အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများနှင့် သွားပုပ်လေလွင့်ပြောစကားများကို ခရစ်ယာန်များ၏ မယုံနိုင်ဖွယ်ရာ ပြန်လည်ခုခံချေပမှုများ

12

ဒုဂွေ့ရောင် (၆၁၀ရုံးခန်း၏ ခေါင်းထဲ အယူဝါဒရိုက်သွင်းသည့် အတန်း ဒါရိုက်တာ)- ငါ လုံးဝ နားမလည်နိုင်တဲ့ နောက်ထပ် အကြောင်းအရာတစ်ခုရှိသေးတယ်။ မင်းတို့ယုံကြည်တာက အနန္တတန်ခိုးရှင်ဘုရားသခင်၊ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မင်းတို့ဖတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမည်နဲ့ဆုတောင်းတယ်။ ဒါပေမဲ့ ငါတို့သိထားချက်အရ မင်းတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က တည်ထောင်ခဲ့တယ်။ အကြောင်းကိစ္စအားလုံးမှာ မင်းတို့ သူ့ကို နာခံတယ်။ မင်းတို့ရဲ့ ထွက်ဆိုချက်တွေအရ ဒီလူက ဘုန်းကြီး ဘုရားသခင်အသုံးပြုတဲ့ လူတစ်ယောက်၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ခေါင်းဆောင်ဖြစ်တယ်။ ဒါက ငါ့အတွက် ရှုပ်ထွေးနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို တည်ထောင်ခဲ့တာက ဘယ်သူလဲ ဘယ်လိုဖြစ်လာတာလဲ။ ကဲ ဒါကို ရှင်းပြနိုင်မလား။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း တရုတ်ကွန်မြူနစ်အစိုးရ၏ ကောလာဟလများနှင့်

ဟောင်းမင်း (ခရစ်ယာန်တစ်ဦး)- ဒါရိုက်တာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အကြောင်းကို ရှင် နည်းနည်းသိထားမယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ ကျွန်မတို့ယုံကြည်တာက အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆုတောင်းတယ်ဆိုတာ ရှင်သိတယ်။ ဒါဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က လုပ်ခဲ့တယ်လို့ ဘာလို့ ပြောတာလဲ။ အဲဒီ အတွေးက ဘယ်ကလာတယ်ဆိုတာ ကျွန်မမသိဘူး။ ကျွန်မတို့ယုံကြည်တာက လူ့ဇာတိခံယူတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ပါ လူသားတစ်ယောက်မဟုတ်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်ကြားခဲ့တဲ့ နှုတ်ကပတ်တော်အများစုက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏ထဲမှာ ရှိတယ်။ အဲဒီစာအုပ်ကို ရှင်ကိုယ်တိုင် မဖတ်ရသေးတဲ့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ရှင် အမှန်တကယ် နားမလည်နိုင်သေးဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လူတစ်ယောက်က တည်ထောင်ခဲ့တာဆိုတဲ့ တရုတ်ကွန်မြူနစ်အစိုးရက ဖြန့်နေတဲ့ ကောလာဟလကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို လုံးဝနားမလည်ဘူးဆိုတာ သက်သေပြနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ဘယ်လိုဖြစ်လာသလဲဆိုတာကိုတောင် သူတို့ နားမလည်ဘူး။ ဒါပေမဲ့လည်း လူတစ်ယောက်က တည်ထောင်ခဲ့တယ်လို့ ဆက်ပြောနေတယ်။ ဒါ တော်တော်ကို အဓိပ္ပါယ်မရှိတာပဲ မဟုတ်ဘူးလား။ ဒါတွေအားလုံးက ယုတ္တိမရှိဘူးလို့ မထင်ဘူးလား။ ကျွန်မ မေးမယ်။ ဒါဆိုရင် ခရစ်ယာန်ဘာသာကို ဘယ်သူက တည်ထောင်ခဲ့တာလဲ။ ကက်သလစ်ဝါဒကို ဘယ်သူတည်ထောင်ခဲ့တာလဲ။ အရှေ့တိုင်းအော်သိုဒေါက်၊ ကက်သလစ်ဝါဒနဲ့ ခရစ်ယာန်ဘာသာတို့အားလုံးက သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုအားဖြင့် ပြုလုပ်ခဲ့တာပါ။ တမန်တော်တွေက အသင်းတော်တွေကို နေရာတိုင်းမှာလုပ်ခဲ့ပေမဲ့ ဒါက ခရစ်ယာန်ဘာသာကို တမန်တော်တွေက လုပ်ခဲ့တယ်လို့ အဓိပ္ပါယ်မရဘူး။ ခေတ်ကာလတိုင်းမှာရှိတဲ့ အသင်းတော်တွေဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုအားဖြင့် ဖြစ်ပေါ်ခဲ့တယ်။ ကျေးဇူးတော်ခေတ်ဟာ သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကနေ အသင်းတော်တွေကို ယူဆောင်လာခဲ့တယ်။ နိုင်ငံတော်ခေတ်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကနေ အသင်းတော်တွေကို ယူဆောင်လာခဲ့တယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့လုပ်ဆောင်မှုမပါဘဲ တမန်တော်တွေဟာ အသင်းတော်တွေကို သူတို့ချည်းပဲလုပ်နိုင်ပါ့မလား။ အသင်းတော်တွေကို ပါဝင်ပူးပေါင်းခဲ့တဲ့သူတွေက ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ သူတို့ယုံကြည်တာ တမန်တော်တွေမဟုတ်ဘူး။ ဒါကြောင့် ဘယ်ခေတ်မှာမဆို အသင်းတော်တွေကို လူက တည်ထောင်ခဲ့တာလို့ ပြောလို့မရပါဘူး။ အသင်းတော်တွေကို တည်ထောင်တဲ့အခါမှာတောင် တမန်တော်တွေက သခင်ယေရှုအမည်နာမအားဖြင့် တည်ဆောက်ခဲ့တာပါ။ တမန်တော်တွေက အသင်းတော်တွေဟာ သူတို့ဆီကလာတယ်လို့ မပြောဘူး။ ဒါ အားလုံးသိရှိပြီးသား အချက်ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ဘာလို့ အချက်အလက်တွေနဲ့အညီ မပြောတာလဲ။ အချက်အလက်တွေကို ဘာကြောင့် ပြောင်ပြောင်တင်းတင်း မဟုတ်မမှန်လုပ်ရတာလဲ ဒါ အဓိပ္ပါယ်မရှိဘူးမို့လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကို မိန့်မြွက်ဖို့အတွက် နောက်ဆုံးသောကာလမှာ ပေါ်ထွန်းခဲ့တယ်။ ဂိုဏ်းဂဏပေါင်းစုံက သမ္မာတရားကိုချစ်တဲ့ ခရစ်ယာန်တွေဟာ ဘုရားသခင်ပြောတဲ့ အသံတော်ကိုကြားပြီး ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကို မြင်တဲ့အခါမှာ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီကို ပြန်လာပြီး သူ့ရဲ့ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်ခြင်းခံရတယ်။ ဒီအချက်က အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို ဖန်တီးခဲ့ပါတယ်။ လူတွေအများကြီးက အသင်းတော်တွေကို နေရာတိုင်းမှာ တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ ဒီ တည်ထောင်သူတွေက အသင်းတော်ကို ဖန်တီးသူတွေလို့ ပြောသလား။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်ခဲ့တာပါ။ ဒါ အမှန်တရားတစ်ခုပဲ ဘယ်သူမှ ငြင်းလို့မရပါဘူး။

ဒုဂွေ့ရောင်– တိတ်စမ်း တော်လောက်ပြီ။ ဒါမှန်တယ်ဆိုရင်တောင် ငါတို့ လက်ခံမှာမဟုတ်ဘူး။ ငါတို့အားလုံးက ဘုရားမဲ့ဝါဒီတွေဆိုတော့ မင်းတို့ရဲ့ယုံကြည်မှုကို ဆက်ပြီး ရှုတ်ချရမယ်။ ငါတို့ပြောချင်တာကို ပြောမယ်။ မင်းတို့က လျှောက်လဲချက်ပေးဖို့ အခွင့်မရှိဘူး။ စဉ်းစားကြည့်စမ်း မင်းတို့ယုံကြည်မှုကို ငါတို့က ရှုတ်ချရင် ငါတို့က အချက်အလက်နဲ့ ပြောလို့ရမလား။ အချက်အလက်ကျကျဖြစ်ချင်ဖြစ်မယ် ဒါပေမဲ့ မင်းတို့က တမျိုးပြောပြီး ငါတို့က ကွန်မြူနစ်တွေအနေနဲ့ နောက်တမျိုးပြောမယ်။ ဘုရားရဲ့ လူ့ဇာတိခံယူခြင်းက မှန်နေသည်ဖြစ်စေ ငါတို့က သူ့ကို လူသားအဖြစ်နဲ့ ရှုတ်ချရမယ်။ မင်းတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငါတို့ဘက်ကို လက်ခံတဲ့သူက အမြဲတမ်းရှိနေမှာပဲ ဒါဆို လုံလောက်တယ်။ ဒါဆိုရင် ငါတို့လိုချင်တာ ရလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပေမဲ့ မင်းတို့အားလုံးက မင်းတို့ရဲ့မန်နေဂျာလိုလူတစ်ယောက်ရဲ့ အလုပ်စီစဉ်မှုတွေ စည်းရုံးမှုတွေကို နာခံပုံရတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ပါစေ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို သူဖန်တီးခဲ့တာလို့ပဲ ငါတို့ပြောနိုင်တယ်။ မင်းတို့အားလုံး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငါတို့ပြောမှာက ဒါပဲ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အသံကကျယ်တယ်။ မင်းတို့က ဒီလိုမဟုတ်ဘူး။ ငါတို့ပြောရင် ငါတို့ကို ယုံကိုယုံမယ့် လူတွေ အများကြီးရှိတယ်။ မင်း လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သဘောတူတူ မတူတူ အရေးမကြီးဘူး။ ဘာကြောင့်လဲဆိုရင် ငါတို့ပန်းတိုင်က ရောက်နှင့်ပြီးသားပဲ။

အပြန်အလှန်စကားပြောဆိုခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ