အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

၂) နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှုများမှာ အဘယ်နည်း။

2

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေဟောဝါ၏အမှုမှာ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦးဖြစ်ခဲ့သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးပိုင်းဖြစ်ပြီး နောက်ဆုံးနိဂုံးချုပ်ပင် ဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ခဲ့ဖြစ်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီး၏ အဆုံးဆီသို့ ပို့ဆောင်ပေးရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သောနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ လက်ရှိအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်ပါ ပြီးပြည့်စုံသော အဆုံးသတ်ဆီသို့ ရောက်လာလိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မည်းဆုံးနေရာ၌ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားနှင့်စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသောဆန့်ကျင်မှု ပြုသူများဖြစ်ပြီး သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အစွမ်းအစကောင်းရှိသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်တုန်းက တပည့်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပါ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်မှာပင်လျှင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်သည်၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် တွေးခေါ်မှုအလေ့အထမှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အမူအကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ လက်ရှိစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် သူ၏ နောက်ဆက်တွဲအလုပ်သည် များစွာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူနိုင်လျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် ပြီးပြည့်စုံသော အဆုံးသတ်ဆီသို့ ရောက်ရှိလာပါလိမ့်မည်။ အမှန်အားဖြင့် သင်တို့အကြားရှိအမှုမှာ အောင်မြင်သည်နှင့် ယင်းသည် စကြာဝဠတစ်ခုလုံး၌ အောင်မြင်သည့်သဘောပင် ဖြစ်ပါလိမ့်မည်။ ဤသည်မှာ ငါသည် သင်တို့ကို စံပြပုံစံနှင့် နမူနာအဖြစ် ဆောင်ရွက်စေခြင်းအကြာင်းရင်း၏ အရေးပါမှုပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

တရုတ်လူမျိုးများသည် ဘုရားသခင်ကို မည်သည့်အခါကမျှ ယုံကြည်ခဲ့ကြခြင်းမရှိ၊ ယေဟောဝါကို မည်သည့်အခါကမျှ အစေခံခဲ့ကြခြင်းမရှိ၊ ယေရှုကို မည်သည့်အခါကမျှ အစေခံခဲ့ကြခြင်း မရှိပေ။ ၎င်းတို့ ပြုနိုင်ကြသည့် အရာတို့မှာ မြေပေါ်၌ဝပ်တွား၍ အရိုအသေပေးခြင်း၊ အမွှေးနံ့သာပေါင်း မီးရှို့ခြင်း၊ ရွှေစက္ကူ မီးရှို့်ခြင်းနှင့် ဗုဒ္ဓကို ကိုးကွယ်ခြင်းတို့သာ ဖြစ်သည်။ ၎င်းတို့သည် ရုပ်တုဆင်းတုများကိုသာ ကိုးကွယ်ကြသည်၊ ၎င်းတို့အားလုံးသည် တစ်ဖက်စွန်းရောက်သည်အထိ ဆန့်ကျင်ပုန်ကန်ကြသဖြင့် လူတို့၏ အဆင့်အတန်း နိမ့်ကျလေ သင်တို့ထံမှ ဘုရားသခင် ရရှိသောအရာမှာ ဘုန်းအသရေ ပို၍ပင် ဖြစ်လေ ဖြစ်ကြောင်း ပြသခြင်း ဖြစ်သည်။…အကယ်၍ ယာကုပ်၏အမျိုးအနွယ်များသည် တရုတ်နိုင်ငံ၊ ဤတိုင်းပြည်အပိုင်းအစပေါ်တွင် မွေးဖွားခဲ့ပြီး ၎င်းတို့မှာ သင်တို့အားလုံး ဖြစ်ခဲ့ပါက သင်တို့အထဲ၌ ပြုခဲ့သော အမှု၏ ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ စာတန်သည် အဘယ်အရာကို ဆိုလိမ့်မည်နည်း။ စာတန်က ဤသို့ဆိုလိမ့်မည်။ “သူတို့သည် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေခဲ့ကြသည်၊ သူတို့သည် ကိုယ်တော့်ကို ကနဦးကတည်းက နာခံခဲ့ကြပြီး ကိုယ်တော့်ကို သစ္စာဖောက်သည့် အတိတ်မှတ်တမ်း မရှိပါ။ သူတို့သည် လူသားမျိုးနွယ်များထဲတွင် အမှောင်မိုက်ဆုံး၊ အနိမ့်ကျဆုံး သို့မဟုတ် အနောက်ကျဆုံးသူများ မဟုတ်ကြပါ။” အကယ်၍ ဤနည်းဖြင့် အမှန်တကယ် အမှုပြုမည်ဆိုပါက ဤအမှုအားဖြင့် မည်သူသည် လက်ခံယုံကြည်လာလိမ့်မည်နည်း။ စကြဝဠာတစ်ခုလုံးတွင် တရုတ်လူမျိုးများသည် အနောက်ကျဆုံး လူများ ဖြစ်သည်။ ၎င်းတို့သည် နိမ့်ကျသော ဂုဏ်သိက္ခာဖြင့် အောက်တန်းကျစွာ မွေးဖွားလာကြသည်၊ ၎င်းတို့သည် ဉာဏ်ထိုင်းပြီး ထုံကြသည်သာမက ၎င်းတို့သည် အရှက်အကြောက်မရှိဘဲ အကျင့်စာရိတ္တပျက်ပြားကြသည်။ ၎င်းတို့သည် စာတန်နှင့်ဆိုင်သော စိတ်သဘောထားများ၊ ညစ်ညူးမှုနှင့် ကာမဂုဏ်လွန်ကျူးမှုဖြင့် ရွဲစိုလျက်ရှိသည်။ ထိုအရာအားလုံး သင်တို့၌ရှိကြသည်။ ဤအမှု ပြီးပြည့်စုံသည့်အခါ လူတို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပစ်ပယ်ကာ ဖန်ဆင်းခံလုံးလုံး ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အမှုအမျိုးအစားမှ အသီးအပွင့်ကိုသာ ဖန်ဆင်းခံအရာတို့အကြားရှိ သက်သေခံချက်ဟု ခေါ်ဆိုနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘအမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်” မှ

မောဘ၏အမျိုးအနွယ်တို့အပေါ် ယခုအမှုပြုနေခြင်းသည် အမှောင်မိုက်ဆုံး အရပ်များထဲသို့ ကျဆင်းခဲ့သောသူများကို ကယ်တင်ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသော်လည်း ဘုရားသခင်သည် သူတို့ထံမှ ဘုန်းအသရေကိုရရန် အလိုတော်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အစကတည်းက ဘုရားသခင် မရှိသောသူများ ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ ကိုယ်တော်ကိုနာခံပြီး ချစ်သောသူများဖြစ်စေခြင်းသာလျှင် စစ်မှန်သော သိမ်းပိုက်ခြင်းဖြစ်ပြီး ယင်းကဲ့သို့သော အမှု၏အသီးအပွင့်မှာ တန်ဖိုးအရှိဆုံးနှင့် အယုံကြည်ရဆုံး ဖြစ်သည်။ ဤအရာသည်သာလျှင် ဘုန်းအသရေ ရရှိခြင်းဖြစ်သည်၊ ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင် အလိုရှိသည့် ဘုန်းအသရေ ဖြစ်သည်။ ဤလူတို့သည် အဆင့်အတန်း နိမ့်ကျသော်လည်း ၎င်းတို့သည် ယခုအခါ ထိုကဲ့သို့သော ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိနိုင်ကြပြီး ၎င်းမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း အစစ်အမှန် ဖြစ်သည်။ ဤအမှုမှာ အလွန်အဓိပ္ပာယ်ရှိပြီး ကိုယ်တော်သည် တရားစီရင်ခြင်းအားဖြင့် ဤလူတို့ကို ရယူခြင်း ဖြစ်သည်။ ကိုယ်တော်သည် ၎င်းတို့ကို တမင်တကာ အပြစ်ပေးနေခြင်း မဟုတ်ဘဲ ၎င်းတို့ကို ကယ်တင်ရန် ကြွလာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ နောက်ဆုံးသောကာလအတွင်း ကိုယ်တော်သည် ဣသရေလနိုင်ငံ၌ သိမ်းပိုက်ခြင်းအမှုကို ဆက်၍ လုပ်ဆောင်နေခဲ့သေးမည်ဆိုပါက ၎င်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ၊ အကယ်၍ အသီးအပွင့် ဖြစ်ထွန်းခဲ့လျှင်လည်း ၎င်းမှာ တန်ဖိုး သို့မဟုတ် ကြီးမားသော ရည်ရွယ်ချက် တစ်စုံတစ်ခု ရှိလိမ့်မည် မဟုတ်ဘဲ ကိုယ်တော်သည် ဘုန်းအသရေအားလုံးကို ရနိုင်လိမ့်မည် မဟုတ်ပေ။ ကိုယ်တော်သည် အမှောက်မိုက်ဆုံး အရပ်များထဲသို့ ကျဆင်းခဲ့သော၊ အလွန်နောက်ကျကျန်သောသူများ ဖြစ်ကြသည့် သင်တို့အပေါ်၌ အမှုပြုနေသည်။ ဤလူတို့သည် ဘုရားသခင်တစ်ဆူ ရှိကြောင်းကို အသိအမှတ်ပြုခြင်း မရှိဘဲ ဘုရားသခင်တစ်ဆူ ရှိကြောင်းကိုလည်း မည်သည့်အခါကမျှ မသိခဲ့ကြပေ။ ဤ ဖန်ဆင်းခံဆက်ရှိများသည် ဘုရားသခင်ကို မေ့လျော့သွားသည့် အခြေအနေအထိ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့သည် စာတန်၏ မျက်စိအမှောင်ချထားခြင်းကို ခံခဲ့ကြရပြီး ၎င်းတို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင်တစ်ဆူ ရှိကြောင်းကို လုံးလုံးလျားလျား မသိကြပေ။ သင်တို့အားလုံးသည် သင်တို့၏ စိတ်နှလုံးများထဲတွင် ရုပ်တုဆင်းတုများကို ကိုးကွယ်ကြသည်၊ စာတန်ကို ကိုးကွယ်ကြသည်၊ သင်တို့သည် အနိမ့်ကျဆုံး၊ အလွန်နောက်ကျကျန်သောလူများ မဟုတ်သလော။ သင်တို့သည် ဇာတိပကတိထဲတွင် အနိမ့်ကျဆုံး၊ ကိုယ်ပိုင် လွတ်လပ်မှု တစ်စုံတစ်ရာ ကင်းမဲ့သောသူများဖြစ်ကြပြီး သင်တို့သည် အခက်အခဲများကိုလည်း ကြုံတွေ့ကြရသည်။ သင်တို့သည် ဤလူ့အဖွဲ့အစည်းထဲတွင် လွတ်လပ်စွာ ယုံကြည်နိုင်မှုပင်လျှင် မရှိသော အနိမ့်ကျဆုံး အဆင့်၌ ရှိသောလူများလည်း ဖြစ်ကြသည်။ ဤသည်မှာ သင်တို့အပေါ်၌ အမှုပြုနေခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘအမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်” မှ

နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှုများမှာ အဘယ်နည်း။

ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခဲ့စဉ်က သူသည် လောကနှင့် မစပ်ဆိုင်ခဲ့သည့်အပြင် ကာမဂုဏ် ခံစားရန်အတွက် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ သူ၏ စိတ်သဘောထားကို အကောင်းဆုံး ထုတ်ဖော်ပြီး အဓိပ္ပာယ်အရှိဆုံး ဖြစ်မည့် အမှုကိုပြုမည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာပင်ဖြစ်သည်။ ထိုတိုင်းပြည်မှာ သန့်ရှင်းသောတိုင်းပြည် သို့မဟုတ် ညစ်ညူးသောတိုင်းပြည် ဖြစ်ပါစေ၊ မည်သည့်နေရာ၌မဆို သူအမှုပြုပါစေ သူသည် သန့်ရှင်းသည်။ လောကထဲတွင်ရှိသမျှကို သူဖန်ဆင်းခဲ့ခြင်းဖြစ်သည်၊ အရာခပ်သိမ်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းသာ ဖြစ်သည်။ သို့သော်လည်း အရာအားလုံးကို သူဆက်၍ ပိုင်ဆိုင်သေးသည်၊ ၎င်းတို့အားလုံးသည် သူ၏ လက်တော်ထဲတွင် ရှိကြသည်။ အမှုပြုရန်အတွက် ညစ်ညူးသောတိုင်းပြည်သို့ သူကြွလာခြင်းမှာ သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ရန် ဖြစ်သည်၊ သူသည် ဤအရာကို သူ၏အမှုအတွက် ပြုခြင်းဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုသော် ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အတွက် သူသည် ဤနည်းဖြင့် အမှုပြုရန် ကြီးစွာသော မျက်နှာပျက်ရခြင်းကို သည်းခံတော်မူသည်။ ဤသည်မှာ သက်သေခံများအတွက် ဖြစ်ပြီး လူသားအားလုံးအတွက်လည်း ဖြစ်သည်။ ဤကဲ့သို့ အမှုမျိုးသည် လူတို့ကို မြင်စေသောအရာမှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး ၎င်းသည် ဘုရားသခင်၏ ထူးမြတ်ခြင်းကို ပို၍ပြသနိုင်သည်။ မည်သူမျှ အလွန် ထည့်စဉ်းစားခြင်း မရှိသည့် အရေးမပါသော လူတစ်စုကို ကယ်တင်ခြင်းအားဖြင့် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းကို ပြခြင်းဖြစ်သည်။ ညစ်ညူးသောတိုင်းပြည်တစ်ခုတွင် မွေးဖွားခဲ့ခြင်းမှာ သူသည် အရေးမပါကြောင်း သက်သေပြခြင်း လုံးဝ မဟုတ်ပါ၊ ၎င်းမှာ သူ၏ ကြီးမြတ်ခြင်းနှင့် လူသားများအတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းခံအားလုံး မြင်တွေ့စေရန်သာ ဖြစ်သည်။ ဤနည်းဖြင့် သူအမှုပြုလေ လူသားများအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ချို့ယွင်းချက်မရှိသော ချစ်ခြင်းမေတ္တာကို ပို၍ ထုတ်ဖော်လေဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘအမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်” မှ

စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူတစ်စုအပေါ်တွင် အာရုံစူးစိုက်ထားလျက်ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုအားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့၏၊ သူသည် စကြဝဠာတစ်ခွင်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အားပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် မင်္ဂလာရှိသူများ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းတော်အား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလလူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိမည့်သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းတော်အား ဆက်ခံသော သူများလည်း သာ၍ ဖြစ်နေသည်။ “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏” ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ်ရာနေရာ၌ ရက်စက်စွာ ဒုက္ခပေးခြင်းကို ခံစားရသူများအပေါ် ပြီးပြည့်စုံစေမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။ ဘုရားသခင်အား ဆန့်ကျင်သည့်နယ်မြေတွင် ဤအမှုအား ဆောင်ရွက်နေစဉ်အတွင်း ဘုရားသခင်၏အမှုအားလုံးသည် လွန်ကဲသည့် အတားအဆီးများနှင့် တွေ့ကြုံရကာ သူ၏နှုတ်ကပတ်တော် များစွာသည်လည်း အချိန်အခါ ကောင်း၌ ပြည့်စုံနိုင်ခြင်း မရှိပေ၊ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းခံကြရသည်။ ၎င်းအရာသည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေ၌ သူ၏အမှုအား လုပ်ဆောင်ရခြင်းသည် ဘုရားသခင်အဖို့ လွန်စွာ အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်သော်လည်း ဘုရားသခင်သည် သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူစုအား စုံလင်စေရန် ဤအခွင့်အရေးကို အသုံးချသည်။ လူတို့၏ ဒုက္ခခံစားရခြင်း၊ သူတို့၏ အရည်အသွေးနှင့် ဤမသန့်ရှင်းသည့် နယ်မြေ၌ ရှိနေကြသည့် လူတို့၏ စာတန်ဆန်သော သဘောထားအားလုံးတို့ကြောင့်၊ ဘုရားသခင်သည် သူ၏ သန့်ရှင်းစေခြင်းနှင့် သိမ်းပိုက်အောင်မြင်ခြင်းအမှုအား ပြုရခြင်းဖြစ်ပြီး ထိုအရာမှတဆင့် သူဘုန်းပွင့်ကာ လုပ်ရပ်များအား သက်သေခံသူများ ရရှိရန်ဖြစ်သည်။ ၎င်းသည် ဤလူစုအတွက် ဘုရားသခင်ပြုသော စွန့်လွှတ်ခြင်းအရာများတို့၏ ရည်ရွယ်ချက် အပြည့်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့အားဆန့်ကျင်သော သူများအားဖြင့်သာ သိမ်းပိုက်အောင်မြင်ခြင်းအမှုကို ပြုသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် သာလျှင် ဘုရားသခင်၏ ကြီးမားသောတန်ခိုးအား ထင်ရှားစေနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရပါမူ မသန့်ရှင်းသော နယ်မြေတွင်ရှိနေသည့် သူများတို့သည်သာ ဘုရားသခင်၏ ဘုန်းတော်အား အမွေခံထိုက်သူများဖြစ်ကာ ၎င်းအရာကသာလျှင် ဘုရားသခင်၏ ကြီးမားသော တန်ခိုးတော်အား ထင်ရှားစေနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဘုန်းတော်သည် မသန့်ရှင်းသည့် နယ်မြေနှင့် ထိုနယ်မြေ၌နေသော သူများထံမှ ရရှိသည်ဟု ငါဆိုရခြင်းဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ၎င်းသည် ယေရှု၏အမှု၏ အဆင့်တစ်ဆင့်မှာကဲ့သို့ပင် ဖြစ်သည်၊ သူ့အား နှိပ်စက်ညှဉ်းပန်းခဲ့သည့် ဖာရိရှဲများကြား၌သာ သူသည် ဘုန်းတော်ထင်ရှားနိုင်သည်။ အကယ်၍ ထိုနှိပ်စက် ညှဉ်းပန်းခံရခြင်းနှင့် ယုဒ၏ သစ္စာဖောက်ခြင်းတို့ မရှိခဲ့ပါက ယေရှုသည် ကားတိုင်တွင်တင်၍ သတ်ခြင်းကိုမဆိုထားနှင့် လှောင်ပြောင်သရော်ခြင်းများနှင့် ကဲ့ရဲ့ခြင်းများအား ခံခဲ့ရမည် မဟုတ်ပေ၊ ထို့ကြောင့် ဘုန်းတော်သည်လည်း ထင်ရှားခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ခေတ်ကာလအသီးသီး၌ သော်လည်းကောင်း၊ သူ၏လူ့ဇာတိ၌သော်လည်းကောင်း၊ မည်သည့်အရပ်တွင် လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရပ်၌ ဘုန်းပွင့်ကာ ထိုအရပ်၌ သူရည်ရွယ်ထားသည့် သူများအားလည်း ရရှိသည်။ ဤအရာသည် ဘုရားသခင်အမှု၏ အစီအစဉ်ဖြစ်ကာ၊ ဤအရာသည် သူ၏စီမံခန့်ခွဲခြင်းလည်း ဖြစ်သည်။

နှစ်ပေါင်းထောင်ပေါင်းများစွာရှိခဲ့သည့် ဘုရားသခင်၏အစီအစဉ်ထဲတွင် ဇာတိပကတိ၌ ပြုသောအမှု ဆိုင်ရာ ကဏ္ဍနှစ်ရပ်ရှိသည်။ ပထမတစ်ရပ်မှာ သူ၏ဘုန်းတော် ထင်ရှားစေသည့် လက်ဝါးကပ်တိုင်၌ အသေခံခြင်းအမှုနှင့် အခြားတစ်ရပ်မှာ သူ၏ဘုန်းတော် ထင်ရှားစေမည့် နောက်ဆုံးသောကာလရှိ သိမ်းပိုက်အောင်မြင်ခြင်းနှင့် စုံလင်စေခြင်း အမှုတို့ဖြစ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုကိုသော်လည်းကောင်း၊ သင့်အား ဘုရားသခင် စေခိုင်းချက်ကို သော်လည်းကောင်း ရိုးရှင်းလွန်းသည်ဟု မမှတ်ယူလေနှင့်။ သင်တို့အားလုံးသည် အတိုင်းအထက်အလွန် ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေ၏ အမွေခံများ ဖြစ်ကြပြီး၊ ၎င်းသည် ဘုရားသခင်က အထူးဘိသိက်ထားသော အရာဖြစ်သည်။ သူ၏ ဘုန်းတော်နှင့်ဆိုင်သည့် ကဏ္ဍနှစ်ရပ်၌ တစ်ရပ်သည် သင်တို့အထဲ၌ ထုတ်ဖော်ထားသည်၊ ဘုရားသခင်၏ဘုန်းတော် ကဏ္ဍတစ်ရပ်၏ အလုံးစုံကို သင်အမွေခံရရန် သင့်အား ပေးအပ်ထားသည်။ ၎င်းသည် ဘုရားသခင့်ထံမှ ချီးမွမ်းခြင်းဖြစ်ပြီး ရှေးမဆွကပင် ဆုံးဖြတ်ထားပြီးသော သူ၏အကြံအစည် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး ကိန်းဝပ်ရာနယ်မြေ၌ ပြုခဲ့သည့် ဘုရားသခင်၏အမှု၏ ကြီးမားမှုကို ထည့်သွင်း စဉ်းစားပါက၊ အဆိုပါ အမှုအား အခြားသော နေရာတစ်ခုခုသို့ ရွှေ့ပြောင်းခဲ့ပါက အသီးအပွင့်များအား လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရရှိခဲ့ပြီးဖြစ်မည်သာမက လူသားသည်လည်း လွယ်လင့်တကူ လက်ခံနှင့်ပြီး ဖြစ်နိုင်သည်။ ထို့အပြင် ယေရှုမှ သာဓကအဖြစ် အစေခံသွားခဲ့သည့်အမှု၏ အဆင့်အတွက် ဤကဲ့သို့သောအမှုကို ဘုရားသခင်အား ယုံကြည်ကြသည့် အနောက်တိုင်းမှ ခရစ်ယာန်ဘုန်းကြီးများက အလွန်ပင်လွယ်ကူစွာ လက်ခံနိုင်ခဲ့ပေလိမ့်မည်။ ထိုအကြောင်းကြောင့် သူသည် ဘုန်းတော်ထင်ရှားခြင်းဆိုင်ရာအမှု၏ ဤအဆင့်အား အခြားတစ်နေရာရာ၌ အထမမြောက်နိုင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအားလုံး၏ ကူညီထောက်မခြင်းနှင့် တိုင်းနိုင်ငံအားလုံး၏ အသိအမှတ် ပြုခြင်းရှိသော အရပ်၌ ဘုရားသခင်၏ ဘုန်းတော်အတွက် နေရာရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဤအရာသည် ဤမြေရှိအမှု၏ ဤအဆင့်၌ရှိသော သာမန်ထက် ထူးကဲသည့်ရည်ရွယ်ချက်ပင် မုချဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော” မှ

ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပါသည်။ သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်း ဖန်ဆင်းခဲ့ပါသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို ဣသရေလနိုင်ငံ၌သာ မည်သို့ ကန့်သတ်ထားနိုင်မည်နည်း။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအရာအားလုံးသည် ဘုရားသခင်အဘို့အလိုငှာ မဟုတ်လျှင် မည်သည့်ရည်ရွယ်ချက် ဖြစ်မည်နည်း။ ဘုရားသခင်သည် ကမ္ဘာလောကကြီး တစ်ခုလုံးကို ဖန်ဆင်းခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်ခဲ့ပါသည်။ ယင်းအစီအစဉ်သည် ဣသရေလနိုင်ငံ၌သာ မဟုတ်ပါ။ စကြဝဠာတစ်ခုလုံးရှိ လူသားတိုင်းအတွက် ဖြစ်ပါသည်။ တရုတ်၊ အမေရိကန်၊ အင်္ဂလန် သို့မဟုတ် ရုရှား မည်သည့်နိုင်ငံမှာပင် နေပါစေ၊ လူသားတိုင်းသည် အာဒံမှ ဆင်းသက်သောအမျိုးအနွယ် ဖြစ်ပါသည်။ ဘုရားသခင်သည် ထိုသူအပေါင်းတို့ကို ဖန်ဆင်းခဲ့ပါသည်။ မည်သူမျှ ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ မကင်းလွတ်နိုင်ပါ။ လူတစ်ဦးတစ်ယောက်မျှ “အာဒံ၏အမျိုးအနွယ်” ဟူသည့် အမည်သညာမှ မလွှဲရှောင်နိုင်ပါ။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်ကြပြီး အာဒံ၏ အမျိုးအနွယ်များဖြစ်ကြသည်။ ထို့အတူ ထိုသူအပေါင်းတို့သည် ဖောက်ပြန်ပျက်စီးသော အာဒံနှင့်ဧဝ၏ သားမြေးစဉ်ဆက်များ ဖြစ်ကြသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတွင် ဣသရေလအမျိုးသာ မဟုတ်ပါ။ လူသားအပေါင်းတို့ ပါဝင်ပါသည်။ သို့သော် ဖန်ဆင်းခြင်းထဲတွင် အချို့သောသူတို့သည် ကျိန်ခြင်းကိုခံရပြီး အချို့သောသူများမှာ ကောင်းကြီးမင်္ဂလာကို ခံစားရကြသည်။ ဣသရေလအမျိုးသားများနှင့် ပတ်သက်၍ မက်မောဖွယ်ကောင်းသော အကြောင်းအရာ မြောက်မြားစွာ ရှိပါသည်။ ရှေးဦးစွာ ဘုရားသခင်သည် ထိုသူတို့နှင့်အတူ အလုပ်လုပ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကျရှုံးမှုအနည်းဆုံးသောလူများ ဖြစ်ခဲ့ကြသည်။ တရုတ်လူမျိုးများအနေဖြင့် သူတို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သေးနုပ်နေပြီး ထိုသူတို့နှင့် လိုက်ဖက်ရန် မျှော်လင့်ချက်ပင် မထားနိုင်ပါ။ ထိုကြောင့် ရှေးဦးစွာ ဘုရားသခင်သည် ဣသရေလအမျိုးသားများတွင် အလုပ်လုပ်ခဲ့ပါသည်။ ဒုတိယအဆင့်မှာ ဘုရားသခင်သည် သူ၏အလုပ်ကို ယုဒပြည်တွင် လုပ်ဆောင်ခဲ့ပါသည်။ ဤအကျိုးဆက်ကြောင့် လူများတို့သည် များလှစွာသော အယူအဆများနှင့် များလှစွာသော စည်းမျဉ်းဥပဒေများကို ဖွဲ့စည်းကြသည်။ တကယ်တမ်းတွင် ဘုရားသခင်သည် လူသားများ၏ အယူအဆများနှင့်အညီ လုပ်ဆောင်ခဲ့လျှင် ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်ခဲ့မည်။ ဤစိတ်နေစိတ်ထားဖြင့် ဘုရားသခင်သည် တစ်ပါးအမျိုးသားများဆီသို့ သူ၏အလုပ်ကို ပြန့်ပွားစေနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ဘုရား ဖြစ်မည့်အစား ဣသရေလအမျိုးသားများ၏ ဘုရားသာ ဖြစ်ပေမည်။ ပရောဖက်များက ယေဟောဝါ၏အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ကြီးမြတ်လိမ့်မည်ဟု ဟောပြောခဲ့ကြပါသည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ပြန့်နှံ့လိမ့်မည်။ အဘယ်ကြောင့် ထိုသူတို့သည် ဤအကြောင်းအရာကို ပြောကြပါသလား။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားများ၏ ဘုရားသာ ဖြစ်ခဲ့မည်ဆိုလျှင် ဘုရားသခင်သည် ဣသရေလနိုင်ငံ၌သာ အလုပ်လုပ်ခဲ့မည်။ ထို့အပြင် ဘုရားသခင်သည် ဤအလုပ်ကို ပြန့်ပွားစေမည် မဟုတ်ပါ။ ပရောဖက်များအားဖြင့် ဤသို့ ဟောပြောစေခဲ့မှာလည်း မဟုတ်ပါ။ သို့သော် ဘုရားသခင်သည် ဤအကြောင်းအရာကို ဟောပြောစေခဲ့သည့်အတွက် ဘုရားသခင်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအပြင် တိုင်းနိုင်ငံတိုင်းနှင့် နေရာတိုင်းတွင် သူ၏အလုပ်ကို ပြန့်ပွားစေရန်အတွက် လိုအပ်လာပါသည်။ ဘုရားသခင်သည် ဤအရာကို ဖော်ပြခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့မည်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အစီအစဉ်ဖြစ်ပါသည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး လူသတ္တဝါအပေါင်းတို့၏ အရှင်သခင်ဖြစ်ပါသည်။ ဘုရားသခင်သည် ဣသရေလနိုင်ငံမှာပင်ဖြစ်စေ၊ ယုဒပြည်မှာပင်ဖြစ်စေ၊ သူ၏အလုပ်ကို စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးတွင် လုပ်ဆောင်ပါသည်။ ယနေ့တွင် တစ်ပါးအမျိုးသားတိုင်းနိုင်ငံတစ်ခုဖြစ်သည့် အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဘုရားသခင် လုပ်ဆောင်နေသည့်အလုပ်မှာ လူသားအားလုံးနှင့်ဆိုင်သည့် အလုပ်ပင် ဖြစ်နေပါသေးသည်။ ဣသရေလနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘုရားသခင်၏အလုပ် စတင်ခဲ့သော ဌာနချုပ် ဖြစ်နိုင်သလို တရုတ်ပြည်သည်လည်း တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအကြား ဘုရားသခင်၏အလုပ်အတွက် ဌာနချုပ်တစ်ခု ဖြစ်လာနိုင်ပါသည်။ “ယေဟောဝါ၏နာမတော်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ကြီးမြတ်မည်”ဟု ဟောပြောထားခြင်းကို ယခုမျက်မှောက်တွင် ဘုရားသခင်သည် မပြည့်စုံစေဘူးလား။ တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ဘုရားသခင် ပထမဦးဆုံး စတင်လုပ်ဆောင်သောနေရာမှာ အဆင်းနီသောနဂါးကြီး၏နိုင်ငံ၌ ဖြစ်ပါသည်။ ဘုရားသခင်သည် ဤနယ်မြေတွင် လုပ်ဆောင်ရန်၊ ကျိန်ခြင်းခံရသော ဤလူမျိုးများအကြားတွင် လုပ်ဆောင်ရန်နှင့် အထူးသဖြင့် လူသားများ၏ အယူအဆများနှင့် ဆန့်ကျင်ပြီး လုပ်ဆောင်ရန် လူ့ဇာတိအဖြစ်ကို ခံယူပါသည်။ ဤလူများသည် အနိမ့်ဆုံးနှင့် ထိုက်တန်မှု မရှိသောသူများ ဖြစ်ပါသည်။ ရှေးကနဦးတွင် ဤလူအားလုံးသည် ယေဟောဝါ၏ စွန့်ပစ်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ လူများသည် အခြားသူများ၏ စွန့်ပစ်ခြင်းကို ခံနိုင်သည်။ သို့သော် အကယ်၍ ထိုသူတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရလျှင် ဤသူများမှာ ဖြစ်တည်မှု မရှိကြသည့်အပြင် ထိုက်တန်မှု အနိမ့်ဆုံးသောသူများ ဖြစ်ပါလိမ့်မည်။ ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ရန်သူစာတန်၏ သိမ်းပိုက်ခြင်းကိုခံရခြင်း သို့မဟုတ် အခြားသောသူ၏ ပစ်ပယ်ခြင်းကိုခံရခြင်း နှစ်မျိုးလုံးသည် နာကျင်ဖွယ်သောအရာများ ဖြစ်ပါသည်။ သို့သော် ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသသည် ဖန်ဆင်းရှင်၏ ပစ်ပယ်ခြင်းကိုခံရလျှင် သူ သို့မဟုတ် သူမ၏ ဖြစ်တည်မှုသည် အကြွင်းမဲ့ နိမ့်ကျမှုတွင် ရှိနေကြောင်းကို ဖော်ပြသည်။ မောဘအမျိုးသားမှ ဆင်းသက်သော အမျိုးအနွယ်များသည် ကျိန်ခြင်းကိုခံရပြီး ထိုသူတို့သည် ဆင်းရဲနုံချာသော တိုင်းပြည်တွင် မွေးဖွားခဲ့ကြသည်။ ယုံမှားစရာ မရှိသည်မှာ မောဘ၏ အမျိုးအနွယ်များသည် အမှောင်လောက၏ အုပ်စိုးခြင်းခံရသော အနိမ့်ကျဆုံးသောလူများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်လေပြီးသော အချိန်ကာလတွင် ဤအမျိုးအနွယ်များသည် အနိမ့်ကျဆုံးသော ဖြစ်တည်မှုကို ပိုင်ဆိုင်ခဲ့ကြသည်။ ဤအမျိုးအနွယ်များတွင် ပြီးမြောက်ခဲ့သောအလုပ်မှာ လူသား၏အယူအဆများကို အချေဖျက်နိုင်ဆုံး ဖြစ်ခဲ့သည်။ ထို့အတူ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံးတွင် အကျိုးကျေးဇူးအများဆုံးသော အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်အဘို့ ဤအမျိုးအနွယ်တွင် လုပ်ဆောင်ခြင်းသည် လူသားများ၏ အယူအဆများကို ချေဖျက်ရန် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာနှင့် ခေတ်တစ်ခုကို ထူထောင်သည်။ ဘုရားသခင်သည် လူသားများ၏ အယူအဆများကို ဤအရာနှင့် ချေဖျက်လေသည်။ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တစ်ခုလုံး၏ လုပ်ဆောင်ချက်ကို ဤအရာနှင့် အဆုံးသတ်ပါသည်။ ဘုရားသခင်၏ ကနဦးအမှုတော်ကို ယုဒပြည်နှင့် ဣသရေလနိုင်ငံအတွင်းတွင် လုပ်ဆောင်ခဲ့ပါသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများတွင် ခေတ်သစ်ထူထောင်ခြင်းကို လုံး၀ မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်၏ အမှုတော် နောက်ဆုံးအဆင့်မှာ တစ်ပါးအမျိုးသားများတွင်သာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ အတိုင်းထက်အလွန်ပင် ထိုအမှုကို ကျိန်ခြင်းခံရသော အမျိုးသားများတွင်လည်း လုပ်ဆောင်ခဲ့ပါသည်။ ဤအချက်တစ်ချက်သည် ခိုင်လုံသော သက်သေတစ်ခုဖြစ်ပြီး စာတန်၏ တတ်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထိုကြောင့် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးရှိ လူသတ္တဝါအပေါင်းတို့၏ ဘုရားရှင် “ဖြစ်လာ” ပြီး အရာခပ်သိမ်း၏ အရှင်သခင်လည်းဖြစ်သည်။ သက်ရှိများအားလုံးအတွက် ကိုးကွယ်ရာလည်း ဖြစ်ပါသည်။

…ဘုရားသခင်၏ အမှုတော်သည် ဖန်ဆင်းပြီးနောက် ကျိန်ခြင်းကို ခံရခြင်း၊ မခံရခြင်းတို့နှင့် မသက်ဆိုင်ဘဲ သက်ရှိသတ္တဝါအပေါင်းအတွက် ဦးတည်လုပ်ဆောင်ပါသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် ကျိန်ခြင်းကို မခံရသော ရွေးကောက်ခြင်း ခံရသူများအတွက်မဟုတ်၊ သက်ရှိသတ္တဝါအပေါင်းအတွက် ရည်ရွယ်ပါသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို သူဖန်ဆင်းထားသော သက်ရှိလူသားတွင် လုပ်ဆောင်လိုသောကြောင့် ဘုရားသခင်သည် ၎င်းကို အောင်အောင်မြင်မြင်ပြီးမြောက်ရန် သေချာစွာ အမှုပြုပါလိမ့်မည်။ ဘုရားသခင်သည် သူ၏အလုပ်အတွက် အကျိုးပြုသောသူများတွင် အမှုပြုပါလိမ့်မည်။ ထိုကြောင့် ဘုရားသခင်သည် လူအများကြား၌လုပ်ဆောင်ရာတွင် အစဉ်အလာအားလုံးကို ချေဖျက်လိုက်သည်။ ဘုရားသခင်အဘို့ “ကျိန်ခြင်းခံရခြင်း”၊ “ပြစ်တင်ခံရခြင်း”၊ “ကောင်းကြီးခံစားရခြင်း” ဆိုသောစကားလုံးများသည် အဓိပ္ပာယ်မဲ့ပါသည်။ ယုဒအမျိုးသားများသည် အင်မတန်ကောင်းပါသည်။ ရွေးကောက်ခြင်းကိုခံရသော ဣသရေလအမျိုးအနွယ်တို့လည်း သိပ်မဆိုးလှပါ။ ထိုသူတို့သည် စွမ်းရည်ကောင်းများရှိပြီး စာနာတတ်သောလူသားများ ဖြစ်ကြပါသည်။ ယေဟောဝါသည် သူ၏အလုပ်ကို ထိုသူတို့တွင် ပထမဦးဆုံး စတင်ခဲ့ပြီး သူ၏ အစောပိုင်းအလုပ်ကို လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ယနေ့တွင် ဘုရားသခင်သည် သူ၏အလုပ်ကို အောင်မြင်ပြီးမြောက်ရန် ထိုသူတို့ကို အပ်နှင်းခံရသူများအဖြစ် အသုံးပြုမည်ဆိုပါက အဓိပ္ပာယ်မရှိပါ။ ထိုသူတို့သည် ဖန်ဆင်းခြင်း၏ တစ်စိတ်တဒေသတစ်ခု ဖြစ်ပြီး ကောင်းမွန်သောအမြင်များ များစွာရှိသော်လည်း၊ ထိုသူတို့ထဲတွင် ဤအလုပ်အဆင့်ကို လုပ်ဆောင်ရန်မှာမူ အဓိပ္ပာယ်မဲ့လိမ့်မည်။ ဘုရားသခင်သည် မည်သူတစ်စုံတစ်ယောက်ကိုမျှ ရိတ်သိမ်းနိုင်မည် မဟုတ်ပါ။ သက်ရှိသောသူအပေါင်းတို့ကိုလည်း ယုံကြည်စေရန် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ယင်းသည် အဆင်းနီသောနဂါးကြီး၏ နိုင်ငံသားများထံသို့ မိမိ၏အလုပ်ကို လွှဲပြောင်းရခြင်း ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။ ဤနေရာ၌ရှိသော အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်မှာ ဘုရားသခင်၏ ခေတ်တစ်ခုကို စတင်ခြင်း၊ စည်းမျဉ်းဘောင်များနှင့် လူသားအားလုံး၏ အယူအဆများကို ချေဖျက်ခြင်းနှင့် ကျေးဇူးတော်ခေတ်တစ်ခုလုံး၏ အလုပ်ကို အဆုံးသတ်ခြင်းတို့တွင် တည်ရှိနေပါသည်။ အကယ်၍ ဘုရားသခင်၏ ယခုမျက်မှောက်အလုပ်ကို ဣသရေလအမျိုးသားထဲတွင် လုပ်ဆောင်ခဲ့လျှင် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးသတ်ချိန်၌ လူတိုင်းက ဘုရားသခင်သည် ဣသရေလအမျိုးသားများ၏ ဘုရားသခင်သာ ဖြစ်သည်၊ ဘုရားသခင်၏ ရွေးကောက်ခြင်းကိုခံရသော အမျိုးသားများမှာလည်း ဣသရေလအမျိုးသားများသာ ဖြစ်သည်၊ ဘုရားသခင်ထံမှလာသော ကောင်းကြီးမင်္ဂလာနှင့် ကတိတော်ကို ဣသရေလအမျိုးသားများသာလျှင် အမွေဆက်ခံရရှိရန် ထိုက်တန်သည်ဟု ယူဆပေလိမ့်မည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံဖြစ်သော အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် လူ့ဇာတိအဖြစ်ကို ခံယူပါသည်။ သူသည် လူသတ္တဝါအပေါင်းတို့၏ ဘုရားသခင်အနေဖြင့် ဘုရားသခင်၏ အလုပ်ကို ပြီးမြောက်စေခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအလုပ်တစ်ခုလုံးကို ပြီးမြောက်ခဲ့ပါသည်။ ဘုရားသခင်သည် သူ့အလုပ်၏ အရေးကြီးသောအပိုင်းကို အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် အဆုံးသတ်ပါလိမ့်မည်။ ဤလုပ်ငန်းအဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်ပြီး- အထူးသဖြင့် သက်ရှိသတ္တဝါအပေါင်းတို့အား ဖန်ဆင်းရှင်ဘုရားကို ဝတ်ပြုကိုးကွယ်စေရန် ဖြစ်ပါသည်။ ထိုကြောင့် ဤလုပ်ငန်းအဆင့်တိုင်းသည် အလွန် အဓိပ္ပာယ်ရှိပါသည်။ ဘုရားသခင်သည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး မရှိဘဲလျက် တစ်စုံတစ်ရာကို လုံး၀ လုပ်ဆောင်မည် မဟုတ်ပါ။ အခြားတစ်ဖက်၌ ဤလုပ်ငန်းအဆင့်တွင် ခေတ်တစ်ခု စတင်ခြင်းနှင့် လွန်ခဲ့သောခေတ်နှစ်ခုကို အဆုံးသတ်ခြင်းတို့ ပါဝင်သည်။ အခြားတစ်ဖက်၌လည်း လူသားအားလုံး၏ အယူအဆများ၊ ယုံကြည်မှုနှင့် အသိပညာ နည်းလမ်းဟောင်းများကို ချေဖျက်ခြင်းတို့ ပါဝင်သည်။ လွန်ခဲ့သောခေတ်နှစ်ခု အတွင်းတွင် အလုပ်ကို မတူကွဲပြားသော လူသားများ၏ အယူအဆများနှင့်အညီ လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ဤအဆင့်တွင် လူသားများ၏ အယူအဆကို လုံးဝဖယ်ရှားသည်။ ထိုကြောင့် လူသားမျိုးနွယ်ကို အကြွင်းမဲ့အောင်နိုင်မည်။ မောဘအမျိုးမှ ဆင်းသက်သော အမျိုးအနွယ်များကို သိမ်းပိုက်အောင်နိုင်ခြင်းနှင့် မောဘအမျိုးသားများထဲတွင် လုပ်ဆောင်သော အလုပ်ကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးရှိ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ပါလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်တွင် အနက်ရှိုင်းဆုံးသော အရေးပါမှု ဖြစ်ပြီး ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်တွင် တန်ဖိုးအရှိဆုံးလက္ခဏာတစ်ခု ဖြစ်ပါသည်။ အကယ်၍ သင်အနေနှင့် သင်၏ ကိုယ်ပိုင်ဖြစ်တည်မှုသည် နိမ့်ကျသည်၊ သင်သည် မထိုက်တန်သောသူ ဖြစ်သည်ဟု ယခုအချိန်တွင် သိရှိသော်ငြားလည်း သင်သည် ဝမ်းမြောက်ဖွယ်ရာ အကောင်းဆုံးသောအရာကို မြင်တွေ့ခဲ့ရသည်ဟု ခံစားနေပါလိမ့်မည် သင်သည် ကြီးမားသော ကောင်းကြီးမင်္ဂလာကို အမွေခံရပြီးပြီ၊ ကြီးမားသောကတိတော်ကိုလည်း ရရှိပြီးပြီ၊ဘုရားသခင်၏ ဤကြီးမားသောလုပ်ချက်ကို ပြီးမြောက်နိုင်ပြီး ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို သင်မြင်တွေ့နိုင်သည်၊ ဘုရားသခင်၏ ပင်ကိုယ်စိတ်နေသဘောထားကို သိနိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်သည်။ ဘုရားသခင်၏ ကနဦးလုပ်ငန်းအဆင့်နှစ်ခုကို ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည်။ အကယ်၍ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်ကို ဣသရေလအမျိုးသားများတွင် ဆက်လက်လုပ်ဆောင်ခဲ့လျှင် သက်ရှိသတ္တဝါအပေါင်းတို့သည် ဣသရေလအမျိုးသားများသာလျှင် ဘုရားသခင် ရွေးကောက်ထားသော အမျိုးများဖြစ်သည်ဟု ယုံကြည်ကြမည်သာမက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးသည်လည်း အလိုရှိသောရလဒ်ကို ရရှိမည်မဟုတ်ပါ။ ဣသရေလနိုင်ငံတွင် ဘုရားသခင်၏ အလုပ်အဆင့်နှစ်ခုကို လုပ်ဆောင်ခဲ့သည့်ကာလအတွင်း မည်သည့်အလုပ်အသစ်ကိုမျှ မလုပ်ဆောင်ခဲ့ပါ။ ထို့အတူ တစ်ပါးအမျိုးသားများတွင် ဘုရားသခင်၏ ခေတ်သစ်အလုပ် မရှိခဲ့ဖူးပါ။ ဤခေတ်သစ်အလုပ်၏အဆင့်ကို ပထမဦးဆုံး တစ်ပါးအမျိုးသားများတွင် လုပ်ဆောင်ပါသည်။ ထို့အပြင် ၎င်းကို မောဘ၏ အမျိုးအနွယ်များထဲတွင် ဦးစွာ လုပ်ဆောင်ပါသည်။ ဤအရာသည် အလုံးစုံသော ခေတ်ကာလတစ်ခုလုံးကို စတင်စေပါသည်။ ဘုရားသခင်သည် လူသားများတွင် ရှိခဲ့သောအယူအဆများကို ချေဖျက်ခဲ့ပြီး ဆက်လက်တည်ရှိနေရန် ၎င်းကို ခွင့်မပြုတော့ပါ။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအလုပ်တွင် ထိုဟောင်းနွမ်းသော၊ ရှေးကျသော လူသားများ၏ အသိပညာနှင့် လူသားများ၏ အယူအဆများကို ဘုရားသခင်က ချေဖျက်ခဲ့သည်။ ဘုရားသခင်သည် လူသားများအား နားလည်စေသည်မှာ ဘုရားသခင်၌ မည်သည့် စည်းမျဉ်းဥပဒေမှ မရှိပါ။ ဘုရားသခင်နှင့်ပတ်သက်၍ ဘာတစ်ခုမှ မဟောင်းနွမ်းပါ။ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်မှာ အကြွင်းမဲ့ ချုပ်ချယ်မှုကင်းသည်၊ လုံးဝအခမဲ့ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းမှာ မှန်ကန်ပါသည်။ ဖန်ဆင်းခြင်းထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် အလုပ်တိုင်းကို သင်အပြည့်အ၀ ဝန်ခံအပ်နှံရမည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် အဓိပ္ပာယ်ရှိပြီး ဘုရားသခင်သည် လူသားများ၏ ရွေးချယ်မှုနှင့် အယူအဆများအတိုင်း အလုပ်မလုပ်ပါ။ ဘုရားသခင်သည် သူ၏အလိုတော်၊ ညဏ်ပညာနှင့်အညီ လုပ်ဆောင်ပါသည်။ ဘုရားသခင်သည် မိမိ၏အလုပ်အတွက် အကျိုးကျေးဇူးရှိသော အရာများကို လုပ်ဆောင်ပါသည်။ အကယ်၍ တစ်စုံတစ်ခုသည် ဘုရားသခင်၏ အလုပ်အတွက် အကျိုးကျေးဇူးမရှိပါက ထိုအရာသည် မည်မျှပင် ကောင်းမြတ်စေကာမူ ဘုရားသခင် လုပ်ဆောင်မည် မဟုတ်ပါ။ ဘုရားသခင်သည် မိမိအလုပ်၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်အရ မိမိအလုပ်အတွက် အပ်နှင်းရမည့်သူနှင့် နေရာကို ရွေးချယ်ပြီး လုပ်ဆောင်ပါသည်။ ဘုရားသခင်သည် စည်းမျဉ်းဥပဒေဟောင်းများနှင့် ပုံစံဟောင်းများတို့ကို မစောင့်ထိန်းပါ။ ထိုအစား အလုပ်၏ အရေးပါမှုနှင့်အညီ ဘုရားသခင်သည် မိမိ၏အလုပ်ကို စီစဉ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ထိုအလုပ်၏ စစ်မှန်သော အသီးအပွင့်နှင့် မျှော်လင့်ထားသော ရည်မှန်းချက်ကို ရိတ်သိမ်းလိုပါသည်။ အကယ်၍ ယခုအချိန်တွင် သင်သည် ထိုအရာများကို နားမလည်လျှင် ဤအလုပ်၏ အသီးအပွင့်သည် သင်အပေါ်၌ သက်ရောက်မည် မဟုတ်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ အရှင်သခင် ဖြစ်၏” မှ

သက်ဆိုင်သည့် အကြောင်းအရာ

သင်နှစ်သက်နိုင်သည့် အရာများ