အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ- မိုက်မဲသော အပျိုကညာသည် အဘယ်ကြောင့် ဖော်ထုတ်ခံရပြီး ပယ်ရှင်းခံရပါသနည်း။

48

“ပညာရှိ သတို့သမီးများ” မှာ ဘုရားသခင်၏ အသံတော်ကို သိရှိပြီး “သတို့သား” ၏ အသံကို သိမှတ်နိုင်သောသူများဖြစ်ကာ ထို့ကြောင့် ခရစ်တော်ကို လက်ခံပြီး အပ်နှံနိုင်ကြသည်။ သို့အားဖြင့် သခင်၏ ပြန်လည်ကြွလာခြင်းကို ကြိုဆိုပြီး သိုးသငယ်၏ မင်္ဂလာစားပွဲတော်ကို တက်ရောက်ကြလေသည်။ “မိုက်မဲသော သတို့သမီးများ” သည် “သတို့သား” ၏ အသံကို မသိသလို ဘုရားသခင်၏ အသံတော်ကို မသိမှတ်နိုင်သောကြောင့် ခရစ်တော်ကို ငြင်းပယ်ကြပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စွန့်ပစ်ခံရကာ ပယ်ရှင်းခံကြရသည်အထိ မရေရာသော ဘုရားသခင်ကို ဆက်လက် တောင့်တနေကြလေသည်။ စစ်မှန်သော ယုံကြည်ခြင်း မရှိပါပဲ ခရစ်တော်ကိုလက်ခံရန် အလွန် ခက်ခဲလသည်ကို ဘုရားသခင်၌ ကျွန်ုပ်တို့ ယုံကြည်ခြင်းထဲတွင် တွေ့မြင်နိုင်သည်။ ခရစ်တော်ကို လက်ခံရန် ငြင်းဆန်သော သူတို့သည် “ချစ်သောသူ၏ မင်္ဂလာစားပွဲတော်” ကို လွဲချော်ရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံထဲရှိ အိမ်တော်ထဲသို့ သခင့်အားဖြင့် လက်ခံခြင်း မခံရနိုင်သလို လူသားအတွက် ဘုရားသခင် ပြင်ဆင်ထားသော နေရာသို့ မဝင်ရောက်နိုင်ပါ။ ထို့ကြောင့်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လူတို့ လက်ခံပြီး သူ၏ အမှုတော်ကို နာခံသည် မနာခံသည်မှာ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ရာတွင် လူတို့ အောင်မြင်သည် သို့မဟုတ် ကျရှုံးသည်ကို ဆုံးဖြတ်ရာတွင် အရေးပါလှသော အချက်တစ်ခု ဖြစ်သည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

“ပညာရှိအပျိုကညာများက သခင့်၏ အသံကို အရေးစိုက်ကြလိမ့်မည်၊ အဓိကအားဖြင့် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးကာ ရှာဖွေကြသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းအတွက် ၎င်းတို့ ဆာငတ်ကြသည်၊ ဤသည်မှာ သခင်၏ ကြွလာခြင်းကို ၎င်းင်းတို့ ရှာဖွေပြီး လေ့လာစုံစမ်းနိုင်ရသော အကြောင်းရင်းဖြစ်ပြီး သခင့်၏ အသံကို ၎င်းတို့ သိမြင်နိုင်ကြသည့်အကြောင်းရင်း ဖြစ်သည်။ မိုက်မဲသော အပျိုကညာများက သမ္မာတရားကို မချစ်ကြသည့်အတွက်၊ စည်းမျဉ်းစည်းကမ်းများကို ခေါင်းမစွာ ဖက်တွယ်ရန်သာ သိကြရင်း သခင်၏ ကြွလာခြင်းကို ၎င်းတို့ မရှာဖွေ သို့မဟုတ် မလေ့လာမဆန်းစစ်ကြပါ။ ၎င်းတို့ထဲမှ အချို့က မိုးတိမ်ပေါ် ကြွလာခြင်းမရှိသော မည်သည့်သခင်ကိုမဆို လက်ခံမည်မဟုတ် သို့မဟုတ် လေ့လာဆန်းစစ်မည်မဟုတ်ဟု အခိုင်အမာ ဆိုကြသည်။ အခြားသူများက ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ကြိုးကိုင်ခြယ်လှယ်မှုကို အပြည့်အဝ နာခံအပ်နှံကြသည်။ သင်းအုပ်ဆရာနှင့် အကြီးအကဲများက မည်သည့်အရာကို ပြောပါ့စေ၊ ၎င်းတို့ နားထောင်ပြီး လိုက်လျှောက်ကြလိမ့်မည်ဖြစ်သည်။ သခင့်ကို နာမည်အရ ယုံကြည်သော်လည်း လက်တွေ့အရှိတရားတွင် ဤသင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို ၎င်းတို့ လိုက်ပြီး နာခံကြသည်။ လမ်းမှန်ကို ၎င်းတို့ကိုယ်တိုင်အတွက် မစုံစမ်းမစစ်ဆေးကြသလို သခင့်၏ အသံကို ၎င်းတို့ မသိမြင်နိုင်ကြပါ။ အချို့မှာ ပို၍ပင် မိုက်မဲကြသည်။ နောက်ဆုံးသော ကာလတွင် ပေါ်ထွန်းသော ခရစ်တော်အတုယောင်များ ရှိသည့်အတွက်၊ စစ်မှန်သော ခရစ်တော်ကို ၎င်းတို့ မရှာဖွေ၊ မစုံစမ်းကြသလို သူ့ကို ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းတို့ကိုပင် ပြုလုပ် နိုင်ကြသည်။ ဤသည်မှာ မိမိကိုယ်ကို ဒုက္ခရောက်စေခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာလည်း မိုက်မဲသော အပျိုကညာတစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။”

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

သက်ဆိုင်သည့် အကြောင်းအရာ

သင်နှစ်သက်နိုင်သည့် အရာများ