အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ကောင်းမွန်သည့် ဘာသာတရားဆိုသည်မှာ အဘယ်နည်း။ ဆိုးယုတ်သည့် အစွန်းရောက်ဝါဒဆိုသည်မှာ အဘယ်နည်း။

11

ကောင်းမွန်သည့် ဘာသာတရားဆိုသည်မှာ အဘယ်နည်း။

ဖန်လောင် (အယူဝါဒရိုက်သွင်းသည့် ဌာနချုပ်၏ လက်ထောက်ဒါရိုက်တာ)- မင်းတို့ကြည့်လိုက်တာက အစွန်းရောက်ဝါဒတွေက ဘာတွေလဲဆိုတာ ပြတဲ့ ဥပဒေ ပညာပေးဗီဒီယိုပဲ။ ဗဟိုအစိုးရက အဓိပ္ပါယ်ဖွင့်ဆိုပေးထားပြီး ဝိသေသငါးချက်ကို ဖော်ပြပေးထားတယ်၊ ဒါပေမဲ့ ဒီအချက်တွေကို ဆွေးနွေးရတာတော့ စိန်ခေါ်မှုတစ်ခုပဲ နားလည်ဖို့ ခက်ခဲလိမ့်မယ်။ ရှင်းရှင်းလင်းလင်းနဲ့ ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားပြီး ရှင်းပြမယ်။ နိုင်ငံ့ခေါင်းဆောင်တွေက ခရစ်ယာန်ဘာသာနဲ့ ကတ်သလစ်ဘာသာကို အစွန်းရောက်ဝါဒအဖြစ် သတ်မှတ်ပြီး သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်လိုက်ပြီ။ ဒါအများအားဖြင့် လက်ခံထားကြတဲ့ အချက်တွေပဲ။ ဗဟိုအစိုးရက ခရစ်ယာန်အိမ်တွင်းအသင်းတော်တွေကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ် ဘာကြောင့်သတ်မှတ်လိုက်သလဲ ဆိုတာကို ကျွန်တော် သုတေသနလုပ်ထားတဲ့အဖြေကတော့ ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က အရာအားလုံးအပေါ်အစိုးရပြီး စကြဝဠာအရှင်သခင်အဖြစ် အရာအားလုံးကို ထိန်းချုပ်တယ်လို့ သက်သေခံတဲ့သူတွေ၊ ကျွန်တော်တို့ကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုးကွယ်စေချင်တဲ့သူတွေအားလုံးဟာ အစွန်းရောက်ဝါဒီတွေဖြစ်တယ်လို့ သတ်မှတ်လိုက်လို့ပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်း ဖြောင့်မတ်ခြင်း မေတ္တာတော်နဲ့ ကယ်တင်ခြင်းကို သက်သေခံတဲ့သူတွေ စာတန်ကို လူသားမျိုးနွယ်ကို ဖျက်ဆီးနေသူအဖြစ် ကျိန်ဆဲတဲ့သူတွေ၊ အထူးသဖြင့် ကွန်မြူနစ်ပါတီကို တိုက်ရိုက်တိုက်ခိုက်ပြီး ကျိန်ဆဲတဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေအဖြစ် သတ်မှတ်တယ်။ သခင်ယေရှုပြန်လာပြီလို့ သက်သေခံတဲ့သူတွေ၊ လူ့ဇာတိခံယူတဲ့ ခရစ်တော်အကြောင်း သက်သေခံတဲ့သူတွေ၊ သာမန်လူသားတစ်ယောက်ရဲ့ ဆောင်ရွက်ချက်တွေကို ကယ်တင်ရှင်ရဲ့ အမှုတော်အဖြစ် ချဲ့ကားပြောဆိုနေတဲ့သူတွေ၊ ခရစ်တော်ရဲ့စကားတွေဟာ ပကတိအမှန်တရားပါလို့ လူသိရှင်ကြား ကြေညာပြီး သက်သေခံတဲ့သူတွေ၊ ကွန်မြူနစ်ပါတီကို ယုံကြည်မယ့်အစား ဘုရားသခင်ကို လက်ခံဖို့ ကိုးကွယ်ယုံကြည်ဖို့ သူများတွေကို အားပေးအားမြှောက် လုပ်တဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေလို့ သတ်မှတ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အရာအားလုံးရဲ့အထက်က အမှန်တရားဖြစ်တယ်၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး “ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏” ဆိုတာဟာ သမ္မာတရားလို့ သက်သေခံပြီး ကွန်မြူနစ်ပါတီရဲ့ ယုံကြည်ချက်ဖြစ်တဲ့ မာ့က်စ်-လီနင်ဝါဒကို ကျိန်ဆဲတဲ့သူတွေ အားလုံးကို

အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ဘုရားသခင် ပြန်လာပြီလို့ တရားဟောပြီး နောက်ဆုံးသောကာလခရစ်တော်ကို သက်သေခံသူတွေ ဘုရားသခင်ရဲ့ ကယ်နုတ်ခြင်းကို လူသားတွေလက်ခံနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ တစ်ခုတည်းသောလမ်းဖြစ်တဲ့ ဘုရားသခင်နောက်လိုက်ဖို့ ပန်ကြားတဲ့သူတွေကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ကျွန်တော်သိသလောက်တော့ ဒီအချက်တွေကြောင့် အစိုးရက ခရစ်ယာန်အသင်းတော်တွေ အားလုံးကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒ အဖြစ် သတ်မှတ်လိုက်တာပဲ။ အစွန်းရောက်ဝါဒ ဆိုတာ ဘာလဲ အားလုံးနားလည်ကြပြီလား။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီက အာဏာရပါတီဖြစ်တယ်။ ကွန်မြူနစ်ပါတီဆိုတာ ဘုရားရှိဝါဒ အားလုံးကို ဆန့်ကျင်တဲ့ မာ့က်စ်-လီနင် ဘုရားမဲ့ဝါဒီပါတီပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ အသင်းအဖွဲ့မှန်သမျှကို အစွန်းရောက်ဝါဒီတွေအဖြစ် အပြစ်ရှိတယ်လို့ ကွန်မြူနစ်ပါတီက ကြေညာတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့အကြွင်းမဲ့ အာဏာကို ပြသတာပဲ ကွန်မြူနစ်ပါတီကသာ ကြီးမြတ်ခမ်းနားပြီး မှန်ကန်တယ်၊ မာ့က်စ်-လီနင်ဝါဒနဲ့ ဆန့်ကျင်တာမှန်သမျှ မှားတယ်။ ကွန်မြူနစ်ပါတီအနေနဲ့ အတိုက်အခံအားလုံးကို ရှင်းလင်းပစ်ချင်တယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီကို ကြီးမြတ်တဲ့ပါတီအဖြစ် မြင်ကြရမယ်။ ဒါကိုလက်ခံဖို့ ပြဿနာရှိလား။ ခင်ဗျားတို့တွေရဲ့အမြင် ဘာပဲဖြစ်ဖြစ်၊ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးကြပါ။

ဝမ်ခူပင်း (အယူဝါဒရိုက်သွင်းသည့်ဆရာတစ်ယောက်)- ဒါရိုက်တာပန်က အစွန်းရောက်ဝါဒီတွေရဲ့ ဝိသေသတွေကို အတော်လေးရှင်းရှင်းလင်းလင်းပြောသွားတာပဲ။ လူတိုင်း နားလည်သင့်ပါပြီ၊ ဒါပေမဲ့ ကျွန်တော်ထပ်ပြောပါရစေ ခင်ဗျားတို့အသင်းတော်က ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လာပြီး နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တယ်လို့ ဟောတယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရားကိုဖော်ပြပြီး လူသားတွေကို သန့်စင်ရွေးနုတ်တယ်၊ 
ဘုရားသခင်ရဲ့နိုင်ငံတော် တည်ပြီလို့လည်း ဟောတယ်။ ဒါကြောင့် ဘာသာရေးအဝန်းအဝိုင်းတွေကွဲထွက်ကုန်ပြီး သန်းနဲ့ချီတဲ့လူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်လာကြတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်ပြည်အပေါ်ရိုက်ခတ်မှုရှိပြီး လူ့အဖွဲ့အစည်းအတွင်း မငြိမ်မသက်ဖြစ်လာတယ်။ ခင်ဗျားတို့တွေက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို ခြိမ်းခြောက်နေတာပဲ။ ဒါကြောင့် အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ်ကြေညာပြီး၊ နှိမ်နင်းတာပဲ။ ခင်ဗျားတို့အားလုံး အလိမ်ခံရပြီး လမ်းလွဲနေကြပြီ။ ခင်ဗျားတို့ မြန်မြန်နောင်တရပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို စွန့်ခွာပြီး၊ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ရဲ့ အသင်းသားအဖြစ် ခံယူပါ။ ဒါဆိုရင်တော့ ရာဇဝတ်မှုမမြောက်တော့ဘူး ဘယ်လိုလဲ။

ကျန်းမင်တောင်– ဒါရိုက်တာပန် မစ္စတာဝမ် ကွန်မြူနစ်ပါတီက ဘယ်လိုအချက်တွေအပေါ်မူတည်ပြီး အစွန်းရောက်ဝါဒီအဖြစ်သတ်မှတ်တယ်ဆိုတာကို ခင်ဗျားတို့ရှင်းပြခဲ့တယ်။ ဒါပေမဲ့ အစိုးရက ဒီလိုရှုတ်ချတာ တော်တော်အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်။ အဆုံးမှာတော့ ဖြောင့်မတ်မှုနဲ့ ဆိုးယုတ်မှုဆိုတာကို အမှန်တရားနဲ့ညီလား မညီလား၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက်လား မလျှောက်လားဆိုတာနဲ့ပဲ ဆုံးဖြတ်ရမှာ။ ပထမဆုံး ကျွန်တော်တို့ အားလုံးသိသင့်တာက အရာခပ်သိမ်းကိုဖန်ဆင်းခဲ့တဲ့ တစ်ဆူတည်းသော ဘုရားသခင်ကသာလျှင် အမှန်တရားဖြစ်တယ်ဆိုတာပဲ။ ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး ကျွန်တော်တို့အားလုံး သူ့ကိုကိုးကွယ်ရမယ် ဆိုရိုးစကားတွေရှိပါတယ်။ “ မင်းကိုစောင့်ကြည့်ပေးနေတဲ့ ဝိညာဉ်ရှိတယ်” တို့၊ “ လူသားတွေလုပ်သမျှ ကောင်းကင်ဘုံက စောင့်ကြည့်တယ်” တို့၊ “ ကောင်းကင်ဘုံရဲ့ဆန္ဒကို မလွန်ဆန်နိုင်ဘူး” တို့၊ “ တရားဖြောင့်မတ်မှုဆိုတာ လူ့နှလုံးသားကလာတာပါ” တို့၊ “ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်” တို့၊ “ ကောင်းကင်ဘုံရဲ့အမျက်ဒေါသကို ဘယ်လိုဆုတောင်းမျိုးနဲ့မှ မဖြေနိုင်ဘူး” တို့ အဲဒီဆိုရိုးတွေအားလုံးက ဘုရားသခင်ဟာ အရာခပ်သိမ်းအစိုးရပြီး အားလုံးကိုစောင့်ကြည့်နေတယ်လို့ သက်သေပြနေတာပဲ။ ဘုရားသခင်က အမှန်တရား ဖြစ်ပြီး၊ ကောင်းတဲ့အရာမှန်သမျှ ဘုရားသခင် ဆီကလာတယ်။ လူ့အဖွဲ့အစည်းအတွင်းက ဥပဒေနဲ့ ကိုယ်ကျင့်စံနှုန်းတွေအားလုံးဟာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်ဆီက လာတယ်။ ဖန်ဆင်းခြင်းအချိန်ကစလို့ ဘုရားသခင်ဟာ အမှန်တရားကိုဖော်ပြပြီး လူသားတွေကို လမ်းပြခဲ့ ရွေးနုတ်ခဲ့ ကယ်တင်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူသားတွေအတွက် ကြီးမြတ်တဲ့ ကယ်တင်ရှင်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ် ယုံကြည်မှု အပ်နှံမှု လိုက်နာ ကိုးစားမှုတွေ အားလုံးဟာ ကောင်းတဲ့အရာတွေ ဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ လမ်းကြောင်းကို ဘုရားသခင်ကောင်းချီးပေးတယ်။ တခြား တစ်ဖက်မှာတော့၊ဆိုးယုတ်တဲ့အရာမှန်သမျှဟာ စာတန်ဆီက လာတယ်။ ဘုရားသခင်ကို ငြင်းဆန်တာ၊ ပုန်ကန်တာ၊ ရန်လိုတာတွေ အားလုံးဟာ ဆိုးယုတ်တဲ့ အမှုအရာတွေပဲ။ ကဲ ဒီတော့ အစွန်းရောက်ဝါဒဆိုတာဘာလဲ။ ဘုရားသခင်ကို ဆန့်ကျင်တဲ့အရာမှန်သမျှ၊ ဘုရားသခင်ဖော်ပြတဲ့ အမှန်တရား တွေကို ဆန့်ကျင်တာမှန်သမျှ၊ ဘုရားသခင်ရဲ့ အမှုတော်တွေကို ငြင်းဆန်တာ ပုန်ကန်တာ ကျိန်ဆဲတာမှန်သမျှ၊ လူသားတွေကို ဘုရားသခင်နဲ့ဝေးရာကိုဆွဲခေါ်ပြီး အမှောင်ထု ထဲမှာ နစ်မွန်းစေတာမှန်သမျှ၊ ဆိုးယုတ်တဲ့အမှုအရာတွေမှာ ကျင်လည်ရင်း ကိုယ်တိုင်ဆိုးယုတ်လာပြီး ဘုရားသခင်ရဲ့ အမျက်တော်ကို ခံယူရမှာပဲ။ ဒီလိုဆိုးယုတ်မှုမျိုးကို အစွန်းရောက်ဝါဒလို့ခေါ်တယ်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာတဲ့အချိန်ကစပြီး ကျွန်တော်တို့တရုတ်တွေကို လှည့်စားပြီးဖျက်ဆီးဖို့ ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်း ဖြန့်ဝေရင်း၊ ကျွန်တော်တို့ ဘုရားသခင်ကို ငြင်းဆန်လာအောင်၊ ပုန်ကန်လာအောင်၊ သစ္စာဖောက်လာအောင် လုပ်ကြတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်ရဲ့ကျိန်ဆဲခြင်းကို ခံရတယ်။ ဘုရားသခင်ကို ခုခံတာကြောင့် တရုတ်ကွန်မြူနစ်ပါတီဟာ ကပ်ဆိုက်စေခဲ့ပြီ။ ပြည်သူလူထုဟာ အမြဲတမ်းပဲ နာကျင်ခံစားကြရပြီး၊ နိုင်ငံခြားကို ထွက်ပြေးသူတွေ အများကြီးပါပဲ။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ကိုမုန်းပြီး၊ ဆန့်ကျင်နေတာ အခုဆို နှစ်တော်တော်ကြာပြီ။ ကျွန်တော်တို့ တစ်သက်လုံးမတိုင်းတာ နိုင်လောက်အောင်များတဲ့ ဆိုးယုတ်မှုတွေကိုလည်း ကျူးလွန်ခဲ့ ပြီးပြီ။ တရုတ်ကွန်မြူနစ်ပါတီကမှ အစွန်းရောက်ဝါဒီအစစ်ပဲ ခရစ်ယာန်အသင်းတော်တွေက အစွန်းရောက်ဝါဒီ ပါလို့ ပြောတာဟာ တရုတ်ကွန်မြူနစ်ပါတီက အမှန်တရားကို ဖျက်ဆီးတာပဲ။

ဝမ်ခူပင်း– ကျန်းမင်တောင်၊ ငါတို့စကားတွေကို ငြင်းတဲ့အပြင် ငါတို့ပါတီကိုပါ အစွန်းရောက်ဝါဒီလို့ ပြောရဲ တယ်ပေါ့။ အတင့်ရဲလှချည်လား။

ဟန်ဒေါင်မိန် (ခရစ်ယာန်တစ်ယောက်)-ဒါရိုက်တာ မစ္စတာဝမ်၊ အစွန်းရောက်ဝါဒအဖြစ်သတ်မှတ်ဖို့ အခြေခံအချက် အဖြစ် သုံးတဲ့ စည်းမျဉ်းတွေကို လေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်။ နှစ်ထောင် ပေါင်းများစွာ စာတန်ဟာ လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့အတွက် မိစ္ဆာဒိဋ္ဌိနဲ့ လွဲမှားတဲ့အယူဝါဒတွေ ဖြန့်ပြီး လူသားတွေ ဘုရားသခင်ကို ငြင်းဆန်လာအောင်၊ ပုန်ကန်လာအောင်၊ သစ္စာဖောက်လာအောင် လုပ်ခဲ့တယ်။ ဒါကြောင့် ကျွန်မတို့လောကကြီးဟာ ပိုပြီး၊ မှောင်မိုက်ဆိုးယုတ်လာပြီး ပရမ်းပတာဖြစ်လာတယ်။ ကွန်မြူနစ်ပါတီက အာဏာရလာကတည်းက ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်းကို ဟောကြားခဲ့တယ်။ “ ဒီလောကမှာ ဘုရားသခင်မရှိဘူး၊ ကယ်တင်ရှင်မရှိဘူး” တို့၊ “ ကောင်းကင်နဲ့မြေကြီးတခွင်မှာ ငါသာလျှင် ငါ့ဘုရား” တို့၊ “ လူသားဟာ သဘာဝတရားကိုအနိုင်ယူပြီး၊ ကောင်းကင်နဲ့မြေကြီးကို တိုက်ပွဲဝင်နိုင်တယ်” တို့၊ “ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပါ” တို့လို ဆိုရိုးတွေ၊ “ လူတိုင်းက ကိုယ့်အတွက်ကိုယ်ကြည့်ကြတာပဲ” တို့၊ “ ငွေကြောင့် ကမ္ဘာကြီးလည်တယ်” တို့လို ဆိုရိုးတွေကြောင့် တရုတ် လူမျိုးတွေ ပျက်စီးပြီး၊ ပိုပြီးမောက်မာလာတယ်၊ စိတ်ကြီးဝင်ကြတယ်၊ အတ္တကြီးလာတယ်၊ လောဘကြီးပြီး ဆိုးသွမ်းလာကြတယ်။ လူတွေရဲ့အသိစိတ်နဲ့ လူ့သဘာဝ ဆိုတာ ပျောက်ကွယ်သွားပြီ။ လူတွေဟာ နတ်ဆိုးတွေလိုပဲ သူတို့မလုပ်တဲ့မကောင်းမှုမရှိဘူး လူသတ်မှုတောင် ကျူးလွန်ကြတယ်။ အဆင်းနီသောနဂါးကြီးရှိတဲ့ပြည်၊ ကမ္ဘာပေါ်မှာအဆိုးဆုံးနေရာဖြစ်တဲ့ တရုတ်ပြည်ကြီးမှာ ဘုရားသခင်က ပေါ်ထွန်းခဲ့ပြီး၊ သမ္မာတရားကို ဖော်ပြပြီးခဲ့ပြီ။ လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ဖို့၊ စာတန်ရဲ့ အမှောင်ထုထဲကနေ ရွေးနုတ်ဖို့၊ ဘုရားသခင်ကို ရွေးချယ်ဖို့၊ အလင်းရောင်ကို ရွေးချယ်ဖို့ပဲ။ ဒါတွေက တကယ်ကို ကောင်းမွန်တဲ့အရာတွေပဲ။ ဒါပေမဲ့ ဒီအရာတွေဟာ ကျိန်ဆဲခံရတယ်၊ ဖိနှိပ်ခံရတယ်၊ နှိမ်နင်းခံရတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် တရုတ် ကွန်မြူနစ်ပါတီဟာ ကောင်းကင်ဘုံကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ မှန်ကန်တယ်လို့ အသိစိတ်ရှိတဲ့လူတွေက လက်ခံကြတယ်။ ဘုရားသခင်ရဲ့အမှုတော်နဲ့ ဘုရားသခင်ရဲ့ အမှန်တရားက သာလျှင် လူသားမျိုးနွယ်ကို ကယ်တင်နိုင်တယ်လို့ လက်ခံကြတယ်။ ဒါကြောင့် တစ်ခုတည်းသော မှန်သောလမ်းဆိုတာ သမ္မာတရားကိုဖော်ပြပြီး လူတွေကို ကယ်တင်တဲ့ သူပဲဖြစ်တယ်။ လူသားတွေကို လိမ်လည်လှည့်ဖြားပြီး၊ ပျက်စီးအောင်လုပ် အမှောင်ထုထဲက လမ်းကိုလျှောက်အောင် လုပ်တဲ့အရာမှန်သမျှဟာ ဆိုးယုတ်တဲ့ အစွန်းရောက်ဝါဒပဲ။ ဒါတွေဟာ မှန်ကန်တဲ့လမ်းနဲ့ အစွန်းရောက်ဝါဒကို ခွဲခြားပေးတဲ့ အရာတွေပဲ။ ဘုရားသခင်ရဲ့အမှုတော်နဲ့ သမ္မာတရားကို လက်ခံတဲ့အသင်းတော်ကို အစွန်းရောက်ဝါဒီပါလို့ တံဆိပ်ကပ်လိုက်ရင်၊ ဒါဟာ အမှန်တရားကို ပုံဖျက်လိုက်တာပဲ။ လက်ခံနိုင်စရာအကြောင်းမရှိဘူး။

စုဆစ်ကျင်း (ခရစ်ယာန်တစ်ယောက်)- မှန်တယ်။ ဘုရားသခင်ကသာ လမ်းခရီးဖြစ်တယ်၊ သမ္မာတရားလည်း ဖြစ်တယ်၊ အသက်လည်းဖြစ်တယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကသာ လူတွေအတွက် သမ္မာတရားနဲ့ အလင်းကို ဆောင်ကြဉ်းပေးနိုင်တယ်။ လူသားတွေကို အပြစ်နဲ့ စာတန်ရဲ့လွှမ်းမိုးမှုကနေ ရွေးနုတ်ပြီး ခမ်းနားတဲ့ခရီးပန်းတိုင်ကို ပေးစွမ်းနိုင်တယ်။ ဘုရားသခင် နောက်ကိုလိုက်လျှောက်နေတဲ့ အသင်းတော်ကို အစွန်းရောက် ဝါဒပါလို့ တံဆိပ်ကပ် တာလောက် ဆိုးယုတ်တဲ့အမှုမရှိဘူး။ အဲဒီလိုကိစ္စမျိုးကို ကွန်မြူနစ်ပါတီကပဲ လုပ်တာပဲ ဘုရားသခင်ပြုသမျှ အမှုတော်ရဲ့ အဆင့်တိုင်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ပဲ။ ကျေးဇူးတော်ခေတ် မှာတုန်းက ဘုရားသခင်က သခင်ယေရှုအဖြစ် ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့တယ်။ အပြင်ပန်း သဏ္ဍာန်ကတော့ လူသာမန်ပဲ။ ဒါပေမဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူစတေးပြီး လူသားတွေကို အပြစ်ကနေ ကယ်နုတ်ခဲ့တယ်။ ငရဲသွားမယ့်လမ်းကနေ ရွေးနုတ်ခဲ့တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာကို ခံစားနိုင်ခွင့် ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ယုဒဘာသာဝင် တွေက အုပ်ချုပ်သူတွေနဲ့ပေါင်းပြီး သခင်ယေရှုကို ကွပ်မျက်ဖို့ကြိုးပမ်းခဲ့တယ်။ လက်ဝါးကပ်တိုင်မှာ ကားစင်တင်ခဲ့တယ်။ အဲဒီလိုလုပ်ခြင်း အားဖြင့် ဘုရားသခင်ရဲ့ အမှုတော်ကို ရပ်တန့်ပစ်နိုင်မယ်လို့ ယုံယုံကြည်ကြည်နဲ့ အကြံအောင်ပြီဆိုပြီး လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ ဘာဖြစ်သွားလဲ သခင်ယေရှုဟောခဲ့တဲ့ တရားတွေက ဒီနေ့မှာ ကမ္ဘာတစ်ဝှမ်းလုံး ပျံ့သွားပြီ။ လူပေါင်းသန်းနဲ့ချီပြီး ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကို ခံစားနေကြပြီ။ သခင်ယေရှုဟာ ကယ်တင်ရှင် ခရစ်တော်ဖြစ်တယ် ဆိုတဲ့ အကြောင်းကို ဘာသာတရားတွေက အသိအမှတ်ပြု လာကြပြီ။ သခင်ယေရှုရဲ့ အမှုတော်ကြောင့် ပေါ်ထွန်းလာတဲ့ အသင်းတော်ဟာ သမ္မာလမ်းဖြစ်တယ်လို့ လက်ခံလာကြပြီ။ ဘာသာမဲ့ကွန်မြူနစ်ပါတီကသာ ခရစ်ယာန်အသင်းတော်တွေ ကို အစွန်းရောက်ဝါဒတွေလို့ ကျိန်ဆဲနေကြတာ၊ သမ္မာကျမ်းစာကို အစွန်းရောက်ဝါဒကျမ်းလို့ ရှုတ်ချနေကြတာ။ ဒါအမှန်တွေပဲ မဟုတ်ဘူးလား။

ကျန်းမင်တောင်– ဒါရိုက်တာပန် မစ္စတာဝမ် တရုတ်ကွန်မြူနစ်ပါတီက သခင်ယေရှုရဲ့ အမှုတော် ကိုကျိန်ဆဲပြီး၊ ခရစ်ယာန်ဘာသာကို အစွန်းရောက်ဝါဒလို့ တံဆိပ်ကပ်တာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ တရုတ်ကွန်မြူနစ်ပါတီဆိုတာ သမ္မာတရားကိုရော ဘုရားသခင်ကိုပါမုန်းတဲ့ ဆိုးယုတ်တဲ့အစိုးရပဲ။ အထူးသဖြင့် ဘုရားသခင်ဖော်ပြပြီး အမှုတော်ပြုတဲ့ အချိန်မျိုးကို မုန်းတာပေါ့။ ဘာကြောင့်လဲဆိုတော့ စာတန်ဆီကလာတဲ့ သဘာဝကိုး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွချီလာပြီး၊ လူသားတွေကို သန့်စင်ရွေးနုတ်ဖို့အတွက် အမှန်တရားကို ဖော်ပြပြီး စီရင်လိမ့်မယ်။ အမှောင်နဲ့ ဆိုးယုတ်မှုတို့ရဲ့ခေတ်ကို အဆုံးသတ်ပြီး၊ လူသားတွေကို ဘုရားသခင်ရဲ့နိုင်ငံတော်ဆီကို သယ်ဆောင်ပေးလိမ့်မယ်။ ဘုရားသခင်ပေါ်ထွန်းပြီး အလုပ်လုပ် တယ်ဆိုတဲ့အချက်က အမှုတော်အဆင့်တိုင်းမှာ လူသားမျိုးနွယ်တိုးတက်လာအောင် လမ်းပြခဲ့တယ်ဆိုတာ ဘုရားသခင်ရဲ့ သမ္မာတရားအားလုံးဟာ လူသားမျိုးနွယ်ကို အလင်းဆီလမ်းပြခဲ့တယ်ဆိုတာကို သက်သေပြနေတာပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်သာမရှိရင်၊ လူသားမျိုးနွယ်ဟာ ဘာမှတိုးတက်လာမှာမဟုတ်ဘူး။ အပြစ်နွံထဲကိုပဲ နစ်သထက်နစ်သွားရတော့မယ်။ ဘုရားသခင်ရဲ့ အမှုတော်ကို အစွန်းရောက်ဝါဒတွေရဲ့ လုပ်ရပ်အဖြစ် သတ်မှတ်တဲ့သူတွေရှိနေရင်၊ ဒါ ဘယ်လိုပြဿနာလဲ။ ကျွန်တော်တို့ ပြန်စဉ်းစားပြီး အဖြေရှာရမယ့် ကိစ္စပဲ။ ဒီနေ့ခေတ်မှာ သမ္မာတရားကို ရှာဖွေလိုတဲ့ ဂိုဏ်းဂဏပေါင်းစုံက လူတွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်ပြီး ဒါဟာ ဘုရားသခင်ရဲ့စကားသံဖြစ်တယ်လို့ လက်ခံကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင်ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဟာ သမ္မာတရားဖြစ်တယ်။ လူပေါင်းများစွာ သက်သေခံပြီး ဖြန့်ဝေကြပြီးပြီ။ ကွန်မြူနစ်ပါတီက ဘာဖြစ်လို့ ဘုရားသခင်ရဲ့ အမှုတော်နဲ့အသင်းတော်ကို ဖိနှိပ်ဖို့ အစွမ်းကုန်ကြိုးစားနေတာလဲ။ ဘာဖြစ်လို့များ ဘုရားသခင်ရဲ့ အမှုတော်ပိုပီပြင်လေ၊ သမ္မာနည်းလမ်း ပိုကျလေ၊ ကောင်းကျိုးပိုများလေ၊ ကွန်မြူနစ်ပါတီက တိုက်ခိုက်ပြီး ကျိန်ဆဲဖိနှိပ်လေ ဖြစ်နေရတာလဲ။ ဒါ ကောင်းကင်ဘုံကို ဆန့်ကျင်တာပဲမဟုတ်ဘူးလား။ အခု ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်းသိနိုင်တာက အမှန်တရားကို မုန်းတီးပြီး၊ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးမဆိုကမှ တကယ့်အစွန်းရောက်ဝါဒအစစ်ဆိုတာပါပဲ။လူသားမျိုးနွယ်ကို လိမ်လည်ဖြားယောင်းပြီး၊ ဖျက်ဆီးဖို့ ကောလဟာလတွေ အလိမ်တွေကို ဖန်တီးပြောဆိုတဲ့အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ခရစ်ယာန်အသင်းတော်ကို ဖိနှိပ်ပြီးကျိန်ဆဲတဲ့ ခရစ်တော်ကို ရန်လိုတဲ့အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ခရစ်တော်ကို ငြင်းဆန်ပြီး အမှန်တရားကိုငြင်းဆန်ပြီး၊ အမှန်တရားကို ဆန့်ကျင်ပြီး၊ ဒါမှမဟုတ် ခရစ်တော်ကို ရန်လိုတဲ့ အရာတွေကမှ အစွန်းရောက်ဝါဒတွေပါ။ ကွန်မြူနစ်ပါတီကမှ ဘုရားသခင်ကို အငြင်းဆန်ဆုံး၊ အပုန်ကန်ဆုံး အမှန်တရားကို အမုန်းဆုံးနဲ့ ခရစ်တော်ကို အမုန်းဆုံးပဲ ဒါကြောင့်မို့ ကွန်မြူနစ်ပါတီဟာ တကယ့်ကို ဆိုးယုတ်တဲ့ အစွန်းရောက်ဝါဒီတွေဖြစ်ပါတယ်။ ဒါ ကျွန်တော့်အမြင်ပါ ကျေးဇူးတင်ပါတယ်။

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

သက်ဆိုင်သည့် အကြောင်းအရာ

သင်နှစ်သက်နိုင်သည့် အရာများ