အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့ကြား ခွဲခြားသိမြင်ရန် နည်းလမ်းကို ကျွန်မ တွေ့ရှိသည်

170

ရှန်းဝမ်၊ မလေးရှား

အယ်ဒီတာ့ မှတ်စု– ယခု ကျွန်ုပ်တို့သည် သခင်၏ ပြန်ကြွလာခြင်းနှင့်ဆိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြသည်။ ယုံကြည်သူအချို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသည့်အရာကို ယုံကြည်ကြသောကြောင့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၏ လှည့်ဖြားခြင်းခံရမည်ကို ကြောက်ရွံ့ကြပြီး တစ်စုံတစ်ဦးက သခင်ပြန်ကြွလာပြီဟု သက်သေခံနေသည်ကို ကြားသည့်အချိန်တွင်ပင် လမ်းခရီးကို ရှာဖွေဖို့ရန် မဝံ့မရဲဖြစ်နေသေးသည်အထိ သတိထားနေကြပြီး မတုန်မလှုပ် ဖြစ်လာကြလေသည်။ သို့ဆိုလျှင် တစ်ဦးတစ်ယောက်သည် သခင်၏ ပြန်ကြွလာခြင်းကို မည်သို့ ကြိုဆိုပြီး တစ်ချိန်တည်းမှာပင် ခရစ်တော်၏ အယောင်ဆောင်သောသူတို့ကို သတိထားနိုင်မည်နည်း။ ညီအစ်မ ရှန်းဝမ်က အဖြေကို တွေ့ရှိထားပါသည်။ ထို့ကြောင့် သူမ၏ အတွေ့အကြုံကို အတူတကွ တစ်ချက်လေ့လာလိုက်ကြပါစို့။

ခရစ်တော်၏ အယောင်ကို ဆောင်သောသူများသည် နောက်ဆုံးသောကာလတွင် ပေါ်ထွက်ပြီဖြစ်သောကြောင့် သင်းအုပ်ဆရာက အခြားအသင်းတော်မှ တရားဒေသနာများကို နားထောင်ခွင့်မပေးခဲ့ပါ

ကလေးဘဝကတည်းက သခင့်ကို ကျွန်မ ယုံကြည်ခဲ့ပါသည်။ ယင်းသို့ဖြင့် ကျွန်မ၏ အမေ(သင်းထောက်တစ်ဦးနှင့် ဥပုသ်စာဖြေကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ) နောက် ကျွန်မ လိုက်ခဲ့သည်။ ဝတ်ပြုအစည်းအဝေးများကို မကြာခဏ ကျွန်မ တက်လေ့ရှိပြီး သူမနှင့်အတူ ကျမ်းစာ ဖတ်ခဲ့ကာ ကျွန်မ အသက်ရလာသည်နှင့်အမျှ ကလေးသူငယ် အဖွဲ့မှ ဂျူနီယာအဖွဲ့သို့ ကျွန်မ ပြောင်းတက်ခဲ့သည်။

ဂျူနီယာအဖွဲ့ကို ဒေသနာဝေငှခြင်းအတွက် တာဝန်ကျသည့် သင်းအုပ်ဆရာမှာ ဓမ္မပညာ ဒေါက်တာဘွဲ့ရသူတစ်ဦး ဖြစ်သည်။ သူက သင်းအုပ်ဆရာတစ်ဦး ဖြစ်ရသည်မှာ မလွယ်ကူပါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စဉ်ဆက်မပြတ် တို့ထိမှုမခံရဘဲ သင်းအုပ်ဆရာတစ်ဦးအဖြစ် ဆက်ရှိနေဖို့မှာ အလွန်ခဲယဉ်းသည်ဟု ကျွန်မတို့ကို မကြာခဏ ပြောလေ့ရှိသည်။ ထို့ကြောင့် ကျွန်မတို့က သူ့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ခဲ့ကြသည်။ သူ့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း ခံရသူတစ်ဦးနှင့် သခင် အနှစ်သက်ဆုံးသော သူတစ်ဦးအဖြစ် ယုံကြည်နေခဲ့ကြသည်။ ကျွန်မတို့ကို တရားဒေသနာတစ်ခု သူ ပေးသည့်အခါ ကျမ်းစာမှ ကျမ်းချက်နှစ်ချက်ကို သူမကြာခဏ သုံးလေ့ရှိသည်။ “ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကို ပြကြလိမ့်မည်။” (ရှင်မာကု ၁၃:၂၁-၂၂) သူက နောက်ဆုံးသော ကာလတွင် ခရစ်တော်၏ အယောင်ကို ဆောင်သောသူများစွာ ပေါ်ထွန်းလိမ့်မည်ကို ပြောပြခဲ့ပြီး ကျွန်မတို့ကို အမြဲ သတိရှိရန်နှင့် အခြားဒေသနာများကို သာမန်ကာလျှံကာ သွားပြီး နားမထောင်ကြရန် တိုက်တွန်းလေ့ရှိသည်။ အထူးသဖြင့် ကျွန်မတို့ထဲမှ သမ္မာကျမ်းစာထဲတွင် ခိုင်ခိုင်မာမာ အမြစ်မစွဲသေးသည့် သူများနှင့် ဝိညာဉ်ရေးအသက်တာများ အလွန်အားနည်းသည့် သူများအတွက် လှည့်ဖြားခံရခြင်းအဖြစ်ကို ရှောင်ရှားဖို့ရန်အလို့ငှာ အခြား ဂိုဏ်းဂဏမှ တစ်ဦးဦး ဟောကြားသည့် မည်သည့်တရားဒေသနာကိုမဆို နားမထောင်ရန်၊ မဖတ်ရန် သို့မဟုတ် မလေ့လာမဆန်းစစ်ရန်မှာ အကောင်းဆုံးဖြစ်သည်ဟု သူ ပြောခဲ့သည်။

ဤအရာအပြင် ကျွန်မတို့ ဖြစ်သည့်နည်းနှင့် ရှောင်ရှားသင့်သည့် အရှေ့ရပ်မှ လျှပ်ပြက်ခြင်း အပါအဝင် အသင်းတော် အချို့ကိုလည်း သင်းအုပ်ဆရာက မကြာခဏ ဖော်ပြတတ်ပြီး အရှေ့ရပ်မှ လျှပ်ပြက်ခြင်း အကြောင်း ဖြန့်ထားသည့် အပျက်သဘောဆောင်သော ကျော်ကြားမှုအချို့ကို ကျွန်မတို့ကို သူပြန်ပြောပြခဲ့သည်။ ယင်းနောက်တွင် ကျွန်မတို့ အဖွဲ့ဝင်များအားလုံးက ထိုအသင်းတော်ကို ရှောင်ရှားပါ့မည်ဟု ဆိုကြလေသည်။ ကျွန်မတို့ ကျမ်းစာကို များစွာ ဖတ်သရွေ့၊ ဝတ်ပြုအစည်းအဝေးများတွင် ပုံမှန်ဆက်လက်တက်ရောက်ပြီး ဝိညာဉ်ရေးရာ ဆက်ကပ်မှုများကို ပုံမှန်ဆောင်ရွက်သရွေ့၊ သခင့်ဆီ နေ့တိုင်း ကျွန်မတို့၏ အပြစ်များကို ဝန်ချပြီး နောင်တရသရွေ့၊ သခင် ကြွလာသည့်အခါ ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်သွားလိမ့်မည်ဟု သင်းအုပ်ဆရာက ကျွန်မတို့ကို မကြာခဏ ဟောပြောခဲ့သည်။ သူပြောသည့်အရာကို ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ပြီး အခြားအသင်းတော်က ဟောသည့် မည်သည့်တရားဒေသနာကိုမဆို သာမန်ကာလျှံကာ သွားပြီး နားမထောင်ဝံ့ခဲ့ဘဲ သင်းအုပ်ဆရာပြောသမျှကို ကျွန်မ လိုက်နာခဲ့ပါသည်။ ထို့ကြောင့် ကျွန်မသည် “သခင် ကြွလာဖို့အတွက် စောင့်ဆိုင်းခြင်း” ဟူသည့် လုံခြုံစိတ်ချရသည့် နယ်ပယ်ထဲတွင် ကျွန်မ အသက်ရှင်နေခဲ့သည်ဟု ခံစားခဲ့ရပါသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ရက်တစ်ရက်တွင် ကျွန်မတို့ အသင်းတော်မှ အစ်ကိုဟူက ကျွန်မကို လိုက်ရှာရင်း ကျောင်းကို ရုတ်တရက် ရောက်လာခဲ့သည်။ သူက အလွန်လေးနက်စွာဖြင့် “နင့်ကို ပြောဖို့ အရမ်းအရေးကြီးတဲ့အရာတစ်ခု ငါ့မှာ ရှိတယ်။ ကြည့်ရတာ နင့် အမေနဲ့ ညီမက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို အခု ယုံကြည်နေကြပုံပဲ” ဟု ဆိုလေသည်။ ဤသတင်းကို ကျွန်မ ကြားရသည့်အခါ ကျွန်မ အံ့အားသင့်သွားပြီး ကိုယ့်ကိုယ်ကိုယ် စဉ်းစားမိသည်မှာ “သင်းအုပ်ဆရာက အရှေ့ရပ်မှ လျှက်ပြက်ခြင်းနဲ့ ဘာမှမပတ်သက်ဖို့ ငါတို့ကို အမြဲ တိုက်တွန်းနေတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ငါ့ အမေက အဲဒါကို စယုံနိုင်ရတာလဲ” ဟူ၍ ဖြစ်သည်။ ထို့နောက် အစ်ကို ဟူက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းအကြောင်း အပျက်သဘောဆောင်သည့် ကျော်ကြားမှုအချို့အကြောင်းကို ပြောပြခဲ့သည်။ ကျွန်မ ကြားရလေလေ ပိုကြောက်လေလေ ဖြစ်လာခဲ့ပြီး ကျွန်မ အလွန်ထိတ်လန့်တုန်လှုပ်မိခဲ့သည်။ “ငါ ဘာလုပ်ရမလဲ။ ငါ ဘာလုပ်ရမလဲ” ဟု ကျွန်မ မရပ်မနား တွေးတောနေမိခဲ့သည်။ ထို့နောက်တွင်ပင် အစ်ကိုဟူက “အိမ်အမြန်ပြန်ပြီး နင့်အမေကို တကယ်ပဲ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို သူ စယုံသွားပြီလားဆိုတာ မေးကြည့်။ ဒါပေမယ့် နင်မေးတဲ့အခါ ဘာမှမသိသလို ဟန်ဆောင်နော်။ အရင်ဆုံး သူပြောမယ့်အရာကို နားထောင်၊ ပြီးရင် နင်တို့ ဆွေးနွေးတာ အသံသွင်းထားတာကို ငါ့ကို ပေး” ဟု ပြောလေသည်။ ကျွန်မ အမေ လမ်းလွဲသွားမည်စိုးသောကြောင့် ကျွန်မ သဘောတူခဲ့ပါသည်။

ကျွန်မအမေနှင့် ကျွန်မ စကားများသည်

ထိုကဲ့သို့ပင် ကျွန်မ အိမ်ကို ပြန်ရောက်ပြီး မရှေးမနှောင်းပင် ကျွန်မအမေက သခင်ယေရှုသည် အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီဖြစ်ကြောင်းနှင့် နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ဖော်ပြနေခဲ့ပြီး လူသားကို သန့်စင်ကာ ပြောင်းလဲဖို့ရန်နှင့် လူသားကို အပြစ်တရား၏ ချည်နှောင်မှုများမှ လုံးဝကယ်တင်ဖို့ရန်အလို့ငှာ ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်နေခဲ့ကြောင်း ကျွန်မကို ပြောပြလေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင့် အမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်ပြီး အကယ်၍ ကျွန်မတို့ ထိုအရာနှင့် လွဲလျှင် ကယ်တင်ခံရဖို့ရန် အခြားသော အခွင့်အရေး ရှိလိမ့်မည်မဟုတ်ဟု သူမက ဆက်ပြောခဲ့သည်။ ကျွန်မအနေဖြင့် နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို မြန်မြန်လေ့လာဖို့ရန်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဝတ်ပြုအစည်းအဝေးကို တက်ဖို့ရန် မျှော်လင့်သည်ဟု သူမက ပြောလေသည်။ ဤအရာကို သူမ ပြောသည့်အချိန်တွင် အစ်ကိုဟူ ကျွန်မကို ပြောခဲ့သည့် အရှေ့ရပ်မှ လျှပ်ပြက်ခြင်းနှင့် ပတ်သက်သည့် အပျက်သဘောဆောင်သော သတင်းစကားကို ကျွန်မ ရုတ်တရက် တွေးမိခဲ့ပြီး ကျွန်မ အလွန်သဘောထားကွဲလွဲမှု ခံစားခဲ့ရသည်။ သို့သော် ကျွန်မတို့၏ အပြန်အလှန်ပြောဆိုမှုကို တိတ်တဆိတ်အသံသွင်းဖို့ရန်အလို့ငှာ ကျွန်မ ကိုယ့်ခံစားချက်များကို ချုပ်တည်းလိုက်ပြီး သူပြောတာကို ဆက်လက်နားထောင်ခဲ့ပါသည်။

နောက်နေ့တွင် ကျွန်မအမေက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ လူများနှင့် ဝတ်ပြုအစည်းအဝေးအတွက် အွန်လိုင်းတက်ဖို့ရန် ကျွန်မကို ခိုင်းခဲ့သော်လည်း ကျွန်မ ချက်ချင်း စကားဖြတ်ပြောလိုက်ပြီး “အမေ၊ သူတို့ရဲ့ ဝတ်ပြုအစည်းအဝေးကို သမီး မတက်ချင်ပါဘူး။ ပြီးတော့ အမေလည်း နောက်ထပ် အဲဒါတွေကို မတက်သင့်ဘူး။ အမေ့ကြည့်ရတာ သူတို့အပေါ် ပိုပိုပြီး ယိုင်လာသလိုပဲ” ဟု ပြောလိုက်သည်။ ကျွန်မအမေက ညင်သာစွာဖြင့် “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကို မောင်နှမတွေနဲ့ ဝတ်ပြုအစည်းအဝေးတွေ၊ မိတ်သဟာယပြုတာတွေကို အမေ တက်နေခဲ့ကတည်းက ကျမ်းစာထဲက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အသစ်သော သတိပြုဆင်ခြင်မှုနဲ့ နားလည်သဘောပေါက်မှုတွေ ရှိလာခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ မိတ်သဟာယတွေက သိမြင်မှုနဲ့ ပြည့်နေပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းကနေ ပေါ်ပေါက်လာတယ်ဆိုတာ အမေ့ စိတ်နှလုံးထဲမှာ သေချာခံစားရတယ်။ ဒါ့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အမေ မရှင်းမလင်းဖြစ်ခဲ့တဲ့ အရာတွေအများကြီးကို ဖြေရှင်းပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တကယ်ကို သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ရှိပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာ အခု အမေ လုံးဝ သေချာသွားပြီ” ဟု ဆိုလေသည်။ ထိုအချိန်အထိ ကျွန်မ၏ စိတ်မှာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းနှင့် ပတ်သက်သည့် အယူအဆများဖြင့် ပြည့်နေခဲ့ပြီး ကျွန်မ အမေပြောသမျှကို ကျွန်မ ယတိပြတ် လက်မခံခဲ့ပါ။ နောက်ပိုင်းတွင် အစ်ကို ဟူ ကျွန်မကို ပြောခဲ့သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအကြောင်း အပျက်သဘောဆောင်သည့် သတင်းစကားကို ကျွန်မ အမေကို ပြဖို့ ကျွန်မ အွန်လိုင်းတက်ခဲ့ပြီး ကျွန်မက “အမေ မြင်လား။ ဒီမှာ အွန်လိုင်းမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ပြီးတော့ သမီးတို့ရဲ့ သင်းအုပ်ဆရာကလည်း အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို မလေ့လာဖို့ သမီးတို့ကို မကြာခဏ ပြောတယ်။ ခုချိန်ကစပြီး သူတို့နဲ့ ပတ်သက်စရာအကြောင်းမရှိတော့ဘူးလို့ သမီးကို ကျေးဇူးပြုပြီး ပြောပေးပါ” ဟု ပြောခဲ့ပါသည်။

ကျွန်မ အမေသည် အွန်လိုင်းပေါ်က အပျက်သဘောဆောင်သော သတင်းစကားကို မကြည့်ခဲ့ဘဲ ကျွန်မကို စိတ်ရှည်ရှည်ဖြင့် ဆက်လက်စကားပြောခဲ့ပြီး “သမီးလေး၊ တရုတ်ကွန်မြူနစ် အစိုးရက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စက်ဆုပ်ရွံရှာပြီး ဘာသာရေး ယုံကြည်မှုရှိတဲ့ ဘယ်သူကိုမဆို အထင်အမြင်သေးတဲ့ ဘုရားမဲ့ အဖွဲ့အစည်းတစ်ခုပဲ။ တရုတ်နိုင်ငံမှာ ခရစ်ယာန်ဘာသာနဲ့ ကက်သလစ်အယူဝါဒကို အစွန်းရောက်ဂိုဏ်းတွေအဖြစ် စီစီပီက ရှုတ်ချတယ်။ ပြီးတော့ သမ္မာကျမ်းစာဟာလည်း မရေမတွက်နိုင်တဲ့ မိတ္ထူစာတွေ မီးရှို့ခံရ၊ ဖျက်ဆီးခံရပြီး အစွန်းရောက်စာအုပ်တစ်အုပ်အဖြစ် ရှုတ်ချခံရတယ်။ ပြီးတော့ အခုဆိုရင် တရုတ်ပြည်မှာ ရောင်းတာကိုတောင် တားမြစ်ပိတ်ပင်ခံရတယ်။ ခရစ်ယာန်တွေနဲ့ ကက်သလစ်တွေအများကြီး စီစီပီရဲ့ ဖမ်းဆီးတာ၊ နှိပ်စက်ညှင်းပန်းတာနဲ့ ထောင်ချတာ ခံခဲ့ရပြီးပြီ။ ပြီးတော့ တစ်ချို့က ကိုယ်လက်အင်္ဂါချို့တဲ့သွားအောင်တောင် လုပ်ခံရတယ် ဒါမှမဟုတ် အသတ်တောင် ခံရတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်တိုင်း နိုင်ငံတွေက တရုတ်ကွန်မြူနစ် အစိုးရကို အကြိမ်များစွာ ပြင်းပြင်းထန်ထန် စွပ်စွဲရှုတ်ချခဲ့ကြတယ်။အဲဒီလို ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးယုတ်တဲ့ အစိုးရဆီက စကားတွေကို သမီး တကယ်ရော ယုံနိုင်လား။ အဲဒါက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်တွေကို အကဲဖြတ်ဖို့နဲ့ ရှုတ်ချဖို့ အရည်အချင်းမှီလို့လား။ ပြီးတော့ ဘာလို့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လေ့လာဖို့ အမေတို့ကို ခွင့်မပြုရတာလဲ။ သူတို့ရဲ့ လုပ်ရပ်တွေက သခင့်ရဲ့ သွန်သင်ချက်တွေနဲ့ ကိုက်ညီရဲ့လား။ သခင်ယေရှုက၊ “စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲ ၅:၃) လို့ ပြောခဲ့တယ်။ သခင့်နှုတ်ကပတ်တော်တွေကနေ တစ်ယောက်ယောက်က သခင့်ရဲ့ ပြန်ကြွလာခြင်းကို သက်သေခံနေတာကို အမေတို့ ကြားတဲ့အခါ တက်တက်ကြွကြွနဲ့ လေ့လာဆန်းစစ်တဲ့ သဘောထားကြီးတဲ့ ရှာဖွေသူတွေဖြစ်စေချင်တယ်ဆိုတာ အမေတို့ မြင်နိုင်တယ်။ အဲဒီနောက်မှပဲ သခင့်ရဲ့ ပြန်ကြွလာခြင်းကို အမေတို့ ကြိုဆိုနိုင်မှာမို့လို့ပဲ။ အမေ့ ချစ်သမီးလေး၊ သခင့်ကို အမေတို့ ယုံကြည်ကြတဲ့အတွက် ဘာလို့ သခင့်စကားတွေကို အရေးမစိုက်ဘဲ အဲဒီအစား တခြားလူတွေ ပြောတာကို နားထောင်ကြတာလဲ။ သင်းအုပ်ဆရာ ပြောတာကို အမေတို့ ယုံကြည်ပြီး မတုန်မလှုပ်ဖြစ်လာပြီး သတိထားနေကြရင်၊ ပြီးတော့ အဲဒီ ဆိုးယုတ်တဲ့ အစိုးရ ထုတ်ပြန်တဲ့ အပျက်သဘောဆောင်တဲ့ သတင်းစကားကို ယုံကြည်တယ်ဆိုရင် အဲဒါက သခင့်အလိုတော်နဲ့ ကိုက်ညီရဲ့လား။ အဲဒါကို လုပ်ဆောင်ခြင်းအားဖြင့် သခင့်နှုတ်ကပတ်တော်တွေကို အမေတို့ ဆန့်ကျင်သွားနေကြတာ မဟုတ်လား။ ယေရှု အချိန်ကာလတုန်းက ဂျူးလူမျိုး ယုံကြည်သူတွေဟာ သခင့်ရဲ့ ဧဝံဂေလိတရားကို မရှာဖွေ ဒါမှမဟုတ် မလေ့လာ ခဲ့ကြဘဲ အဲဒီအစား သခင့်အကြောင်း ဖာရိရှဲတွေ လုပ်ကြံပြောဆိုခဲ့ကြတဲ့ ကောလဟလတွေကို မမြင်မကန်း ယုံကြည်ခဲ့ကြတယ်။ ဒါကြောင့် သခင်ယေရှုကို သူတို့ အာခံပြီး ရှုတ်ချခဲ့ကြသလို နောက်ဆုံးမှာ သူ့ကို ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့ကြပြီး ဒီလိုနဲ့ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ပေးတာကို သူတို့ ခံခဲ့ကြရတယ်လေ။ ဘုရားသခင်ကို ယုံကြည်သူတွေအနေနဲ့ ဂျူးလူမျိုးတွေရဲ့ ကျရှုံးမှု သင်ခန်းစာကို အမေတို့ သင်ယူရမှာဖြစ်ပြီး သခင့်ကို ကြိုဆိုဖို့ အခွင့်အရေး လွဲချော်တာမဖြစ်အောင် ရှောင်ရမယ်။ ဒါကို ဗျာဒိတ်ကျမ်းထဲမှာ အကြိမ်အများကြီး ပရောဖက်ပြုထားတယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) ဒီကျမ်းချက်ကနေ သခင်ပြန်ကြွလာတဲ့အခါ နောက်ထပ် နှုတ်ကပတ်တော်တွေကို သူပြောလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ ပြန်ကြွလာခြင်းကို အမေတို့ ကြိုဆိုချင်တယ်ဆိုရင် ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ဖို့ အမေတို့ သင်ယူကြရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းနဲ့ လေ့လာဆန်းစစ်ခြင်းအားဖြင့်ပဲ။ အဲဒါတွေက ဘုရားရဲ့ အသံတော် ဟုတ်၊ မဟုတ် ဆိုတာကို သမီးသိလိမ့်မယ်”ဟု ပြောပါသည်။ သူမ၏ စကားစကို ပြောရင်းဖြင့် “နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ” ဟု ခေါင်းစဉ်တပ်ထားသည့် စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး ကျွန်မကို လက်ကမ်းပေးလိုက်ပါသည်။

သူ့လက်ထဲရှိ စာအုပ်ကို ကျွန်မ ကြည့်လိုက်ပြီး မယူခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူပြောနေသည့်အရာကို ကျွန်မ လက်မခံနိုင်သေးသောကြောင့် ဖြစ်ပြီး ကျွန်မက “သမီး အဲဒါကို မဖတ်ချင်ဘူး” ဟုသာ ပြောလိုက်သည်။ ထို့နောက် လှည့်ပြီး ကျွန်မ အိပ်ခန်းဆီ သွားခဲ့လိုက်ပါသည်။

ကျွန်မ သဘောထားကွဲလွဲခဲ့သည့်အချိန်တွင် သခင့်အလိုတော်ကို ကျွန်မ ရှာဖွေခဲ့သည်

ကျွန်မ၏ စာရေးခုံပေါ် ထိုင်နေရင်းဖြင့် ကျွန်မသည် စိတ်ကိုငြိမ်သက်စေလိုက်ပြီး ကျွန်မ အမေပြောခဲ့သည့် အရာကို စဉ်းစားခဲ့သည်။ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် “အမေပြောတဲ့အရာက တကယ်တော့ မမှားပါဘူးလေ။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက သခင်ပြန်ကြွလာပြီလို့ သက်သေခံတယ်။ ဒါပေမယ့် သင်းအုပ်ဆရာ ပြောတဲ့အရာကိုပဲ ငါ မမြင်မကန်းနဲ့ ယုံကြည်ခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တောင်မဖတ်ဘဲ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းအကြောင်း တရုတ်ကွန်မြူနစ် အစိုးရ ထုတ်ပြန်တဲ့ အပျက်သဘောဆောင်တဲ့ သတင်းစကားကို ယုံကြည်ခဲ့တယ်။ ပြီးတော့ အခု ဒါက ငါ့ဖက်ကနေ ထင်ရာမြင်ရာ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပုံရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်ပြီး ငါက သူ့ကို လက်ခံဖို့ ငြင်းတယ်ဆိုရင် သခင့်ကို ကြိုဆိုမယ့် ငါ့အခွင့်အရေးကို ငါ လွဲချော်ရမှာပဲ။ ဒါပေမယ့် သင်းအုပ်ဆရာတွေက နောက်ဆုံးသော ကာလမှာ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေ ပေါ်လာမယ်လို့ ငါတို့ကို အမြဲဟောတယ်။ ပြီးတော့ ငါက လမ်းလွဲသွားရင် သခင့်ကို ငါယုံကြည်တာ အားလုံးက အချည်းနှီး ဖြစ်မသွားဘူးလား” ဟု တွေးမိခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးက ရှေ့နောက် လှုပ်ယမ်းနေခဲ့ပြီး မည်သူ့ကို ယုံကြည်ရမှန်း ကျွန်မ မသိခဲ့ပါ။ ထို့ကြောင့် ကျွန်မ သခင့်အပေါ် တောင်းလျှောက်ခဲ့ပါသည်။ “အို သခင်၊ ကိုယ်တော့်ရဲ့ ပြန်ကြွလာခြင်းအတွက် ကျွန်မ အမြဲ တမ်းတခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးသော ကာလမှာ ပေါ်လာတဲ့ ခရစ်တော်ရဲ့ အယောင်ကို ဆောင်သူတွေရဲ့ လှည့်ဖြားခံရမှာကို အခု ကျွန်မ စိုးရွံ့မိပါတယ်။ အို သခင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းဆီက လူတွေက ကိုယ်တော် ပြန်ကြွလာပြီးပြီလို့ အခု သက်သေခံနေကြပါတယ်။ ဒါကြောင့် ကိုယ်တော်ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် အမှန်တကယ် ပြန်ကြွလာပြီးပြီဆိုရင် ကျွန်မကို ကိုယ်တော် ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြဖို့နဲ့ ကိုယ်တော်ရဲ့ အသံတော်ကို သတိပြုမိအောင် ကျွန်မကို အခွင့်ပေးဖို့ တောင်းလျှောက်ပါတယ်။”

နောက်တစ်နေ့တွင်၊ ကျွန်မ၏ အမေက သူ၏ ဝတ်ပြုအစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ ကျွန်မကို တစ်ဖန်တိုက်တွန်းပြန်သည်။ အတော်အတန် တုန့်ဆိုင်းနေပြီးနောက် ကျွန်မသည် အွန်လိုင်းဖွင့်ပြီး သူတို့ ပြောဖို့ရှိသည့်အရာကို နားထောင်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ဝတ်ပြုအစည်းအဝေး စလိုက်သည့်အချိန်တွင် ကျွန်မ အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး ညီအစ်ကို မောင်နှများ မိတ်သဟာယပြုနေကြသည့်အရာကို အမှန်တကယ နားထောင်ခြင်းမရှိပါ။ နောက်ပိုင်းတွင် အစ်ကို ကျန်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်၏ နက်နဲမှုအပြင် နောက်ဆုံးသော ကာလတွင် ဘုရားသခင် ဆောင်ရွက်သော တရားစီရင်ခြင်း အမှုတော်ကဲ့သို့သော သမ္မာတရား ရှုထောင့်များအကြောင်းကို မိတ်သဟာယ ပြုပေးခဲ့ပါသည်။ ကျွန်မ၏ စိတ်နှလုံးက စိတ်ဝင်စားသွားပြီး ပိုနားထောင်လေလေ၊ ပိုဆန်းသစ်ပြီး သစ်လွင်လေလေ ခံစားခဲ့ရသည်။ ယခင်က ကျမ်းစာသင်တန်းများကို ကျွန်မ တက်ခဲ့ဖူးသော်လည်း တရားဟောဆရာက ဘုရားသခင် ဆောင်ရွက်သည့် နိမိတ်လက္ခဏာများကို ဖော်ပြခြင်းဖြင့် ဘုရားအမှုတော်၏ အံ့ဖွယ်သဘောသဘာဝအကြောင်း၊ သို့မဟုတ် အတိတ်က သန့်ရှင်းသူတို့သည် ဘုရားသခင်၏ စေခိုင်းမှုများကို ပြီးမြောက်ရန် ဘုရားသခင်ကို မည်သို့နာခံခဲ့ကြသည်၊ စသဖြင့်တို့ကိုသာ ပြောဆိုခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အကြောင်း တစ်ခုတစ်လေမျှ တစ်ကြိမ်မျှပင် မဖော်ပြခဲ့ပါ။ အစ်ကို ကျန်း၏ မိတ်သဟာယက လူသားမျိုးနွယ်ကို စီမံခန့်ခွဲရန် ဘုရားသခင်၏ အမှုတော်အကြောင်း သိနားလည်မှုအချို့ကို ရရှိခွင့်ပေးခဲ့ပြီး သူပြောသမျှသည် အရင်က ကျမ်းစာကို နှစ်များစွာ ဖတ်ရှုခဲ့သော်လည်း ကျွန်မ လုံးဝနားမလည်ခဲ့သည့် အရာများ ဖြစ်သည်။ ဝတ်ပြုအစည်းအဝေး ပြီးသွားသည့်အခါ ကျွန်မစိတ်ကို ကျွန်မ ပြောင်းလဲခဲ့ပါသည်။ ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို အရင်ဆုံး လေ့လာဆန်းစစ်မည်၊ ပြီးလျှင် ကျွန်မ အမေနှင့် အပြန်အလှန်ပြောဆိုမှု အသံသွင်းထားသည်ကို ဖျက်လိုက်မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။

ပညာသတိရှိသော သတို့သမီးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြသည်

တတိယနေ့ ကျွန်မတို့ ဝတ်ပြုအစည်းအဝေးအတွင်းတွင် ပညာသတိရှိသော သတို့သမီးများနှင့် မိုက်မဲသော သတို့သမီးတို့ကြား ခြားနားချက်အကြောင်းကို ကျွန်မတို့ ဆွေးနွေးခဲ့ကြသည်။ အစ်ကို ကျန်းက၊ “ပညာသတိရှိတဲ့ သတို့သမီးတွေက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို တမ်းတကြပြီး ဘုရားသခင်ရဲ့ အသံတော်ကို ဘယ်လိုနားထောင်ရမယ်ဆိုတာ သိကြတဲ့အတွက် ပညာရှိတာဖြစ်တယ်။ သူတို့က ဉာဏ်ရှိကြပြီး အရည်အချင်း ပိုင်ဆိုင်ကြတယ်။ ပြီးတော့ သူတို့က သမ္မာတရားကို ချစ်ပြီး ရှာဖွေကြသူတွေပဲ။ အကျိုးဆက်အနေနဲ့ သခင်ကြွလာပြီဆိုတဲ့ သတင်းကို သူတို့ကြားကြတဲ့အခါ သူတို့ တက်တက်ကြွကြွ ရှာဖို့သွားကြပြီး သူ့အကြောင်းကို ရှာဖွေကြတယ်။ ပြီးတော့ ဒီလိုလူတွေက ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေရဲ့ လှည့်ဖြားတာကို မခံရနိုင်ဘူး။ မိုက်မဲတဲ့ သတို့သမီးတွေက သမ္မာတရားကို မချစ်ကြဘူး။ ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ဖို့ သူတို့ အာရုံမစိုက်ကြသလို ဘယ်လိုနားထောင်ရမယ်ဆိုတာလည်း မသိကြဘူး။ သူတို့က စိတ်ရှုတ်ထွေးနေကြပြီး သိမြင်မှုမရှိကြဘူး။ ပြီးတော့ သခင့်ရဲ့ ကြွလာခြင်းနဲ့ ပတ်သက်ပြီး သူတို့က ဘုရားရဲ့ အမှုတော်ကို အာခံပြီး ရှုတ်ချဖို့ သူတို့ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကိုပဲ ဖက်တွယ်ကြတယ်။ ဥပမာအနေနဲ့၊ ညီအစ်ကို မောင်နှမအချို့က ကိုယ်တော့်ကို သူတို့ ယုံကြည်ခြင်းမှာ သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို နားထောင်ဖို့ အာရုံမစိုက်ကြဘူး။ အဲဒီအစား သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ပြောတာကို ယုံကြတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ဘာပဲပြောပါစေ၊ အဲဒါ သူတို့ ယုံကြည်တဲ့အရာဖြစ်တယ်။ သူတို့က သခင့်ကို နာမည်အနေနဲ့ပဲ ယုံကြည်ကြပေမယ့် အမှန်မှာတော့ သူတို့က သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို နာခံကြတယ်။ နောက်ပြီး ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေကို သတိထားခြင်းအပေါ်ကိုသာ အဓိကအာရုံစိုက်ကြတဲ့ ညီအစ်ကို မောင်နှမအချို့ရှိပြီး၊ သူတို့က သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းကို တစ်ယောက်ယောက် ဖြန့်တာကို ကြားကြတဲ့အချိန်မှာတောင် မရှာဖွေသလို၊ လေ့လာမဆန်းစစ်ကြဘူး။ဒါက အစာနင်မှာစိုးလို့ မစားတာနဲ့ တူမနေဘူးလား။ ဒီလိုလူတွေက သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်စွမ်းရှိကြလား။”

အစ်ကို ကျန်း၏ စကားများက ရုတ်တရက် ကျွန်မကို ပြန်အမှတ်ရစေပြီး၊ ကျွန်မက၊ “အဲဒါ မှန်တယ်။ ငါ သင်းအုပ်ဆရာပြောတာကို ဒီလောက်အချိန်အကြာကြီး ငါ နားထောင်ပြီးပြီ။ ပြီးတော့ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ငါ မလေ့လာခဲ့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဆိုရင်၊ အဲဒါက ငါ့ကို ဖော်ထုတ်ခံရတဲ့ မိုက်မဲတဲ့ သတို့သမီးတစ်ယောက် မဖြစ်စေဘူးလား။ သခင်ယေရှုက၊ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၇) လို့ ပြောခဲ့တယ်။ သခင့်ကို ကြိုဆိုဖို့ ငါ အမြဲ စောင့်မျှော်ခဲ့တယ်။ ပြီးတော့ အခု အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သခင်ပြန်ကြွလာပြီလို့ သက်သေခံနေကြတယ်။ ငါ ပညာသတိရှိတဲ့ သတို့သမီးဖြစ်သင့်ပြီး နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ရှာဖွေပြီး လေ့လာဆန်းစစ်သင့်တယ်။ ဘာလို့လဲဆိုတော့ အဲဒါကသာ ဘုရားအလိုတော်နဲ့ ကိုက်ညီလို့ပဲ” ဟု တွေးခဲ့ပါသည်။ ထို့ကြောင့်၊ ကျွန်မသည် နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ဆက်လက်လေ့လာဆန်းစစ်ရန် ဆုံးဖြတ်ခဲ့သည်။

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကို ဆောင်သောသူတို့ကြား သိမြင်ရန်နည်းလမ်း

စစ်မှန်သော ခရစ်တော်နှင့် ခရစ်တော်၏ အယောင်ကို ဆောင်သောသူတို့ကြား သိမြင်ရန်နည်းလမ်း

နောက်နေ့ ဝတ်ပြုအစည်းအဝေးတွင် ကျွန်မက “အစ်ကို၊ ပညာသတိရှိတဲ့ သတို့သမီးဖြစ်ဖို့ အဓိကသော့ချက်က ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ခြင်းအပေါ် အာရုံစိုက်ဖို့ဖြစ်တယ်လို့ မနေ့က အစ်ကို မိတ်သဟာယပြုခဲ့တယ်။ ကျွန်မအနေနဲ့ အခု နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လေ့လာဆန်းစစ်ဖို့ လိုက်လျှောက်ရမယ့် လမ်းကြောင်းတစ်ခု ရှိပြီလို့ ခံစားရတယ်။ ဒါပေမယ့် ကျွန်မရဲ့ သင်းအုပ်ဆရာက သူ့ရဲ့ ဒေသနာတွေမှာ လူတွေကို လှည့်ဖြားဖို့ ခရစ်တော်ရဲ့ အယောင်ဆောင်တဲ့သူတွေ ပေါ်လိမ့်မယ်လို့ မကြာခဏ ပြောတယ်။ ဒီတော့ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့အယောင်ကို ဆောင်တဲ့သူတွေကြား ဘယ်လို ကျွန်မတို့ သိမြင်သင့်သလဲ။ ဒီသမ္မာတရားရှုထောင့်ကို ကျွန်မ နားမလည်ဘူး။ ဒါကြောင့် အစ်ကို ကျွန်မကို ဒီအကြောင်း မိတ်သဟာယပြုပေးနိုင်မလားလို့ သိချင်နေတာ” ဟု မေးလိုက်သည်။

အစ်ကို ကျန်းက၊ “ညီမမေးလိုက်တဲ့ ဒီမေးခွန်းက အစ်ကိုတို့ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မလား၊ မကြိုဆိုနိုင်ဘူးလား ဆိုတာနဲ့ တိုက်ရိုက် ဆက်နွယ်တဲ့အတွက် အရေးပါလှပါတယ်။ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေကြား သိမြင်မှုအကြောင်း သမ္မာတရားကို အစ်ကိုတို့ နားလည်သဘောပေါက်နိုင်သရွေ့၊ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူက ခရစ်တော်ကို ဘယ်လိုပဲ တူအောင်တုပါလေ့စေ၊ သူတို့ရဲ့ လှည့်ဖြားတာကို အစ်ကိုတို့ မခံရဘဲဆက်နေနိုင်မှာဖြစ်ပါတယ်။ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေကြား ဘယ်လိုခွဲခြားသိမြင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သခင်ယေရှုက၊ “ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူ တို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၄) သခင့်နှုတ်ကပတ်တော်က နောက်ဆုံးသော ကာလ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေဟာ လူတွေကို လှည့်ဖြားဖို့ နိမိတ်လက္ခဏာ နဲ့ အံ့ဖွယ်တွေကို အများဆုံးအသုံးပြုမယ်လို့ ရှင်းရှင်းလင်းလင်း ပြောပါတယ်။ ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေက သမ္မာတရား ကင်းမဲ့ကြပြီး သူတို့ရဲ့ အနှစ်သာရက ဝိညာဉ်ဆိုးတွေနဲ့ နတ်ဆိုးတွေနဲ့ဆိုင်တဲ့အရာ ဖြစ်တာကြောင့်၊ သူတို့ဟာ ဘုရားရဲ့ ပြီးခဲ့တဲ့ အမှုတော်ကိုပဲ တုပနိုင်ကြပြီး ရိုးရှင်းတဲ့ နမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာအချို့ကို ဆောင်ရွက်နိုင်တယ်၊ ဒါမှမဟုတ် လေးနက်တဲ့ သီအိုရီတွေနဲ့ လူတွေကို ရှုတ်ထွေးစေဖို့ ကျမ်းစာကို တလွဲအနက်ပြန်ကြတယ်။ ခရစ်တော်ပဲ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ပါတယ်။ ပြီးတော့ သူသာ သမ္မာတရားကို ဖော်ပြနိုင်ပြီး လမ်းခရီးကို ပြနိုင်သလို အစ်ကိုတို့ကို အသက် ပေးနိုင်ပါတယ်။ သူတို့ကိုယ်သူတို့ ခရစ်တော်လို့ ခေါ်ပေမယ့် သမ္မာတရား၊ လမ်းခရီး ဒါမှမဟုတ် အသက်တို့ကို မဖော်ပြနိုင်တဲ့သူတွေအားလုံးက သေချာပေါက် ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေဖြစ်ပြီး ဟန်ဆောင်သူတွေဖြစ်တယ်။ ဒါက ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေကို အခြေခံကျကျ ခွဲခြားမှုကို အစ်ကိုတို့ ပိုင်ဆိုင်နိုင်တဲ့ အခြေခံသဘောတရားဖြစ်တယ်။”

အစ်ကို၏ မိတ်သဟာယကို နားထောင်ပြီးသည့်နောက်၊ ဤကျမ်းချက်ကို ကျွန်မ ဂရုတစိုက် နောက်တစ်ဖန်ဖတ်ရှုကြည့်သည်။ ထို့နောက်တွင် ရုတ်တရက် အရာအားလုံး ရှင်းသွားခဲ့သည်။“ဟုတ်တယ်။ ခရစ်တော်ရဲ့ အယောင်ကို ဆောင်တဲ့သူတွေက လူတွေကို လှည့်ဖြားဖို့ ကြီးမားတဲ့ နမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကို ဆောင်ရွက်မယ်လို့ ကျမ်းစာထဲမှာ သေချာပြောထားတာပဲ။ ဒီတော့ ကျမ်းစာကို နှောကျေနေကြတဲ့ အဲဒီသင်းအုပ်ဆရာတွေက ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေကို ခွဲခြားသိမြင်နိုင်မယ့် ဒီအခြေခံသဘောတရားကို ဘယ်လိုဖြစ်ပြီး မမြင်ခဲ့ကြတာလဲ။”

ထို့နောက် အစ်ကိုကျန်းက အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကျမ်းပိုဒ်တစ်ပိုဒ်ကို ပို့ပေးခဲ့သည် – “မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။… အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသောသူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း”)

အစ်ကိုကျန်းက မိတ်သဟာယပြုကာ ပြောခဲ့ပါသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဘုရားသခင်က အစဉ်အမြဲ ဆန်းသစ်ပြီး လုံးဝအိုဟောင်းမသွားတဲ့ ဘုရားဖြစ်တယ်၊ ပြီးတော့ တူညီတဲ့ အမှုကိုပဲ နှစ်ကြိမ် လုံးဝမလုပ်ဘူးဆိုတာကို အစ်ကိုတို့ မြင်နိုင်တယ်။ ဘုရားသခင်က အမှုသစ်ကို အစပြုတဲ့အချိန်တိုင်းမှာ သူက နှုတ်ကပတ်တော်သစ်တွေကို ဖော်ပြပြီး လူကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းသစ်တွေကို ပေးတယ်။ ဥပမာအနေနဲ့၊ သခင်ယေရှု ကြွလာခဲ့တဲ့အချိန်မှာ၊ သူက ပညတ်တရား နဲ့ ပညတ်ချက်တွေကို ကြေငြာခြင်း အမှုကို ထပ်မလုပ်ခဲ့ဘူး။ အဲဒီအစား လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ အခြေပြုချက်တစ်ခုအနေနဲ့ အဲဒီအမှုကို အသုံးပြုခဲ့တယ။ အဲဒီအချိန်က လူတွေကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းသစ်တွေကို သူ ပေးခဲ့တယ်။ ဥပမာအနေနဲ့၊ သူက လူတွေကို ဝန်ချဖို့နဲ့ နောင်တရဖို့၊ သူတို့ရဲ့ ရန်သူတွေကို ချစ်ဖို့၊ အချင်းချင်း ခွင့်လွှတ်ဖို့နဲ့ ချစ်ဖို့ကို သင်ယူကြဖို့၊ စသဖြင့် သွန်သင်ခဲ့တယ်။ အခု အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ ကြွလာပြီဖြစ်ပြီး သူက နောင်တလမ်းကို ထပ်ပြီးတဖန် မဖော်ပြဘူး။ အဲဒီအစား သူက နှုတ်ကပတ်တော်တွေကနေတဆင့် လူကို စီရင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ရွေးနုတ်ခြင်းအမှုကို အခြေခံတစ်ခုအနေနဲ့ အသုံးပြုပါတယ်။ ဒီအမှုတော်အဆင့်အတွင်းမှာ ဘုရားသခင်က နမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကို မဆောင်ရွက်ပါဘူး၊ အဲဒီအစား အစ်ကိုတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြဖို့ နဲ့ အစ်ကိုတို့ရဲ့ မတရားမှုကို စီရင်ဖို့ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့ကျကျ ဖော်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်က အစ်ကိုတို့ စစ်မှန်တဲ့ ကယ်တင်ခြင်းရဖို့ လိုအပ်တဲ့ သမ္မာတရားအားလုံးကို အစ်ကိုတို့ကို ပေးသနားပါတယ်။ ပြီးတော့ အစ်ကိုတို့ကို သူက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဆီသွားတဲ့ လမ်းကြောင်းကို နားလည်သဘောပေါက်စေတယ်။ အဲဒီကနေတဆင့် အစ်ကိုတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အစ်ကိုတို့ စွန့်ပယ်နိုင်ပြီး ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်ထဲကို ပို့ဆောင်တာ ခံရကြတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူ အများစုက ဝိညာဉ်ဆိုးတွေ ပူးတာကို ခံရကြပြီး အားလုံးက ထူးထူးခြားခြားကို မာနထောင်လွှားပြီး ကတ်သီးကတ်သတ်နိုင်ကြတယ်။ သူတို့က လူတွေကို စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဆီ လမ်းကြောင်းကို ပြသဖို့ သမ္မာတရားကို ဖော်ပြဖို့မပြောနဲ့၊ ခေတ်သစ်တွေကို မစတင်နိုင်သလို ခေတ်တွေကို အဆုံးမသတ်စေနိုင်ပါဘူး။ သူတို့ လုပ်နိုင်သမျှက ယေရှုရဲ့ အတိတ်က အမှုတော်ကို တုပဖို့နဲ့ လူတွေကို လှည့်ဖြားဖို့ ရိုးရှင်းတဲ့ နမိတ်လက္ခဏာ အနည်းငယ်ကို ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်။ လူသေကို ပြန်ရှင်စေတာနဲ့ လူငါးထောင်ကို ငါးနှစ်ကောင် မုန့်ငါးလုံးနဲ့ ကျွေးမွေးတာတွေလို သခင်ယေရှု ဆောင်ရွက်ခဲ့တဲ့ ကြီးမြတ်တဲ့ နမိတ်လက္ခဏာတွေအတွက် ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေက အဲဒီလုပ်ရပ်တွေကို တကယ်ကို မတုပနိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ကပဲ အဲဒီလို သြဇာအာဏာ နဲ့ တန်ခိုးတွေကို ပိုင်ဆိုင်ပြီး ခရစ်တော်ရဲ့ အယောင်ကိုဆောင်တဲ့သူတွေက အဲဒီလိုအရာတွေကို လုံးဝ မစွမ်းဆောင်နိုင်လို့ပဲ ဖြစ်ပါတယ်။”

အစ်ကို၏ မိတ်သဟာယမှတဆင့်သာ ဘုရားသခင်၏ အမှုတော်မှာ အမြဲဆန်းသစ်ပြီး ဘယ်တော့မှ မအိုဟောင်းသလို၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူတို့သည် ဘုရားသခင်၏ အတိတ်က အမှုတော်ကိုသာ တုပနိုင်စွမ်းရှိပြီး ရိုးရှင်းသည့် နမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာ အနည်းငယ်ကိုသာ လုပ်ဆောင်နိုင်စွမ်းရှိသည်ကို ကျွန်မ နားလည်လာခဲ့ပါသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်ကို လုပ်ဆောင်နိုင်စွမ်းမရှိကြပါ။ ဘုရားသခင်၏ အမှုတော်နောက်ကွယ်မှ အခြေခံသဘောတရားများကို ကျွန်မတို့ နားလည်သဘောပေါက်သရွေ့ ကျွန်မတို့ လှည့်ဖြားခံရမည် မဟုတ်ပါ။ ကျွန်မသည့် လှည့်ဖြားခံရမည်ကို အမြဲ စိုးရွံ့ခဲ့ပြီး နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို ရှာဖွေပြီး လေ့လာဆန်းစစ်ဖို့ မပြောနှင့်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက ပေးသည့် မည်သည့်တရားဒေသနာကိုမဆိုပင် နားမထောင်ဝံ့ခဲ့ပါ။ ယင်းအစား၊ ကျွန်မ၏ အသင်းတော်တွင် ရှိရင်းစွဲအတိုင်း နေပြီး၊ ယင်းမှာ လုပ်ဆောင်ရမည့် အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်ပြီး အနာဂတ်တွင် သခင်နှင့်အတူ ကျွန်မ ပေါင်းစည်းလိမ့်မည်ဟု တွေးထင်ရင်း၊ ထိုနေရာတွင် တရားဒေသနာများကို နားထောင်ကာ သခင့်ကို ချီးမွမ်းခဲ့ပါသည်။ သို့သော် ထိုအရာကို ယခု စဉ်းစားကြည့်သည့်အခါ၊အလွန်မတုန်မလှုပ်ဖြစ်ပြီး သတိထားလွန်းကာ နောက်ဆုံးသော ကာလ သခင်၏ မိန့်မြွက်ချက်များကို ဦးစွာမရှာဖွေခြင်းက အမှန်တကယ်ပင် သခင့်ကို ကြိုဆိုရန် ကျွန်မ၏ အခွင့်အရေးကို လွဲချော်စေတတ်ခဲ့ပါသည်။

သက်ဆိုင်သည့် အကြောင်းအရာ