သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

မေလ ၂၈ ရက်၊ ဇောင်ယွမ် အမှုအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ အမှုရင်ဆိုင်ခြင်း နောက်ကွယ်တွင် မည်သည့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုမျိုး ရှိခဲ့သနည်း

21

စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ပါတီအနေနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အပေါ် နှိပ်ကွပ်တာကို လုပ်ကြံပြီး အရေးယူတယ်လို့ မင်းတို့က ထင်တယ်။ မေးပါရစေဦး၊ မေ ၂၈ ရက် ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ကျောင်းယွမ်အမှုကို ရှင်းစမ်းပါဦး။ ဘာပဲဖြစ်ဖြစ် ရုံးတံခါးဖွင့် စစ်ဆေးခဲ့တာပဲလေ။ ကျောင်းယွမ်အမှုပြီးတော့ အိမ်တွင်း အသင်းတော်တွေကို အစိုးရက ဝင်စီးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖြိုခွင်းဖို့ ရဲအင်အားကို သုံးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းသားတွေကို သဲသဲမဲမဲ ရှာဖွေဖမ်းဆီးတယ်။ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုကို လူတွေက မှားတယ်လို့ ယုံကြည်ကြပြီး၊ သံသယဖြစ်ကြတယ်ဆိုပေမဲ့ လူထုထောက်ခံမှုရအောင် လုပ်ဇာတ်ခင်းပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖြိုခွဲခဲ့ကြတယ်။ အချက်အလက်တွေက မှားမှားမှန်မှန် တရုတ်မီဒီယာတွေက ဝိုင်းတင်ကြတယ်။ အဲဒါက ကမ္ဘာပေါ်က တခြားနိုင်ငံတွေအပေါ် သက်ရောက်မှုရှိသွားတယ်။ ကျောင်းယွမ်အမှုကို မင်းတို့ ဘယ်လိုပဲ လက်မခံသည်ဖြစ်စေ၊ လူတွေအများကြီးက ကွန်မြူနစ်ပါတီကို ယုံနေကြတုန်းပဲ။ ဒီတော့ ရှန်တုန်းမှာဖြစ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ။

စစ်ယီ (ခရစ်ယာန်တစ်ယောက်)- အဖေ၊ ပါတီက ဒီအမှုကို ဘယ်လောက်ကြာကြာလိမ်နိုင်မှာလဲ။ လုပ်ကြံထားတဲ့အမှုပဲလေ။ သူတို့ ကျဆုံးတော့မှာကို အဲဒါလေးနဲ့ ကယ်နိုင်မှာတဲ့လား။ ကျောင်းယွမ်အမှုက တစ်ကမ္ဘာလုံးကို တော်တော် သက်ရောက်ခဲ့တာပါ။ မသိတဲ့သူတွေကို လှည့်စားခဲ့တယ်။ ဒါပေမဲ့ တိမ်တွေဆိုတာ နေကို အမြဲဖုံးထားနိုင်လို့လား။ ကျီးတစ်ကောင်က ကောင်းကင်ကို အမြဲတမ်း မှောင်ရိပ်ဖုံး နိုင်လို့လား။ လှည့်စားတာတွေက ကြာရှည်မရပ်တည် နိုင်ပါဘူး။ မုသားက မုသားပဲဖြစ်နေမှာပဲ၊ ဘယ်တော့မှ အမှန်ဖြစ်မလာဘူး။ တရုတ်ကွန်မြူနစ်ပါတီက ပိုပြီးတော့ ဆိုးယုတ်နေပြီ။ ဒီလိုကလိမ်ကကျစ်လုပ်တာတွေကြောင့် နာမည်ပျက်ပြီး ပျက်စီးနေပြီ၊ နာမည်ဆိုးနဲ့ ကျော်ကြားနေပြီ။ ဒီမှာတင်မဟုတ်ဘူး၊ နေရာတိုင်းမှာ ဒီလို ကလိမ်ကကျစ်လုပ်တာတွေက ပါတီကို ကယ်နိုင်မှာတဲ့လား။ စီစီပီရဲ့သရုပ်မှန်ကို လူတွေပိုပိုပြီး မြင်လာကြပြီ။ သူတို့ကို ဘယ်သူမှ မယုံကြည်တော့ဘူး။ တရုတ်ကွန်မြူနစ်ပါတီက ကမ္ဘာမှာ နာမည်အဆိုးဆုံး ဘုရားမဲ့ပါတီ၊ ဆိုးယုတ်တဲ့အဖွဲ့၊ ဘုရားသခင်ကို အဆန့်ကျင်ဆုံးပါတီပဲ၊ ပါတီရဲ့တရားရုံးတွေဆိုတာ စာတန်ရဲ့တရားရုံးတွေပဲ။ ဒီလို တရားရုံးတွေမှာ စစ်ဆေးတာ တရားမျှတမှု ရှိနိုင်မှာလား။ တရုတ်ကွန်မြူနစ်ပါတီက နိုင်လိုမင်းထက်ပြုတတ်တဲ့ အာဏာရှင်ပါတီပဲ။ ဘယ်လိုမှ လွတ်လပ်တဲ့တရားစီရင်မှု မဖြစ်နိုင်ဘူး။ တရားသူကြီးတွေမှာ ကိုယ်ပိုင်စီရင်ခွင့် မရှိဘူး။ သူတို့အကုန်လုံး အစိုးရဆီက အမိန့်ကို နာခံရတယ်။ သူတို့ကို ပြောထားတဲ့အတိုင်း အမှုတွေကို ကိုင်တွယ်ကြရတယ်။ ဒါအမှန်တရားပဲ။ သူတို့တရားရုံးတွေ မှာ စစ်တဲ့ အမှုတွေက မမှန်မကန်လိုရာဆွဲပြီး အဓိပ္ပာယ်မရှိတာတွေပဲ ဖြစ်မှာပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့တဲ့ကာလတစ်လျှောက်လုံး ပါတီက အကွက်ဆင်တာကိုပဲ အားကိုးခဲ့တာလေ။ သူတို့က ကျွမ်းကျင်နေပြီ။ ရှန်တုန်းရဲ့ကျောင်းယွမ်အမှု တရားခွင်မှာတုန်းက တရားခံတွေက စီစီပီတရားရုံးမှာ ခပ်ရှင်းရှင်း ထွက်ဆိုခဲ့တာလေ။ “ ကျွန်တော် ဘယ်တုန်းကမှ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ အဆက်အသွယ် မရှိခဲ့ပါဘူး” တဲ့။ “ ကျောင်းဝေရှန် ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုပဲ အစိုးရက ဖြိုခွဲတာပါ၊ ကျွန်တော်တို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မဟုတ်ဘူး” တဲ့။ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ဆိုင်ပါတယ် လို့ လုံး၀ မပြောခဲ့ဘူး။ အသင်းတော်ကလည်း သူတို့ဘယ်သူတွေမှန်းမသိဘူး။ ဒါဆိုရင် ဘာလို့အချက်အလက်အရ တရားမစီရင်ခဲ့တာလဲ။ တကယ့် သက်သေအထောက်အထား တစ်ခုမှ မရှိဘဲနဲ့ သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတွေလို့ ဘာလို့အခိုင်အမာပြောရတာလဲ။ ဒါက တမင်ကြံစည်တာ မဟုတ်ဘူးလား။ ဒါတွေအားလုံး လှည့်စားတာပဲ မဟုတ်ဘူးလား။ စီစီပီရဲ့သတင်းတွေ ဒါမှမဟုတ် သူတို့မီဒီယာတွေရဲ့ အလိမ်အညာတွေကို ဘယ်သူမှမယုံတော့ဘူး။ အဖေက ကွန်မြူနစ်စနစ်အောက်မှာ အကြာကြီး အလုပ်လုပ်ခဲ့တာပါ၊ သားထက်ပိုပြီး သိသင့်တာပေါ့။ ကျောင်းယွမ်အမှုကြောင့် ပါတီအာဏာမြဲနေဦးမယ်လို့ အဖေ တကယ်ပဲ ထင်လား။

စစ်ရွီ (ခရစ်ယာန်တစ်ယောက်)- အဖေ၊ သမီးလည်း သတင်းထောက်လုပ်တာကြာပြီဆိုတော့၊ နားလည်နေပြီ။ ဘာသာရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားတာတွေ၊ ဆန္ဒပြတာမျိုးတွေကို မနှိမ်နင်းခင်တိုင်းမှာ ပါတီက အမှုဆင်ပြီး၊ လူထု အမြင်မှားအောင် ကြိုးစားလေ့ရှိတယ်။ ပြီးတာနဲ့ ဖြိုခွဲတော့တာပဲ ဇွန်လ ၄ ရက် ကျောင်းသားလှုပ်ရှားမှုကိုပဲကြည့်လေ။ အစကတော့ ကျောင်းသားတွေဘက်က ဂုဏ်သိက္ခာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို လိုချင်ခဲ့ကြတယ်။ ဒါပေမဲ့ ပါတီက ကျောင်းသားထုထဲမှာ သူ့လူကိုယ့်ဘက်သား ထည့်ပြီးတော့ လှုပ်ရှားမှုကို ဖျက်လိုဖျက်ဆီးလုပ်တယ်။ မီးရှို့တာတို့ ကားတွေ ဖျက်ဆီးပစ်တာတို့ ကမောက်ကမတွေ ဖန်တီးလိုက်တယ်။ ကျောင်းသားတွေကို နှိမ်နင်းဖို့ ဆင်ခြေအနေနဲ့ ဆူပူအုံကြွမှုတွေ ဖြစ်စေတဲ့ “ တန်ပြန်တော်လှန်ရေး” ဆိုပြီး၊ သူတို့ဘက်က နာမည်တပ်လိုက်တယ်။ အဲဒီနောက်မှာမှ ကျောင်းသားတွေကို ရက်ရက်စက်စက် နှိမ်နင်းတာလေ။ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ တင့်ကားတွေနဲ့ အကြိတ်ခံရတယ်။ တရုတ်ပြည်သူတွေ ကြောက်လန့်ပြီး တစ်ကမ္ဘာလုံး တုန်လှုပ်သွားရတဲ့ တီအန်မင်အရေးအခင်းကို စီစီပီက ဘယ်လိုအကွက်ချခဲ့လဲဆိုတာ အဲဒါပဲ။ တိဘက်က ဆန္ဒပြမှုတွေကိုလည်း ဒီလိုနည်းနဲ့ ဖိနှိပ်ခဲ့တာပဲလေ။ ဆန္ဒပြလူထုထဲမှာ အစိုးရက သူတို့လူတွေထည့်တယ်။ လူသတ်တာတို့ ပစ္စည်းလုတာတို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခိုင်းလိုက်တယ်။ ပြီးရင် ဆူပူအုံကြွမှုကို နှိမ်နင်းတဲ့အသွင်နဲ့ ဆန္ဒပြသူတွေကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီက သူတို့နဲ့ အယူအဆမတူသူတွေကို အမြစ်ဖြတ်ဖို့အတွက် ဖိနှိပ်တာတွေ၊ အချက်အလက်တွေနဲ့ လိမ်ညာတာတွေကို လုပ်ပြီးတော့မှ အကြမ်းဖက်လေ့ရှိတယ်ဆိုတာ ဒီအချက်တွေက သက်သေပြတယ်။ ရှန်တုန်းမှာ ဖြစ်ခဲ့တဲ့ ဇောင်ယွမ်အမှုမှာလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဖိနှိပ်လို့ရအောင် ပါတီက လူထုအမြင်ကို ပြောင်းခဲ့တယ်။ ဒီလိုဘာသာရေးဖိနှိပ်မှုမျိုးက ပြစ်မှုကြီးပဲလေ။ အဖေလည်း စီစီပီ အရာရှိတစ်ယောက်ပဲ၊ သူတို့ တကယ် ဘယ်လိုလုပ်တယ်ဆိုတာ သမီးတို့ထက် ပိုသိမှာပါ။

မူရှင်းဖီ (စစ်ဝေခူ၏ ဇနီး)- အမေလည်း ကွန်မြူနစ်တွေနဲ့ အကြာကြီး နေလာတာပါ။ အမေက စီစီပီနဲ့ ပတ်သက်လို့ အမြင်လွဲတာ ဘာမှမရှိပါဘူး။ အရာရှိဝန်ထမ်းဆိုတာ အပြင်ပန်းကြည့်ရင် ဟန်ကောင်းတယ် ဆိုပေမဲ့ နောက်ကွယ်မှာတော့ မကောင်းမှုတွေ လက်သိပ်ထိုးစီးပွားရေးတွေ လုပ်နေတာ ချည်းပဲ။ ကျောင်းယွမ်အမှု မပြောနဲ့ အဲဒီတရားခွင်တွေမှာ ဘယ်အမှုမှ တရားမျှတတာ မရှိခဲ့ဘူး။ အမှုအားလုံးမှာ လာဘ်စားမှုရှိတာချည်းပဲ။ ဘာသာရေးဖြစ်ဖြစ် တိုင်းရင်းသား လူနည်းစုနဲ့ပတ်သက်တာ ဖြစ်ဖြစ် အမှုတိုင်းရဲ့နောက်ကွယ်မှာ နိုင်ငံရေးလှုံ့ဆော်မှု ရှိတာချည်းပဲ။ အခု ပါတီရဲ့မကောင်းတဲ့လုပ်ရပ်တွေကို လူတွေလည်း ပိုပိုပြီးသိလာကြပြီ။ ကျောင်းယွမ်အမှု နောက်ကွယ်က အမှန်တရားကို ကြာကြာဖုံးထားလို့ မရတော့ဘူး ထင်တာပဲ။

စစ်ဝေခူ- ပါတီရဲ့ရည်ရွယ်ချက်အမှန်တွေကို မင်းတို့အားလုံး ဒီလောက်သိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းတို့ တကယ်အရွယ် ရောက်လာကြပြီပဲ။ ဒါပေမဲ့ မင်းတို့ငယ်ပါသေးတယ်။ တီအန်မင်ကျောင်းသားအရေးအခင်းနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲ။ သူတို့အကုန်လုံး နှိမ်နင်းခံရတာပဲ မဟုတ်လား။ တချို့အသတ်ခံရ၊ တချို့ဒဏ်ရာရကြ တချို့ထောင်ချခံရနဲ့၊ တခြားလူတွေကတော့ နိုင်ငံခြားကို ထွက်ပြေးခဲ့ကြရတယ်။ တကယ်တမ်း စီစီပီကို တိုက်ခဲ့တာက ဘယ်သူတွေလဲ။ ကျောင်းယွမ်အမှုကို လုပ်ကြံထားတယ်ပဲဆိုဦး၊ ဘာအရေးလဲ။ ဒါမျိုးတွေကို ပါတီက အများကြီးဖန်တီးလာတာ တော်တော်များများကို လူတွေ သိကြတယ်။ ဒါပေမဲ့ ဘယ်သူက ဘာတတ်နိုင်လို့လဲ။ ပါတီနဲ့ပတ်သက်ပြီး ဘယ်သူက ဘာသွားလုပ်ရဲလို့လဲ။ ပါတီက ဘာကိုယုံကြည်တယ် ဆိုတာတောင် မင်းတို့ သိရဲ့လား။ သူတို့က တော်လှန်ရေးသမားတွေ။ သူတို့ယုံကြည်တာ အကြမ်းဖက်မယ်၊ မုသားသုံးမယ်၊ အာဏာကို အကြမ်းနည်းနဲ့ရယူမယ်။ “ မုသားတစ်ခွန်းကို အကြိမ်တစ်သောင်းလောက် ထပ်တလဲလဲဆိုလိုက်ရင် အမှန်ဖြစ်လာတယ်” လို့ ယူဆထားကြတာ။ လူတွေက သူတို့စကားတွေကို ဘယ်လိုပဲ မယုံမယုံ၊ ငြင်းပဲ ငြင်းငြင်း ပါတီက ဂရုမစိုက်ဘူး။ ဆက်ပြီးလိမ်မြဲလိမ်နေမှာပဲ။ လက်ငင်းမှာ ထိရောက်မှုတွေ ရှိနေသရွေ့ သူတို့ ဂရုမစိုက်ဘူး။ လူတွေ ဆန့်ကျင်ဆန္ဒပြပြီဆိုရင်၊ တင့်ကားတွေ စက်သေနတ်တွေ သုံးပြီး ဖြေရှင်းလိုက်မှာပဲ။ သူတို့ လိုအပ်တာတွေရဖို့ လိုအပ်ရင် အဏုမြူဗုံးတောင် သုံးကြမယ့်သူတွေ၊ အာဏာတည်မြဲဖို့ ပါတီကတော့ ဘာမဆိုလုပ်မှာပဲ။ အဲဒီအမှုကို ထုတ်ပြန်လိုက်ပြီးတာနဲ့ ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ခရစ်ယာန်တွေကို ဖမ်းဆီး၊ နှိပ်ကွပ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အများကြီးတပ်ဖြန့်လိုက်ကြတယ်လေ။ သူတို့ကို ဘယ်သူက တားနိုင်ခဲ့လို့လဲ။ ဘယ်သူ အာခံရဲခဲ့လဲ။ ပါတီကလိမ်ကကျစ်လုပ်တာတွေကို နိုင်ငံခြားသားတွေ မြင်တော့ သူတို့ဘာလုပ်နိုင်ခဲ့လဲ။ အနောက်တိုင်း ဒီမိုကရေစီအင်အားစုတွေကို တန်ပြန်တဲ့နည်းတွေ ပါတီမှာ အများကြီးပဲ။ အားလုံးကို ပိုက်ဆံသုံးပြီး ဖြေရှင်းလိုက်တာပဲ။ လူဟာ လက်ဆောင်ပဏ္ဏာကို လွတ်လပ်မှုနဲ့ လဲကြတာပဲ။ ဒီနေ့ခေတ်မှာ တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့နိုင်ငံ ပိုနည်းသွားပြီ။ အင်အားစုတွေကလည်း ခုဆို သူတို့ကို ရန်လိုရမှာတောင် ကြောက်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စီစီပီက အာဏာကို ထိန်းထားနိုင်တုန်းပဲလေ။ အာဏာရှိနေသရွေ့ မင်းတို့လို ဘုရားသခင် ယုံကြည်တဲ့သူတွေ လွတ်လပ်မှာမဟုတ်ဘူး။ တရုတ်ပြည်ထဲက ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စီစီပီက မုန်းတီးပြီး ပိတ်ပင်နေဦးမှာပဲ။ ဘုရားမဲ့ အုပ်စိုးမှုတစ်ခုကို ဖန်တီးဖို့ဆိုတဲ့ သူတို့ရဲ့ ပန်းတိုင်ကို သူတို့မရရင်တောင်၊ မင်းတို့ကိုဖမ်းဆီးနှိပ်ကွပ်တာတွေ လုံးဝ ရပ်မှာမဟုတ်ဘူး။ ငါ ဒါတွေကို မြင်တွေ့နေတာကြာခဲ့ပြီ။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

သက်ဆိုင်သည့် အကြောင်းအရာ