အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်အကြောင်း တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများနှင့် သွားပုပ်လေလွင့်ပြောစကားများကို ခရစ်ယာန်များ၏ မယုံနိုင်ဖွယ်ရာ ပြန်လည်ခုခံချေပမှုများ

2

ဒုဂွေ့ရောင် (၆၁၀ရုံးခန်း၏ ခေါင်းထဲ အယူဝါဒရိုက်သွင်းသည့် အတန်း ဒါရိုက်တာ)- ရှောင်ဇန်၊ ရှောင်ကျူ အဲဒီတော့ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာနဲ့အကြီးအကဲတွေက မင်းတို့က ယေရှုခရစ်တော်အပေါ်မဟုတ်ပဲ လူတစ်ယောက်အပေါ်မှာ ယုံကြည်တယ်လို့ ပြောကြတယ် ဒီလူက တကယ်ပဲ ပြန်ကြွလာတဲ့သခင်ယေရှု ဒါမှမဟုတ် အလုပ်လုပ်ဖို့အတွက် ပေါ်ထွန်းလာတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်လို့ မင်းတို့သက်သေခံကြတယ်။ ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အယူအစွဲဂိုဏ်းတွေအဖြစ် ရှုတ်ချထားတယ်ဆိုတာ မင်းတို့ သိလား။ ဒါတောင်မှ သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီလို့ မင်းတို့ သက်သေခံကြတယ်။ ဒါ မိုက်မဲခြင်းပဲ မဟုတ်ဘူးလား။ ကွန်မြူနစ်ပါတီက မင်းတို့ကို ဘယ်လို လွှတ်ထားနိုင်မှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်ဝါဒနဲ့ ကက်သလစ်ဝါဒကို အစွန်းရောက်ဝါဒတွေအဖြစ်၊ သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်တယ်။ ဒါဟာ လူတိုင်းသိကြတဲ့အချက်ပဲ။ မင်းတို့ သတိထားမိမှာပါ။ တရုတ်ကွန်မြူနစ်ပါတီက အများလက်ခံထားတဲ့ ကမ္ဘာ့ဘာသာရေးတွေကို ရှုတ်ချပြီး ငြင်းပယ်ရဲရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို ဘာလို့ မရှုတ်ချနိုင်ရမှာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် ကြေညာရင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ကို ဘာလို့ သည်းခံဖို့ စဉ်းစားနေမှာလဲ။ ပြည့်သူ့လုံခြုံရေးအေဂျင်စီတွေက ဒီစာအုပ်ရဲ့ ကော်ပီတော်တော်များများကို သိမ်းပြီးပြီ။ လူတွေအများကြီးက လေ့လာနေကြတယ်။ ငါ နားမလည်ဘူး။ မင်းတို့လူတွေက ဘာလို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ခရစ်တော်လို့ ဘာကြောင့် ဆက်ပြီး သက်သေခံရတာလဲ။ သူ့မိသားစုနောက်ခံနဲ့ပတ်သက်ပြီး ငါတို့အကုန်နားလည်သွားပြီ။ သူက သာမန်လူတစ်ယောက်ပဲ ခရစ်ယာန်ဘာသာရဲ့ ယေရှုလိုပဲ။ ယေရှုက လက်သမားတစ်ယောက်ရဲ့သား၊ မိဘနဲ့ မွေးချင်းတွေလည်းရှိတယ်။ သူက သာမန်လူတစ်ယောက်ပဲဖြစ်ခဲ့တယ်။ ဒါတောင်မှ ခရစ်ယာန်လောကတစ်ခုလုံးက သူ့ကို ဘုရားလို ကိုးကွယ်ကြတယ်။ မင်းတို့လူတွေ ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း ယေရှုလို လူသားတစ်ယောက်ပဲ။ ဒါတောင်မှ သူက ဘုရားသခင်ဖြစ်တယ်လို့ သေချာပြောနေတယ်။ ဒါအတော်လေး နားလည်ရခက်တယ် မင်းတို့နှစ်ယောက်လုံးက သာမန်လူတစ်ယောက်ကို ယုံတာကြောင့် နာကျင်မှုတွေ အများကြီး ခံယူကြတယ်။ ဒီတော့ ဒါ တန်ရဲ့လား။ နောက်လိုက်တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်အတွက် မိသားစုတွေနဲ့ အလုပ်တွေကို စွန့်လွှတ်ကြတယ်လို့ ငါကြားတယ်။ ဘုရားကို ဒီလိုယုံကြည်လို့ ဘာရစရာရှိလို့လဲဆိုတာ ငါသိချင်မိတယ်။ သူက ဘုရားပါလို့ ယုံကြည်ဖို့ မင်းအတွက် ဘာအထောက်အထားရှိလဲ။

ဆရာမဟောင်း (၆၁၀ရုံးခန်း၏ ခေါင်းထဲ အယူဝါဒရိုက်သွင်းသည့် အတန်း ဆရာ)- မင်းတို့ ဘုရားယုံကြည်သူတွေက တော်တော်အံ့သြဖို့ကောင်းတယ်။ ငါ့တစ်ဘဝလုံးမှာ ဘုရားသခင် တည်ရှိခြင်းအတွက် ဘာသက်သေမှ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ မင်းတို့အားလုံးက ဒီသာမန်လူက ဘုရားသခင်ပါလို့ ကြေညာတယ်။ ဒီလို အခိုင်အမာပြောချက်အတွက် အထောက်အထားကဘာလဲ။ ရာသီဥတုတွေကို သူကပြောင်းလဲလို့လား။ ဆန်းကြယ် အံ့သြဖွယ်ရာတွေကို လုပ်ဆောင်လို့လား။ သူက ကောင်းကင်ဘုံပေါ်ကို တက်လို့လား ကျေးဇူးပြုပြီး ရှင်းပြနိုင်မလား။

ဇီယန်းဂျင် ဂျီအိပ်စ်အင် (ခရစ်ယာန်တစ်ယောက်)- တရုတ်ကွန်မြူနစ်ပါတီက ကောင်းကင်ဘုံက ဘုရားသခင်ကို မသိတဲ့ ဘုရားမဲ့ပါတီဆိုတာ ကျွန်မတို့သိတယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါကြောင့် ကျွန်မတို့ လူ့ဇာတိခံယူတဲ့ခရစ်တော်ကို ယုံကြည်မှုအပေါ် ပါတီရဲ့ တုံ့ပြန်ချက်ကို မအံ့သြပါဘူး။ နည်းနည်းလေးမှ မအံ့သြဘူး။ ကောင်းကင်ဘုံက ဘုရားသခင်ကိုပဲ သိပြီး လူ့ဇာတိခံယူတဲ့ ခရစ်တော်ကို မသိတဲ့ ဘာသာရေးသမားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ရဲ့ အမှုတော်အားဖြင့် ဖျက်ဆီးခံရတယ်။ ထောင်စုနှစ်အတွင်းမှာ ဘုရားသခင်ဟာ လူသားကိုကယ်တင်ဖို့အတွက် အမှုတော်အဆင့်သုံးဆင့်ကို လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့အမှုတော်အဆင့်တစ်ခုစီတိုင်းမှာ နှုတ်ကပတ်တော်များစွာကို မိန့်မြွက်ခဲ့တယ်။ လူသားမျိုးနွယ်ဟာ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေကြောင့်သာ ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံလာခဲ့တာပါ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုရဲ့ ဧဝံဂေလိတရားတော်ဟာ အကုန်ပြန့်နှံ့သွားခဲ့ပြီ။ ပိုများလာတဲ့ လူသန်းနှစ်ထောင်ကျော်ဟာ ဘုရားသခင်ကို အားလုံးအတူတကွ ယုံကြည်ကြတယ်။ ရှင်တို့ ဒီအချက်ကို မမြင်တာမျိုး ဖြစ်နိုင်မလား။ ဒီမိုကရေစီနိုင်ငံတွေမှာ ဘုရားကျောင်းတွေကို နေရာတိုင်းမှာ မြင်ရတယ်။ ခရစ်ယာန်၊ ကက်သလစ်နဲ့ အရှေ့တိုင်းအော်သိုဒေါက်အသင်းတော်တွေအားလုံးဟာ သခင်ယေရှုခရစ်တော်ကို ယုံကြည်ကြတယ်။ အနည်းဆုံးဒါကိုတော့ ရှင်တို့သိမှာပါ။ သခင်ယေရှုဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်။ နှစ်နှစ်ထောင်ကြာအထိ သခင်ယေရှုနောက်ကိုလိုက်ပြီး သူ့အတွက် သက်သေခံတဲ့လူတွေ မရေမတွက်နိုင်အောင်ရှိတယ်။ သခင်ယေရှုက သာမန်လူလိုပဲ မြင်ရပါတယ်။ သခင်ယေရှုက ကယ်တင်ရှင်ဖြစ်ပြီး ဘုရားသခင်ပေါ်ထွန်းခြင်းဖြစ်တယ်လို့ ဘာလို့လူတွေအများကြီးက ယုံကြည်ကြတာလဲ။ ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ ခရစ်တော်က ဘာလဲဆိုတာကို သိချင်ရင် သမ္မာကျမ်းစာကို ရှင်တို့ ဖတ်ရမယ်။ ပြီးရင် သခင်ယေရှုက ဘယ်လိုတရားဟောပြီး အလုပ်လုပ်တယ်၊ သန့်ရှင်းသောဝိညာဉ်တော်က သူ့အတွက် ဘယ်လိုသက်သေခံတယ်ဆိုတာ ကြည့်ရမယ်။ ဒါဆိုရင် လူတွေက သခင်ယေရှုကို ဘာကြောင့်ယုံကြည်တယ်ဆိုတာ သိလိမ့်မယ်။ လူ့ဇာတိခံယူခြင်းကိုယ်၌ကိုက နက်နဲမှုကြီးတစ်ခုပါ။ နောက်ဆုံးသောကာလရဲ့ ခရစ်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် သမ္မာတရားအလုံးစုံကို ဖော်ပြပြီး သမ္မာကျမ်းစာထဲမှာရှိတဲ့ နက်နဲမှုအားလုံးကို ဖွင့်ဟခဲ့တယ်။ ဘုရားသခင်ကို မယုံကြည်ဘဲ ဒါမှမဟုတ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မဖတ်ဘဲ ဘုရားသခင်နဲ့ပတ်သက်တဲ့ နက်နဲမှုကို ဘယ်လိုသိနိုင်မှာလဲ။ လူ့ဇာတိခံယူခြင်းက ဘာလဲဆိုတာ ရှင်တို့နားလည်ချင်လား။ နားလည်ချင်ရင်တော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အကြောင်းကို ဆွေးနွေးပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ပြောခဲ့တာတွေကို ကြည့်ရအောင်။ ရနိုင်မယ်လို့ ထင်ပါသလား။

ခရစ်တော်အကြောင်း တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများနှင့် သွားပုပ်လေလွင့်ပြောစကားများကို ခရစ်ယာန်များ၏ မယုံနိုင်ဖွယ်ရာ ပြန်လည်ခုခံချေပမှုများ

ဆရာမဟောင်း– ငါတို့က ဒါကိုနားလည်အောင် ကြိုးစားနေတာ။ ပြောလို့ရပါတယ်။

ဇီယန်းဂျင် ဂျီအိပ်စ်အင်– အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောတယ် “ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိတွင် ပေါ်ထွန်းပြီး၊ သူ၏ ဖန်ဆင်းခြင်းဖြစ်သည့် လူတို့အကြားထဲတွင် အလုပ်လုပ်ရန် လူ့ဇာတိပုံသဏ္ဌာန်ကိုဆောင်လျက် ကြွဆင်းလာခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် သာမန်လူ့သဘာဝနှင့် ဇာတိခန္ဓာ ဖြစ်လာရမည်၊ အနည်းဆုံးအနေနှင့် ဤအရာမှာ မှန်ကန်ရမည်ဖြစ်သည်။ အမှန်တွင်တော့ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်းပင် ဖြစ်ပြီး၊ ဘုရားသခင်သည် သူ၏ ပကတိသဘာဝက လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဟောင်းမင် (ခရစ်ယာန်တစ်ဦး)- အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီလိုလည်းပြောပါတယ်။ “ ဘုရားသခင် လူ့ဇာတိခံယူခြင်းကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့် ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ စစ်မှန်သောခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား ၎င်း၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိပကတိဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဇီယန်းဂျင် ဂျီအိပ်စ်အင်– အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီအကျဉ်းချုပ်အပိုဒ်နည်းနည်းမှာ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြားတဲ့အခါမှာ လူ့ဇာတိခံယူခြင်းက ဘာလဲဆိုတာ ချက်ချင်း နားလည်သဘောပေါက်တယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်သာ လူသားရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် သမ္မာတရားကို ဖော်ပြနိုင်တယ်။ ဒါဟာ ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုဆိုတာကို ရှင်တို့ ငြင်းနိုင်လား။ ကမ္ဘာမှာနာမည်ကြီးပြီး သိပ်တော်တဲ့လူတွေဟာ သမ္မာတရားကို ဖော်ပြနိုင်သလား။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ကလွဲပြီး သမ္မာတရားကို ဘယ်သူမှ မဖော်ပြနိုင်ပါဘူး။ လူသားမျိုးနွယ်ရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် သမ္မာတရားအားလုံးကို ဖော်ပြနိုင်သူက ပင်ကိုအားဖြင့် ခရစ်တော်နဲ့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်။ ဒါဟာ သံသယရှိစရာမလိုပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ ယုံကြည်ခြင်းက အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဖော်ပြခဲ့တဲ့ သမ္မာတရားအလုံးစုံကြောင့်၊ နောက်ဆုံးသောကာလမှာ သူ့ရဲ့ တရားစီရင်ခြင်းအမှုကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူပြီး လူ့ဇာတိအဖြစ် ပြန်ကြွလာတဲ့ ဘုရားသခင်၊ သခင်ယေရှုဖြစ်တယ်လို့ ယုံကြည်တာပါ။ ဒါက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ကျွန်မတို့ယုံကြည်မှုရဲ့ အခြေခံပဲ။

ဒုဂွေ့ရောင်– အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တဲ့ မင်းတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတာကြောင့် ယုံတာဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ အသံတော်ဖြစ်တယ်လို့ ထင်တယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် မင်းတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တယ်၊ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်၊ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို လုပ်ခဲ့တဲ့သူဖြစ်တယ်လို့ သက်သေခံတယ်။ ဒါက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် မင်းတို့ရဲ့ယုံကြည်မှုအတွက် အခြေခံအချက်ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်လိုက်တွေဟာ လူတစ်ယောက်ကို ခပ်ပေါ့ပေါ့မယုံကြည်ဘူးလို့ ငါယုံပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေက ဘုရားသခင်တည်ရှိမှု ဒါမှမဟုတ် သူ့ရဲ့အုပ်စိုးမှုကို တစ်ခါမှ အသိအမှတ်မပြုခဲ့ဘူး။ ဘုရားရဲ့ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ထားလိုက်တော့။ ဘုရားရဲ့ နှုတ်ကပတ်တော်က မင်းတို့အတွက် အမှန်တရားပဲ။ ငါတို့အတွက်တော့မဟုတ်ဘူး။ လုံးဝမဟုတ်ပါဘူး။ ဒါဝင်ဝါဒနဲ့ သိပ္ပံသာ မှန်ကန်တယ်လို့ ငါတို့ ယုံကြည်တယ်။ မင်းတို့ရဲ့ယုံကြည်မှုကို ရှုတ်ချတဲ့အကြောင်းရင်းက အဲဒါပဲ။ ငါတို့က သိပ်ကို ကွာခြားတဲ့လမ်းကြောင်းနှစ်ခုပေါ်မှာရှိတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ ဘာသာရေးအသိုင်းအဝိုင်းထဲမှာရှိတဲ့ ခေါင်းဆောင်တွေက မင်းတို့ယုံကြည်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်မခံဘူး။ အဲဒါကို ဘယ်လိုရှင်းမလဲ

ဇီယန်းဂျင် ဂျီအိပ်စ်အင်– ဘာသာရေးအသိုင်းအဝိုင်းထဲက ခေါင်းဆောင်တချို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ကြတာ အံ့သြစရာမဟုတ်ပါဘူး။ လူအများစုက ကောင်းကင်ဘုံက ဘုရားသခင်ကိုပဲယုံကြည်ကြပြီး လူနည်းစုသာ လူ့ဇာတိခံယူတဲ့ဘုရားသခင်ကို လက်ခံပြီး သိမြင်နိုင်တာကြောင့်ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက သခင်ယေရှု အလုပ်လုပ်ဖို့ ပေါ်ထွန်းခဲ့တဲ့အခါမှာ ယဇ်ပရောဟိတ် အကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ ဂျူးဝါဒဖာရိရှဲတွေအားလုံးက သခင်ယေရှုကို မဆန့်ကျင်ခဲ့ကြဘူးလား။ သူတို့က သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ဖို့အတွက် ရောမအစိုးရဆီကိုတောင် အပ်နှံခဲ့ကြသေးတယ်။ ဘုရားသခင်က အလုပ်လုပ်ဖို့အတွက် လူ့ဇာတိခံယူပြီးပေါ်ထွန်းခဲ့တဲ့ နှစ်ကြိမ်လုံးမှာ သမ္မာတရားတွေ အများကြီးဖော်ပြခဲ့ပြီး လူရဲ့ ရွေးနှုတ်ခြင်းနဲ့ကယ်တင်ခြင်းအတွက် အလုပ်လုပ်ခဲ့တယ်။ ဘုရားသခင် တည်ရှိမှုကို တော်တော်များများက သိမြင်ပေမဲ့ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းအကြောင်းကို မသိကြဘူး။ လူ့ဇာတိခံယူခြင်းဖြစ်တဲ့ နက်နဲမှုကြီးကို သူတို့ ဘယ်တော့မှ နားလည်သဘောမပေါက်နိုင်ကြဘူး။ ဘုရားသခင်က အလုပ်လုပ်ဖို့အတွက် လူ့ဇာတိနဲ့ ပေါ်ထွန်းတဲ့ အချိန်တိုင်းမှာ တော်တော်များများက ထုတ်ဖော်ခံရပြီး ဖျက်ဆီးခံရတယ်။ လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရာသခင်ဟာ နောက်ဆုံးသောကာလမှာ သမ္မာတရားကို ထုတ်ဖော်ပြောခြင်းအားဖြင့် လူတွေကို တရားစီရင်ပြီး ဖော်ထုတ်ခဲ့တယ်။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားတွေကို ကြားပြီးတဲ့အခါမှာ သမ္မာတရားကို ချစ်မြတ်နိုးသူတွေက ဘုရားသခင်ရဲ့ အသံတော်ကို သိမြင်ခဲ့ကြတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုဖြစ်တယ်ဆိုတာ သူတို့သိမြင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ ခရစ်တော်ကို လက်ခံပြီး နာခံခဲ့ကြတယ်။ သမ္မာတရားကို မချစ်တဲ့သူတွေအတွက် သူတို့ဟာ ဘုရားသခင်နှုတ်ကပတ်တော်ရဲ့ သြဇာအာဏာနဲ့ တန်ခိုးကို သိမြင်ပေမဲ့ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဟာ သာမန်လူတစ်ယောက်နဲ့တူတာကြောင့် သူတို့ရဲ့ ကြိုတင်မှန်းဆထားတဲ့အယူအဆတွေက သူတို့ကို ဆန့်ကျင်ဖို့အတွက် ဖြစ်လာစေခဲ့တယ်။ ဒါကြောင့် သမ္မာတရားကို မုန်းတီးစက်ဆုပ်တဲ့သူတွေဟာ ထုတ်ဖော်ခံရပြီး ဖျက်ဆီးခံရတယ်။ ဘုရားသခင်ကယ်တင်တဲ့ ဒီလူတွေဟာ သမ္မာတရားကိုချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံကြတဲ့လူတွေပဲ ဘုရားသခင်ဖော်ထုတ်ပြီး ဖျက်ဆီးပစ်တဲ့လူတွေဟာ သမ္မာတရားကို ရွံရှာမုန်းတီးကြတယ်။ ဒါက ဘုရားသခင်ရဲ့ အဆုံးအစမရှိတန်ခိုးရှိခြင်းနဲ့ ဉာဏ်ပညာကို ပြပါတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားဟာ သူ့ရဲ့အလုပ်လုပ်တဲ့ပုံစံမှာ တွေ့ရတယ်။ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက တကယ်ကို နက်နဲမှုကြီးတစ်ခုပါပဲ။ ဒါ နားလည်သဘောပေါက်ဖို့ မလွယ်ပါဘူး။ လူအများစုက ဒါနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်ကြတယ်။ ဒါ ကျွန်မ မြင်တဲ့ပုံစံ၊ လက်ခံတဲ့ပုံစံပါပဲ။

အပြန်အလှန်စကားပြောဆိုခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ