြည်မှုအားလုံးက အဲဒီလိုပါပဲ။

ဟန်ဒေါင်မိန် (ခရစ်ယာန်တစ်ယောက်)- ပါမောက္ခ၊ လူတွေက ဘုရားသခင်ကိုမမြင်နိုင်ရင်၊ ဘုရားသခင်ဆိုတာ မရှိဘူးလို့ ရှင်ပြောတယ်နော်။ ဒါပေမဲ့ သုဿန်မှာ ငွေစက္ကူတွေမီးရှို့ပြီး၊ ရှိခိုးကန်တော့တဲ့အချိန်မှာ သေလွန်ပြီးသူတွေရဲ့ ဝိညာဉ်တွေကို ရှင်မြင်ရလား။ ရှေ့ဖြစ်ဟောဖို့အတွက် မကောင်းတဲ့ဝိညာဉ်တွေနဲ့ နတ်ဆရာတွေကို ရှာဖွေတဲ့အခါမှာရော တမလွန်လောကကို ရှင် မြင်နိုင်လား။ မမြင်ရဘူးဆိုရင် ဘာဖြစ်လို့ ငွေစက္ကူမီးရှို့တာတွေ၊ ရှိခိုးကန်တော့တာတွေ၊ နတ်ဆရာရှာတာတွေ လုပ်နေလဲ။ ရှင်က ဘုရားသခင်မရှိဘူးလို့ ခဏခဏပြောပြီး၊ လူတွေအများကြီးကို ဘာသာမဲ့ဖို့ဆွယ်နေပေမဲ့၊ နတ်ဘုရားအတုတွေကို ယုံကြည်ပြီး မကောင်းတဲ့ဝိညာဉ်တွေကို တိတ်တိတ်လေးကိုးကွယ်နေတာပဲ။ အဲဒီလုပ်ရပ်တွေကရော ရှင့်ရဲ့လူတွေကို မုသားတွေပြောပြီး၊ လိမ်ညာနေတာပဲမဟုတ်ဘူးလား။ စစ်မှန်သောဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်ဟာ အမှန်တရားဆိုတာကို၊ လူသားမျိုးနွယ်အတွက် အလင်းရောင်နဲ့ ကယ်တင်ခြင်းကို ယူဆောင်ပေးလာမယ်ဆိုတာကို၊ ရှင် မြင်နိုင်ရဲ့သားနဲ့ ခေါင်းမာမာနဲ့ ငြင်းဆန်နေတာ၊ ဘာသာမဲ့ဖို့အတွက် စစ်မှန်တဲ့ဘုရားသခင်အပေါ် ယုံကြည်ချက်ကို တွန်းလှန်နေတာ၊ ဘာသာရေးယုံကြည်မှုကို ဖိနှိပ်ပြီး ခရစ်ယာန်တွေကို နှိမ်နင်းနေတာပဲ။ အဲဒီလုပ်ရပ်ကိုက ပြဿနာဖြစ်မနေဘူးလား။ ပါမောက္ခစွန်း ကျွန်မတို့ကို အဲဒီအကြောင်း ရှင်းပြနိုင်မလား။ ဘုရားသခင်ဟာ နာမ်ဝိညာဉ်ဖြစ်တယ်၊ ဘုရားရဲ့ ဝိညာဉ်ခန္ဓာကို လူသားတွေမမြင်နိုင်ပေမဲ့၊ ဘုရားသခင် မိန့်မြွက်တဲ့ နှုတ်ကပတ်တော်ကို ကြားနိုင်တယ်။ ဘုရားသခင်ပြုတဲ့ အမှုတော်တွေကို မြင်နိုင်တယ်။ ဒီအချက်အလက်တွေကို ငြင်းဆန်လို့မရဘူး။ ဘုရားသခင်ဟာ လူသားတွေကို စကားပြောနေတာ၊ လမ်းပြနေတာ၊ ကယ်တင်နေတာ၊ လူသားအားလုံးရဲ့ ကံကြမ္မာကို အုပ်စိုးနေတာ နှစ်ထောင်ပေါင်းများစွာကြာခဲ့ပြီ။ ဘုရားသခင်ဟာ အမှုတော်အများကြီးကိုလည်း ပြုပြခဲ့ပြီးပြီ။ ဒီအရာတွေကို ကြုံခဲ့ရတဲ့လူသားတွေရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတကြောင့် စကားပုံတွေအများကြီးထွက်လာတာပေါ့၊ “ကောင်းကင်ဘုံရဲ့ဆန္ဒကို ယုံကြည်ပါ” တို့၊ “ လူကကြံစည်တယ်၊ ဘုရားကပယ်ဖျက်တယ်” တို့၊ “လူသားက မျိုးစေ့ချနိုင်ပေမဲ့၊ ရိတ်သိမ်းဖို့ကတော့ ကောင်းကင်ဘုံအပေါ်ပဲ မူတည်တယ်” တို့၊ “ ကောင်းကင်ဘုံက အမြဲတမ်း အဖြေတစ်ခုပေးတယ်” တို့၊ “ကောင်းကင်ဘုံရဲ့အကြံအစည်ဟာ လူသားအကြံအစည်ထက် ကြီးမြတ်တယ်” တို့၊ “ လူ့ကြမ္မာဟာ ကြယ်တွေပေါ်မှာကမ္ဗည်းထိုးပြီးသား” အစရှိတာတွေပေါ့။ ဒီစကားပုံတွေအားလုံးက ကျွန်မတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးကို စီမံအုပ်ချုပ်ပြီး၊ လူသားမျိုးနွယ်ကို ခေါင်းဆောင်နေတဲ့၊ ကောင်းချီးပေးနေတဲ့၊ ပျိုးထောင်ပေးနေတဲ့၊ အုပ်ချုပ်သူတစ်ပါးရှိတယ် ဆိုတာကို သက်သေပြနေတာပဲ။ ကြားဖူးနေကျ ဆိုရိုးတွေလည်း ရှိသေးတာပဲ၊ “ မင်းကိုစောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်ရှိတယ်” တို့၊ “လူတွေဘာလုပ်လဲ ကောင်းကင်ဘုံက စောင့်ကြည့်နေတယ်” တို့၊ “ ကိုယ်စိုက်တာကိုယ်ရိတ်သိမ်းရမှာပဲ” တို့ပေါ့။ ဒီဆိုရိုးတွေအားလုံးက ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအားလုံးရဲ့ အရှင်သခင်ဖြစ်ပြီး၊ အုပ်ချုပ်သူလည်း ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပဲ။ ဘုရားသခင်က အားလုံးကိုစောင့်ကြည့်နေတယ်။ လူသားတွေရဲ့ အပြုအမူတွေအလိုက် အပြစ်ပေးသင့်ရင်ပေးပြီး၊ သူတို့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။ ပါမောက္ခစွန်း၊ ရှင်က အတွေ့အကြုံတွေ အများကြီးရှိရဲ့သားနဲ့ ဒီအချက်တွေကို ဘာဖြစ်လို့လက်မခံနိုင်ရတာလဲ။

ကျန်းမင်တောင်– ပါမောက္ခက ဘုရားသခင်ကို ဘယ်သူမှမမြင်ဖူးလို့ တကယ်မရှိပါဘူးလို့ ပြောတယ်နော်။ အဲဒီစကားက မှားပါတယ်။ ဘုရားသခင်ရဲ့အမှုတော်နောက်ကို လိုက်လျှောက်ဖူးပြီလား။ သမ္မာကျမ်းစာကို ဖတ်ဖူးပြီးပြီလား။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ ဆိုတာကိုရော။ သမ္မာကျမ်းစာထဲမှာ “ အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” လို့ ပါတယ်။ (ရှင်ယောဟန် ၁:၁) လူတွေက ဘုရားသခင်ရဲ့ နာမ်ခန္ဓာကို မမြင်ဖူးကြပေမဲ့၊ အသံတော်ကိုကြားနိုင်တယ်။ ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို မြင်နိုင်တယ်။ ဘုရားသခင်ပြုတဲ့ အမှုတော်တွေကို ကြုံနိုင်တယ်။နှစ်ထောင်ပေါင်းများစွာအချိန်ယူပြီး ဘုရားသခင်က အဆင့်သုံးဆင့်လုပ်ဆောင်ခဲ့တယ်။ အစ္စရေးမှာတုန်းက အစ္စရေးလူမျိုးတွေကို ပညတ်တော်တွေ ချပေးပြီး၊ ပညတ်တော်ခေတ်ရဲ့ အမှုတော်ကို ပြုခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာတော့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဟာ ရွေးနုတ်ခြင်းအမှုကို ပြုခဲ့တယ်။ ယုံကြည်ခြင်းအားဖြင့် လူပေါင်းများစွာရဲ့ အပြစ်တွေလွတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ အသက်ရှင်နေထိုင်ပြီး ဘုရားရဲ့ ငြိမ်းအေးပျော်ရွှင်မှုကို ခံစားကြရတယ်။ နိုင်ငံတော်ခေတ်မှာတော့ သန့်စင်ပြီး ကယ်တင်ဖို့အတွက် သမ္မာတရားကို မိန့်မြွက်ပြီး၊ တရားစီခြင်းအမှုကို လုပ်ဆောင်ဖို့ ဘုရားသခင်ဟာ နောက်တဖန် လူ့ဇာတိခံပြီးပြီ။ ဘုရားသခင်ဟာ အမှုတော်ပေါင်းအများကြီး ပြုခဲ့ပြီးပြီ။ လူတွေက ဘာဖြစ်လို့များ မမြင်နိုင်ကြတာလဲ။ ဘုရားသခင်မရှိဘူးလို့ ဘယ်လိုစိတ်နဲ့ ပြောထွက်နိုင်ကြတာလဲ။ ကျွန်တော်တို့က ဘုရားသခင်ကိုယုံကြည်ဖို့ မျက်လုံးတွေသက်သက်ကို အားမကိုးဘူး။ ကျွန်တော်တို့ယုံကြည်မှုက ဘုရားသခင်ပြုတဲ့ အမှုတော်တွေအပေါ်မှာ အခြေခံတယ်။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဟာ နှုတ်ကပတ်တော်တွေ အများကြီး မိန့်မြွက်ခဲ့ပြီးပြီ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ လူတွေပြောနေကျစကားတွေနဲ့ မတူဘူး။ ဘယ်လိုသာမန်လူမှ ဒီစကားတွေကို ပြောမထွက်နိုင်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ဘုန်းတန်ခိုးနဲ့ အာနုဘော်ပါတယ်။ နေ့စဉ်နေ့တိုင်း ဘုရားရဲ့နှုတ်ကပတ်တော်ဟာ တကယ်ဖြစ်လာတယ်။ ဘုရားသခင်ရဲ့ အမှုတော်အဆင့်တိုင်းမှာ လူပေါင်းများစွာ ကယ်တင်ခြင်းခံရတယ်။ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်ကို ချီယူခြင်းခံရပြီး ဘုရားသခင်ရဲ့ တည်ရှိမှုနဲ့ စိတ်သဘောထားကို သိရှိခွင့်ရတယ်။ ဒီအကြောင်းရင်းတွေကြောင့် ယုံကြည်သူတွေ များသထက်များလာတာပဲ။ ဒီအမှန်တရားကို ဘာဖြစ်လို့များမမြင်နိုင်ရတာလဲ။ ပါမောက္ခစွန်း လက်ခံနိုင်မယ်ဆိုရင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဝေမျှချင်ပါတယ်။ ဒီနှုတ်ကပတ်တော်ကို ကြားပြီးတဲ့အခါ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းနဲ့ အုပ်စိုးပိုင်ခွင့်ကို ပိုပြီး သဘောပေါက်နားလည်လာပါလိမ့်မယ်။

ဟွာဝေကူ (အယူဝါဒရိုက်သွင်းသည့် ဌာနချုပ်၏ လုံခြုံရေးဌာန ဦးစီးမှူး)- ကျန်းမင်တောင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မင်းက ဒီမှာဖြန့်ဝေရဲတယ်ပေါ့လေ။ ဒါ ဘာနေရာလဲဆိုတာကိုရော မြင်ရဲ့လား။ ဆရာသင်ပေးတာကို လေးလေးနက်နက် နားထောင်လက်ခံပြီး ပြောင်းလဲဖို့ တိုက်တွန်းချင်တယ်။ ကျေးဇူးသိတတ်စမ်းပါ။

စန်းယောင်လီ– စိတ်မပူပါနဲ့၊ ကပ္ပတိန်၊ သူပြောနေတာ ပြီးအောင်ပြောပါစေ။ ကျန်းမင်တောင်၊ ပြောပါ၊ နားထောင်နေပါတယ်။ ဖြစ်ချင်တော့ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘာနှုတ်ကပတ်တော်တွေ ပြောထားလဲ ကျွန်တော်သိချင်နေတာ။

ကျန်းမင်တောင်– အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်- “ကျယ်ပြန့်လှသောစကြဝဠာထဲတွင် ဘဝနိယာမကို ထပ်တလဲလဲလိုက်နာလျက် ပုံသေစည်းကမ်း တစ်ရပ်ကို လိုက်နာကာ သက်ရှိသတ္တဝါမည်မျှသည် အသက်ရှင်လျက် မျိုးပွားနေကြသနည်း။ သေသူများသည် ရှင်သူများ၏ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူသွားကြပြီး ရှင်နေသူများသည် သေပြီးသောသူများ၏ ဝမ်းနည်းဖွယ်ရာ သမိုင်းတစ်ရပ်ကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားသည် မိမိကိုယ်ကို ကျွန်ုပ်တို့မည်သည့်အတွက် အသက်ရှင်သနည်း၊ အဘယ်ကြောင့် သေရသနည်း၊ ဤကမ္ဘာကို အုပ်ချုပ်သူမှာ မည်သူနည်း။ ဤလူသားမျိုးနွယ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ သဘာဝမိခင်က လူသားမျိုးနွယ်ကို အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အကယ်ပင် ထိန်းချုပ်နိုင်သလောဟု မမေးဘဲ မနေနိုင်တော့ပါ။… လူသားတို့သည် လူသားတို့၏အစနှင့် အနာဂတ်တို့ကို သိရန်မဆိုထားနှင့် စကြဝဠာရှိ အလုံးစုံသော အရာတို့၏ အချုပ်အခြာအာဏာရှင် မည်သူ ဖြစ်သည်ကိုပင် မသိပါ။ လူသားသည် ဤနိယာမအကြားတွင် မတတ်သာ၍ အသက်ရှင်နေရုံမျှသာ ဖြစ်သည်။ မည်သူမျှ ထိုအရာကို လွတ်မြောက်နိုင်ခြင်း မရှိ။ ပြောင်းလဲနိုင်ခြင်း မရှိ။ အကြောင်းမှာ အလုံးစုံသောအရာများအကြားနှင့် ကောင်းကင်ဘုံ၌ ခပ်သိမ်းသောအရာတို့အပေါ် ကမ္ဘာအဆက်ဆက် အချုပ်အခြာအာဏာရှိသူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ လူသားတို့ တစ်ခါမျှ မမြင်ဖူးသောသူ၊ လူသားတို့ တစ်ခါမျှ မသိဖူးသူ၊ ၎င်းရှိကြောင်း လူသားတို့တစ်ခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားတို့၏ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားတို့ကို အသက်ပေးခဲ့သူဖြစ်သည်။ လူသားများ ရှိနေရေးအတွက် ထောက်ပံ့အားဖြည့်ပေးနေပြီး ယနေ့တိုင် လူသားတို့ကို လမ်းပြသူဖြစ်သည်။ ထို့အပြင် သူသာလျှင် လူသားတို့ ရှင်သန်နေရေးအတွက် အားထားရာ ဖြစ်သည်။ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး စကြဝဠာအောက် သက်ရှိအားလုံးကို အုပ်စိုးသူ ဖြစ်သည်။ ရာသီလေးပါးကို ကွပ်ကဲအုပ်စိုးတော်မူ၍ လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်တော်မူသော သူဖြစ်သည်။ လူသားတို့ကို နေရောင်ပေး၍ ည၏ အလာကို ဆောင်ကျဉ်းသူဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ၊ လူသားတို့ကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ပေးသောသူမှာ သူဖြစ်သည်။ သူ၏အမှုသည် နေရာတိုင်းတွင်ရှိ၏။ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏။ သူ၏ဉာဏ်အမြော်အမြင်သည် နေရာတိုင်းတွင်ရှိ၏။ သူ၏အာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းတစ်ခုစီသည် သူ၏ အမှုကို ရုပ်လုံးပေါ်စေကာ ၎င်းတို့တစ်ခုစီတိုင်းသည် သူ၏ ဉာဏ်အမြော်အမြင်နှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ သူ၏ အချုပ်အခြာအာဏာမှ မိမိကိုယ်ကို လွတ်ငြိမ်းခွင့်ရအောင် မည်သူပြုလုပ်နိုင်သနည်း။ ထို့အပြင် သူ၏ အစီအမံများမှ မိမိကိုယ်ကို ထွက်ခွာခွင့်ရအောင် မည်သူပြုလုပ်နိုင်မည်နည်း။ အလုံးစုံသောအရာတို့သည် သူ၏ စူးစိုက်ကြည့်မှုအောက်တွင် ရှိသည့်အပြင် အလုံးစုံသော အရာတို့သည် သူ၏ အချုပ်အခြာအောက်တွင် ရှိပါသည်။ သူသည် အမှန်တကယ် တည်ရှိ၍ အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသော အချက်ကို သူ၏အမှုနှင့် အာဏာတို့ကြောင့် လူသားတို့သည် အခြားရွေးချယ်စရာမရှိဘဲ ဝန်ခံကြရပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဒေါင်ဝေ (ခရစ်ယာန်တစ်ယောက်)- ပါမောက္ခစွန်း ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဝေမျှချင်ပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ် “လူသား စတင်ဖြစ်တည် လာချိန်မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံထိန်းချုပ်ခြင်းနှင့် အရာအားလုံး၌ ပြောင်းလဲမှု စည်းချက်များနှင့် ၎င်းတို့ ရွေ့လျားသည့် လမ်းကြောင်းများတစ်လျှောက် လမ်းညွှန် ပြသပေးခြင်းဖြင့် သူ၏အလုပ်ကို ဤနည်းလမ်းဖြင့် လုပ်ဆောင်လျက် ရှိပါသည်။ ခပ်သိမ်းသောအရာများကဲ့သို့ လူသားသည် ဘုရားသခင်ထံ မှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက် နှင်းပေါက်တို့အားဖြင့် မသိသော်လည်း တိတ်တဆိတ် အာဟာရ ရရှိကြသည်။ ကျန်သည့် အရာအားလုံးနည်းတူ လူတို့သည် မသိသော်လည်း ဘုရားသခင် လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် နေထိုင်လျက်ရှိပါသည်။ လူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏ မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိပါသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိ ဖြစ်စေ သက်မဲ့ ဖြစ်စေ အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များ နှင့်အညီ ရွေ့လျား၊ ပြောင်းလဲ၊ ပြန်လည်စတင်ပြီး ကွယ်ပျောက် သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်၏ ဦးဆောင်တာဝန်ယူသည့် နည်းလမ်း ဖြစ်ပါသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

လိချွန်းယီ (ခရစ်ယာန်တစ်ယောက်)-အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီလိုလည်း မိန့်ပါတယ် “လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသော်လည်း၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ်မပြုသော်လည်း၊ စကြဝဠာထဲမှ အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံသဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်လှသည့် မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးထိန်းချုပ်ထားသည် ဆိုသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒပညာရှင်များနှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်ဗဟို၌ အရာအားလုံးကို စီစဉ်ညွှန်ကြားနေသည့် တန်ခိုးအစွမ်းရှိသူတစ်ဦး ရှိနေသည်ကို ဤအချက်က လူသားတို့အား ရင်ဆိုင်၍ လက်ခံအသိအမှတ်ပြုစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားကမျှ သူ၏အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်ဆိုသည်ကို လူသားသည် အသိအမှတ်ပြုရမည်၊ တစ်ချိန်တည်းမှာပင် လူသားတို့သည် ဤနိယာမတို့ကို အပြည့်အဝ နားမလည်နိုင်ဆိုသည်ကိုလည်း ဝန်ခံရမည်။ ၎င်းတို့သည် သဘာဝအလျောက် ပေါ်ပေါက်နေခြင်း မဟုတ်၊ အရှင်သခင်တစ်ယောက်က သတ်မှတ်ပေးခြင်းသာ ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

 

သက်ဆိုင်သည့် အကြောင်းအရာ