အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလတွင် တရုတ်ပြည်၌ ဘုရားသခင်သည် လူ့ဇာတိခံယူပြီ ဖြစ်သည်၊ ဤအရာအတွက် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မည်သည့်အခြေခံချက် ရှိသနည်း။

3

၁) နောက်ဆုံးသောကာလတွင် တရုတ်ပြည်၌ ဘုရားသခင်သည် လူ့ဇာတိခံယူပြီ ဖြစ်သည်၊ ဤအရာအတွက် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မည်သည့်အခြေခံချက် ရှိသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။” (မာလ ၁:၁၁)

လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။” (မ ၂၄:၂၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နေရာများစွာ၌ ဘုရားသခင်သည် သိနိမ်မြေတွင် အောင်မြင်သူများ အဖွဲ့ကို ရမည်ဟု ပရောဖက်ပြုခဲ့သည်။ အောင်မြင်သူများကို ရမည့်နေရာသည် ကမ္ဘာ့၏ အရှေ့ပိုင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမည့် မြေနေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်မြေဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ထိုနေရာမှာ အဆင်းနီသော နဂါးကြီးမှ ဆင်းသက်လာသူများကို ရယူမည်ဖြစ်သည်၊ သို့မှသာ ၎င်းကို လုံးလုံး လျားလျား သိမ်းပိုက်ကာ အရှက်ရစေမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

ပရောဖက်များက ယေဟောဝါ၏အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ကြီးမြတ်လိမ့်မည်ဟု ဟောပြောခဲ့ကြပါသည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ပြန့်နှံ့လိမ့်မည်။ အဘယ်ကြောင့် ထိုသူတို့သည် ဤအကြောင်းအရာကို ပြောကြပါသလား။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားများ၏ ဘုရားသာ ဖြစ်ခဲ့မည်ဆိုလျှင် ဘုရားသခင်သည် ဣသရေလနိုင်ငံ၌သာ အလုပ်လုပ်ခဲ့မည်။ ထို့အပြင် ဘုရားသခင်သည် ဤအလုပ်ကို ပြန့်ပွားစေမည် မဟုတ်ပါ။ ပရောဖက်များအားဖြင့် ဤသို့ ဟောပြောစေခဲ့မှာလည်း မဟုတ်ပါ။ သို့သော် ဘုရားသခင်သည် ဤအကြောင်းအရာကို ဟောပြောစေခဲ့သည့်အတွက် ဘုရားသခင်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအပြင် တိုင်းနိုင်ငံတိုင်းနှင့် နေရာတိုင်းတွင် သူ၏အလုပ်ကို ပြန့်ပွားစေရန်အတွက် လိုအပ်လာပါသည်။ ဘုရားသခင်သည် ဤအရာကို ဖော်ပြခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့မည်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အစီအစဉ်ဖြစ်ပါသည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး လူသတ္တဝါအပေါင်းတို့၏ အရှင်သခင်ဖြစ်ပါသည်။ ဘုရားသခင်သည် ဣသရေလနိုင်ငံမှာပင်ဖြစ်စေ၊ ယုဒပြည်မှာပင်ဖြစ်စေ၊ သူ၏အလုပ်ကို စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးတွင် လုပ်ဆောင်ပါသည်။ ယနေ့တွင် တစ်ပါးအမျိုးသားတိုင်းနိုင်ငံတစ်ခုဖြစ်သည့် အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဘုရားသခင် လုပ်ဆောင်နေသည့်အလုပ်မှာ လူသားအားလုံးနှင့်ဆိုင်သည့် အလုပ်ပင် ဖြစ်နေပါသေးသည်။ ဣသရေလနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘုရားသခင်၏အလုပ် စတင်ခဲ့သော ဌာနချုပ် ဖြစ်နိုင်သလို တရုတ်ပြည်သည်လည်း တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအကြား ဘုရားသခင်၏အလုပ်အတွက် ဌာနချုပ်တစ်ခု ဖြစ်လာနိုင်ပါသည်။ “ယေဟောဝါ၏နာမတော်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ကြီးမြတ်မည်”ဟု ဟောပြောထားခြင်းကို ယခုမျက်မှောက်တွင် ဘုရားသခင်သည် မပြည့်စုံစေဘူးလား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ အရှင်သခင် ဖြစ်၏” မှ

နူတ်ကပတ်တော်ဖတ်ရူ့ခြင်း

ငါသည် ကောင်းကင်ဘုံအသစ်နှင့် မြေကြီးအသစ်သို့ ရောက်သွားသည့်အခါမှ ငါ့ဘုန်းတန်ခိုး၏ တစ်ခြားဘက်ကို ယူဆောင်ပြီး ၎င်းကို ခါနာန်ပြည်တွင် ဦးစွာဧကန်ဖော်ပြသည်။ ည၏ ပိန်းပိတ်အောင်မှောင်သော အမှောင်ထုအတွင်း နစ်မြုပ်နေသည့် တစ်ကမ္ဘာလုံး အလင်းသို့ရောက်ရှိခွင့် ရစေရန်အတွက် အလင်းရောင် အနည်းငယ်ဖြင့် တစ်ကမ္ဘာလုံး ထွန်းလင်းသွားစေမည်။ တစ်ကမ္ဘာလုံးရှိ လူသားများအား အလင်းမှ ခွန်အားရယူရန် လာရောက်စေပြီး နိုင်ငံတိုင်းတွင် ငါ၏ဘုန်းတန်ခိုး တိုးပွား စေလျက် အသစ်ပေါ်ထွန်းစေမည်။ ငါသည် လူ့ကမ္ဘာကို လွန်လေပြီးသော ကာလများစွာက လာရောက်ခဲ့ပြီး ငါ၏ဘုန်းကို ဣသရေလပြည်မှ အရှေ့တိုင်းသို့ ယူဆောင်လာခဲ့ကြောင်း လူသားအားလုံးကို သိစေမည်။ အကြောင်းမူကား ငါ၏ဘုန်းတန်ခိုးသည် ကျေးဇူးတော် ခေတ်မှ ယနေ့တိုင် ယူဆောင်လာခဲ့သော အရှေ့တိုင်းမှ ထွန်းလင်းသည်။ သို့သော် ငါသည် ဣသရေလပြည်မှ ထွက်ခွာလာသည် ဖြစ်ပြီး ထိုနေရာမှ အရှေ့တိုင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အရှေ့တိုင်း၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့် အခါမှ ကမ္ဘာတဝန်းရှိအမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည်လွန်ခဲ့သော ကာလများစွာတွင် ဣသရေလပြည်မှ ထွက်သွား၍ အရှေ့တိုင်းတွင် အသစ်တစ်ဖန် ပေါ်ထွက်လာနေသည်ကို တွေ့ရှိကြမည် ဖြစ်သည်။ ဣသရေလပြည်သို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ၎င်းမှထွက်ခွာလာခဲ့ခြင်းကြောင့် ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပါ။ အကြောင်းမူကား ငါ၏အမှုသည် စကြာဝဠာတစ်ခုလုံးကို လမ်းပြခြင်း ဖြစ်သည့်အပြင် အရှေ့တိုင်းမှ အနောက်တိုင်းသို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ၎င်းအကြောင်းရင်းကြောင့် ငါသည် အရှေ့တိုင်းသို့ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့တိုင်း သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။ ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းတစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါရှိခဲ့သော ဘုန်းတန်ခိုးကို မြင်စေမည်။ လွန်လေပြီးသော ကာလများစွာက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်။ မရေတွက် နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏အရှင်၊ တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များမှ ညှဉ်းပန်းခဲ့သည့် ငါ၏ရုပ်သွင် အပြည့်အဝကို ကြည့်စေမည်။ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုထမ်းပြီး အမှုကြီးကို ဆောင်ရွက်မည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ဖော်ပြမည်။ ယုဒပြည်တွင် ငါ၏ဘုန်းတန်ခိုး မရှိစေတော့ရန် ငါသည် ဘုန်းတန်ခိုးကို လွန်ခဲ့သောကာလများစွာက ယူလိုက်ကာ အရှေ့တိုင်းသို့ ယူဆောင်ခဲ့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ ငါ့ကို နှစ်ပေါင်းများစွာ စောင့်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကိုညှဉ်းပန်းသူလူသားမျိုးနွယ် အားလုံးအား ဘုန်းထင်ရှားသည့် ငါ၏မျက်နှာတစ်ခုလုံး ပြမည်။ နောက်ဆုံးသောကာလ ရောက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျှက်ရှိပြီး အရှေ့တိုင်းတွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျက် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံးကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့တိုင်းတွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တ သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မစဉ်းစားဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲနေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်း ဆိုင်လျှက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏ခံတွင်း အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင် မြတ်နိုးသည်။ အရှေ့တိုင်းမှသည် အနောက်တိုင်းအထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက်ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ ခံတွင်းရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့တိုင်းမှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့တိုင်း၏ သံလွင်တောင်ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့တိုင်း၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်းကို ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ်အကြားမှ ထွက်ခွာလာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကိုလာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်” မှ

သက်ဆိုင်သည့် အကြောင်းအရာ