အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ပညာရှိ အပျိုကညာများသည် အဘယ်သို့ ဘုရားသခင်၏ အသံတော်ကို ကြားပြီး သခင့်ကို ကြိုဆိုကြသနည်း။

11

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၅:၃)

ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။” (ရှင်မဿဲခရစ်ဝင် ၅:၆)

စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။” (ရှင်မဿဲခရစ်ဝင် ၅:၈)

ဘုရားသခင်၏ ဂန္တဝင် နှုတ်ကပတ်တော်များ

“ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌ သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။”

“ကျမ်းဦးစကား” မှ

“စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျှက်ရှိပြီး အရှေ့တိုင်းတွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျက် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံးကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့တိုင်းတွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တ သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မစဉ်းစားဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲနေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်း ဆိုင်လျှက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏ခံတွင်း အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင် မြတ်နိုးသည်။ အရှေ့တိုင်းမှသည် အနောက်တိုင်းအထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက်ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ ခံတွင်းရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့တိုင်းမှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့တိုင်း၏ သံလွင်တောင်ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့တိုင်း၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်းကို ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ်အကြားမှ ထွက်ခွာလာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကိုလာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။”

“ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်” မှ

“ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ နိုင်ငံများစွာတို့ကို ငါသည် ပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြပြီး ငါ့အလုပ်များ၏ သိမ်းပိုက်အောင်နိုင်ခြင်းကို ခံကြရမည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းးသောသူမှာ ဖြူသော မိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။”

“အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

“ဤနှုတ်ကပတ်တော်များကို သေချာဖတ်ကြည့်ပါက ဘုရားသခင်၏ သြဇာအာဏာနှင့် ဝိသေသလက္ခဏာတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ အသုံးအနှုန်းတွင် ရှင်းလင်းစွာ ဖွင့်ပြထားသည်ဆိုခြင်းကို တွေ့ရှိရန်မခက်ခဲပေ။ ဥပမာ ဘုရားသခင်က ‘ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် … ငါသည် သင့်ကို… ခန့်ထားပြီ။ ငါသည် သင့်ကို… စေမည်’ စသည့် ‘သင်သည်’ ‘ငါသည်’ ဆိုသည့် အသုံးအနှုန်းများသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သြဇာအာဏာကို အတည်ပြုခြင်းကို ဖော်ဆောင်သည့် နှုတ်ကပတ်တော်များဖြစ်ကာ တစ်ဖက်တွင် ဖန်ဆင်းရှင်၏ သစ္စာရှိမှုကိုပြသမှုတစ်ခုဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သည့် ဘုရားသခင် အသုံးပြုသည့် သမားရိုးကျ ဝေါဟာရများထဲတွင် ပါဝင်သည့် ထူးခြားလေးနက်သည့် နှုတ်ကပတ်တော်များဖြစ်သည်။…

… ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏နှုတ်က ပြောသည့် စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ထဲတွင် တန်ခိုးအစွမ်း၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာတို့ရှိသည်။ ဤကဲ့သို့သော တန်ခိုးစွမ်းအား၊ သြဇာအာဏာနှင့် မှန်ကန်သည့်အဖြစ်အပျက်ကို မလွဲမုချပြီးမြောက်အောင်မြင်ခဲ့ခြင်းများသည် မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာများမျှ မရရှိနိုင်ပေ။ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် အရာများမျှ သာလွန်ခြင်း မရှိနိုင်ပေ။ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်နှင့် ဤကဲ့သို့သောလေသံ၊ လေယူလေသိမ်းနှင့် ပြောနိုင်ပြီး သူ၏ကတိများသည် အချည်းနှီး စကားလုံးသက်သက် သို့မဟုတ် အလဟဿ ဝံ့ကြွားပြောဆိုခြင်း မဟုတ်ဘဲ မည်သည့်လူပုဂ္ဂိုလ်၊ ပစ္စည်း၊ အရာဝတ္ထုမျှ သာလွန်၍မရနိုင်သည့် အတုမရှိသြဇာအာဏာ၏ ဖော်ပြချက်ပင်ဖြစ်သည်။

… ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့် ဖွင့်ပြခြင်းတို့ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် သြဇာအာဏာတို့၏ စုံလင်သည့်ဖွင့်ပြခြင်း၊ ထင်ရှားပြသခြင်းတို့ဖြစ်ကြကာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာ၏ သက်သေအနေနှင့် ယင်းတို့ထက် ပိုပြီးသင့်လျော်သည့်၊ သင့်တော်သည့် အရာမရှိပေ။ ဤကဲ့သို့သောမိန့်မြွက်ချက်များ၏ သဘောထား၊ လေသံနှင့် အသုံးအနှုန်းတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာ၏ အမှတ်အသား အတိအကျဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာ၏ ဖော်ပြချက်နှင့် လုံးဝကိုက်ညီသည်။ ဤမိန့်မြွက်ချက်များထဲတွင် ဟန်ဆောင်ခြင်း၊ သို့မဟုတ် မသန့်စင်ခြင်းတို့မပါဝင်ပေ။ ယင်းတို့မှာ ဖန်ဆင်းရှင်၏ အနှစ်သာရနှင့် သြဇာအာဏာများကို ပြည့်စုံစွာနှင့် ကုံလုံစွာ အကောင်းဆုံးဖော်ပြခြင်း ဖြစ်သည်။”

“အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၁” မှ

“အကယ်စင်စစ် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်း နှင့် ၎င်းတို့အား သူ ကယ်တင်ပုံတို့ကို သင် မြင်နိုင်သည် … အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကို အသုံးပြု၍ နှုတ်ကပတ်တော်ကို ရေးသားစေခြင်းနှင့်တခြားစီဖြစ်လျက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်က ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် ဘုရားသခင် ကိုယ်တော်တိုင် ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းမှာ ဘုရားသခင် ကိုယ်တော်တိုင် သူ၏ နှုတ်ကပတ်တော်များ နှင့် သူ၏ အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့ကို စိတ်နှလုံးအကြွင်းမဲ့ဖြစ်သော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ငါတို့ ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ စိတ်ထဲက ထွက်ပေါ်လာ၍ သူ၏ စိတ်သဘောထား၊ အလိုတော်၊ အတွေးများ၊ လူသားမျိုးနွယ်အပေါ် သူ၏ ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်း နှင့် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များကို ဖော်ပြနေခြင်းကြောင့် ဖြစ်သည် … ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြင်းထန်သော နှုတ်ကပတ်တော်များ၊ ညင်သာပြီး ညှာတာသော နှုတ်ကပတ်တော်များ ရှိပြီး မျက်စိဖွင့်ပေးသည့် ရက်စက်သော နှုတ်ကပတ်တော်အချို့ ရှိသည်။ အကယ်၍ သင်သည် မျက်စိဖွင့်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်သည် အတော်အတန် ခက်ထန်သည်ဟု သင် ခံစားရမည်။ အကယ်၍ သင်သည် ညင်သာသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်၌ သြဇာအာဏာ သိပ်မရှိသကဲ့သို့ ထင်ရသည်။ ထို့ကြောင့် သင်သည် အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဤအရာကို နားလည်ခြင်း မရှိစေရ။ သင်သည် ၎င်းကို ထောင့်တိုင်းမှ ကြည့်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် ညင်သာပြီး ကရုဏာကြီးမားသော ရှုထောင့်မှ ပြောသဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့ မြင်ကြသည်၊ တစ်ခါတစ်ရံ သူသည် တင်းကျပ်သော ရှုထောင့်မှ ပြောသဖြင့် လူတို့သည် ဘုရားသခင်၏ ပြစ်မှား၍မရသော စိတ်သဘောထားကို မြင်ကြရခြင်း ဖြစ်သည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင်ပင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာကို မြင်တွေ့ရန် နှင့် ဘုရားသခင် ရှေ့သို့ လာရန် မထိုက်တန်ပေ။ လူတို့သည် ယခုအခါ ဘုရားသခင် ရှေ့သို့ လာခြင်းမှာ ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်း နှင့် သူပြုသောအမှု၏ အဓိပ္ပာယ်မှတစ်ဆင့် ဘုရားသခင်၏ ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် ဘုရားသခင် နှင့် ထိတွေ့ဆက်သွယ်ခြင်း မရှိသော်ငြားလည်း ၎င်းတို့သည် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်သည်။”

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” မှ

“ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများကို သင်ကြားရနိုင်သည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များအားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာဖြစ်ကာ၊ လူသားများ သိရှိလာရန်အလို့ငှာ လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြမှုလည်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အားပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့်နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကိုလမ်းပြမည့်သူဖြစ်သည်။ ယင်းကဲ့သို့သော သာမညဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသောနက်နဲမှုများကို စွဲကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များကို သင့်အနေနှင့် သိနားလည်ဖို့ ခက်ခဲနိုင်သော်လည်း သူလုပ်ဆောင်သည့် အမှုအားလုံး၏ ပန်းတိုင်မှာ သူသည် လူသားယုံကြည်သကဲ့သို့ သာမညဇာတိခန္ဓာ မဟုတ်သည်ကို မြင်ရဖို့အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်က နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်တို့ထံ ပြသနေသည့် စောင်မမှုကိုလည်းကောင်း ကိုယ်စားပြုနေ၍ ဖြစ်သည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပစ်နေကြသည်ဟု ထင်ရသည့် သူပြောဆိုသော နှုတ်ကပတ်တော်များကို မကြားနိုင်သော်လည်း၊ သို့မဟုတ် မီးလျှံကဲ့သို့ တောက်ပနေသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ သူ၏သံလှံတံဖြင့် ဆုံးမပဲ့ပြင်မှုကို သင်သည် မခံစားရနိုင်သော်လည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အမျက်ဒေါသကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် ကရုဏာပြကြောင်းကို သင်သိနိုင်သည်၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ထားရှိသည့် ဘုရားသခင်၏ ပူပန်မှုနှင့် စောင်မမှုကိုလည်း သင်နားလည်သဘောပေါက်နိုင်သည်။”

“ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” မှ

“သို့ဖြစ်စေကာမူ ငါတို့အား ကယ်တင်သည့် အလုပ်သစ်ကို လုပ်ဆောင်နေသူသည် လူများအကြား၌ ပုန်းနေသော ထိုသာမန်လူပင် ဖြစ်သည်။ သူသည် ငါတို့အတွက် ဘာကိုမျှ မရှင်းပြပါ၊ အဘယ်ကြောင့် ငါတို့ထံ သူလာခဲ့ကြောင်းကိုလည်း မပြောပြပါ၊ ထိုအစား သူ၏အစီအစဉ်အတိုင်း သူလုပ်ရန်ရည်ရွယ်ထားသည့် အလုပ်ကိုသာ ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် လုပ်နေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များမှာ ပို၍ပင် အကြိမ်ရေစိပ်သည်ထက်စိပ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ သတိရစေခြင်း၊ သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့၍ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းတန်ခိုးရှိသော နှုတ်ကပတ်တော်များအထိ အားလုံးသည် လူ့အပေါ် ကရုဏာတရားကို ပေးအပ်ပြီး လူ့အထဲ၌ စိုးရိမ်ပူပန်ခြင်းကို သွတ်သွင်းပေးသည်။ သူပြောသမျှအားလုံးသည် ငါတို့အထဲရှိ နက်ရှိုင်းသောနေရာ၌ ဖွက်ထားသော လျှို့ဝှက်ချက်များအထိ ရောက်သည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများနှင့် ဝိညာဉ်တို့ကို စူးရှစေသည့်အပြင် ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို မသိလောက်အောင်ပင် မခံမရပ်နိုင်သော အရှက်ကွဲမှုနှင့် ငါတို့ကို ပြည့်စေသည်။…

ငါတို့ သတိမထားမိလိုက်ဘဲနှင့် မထင်ရှားသော ထိုသူသည် ငါတို့ကို ဘုရားသခင်၏ အမှုတော်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင်ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်ခြင်းကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ငါတို့ သင်ယူသိရှိကြသည်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကိုလည်း မျက်မြင်တွေ့ကြရသည်၊ လူသားကို ကယ်တင်လိုသော ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ နှုတ်ကပတ်တော်များအားဖြင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ထို့ပြင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို ‘သေ’ စေပြီး ထိုမှတစ်ဖန် ငါတို့ကို ‘အသစ်တစ်ဖန်ပြန်မွေးဖွား’ စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှုပေးသည်၊ သည့်အပြင် အပြစ်ရှိကြောင်း ခံစားချက်နှင့် သူ့အပေါ် အကြွေးတင်သည့် ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်၏၊ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူမြတ်နိုးရာ မျက်ရှုပမာများကဲ့သို့ဖြစ်ပြီး သူ၏ ယုယသော ချစ်ခြင်းမေတ္တာ၌ ပျော်မွေ့ကြသည်၊ တစ်ခါတစ်ရံတွင်မူ ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်မှုအောက်တွင် သူ၏အမျက်ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားကြ၏။ ငါတို့သည် သူ၏ကယ်တင်ခြင်းကို ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်၌ ငါတို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေနေသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ်၌ ကရုဏာထားသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ နှစ်သိမ့်ပေးသည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ ပဲ့ပြင်သည်၊ ထို့အပြင် ငါတို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရောညပါ ငါတို့အတွက် စိုးရိမ်သည်၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြရသည်။…

ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဆက်ပြောလျက်နေသည်၊ သူသည် ငါတို့အား အဘယ်အရာလုပ်သင့်သည်ဆိုခြင်းကို တိုက်တွန်းဖို့နှင့် တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သလို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ငါတို့၏စိတ်များသည် သတိရှိလာသည်၊ ငါတို့၏ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အကြား၌ နေပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်အကြာကြီး ခံနေခဲ့ရသူဖြစ်သည့် သာမန်ဖြစ်ပြီး မထင်ရှားသော ဤပုဂ္ဂိလ်သည် နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူပင်ဖြစ်ပေ၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်းဖြစ်သည်။ သူသည် ငါတို့ကို နောက်တစ်ဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ငါတို့၏ နှလုံးသားများ ခြေဦးတည့်ရာ လျှောက်သွားမနေအောင် တားပေးသည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်၊ သူနှင့်မျက်နှာချင်းဆိုင် တွေ့နေရပြီဖြစ်သည်၊ သူ၏မျက်နှာတော်ကို ငါတို့ မြင်တွေ့ပြီးဖြစ်သည်၊ ငါတို့၏ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ထိုအချိန်၌ သူက ငါတို့၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ခဲ့သည်၊ သူမည်သူဖြစ်ကြောင်းကို ငါတို့အနေဖြင့် သံသယမဝင်တော့ပါ၊ သူ့အလုပ်နှင့် သူ၏ နှုတ်ကပတ်တော်ကိုလည်း ငါတို့မဆန့်ကျင်တော့ပါ၊ သူ့ရှေ့၌ ငါတို့သည် ပျပ်ဝပ်နေ၏။ ငါတို့၏ ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်လိုသည့်ဆန္ဒ၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသည့်ဆန္ဒ၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ ငါတို့အပေါ်၌ ထားသော သူ၏ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံလိုသည့်ဆန္ဒ၊ သူ့အလုပ်၌ ပူးပေါင်းလုပ်ဆောင်လိုသည့်ဆန္ဒ၊ ထို့ပြင် ငါတို့အား သူတာဝန်ပေးစေခိုင်းထားသည့် အရာကို ပြီးမြောက်စေရန် ငါတို့လုပ်နိုင်သည့်အရာမှန်သမျှကို လုပ်လိုသည့် ဆန္ဒတို့မှလွဲ၍ ငါတို့၌ အခြားဘာဆန္ဒမျှ မရှိပါ။”

“ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” မှ

သက်ဆိုင်သည့် အကြောင်းအရာ