အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းတို့၏ ပဓာနကျသော ကွဲပြားမှုမှာ အဘယ်နည်း။

51

၂) ကယ်တင်ခံရခြင်းနှင့် ပြည့်ဝသော ကယ်တင်ခြင်းရရှိခြင်းတို့၏ ပဓာနကျသော ကွဲပြားမှုမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ယော ၈:၃၃-၃၅)

သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ၇:၂၁)

ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။” (ဗျာ ၁၄:၃-၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

လူအချို့က၊ “ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အစည်းအဝေးများတက်ရောက်ခြင်း၊ သီချင်းများသီဆိုခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော် နားထောင်ခြင်း၊ ဆုတောင်းခြင်းနှင့် တာဝန်အချို့ကို လုပ်ဆောင်ခြင်းသာ မဟုတ်သလော။ ၎င်းမှာ ဤအရာသာ ဖြစ်သည် မဟုတ်လော။” ဟု အမြဲတွေးခေါ်ကြသည်။ သင်တို့သည် အချိန်မည်မျှကြာရှည်စွာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြပါစေ၊ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ခြင်း၏အဓိပ္ပာယ်ကို အကုန်အစင် နားလည်ခြင်းမရှိသေးချေ။ အမှန်မှာ ဘုရားသခင်ကိုယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန့်အလွန်နက်နဲလွန်းသဖြင့် လူတို့သည် ၎င်းအကြောင်းကို စေ့စေ့စပ်စပ် နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ။ နောက်ဆုံးတွင် လူတို့အထဲမှ စာတန်နှင့်ဆိုင်သောအရာများနှင့် ၎င်းတို့၏ဗီဇနှင့်ဆိုင်သောအရာများ ပြောင်းလဲ၍ သမ္မာတရား၏သတ်မှတ်ချက်များနှင့် ကိုက်ညီလာရမည်၊ ဤနည်းဖြင့်သာ ကယ်တင်ခြင်းကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်၏။ အကယ်၍ သင်သည် ဘာသာရေးထဲ၌ ရှိခဲ့ဖူးသည့်အချိန်ကကဲ့သို့ သြဝါဒစကားအချို့ ရွတ်ဆိုခြင်းသာ သို့မဟုတ် ဆောင်ပုဒ်အချို့ကို ဟစ်အော်ခြင်းသာ ပြုခြင်း၊ ထို့နောက် ကောင်းသောအကျင့် အနည်းငယ်ကို လုပ်ဆောင်ခြင်း၊ ကောင်းသောအပြုအမူ အနည်းငယ် ထပ်မံပြသခြင်းနှင့် အပြစ်တစ်ချို့၊ သိသာထင်ရှားသော အပြစ်တစ်ချို့ကို ကျူးလွန်မှုမှ ရှောင်ကြဉ်ပါက၊ သင်သည် ဘုရားသခင်ကိုယုံကြည်သောလမ်းမှန်သို့ ခြေချခဲ့ပြီးဖြစ်ကြောင်း မဆိုလိုသေးပေ။ စည်းကမ်းများကို သင်လိုက်နာနိုင်ခြင်းက သင်သည် မှန်သောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည်ဟု ဆိုလိုသလော။ သင်သည် မှန်ကန်စွာရွေးချယ်ပြီးပြီဟု ဤအရာကဆိုလိုသလော။ အကယ်၍ သင်၏ဗီဇအတွင်းမှ အရာများ မပြောင်းလဲသေးဘဲ၊ အဆုံးတွင် သင်သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားနေသေးပါက၊ ဤအရာမှာ ပြဿနာများထဲတွင် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကိုယုံကြည်သော်လည်း ဤပြဿနာကို မဖြေရှင်းပါက၊ သင်သည် ကယ်တင်ခြင်းကို ခံရပြီဟု ယူဆနိုင်သလော။ ဤအရာကို ငါပြောနေခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရားသခင်ကို ယုံကြည်မှုကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ ဘုရားသခင် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်ကြောင်း သင်တို့အားလုံး သင်တို့၏စိတ်နှလုံးများထဲတွင် နားလည်စေရန်ဖြစ်သည်။ သင်သည် သင်၏လမ်းကြောင်းကို ကောင်းစွာရွေးချယ်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လုံ့လစိုက်ထုတ်ရမည်။ မပြည့်စုံသောအသိ သို့မဟုတ် မနည်းမများ နားလည်မှုကိုသာ ရယူပြီး သင့်ကိုယ်သင် လုပ်ဆောင်ပြီးမြောက်ပြီဟု မယူဆလေနှင့်၊ အကယ်၍ သင်သည် မိမိကိုယ်ကိုယ် လှည့်စားပါက သင့်ကိုယ်သာ သင် ထိခိုက်စေလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်းမှ မသွေဖည်သင့်ပါ၊ နောက်ဆုံးတွင်၊ သူတို့၏စိတ်နှလုံးများထဲ၌ ဘုရားသခင် မရှိဘဲ၊ စာအုပ်တစ်အုပ်ကို ကိုင်ရုံမျှ ကိုင်ကြပြီး ယင်းကို လျှပ်တစ်ပြက် ကြည့်သော်လည်း၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာမချန်လျှင် သူတို့ အဆုံးသတ်ပြီဖြစ်သည်။ “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းကို ဘုရားနှုတ်ကပတ်တော်များမှ သီးခြားခွဲထား၍ မရနိုင်ပါ”ဟူသည့် စကားများ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ သင်တို့ နားလည်သလော။ ၎င်းတို့က “ဘုရားသခင်၌ု ယုံကြည်ခြင်းတစ်ခုကို ဘုရားသခင်ထံမှ သီးခြားခွဲထား၍မရ”ဟူသည့် စကားများနှင့် ကွဲလွဲဆန့်ကျင်သလော။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမရှိဘဲ သင့်စိတ်နှလုံးထဲတွင် သင် ဘုရားသခင်ကို မည်သို့ ထားရှိနိုင်သနည်း။ ဘုရားသခင်ကို သင် ယုံကြည်သော်လည်း သင့် စိတ်နှလုံးက ဘုရားသခင်ကို ဖြစ်စေ သူ၏ နှုတ်ကပတ်တော်များကို ဖြစ်စေ မသိုထား သည်သာမကဘဲ၊ သူ၏ လမ်းပြမှုကိုလည်း မသိုထားလျှင်၊ သင်သည် လုံးဝ အဆုံးသတ်ပြီဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သန့်ရှင်းသောဝိညာဉ်တော်၏အမှုကို ဆုံးရှုံးသွားသောသူများသည် အန္တရာယ်အရှိဆုံးဖြစ်ကြသည်” မှ

ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပါယ်မှာ ကယ်တင်ခံရဖို့ဖြစ်သည်၊ သို့ဆိုလျှင် ကယ်တင်ခံရခြင်း၏ မည်သည့်အရာကို ဆိုလိုပါသနည်း။ “ကယ်တင်ခံရခြင်း”၊ “စာတန်၏မှောင်မိုက်သော လွှမ်းမိုးမှုမှ ထွက်ပြေးလွတ်မြောက်ခြင်း- လူတို့က ဤအကြောင်းအရာများကို မကြာခဏ ပြောကြသော်လည်း၊ ကယ်တင်ခံရခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ လူသားသည် ကယ်တင်ခံရသည့်အခါ မည်သည့်အရာနှင့် အတိအကျ တူလိမ့်မည်နည်း။ ဤအရာက ဘုရားသခင်၏ အလိုတော်နှင့် ဆက်နွှယ်၏။ ကယ်တင်ခံရခြင်းဆိုသည်မှာ၊ ဒေသဝေါဟာရဖြင့် ပြောသော်၊ သင်သည် ဆက်လက်အသက်ရှင်နေနိုင်ပြီး ဘုရားသခင်သည် သင့်ကို အသက်ပြန်ရှင်စေခြင်းဖြစ်သည်။ ထို့ကြောင့် အသက်ပြန်မရှင်မီ သင်သည် စကားပြောနိုင်သည်၊ အသက်ရှုနိုင်သည်၊ သင် သေနေသလော။ (ဝိညာဉ် သေနေသည်။) လူတို့၏ဝိညာဉ်သေပါက လူသေပြီဟု အဘယ်ကြောင့် ဆိုထားသနည်း။ ဤစကား၏အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ကယ်တင်ခြင်းမခံရမီ လူတို့သည် စာတန်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏စာတန်ဆိုင်ရာဗီဇအားဖြင့် အသက်ရှင်ကြပြီး စာတန်ဆိုင်ရာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ပြည့်နေ၏။ ဘုရားသခင်၏အမြင်မှနေ၍ ၎င်းတို့၏ဇာတိပကတိနှင့် ၎င်းတို့၏စိတ်နှင့် အတွေးများအစရှိသည့် အခြားရှုထောင့်အားလုံးအပါအဝင် လူတို့၏ ဖြစ်တည်မှုတစ်ခုလုံး သေဆုံးနေသည်။ အပေါ်ယံတွင် သင်သည် အသက်ရှုနေပုံ၊ သင်၏မျက်တောင်များကိုခတ်နေပုံနှင့် စဉ်းစားနေပုံရသော်လည်း၊ သင် အဆက်မပြတ်တွေးနေ သောအရာမှာ မကောင်းမှုဒုစရိုက်အကြောင်းပင် ဖြစ်၏၊ သင်သည် ဘုရားသခင်ကို အာခံသောအရာများနှင့် ဘုရားသခင်ကို ပုန်ကန်သောအရာများ၊ ဘုရားသခင် စက်ဆုပ်သော၊ မုန်းတီးပြီးရှုတ်ချသော အရာများအကြောင်းကို တွေးလျက်နေ၏။ ဘုရားသခင်၏အမြင်တွင် ဤအရာအားလုံးသည် ဇာတိပကတိနှင့်သက်ဆိုင်သည်သာမက စာတန်နှင့် နတ်ဆိုးများနှင့်လည်း လုံးလုံးလျားလျား သက်ဆိုင်၏။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် လူတို့မှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် လူသားများလော။ ဘုရားသခင်သည် ၎င်းတို့ကို နတ်ဆိုးများ၊ တိရစ္ဆာန်များနှင့် အသက်ရှင်သော စာတန်များအဖြစ် မြင်လေ၏။ လူတို့သည် စာတန်၏အနှစ်သာရအားဖြင့် အသက်ရှင်ကြပြီး၊ ဘုရားသခင်၏အမြင်တွင် ၎င်းတို့သည် လူ့ဇာတိကို ဝတ်ဆင်ထားသော အသက်ရှင်သည့် စာတန်များပင် ဖြစ်၏။ ဘုရားသခင်က ယင်းကဲ့သို့ လူများကို လမ်းလျှောက်နေသော အလောင်းကောင်များ၊ လူသေများအဖြစ် သတ်မှတ်၏။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စာတန်ဆိုင်ရာ စိတ်သဘောထားနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆိုင်ရာ အနှစ်သာရတို့ဖြင့် အသက်ရှင်ကြသော၊ ယင်းကဲ့သို့ လူများကို ရယူရန် ဘုရားသခင်သည် သူ၏လက်ရှိ ကယ်တင်ခြင်းအမှုကို ပြုလေ၏၊ ကိုယ်တော်သည် လူသေများဟု အမည်ရသောသူများကို ရယူပြီး အသက်ရှင်သူများအဖြစ် ပြောင်းလဲသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းကို ဆိုလိုခြင်းဖြစ်၏။

ဘုရားသခင်ကို ယုံကြည်ခြင်း၏အဓိကအချက်မှာ ကယ်တင်ခြင်းရရန်ဖြစ်သည်။ ကယ်တင်ခံရခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် သေနေသောသူမှ အသက်ရှင်သောသူအဖြစ် ပြောင်းလဲခြင်းကို ဆိုလိုသည်။ ဤအရာ၏ ညွှန်းဆိုချက်မှာ သင်၏ ထွက်သက်ဝင်သက်မှာ ပြန်လည်သက်ဝင်လာပြီး သင်သည် အသက်ရှင်သောသူဖြစ်ခြင်း၊ သင်သည် သင့်မျက်လုံးများကို ဖွင့်ကာ၊ ဘုရားသခင်ကို သိနိုင်စွမ်းရှိပြီး၊ သူ့ကို ကိုးကွယ်ရန် သင်ဦးညွှတ်နိုင်ခြင်းပင်ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် သင်သည် ဘုရားသခင်ကို ဆက်လက် ခုခံခြင်း မရှိပေ၊ သင်သည် သူ့ကို အာခံခြင်း၊ တိုက်ခိုက်ခြင်းနှင့် ပုန်ကန်ခြင်း မရှိတော့ချေ။ ဤကဲ့သို့လူများသာ ဘုရားသခင်၏အမြင်တွင် အမှန်ပင်အသက်ရှိသူများ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့သည် ဘုရားသခင်ကို လက်ခံသည်ဟုဆိုပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်တစ်ပါးရှိကြောင်း ယုံကြည်ပါက၊ ၎င်းတို့သည် အသက်ရှင်သောသူများထဲမှ တစ်ဦး ဟုတ်သလော၊ မဟုတ်သလော။ (၎င်းတို့ မဟုတ်ကြပါ။) ထို့ကြောင့် မည်သည့် လူအမျိုးအစားသည် အသက်ရှင်သောသူများဖြစ်ကြသနည်း။ အသက်ရှင်သောသူများသည် မည်သည့် လက်တွေ့အရှိတရားမျိုးကို ပိုင်ဆိုင်ကြသနည်း။ ကယ်တင်ခံရသောသူတို့မှာ အဆုံးတွင် အသက်ရှင်သောသူများ ဖြစ်လာကြသည်။ အသက်ရှင်သောသူများမှာ စကားပြောနိုင်ကြသောကြောင့် သူတို့ပြောဆိုသည်မှာ အဘယ်အရာနည်း။ အသက်ရှင်သောသူတို့တွင် သူတို့၏ စိတ်ကူး၊ အတွေးများနှင့် ထင်မြင်ချက်များရှိလင့်ကစား သူတို့သည် မည်သည့်အရာများအကြောင်း စဥ်းစားကြသနည်း။ ထို့ပြင် သူတို့ မည်သည့်အရာများကို ပြုလုပ်ကြသနည်း။ သူတို့ပြုလုပ်သည့်အရာနှင့် ပြောဆိုသည့်အရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းမှာ သူတို့ထုတ်ဖော်သမျှ၊ သူတို့တွေးသမျှနှင့် သူတို့ပြုသမျှတို့မှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီးနှင့် မကောင်းမှုကို ရှောင်ခြင်း သဘောသဘာဝဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ပို၍ အချက်ကျကျဆိုရသော် သင်၏ အကျင့်တိုင်းနှင့် အတွေးတိုင်းသည် ဘုရားသခင်၏ ရှုတ်ချခြင်း သို့မဟုတ် စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို မခံရပေ၊ အမှန်အားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ သဘောတူညီခြင်းနှင့် ချီးမွမ်းခြင်းကိုခံကြရ၏။ ဤသည်မှာ သက်ရှိများ ပြုသောအရာ ဖြစ်ပြီး သက်ရှိများ ပြုသင့်သောအရာလည်း ဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏” မှ

အမှောင်၏စွမ်းအားအောက်တွင် အသက်ရှင်သောသူတို့သည် သေခြင်းတရား၏အလယ်တွင် အသက်ရှင်သောသူများ ဖြစ်ကြပြီး၊ သူတို့သည် စာတန်ပိုင်ဆိုင်သည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းမခံရဘဲ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမခံရဘဲ၊ လူများသည် သေခြင်းတရား၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ မစွမ်းနိုင်ပါ၊ သူတို့သည် အသက်ရှင်သူများ ဖြစ်မလာနိုင်ပါ။ ဤလူသေများက ဘုရားသခင်ကို သက်သေမခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ အသုံးပြုခြင်းလည်း မခံနိုင်ပါ၊ နိုင်ငံတော်ကို ဝင်ရောက်ဖို့ဆိုလျှင် ဝေလာဝေးဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်သူများ၏ သက်သေခံခြင်းကို အလိုရှိပြီး၊ လူသေတို့၏ သက်သေခံခြင်းကို အလိုမရှိ၊ လူသေတို့ မဟုတ်ဘဲ အသက်ရှင်သူများကသာ သူ့အတွက်အလုပ်လုပ်ရန် သူတောင်းဆိုသည်။ “လူသေတို့” သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောသူများဖြစ်ကြသည်၊ သူတို့သည် ဝိညာဉ်၌ ထုံထိုင်းနေသောသူများဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပါ၊ သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများဖြစ်ကြပြီး ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှပင် မရှိသောသူများ ဖြစ်ကြသည်၊ ထို့ပြင် သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သောသူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရသည်။ သမ္မာတရားကို ဆန့်ကျင်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဘုရားသခင်ကို ပုန်ကန်ခြင်းအားဖြင့်သော်လည်းကောင်း၊ နိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ ရန်ငြိုးထားခြင်း၊ အသိဉာဏ်မဲ့ရိုင်းစိုင်းခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းနှင့် ချောင်းမြောင်းကြံစည်ခြင်းအားဖြင့်သော်လည်းကောင်း လူသေတို့သည် သူတို့ကိုယ်သူတို့ ပြသကြသည်။ ထိုကဲ့သို့သောလူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ကြသော်လည်း၊ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ အသက်ရှင်မနေထိုင်နိုင်ကြပါ။ သူတို့သည် အသက်ရှင်ကြသည်၊ သို့သော် သူတို့သည် လမ်းလျှောက်နေကြသော လူသေများဖြစ်ပြီး၊ အသက်ရှူနေသော အလောင်းကောင်များဖြစ်ကြသည်။ လူသေတို့သည် ဘုရားသခင်ကို ကျေနပ်စေခြင်းငှာ လုံးဝမစွမ်းနိုင်ကြ၊ သူ့ကို လုံးလုံးလျားလျား နာခံရန်မှာမူ ဝေလာဝေးပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို လှည့်ဖြားခြင်းငှာ၊ ကျိန်ဆိုပြစ်မှားခြင်းငှာ၊ သစ္စာဖောက်ခြင်းငှာသာ တတ်နိုင်ကြပြီး၊ သူတို့အသက်ရှင်သမျှ အရာခပ်သိမ်းသည် စာတန်၏သဘာဝကို ထုတ်ဖော်ကြသည်။ အကယ်၍ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်၊ ဘုရားသခင်ကို သက်သေခံရန်နှင့် ဘုရားသခင်၏ သဘောကျခြင်းခံရရန် ဆန္ဒရှိကြသည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရမည်၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ဝမ်းမြောက်စွာ ကျိုးနွံနာခံရမည်ဖြစ်သည်သာမက ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ဝမ်းမြောက်စွာ လက်ခံရမည်။ ထိုမှသာ သူတို့သည် ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်၊ ထိုမှသာ သူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံကြရပြီး၊ သူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရကာ၊ သူတို့သည် သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် ဆက်ကပ်ရန်ဆန္ဒရှိကြပြီး အသက်ပေးဖို့ရန်ပင် လိုချင်ကြသည်၊ ထို့ပြင် သူတို့သည် ဘုရားသခင်အတွက် သူတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်စွာ နှစ်မြှုပ်ထားကြလိမ့်မည်။ အသက်ရှင်သူများက ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်အရှက်ရနိုင်မည်၊ အသက်ရှင်သူများကသာ ဧဝံဂေလိတရားအလုပ်ကို ပျံ့နှံ့စေနိုင်မည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပြီး၊ အသက်ရှင်သူများသာလျှင် စစ်မှန်သောလူများ ဖြစ်ကြသည်။ မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထိုသို့ပင် ဤလူတို့သည် ဝိညာဉ်ကင်းမဲ့သောလူသေများ ဖြစ်လာကြပြီး၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောရန်သူများ ဖြစ်လာကြသည်၊ သူတို့သည် စာတန်၏တန်ဆာပလာများ ဖြစ်လာကြပြီး၊ သူတို့သည် စာတန်၏အကျဉ်းသားများ ဖြစ်လာကြသည်။ ဘုရားသခင်ဖန်ဆင်းခဲ့သော သက်ရှိလူသားများအားလုံးမှာ အသေဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးခဲ့ရသည်၊ ပြီးလျှင် ဘုရားသခင်သည် သူဖန်ဆင်းခဲ့သည့်၊ သူ၏ဇီဝအသက်ကို တစ်ဦးတည်း ပိုင်ဆိုင်သည့် လူသားတစ်ရပ်လုံးကို ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူ၏လက်တော်ဖြင့် ဖန်ဆင်းခဲ့သော်လည်း စာတန်၏ ဖမ်းဆီးချုပ်နှောင်ထားသောသူတို့ကို ပြန်ရုပ်သိမ်းမည်ဆိုလျှင်၊ သူတို့သည် အသက်ရှင်သောသတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် သူတို့ကို ပြန်လည်အသက်သွင်းရမည်၊ ထို့နောက် သူတို့သည် သူ၏အလင်းထဲ၌ အသက်ရှင်ရန်အလို့ငှာ သူတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသောသူများဖြစ်ပြီး၊ အလွန်အမင်း ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှပင် မရှိကြချေ၊ သူတို့သည် သူ့ကို ပုန်ကန်၍ ဆန့်ကျင်ခြင်းသာပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှပင် မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို နာခံရန် သိနားလည်သူများနှင့်၊ ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်ကြသည်။ သူတို့၌ သမ္မာတရားနှင့် သက်သေခံချက်တို့ လက်ဝယ်ရှိကြပြီး၊ ဤလူများသာလျှင် ဘုရားသခင်ကို သူ၏အိမ်တော်ထဲ၌ ကျေနပ်စေကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သက်ဝင်လှုပ်ရှားလာပြီလော” မှ

ဘုရားသခင်သည် မည်သည့်အရာကို ပြုသည်ဖြစ်စေ သို့မဟုတ် မည်သည့်နည်းလမ်းဖြင့် သူပြုသည်ဖြစ်စေ၊ အဖိုးအခ မည်မျှဖြစ်စေ သို့မဟုတ် သူ၏ မည်သည့်ရည်မှန်းချက် ဖြစ်ပါစေ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားအတွက် ဘုရားသခင်၏အလိုတို့ကို လူသားထဲ၌ ပုံသွင်းပေးရန် ဖြစ်သည်။ တစ်နည်းဆိုသော် ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ ပုံသွင်းပေးကာ၊ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေပြီး ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေ၍ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သူ့အားနာခံစေသဖြင့် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ခြင်းကို ရရှိစေသည်၊ ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှထဲမှ သူ့ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အလုပ်ထဲ၌ အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့် လူသားသည် စာတန်ထံ မကြာခဏပေးခြင်းကို ခံရခြင်း ဖြစ်သည်၊ ဤသည်မှာ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများနှင့် တိုက်ခိုက်မှုများအကြားတွင် စာတန်၏ ကောက်ကျစ်စဉ်းလဲမှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို လူတို့မြင်စေရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိနိုင်စေရန်နှင့် အသိအမှတ်ပြုနိုင်စေရန် ဖြစ်သည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုနှင့် နာခံမှုတို့နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့၏ အကျိုးကျေးဇူးကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စာတန်၏ စွဲစွပ်မှုများကို အောင်မြင်သည်အထိ ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စာတန်၏ စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကို တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာလျှင် ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်ဆယ်ခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်ပြီး၊ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲမှအစာ မဟုတ်တော့၊ စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား လက်လွှတ်ခဲ့ရပြီဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့ လူများမှာ ဖြောင့်မတ်တည်ကြည်ခြင်း၊ ၎င်းတို့၌ ယုံကြည်ခြင်း၊ နာခံခြင်းရှိ၍ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်ဖြစ်စေပြီး အပြတ်အသတ် အနိုင်ယူကြသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်အပြင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ရယူခြင်းကို အစစ်အမှန်ခံခဲ့ရပြီဖြစ်ပြီး ၎င်းသည် လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံလိုပြီး ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ ခံလိုပါက ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ အကြီးနှင့် အငယ်နှစ်မျိုးလုံး ဖြစ်သော စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ကြရမည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်လာသောသူများနှင့် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သည့်အပြင် ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ပစ်ပယ်ခြင်း မရှိကြပေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာတတ်ကြသည်၊ ချစ်ခြင်းနှင့် အမုန်းကို ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့ထံ၌ တရားသော အသိတစ်ခုရှိပြီး ဆင်ခြင်ဆုံးဖြတ်နိုင်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်၏ အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ယင်းကဲ့သို့ လူများသည် စာတန်၏ ချုပ်နှောင်ခံရခြင်း၊ စောင့်ကြည့်ခံရခြင်း၊ စွပ်စွဲခံရခြင်း သို့မဟုတ် နှိပ်စက်ညှည်းပန်းခြင်းကို မခံရပေ၊ ၎င်းတို့သည် အကြွင်းမဲ့ လွတ်မြောက်ခြင်း ရှိကြသည်၊ ၎င်းတို့သည် အကြွင်းမဲ့ အချုပ်အနှောင်ကင်းပြီး လွှတ်ခြင်းကို ခံရသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

သက်ဆိုင်သည့် အကြောင်းအရာ

သင်နှစ်သက်နိုင်သည့် အရာများ