အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိပ္ပံသည် လူသားမျိုးနွယ်အတွက် ကောင်းကြီး သို့မဟုတ် ကျိန်စာတစ်ခု ဖြစ်နေပါသလား

21

သိပ္ပံသည် လူသားမျိုးနွယ်အတွက် ကောင်းကြီး သို့မဟုတ် ကျိန်စာတစ်ခု ဖြစ်နေပါသလား

စန်းယောင်လီ (လူမှုသိပ္ပံကျောင်း၏ ပါမောက္ခတစ်ယောက်)- အခုတောင် ခင်ဗျားပြောသွားတာ ကောင်းပါတယ်။ နည်းလမ်းကျ တယ်လို့ ထင်ရတာပဲ။ ဒါပေမဲ့ သိပ္ပံနည်းမကျသလို သိပ္ပံပညာနဲ့လည်း သက်သေမထူရသေးဘူး။ အဲဒါကြောင့် ဘုရားသခင်တကယ်ရှိမရှိဆိုတာ ကံသေကံမပြောလို့ရတဲ့ ကိစ္စမဟုတ်သေးဘူး။ ဘုရားသခင်ကိုယုံကြည်တယ်ဆိုတဲ့နေရာမှာ ခင်ဗျားတို့ အားလုံး ကိုယ်ပိုင်အတွေးအမြင်နဲ့ ယုံကြည်ချက်တွေ ရှိကြမှာပဲ။ အဲဒီအတွေးအမြင်တွေနဲ့ ယူဆချက်တွေက ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကအမြင်တွေဖြစ်လို့ ခပ်ရှင်းရှင်း ပြောရရင် ထင်ယောင်မှားမှုတွေသက်သက်ပဲ။ ကျွန်တော်တို့ကွန်မြူနစ်တွေအတွက်ကတော့ သိပ္ပံ နည်းကျတဲ့ ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကိုပဲ အမှန်တရားလို့ ယုံကြည်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မူလတန်းကနေ တက္ကသိုလ်အထိ သင့်လျော်တဲ့ ပညာရေးကို သင်ပေးတယ်။ ဘာဖြစ်လို့လဲသိလား။ ကလေးတွေကို ငယ်ငယ်လေးကတည်းကစပြီး ဘာသာမဲ့ဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို သင်ပေးခြင်းအားဖြင့် ဘာသာရေးနဲ့ အယူသည်းမှုတွေကို ရှောင်နိုင်အောင် လို့ပဲ။ အမေးရှိသမျှကို နည်းလမ်းတကျနဲ့ ဖြေရှင်းပြနိုင်အောင်လို့ပဲ။ ဥပမာပြောရမယ်ဆိုရင် ဇီဝအသက်ဘယ်ကစလဲဆိုတဲ့ မေးခွန်းမျိုးပေါ့။ ကျွန်တော်တို့တွေ အတိတ်တုန်းက ဘာမှမသိခဲ့တော့ ကောင်းကင်နဲ့မြေကြီး ကွဲပြားသွားတာတို့၊ နုဝါက လူတွေကိုဖန်ဆင်းတာတို့လို ပုံပြင်တွေကို ယုံကြည်ခဲ့ကြတယ်။ အနောက်တိုင်းသားတွေကတော့ လူသားအားလုံးကို ဘုရားသခင်ကဖန်ဆင်းတယ်လို့ ယုံကြတယ်။ တကယ်တမ်းကျတော့ အဲဒါတွေအကုန်လုံးက ပုံပြင်နဲ့ဒဏ္ဍာရီတွေချည်းပဲ သိပ္ပံနည်းလမ်းလည်း မကျဘူး။ မျောက်ဝံတွေကနေ လူတွေအဖြစ် ဆင့်ကဲပြောင်းလဲလာတယ်ဆိုတဲ့ လူသားမျိုးနွယ်ရဲ့အစကို ရှင်းပြတဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ စပေါ်လာတဲ့အချိန်ကစပြီး လူတွေကို ဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့ ယုံတမ်းစကားဟာ လုံးလုံးလျားလျားကို ချေဖျက်ခံလိုက်ရတာပဲ။ အရာရာတိုင်းဟာ သဘာဝအရ ဆင့်ကဲပြောင်းလဲလာတာပဲ။ ဒါအမှန်တရား။ ဒါကြောင့်မို့ သိပ္ပံနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ရမယ်။ ခင်ဗျားတို့ အားလုံးက ပညာတတ်တွေ အသိဉာဏ်ကြွယ်တဲ့ သူတွေချည်းပါပဲ။ ဘယ်လိုအကြောင်းကြောင့်များ ဘုရားသခင်ကိုယုံရတာလဲ။ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်တို့ကို ခင်ဗျားတို့ရဲ့အမြင်တွေ မျှဝေပေးလို့ရမလား။

ဟီဟိုချန်း (အယူဝါဒရိုက်သွင်းသည့် စင်တာ၏ ဒါရိုက်တာ)- ပါမောက္ခစွန်းက စာသင်ကောင်းတယ်။ သိပ္ပံနဲ့ ဆင့်ကဲဖြစ်စဉ်ကိုယုံကြည်ဖို့ ခိုင်မာတဲ့ အကြောင်းပြချက် တွေကို ရှင်းရှင်းလင်းလင်း ပြောပြသွားတာပဲ။ အားလုံးပဲ ကိုယ့်စိတ်ထဲကအမြင်ကို ထုတ်ပြောပေးကြပါ။ ပြောစရာရှိတာ လွတ်လွတ် လပ်လပ်ပြောပါ။ ချုပ်တည်းမထားပါနဲ့ ဟားဟားဟား။

ကျန်းမင်တောင် (ခရစ်ယာန်တစ်ယောက်)-ဒါဆို ကျွန်တော်ဆက်ပြောပါရစေ။ ကွန်မြူနစ်ပါတီဝင်တွေက ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ပြီး မာ့က်စ်နဲ့ ဒါဝင်အပေါ် တလေးတစားရှိကြတယ်။ ဒါဆို ကမ္ဘာပေါ်မှာ ရုပ်ဝတ္ထုဝါဒနဲ့ ဆင့်ကဲဖြစ်စဉ်ကိုယုံကြည်တဲ့သူက ဘာဖြစ်လို့ တစ်နေ့တခြား နည်းလာတာလဲ။ လူတွေထဲမှာ ဘုရားသခင်ကိုယုံကြည်တဲ့သူတွေက အများစုပဲ။ ယုံကြည်သူအစစ်အမှန်တွေ အားလုံးထဲမှာဆိုရင်လည်း ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်တဲ့သူ တစ်ယောက်မှမရှိဘူး။ မယုံကြည်သူတွေထဲမှာတောင် ဆင့်ကဲဖြစ်စဉ်ကို လက်ခံတဲ့သူ သိပ်မရှိလှဘူး။ ဒီနေ့ခေတ်လူတွေကရော ဒါဝင်ကိုယုံကြည်ကြလား။ ဆင့်ကဲဖြစ်စဉ်ကို အမှန်လို့လက်ခံကြလား။ ခင်ဗျားထင်သလောက်တော့ မများဘူးထင်တယ်။ ပါမောက္ခစွန်းကို မေးပါရစေ ဆင့်ကဲဖြစ်စဉ်ကို လက်ခံတဲ့လူတိုင်းကရော မျောက်ဝံတွေဟာ သူတို့ရဲ့ဘိုးဘေးတွေပါလို့ လက်ခံကြလား။ ဘိုးဘေးတွေကို ပူဇော်တဲ့အခမ်းအနားမှာဆိုရင်၊ မျောက်ဝံတွေကို ဂါရဝပြုကြလား။ မျောက်ဝံတွေကို ဂါရဝမပြုဘဲနဲ့ ဆင့်ကဲဖြစ်စဉ်က အမှန်တရားပါလို့ ထိုင်အော်နေရင်တော့ သူတို့က အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်နေကြတာပဲ။ ပါမောက္ခစွန်း ခင်ဗျားက သိပ္ပံပညာကို ကိုးကွယ်တယ်၊ အရာရာကို သိပ္ပံပေတံနဲ့ တိုင်းတယ်၊ သိပ္ပံပညာအားကိုးနဲ့ ကိစ္စအားလုံးကို အဖြေထုတ်ဖို့ကြိုးစားတယ်။ တစ်ခုလောက်မေးပါရစေ၊ သိပ္ပံပညာကရော အမှန်တရားလား။ သိပ္ပံပညာဆိုတာရော ဘယ်လို ပေါ်ထွန်းလာတာလဲ။ ပုံနှိပ်ထုတ်ဝေပြီးသားပေမဲ့ နောက်ပိုင်းမှာ တခြားသိပ္ပံပညာရှင်တွေက မှားပါတယ်လို့ ထောက်ပြဝေဖန်ခံရတဲ့ သိပ္ပံသီအိုရီတွေ ကရော ဘာလို့အများကြီးရှိနေရတာလဲ။ သိပ္ပံပညာက အမှန်တရားပါလို့ လိပ်ပြာလုံလုံနဲ့ပြောရဲလား။ မေးပါရစေ၊ သိပ္ပံပညာက ကျွန်တော်တို့ကို ပျက်စီးခြင်းကနေ ကယ်တင်နိုင်လား။ သိပ္ပံပညာက လူသားတွေကို စာတန်ရဲ့ရန်စွယ်ကနေ ကွယ်ကာပေးနိုင်လား။ သိပ္ပံပညာက လူသားတွေကို အပြစ်လမ်းကြောင်းကနေ သွေဖယ်ပြီး၊ တန်ဖိုးရှိတဲ့ဘဝကိုနေထိုင်နိုင်ဖို့ ကူညီနိုင်လား။ သိပ္ပံပညာက ကမ္ဘာလောကကြီးအေးချမ်းဖို့အတွက် အထောက်အကူပေးနိုင်လား။ သိပ္ပံပညာက ကျွန်တော်တို့ကို ပျော်ရွှင်မှုပေးနိုင်လား။ ကြီးမြတ်ခမ်းနားတဲ့ ခရီးဆုံးပန်းတိုင် ပေးနိုင်လား။ သိပ္ပံပညာက ကျွန်တော်တို့ကို ဘေးကင်းလုံခြုံမှုနဲ့ ပျော်ရွှင်မှုပေးနိုင်လား။ သိပ္ပံပညာက လူသားမျိုးနွယ် ဘာတွေဆက်တိုးတက်ဦးမလဲ။ ဘယ်မှာခရီးလမ်းဆုံးမလဲဆိုတာကို ကြိုတင်ဟောကိန်းထုတ်နိုင်လား။ သိပ္ပံပညာက အဲဒါတွေ ဘာတစ်ခုမှလုပ်မပေးနိုင်ဘဲနဲ့ အမှန်တရားပါလို့ ဘာလို့ပြောထွက်ရတာလဲ။ အမှန်တရားဆိုတာကရော ဘာလဲ ခင်ဗျား သေချာပေါက်ပြောနိုင်လို့လား။

ဟန်ဒေါင်မိန် (ခရစ်ယာန်တစ်ယောက်)-ပါမောက္ခက သိပ္ပံပညာကို အရမ်းအထင်ကြီးလေးစားတာဆိုတော့၊ ကျေးဇူးပြုပြီး သိပ္ပံပညာကဘာလဲ ဆိုတာကို ကျွန်တော်တို့ကို ရှင်းပြပါလား။ သိပ္ပံပညာဆိုတာ ဗဟုသုတနယ်ပယ်မှာပဲ အသုံးဝင်တဲ့ သီအိုရီတချို့ပါပဲ။ ဘုရားသခင်ဖန်ဆင်းထားတဲ့ ကမ္ဘာလောကကြီးထဲမှာ ပျက်စီးနေတဲ့လူတွေက ဖန်တီးထားတဲ့ပညာရပ်ပေါ့။လူတွေချည်းသက်သက်က ဖန်တီးထားတဲ့ ပညာရပ်ပဲ။ ပျက်စီးနေတဲ့ လူသားတွေဆီမှာ အမှန်တရားဆိုတာ မရှိဘူး။ သိပ္ပံပညာဆိုတာ လူသားတွေဆီကလာတာ။ သိပ္ပံကြောင့်သိတဲ့ ဗဟုသုတဆိုတာ အမှန်တရားပါလို့ ဘယ်လို ရှင်းပြမလဲ။ အမှန်တရားဆိုတာ ဘုရားသခင် ဆီကသာ ရနိုင်တယ်။ ဘုရားသခင်ကသာ ဖန်ဆင်းရှင်ပဲ။ ဖန်ဆင်းရှင် ဖော်ပြတဲ့ နှုတ်ကပတ်တော် ကသာ သမ္မာတရားပဲ။ ဘုရားသခင် ပေါ်ထွန်းလာပြီး အမှုတော်တွေ ပြုတဲ့အချိန်၊ နှုတ်ကပတ်တော်တွေ ဖော်ပြတဲ့အချိန်ကစပြီး၊ လူသားတွေဟာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ကြုံတွေ့ခံစားကြရတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကသာ အမှန်တရား ဖြစ်တယ် ဆိုတာကို သဘောပေါက်လက်ခံ လာကြတယ်။ ဒါ မပြောင်းလဲနိုင်တဲ့ အမှန်တရားပဲ။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က အမှုအရာ အများအပြားကို ကြေညာခဲ့ပြီး၊ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို လိုက်နာကျင့်သုံးတဲ့လူတွေဟာ ဘုရားရဲ့ ကွယ်ကာစောင်မခြင်းနဲ့ ကောင်းချီး မင်္ဂလာတို့ကို ခံစားကြရတယ်။ ပညတ်တော်တွေကို ချိုးဖောက်တဲ့ သူတွေကတော့ အပြစ်သားတွေလို့ သတ်မှတ်ခံရပြီး ကျိန်ဆဲခံကြရတယ်။ ကျေးဇူးတော်ခေတ်မှာတော့ လူသားတွေရဲ့ အပြစ်အတွက် သခင်ယေရှုက ကားစင်တင်ခံရပြီး၊ လူသားမျိုးနွယ်ကို ကယ်နုတ်သွားခဲ့တယ်။ ယေရှုကို ယုံကြည်ရင် အပြစ်လွှတ်ခြင်းခံရပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာကို ခံစားကြရတယ်။ နိုင်ငံတော်ခေတ် ရောက်လာတာနဲ့အတူ အနန္တတန်ခိုးရှင်ဘုရားသခင်က ပေါ်ထွန်းလာပြီး အမှုပြုခဲ့တယ်။ သမ္မာတရားကို ဖော်ပြပြီး လူတွေကို တရားစီရင်သန့်စင်တယ်။ စာတန်ရဲ့ရန်စွယ်ကနေ လူတွေကို သေချာကယ်မပြီး၊ လူတွေကို ဘုရားကို ကိုးစားလာစေတယ်။ ဘုရားရဲ့ ကောင်းချီးကို ခံစားရစေတယ်။ အံ့သြဝမ်းမြောက်ဖွယ်ရာ နောက်ဆုံးပန်းတိုင်ကို ပေးအပ်တော်မူတယ်။ ဘုရားသခင်ပြုတဲ့အမှုတော်တွေဟာ ဘုရားရဲ့ နှုတ်ကပတ်တော်မှန်ကြောင်း လုံလောက်တဲ့ သက်သေပဲ။ လူသားတွေအတွက် အလင်းရောင် ကောင်းချီးမင်္ဂလာနဲ့ ကယ်တင်ခြင်းကို ယူလာ ပေးကြောင်း သက်သေပဲ။ နှစ်ထောင်ပေါင်း များစွာ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကိုလမ်းပြဖို့ ဒီနေ့ကျွန်မတို့ ရှိနေတဲ့အခြေအနေတိုင်း ရှိလာနိုင်ဖို့ နှုတ်ကပတ်တော်နဲ့ လမ်းပြပေးခဲ့တယ်။ ဘုရားသခင်ဟာ အရာအားလုံးကို နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်နိုင်တယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်အားလုံးဟာ အမှန်တရားဖြစ်လာတာပဲ။ ဒါ လူတိုင်းမြင်နိုင်တဲ့ အမှန်တရားပဲ သခင်ယေရှု ပြောခဲ့ဖူးတယ်။ “ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။” (ရှင်မဿဲခရစ်ဝင် ၅:၁၈) “ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၃၅) နောက်ဆုံးသောကာလ ရောက်ပြီ၊ သခင်ယေရှုရဲ့ ဗျာဒိတ်တွေ တကယ်ဖြစ်လာတာကိုလည်း ခရစ်ယာန်တွေ အများကြီး မြင်ခဲ့ပြီးပြီ။ ဒါကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သာ သမ္မာတရား ဖြစ်ပြီး၊ အပြုသဘောဆောင်တဲ့အရာတွေ ဖြစ်တယ် ဆိုတာ သိနိုင်တယ်။ ဒါ ဘယ်သူမှမငြင်းဆန်နိုင်တဲ့ အချက်အလက်တွေပဲ လူသားမျိုးနွယ်ကို ဘုရားသခင် ကသာ ကယ်တင်နိုင်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သာ အမှန်တရားဖြစ်တယ်။ လူသားတွေရဲ့ သက်စမ်းရေဖြစ်တယ်။ သိပ္ပံပညာဟာ အမှန်တရားမဟုတ်ဘူး။

ဟီဟိုချန်း– ကျောင်းသားတို့ ကျွန်တော့်အတွက်ကတော့ အမှန်တရားဆိုတာ ဘာလဲမသိဘူး။ သိပ္ပံပညာကိုလည်း နားမလည်ဘူး။ ဒါပေမဲ့ ကျွန်တော်သိတာက သိပ္ပံပညာသာ မရှိခဲ့ရင်၊ ကျွန်တော်တို့အခုချိန်မှာ နေနေရသလို သက်တောင့်သက်သာ ဘဝမျိုးနဲ့ နေနိုင်မှာမဟုတ်ဘူး။ ဒီနေ့ခေတ်မှာ လူတွေကျေကျေနပ်နပ်သုံးနေကြတဲ့ သိပ္ပံတီထွင်မှုတွေဆိုတာကရော သိပ္ပံပညာကြောင့် ဖြစ်ထွန်းလာတာပဲမဟုတ်ဘူးလား။ ဒီနေ့ခေတ်မှာ လူတွေကြုံနေရတဲ့ရောဂါဘယတွေအားလုံးကို သိပ္ပံပညာနဲ့ပဲ အရှင်းပျောက်အောင် ကုသနိုင်တယ်။ လူသားတွေရဲ့ ပြဿနာတွေအားလုံးကို သိပ္ပံပညာနဲ့ပဲ ဖြေရှင်းနေကြတယ်။ ဒါကိုရော အမှန်တရားလို့ သတ်မှတ်လို့မရဘူးလား။ ခင်ဗျားတို့က ဘုရားသခင် ကိုယုံကြည်လို့ ဘုရားရဲ့ နှုတ်ကပတ်တော်က အမှန်တရားပါလို့ပြောတယ်။ ကျွန်တော် မယုံဘူး။ ကျွန်တော်သိတာက သိပ္ပံပညာသာမရှိခဲ့ရင်၊ လူသားမျိုးနွယ်လည်း တိုးတက်လာမှာမဟုတ်ဘူး။ အလင်းရောင်မရှိဘဲ အမှောင်ထုထဲမှာပဲ နေနေကြရလိမ့်မယ်။ ခင်ဗျားတို့ရဲ့ယုံကြည်ချက်အရဆို ဘုရားသခင်က ခင်ဗျားတို့ရဲ့ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တယ်မဟုတ်လား။ ခင်ဗျားတို့ဘဝတွေ ပျော်ရွှင်ဖို့ကိုရော သူက လုပ်ပေးနိုင်လား။ ကျွန်တော်တို့အားလုံး သိပ္ပံပညာကို ပုန်ကန်ပြီး ဘုရားသခင်ကိုသာ ယုံကြည်ကြမယ်ဆိုရင်ရော၊ လူသားမျိုးနွယ်က ရှေ့ဆက်တိုးတက်နိုင်ဦးမှာလား။ ကျွန်တော့်အမြင်မှာတော့ ခင်ဗျားတို့ယုံကြည်သူတွေက အရှိတရားဆိုတာကို နားမလည်ကြဘူး။ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကနေ ခင်ဗျားတို့ရဲ့ဘုရားသခင်က ခင်ဗျားတို့ကို ကယ်တင်နိုင်လား။ ကွန်မြူနစ်ပါတီကိုရော ဘုရားသခင်က ဖျက်ဆီးနိုင်လား။ ဒီအချက်လေးတွေက ရှင်းရှင်းလေးတွေပဲ။ ဒါကိုရော ခင်ဗျားတို့ ပြန်ရှင်းပြနိုင်လား။

ဖန်လောင် (အယူဝါဒရိုက်သွင်းသည့် ဌာနချုပ်၏ လက်ထောက်ဒါရိုက်တာ)- ဒါရိုက်တာဟီပြောတာ မှန်တယ်။ သိပ္ပံပညာသာ မတိုးတက်ခဲ့ဘူးဆိုရင်၊ လူသားတွေဟာ ဗဟုသုတမရှိ အရိုင်းဆန် တုံးအပြီး ဆုတ်ယုတ်သွားကြမှာပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာတုန်းက သဘာဝအရင်းအမြစ်တွေကို ဘယ်လိုအသုံးချရမလဲ ကျွန်တော်တို့မသိခဲ့ကြဘူး။ အခု သိပ္ပံပညာတိုးတက်လာတော့ ကျွန်တော်တို့တွေဟာ ကျောက်မီးသွေး ဓာတ်ဆီ သဘာဝဓာတ်ငွေ့ နျူကလီးယားစွမ်းအင်တွေကို သုံးစွဲလာနိုင်ကြပြီ။ ဒီလိုသုံးစွဲလာနိုင်ခြင်းက လူသားမျိုးနွယ်နဲ့ စီးပွားရေးကို အများကြီးတိုးတက်စေပြီး ဘဝမှာ ပိုပြီးကောင်းကောင်းမွန်မွန်နေလာနိုင်ကြတယ်။ နားထောင်၊ ကျွန်တော်တို့လူဦးရေက နေ့တိုင်းပိုပိုတိုးလာပြီး၊ အစားအသောက်တွေက တဖြည်းဖြည်းရှားလာတယ်။ နည်းပညာတွေ ပိုးသတ်ဆေးတွေနဲ့ ဓာတုဆေးတွေကြောင့် သီးနှံထွက်နှုန်းဟာ အများကြီးတိုးလာပြီ။ ကျွန်တော်တို့ နိုင်ငံသားတွေကို အစာဝဝလင်လင် စားနိုင်အောင် အဝတ်ပြည့်ပြည့်စုံစုံဝတ်နိုင်အောင် ကူညီနိုင်တယ်။ ဒီပြဿနာတွေကိုရော ဘုရားသခင်ကို ယုံကြည်ခြင်းသက်သက်နဲ့ ရှင်းပေးနိုင်လား။ ဒါ သိပ္ပံပညာရဲ့ ရလဒ်တွေပဲ မဟုတ်ဘူးလား။ ဒါကြောင့်မို့ သိပ္ပံပညာကို ယုံကြည်သင့်တယ်။ သိပ္ပံပညာကသာ ဒီလောကကို ပြောင်းလဲပစ်ဖို့ အကူအညီအမှန် တကယ်ပေးနိုင်တာ၊ ကမ္ဘာကြီးကိုထိန်းချုပ်ဖို့တောင် ကူညီနိုင်မှာပဲ။ သိပ္ပံပညာကိုအားကိုးပြီး ကျွန်တော်တို့ အတွက် ပျော်ရွှင်စရာဘဝတွေ ကြီးကျယ်ခမ်းနားတဲ့ အမိမြေကို တည်ဆောက်နိုင်တယ်။ ဘုရားသခင် မလိုဘူး သိပ္ပံပညာပဲလိုတယ်။ အလုပ်လုပ်ဖို့အတွက် သိပ္ပံပညာကို လိုအပ်တယ်။ အခု ကျွန်တော် ပြောသွားတာတွေ မှားလား။

ခူရှီကွမ် (ခရစ်ယာန်တစ်ယောက်)-ဒါရိုက်တာပန် ခင်ဗျားက သိပ္ပံပညာကိုယုံတယ်။ ကျွန်တော်တို့တွေ တိုးတက်လာအောင်၊ ပျော်ရွှင်လာအောင် သိပ္ပံပညာက ကူညီပေးနိုင်တယ်လို့ ယူဆတယ်။ ဒါ အမှန်တရားလား။ သိပ္ပံပညာကတော့ တိုးတက်နေ တာပဲ။ ဒါပေမဲ့ တကယ်တမ်းကျ ဘာများ ဖြစ်မြောက်လို့လဲ။ အပြင်ပန်းကနေကြည့်ရင်တော့၊ သိပ္ပံပညာကြောင့် ကောင်းကျိုးတွေရတယ်လို့ ထင်ရတယ်။ လူနေမှုအဆင့်အတန်း မြင့်လာတယ်၊ လူ့အဖွဲ့အစည်းကလည်း အောင်မြင်လာတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းမှာကျတော့ သိပ္ပံပညာကြောင့် ကျွန်တော်တို့တွေမှာ ယုံကြည်မှု ပဋိပက္ခတွေ ရှိလာတယ်။ ဘုရားသခင်နဲ့ ဝေးကွာသွားပြီး၊ ဘုရားကို ငြင်းဆန်သစ္စာဖောက် တဲ့အခါမှာပေါ့။ လူတွေဟာ သိပ္ပံပညာကို ယုံကြည်နေကြတဲ့အတွက်၊ အတော်များများဟာ ဘုရားသခင်ကို ရှာမတွေ့တော့ဘူး။ အဲဒီအစား ဇာတိမွေ့လျော်မှုတွေကို ရှာဖွေလာကြတယ်။ ဒီလမ်းကြောင်းနောက်ကိုလိုက်ပြီး၊ လူသားတွေရဲ့ ကိုယ်ကျင့်တရားကလည်း ခေါင်းပါးလာတယ်။ ပိုပိုပြီး အကျင့်ပျက်ဆိုးသွမ်းလာကြတယ်။ လူသားတွေရဲ့ဝိညာဉ်ဟာ ပိုပိုပြီး အဓိပ္ပါယ်မဲ့ လာကြတယ်။ လူတွေက စိတ်လှုပ်ရှားမှု နောက်ကိုလိုက်ပြီး၊ တဏှာမှာ မွေ့လျော်ကြတယ်။ မူးယစ်ဆေးစွဲတာတွေ၊ ကိုယ့်ကိုကိုယ် သတ်သေနှုန်းတွေ မြင့်တက်လာတယ်။ ဒါအမှန်တွေ ချည်းပဲ။ သိပ္ပံပညာတိုးတက် လာတာနဲ့အမျှ ကျွန်တော်တို့က သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး၊ လေထုရယ်၊ ရေရယ်၊ မြေရယ်နဲ့ ကျွန်တော်တို့ရဲ့ အစားအသောက်တွေကိုပါ ညစ်ညမ်းစေတယ်။ ကျွန်တော်တို့အတွက် ထိခိုက်မှုများ လွန်းတယ်။ စစ်ဖြစ်နေတဲ့ နိုင်ငံတွေလည်း အများကြီးပဲ။ လက်နက်အသစ်တွေ တီထွင်ဖို့ပဲ ဦးနှောက်ကိုသုံးနေကြတာ။ သိပ္ပံပညာကြောင့် နျူကလီးယားလက်နက်တွေ လိုက်ဒုံးကျည်တွေ ပေါ်လာပြီး၊ ကျွန်တော်တို့အားလုံး အန္တရာယ်နဲ့ကြုံလာရတယ်။ တတိယကမ္ဘာစစ်သာ ဖြစ်ခဲ့မယ်ဆိုရင်၊ လူသားမျိုးနွယ်အတွက် ဒုက္ခအကြီးအကျယ် ရောက်မှာပဲ သိပ္ပံပညာ အတိုးတက်ဆုံးအချိန်ဟာ လူသားမျိုးနွယ်ရဲ့ နိဂုံးအချိန်ပဲလို့ ပြောလို့ရတယ်။ ဒါရိုက်တာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကို နားထောင်ကြည့်ပါ။ သိပ္ပံပညာက လူသားတွေဆီ ဆောင်ကြဉ်းပေးလာတာ ကောင်းချီးမင်္ဂလာလား၊ ဒုက္ခလားဆိုတာ နားလည်ကောင်း နားလည်လာ ပါလိမ့်မယ်။

အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောတယ် “လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့် အသိပညာသည် လူသားတို့ကို အုပ်စိုးရန် နည်းလမ်းများ ဖြစ်လာခဲ့ပြီး လူတို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လိုခြင်း မရှိတော့ဘဲ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်အတွက် အခြေအနေများလည်း မပေးတော့ပေ။ ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင် တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။ ဘုရားသခင်အတွက် နေရာမရှိသော လူတို့၏ စိတ်နှလုံးကမ္ဘာမှာ မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာ အချည်းနှီးပင် ဖြစ်လေသည်။… သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ သက်သောင့်သက်သာရှိခြင်း၊ ယင်းတို့မှာ ယာယီအနားရခြင်းသာ ဖြစ်ပါသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားတို့သည် မလွဲဧကန် အပြစ်ကျူးလွန်ကြလိမ့်မည် ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းတွားနေကြလိမ့်မည်။ ဤအရာများက လူသားတို့၏ တောင့်တမှုနှင့် စူးစမ်းစစ်ဆေးလိုသည့်ဆန္ဒကို မချုပ်ထိန်းနိုင်ပေ။ အကြောင်းမှာ လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသားများ၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍ပင် စိတ်သောကများစေနိုင်ပါသည်။ လူသားတို့သည် အမြဲ ကြောက်ရွံ့နေမည်ဖြစ်ပြီး လူသားတို့၏ နောင်လာမည့်အနာဂတ်ကို မည်သို့ ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ ရင်ဆိုင်ရမည်ကို သိလိမ့်မည်မဟုတ်ပါ။ လူသားတို့သည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာမည်ဖြစ်ပြီး မိမိအထဲ၌ လစ်ဟာနေခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာမည်ဖြစ်သည်။… နိုင်ငံတစ်ခု သို့မဟုတ် တိုင်းနိုင်ငံတစ်ခုမှ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို ခံယူရန် မတတ်နိုင်ပါက ထိုတိုင်းနိုင်ငံသည် အမှောင်လောကဆီသို့ ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကိုလည်း ခံရပေမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ထန်ရှီးမင် (ခရစ်ယာန်တစ်ယောက်)-အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောသေးတယ်၊ “၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် နက်နဲသောသုတေသနကို အဆက်မပြတ်ပြုလုပ်ကြကာ၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ တပ်မက်မှုများကို အဆုံးမရှိဖြည့်ဆည်းကြ၏။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်တို့သည် မည်သို့နည်း။ ဦးဆုံးအနေဖြင့် ဂေဟစနစ်ဆိုင်ရာ မည်သည့် ဟန်ချက်ညီမှုမျှ မရှိတော့ချေ။ ထို့ပြင် ဤအရာနှင့်တွဲလျက်အဖြစ် လူသားမျိုးနွယ်၏ ကိုယ်ခန္ဓာတို့သည် ဤသို့သော ပတ်ဝန်းကျင်ကြောင့် အားလုံးစွန်းထင်းကာ ထိခိုက်နေကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ဆိုးတို့သည်လည်း နေရာအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ယခုအချိန်တွင် ထိန်းချုပ်၍မရသော အခြေအနေတစ်ခုဖြစ်သည်၊ ယင်းသို့ မဟုတ်ပေသလော သင်တို့သည် ယခုအချိန်၌ ဤသည်ကို နားလည်လော့။ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်၀စေရန် အသိပညာကို အသုံးပြုရင်း၊ လူသားဘ၀၏ အနာဂတ်ကို မရပ်မနား စူးစမ်းရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းအတိုင်း အမြဲလိုက်မည်ဆိုလျှင်၊ လူသား၏ သဘာဝအတိုင်းဖြစ်လာမည့်အဆုံးသတ်သည် မည်သို့ဖြစ်မည်ဆိုသည်ကို သင် သိမြင်နိုင်မည်လော။… ပျက်စီးခြင်းပင် ဖြစ်လိမ့်မည်၊ တစ်ကြိမ်လျှင် တစ်လှမ်းနှုန်းဖြင့် ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်သည်။ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသမျှဟာ အဖြစ်မှန်နဲ့ သမ္မာတရားတွေပါ။ ဒီမှာဖော်ပြသွားတာတွေက လူသားမျိုးနွယ်ကြောင့် သိပ္ပံပညာထွန်းကားလာမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေပဲ မဟုတ်ဘူးလား ပျက်စီးနေတဲ့ လူသားမျိုးနွယ်က သိပ္ပံပညာကို ကိုးကွယ်နေတာ အန္တရာယ်ပဲ သိပ္ပံပညာထွန်းကားလာမှုကြောင့် ကျွန်မတို့အားလုံး ပျက်စီးခြင်းနဲ့ကြုံရတော့မယ်။

ကျန်းမင်တောင်– ပါမောက္ခ ဘုရားသခင်က ဖန်ဆင်းရှင်ပဲ။ လူသားကိုကယ်တင်နိုင်တာ ဘုရားသခင်ပဲရှိတယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရားကိုဖော်ပြပြီး၊ လူသားတွေကို စီရင်သန့်စင်မယ်။ ပျက်စီးနေတဲ့ လူသားမျိုးနွယ်ကို ကယ်နုတ်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောတယ်၊ “ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာမဟုတ်ဘဲ လူသား၏ခရီးဆုံးပန်းတိုင်ကို စီမံရန်အတွက်လည်းဖြစ်၏။ ထိုထက်မက ငါပြုခဲ့သည့်အရာတိုင်းအတွက် အားလုံးထံမှ အသိအမှတ်ပြုမှု ရရှိရန်အလို့ငှာဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် ငါ၏စိတ်နေသဘောထားကို ဖော်ထုတ်ပြသခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက်မဟုတ်၊ သဘာဝကြောင့်မူကား သာ၍ပင်မဟုတ်ပေ။ အမှန်မှာမူ ဖန်ဆင်းရာထဲရှိ သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါပင်ဖြစ်သည်။ ငါမတည်ရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့ရောက်ပြီး ဘေးဒုက္ခများ၏အန္တရာယ်ကို ကြုံတွေ့ရမည်သာဖြစ်သည်။ မည်သည့်လူသားမျှ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းသည့်ကမ္ဘာမြေကို နောက်ထပ်မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အေးစက်သည့်ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်းကိုသာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာဖြစ်သည်သာမက ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး တည်ရှိနေရေးအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း ငါမရှိလျှင် လူသားမျိုးနွယ်သည် ကပ်ဘေးဒဏ်ခံရပြီး မကောင်းဆိုးဝါးဝိညာဉ်အမျိုးမျိုးတို့၏ နင်းချေခြင်းခံရလိမ့်မည်။… ဤဘေးအန္တရာယ်သည် ငါ့ထံမှစတင်၍ ငါမှစီစဥ်ညွှန်ကြားခြင်းပင်ဖြစ်သည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ကြောင်း မပြသနိုင်လျှင် သင်တို့သည် ဘေးအန္တရာယ်ခံစားရခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့စီရင်ချက်ကို လက်ခံပြီး၊ ခရစ်တော်ဖော်ပြတဲ့ အမှန်တရားကို လက်ခံမှသာ လူသားဟာ အကျင့်ပျက်ခြင်းကနေ သန့်စင်ခံရပြီး၊ ဘုရားသခင်ကို ကိုးကွယ်နိုင်လိမ့်မယ်။ ဒီလိုနည်းလမ်းနဲ့မှသာ ဒုက္ခကပ်ဆိုးတွေကနေ ဘုရားသခင်ရဲ့ကွယ်ကာစောင့်ရှောက်မှုကြောင့် လွတ်မြောက်ပြီး၊ ဘုရားသခင်ရဲ့နိုင်ငံတော်ကို ရောက်ရှိနိုင်မယ်။

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

သက်ဆိုင်သည့် အကြောင်းအရာ