သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၌ ယုံကြည်သူတို့သည် သူတို့၏ မိသားစုများကို အမှန်တကယ် ဂရုမစိုက်ဘဲနေကြပါသလား

7

မူရှင်းဖီ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန ဝန်ကြီး၏ ဇနီး)- ရှောင်ယီနဲ့ ရှောင်ရွေ၊ မင်းတို့ကို အမေ ပြောစရာရှိတယ်။ ဘုရားသခင်ကို ယုံကြည်တာ ကောင်းတဲ့ကိစ္စလို့ အမေ လက်ခံတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်စေတယ်လေ။ မင်းတို့နှစ်ယောက်စလုံး ယုံကြည်ကြတယ်ဆိုတော့ အမေ စိတ်သက်သာရာရတာပေါ့။ လမ်းမှားသွားမှာ မပူရတော့ဘူး။ ဒါပေမဲ့ အစိုးရမှတ်တမ်းတွေကို ဖတ်ကြည့်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတချို့ဟာ ဧဝံဂေလိတရားဟောဖို့ သူတို့မိသားစုကို စွန့်လွှတ်ကြလိမ့်မယ်တဲ့။ တချို့ဆို အိမ်ထောင်မပြုဘဲ တစ်သက်လုံးနေသွားကြတယ် ပြောတယ်။ ထပ်ပြီးပြောထားတာက အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်တဲ့တစ်ဖွဲ့ကို ဖမ်းပြီးရင်၊ နောက်တစ်ဖွဲ့ကို သတ်ဖြတ်ဖို့ ကြိုးစားတယ်တဲ့။ ပြီးတော့ “ ပိတ်ပင်မှု မအောင်မြင်သရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး” ဆိုလားပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတော်တော်များများ အဖမ်းခံရ၊ ထောင်ချခံရ၊ ဒဏ်ရာရကြပြီး၊ ဒုက္ခိတတောင် ဖြစ်ကြရတယ်။ တချို့ဆိုရင် သူတို့အလုပ်ပါဆုံးရှုံးပြီး၊ မိသားစုတွေ ပြိုကွဲကုန်တယ်ပြောတယ်။ အဲဒီလိုဖြစ်ရတာ ယုံကြည်သူတွေက သူတို့မိသားစုကို ဂရုမစိုက်ကြလို့ပဲတဲ့။ ရှောင်ယီ၊ ရှောင်ရွေ မင်းတို့ ဒါတွေကို တကယ်လို့ထင်လား။ အမေပြောရလိမ့်မယ်၊ အိမ်ထောင်မပြုဘဲနေတာတို့၊ မိသားစုကို စွန့်လွှတ်တာတို့ မလုပ်ရဘူးနော်။ မင်းတို့ယုံကြည်ခြင်းက ဒီလိုမျိုးဆိုရင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံဖို့ အမေ တောင်းပန်ချင်တယ်။ ဒီဆန္ဒကိုတော့ ကျေးဇူးပြုပြီး အရေးစိုက်ပေးကြပါ။

စစ်ရွီ (ခရစ်ယာန်တစ်ယောက်)- ယုံကြည်မှုဆိုတာ လမ်းမှန်ဆီ ရောက်စေမှန်း အမေ သိပါတယ်၊ အဲဒါ ကောင်းတဲ့ကိစ္စပဲလေ။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဆိုတာ လူသားတွေကို ကယ်တင်ဖို့မှန်း နားလည်သွားရင်၊ အမေလည်း ဘုရားသခင်ကို ယုံကြည်ဆည်းကပ်သွားမှာပါ။ သခင်ယေရှုက “ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။ ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။” (လုကာ ၁၈:၂၉-၃၀)

စစ်ယီ (ခရစ်ယာန်တစ်ယောက်)- ပြောထားသေးတယ်လေ၊ “အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (မဿဲ ၁၀:၃၈-၃၉)

စစ်ရွီ- ဟုတ်တယ်၊ အမေ။ သခင်ယေရှုရဲ့ အဲဒီနှုတ်ကပတ်တော်တွေကို ဖတ်ကြည့်ရင်၊ သခင်ယေရှုကို ယုံကြည်သူစစ်စစ်ဆိုတာ ဘယ်လိုလူတွေမှန်း အမေ သိလာမှာပါ။ ဒီလိုနောက်လိုက်တွေကို စီစီပီက အမုန်းဆုံးပဲလေ။ သူတို့တွေ သခင့်နောက်ကို ဘာလို့ ဒီလိုလိုက်ကြလဲဆိုတာ အမေ သိလား။

သမ္မာတရားကို လက်ကိုင်ပြုဖို့အတွက် သူတို့က သခင့်နောက်ကို လိုက်ကြတာပါ။ အသက်တာအတွက်၊ သခင့်အတွက်ပေါ့။ လောကီစည်းစိမ်ချမ်းသာတွေကို သူတို့ စွန့်လွှတ်နိုင်ကြတယ်။ အသွေးအသား ကာမဂုဏ်တွေကို မမက်မောကြဘူး။ ဧဝံဂေလိတရား ဟောပြောဖို့ သခင့်အတွက်၊ သက်သေခံဖို့အတွက်၊ ဆင်းရဲဒုက္ခတွေကို သူတို့က ကြံ့ကြံ့ခံနိုင်တယ်။ သူတို့က သိပ်ကိုမြင့်မြတ်တဲ့သူတွေပါ။ ဒီလိုလူတွေကို သခင်က သိပ်ကိုချီးမွမ်းတယ်။ ပါတီက ဘာလို့သူတို့တွေကို မုန်းတီး အသရေဖျက် ရှုတ်ချနေလဲ သမီးတို့သိဖို့လိုတယ်။ သူတို့ကိုဘာလို့ဖမ်းဆီးသတ်ဖြတ်နေရတာလဲ။ “ ပိတ်ပင်မှု မအောင်မြင်သရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး” လို့ ပါတီက ပြောထားတယ်။ အဲဒါက ကောင်းကင်ဘုံရဲ့အလိုနဲ့ ဆန့်ကျင်မနေဘူးလား ဘုရားသခင်ကို ဆန့်ကျင်မနေဘူးလား။ သမီးအမြင်ပြောရရင် ဘုရားသခင်ကို ယုံကြည်သူတွေအပေါ် ပါတီရဲ့လုပ်ရပ်က ရာဇဝတ်မှုမြောက်ပြီး အပြစ်အရမ်းကြီးတယ်။ ဒါ ဖောက်ပြန်ရေးဝါဒီပဲလေ။ ခြားနားချက်ကို ခွဲခြားမြင်ရမယ်၊ အမေ။

စစ်ယီ– အမေ၊ ဘုရားသခင်ကိုယုံကြည်သူတွေက ဧဝံဂေလိတရားကို ဟောပြောတယ်။ ဘုရားသခင်ကို သက်သေခံတယ်ဆိုတာ တခြားလူတွေ ကယ်တင်ခံရအောင်လို့ပါ။ ကမ္ဘာကြီးက ပိုအမှောင်ဖုံးပြီး ယုတ်ညံ့လာတာ အမေလည်း တွေ့နေတာပဲ။ လူတွေ ပိုပြီးဖောက်ပြန်ပျက်စီးကြတယ်။ မကောင်းမှုကို အားပေးပြီး သမ္မာတရားကို မုန်းတီးလာကြတယ်။ မကောင်းတဲ့နောက်ကို လိုက်နေကြတယ်၊ ဆိုးယုတ်မှုတွေထဲမှာ သာယာနေကြတယ်၊ ဘုရားသခင်ကိုလည်း ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေကြတယ်။ အမေ၊ ကမ္ဘာကြီးက ဆိုးသွမ်းလွန်းပြီး လူတွေကလည်း အကျင့်ပျက်လွန်းနေတာပါ၊ သူတို့တွေ ပျက်စီးခြင်းဆိုက်သင့်နေတာ ကြာပြီမဟုတ်လား။ သမ္မာကျမ်းကလည်း ပရောဖက်ပြုထားတယ်၊ နောက်ဆုံးသောကာလအတွင်း ဘေးဆိုးကြီးကျရောက်မယ်တဲ့။ ကျွန်တော်တို့အနေနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ လှည့်ပြန်ပြီး၊ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို လက်ခံရမယ်၊ မဟုတ်ရင် ကျွန်တော်တို့တွေ ကပ်ဘေးအားဖြင့် ဖျက်ဆီးခံရလိမ့်မယ်။ ကပ်ဘေးကြီးက ကျတော့မယ့်ဆဲဆဲဖြစ်နေပြီ။ လူသားတွေ အလုံးစုံပျက်စီးခြင်းနဲ့ ကြုံရတော့မှာပါ။ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် သူ့အမှုတော်ကို အစပြုခဲ့ပြီ။ လူသားအနေနဲ့ အပြစ်ကနေ ကယ်တင်ခံရပြီး၊ ဘုရားသခင်ရဲ့နိုင်ငံတော်ဆီ ခေါ်ဆောင်ခံရဖို့အတွက် လူသားကို တရားစီရင်ဖို့ သန့်စင်ဖို့ပေါ့။ ဒါ သိပ်ကောင်းတဲ့သတင်း မဟုတ်ဘူးလား။ လူသားကို ကယ်တင်ဖို့ ရောက်လာတာဟာ ဘုရားသခင်ရဲ့မေတ္တာတော်ပဲမဟုတ်လား။ တကယ်လို့ လူသားတွေ ကယ်တင်ခံရချင်ရင် အခုချိန်မှာ တစ်နည်းပဲရှိတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်မှုကို လက်ခံပြီး ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ခံလိုက်ဖို့ပါပဲ အဲဒီတော့မှ ကပ်ဘေးကြီးကို ဘုရားသခင်ရဲ့ကာကွယ်မှုနဲ့ လွတ်မြောက်နိုင်မယ်။ လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ဆန္ဒပြင်းပြမှုကို အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်သူတွေက နားလည်ကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို ဟောပြော သက်သေခံဖို့ဆိုရင် နေသာတဲ့ဘဝကို စတေးလိုကြသလို၊ စီစီပီရဲ့ဖိနှိပ်မှုကိုလည်း ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုကြတယ်။ ယုံကြည်သူတွေက ဒါတွေအကုန်လုံး ခါးစည်းခံကြတယ်၊ အဲဒါမှ လူတွေ ပိုပြီးကယ်တင်ခံရမှာလေ။ ဒါက ဘုရားသခင်ရဲ့အလိုတော်ကို ထမ်းရွက်တာပဲ၊ အမေ။ သခင်ယေရှု ပြောခဲ့သလိုပေါ့ “သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတရားကို ဟောကြလော့” (မာကု ၁၆:၁၅) အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ် “ငါတို့၏ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိခြင်းဖြစ်သဖြင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ကျေပွန်အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက်လည်းမဟုတ်၊ လူသားတို့၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ညှဉ်းဆဲသတ်ဖြတ်ခံခဲ့ကြရသောသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်ပေ၊ ငါတို့ကို အရာရာထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် ထိုက်တန်လိမ့်မည် မဟုတ်ချေ။“ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အဖေ၊ အမေ ဧဝံဂေလိတရား ဖြန့်ဖြူးရင်၊ ဒုက္ခရောက်မှာကို အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတွေက မသိဘူးလို့ ထင်နေတာလား။ အဲဒီလိုထင်နေရင်တော့ အမေတို့မှားသွားပြီ။ ဧဝံဂေလိတရားကို ဖြန့်ဖြူးတာက ကောင်းကင်ဘုံရဲ့အလိုတော် လူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီပါတယ်။ လူ့ကျင့်ဝတ်ဖြစ်သလို မွန်မြတ်ပါတယ်။ ဒါပေမဲ့ စီစီပီက ခရစ်ယာန်တွေရဲ့စေတနာကို ရှုတ်ချရင်း၊ နှိပ်စက်ညှဉ်းပန်းရင်းနဲ့ ကောင်းကင်ဘုံရဲ့ အလိုတော်နဲ့ လူတွေရဲ့ ဆန္ဒကို ဖောက်ဖျက်လိုက်ပြီလေ။ ခရစ်ယာန်တော်တော်များများ နေစရာပျောက်ပြီး အိမ်ခြေမဲ့တွေဖြစ်ကုန်ပြီ။ တော်တော်များများလည်း အဖမ်းခံရ၊ ထောင်ချခံရ၊ တချို့လည်း သေတဲ့အထိ နှိပ်စက်ခံကြရတယ်။ ပါတီကြောင့် ခရစ်ယာန်မိသားစုတွေ မနည်းမနော ပြိုကွဲကုန်ကြတယ်။ အဲဒါတောင် အစိုးရက မိသားစုပျက်စီးတာ ဘုရားသခင်ကိုယုံကြည်လို့ဆိုပြီး ပြောနေတုန်းပဲ။ ဒါက လိုသလိုဆွဲပြောထားတာဖြစ်မနေဘူးလား။ ပါတီကသာ ခရစ်ယာန်တွေကို ဖမ်းဆီးတာမျိုးမလုပ်ရင် အခုလိုဖြစ်မှာ မဟုတ်ဘူး။ ခရစ်ယာန်တွေကို ဖိနှိပ်ရင်း အပြစ်တွေကျူးလွန်ထားတာက စီစီပီ မဟုတ်ဘူးလား။ ဘုရားသခင်ကိုယုံကြည်တာ ဘာမှမမှားဘူးလေ။ ကမ္ဘာပေါ်မှာ ယုံကြည်သူတွေအများကြီးပဲ။ သူတို့ကျတော့ မိသားစုတွေ မပြိုကွဲဘူးလေ။ မဟုတ်ဘူးလား။ တချို့မသိတဲ့သူတွေက ပါတီရဲ့ယုတ္တိမရှိတဲ့ ကောလာဟလတွေကို အမှတ်မှား နေကြတုန်းပဲ။ ခရစ်ယာန်တွေကို နှိပ်ကွပ်တဲ့ပါတီကို အပြစ်မတင်ဘဲ ဘုရားသခင်ကို ယုံကြည်မိတဲ့ ခရစ်ယာန်တွေကို အပြစ်တင်နေကြတယ်။ အဓိပ္ပာယ်မရှိ ရယ်စရာကောင်း မနေဘူးလား။ အမေ၊ အဖေ ဘယ်ဟာအမှန်လဲ သေချာစဉ်းစားကြည့်ပါ။ ပါတီရဲ့ယုတ္တိမရှိတဲ့ ကောလာဟလတွေကို လက်မခံပါနဲ့။

မူရှင်းဖီ- မင်း ပြောတာကိုကြားရတော့ အမေ နားလည်ပါပြီ။ ပါတီက မရေတွက်နိုင်တဲ့ ယုံကြည်သူတွေကို ထောင်ချတယ်၊ သတ်ဖြတ်တယ်၊ မိသားစုတွေ ပြိုကွဲအောင်လုပ်တယ်၊ ပြီးတော့ ဘုရားသခင်ကို ယုံကြည်တာ အမှားဆိုပြီး ဓားစာခံတွေဆီ အပြစ်လွှဲချတယ်။ ဒါက လိုရာဆွဲပြောတာမှန်း ရှင်းနေတာပဲ။ တရုတ်အစိုးရက စက်ဆုပ်စရာပဲ။ ဘုရားသခင်ကို ယုံကြည်သူတွေကတော့ တခြားသူတွေကို ကယ်တင်ဖို့ အစိုးရရဲ့ နှိပ်ကွပ်တာ သည်းခံပြီး ဧဝံဂေလိတရားကိုသာ ဖြန့်ဖြူးကြတယ်။ ဒါက လေးစားစရာအချက်ပဲ။ ဒီလူတွေက တကယ်ကို သူတော်ကောင်းတွေပဲ။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

သက်ဆိုင်သည့် အကြောင်းအရာ