အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

၂) လူတစ်ဦးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်ပါက ယင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှု ဖြစ်ပါသလော။

2

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများဖြင့်သာ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးဘဲ၊ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်း ကျရှုံးလေပြီ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသည်။ သို့သော်လည်း သူသည် အချိန်ကာလတစ်ခုအထိ တွေ့ကြုံခံစားပြီးသည့်တိုင်အောင်၊ ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည်များကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခုအတွက် ဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြုနိုင်ခြင်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

လူတစ်ယောက်သည် ဘုရားသခင်၏ ကျေးဇူးတော်၌သာ မွေ့လျော်လျှင် ထိုသူသည် ဘုရားသခင် ပြီးပြည့်စုံလင်စေသူ မဖြစ်နိုင်ပါ။ အချို့မှာ ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတွင် ကျေနပ်ကောင်း ကျေနပ်ကြမည်။ ဒုက္ခ သို့မဟုတ် ကံဆိုးခြင်းကင်းသော သောကမဲ့သည့်ဘဝ၊ မိသားစုခိုက်ရန်ဖြစ်ခြင်း သို့မဟုတ် စကားများခြင်းကင်းသော ငြိမ်သက်ခြင်း၌ အသက်ရှင်ရာတွင် ကျေနပ်ကောင်း ကျေနပ်ကြမည်။ ယင်းသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဟူ၍ပင် သူတို့မှာ ယုံကြည်ကောင်း ယုံကြည်ကြမည်။ သို့သော် အမှန်တွင်မူ ၎င်းမှာ ဘုရားသခင်၏ ကျေးဇူးတော် သက်သက်မျှသာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ ပျော်မွေ့နေခြင်းကို ကျေနပ်နေ၍ မရနိုင်ပါ။ ထိုသို့သော တွေးခေါ်ခြင်းသည် အလွန်ပင် အောက်တန်း ကျလွန်းသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရှုပြီး၊ နေ့စဉ်ဆုတောင်းလျက်၊ သင့်ဝိညာဉ်က တစ်စုံတစ်ရာသော ပျော်ရွှင်မှုနှင့် ငြိမ်သက်ခြင်းကို ခံစားရလျှင်ပင်၊ အဆုံးမှာ ဘုရားသခင်၏ ပညာတရားနှင့် ဘုရားသခင်၏အလုပ်ကို သင်မပြောနိုင်ပါက၊ သို့မဟုတ် ထိုသို့သော အတွေ့အကြုံမရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်မျှပင်စားသုံးပြီး၊ သောက်သုံးခဲ့ပါစေ၊ သင့်ဝိညာဉ်၌ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းသက်သက် ခံစားရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အနှိုင်းမဲ့ ချိုမြိန်သည်ဟု ခံစားရပြီး၊ နှုတ်ကပတ်တော်၌ ပျော်မွေ့မခန်းသဖွယ် ရှိလည်းဘဲ၊ ကိုယ်တွေ့အမှန်အကန်မရှိ၊ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကိုလည်း မရှိပါက၊ ယင်းသို့သော ဘုရားသခင်ကို ယုံကြည်ခြင်းမျိုးမှ ဘယ်အရာကို သင်ရရှိနိုင်သနည်း။ သင်သည် ဘုရားသခင်နှုတ်ကပတ်တော်၏ အနှစ်သာရအတိုင်း အသက်မရှင်နိုင်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းနှင့် ဆုတောင်းခြင်းများသည် ဘာသာရေးနှင့်သာ လုံးဝသက်ဆိုင်သည်။ ထို့ကြောင့် ယင်းကဲ့သို့သော လူသည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်သူ မဖြစ်နိုင်၊ ဘုရားသခင်၏ သိမ်းပိုက်ရရှိခြင်းလည်း မခံရနိုင်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ” မှ

ဘုရားသခင်က လူများကို ၎င်းတို့၏ နာခံခြင်း၊ စားခြင်း၊ သောက်ခြင်းနှင့် နှုတ်ကပတ်တော်အပေါ် မွေ့လျော်ခြင်း၊ ၎င်းတို့၏ အသက်တာတွင် ဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့အားဖြင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းအားဖြင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ ထိုမှသာ ၎င်းတို့ သည် ဘုရားသခင်အကြောင်း စစ်မှန်သည့် အသိကို ပိုင်ဆိုင်နိုင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များအကြား နေထိုင် နေရခြင်းကို ကျေနပ်မနေဘဲ သမ္မာတရား ကို တက်ကြွစွာ ဆာလောင်မွတ်သိပ်ခြင်း၊ သမ္မာတရား ကို ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ပိုင်ဆိုင်ခံရခြင်း နောက်သို့ လိုက်ခြင်းသည် ဘုရားသခင်ကို သတိရှိ နာခံခြင်းဟု အဓိပ္ပါယ်သက်ရောက်သည်။ ဤကဲ့သို့သော ယုံကြည်ခြင်း အတိအကျကို ဘုရားသခင်က လိုချင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို ခံစားနေခြင်းမှအပ ဘာမျှမလုပ်သည့် လူများကို စုံလင်အောင် ပြုလုပ်၍မရပေ။ သို့မဟုတ် ပြောင်းလဲ၍မရပေ။ ၎င်းတို့၏နာခံမှု၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်း များသည် အားလုံး အပေါ်ယံသာ ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များတွင်သာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်ပါ။ ဘုရားသခင်ကို ထိုသူတို့သိသော်မှ ထိုသူတို့၏သိခြင်းသည် အပေါ်ယံသာဖြစ်၍ ဘုရားသခင်က လူသားများကို ချစ်သည် သို့မဟုတ် ဘုရားသခင်သည် လူသားများအပေါ် ကရုဏာသက်သည်ဆိုသည့် စကားများကို ထိုသူတို့ပြောကြ၏။ ဤသည်မှာ လူသား၏ဘဝကို ကိုယ်စားမပြုပေ။ လူတို့က ဘုရားသခင်ကို အမှန်တကယ်သိကြောင်းကိုလည်း မပြပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်က ၎င်းတို့ကို စစ်ဆေးသောအခါ သို့မဟုတ် ဘုရားသခင်၏ စုံစမ်းစစ်ဆေးခြင်းသည် ၎င်းတို့အပေါ် ကျရောက်သောအခါ၊ လူများသည် ဘုရားသခင်ကို မရိုသေ မလေးစားနိုင်ပါက၊ လေးစားမည့် အစား ၎င်းတို့သည် သံသယဖြစ်လာ၍ လဲကျပါက၊ ထိုသူတို့သည် ဘုရားကို နည်းနည်းလေးမှ မနာခံကြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားသခင်ကို နာခံသင့်သည်” မှ

ဝမ်းမြောက်သောစိတ်ထား

ဘုရားသခင်ကို လူတို့ယုံကြည်ရာ၌ ဘုရားသခင်က ၎င်းတို့ကို သင့်တော်သည့် ခရီးပန်းတိုင်ကိုပေးစေရန်၊ နေအောက်ရှိ ကျေးဇူးတော်အပေါင်းကို ၎င်းတို့အား ပေးစေရန်၊ ဘုရားသခင်ကို ၎င်းတို့၏အစေခံဖြစ်အောင်လုပ်ရန်၊ ၎င်းတို့နှင့် ငြိမ်းချမ်းပြီး ရင်းနှီးသော ဆက်ဆံရေးကို ဘုရားသခင်ထိန်းသိမ်းထားစေရန်နှင့် ၎င်းတို့အကြားတွင် ပဋိပက္ခတစ်စုံတစ်ရာ မည်သည့်အခါမျှ မပေါ်ပေါက်စေရန် သူတို့ကြိုးစားကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းသည် “သင်တို့ဆုတောင်းချက်အားလုံးကို ငါနားညောင်းမည်” ဟူ၍ သမ္မာကျမ်းစာထဲ၌ ပြောထားသည့်အတိုင်း ၎င်းတို့၏ တောင်းဆိုချက်များအားလုံးကို ဖြည့်ဆည်းပေးရန်၊ ၎င်းတို့ဆုတောင်းသမျှကို အပ်နှင်းပေးရန် ဘုရားသခင်ကတိပေးခြင်းငှာ သူတို့တောင်းဆိုကြသည်။ ဘုရားသခင်သည် အချိန်မရွေး၊ နေရာမရွေး၌ လူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် အမြဲတမ်း ကြင်နာတတ်သော ကယ်တင်ရှင်ယေရှုဖြစ်သည့်အားလျော်စွာ ဘုရားသခင်အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တရားမစီရင်ဖို့၊ သို့မဟုတ် ကိုင်တွယ်ဆုံးမခြင်း မပြုဖို့ သူတို့တောင်းဆိုကြသည်။ ၎င်းတို့ယုံကြည်ပုံသည် ဤကဲ့သို့ဖြစ်၏- ၎င်းတို့သည် ဘုရားသခင်ထံ အရှက်မရှိ အမြဲတမ်းတောင်းဆိုကြပြီး ၎င်းတို့ပုန်ကန်သည်ဖြစ်စေ၊ နာခံသည်ဖြစ်စေ ဘုရားသခင်က ကျိုးကြောင်းမကြည့်ဘဲ အရာရာကို ၎င်းတို့အား ပေးသနားသည်။ ထိုသူတို့သည် “အကြွေး” ပြန်ဆပ်ပေးရန် ဘုရားသခင်ကို အဆက်မပြတ် တောင်းဆိုကြပြီး ဘုရားသခင်က ၎င်းတို့ထံမှ တစ်စုံတစ်ရာကို ရယူထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတိုက်အခံပြုခြင်း အလျှင်းမရှိဘဲ “သူတင်နေသော အကြွေးကိုဆပ်” ရမည်၊ နှစ်ဆ “ပြန်ဆပ်ပေး” ရမည်ဟု အဆက်မပြတ် တောင်းဆိုကြသည်။ ဘုရားသခင်သည် သူတို့ပြုသမျှ နုနိုင်ရုံသာရှိပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်နေသည့် သူ၏ဉာဏ်ပညာနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို သူတို့၏ခွင့်ပြုချက်မပါဘဲ သူ့စိတ်ကြိုက် ဖော်ထုတ်ပြနိုင်ရန်ဝေးစွ၊ လူတို့ကို ထင်ရာမြင်ရာ စီစဉ်ညွှန်ကြားခြင်းပင် သူမပြုနိုင်။ ဘုရားသခင်ထံ သူတို့၏အပြစ်များကို ဝန်ခံရုံသက်သက် ဝန်ခံကြပြီး ဘုရားသခင်ကလည်း ထိုအပြစ်များကို ဖြေပေးကာ စိတ်ကုန်ငြီးငွေ့သွားခြင်း မရှိဘဲ ထိုကဲ့သို့ အမြဲဖြစ်နေသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် သူတစ်ပါးကို စေစားခြင်းငှာ လာခြင်းမဟုတ်ကြောင်း၊ သူတစ်ပါး၏အစေကို ခံခြင်းငှာလာကြောင်း၊ ထို့ပြင် လူသား၏အစေခံဖြစ်ရန် လာခဲ့ကြောင်း မှတ်သားထားသည်နှင့်အညီ လူတို့သည် ဘုရားသခင်ကို အမိန့်ပေး၍ ဘုရားသခင်က နာခံရုံသာဖြစ်သည်။ သင်တို့သည် ထိုကဲ့သို့ပင် အမြဲတမ်း ယုံကြည်ခဲ့သည်မဟုတ်လော။ သင်တို့သည် ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ မရနိုင်သည့်အခါ ထွက်ပြေးလိုကြသည်။ တစ်ခုခုနားမလည်သည့်အခါ သင်တို့သည် အလွန်မကျေမချမ်းဖြစ်ကြ၏၊ ထို့ပြင် ဆဲရေးတိုင်းထွာခြင်းမျိုးစုံကို သံကုန်ဟစ်သည်အထိပင် လုပ်လာကြသည်။ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံသြဖွယ်ရာကို ဘုရားသခင်ကိုယ်တိုင် အပြည့်အဝ ထုတ်ဖော်ပြသရန် သင်တို့သက်သက်ခွင့်မပြု၊ ထိုအစား သင်တို့သည် ယာယီငြိမ်းအေးချမ်းသာခြင်းနှင့် သက်သောင့်သက်သာရှိခြင်းတို့ကို ခံစားရရန်သာ လိုချင်ကြသည်။ ယခုထိတိုင်အောင်ပင် ဘုရားသခင်အပေါ် သင်တို့၏ယုံကြည်ခြင်းသဘောထားမှာ ယခင်အတိုင်း အမြင်ဟောင်းများပင် ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဘုန်းအာနုဘော်ကို အနည်းငယ်ပြလိုက်ပါက သင်တို့သည် စိတ်မချမ်းမမြေ့ဖြစ်ကြ၏၊ သင်တို့၏ဝိညာဉ်အသက်တာက အဘယ်ကဲ့သို့ရှိသည်ကို ယခု အတိအကျ သိမြင်ကြပြီလော။ သင်တို့၏အမြင်ဟောင်းများ မပြောင်းလဲဘဲနှင့် သင်တို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟု မထင်လိုက်နှင့်။ သင့်အပေါ်သို့ တစ်စုံတစ်ခု မကျရောက်မချင်း အရာရာသည် အထစ်အငေါ့မရှိ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်သည်ဟု သင်မှတ်ထင်ပြီး ဘုရားသခင်ကို အခေါင်အဖျားတိုင်အောင် ချစ်သည်။ သို့သော် အသေးအမွှားတစ်စုံတစ်ရာ သင့်အပေါ်ကျရောက်ပြီဆိုသည်နှင့် သင်သည် မရဏနိုင်ငံသို့ သက်ဆင်းလေတော့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏သစ္စာစောင့်သိခြင်းပင်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားတို့ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” မှ

လူအများစုသည် ငြိမ်သက်ခြင်းရရန်နှင့် အခြားသော အကျိုးများကို ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ သင့်အတွက် အကျိုး မရှိပါက ဘုရားသခင်ကို သင်မယုံကြည်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်မခံစားရပါက စိတ်ကောက် သည်။ သင်ပြောပြီးသောအရာသည် သင်၏ စစ်မှန်သောဝိညာဉ်အရွယ်ဖြစ်နိုင်မည်နည်း။ သားသမီးများ နေမကောင်းဖြစ်ခြင်း၊ ခင်ပွန်းသည်များ ဆေးရုံတက်ရခြင်း၊ စီးပွားကျခြင်း၊ မိသားစုဝင်များ၏ ဖိနှိပ်ညှင်းဆဲမှုကို ခံရခြင်းစသဖြင့် ရှောင်လွှဲ၍မရသော မိသားစု အခက်အခဲ ပြဿနာများကို ကြုံတွေ့သည့် အခါ သင်၏ နေ့စဉ် အသက်တာ၌ ဖြစ်လေ့ရှိသော အဆိုပါ အခက်အခဲ ပြဿနာများကိုပင် သင်ကျော်လွှား အောင်မြင်နိုင်ခြင်း မရှိ။ ထိုကဲ့သို့ အခက်အခဲပြဿနာများကို ကြုံတွေ့သည့်အခါ သင်စိုးရိမ်ထိတ်လန့် တတ်ကြသည်၊ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ပြီး ဘုရားသခင်ကို အချိန်တိုင်းလိုလို ညည်းတွား ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အား လှည့်စားသည်ဟု လည်းကောင်း ဘုရားသခင်၏ အလုပ်သည် သင့်အား ရှုပ်ထွေးစေသည်ဟု လည်းကောင်း သင်ညည်းတွားသည်။ သင်တို့တွင် ထိုကဲ့သို့သော အတွေးများ မရှိသလော။ သင်တို့၌ ထိုသို့ တစ်ခါတစ်ရံသာ တွေးတော ညဉ်းညူသည်ဟု သင်ထင်သလော။ ထိုကဲ့သို့သော ဖြစ်ရပ်များတွင် အသက်ရှင်ရင်း သင်တို့သည် နေ့စဉ် အချိန်ကို ကုန်လွန်စေကြသည်။ ဘုရားသခင်အပေါ် ယုံကြည်သည့် ယုံကြည်ခြင်း အဘယ်သို့ ခိုင်ခံ့စေမည့် အကြောင်း၊ ဘုရားသခင်၏ အလိုကို အဘယ်သို့ ကျေနပ်စေရန် အသက်ရှင်မည့် အကြောင်း သင်တို့ အနည်းငယ်မျှ မဆင်ခြင်။ သင်တို့၏ ဝိညာဉ်အရွယ်သည် ငယ်လွန်းသည်၊ ကြက်ပေါက်စကလေး၏ အရွယ်ထက်ပင် ပို၍ ငယ်သည်။ သင်တို့ မိသားစု၏လုပ်ငန်းတွင် ငွေအရှုံးပေါ်သည့်အခါ ဘုရားသခင်ကို ညည်းတွားကြသည်၊ ဘုရားသခင်၏ အကွယ်အကာ မရှိသော နေရာ၌ သင်တို့ ရောက်နေမှန်း သိသည့်အခါတွင်လည်း ဘုရားသခင်ကို ညည်းတွား ကြသည်၊ သင်တို့ မွေးမြူသော ကြက်ကလေးများထဲမှ တစ်ကောင် သေသည့်အခါ၊ သို့မဟုတ် နွားခြံထဲမှ နွားအိုကြီး တစ်ကောင် ဖျားနာသည့်အခါပင်လျှင် သင်တို့ ညဉ်းတွားတတ်ကြသည်၊ သင်တို့၏ သား အိမ်ထောင်ပြုရန် အချိန်တန်သော်လည်း သင်တို့ မိသားစု၌ ငွေကြေး အလုံအလောက် မရှိသည့်အခါတွင် သင်တို့ ညည်းတွားကြသည်၊ အသင်းတော်မှ အမှုတော်ဆောင်များ သင်၏ နေအိမ်၌ အကြိမ် အနည်းငယ် ထမင်းဝင်စားပြီး အသင်းတော်က သင့်အား ယင်းအတွက် ငွေကို ပြန်မထုတ်ပေးပါက သို့မဟုတ် မည်သူမျှ သင့်ထံသို့ အသီးအရွက်လေး မပို့ပေးသည့် အခါတွင်လည်း သင်ညည်းတွားတတ်သည်။ သင်၏ ဝမ်းဗိုက်ထဲ၌ ညည်းတွားမှုများနှင့် ပြည့်သိပ်လျှက်ရှိသဖြင့် ထိုအကြောင်းကြောင့် ယုံကြည်သူများ စုဝေးရာ အစည်းအဝေးများသို့လည်း တစ်ခါတစ်ရံ မသွား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော် ကိုလည်း မစားနိုင်၊ မသောက်နိုင် ဖြစ်နေသည်၊ အချိန်အတော်အတန် ကြာမြင့်စွာ သင်သည် ယုတ်လျော့ ကျဆင်းခြင်း အသက်တာဖြင့်သာ ရှင်နေသည်။ ယနေ့ သင့်အသက်တာ၌ ဖြစ်ပျက်သမျှသည် သင်၏ တက်လမ်း သို့မဟုတ် ကံကြမ္မာနှင့် တစ်စုံတစ်ရာမျှ မသက်ဆိုင်၊ ဘုရားသခင်ကို သင်မသိ၊ မယုံကြည် လျှင်လည်း ထိုအရာများကို ကြုံတွေ့နိုင်သည်။ သို့သော်လည်း ယနေ့ သင်သည် ဖြစ်ပျက်သမျှအတွက် ဘုရားသခင်ကို တာဝန်ယူခိုင်းပြီး ဘုရားသခင်က သင့်အား သုတ်သင်ပယ်ရှင်းလိုက်ကြောင်း အကျောက် အကန် ဆိုသည်။ သင်၏ ဘုရားသခင်အား ယုံကြည်မှုမှာကော မည်သို့နည်း၊ သင်၏ အသက်တာကို ဧကန်အမှန် အပ်နှံပြီးပြီလော။ ယောဘ ကြုံတွေ့ခဲ့သည့် စစ်ဆေးစမ်းသပ်ခြင်းမျိုးကို သင်တို့ ကြုံတွေ့ခံစား ရပါက ယနေ့ ဘုရားသခင် နောက်လိုက်သော သင်တို့ထဲတွင် အဘယ်သူမျှ တည်ကြည်ခိုင်ခံ့စွာ အဆုံးတိုင် ရပ်တည်နိုင်ကြမည် မဟုတ်၊ သင်တို့အားလုံး လဲကျပျက်စီးကုန်မည်။ ထို့အပြင် သင်တို့နှင့် ယောဘ အကြားတွင် မတူညီသော လောကတစ်ခု အင်မတန် ရိုးရှင်းစွာ တည်ရှိနေသည်။ ယနေ့တွင် အကယ်၍ သင်တို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများ တစ်ဝက်နီးပါး အသိမ်းယူခံရပါက ဘုရားသခင် တည်ရှိသည့် အကြောင်း ကိုပင် သင်တို့ ငြင်းဆန်ရဲကြလိမ့်မည်၊ အကယ်၍ သင်တို့၏ သား သို့မဟုတ် သမီး သင်တို့ထံမှ ရုတ်သိမ်း ခံရပါက သင်တို့ လမ်းမပေါ်သို့ ထွက်၍ ကျယ်လောင်စွာ ဆဲဆိုပြစ်တင်ကြမည်၊ အကယ်၍ သင်၏ အသက်မွေးဝမ်းကျောင်းပြုရန် တစ်ခုတည်းသောနည်းလမ်းမှာ ထွက်ပေါက်မရှိသော အခြေအနေသို့ ရောက်သည့်အခါ သင်သည် ဘုရားသခင်နှင့် အပြတ်အသတ် ငြင်းခုံကာ သင့်အား အစကတည်းက အဘယ်ကြောင့် စိုးရိမ်ကြောက်ရွံ့စေသော စကားများ ကို ငါပြောရသနည်းဟု သင်တို့ မေးကြလိမ့်မည်။ ယင်းကဲ့သို့ အချိန်များတွင် သင်တို့ မလုပ်ရဲသည့်အရာ ရှိမည်မဟုတ်။ ဤသို့ဖြင့် သင်တို့သည် စစ်မှန်သောထိုးထွင်းအမြင် တစ်စုံတစ်ရာကို မရသေးကြောင်းနှင့် စစ်မှန်သော ဝိညာဥ်အသက်တာ မရှိကြောင်း ပြသနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၃)” မှ

သင်သည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ငြိမ်းချမ်းစွာ၊ ဝမ်းမြောက်စွာ၊ လောကီရေးရာ အနည်းငယ် သက်သောင့်သက်သာရှိစွာ နေထိုင်ရန် တင်းတိမ်ရောင့်ရဲနေပါသလော။ သင်သည် လူအားလုံးတွင် အနိမ့်ဆုံးဖြစ်မနေသလော။ ကယ်တင်ခြင်းကို မြင်ပြီးသော်လည်း ကယ်တင်ခြင်းရရန် မလိုက်လျှောက်သူထက် ပို၍ ရူးမိုက်သောသူမရှိ၊ သူတို့သည် မိမိကိုယ်ကို ဇာတိပကတိ၌ အလွန်ပျော်ပါးပြီး စာတန်နှင့် ပျော်မွေ့နေသူများဖြစ်သည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့်စိန်ခေါ်မှုများ၊ သို့မဟုတ် ကြီးစွာသောဘေးဒုက္ခများ၊ သို့မဟုတ် ဆင်းရဲဒုက္ခ စိုးစဉ်းကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ အသုံးမကျသော အရာများနောက်သို့ သင်အမြဲလိုက်သည်၊ ဘဝကို တန်ဖိုးရှိအောင် သင်မလုပ်၊ ထိုအစား သင့်အတွေးမြောက်မြားစွာကို သမ္မာတရားရှေ့မှောက်၌ ချထားသည်။ သင်သည် အလွန်ပင် အသုံးမကျပေ။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ ရှင်သန်နေသည်၊ သင်သည် ဝက်များ၊ ခွေးများနှင့် ဘာများကွာခြားသနည်း။ သမ္မာတရားနောက်သို့ မလိုက်ဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက်နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အထဲတွင် စကားပေါင်းမည်မျှပြောပြီးပြီနည်း။ သင်တို့ကြားတွင် အလုပ်အနည်းငယ်လောက်သာ ပြီးမြောက်ထားခြင်း ရှိသလော။ သင်တို့အကြား ငါမည်မျှလောက် ထောက်ပံ့ပေးခဲ့ပြီနည်း။ သို့တိုင် သင်အဘယ်ကြောင့် မရသေးပါသနည်း။ သင်၌ အဘယ်စောဒကတက်စရာ ရှိသနည်း။ သင်သည် ဇာတိပကတိ၌ အလွန်အမင်း ပျော်မွေ့နေသောကြောင့်သာ ဘာမျှမရခြင်း မဟုတ်လော။ သင်၏အတွေးများမှာ အလွန်ပင် တရားလွန်နေသောကြောင့် မဟုတ်သလော။ သင်သည် အလွန်မိုက်မဲသောကြောင့် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို ရယူရန် သင်မစွမ်းဆောင်နိုင်ပါက သင့်ကို ဘုရားသခင် မကယ်တင်ခြင်းကို သင်အပြစ်တင်နိုင်မည်လော။ သင်ရှာမှီးသည်မှာ ဘုရားသခင်ကို သင်ယုံကြည်ပြီးနောက် ငြိမ်းသက်ခြင်း ရနိုင်ရန်ဖြစ်သည်၊ သင့်သားသမီးများ နေထိုင်မကောင်း မဖြစ်စေရန်၊ သင့်ခင်ပွန်း အလုပ်ကောင်းကောင်းရရန်၊ သင့်သား ဇနီးကောင်းတစ်ဦးကိုရရန်၊ သင့်သမီး ရည်မွန်သော ခင်ပွန်းတစ်ဦးကိုရရန်၊ သင့်မြင်းများ၊ နွားများ မြေကိုကောင်းစွာထွန်ယက်ရန်၊ သင့်ကောက်ပဲသီးနှံများအတွက် တစ်နှစ်ပတ်လုံး ရာသီဥတုကောင်းမွန်ရန်၊ သင်ရှာဖွေသည်မှာ ယင်းတို့ဖြစ်သည်။ သင်လိုက်လျှောက်သည်မှာ သက်သောင့်သက်သာ နေထိုင်ရန်သာ ဖြစ်သည်၊ သင့်မိသားစုထံသို့ မတော်တဆမှုများ မကျရောက်ရန်၊ သင့်အနား လေပြေဖြတ်သွားရန်၊ သင့်မျက်နှာကို မြေမှုန်မထိစေရန်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်၊ မည်သည့်သဘာဝဘေးအန္တရာယ်မှ သင့်အပေါ်သို့ မကျရောက်စေရန်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် နေထိုင်ရန်၊ ဇိမ်ရှိသောအသိုက်အမြုံထဲတွင် နေထိုင်ရန်တို့အတွက်သာ သင်ရှာမှီးနေသည်။ ဇာတိပကတိနောက်သို့ အမြဲလိုက်နေသည့် သင်ကဲ့သို့သော သတ္တိကြောင်သူတစ်ဦး၌ စိတ်နှလုံးရှိပါသလော၊ သင့်မှာ ဝိညာဉ်ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အတုံ့အပြန် ဘာကိုမျှ မတောင်းဆိုဘဲ စစ်မှန်သောလမ်းကို သင့်အား ငါပေးခဲ့သော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော ထိုသူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ်သို့ စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း သင်သည် မလိုက်လျှောက်။ သင်သည် ဝက်များ၊ ခွေးများနှင့် ဘာမျှမထူးဘူး မဟုတ်လော။ ဝက်များသည် လူ့အသက်ကို မလိုက်လျှောက်၊ သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရန် မလိုက်လျှောက်၊ အသက်ဆိုသည်ကို သူတို့နားမလည်။ နေ့စဉ်ဝသည်ထိစားပြီး အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား လမ်းမှန်ကိုပေးပြီးဖြစ်သော်လည်း သင်၌ ဤလမ်းမှန်မရှိသေး၊ သင်သည် လက်ချည်းသက်သက်ပင် ဖြစ်ပေသည်။ ဝက်တစ်ကောင်၏ဘဝ၊ ဤဘဝတွင် ဆက်လက်နေထိုင်ရန် သင်လိုလားပါသလော။ ထိုသို့သောသူများ၏ အသက်ရှင်မှုတွင် မည်သည့်အရေးပါမှု ရှိသနည်း။ သင့်ဘဝသည် အထင်သေးဖွယ်၊ ရှက်ဖွယ်ဖြစ်ပြီး သင်သည် ညစ်ညမ်း၍ သိက္ခာကင်းမဲ့စွာ အသက်ရှင်နေသည်၊ ထို့ပြင် သင်သည် မည်သည့် ရည်မှန်းချက်နောက်သို့မှ မလိုက်ပေ၊ သင့်ဘဝသည် အားလုံးထဲတွင် ရှက်စရာအကောင်းဆုံး ဖြစ်နေသည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းအတိုင်း သင်ဆက်တွေ့ကြုံနေပါက သင်ဘာကိုမျှ မရဘဲဖြစ်မည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ

ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သင်တို့ ယခုနားလည်ကြပြီလော။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်ရခြင်းလော။ ကောင်းကင်ဘုံသို့ တက်ခြင်းဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်ရခြင်းမှာ လုံးဝမလွယ်ပါ။ ထိုဘာသာရေးဓလေ့များကို သန့်စင်ပစ်သင့်သည်၊ နာမကျန်းသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ကို လေ့လာလိုက်စားခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အာရုံစိုက်ခြင်း၊ ဘုရားသခင်၏ သာ၍များသော ကျေးဇူးတော်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ငမ်းငမ်းတက်လိုချင်ခြင်း၊ ဇာတိပကတိ၏ ဇိမ်ခံစရာများနှင့် အလားအလာများကို ကြိုးစားရှာဖွေခြင်း စသည့်အရာများသည် ဘာသာရေးဓလေ့များဖြစ်ကြပြီး ထိုသို့သော ဘာသာရေးဓလေ့များသည် မရေရာသော ယုံကြည်ခြင်းမျိုးဖြစ်သည်။ ယနေ့ကာလ၌ ဘုရားသခင်ကို ယုံကြည်ခြင်းအစစ်အမှန်မှာ အဘယ်အရာနည်း။ ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်တာ၏ လက်တွေ့အရှိတရားအဖြစ် လက်ခံခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ရန်အတွက် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သူ့ကို သိခြင်းဖြစ်သည်။ ရှင်းအောင်ဆိုရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်ကို သင်နာခံနိုင်ရန်၊ ဘုရားသခင်အား သင်ချစ်နိုင်ရန်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လုပ်ဆောင်သင့်သော တာဝန်ကို သင်လုပ်ဆောင်နိုင်ဖို့ရန်အတွက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သိသောအသိ၊ ဘုရားသခင်အနေဖြင့် ရိုသေလေးမြတ်ခြင်းကို မည်မျှခံထိုက်ကြောင်းကို သိသောအသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုနှင့် စုံလင်အောင် ပြုလုပ်ပေးသည့် အမှုအား မည်သို့ပြုသည်ကို သိသောအသိကို သင့်အနေဖြင့် စွမ်းဆောင်ရရှိရမည်။ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းအရာ၌ အနည်းဆုံး ထိုသို့သော အသိများ ရှိရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိ၌ ရှင်သန်နေသော အသက်တာမှ ဘုရားသခင်ကို ချစ်သည့်အသက်တာသို့ ပြောင်းလဲခြင်း၊ သဘာဝကျမှုအတွင်းနေသည့် အသက်တာမှ ဘုရားသခင်၏ဖြစ်ခြင်းအတွင်းတည်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာပြီး ဘုရားသခင်၏ စောင့်ရှောက်ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း၊ ဘုရားသခင်ကို နာခံနိုင်စွမ်းရှိခြင်း၊ ဇာတိပကတိကို မနာခံခြင်း၊ ဘုရားသခင်အား သင့်နှလုံးသား တစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်က သင့်ကို စုံလင်အောင် လုပ်ပေးနိုင်ဖို့ အခွင့်ပေးခြင်း၊ ဖောက်ပြန်ပျက်စီးသော စာတန်၏ စိတ်သဘောထား မရှိအောင် ကိုယ်တိုင်ရုန်းထွက်ခြင်းတို့ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းနှင့်တန်ခိုးသည် သင့်အထဲ၌ ထင်ရှားစေရန်၊ ဘုရားသခင်၏ အလိုတော်ကို သင်ဆောင်ရွက်နိုင်ပြီး ဘုရားသခင်၏ အကြံအစည်ကို အထမြောက်အောင် သင်လုပ်ဆောင်နိုင်ရန်၊ စာတန်၏ရှေ့၌ ဘုရားသခင်အကြောင်း သင်သက်သေခံနိုင်စွမ်း ရှိစေရန်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရဖို့ မဖြစ်သင့်သကဲ့သို့၊ သင်၏ကိုယ်ပိုင်ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကိုသိအောင် ကြိုးစားရှာဖွေဖို့၊ ဘုရားသခင်ကို နာခံနိုင်စွမ်းရှိဖို့၊ ပေတရုကဲ့သို့ သေသည်အထိ ဘုရားသခင်ကို နာခံဖို့ ဖြစ်သင့်သည်။ ဤသည်မှာ အဓိကအားဖြင့် အောင်မြင်ခြင်းအလို့ငှာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

သက်ဆိုင်သည့် အကြောင်းအရာ

သင်နှစ်သက်နိုင်သည့် အရာများ