အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်ကို စီစီပီ၏ ငြင်းကွယ်ခြင်း နှင့် ရှုတ်ချခြင်း နောက်ကွယ်မှ စစ်မှန်သည့် ရည်မှန်းချက်

18

ဖန်လောင် (အယူဝါဒရိုက်သွင်းသည့် ဌာနချုပ်၏ လက်ထောက်ဒါရိုက်တာ)- အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပေါ်ထွန်းတဲ့ ဘုရားသခင်ဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်လို့ ပြောတယ်နော်။ ဘုရားသခင်က ဒီလောကကိုဖန်ဆင်းပြီး စိုးပိုင်တယ်လို့လည်း ပြောတယ်။ သမိုင်းတလျှောက်မှာ လူသားတွေကို လမ်းပြကယ်တင်ခဲ့တယ်လို့လည်း ပြောတယ်။ ခင်ဗျားရဲ့ယုံကြည်မှုတွေကို ချက်ကျလက်ကျ သက်သေပြလို့ ရလား။ ကွန်မြူနစ်ပါတီဝင်ကျွန်တော်တို့တွေက ဘာသာမဲ့တွေ ဘုရားသခင်ရဲ့ပညတ်တော်ကိုရော ဘုရားသခင်ရှိတယ်ဆိုတာကိုပါ နည်းနည်းလေးမှ လက်မခံဘူး။ ခင်ဗျားတို့ယုံကြည်တဲ့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကိုဆို ပိုတောင်လက်မခံဘူး။ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ လူသားဖြစ်ကြောင်း ရှင်းနေတာပဲ။ သူ့မှာ မိဘတွေ၊ မွေးချင်းတွေရှိတယ်။ ခရစ်ယာန်ဘာသာကတော့ သူ့ကို တစ်ဆူတည်းသောဘုရားအဖြစ် ကိုးကွယ်ဖို့ နားချကြတယ်။ တော်တော်အဓိပ္ပါယ်မရှိတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ယေရှုလိုပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူပဲ။ သူက လူ့ဇာတိခံယူတဲ့ဘုရားသခင်ပါလို့ ခင်ဗျားတို့က ဘာကြောင့်ယုံရတာလဲ။ ပြီးတော့ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင် ခရစ်တော်အဖြစ် ဘာကြောင့်လက်ခံရတာလဲ။ ဒါ ရူးမိုက်တာပဲ။ ဒါတွေအကုန်လုံး စိတ်ကူးယဉ် သက်သက်ပဲ။ ဘုရားသခင်ဆိုတာမရှိဘူး။ နောက်ပြီး လူ့ဇာတိခံယူတဲ့ဘုရားသခင်ဆိုတာ မရှိဘူး။ ကျွန်တော်ထပ်ပြောမယ် ဘုရားသခင်က လူအဖြစ်ကြွဆင်းလာတယ်လို့ ခင်ဗျားပြော တယ်နော်။ ခင်ဗျား ဘာနဲ့သက်သေပြ မလဲ။ ခင်ဗျားတို့ယုံကြည်မှုက ဘာအပေါ်မှာအခြေခံထားတာလဲဆိုတာ ကျွန်တော့်ကိုရှင်းပြနိုင်ကြရဲ့လား။

ခူရှီကွမ် (ခရစ်ယာန်တစ်ယောက်)-ကျွန်တော် စကားနည်းနည်းပြောချင်ပါတယ်။ဘုရားသခင်ဆိုတာ မမြင်နိုင်၊ မထိနိုင်တဲ့ နာမ်ဝိညာဉ်ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ လူသားတွေကြားနိုင်မြင်နိုင်တဲ့ အမှုတော်တွေပြုပြီး လူတွေကိုစကားပြောတယ်။ ဒါအမှန်တရားပဲ သမ္မာကျမ်းစာထဲမှာ ရေးသားထားတဲ့ မှတ်တမ်းတွေအရ အဲဒါကို မြင်နိုင်တယ်။ မိုးကြိုးသံအားဖြင့် ကျွန်တော်တို့ကို စကားပြောတယ်။ လောင်မီးအားဖြင့် ကျွန်တော်တို့ကို စကားပြောတယ်။ ကျွန်တော်တို့ကို တိုက်ရိုက်စကားပြောဖို့ လူ့ဇာတိကို သူခံယူနိုင်တယ်။ ဒါ ဘယ်သူမှငြင်းဆန်လို့မရတဲ့ အချက်တွေပဲ။ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်တစ်လျှောက်လုံးမှာ ဘုရားသခင်က လူသားတွေကို နှစ်ပေါင်းထောင်နဲ့ချီပြီး လမ်းပြခဲ့တာ ဒီအဆင့်တွေအားလုံးမှာ ဘုရားသခင်ဟာ စကားတွေအများကြီးပြောခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ သမ္မာတရားကို ပြောကြားဖို့အတွက် သခင်ယေရှုအဖြစ် လူ့ဇာတိခံယူခဲ့တယ်။ ကယ်နုတ်ခြင်းအမှုတော်ကိုဆောင်ရွက်ရင်း လူသားတွေရဲ့အပြစ်တွေကို ဖြေလွှတ်ဖို့အတွက် လက်ဝါးကပ်တိုင်မှာ ကားစင်တင်ခံခဲ့ရတယ်။ နိုင်ငံတော်ခေတ်မှာ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် နောက်တစ်ခါ လူ့ဇာတိခံယူလာခဲ့တယ်။ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်း အမှုကိုပြုဖို့ သမ္မာတရားကို ဖော်ပြခဲ့ပြီး လူတွေကို ကောင်းမွန်တဲ့ပန်းတိုင်ဆီ ခေါ်ဆောင်သွားဖို့ကြွလာခဲ့ပြီ။ ဒါကြောင့် ဆိုးယုတ်မှုနဲ့အမှောင်ထုရဲ့ခေတ်ဟာ အဆုံးသတ် ချိန်တိုင်ပြီ။ လူ့ဇာတိခံယူတဲ့ နှစ်ကြိမ်လုံးမှာ ဘုရားသခင်ပြောခဲ့တဲ့ နှုတ်ကပတ်တော်အားလုံးဟာ လူတွေကို ဘုရားသခင်ရဲ့အသံတော်ကို ကြားစေပြီး သူ့အမှုကို မြင်စေခဲ့တယ်။ တစ်ယောက်ပြီး တစ်ယောက် သူ့ကိုကိုးစားလာကြတယ်။ ဒါကြောင့် လူသားမျိုးနွယ်ဟာ ဘုရားသခင်ရဲ့ အကန့်အသတ်မဲ့ဘုန်းတန်ခိုးတော် ဉာဏ်ပညာတော် ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားလည်ပြီး၊ သူ့ရဲ့အမှုတော်ကို မြင်လာကြတယ်။ ဒါဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့အမှုတော်ကနေ စွမ်းဆောင်ရရှိတဲ့ အသိသာဆုံးရလဒ်ပဲ။ သာမန်လူတစ်ယောက်အနေနဲ့ ဒီကိစ္စတွေ တစ်ခုမှတတ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့လူသားတွေမှာ အချင်းချင်း ကယ်နုတ်ဖို့အမှန်တရားမပြောနဲ့ အမှန်တရားဆိုတာ ကိုတောင် လက်ဝယ်ပိုင်ပိုင်မရှိဘူး။ ဘုရားသခင်က ဘယ်လိုနည်းနဲ့ပဲ အမှုတော်ပြုပြု၊ စကားပြောပြော ဘုရားသခင်ပြုတဲ့အမှုတော်က ဘယ်လောက်ပဲကြီးမြတ်နေပါစေ၊ ဘုရားကိုယုံကြည်သူ ဘယ်လောက်ပဲများပါစေ၊ စာတန်အုပ်စုကတော့ ကိုယ်တော်ရဲ့ပေါ်ထွန်းခြင်းကို ရှုတ်ချဖို့ အတတ်နိုင်ဆုံးကြိုးစားကြမှာပဲ။ လူတွေ ဘုရားကိုငြင်းဆန်ပြီး သံသယဝင်လာအောင် အကြောင်းပြချက်ပေါင်းစုံပေးပြီး၊ လိမ်လည်ကြမှာပဲ။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်တော်ကိုငြင်းဆန်ပြီး ရှုတ်ချတယ်။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သာမန်လူတွေလို့ သမုတ်တယ်။ ဒါဟာ သမ္မာတရားကိုမုန်းတီးပြီး ဘုရားသခင်ကို ငြင်းဆန်တဲ့ ကွန်မြူနစ်ပါတီရဲ့ စာတန်စိတ် ကြောင့်ပဲ ကွန်မြူနစ်ပါတီဆိုတာ ကောင်းကင်ဘုံကို ရောက်နေရင်တောင် ဘုရားသခင်ရှိတယ်ဆိုတာကို ငြင်းမဲ့ ဘာသာမဲ့ပါတီပဲ။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ဘယ်လိုလုပ် လက်ခံမှာလဲ။ ကျွန်တော်ပြောတာ မှန်တယ်မဟုတ်လား။

လိချွန်းယီ (ခရစ်ယာန်တစ်ယောက်)-ဒါရိုက်တာပန် လက်တွေ့ကျတဲ့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဟာ ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သမ္မာတရားကိုဖော်ပြနိုင်ပြီး ဘုရားသခင် ကိုယ်တော်တိုင်ရဲ့အမှုကို လုပ်ဆောင်နိုင်တာကိုထောက်ရင် သိပ်ကိုထင်ရှားပါတယ်။ အပြင်ပန်းဟာ သာမန်လူဖြစ်ပေမယ့် သူက ဘုရားသခင် ဝိညာဉ်တော် လူအဖြစ်ဝင်စားလာတာပါ။ သူလုပ်သမျှ ပြောသမျှတိုင်းဟာ ဘုရားသခင်ဝိညာဉ်တော်ဖြစ်ကြောင်း ဖော်ပြနေတယ်။ လူသားတွေကို ရွေးနုတ်ကယ်တင်နိုင်တယ်။ ခေတ်သစ်အစပြုပေးနိုင်ပြီး ခေတ်ဟောင်းတွေကို အဆုံးသတ်ပေးနိုင်တယ်။ နောက်ဆုံးမှာတော့ လူသားကို ဘုရားသခင်ရဲ့နိုင်ငံတော်ထဲ ဝင်ခွင့်ပေးနိုင်တယ်။ လုံးဝသံသယဖြစ်စရာမလိုပါဘူး။ လူ့ဇာတိခံယူတဲ့ ခရစ်တော်ရဲ့အလုပ်ဟာ ဘုရားသခင်ကိုယ်တိုင်ရဲ့အလုပ်ပါပဲ။ ခရစ်တော်ဟာ ဘုရားသခင် ကိုယ်ထင်ပြခြင်းပဲ။ သခင်ယေရှုလိုပဲ အပြင်ပန်းမှာသာမန်လူဆိုပေမဲ့ “ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဆိုတဲ့ လမ်းကို ယူဆောင်ခဲ့ပြီး၊ ကျွန်တော်တို့ကို ရွေးနုတ်ခဲ့တယ်။ အံ့ဖွယ်အမှုတွေ အများကြီးပြုခဲ့တယ်။ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်တည်းနဲ့ ထောင်နဲ့ချီတဲ့လူတွေကို ကျွေးမွေးခဲ့တယ်။ အမိန့်တော်တစ်ခုတည်းနဲ့ လေနဲ့ပင်လယ်ကို ငြိမ်သက်စေခဲ့တယ်။ သေပြီးသားလူကို ရှင်သန်ထမြောက်စေခဲ့တယ်။ ဆက်ပြောရရင် အများကြီးပဲ သူဟောခဲ့တဲ့ သမ္မာတရားနဲ့ သူပြုခဲ့တဲ့ အံ့ဖွယ်အမှုတွေကို သာမန်လူသားတစ်ဦးအနေနဲ့ ဘယ်လိုမှမလုပ်နိုင်ဘူး ဒါကြောင့် ဘုရားသခင်ရဲ့အာဏာနဲ့ တန်ခိုးဟာ ပိုထင်ရှားပြီး သခင်ယေရှုဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ရွေးနုတ်ခြင်းဖြစ်တယ်ဆိုတာကို သက်သေပြနိုင်တယ်။ အဲဒီအချိန်တုန်းက ယုဒဘာသာရေးခေါင်းဆောင်တွေဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ ဘယ်လူသားမှမစွမ်းနိုင်တဲ့ အာဏာနဲ့ တန်ခိုးရှိကြောင်းကို သေချာသိကြပေမဲ့၊ သခင်ယေရှုဟာ သာမန်လူပါလို့ စွပ်စွဲကြပြီး ဘုရားသခင်ကို ပုန်ကန်တဲ့စကားတွေပြောတယ်။ နတ်ဆိုးတွေကိုလည်း နတ်ဆိုးဘုရင်ရဲ့အာဏာနဲ့နှင်တယ်လို့ စွပ်စွဲခဲ့ကြတယ်။ အဲဒီလိုအလိမ်တွေနဲ့ လူတွေကို လှည့်ဖြားပြီး၊ သခင်ယေရှုကို ငြင်းဆန်အောင် လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ ယုတ်မာတဲ့ သဘာဝဟာ ဘုရားသခင်ကို ဆန့်ကျင်ခြင်း သမ္မာတရားကို မုန်းတီးခြင်းဆိုတာ ရှင်းနေတာပဲ။ အခုချိန်မှာ ဘာသာရေး အသိုင်းအဝိုင်းတွေက သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်လို့ ယေဘုယျအားဖြင့် လက်ခံထားကြတယ်။ စာတန်နောက်လိုက်တွေ ကသာ ဘုရားကို ငြင်းဆန်ပြီး၊ ကျိန်ဆဲကြတယ်။ ကွန်မြူနစ်ပါတီဟာလည်း အဲဒီအတိုင်းပဲ လူ့ဇာတိခံယူတဲ့ခရစ်တော်ကို သာမန်လူလို့ပြောတယ်။ ခရစ်ယာန်အသင်းတော်တွေကို အစွန်းရောက်ဝါဒတွေအဖြစ် တံဆိပ်ကပ်ပြီး ကန့်သတ်ပစ်တယ်။ ဒီလိုတွေလုပ်တဲ့ တရုတ်ကွန်မြူနစ်ပါတီကရော ဆိုးယုတ်တဲ့သူတွေ မဟုတ်ဘူးလား။ သူတို့ကရော ဘုရားစကားနားမထောင်တဲ့ စာတန်နောက်လိုက်တွေ မဟုတ်ဘူးလား။

ဝမ်ခူပင်း (အယူဝါဒရိုက်သွင်းသည့်ဆရာတစ်ယောက်)- သတိပေးထားမယ်။ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ကို သက်သေထပ်ခံတဲ့သူ၊ မာ့က်စ်-လီနင် ဘာသာမဲ့ဝါဒကို ထပ်ဆန့်ကျင်တဲ့သူ ချက်ချင်း အချုပ်ချခံရမယ်။

ဖန်လောင်– ခင်ဗျားတို့တွေ ကိုယ့်အမြင် ကိုယ်ထုတ်ပြောတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ဘာပဲပြောပြော ကျွန်တော်ကတော့ ခင်ဗျားတို့ယုံကြည်နေတဲ့သူက သာမန်လူလို့ ထင်နေတုန်းပဲ။ ဒီလူအကြောင်းကို ခင်ဗျားတို့ အခု ယုံသလို ယုံနေတော့ရော အဆုံးသတ်ကျ ဘာအကျိုးအမြတ်ရမယ်ထင်လို့လဲ။ ပြောကြည့်ကြပါဦး။

ဒေါင်ဝေ (ခရစ်ယာန်တစ်ယောက်)- ဒါရိုက်တာ ဘုရားသခင်က ခရစ်တော်အဖြစ် လူ့ဇာတိခံယူတာဟာ အဓိကအားဖြင့် သမ္မာတရားကိုပြောဖို့နဲ့ လူသားတွေကို ကယ်တင်ပေးဖို့ပါ။ ခရစ်တော်ရဲ့ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်လို့ ရှင်တို့က လက်မှမခံဘဲ။ သူ့ကို ငြင်းပယ်မှာပေါ့။ ကျိန်ဆဲတောင် ကျိန်ဆဲသေးတာပဲ။ ခရစ်တော်ကို ယုံကြည်ကိုးစားပြီး ကိုးကွယ်တဲ့သူတွေသာ ဘုရားသခင်ဆီက သမ္မာတရားနဲ့ ကယ်တင်ခြင်းကို ရရှိမယ်။ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားတွေရဲ့အပြစ်ကို သန့်စင်ပေးပြီး၊ ကယ်နုတ်မယ့်သမ္မာတရားကို ဖော်ပြပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာလည်း သခင်ယေရှုလိုပဲ အပြင်ပန်းမှာ သာမန်ဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော် လူအဖြစ်ကြွဆင်းလာတာဖြစ်တယ်။ တစ်နည်းပြောရရင် သူက ဘုရားသခင်ပဲ ဘုရားသခင်ကိုယ်တော်တိုင်ပြုရမဲ့ အမှုတော်မျိုး ဟောပြောရမယ့်သမ္မာတရားမျိုးကို သူက ပြုနိုင်ဟောနိုင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားတွေပျက်စီးမှုရဲ့ အကြောင်းမှန်ကို ပြောပြပြီး၊ စာတန်ဟာ လူသားမျိုးနွယ်ကို ဘယ်လိုဖျက်ဆီးတာလဲဆိုတာကို နားလည်အောင် ရှင်းပြပြီးပြီ။ လူတွေကို ဘုရားသခင်တောင်းဆိုတဲ့အရာ
သူတို့မှာရှိသင့်တဲ့သမ္မာတရားကိုတောင် ပြောခဲ့ပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကျွန်မတို့ကို ထွန်းလင်းတောက်ပတဲ့လမ်းကို ခေါ်ဆောင်ပေးတယ်။ ရိုးသားမှုရှိဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အားဖြင့်အသက်ရှင်ဖို့ ပြောတယ်။ ဒီနည်းနဲ့ပဲ ကျွန်မတို့ ကောင်းချီးမင်္ဂလာတွေ ခံစားရရှိနိုင်မယ်။ ကျွန်မတို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်ပိုင်းမှာ ဘုရားရဲ့ အမှုတော်တွေကို ကြုံတွေ့လာရပြီး သမ္မာတရားတွေကို နားလည်လာတယ်၊ မသမ္မာမှုတွေကို စွန့်ပစ်၊ ဆိုးယုတ်ကောက်ကျစ်မှုတွေကို ခဝါချပြီး သန့်စင်စေခြင်းအမှုတော် အဆင့်ဆင့်ကို ခံစားနားလည်လာရတယ်။ ကျွန်မတို့ အသက်တာမှာ ရုန်းကန်ရှင်သန်ဖို့အတွက် ယုံကြည်ခြင်းအုတ်မြစ် ချပေးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် ကျွန်မတို့ ဒီလို ဖြစ်လာခဲ့ရတာဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားအစစ်ဖြစ်တယ်၊ လူတွေကို သန့်စင်စေပြီး ကယ်တင်ခြင်းပေးနိုင်တယ် ဆိုတာအတွက် သက်သေပါပဲ။ လူတွေကိုလည်း မာရ်နတ်ရဲ့ စိတ်နေသဘောတွေကို ပယ်ရှား စေပြီး၊ စာတန်လွှမ်းမိုးမှုကနေလည်း လွတ်မြောက်စေတယ်။ အံ့ဖွယ်လမ်းဆုံးပန်းတိုင်တစ်ခုကိုလည်း ဆောင်ယူပေးတယ်။ ဘုရားသခင်ကလွဲလို့ ဒီလိုအမှုတော်ကို ဘယ်သူများထမ်းဆောင်နိုင်ဦးမလဲ။ ကျွန်မတို့အပြစ်လုပ်မိအောင် အဓိကသွေးဆောင်နေတဲ့အရာကို ဘယ်သူကပယ်ဖျက်ပြီး၊ အပြစ်ရဲ့နွံကနေ ကျွန်မတို့ကို ကယ်တင်မှာလဲ။ ကျွန်မတို့ကို အံ့ဖွယ်ခရီးပန်းတိုင်ဆီ တခြားဘယ်သူက ခေါ်သွားနိုင်ဦးမှာလဲ။ ဘုရားသခင်ကိုယ်တော်တိုင်ကလွဲရင်၊ အဲဒီလိုဘုန်းတန်ခိုးမျိုးကို ဘယ်သူမှမပိုင်ဘူး။ လူ့ဇာတိခံယူတဲ့ခရစ်တော်ကလွဲရင်၊ သမ္မာတရားကို ဖော်ပြနိုင်တဲ့သူ ဘယ်သူမှ မရှိဘူး။ ဒါအမှန်တရားပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်ကြောင်း သက်သေပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင်ခရစ်တော်အဖြစ် ကြွဆင်းလာခြင်းပဲ။

ကျန်းမင်တောင် (ခရစ်ယာန်တစ်ယောက်)- ဒါရိုက်တာပန်၊ မစ္စတာဝမ် ခင်ဗျားတို့က လူ့ဇာတိခံယူတဲ့ဘုရားသခင်ကို ငြင်းပယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ အခုလိုမျိုးပေါ့၊ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရောဖတ် ကြည့်ဖူးလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်တွေကိုရော စိတ်ဝင်တစားလိုက် ကြည့်ဖူးလား။ မဖတ်ဖူး မကြည့်ဖူးဘူးဆိုရင် ခရစ်တော်ကို အခုငြင်းပယ်နေသလို မငြင်းပယ်တာကောင်းမယ်။ ဒါ့အပြင် ခရစ်တော်ကို အပြစ်ရှိပါတယ်လို့ မသတ်မှတ်ဖို့ အကြံပေးချင်တယ်။ ခွင့်ပြုမယ်ဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျမ်းပိုဒ်တချို့ကို ဝေမျှချင်တယ်။

အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောတယ် “ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာက သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။

သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက် ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ အသစ်သောကာလသို့ ဝင်ရောက်မည့် သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရ မီးလောင်၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော် ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးခဲ့သူ ဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်း ဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကို ငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ခွင့်ပြုချက်ကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏ မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင် ဆန့်ကျင်သောသူမှာ လူသားတစ်ဦး မဟုတ်၊ သင် ငြင်းပယ်သောသူမှာ သေးငယ်သည့် အရာလေးတစ်ခု မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့၊ အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည် မွေးဖွားခွင့်နှင့် ဘုရားသခင်၏ မျက်နှာကို မြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ကျန်းမင်တောင်– အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ခရစ်တော်အကြောင်းကို ကောင်းကောင်းရှင်းပြနိုင်တယ်။ ကျွန်တော်တို့ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီးဖတ်ဖူးတယ်။ အဲဒါကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်းရဲ့ သမ္မာတရားကို နားလည်နိုင်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်မြတ်ကို လက်ခံနိုင်တာဖြစ်တယ်။ သမ္မာတရားကိုနားမလည်ရင်၊ ဘုရားသခင်ရဲ့အမှုတော်ကိုလည်း အထင်မှားပြီး ကျိန်ဆဲတဲ့အဆင့်ထိ ရောက်နိုင်တယ်။ သမ္မာတရားနောက်လိုက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သိထားမှ ဘုရားသခင်ကိုဆန့်ကျင်တဲ့စကားမျိုး ပြောမထွက်ဘဲနေမယ်။ ဒါရိုက်တာပန် မစ္စတာဝမ် ဘုရားသခင် ဒါမှမဟုတ် လူ့ဇာတိခံယူတဲ့ဘုရားသခင်ကို မငြင်းပယ်ခင် နှစ်ခါပြန်စဉ်းစားဖို့ ကျွန်တော်တို့မျှော်လင့်တယ်။ ဘုရားကို စော်ကားမိမှာစိုးရိမ်လို့ပါ။

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားမှာ “ အနေနှင့်” ဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ