သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တရုတ်ကွန်မြူနစ်ပါတီက အဘယ်ကြောင့် ရှုတ်ချသနည်း

8

စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- မင်းတို့ရဲ့ဘုရားသခင်ကို ယုံကြည်မှုအကြောင်း ထပ်ပြီးဆွေးနွေးရလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဘယ်သူ တည်ထောင်ခဲ့တယ်ဆိုတာ မင်းတို့သိတာ သေချာလား။ ငါက ညွှန့်ပေါင်းတပ်ဦးမှာ အကြာကြီး အလုပ်လုပ်လာတာ။ ဘာသာတရားတွေကို ဆယ်စုနှစ်နဲ့ချီပြီး လေ့လာထားတယ်။ ဘာသာတရားအမျိုးမျိုးကို သေသေချာချာ ငါ နားလည်တယ်။ ငါတို့က အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်းကို နှစ်၂၀ ကျော်လောက် အထူးပြုလေ့လာထားတယ်။ အစိုးရဝါဒဖြန့်ချိရေး အချက်အလက်တွေအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျောင်းဆိုသူက တရုတ်ပြည်အရှေ့မြောက်ပိုင်းမှာ တည်ထောင်ခဲ့တယ်။ အသင်းတော်ကို သူက ဦးဆောင်တယ်။ ဒီလူက အသင်းတော်ရဲ့ယဇ်ပုရောဟိတ်ပဲ။ အသင်းတော်အဖွဲ့ဝင်တွေပြောတာတော့ သူ့ကို သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုခဲ့တယ်တဲ့ ။ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုတဲ့ ဒီလူရဲ့ဟောပြောမှုကို အသင်းဝင်တွေက ကြားနာကြတယ်။ အသင်းတော်ရဲ့အုပ်ချုပ်ရေးပိုင်းမှာလည်း သူ့စကားကို နားထောင်ကြတယ်။ မင်းတို့လို ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖတ်တယ်။ သူ့နာမတော်ကို တိုင်တည်ပြီး၊ ဆုတောင်းတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို ကျမ်းရင်းဩဝါဒအဖြစ် မှတ်ယူတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖြန့်ဝေကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့သူက ဒီလူပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို တကယ်တမ်း ဖန်တီးခဲ့တာက ဒီလူပဲဆိုတာ သေချာတယ်။ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ပါတီရဲ့အဆိုအရတော့ ဒါက အဲဒီလူရဲ့အဖွဲ့ပဲတဲ့ ငါလည်း မှန်တယ်လို့ထင်တယ်။ နားလည်ကြလား။

စစ်ယီ (ခရစ်ယာန်တစ်ယောက်)- အဖေ၊ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လေ့လာနေတာကြာပြီ၊ လေ့လာလို့ရတဲ့အဖြေက အဲဒါတဲ့လား။ ဒါဆို ပြောပါဦး ခရစ်ယာန်သာသနာကို ဘယ်သူတည်ထောင်ခဲ့လဲ။ ကက်သလစ်ဂိုဏ်းကိုရော ဘယ်သူတည်ထောင်ခဲ့လဲ။ တည်ထောင်ခဲ့တဲ့သူက ပေါလု ဖြစ်နိုင်လား၊ ပေတရု ဖြစ်နိုင်လား။ ဂျူးဘာသာကိုရော ဘယ်သူတည်ထောင်ခဲ့လဲ။ မောရှေဖြစ်နိုင်လား၊ အားလုံးက ယုတ္တိမတန်နေဘူးလား။ အဖေတို့ ဘုရားမဲ့တွေက ဘုရားသခင်ရဲ့တည်ရှိမှုကို လက်မှမခံတာ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဆိုရင် ပိုတောင် လက်ခံမှာမဟုတ်ဘူး။ လူ့ဇာတိခံ ခရစ်တော်က သမ္မာတရားကို ဘယ်လောက်ပဲ ဖော်ပြပါစေ၊ အမှုတော်ကို ဘယ်လောက်ပဲ ပြီးမြောက်ခဲ့ပါစေ၊ ကယ်တင်ခြင်းကို လူသားမျိုးနွယ်ဆီ ဘယ်လောက်ပဲ ယူလာခဲ့ပါစေ၊ အဖေတို့အားလုံးက ကိုယ်တော့်ကို ပစ်ပယ်ရှုတ်ချဖို့ ကြိုးပမ်းကြမှာပဲ မဟုတ်ဘူးလား။ ခရစ်ယာန်ဘာသာ ဒါမှမဟုတ် ကက်သလစ်သာသနာကို လူသားတစ်ဦးက တည်ထောင်ခဲ့တာလို့ အဖေ ထင်နေလား။ ဒါတွေက လူသားရဲ့အဖွဲ့အစည်းတွေတဲ့လား။ ဒါက အဖေ့ရဲ့အကြီးဆုံး ယုတ္တိမတန်ခြင်းပဲ။ သခင်ယေရှုသာ အမှုတော်ပြုဖို့ မပေါ်ထွန်းခဲ့ရင်၊ ဘယ်သူကမှ သခင့်ကို ယုံကြည်ခဲ့ကြမှာမဟုတ်ဘူး။ သခင့်နောက် လိုက်ခဲ့ကြမှာမဟုတ်ဘူး။ ခရစ်ယာန်ဘာသာဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ဒါ အမှန်တရားပဲမဟုတ်လား။ တမန်တော်တွေက ဘယ်လိုလုပ်ပြီး သူတို့ကိုယ်ပိုင်အသင်းတော်ကို ဖန်တီးနိုင်ခဲ့မှာလဲ။ ပေတရု ယောဟန်နဲ့ တခြားသော တမန်တော်တွေရဲ့ဦးဆောင်မှုအပေါ် လူတွေ လက်ခံကြတာကို၊ အခြေခံပြီး တမန်တော်တွေက ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့တယ်။ ဒါက လူတွေရဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ပြောနိုင်သလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားများစွာထဲကနေ ဘုရားသခင်ရဲ့အသံကို လူတွေ ကြားကြပြီး၊ ဘုရားသခင်ရှေ့မှောက် ပြန်ရောက်ခဲ့ကြတယ်။ အသင်းတော်ကို ဖွဲ့စည်းခဲ့ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းပြီးနောက်မှာ၊ ကိုယ်တော်က သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသုံးပြုခြင်းခံရတဲ့ အဲဒီလူကို သက်သေခံခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ခေါင်းဆောင်ပေါ့ ပညတ်တော်ခေတ်က မောရှေလို ကျေးဇူးတော်ခေတ်က တမန်တော်တွေလိုပေါ့။ သူဟာလည်း သူ့တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေကို ရေလောင်း ဦးဆောင် လမ်းပြဖို့အတွက် ဘုရားသခင်ရဲ့အသုံးပြုခြင်းခံရတဲ့ လူသားပါပဲ။ အဖေတို့ ကွန်မြူနစ်ပါတီက ဘုရားသခင်ရဲ့အမှုတော်နဲ့ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ငြင်းဆန်တဲ့အပြင်၊ ဘုရားသခင်ရဲ့ ရွေးကောက်ခံရသူတွေ ကိုးကွယ်ကြတဲ့ လူ့ဇာတိခံဘုရားသခင်ကိုတောင် ငြင်းပယ်တယ်လေ။ အဖေတို့မှာ ဖုံးကွယ်ထားတဲ့ အကြောင်းရင်း ရှိတယ်မဟုတ်လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းသာ မရှိခဲ့ရင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်လည်း မရှိနိုင်ပါဘူး။ ဒါက ငြင်းမရတဲ့အချက်ပဲ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ခရစ်ယာန်တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းကြမှန်း ပါတီက သိတယ် ဝတ်ပြုပွဲတွေမှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုပဲ ဖြန့်ဝေကြတယ်။ ဒါနဲ့များ ပါတီက ဘာလို့ ဒီ မုသားတွေအားလုံးကို ပြောနေသေးတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြတာပါ။ ဘုရားရဲ့ရွေးကောက်ခံရသူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသုံးပြုခြင်းခံရသူကို နာခံကြတယ်။ ဒါက အမှန်တကယ်ပါပဲ။

စစ်ရွီ (ခရစ်ယာန်တစ်ယောက်)- အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အဖေကြားရရင်၊ နားလည်သွားမှာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်၊ “ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူမှ ဆောင်ရွက်သည့် အလုပ်သည် ခရစ်တော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ဤသူမှာ လူသားတို့အကြား ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံထားရသူဖြစ်သည်၊ ဘုရားသခင်၏ ရွေးကောက်ခံထားရသူများ အားလုံးကို ဦးဆောင်ရန် သူရှိနေသည်၊ ထို့ပြင် သူသည် လူသားဖက်မှ ပူးပေါင်းဆောင်ရွက်မှုအလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း ခံထားရသူလည်းဖြစ်သည်။… သို့သော်ငြားလည်း ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသည့်သူမှာမူ ဘုရားသခင်၏ ပြင်ဆင်ပေးခြင်းကို ခံထားရသည့်သူဖြစ်ပြီး အစွမ်းအစအချို့ ပိုင်ဆိုင်ကာ လူ့သဘာဝရှိသောသူ ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကြိုတင်၍ ပြင်ဆင်ပေးခြင်းနှင့် စုံလင်အောင်ပြုပေးခြင်းကို ခံထားရသူဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အပြည့်အဝဦးဆောင်ခြင်းကို ခံရသည်၊ ထို့ပြင် အထူးသဖြင့် သူ၏အလုပ်နှင့် ပတ်သက်လာလျှင် သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ပေးခြင်းနှင့် ဦးစီးကွပ်ကဲခြင်းကို ခံရသည်၊ ယင်းအကြောင်းကြောင့် ဘုရားသခင်၏ ရွေးကောက်ခံထားရသောသူများကို ဦးဆောင်ခြင်းလမ်းကြောင်းတွင် တိမ်းစောင်းသွေဖည်မှုများ မရှိတော့ပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏အမှုတော်ကို ဧကန်မုချ တာဝန်ယူလေ့ရှိပြီး သူကိုယ်တိုင်ပင် အမြဲတမ်း လုပ်ဆောင်၍ဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အဖေ၊ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်” ထဲမှာ ခုနှစ်ခုမြောက် စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်က အခုလိုဆိုပါတယ်။ “အသင်းတော်၏အမှုနှင့်ကိစ္စရပ်များတွင် ဘုရားသခင်ကိုနာခံခြင်းမှလွဲ၍ အရာခပ်သိမ်းတွင် သင်သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသူ လူသား၏ ညွှန်ကြားချက်များကို လိုက်နာရမည်။ အနည်းငယ်ဆုံးသော ချိုးဖောက်မှုကိုပင် လက်မခံနိုင်ပါ။ သင်သည် လုံးဝလိုက်နာရမည်ဖြစ်ပြီး အမှန်အမှား ခွဲခြားစိတ်ဖြာခြင်း မပြုရ။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပါ။ အကြွင်းမဲ့နာခံခြင်းသည်သာ သင်နှင့်သက်ဆိုင်ရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

စစ်ရွီ- သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသုံးပြုခြင်းခံရသူရဲ့ခေါင်းဆောင်မှုကို ယုံကြည်သူတွေ လက်ခံတာက၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးတာဖြစ်သလို ဘုရားသခင်ကို နာခံတာပဲလေ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း လေ့လာတဲ့အချိန်မှာ ပါတီက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဘာလို့ မဖတ်ခဲ့တာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့် ၁၀ ခုကို ဘာလို့မတွေ့ကြတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဆီကနေ ဘာလို့မရှာခဲ့ကြလဲ။ ဘာဖြစ်လို့ သမ္မာတရားကို ဖြန့်ဝေခွင့် မပေးခဲ့တာလဲ။ အဖေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မဖတ်ခဲ့တော့၊ ဘုရားရဲ့အမှုတော်ကို နားမလည်ဘဲ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အပြင်ပန်းကနေ လေ့လာခဲ့တာပါ။ ဒီတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အဖေ ဘယ်လိုနားလည်နိုင်မှာလဲ။

စစ်ယီ- အဖေ၊ ပါတီက ကျွန်တော်တို့အသင်းတော်ကို လူတွေရဲ့အသင်းအဖွဲ့ဆိုပြီး ဘာလို့ပြောနေတာလဲ။ လူ့ဇာတိခံ ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာလို့ တစ်ခွန်းမှမပြောတာလဲ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်အကြောင်းကိုလည်း ဘာလို့ တစ်ခွန်းမှမပြောတာလဲ။ စီစီပီ အကြောက်ဆုံးက အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြထားတဲ့ သမ္မာတရားပဲ။ ဘာလို့လဲဆိုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်သူအားလုံးက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို သေချာဖတ်ပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံသွားကြမှန်း စီစီပီက သိတယ်လေ။ ဒီတော့ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ဆိုတာ တကယ်တော့ လူသားတစ်ယောက်က ဖန်တီးတဲ့အသင်းတော်ဆိုပြီး၊ လူတွေကို အာရုံလွှဲလိုက်တယ်။ ဒါမှ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ဖုံးကွယ်ထားလို့ရမယ်။ လူထုကလည်း အဲဒီလူကိုပဲ အာရုံစိုက်ကြလိမ့်မယ်လေ။ လူတွေ ဘုရားသခင်ကို မယုံကြည်အောင် မကိုးကွယ်အောင် တားဆီးဖို့ အစိုးရက ဒါကို လုပ်တာပါ။ အဲဒါကမှ သူတို့ရဲ့ရည်ရွယ်ချက်အစစ်ပဲ စီစီပီက အချက်အလက်တွေကို လိုရာဆွဲတယ်။ ဘုရားသခင် အမှုတော်ပြုဖို့ ပေါ်ထွန်းလာတဲ့ အသင်းတော်ကို လူတွေရဲ့အသင်းအဖွဲ့ဆိုပြီး ကြေညာတယ်။ ဒါက ဘုရားရဲ့အသင်းတော်ကို ဖိနှိပ်ညှဉ်းပန်းဖို့အတွက် စီစီပီရဲ့အကြောင်းပြချက်ပါပဲ။ စီစီပီက သိပ်ကို ကောက်ကျစ်ပြီး ယုတ်မာလွန်းတယ်။ ကျွန်တော်ပြောတာ မမှန်ဘူးလား။ သူတို့ပြောတာကို ဆန်းစစ်ရမယ်လေ။ သူတို့ကောလာဟလတွေကို နားထောင်လို့မဖြစ်ဘူး။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

သက်ဆိုင်သည့် အကြောင်းအရာ